အခန်း (၈၇)
Vol. 9 Ch. 87
အခန်း (၈၇) ချစ်သူကို သတ်ဖြတ်ခြင်းနှင့် စီနီယာအစ်မများအားလုံး အဖမ်းခံရခြင်း
ချင်လော့ အနည်းငယ် အံ့အားသင့်သွားပြီး ချူဖုန်းကို မော့ကြည့်လိုက်ရာ ချူဖုန်း၏ အငွေ့အသက်များ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။
သူသည် စစ်မှန်သောနတ်ဆိုးသွေးကြောကို ဝါးမြိုခဲ့ဖူးရာ ချူဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်နှင့် သူ အရင်က ဝါးမြိုခဲ့သော စစ်မှန်သောနတ်ဆိုးသွေးကြောတို့ကြားတွင် ကြီးမားသော ဆက်စပ်မှုတစ်ခု ရှိနေသည်ကို သူ သေချာပေါက် သိရှိပေသည်။
တူညီသောကမ္ဘာတစ်ခုတည်းမှ လာခြင်းဖြစ်ရပေမည်။
ချူဖုန်းက ချင်လော့ကို မော့ကြည့်လိုက်ပြီး
"ဟားဟား..."
ထိုအပြုံးက ချင်လော့ကို လုံးဝ ဆွံ့အသွားစေခဲ့သည်။ ဗီလိန်တစ်ယောက်လို သူ့ကို အတုခိုးနေတာလား။ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။
‘ရွှီး... ‘
လေခွင်းသံတစ်သံ ထွက်ပေါ်လာပြီး ချူဖုန်းသည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ ချင်လော့၏ အနီးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ၏ လှုပ်ရှားမှုဟန်ပန်က အလွန် ထူးဆန်းနေပြီး သူတော်စင်တစ်ပါးပင်လျှင် မဖမ်းဆီးနိုင်ချေ။
ဓားတစ်လက် ထွက်ပေါ်လာပြီး ဓားဆန္ဒများ ရစ်ဝဲနေကာ ချူဖုန်းသည် ဓားဆန္ဒကို နားလည်သဘောပေါက်ထားသည်မှာ ကြာမြင့်နေပြီ ဖြစ်ပေသည်။
"သေစမ်း..."
ချူဖုန်းက ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ချင်လော့ကို ကြည့်ကာ ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မျက်နှာနှစ်ခုက တစ်လှည့်စီ ပြောင်းလဲနေသည့်အလားပင်။
"သူ့ခန္ဓာကိုယ်က လူနှစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတယ်..."
ရှီးဟွမ်၏ အသံ ထွက်ပေါ်လာခဲ့သည်။
ချင်လော့က ခေါင်းညိတ်လိုက်ပြီး သူလည်း နားလည်ထားပေသည်။
သူက တုံ့ဆိုင်းမနေဘဲ ရှာယွီဝေးကို အမြန်ဆွဲခေါ်လိုက်ပြီး သူ၏ရှေ့တွင် ကာကွယ်လိုက်သည်။
"အား..."
ချူဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့၏။
"မလုပ်နဲ့... အဲ့ဒါ ယွီဝေးလေ..."
"မိန်းမတွေဆိုတာ မင်း အထွတ်အထိပ်ကို သွားမယ့်လမ်းမှာ အတားအဆီးတွေပဲ..."
"သူမက မသန့်ရှင်းတော့ဘူး... သူမ သေသင့်တယ်..."
"မလုပ်နဲ့..."
ချူဖုန်းက ဟိန်းဟောက်လိုက်ပြီး တားဆီးရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
သို့သော် ဤစကားက သူ့ကို အနည်းငယ် တုန်လှုပ်သွားစေဆဲပင်။
ခန္ဓာကိုယ်က ခဏတာ ထိန်းချုပ်မှု ကင်းမဲ့သွားပြီး...
‘ရွှတ်…’ ဓားတစ်လက်က ရှာယွီဝေး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။
ရှာယွီဝေးက ချူဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး ချူဖုန်းကို ထိတွေ့ရန် လက်လှမ်းလိုက်သော်လည်း မလုပ်နိုင်ခဲ့ချေ။
ချင်လော့က ခြေဖြင့် ကန်ထုတ်လိုက်ရာ ရှာယွီဝေးက ချူဖုန်း၏ ရင်ခွင်ထဲသို့ ပြုတ်ကျသွားပြီး ချူဖုန်း၏ လက်ထဲရှိ ဓားက သူမ၏ နှလုံးကို အေးစက်စွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ချင်လော့က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရှာယွီဝေး၏ ချိတ်ပိတ်ထားခံရသည်မှာ ပွင့်သွားခဲ့၏။
"အစ်ကိုဖုန်း..."
ရှာယွီဝေး၏ ရေရွတ်သံကြောင့် ချူဖုန်းသည် ခန္ဓာကိုယ်ကို ပြန်လည်လွှမ်းမိုးသွားခဲ့သည်။
"ယွီဝေး... ယွီဝေးက မလုပ်ခဲ့ပါဘူး... ယွီဝေးက အစ်ကို့အပေါ် အပြစ်မလုပ်ခဲ့ပါဘူး..."
ရှာယွီဝေး၏ စကားက ချူဖုန်းကို မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဖြစ်သွားစေခဲ့သည်။
"အစ်ကိုဖုန်းရဲ့ လက်ချက်နဲ့ သေရတာကို ယွီဝေး အပြစ်မတင်ပါဘူး... ဖူး..."
‘ဖြောင်း ဖြောင်း’
ချင်လော့က လက်ခုပ်တီးလိုက်ပြီး
"မင်းက တော်တော် ရက်စက်တာပဲ... ကိုယ့်အမျိုးသမီးကိုတောင် ဒီလို လုပ်ရက်တယ်ပေါ့လေ..."
"အမှန်အတိုင်း ပြောရရင် ဒီအမျိုးသမီးကို ငါက အပေါ်ယံလေး ထိရုံပဲ ထိခဲ့တာ... ထိရုံနဲ့ သူမရဲ့ အပျိုစင်ဘဝက မဆုံးရှုံးသွားပါဘူး... မင်း... မင်းက တကယ်ကို ရက်စက်လွန်းတယ်..."
"အား..."
ချူဖုန်းက ဟိန်းဟောက်လိုက်ပြီး ရှာယွီဝေးကို ဖက်ကာ ကောင်းကင်သို့ မော့ကြည့်၍ အော်ဟစ်လိုက်ရာ သွေးမျက်ရည် နှစ်ပေါက် စီးကျလာခဲ့သည်။
ဤမြင်ကွင်းက ကြားရသူကို ဝမ်းနည်းစေပြီး မြင်ရသူကို မျက်ရည်ကျစေနိုင်ပေသည်။
"နှမြောစရာပဲ... ငါတို့က မတူညီတဲ့ အဖွဲ့နှစ်ခုက ဖြစ်နေလို့ပဲလေ..."
ချင်လော့က သူ့ဘာသာ ရေရွတ်လိုက်၏။
[ချစ်သူကို သတ်ဖြတ်ခြင်း၊ အလွန် ရက်စက်လှပေသည်။ ချူဖုန်း ပြိုလဲသွားပြီး ကံကြမ္မာတန်ဖိုး ၁၀၀,၀၀၀ မှတ် ဆုံးရှုံးသွားကာ ပိုင်ရှင်မှ ဗီလိန်မှတ် ၁၀၀,၀၀၀ မှတ် ရရှိပါသည်။]
[ကံကြမ္မာသမီးတော် ရှာယွီဝေး အသတ်ခံရသဖြင့် ကံကြမ္မာတန်ဖိုး အားလုံး ဆုံးရှုံးသွားပြီး ဗီလိန်မှတ်များအဖြစ် အလိုအလျောက် ပြောင်းလဲသွားပါသည်။]
ဤအကြိမ်တွင် အမြတ်ကြီးထွက်သွားပြီး ချင်လော့သည် ဗီလိန်မှတ် ၂၀၀,၀၀၀ ကျော်ကို ရရှိလိုက်ပေသည်။
"သူမ သေသွားပြီ... မင်း သူမအတွက် လက်စားချေချင်လား... ငါ့ကို အပြင်ထွက်ခွင့်ပေး... သူတို့အားလုံးကို ငါ သတ်ပေးမယ်..."
ထိုအသံက ချူဖုန်း၏ နားထဲတွင် ထပ်မံ ပဲ့တင်ထပ်လာခဲ့သည်။
ချူဖုန်းက ရုတ်တရက် ဒေါသထွက်သွားပြီး "မင်းပဲ... မင်းကြောင့်ပဲ... အားလုံးက မင်းကြောင့်ပဲ…”
"ယွီဝေးကို မင်းကိုယ်တိုင် သတ်ခဲ့တာလေ... အဲ့ဒါ မင်းပဲ..."
"မဟုတ်ဘူး... ငါမဟုတ်ဘူး... မင်းပဲ... သူမက မသန့်ရှင်းတော့ဘူး၊ မင်းနဲ့ မထိုက်တန်တော့ဘူးလို့ တွေးခဲ့တာ မင်းပဲလေ..."
လူ့စိတ်ကို စကားဖြင့်သတ်ခြင်း ဖြစ်ပင်။ ဤစကားက ချူဖုန်း၏ စိတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်သွားခဲ့သည်။
"အား... သေစမ်း... သေစမ်း..."
ချူဖုန်းက ရုတ်တရက် ထလာပြီး ချင်လော့ဆီသို့ ပြေးဝင်သွားကာ
"မင်းကို ငါ သတ်မယ်... မင်းကို သေချာပေါက် သတ်ပစ်မယ်..."
"ရောင်ခြည်တန်းဖြတ်ပြေးဓား... ခုတ်ပိုင်းစမ်း..."
သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး အလွန် မြန်ဆန်လှကာ ချင်လော့၏ အနီးသို့ ပြန်လည်ရောက်ရှိလာချိန်၌ ဤဓား၏ အရှိန်က အံ့မခန်း ဖြစ်နေခဲ့၏။
"အရမ်းမြန်တာပဲ..."
ချင်လော့က တိတ်တဆိတ် အံ့အားသင့်သွားသည်။
"ညီအစ်ကို... ငါ့ရဲ့ လူသားဧကရာဇ်အလံထဲ ဝင်လာခဲ့ပါလား... မင်းနဲ့ မင်းရဲ့ အမျိုးသမီး အချစ်ပြန်လည်ဆုံဆည်းဖို့ ငါ လုပ်ပေးမယ်လေ... ဘယ်လိုလဲ..."
ဝုန်း။
ချင်လော့က လူသားဧကရာဇ်အလံကို ထုတ်ယူလိုက်ပြီး ချူဖုန်းကို ချက်ချင်း လွှမ်းခြုံလိုက်သည်။
"ဝင်သွားလို့မရဘူး... မင်း ဝင်သွားလို့မရဘူး... ထွက်သွား... ပြေး..."
သတိပေးသံက ချူဖုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထိုအသံပိုင်ရှင်က ချူဖုန်းကို အတင်းအကျပ် လွှမ်းမိုးလိုက်ပြီး သေချာပေါက် ချူဖုန်းကလည်း ခွင့်ပြုခဲ့ခြင်း ဖြစ်ပေသည်။
ကောင်းကင်ယံမှ အက်ကွဲကြောင်း
ဓားတစ်လက်က ခုတ်ပိုင်းလိုက်ရာ ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားပြီး ချူဖုန်း၏ ခန္ဓာကိုယ်က အက်ကွဲကြောင်းထဲသို့ ချက်ချင်း နစ်မြုပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်ပေါ်ရှိ ဆွဲသီးနက်လေးမှ အမည်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်လော့၏ လူသားဧကရာဇ်အလံကို ခိုင်မာစွာ ဟန့်တားလိုက်၏။
မထွက်ခွာမီ ချူဖုန်းက စကားတစ်ခွန်း ချန်ရစ်ခဲ့သည်။
"ငါ သေချာပေါက် ပြန်လာခဲ့မယ်..."
သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် စစ်သူကြီး ကျန်းတို၏ ပုဆိန်က ထိုနေရာသို့ ခုတ်ပိုင်းလိုက်သော်လည်း နောက်ဆုံးတွင် ချင်လော့၏ လူသားဧကရာဇ်အလံထဲသို့ ဆွဲသွင်းနိုင်ခြင်း မရှိခဲ့ချေ။
"ငါးရှဉ့်ထက်တောင် ဖမ်းရခက်နေသေးတယ်..."
"ပြန်လာခဲ့မယ် ဟုတ်လား... ဟားဟား... မင်းကိုယ်မင်း မီးခိုးရောင်ဝံပုလွေလို့ ထင်နေတာလား..."
အနည်းငယ် နောင်တရမိသော်လည်း သိပ်တော့ မဟုတ်လှချေ။
ချူဖုန်း ထွက်ခွာသွားသည်နှင့်အတူ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ချူဖုန်း၏ စီနီယာအစ်မများအားလုံး တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံလိုက်ရသည်။
လျိုကျင်းကျင်းသည် ပါရမီရှင် ဓားကျင့်ကြံသူဆိုသည့်အတိုင်း စုချန်ချန်၏ လက်ထဲတွင် သုံးကွက်ခန့် တောင့်ခံနိုင်ခဲ့ပြီးမှ စုချန်ချန်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပေသည်။
သူတို့ထဲမှ အချို့မှာ ကွဲပြားသော ရုပ်ရည်သွင်ပြင်များ ရှိကြသော်လည်း အားလုံးက လှပသော အမျိုးသမီး ဓားကျင့်ကြံသူများ ဖြစ်ကြပြီး ချင်လော့၏ ခြေရင်းသို့ ပစ်ချခံလိုက်ရသည်။
သူတို့၏ အရှုံးမပေးသော အကြည့်များက ချင်လော့ထံသို့ ကျရောက်သွားပြီး လျိုကျင်းကျင်းက သွားကြိတ်ကာ ပြောဆိုလိုက်၏။
"ငါ အကြံပေးလိုက်မယ်... မင်း ငါတို့ကို လွှတ်ပေးလိုက်တာ ပိုကောင်းမယ်... မဟုတ်ရင် ငါတို့ရဲ့ စီနီယာအစ်မနဲ့ ဆရာ ရောက်လာတဲ့အခါ မင်းတို့အားလုံးကို သတ်ပစ်လိမ့်မယ်..."
"ကျွတ် ကျွတ်..."
ချင်လော့က လျိုကျင်းကျင်းကို အထက်အောက် ကြည့်လိုက်ပြီး လက်ထဲရှိ ချင်းဖုန်းဓားဖြင့် လျိုကျင်းကျင်းကို ပင့်တင်ကာ အောက်ဘက်သို့ စတင်ရွေ့လျားလိုက်ပြီး သူမ၏ ညှပ်ရိုးကို ထိတွေ့ကာ အဝတ်အစားများကို ဖြတ်တောက်လိုက်ရာ လျိုကျင်းကျင်း၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
"မင်း ဘာလုပ်ချင်တာလဲ..."
"မင်း ဘယ်လိုထင်လဲ... အခု မင်းက ငါ့ရဲ့ သုံ့ပန်းလေ... မင်းက ငါ့ကို ဒီလို ခြိမ်းခြောက်နေသေးတာလား..."
"မင်းက ငါ့ကို ဘယ်လို ရိုးသားတဲ့ လူကြီးလူကောင်းမျိုးလို့ ထင်နေတာလဲ..."
ညင်သာစွာ ဆွဲဖြဲလိုက်သည်နှင့် အဝတ်အစားများ ပြဲကွဲသွားပြီး၊ ဘေးရှိသူများကလည်း အလိုအလျောက် အကြည့်လွှဲဖယ်လိုက်ကြသည်။
လျိုကျင်းကျင်း၏ ကိုယ်ခန္ဓာတစ်ခုလုံး တုန်ရီသွား၏။ သူမ၏ တန်တျန်ကို ပိတ်ဆို့ခံထားရသဖြင့် စွမ်းအားအနည်းငယ်မျှပင် အသုံးမချနိုင်တော့ပေ။
ချင်လော့၏ ရှေ့တွင်တော့ သူမသည် အားနည်း၍ ကာကွယ်နိုင်စွမ်းမရှိသော အမျိုးသမီးတစ်ဦးသာ ဖြစ်နေခဲ့သည်။
အရှက်ခွဲခံရမှုကြောင့် မျက်ရည်များ စီးကျလာကာ၊ မုန်းတီးမှုအပြည့်ဖြင့် သူမ၏ အကြည့်များသည် ချင်လော့ထံသို့ စူးစိုက်ကျရောက်သွားသည်။ ထိုအခိုက်တွင် သူမသည် ချင်လော့ကို အရိုးအထိ မုန်းတီးနေပြီး အသားကိုစား၊ သွေးကိုသောက်ကာ အရိုးများကိုပင် ကြိတ်ချေဖျက်ဆီးပစ်ချင်နေမိတော့သည်။
အခြားသော ဂျူနီယာညီမလေးများက ဤမြင်ကွင်းကို မြင်ချိန်၌ အတူတကွ အော်ဟစ်လိုက်ကြ၏။
"ငါ့ရဲ့ စီနီယာအစ်မကို မထိနဲ့... ငါ့ဆီကိုပဲ လာခဲ့..."
ချင်လော့က လှောင်ပြောင်လိုက်သည်။
"ကျွတ် ကျွတ်... မင်းတို့က ညီအစ်မ သံယောဇဉ် က တကယ် ကြီးကြတာပဲ…”
"ကောင်းပြီ... ငါက တစ်ယောက်ကို မျက်နှာသာပေးပြီး ကျန်တဲ့သူတွေကို ချန်ထားမှာ မဟုတ်ပါဘူး... တကယ်လို့ ငါက မင်းတို့ကို အဝတ်အစားတွေ ချွတ်ပြီး ဒီမှာ ကြိုးနဲ့တုပ်ထားမယ်ဆိုရင် မင်းတို့ရဲ့ ဆရာက အဲဒါကို မြင်တဲ့အခါ ဘယ်လိုနေမလဲလို့ ထင်လဲ..."
လျိုကျင်းကျင်း၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ဤကဲ့သို့ အရှက်ရဖွယ်ကောင်းသော အခြေအနေမျိုးကို ဆရာဖြစ်သူအား လုံးဝ မမြင်တွေ့စေချင်ချေ။
ဆရာဖြစ်သူက သူတို့အားလုံးကို သမီးအရင်းများကဲ့သို့ သဘောထားပြီး အလွန်ချစ်ခင်ကြောင်း သူမ ရှင်းလင်းစွာ သိရှိထားရာ အကယ်၍ ချင်လော့ ပြောသော မြင်ကွင်းမျိုးကို မြင်တွေ့ရပါက ဆရာဖြစ်သူသည် သေချာပေါက် ရူးသွပ်သွားပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ချင်လော့သည် တကယ့် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သူမ ခံစားလိုက်ရပေသည်။
"သူရဲကောင်းတစ်ယောက်ကို သတ်လို့ရတယ် အရှက်ခွဲလို့မရဘူး... မင်း သတ္တိရှိရင် ငါတို့ကို သတ်လိုက်ပါ..."
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ငါက မင်းတို့ကို ဘယ်လိုလုပ် သတ်ရက်မှာလဲ..."
"ငါတို့ သဘောတူညီမှုတစ်ခုလောက် လုပ်ကြမလား..."
"ငါ့ရဲ့ ဓားကျွန် ဖြစ်လာခဲ့ရင် မင်းတို့ကို ငါ အသက်ရှင်ခွင့်ပေးမယ်... ကောင်းကောင်းမွန်မွန် အသက်ရှင်ရမယ်..."
"မဟုတ်ရင်..."
ချင်လော့၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မင်းတို့ရဲ့ ချစ်လှစွာသော ဆရာကို သတ်ပစ်မယ်... ငါ့ကို ယုံလိုက်... ငါ့မှာ ဒီလိုစွမ်းရည် ရှိတယ်..."