အခန်း (၈၉)
Vol. 9 Ch. 89
အခန်း (၈၉) ရူးသွပ်စွာ အဆင့်တက်လှမ်းခြင်းနှင့် သူတော်စင်များနှင့် ရင်ပေါင်တန်းနိုင်ခြင်း
ချင်လော့သည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်၏။
"ဒါက နောက်ထပ် တတိယမင်းသား တစ်ပါးပေါ်လာပြီပဲ... ကျွတ် ကျွတ်..."
"သူက မင်းရဲ့မြေးကိစ္စကိုသုံးပြီး မင်းကို အကျပ်ကိုင်ခဲ့တာ... သူက မင်းမြေးကို သတ်တဲ့ လူသတ်သမား ဖြစ်နေမလားလို့ မင်း မတွေးမိဘူးလား..."
ချင်လော့၏ စကားက ချန်ကျန့်ရှန်းကို အံ့အားသင့်သွားစေပြီး သူ တွေးကြည့်လိုက်ချိန်တွင် ဤသံသယကို သူ မဖယ်ရှားနိုင်ခဲ့ချေ။
ဘေးရှိ စုချန်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခဏမျှ စဉ်းစားကာ ပြောဆိုလိုက်သည်။
" မဟာချင်အင်ပါယာရဲ့ တတိယမင်းသား... သူ့ရဲ့ မိခင်ဘက်ရဲ့ ဆွေမျိုးတွေက ရှန်ဝူစစ်သူကြီးရဲ့ မျိုးနွယ်စု မဟုတ်ဘူးလား..."
ချန်ကျန့်ရှန်းက ချက်ချင်း ဖြေကြားလိုက်၏။
"သူတော်စင်စုကို တင်ပြပါတယ်... တတိယမင်းသား ချင်မင်က ရှန်ဝူစစ်သူကြီး ဝေ့ရှောင်လင်ရဲ့ မြေးအရင်း ဖြစ်ပါတယ်..."
ဝေ့ရှောင်လင်၏ အမည်ကို ကြားချိန်၌ စုချန်ချန်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"ငါ့ရဲ့ စုမိသားစု ဖျက်ဆီးခံရတဲ့ အကြောင်းရင်းက ဝေ့မိသားစုနဲ့ သေချာပေါက် ဆက်စပ်နေလောက်တယ်..."
"မင်းမြေးကို သတ်ပြီး ချင်လော့အပေါ် အပြစ်ပုံချဖို့ လုပ်တာလည်း တကယ်ပဲ သူတို့ဖြစ်နိုင်ခြေရှိတယ်..."
တစ်ခဏမျှ တွေးတောပြီးနောက် ချန်ကျန့်ရှန်းသည် ထိုဖြစ်နိုင်ခြေက ပိုများလာသည်ဟု ခံစားလိုက်ရသည်။
သူ၏မြေးကို သတ်ဖြတ်ပြီး ယခု ဤအခြေအနေကို အသုံးပြုကာ အလုပ်လုပ်ပေးရန် သူ့ကို အကျပ်ကိုင်နေတာလား။
အကယ်၍ ဤသည်သာ အမှန်ဖြစ်ခဲ့လျှင် တတိယမင်းသား ချင်မင်သည် လုံးဝကို လူမဆန်သည့်သူ ဖြစ်သည်။
"မင်း သူ့အတွက် အဲ့ဒီကိစ္စကို လုပ်ပေးနိုင်ပါတယ်... သူပြောတဲ့ အမှန်တရားက အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ်... သူ့အနေနဲ့ မင်းကို မပြောဘဲ နေလို့မရဘူး မဟုတ်လား..."
ချင်းယွင်ဂိုဏ်းသည် သူတော်စင်အဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာရှိသော ဂိုဏ်းငယ်လေးတစ်ခုမျှသာ ဖြစ်သည်။
သူတို့က ချင်မင်ကို မည်သို့ ရန်ငြိုးဖွဲ့ခဲ့သည်ကို သူမသိသော်လည်း ချင်းယွင်ဂိုဏ်းက တစ်စုံတစ်ခု လုပ်ဆောင်နေခြင်းက ချင်မင်ကို စိုးရိမ်ပူပန်စေခဲ့သည်မှာ သေချာပေသည်။
ချင်လော့အတွက်မူ လုံးဝ အရေးမကြီးချေ။
ချန်ကျန့်ရှန်းက ချင်းယွင်ဂိုဏ်းကို သွားရောက် မဖျက်ဆီးခဲ့လျှင်ပင် ချင်မင်က ချင်းယွင်ဂိုဏ်းကို ဖျက်ဆီးရန် အခြားတစ်ယောက်ကို သေချာပေါက် ရှာဖွေနိုင်ပေသည်။
ချင်မင်တွင် ချင်းယွင်ဂိုဏ်းကို ဖျက်ဆီးရန် အကြံအစည်တစ်ခုတည်း ရှိမည်မဟုတ်ဟု သူ ခံစားရသည်။
အကယ်၍ စုချန်ချန် ပြောသော ဝေ့မိသားစုက စုမိသားစုကို ဖျက်ဆီးခဲ့သည်ဆိုသည့် စကားသာ မှန်ကန်ပါက အနာဂတ်တွင် အခြားသော အစီအစဉ်များ ရှိနေဦးမည်မှာ သေချာပေသည်။
"အခု သွားတော့... ဒီနေရာမှာ မင်းကို မလိုအပ်သေးဘူး..."
"ဒီငယ်သားကို ခွင့်ပြုပါဦး..."
ချန်ကျန့်ရှန်းက ချင်လော့ကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့သည်။
ချင်လော့က လျိုကျင်းကျင်းတို့ကို စတင် တံဆိပ်ခတ်လိုက်သည်။
လျိုကျင်းကျင်းနှင့် သူမ၏ စီနီယာအစ်မ၊ ဂျူနီယာညီမ စုစုပေါင်း ခြောက်ယောက်ရှိရာ တစ်ယောက်က သူတော်စင်ဘုရင်အဆင့်၊ နှစ်ယောက်က သူတော်စင်အဆင့်နှင့် ကျန်သုံးယောက်က လိုဏ်ဂူကောင်းကင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူတော်စင်တစ်ပိုင်းအဆင့်ဟု ယူဆနိုင်ပေသည်။
နောင်တဓားချောက်ကမ်းပါးသည် လူနည်းပါးပုံရသော်လည်း အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားများစွာ ရှိနေပေသည်။
တစ်ယောက်စီတိုင်းက အစွမ်းထက်သော ဓားကျင့်ကြံသူများ ဖြစ်ကြရာ ချင်လော့၏ ဓားကျွန်အဖြစ် လုပ်ဆောင်ရန်အတွက် အလွန် သင့်တော်လှပေ၏။
သေခြင်းရှင်ခြင်းတံဆိပ်တုံး ရိုက်နှိပ်ပြီးနောက် ချင်လော့သည် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့သည်။
သူ၏ လူသားဧကရာဇ်အလံထဲတွင် အရင်းအမြစ်များစွာ ကျန်ရှိနေသေးသည်။
ယခင်က လိုဏ်ဂူကောင်းကင်အဆင့်သို့ တက်လှမ်းရန် အရင်းအမြစ်အချို့ကို သုံးစွဲခဲ့ပြီး အချို့မှာ ကျန်ရှိနေသေးသည့်အပြင် ထိုက်ရွှီဘိုးဘေးနှင့် ဖုန်ယွင်မျှော်စင်၏ သခင်တို့ကိုလည်း အသစ်ထပ်မံ ရရှိထားပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေမှ စီနီယာအစ်ကိုများလည်း ရှိနေသေးသည်။
မူလစွမ်းအင်များ အလုံအလောက်ရှိနေပြီဖြစ်ရာ
‘စုပ်ယူလိုက်…သန့်စင်လိုက်…ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်… ဝါးမြိုလိုက်စမ်း!’
လိုဏ်ဂူကောင်းကင်အဆင့် ၁ မှ အဆင့် ၂ သို့ တက်လှမ်းခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ လိုဏ်ဂူကောင်းကင်များ၏ အရည်အသွေးကို မြှင့်တင်ရန်ဖြစ်ပြီး အခြားသော လိုဏ်ဂူကောင်းကင် ခုနစ်ခုမှာ သာမန် လိုဏ်ဂူကောင်းကင်များ ဖြစ်ကြသဖြင့် အရင်းအမြစ်များစွာ မလိုအပ်ချေ။
နောက်ဆုံး လိုဏ်ဂူကောင်းကင် သုံးခုကသာလျှင် အရင်းအမြစ် အများအပြား လိုအပ်ပေသည်။
သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးသည် လိုဏ်ဂူကောင်းကင် တစ်ခုကိုသာ ခဲယဉ်းစွာ ဖြည့်တင်းနိုင်ပေသည်။
သူတော်စင်အဆင့် လေးပါး၏ မူလစွမ်းအင်များကို အသုံးပြုပြီးမှသာ နောက်ဆုံး လိုဏ်ဂူကောင်းကင် သုံးခုကို ဖြည့်တင်းနိုင်ခဲ့သည်။
‘ဝုန်း’
ချင်လော့၏ ခန္ဓာကိုယ်အတွင်း၌ မြစ်များ ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်သွားပြီး လိုဏ်ဂူကောင်းကင်များ စတင် ပြောင်းလဲလာကာ လိုဏ်ဂူကောင်းကင်အဆင့် ဒုတိယလွှာသို့ ရောက်ရှိသွားခဲ့သည်။
"ဆက်လုပ်မယ်..."
ချင်လော့က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုလိုက်၏။
"မင်း ခဏလောက် အနားယူသင့်တယ် မဟုတ်လား..."
ရှီးဟွမ်က သတိပေးလိုက်သည်။
"အရင်းအမြစ်တွေ အလုံအလောက်ရှိရင် အချိန်ဖြုန်းနေစရာ မလိုပါဘူး... အချိန်က အရင်းအမြစ်တွေထက် ပိုအဖိုးတန်တယ်... ဒါကို မင်း မသိဘူးလား..."
ရဲ့ချန်၏ မူလစွမ်းအင်၊ မိုးကောင်းကင်လောင်ကျွမ်းခြင်း
မီးတောက်ခန္ဓာ၊ လျိုရူယန်၏ လျှို့ဝှက်ဆန်းကြယ်ဆွဲဆောင်မှုခန္ဓာတို့၏ မူလစွမ်းအင်များ ရှိနေသေးသည်။
လျိုရူယန်၏ မူလစွမ်းအင်မှာ မပြောပလောက်သဖြင့် လျစ်လျူရှုထားနိုင်ပြီး သူမ၏ အလှတရားကိုသာ မြှင့်တင်ပေးနိုင်ကာ အခြားထူးခြားသော အကျိုးသက်ရောက်မှု မရှိချေ။
သို့သော် ရဲ့ချန်မှာမူ ကွာခြားပေသည်။
သူ၏ မိုးကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ခန္ဓာအပြင် ချော်ရည်မြေမီးတောက်လည်း ရှိနေသေးရာ အားလုံးက အဖိုးတန်ပစ္စည်းများသာ ဖြစ်ပေသည်။
"အားလုံးကို သန့်စင်ပြီး စုပ်ယူလိုက်..."
"ဒီနေ့... လိုဏ်ဂူကောင်းကင်အဆင့် ၃ ကို တက်လှမ်းမယ်..."
ကံကြမ္မာသားတော် ဖြစ်သည့်အတိုင်း သူ၏ မိုးကောင်းကင်လောင်ကျွမ်းခြင်း
မီးတောက်ခန္ဓာ၏ မူလစွမ်းအင်က ချင်လော့၏ အလွန်မြန်ဆန်စွာ အဆင့်တက်လှမ်းမှုကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များနှင့် လျှို့ဝှက်အန္တရာယ်များကို ဖြေရှင်းပေးနိုင်ခဲ့ပေသည်။
ချော်ရည်မြေကြီးမီးတောက် မူလစွမ်းအင်ကို စုပ်ယူလိုက်ခြင်းနှင့် ကြွယ်ဝသော မီးဓာတ် မူလစွမ်းအင်များက ချင်လော့၏ ကျင့်ကြံမှုကို ကြီးမားစွာ တိုးတက်စေခဲ့ပြီး လိုဏ်ဂူကောင်းကင် ခုနစ်ခုအနက် သုံးခုကို ဖြည့်တင်းနိုင်ခဲ့သည်။
"မိုက်တယ်..."
"ဆက်လုပ်မယ်..."
နောက်တစ်ဆင့်တွင် ဖုန်းထျန်းခွန်၏ မူလစွမ်းအင်ကို အသုံးပြုရတော့မည် ဖြစ်သည်။
သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်ထားသော မူလစွမ်းအင်မှာ အလွန်တရာ ကြီးမားလှပေသည်။
ထိုစွမ်းအင်ကြောင့် ဆဋ္ဌမမြောက် လိုဏ်ဂူကောင်းကင်ကို လျင်မြန်စွာ ဖြည့်တင်းနိုင်ခဲ့ပြီး၊ သတ္တမမြောက် လိုဏ်ဂူကောင်းကင်ကိုလည်း မကြာမီ ပြည့်စုံသွားစေခဲ့သည်။
ထို့နောက် အဋ္ဌမမြောက် လိုဏ်ဂူကောင်းကင်ပါ ပြည့်စုံသွားခဲ့သော်လည်း၊ နဝမမြောက်မှာတော့ အနည်းငယ် အားနည်းနေဆဲ ဖြစ်သည်။
ဒသမမြောက် လိုဏ်ဂူကောင်းကင်ကို အပြည့်အဝ ဖွင့်လှစ်နိုင်ရန်လည်း အနည်းငယ် လိုအပ်နေသေးသဖြင့်၊ လိုဏ်ဂူကောင်းကင်အဆင့် ၃ သို့ ယခုတိုင် မတက်လှမ်းနိုင်သေးပေ။
"နည်းနည်းလေး လိုနေသေးတယ်..."
ချင်လော့က နောင်တရစွာဖြင့် ပြောဆိုလိုက်သည်။
ရှီးဟွမ်က ချင်လော့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး
"မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက လိုဏ်ဂူကောင်းကင်အဆင့် နောက်ပိုင်းအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်နေပြီ... မင်းလက်ထဲက ရတနာတွေနဲ့ ပေါင်းလိုက်ရင် သူတို့ကို သတ်ဖို့တောင် လုံလောက်နေပြီ..."
"မင်းက မကျေနပ်သေးဘူးလား..."
"ငါက အစာစားချင်စိတ် ကြီးတယ်လေ... ငါ့ကို ကျေနပ်အောင် လုပ်ဖို့က အဲ့ဒီလောက် မလွယ်ဘူး..."
"စနစ်... လိုဏ်ဂူကောင်းကင်အဆင့် ၃ ကို တက်လှမ်းဖို့အတွက် ငါ့အတွက် အရင်းအမြစ်တချို့ လဲလှယ်ပေးလို့ ရမလား..."
ချင်လော့က မေးမြန်းလိုက်၏။
[ဗီလိန်မှတ်အားလုံးကို အသုံးပြု၍ ရတနာရှစ်ပါးဆေးလုံး ကို လဲလှယ်ရန် အကြံပြုပါသည်။]
[လိုဏ်ဂူကောင်းကင်အဆင့်ရှိ သားရဲနတ်ဆိုး ရှစ်ကောင်၏ အဖိုးတန်ပစ္စည်းများကို သန့်စင်ထားခြင်းနှင့် ညီမျှပြီး သားရဲနတ်ဆိုးများ အဆီအနှစ်များ စုစည်းနေချိန်တွင် အတင်းအကျပ် ယူဆောင်ထားခြင်းဖြစ်ရာ ပြင်းထန်သော အဆီအနှစ်စွမ်းအင်များ ပါဝင်ပါသည်။ ခန္ဓာကိုယ်ကို သန်မာစေခြင်း၊ ယင်ဓာတ်နှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်းနှင့် ကျင့်ကြံမှုကို တိုးတက်စေခြင်း စသည့် အကျိုးသက်ရောက်မှုများ ရှိပြီး ပိုင်ရှင်၏ ကျင့်ကြံမှုနှင့် အဆင့်ကို တိုးတက်စေရန်အတွက် အလွန် သင့်တော်ပါသည်။]
"ဟင်..."
ချင်လော့၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။
တစ်ခဏမျှ ချင်လော့ စကားဆွံ့အသွားခဲ့သည်။
သူ၏ ယခင်ကမ္ဘာတွင် ရတနာသုံးချောင်းအရက်ကို သူ သောက်ဖူးပြီး ချိုမြိန်သော်လည်း အကျိုးသက်ရောက်မှုမှာမူ ဉာဏ်ပညာရှိသူက ဉာဏ်ပညာကို မြင်ပြီး ကြင်နာတတ်သူက ကြင်နာမှုကို မြင်သည်ဟူသော စကားအတိုင်းပင်။
ဒါကို ရှစ်ကောင်နဲ့ လုပ်လို့ရတာလား။ စနစ်က တကယ်ကို စာနာတတ်တာပဲ။
(ရတနာရှစ်ပါး - သားရဲလိင်တံ၈ ချောင်း )
သူက တစ်ခဏမျှ စကားဆွံ့အသွားပြီး မှင်တက်သွားကာ မသိမသာ မေးမြန်းလိုက်၏။
"အဲ့ဒီအရာက... ကာမစိတ်နှိုးဆွတာ မဟုတ်ဘူးမလား..."
[အကြံပြုထားသော လဲလှယ်မှု ဖြစ်ပါသည်။ လဲလှယ်လိုပါသလား။ သက်ဆိုင်မှုမရှိသော မေးခွန်းများအတွက် အဖြေမရှိပါ။]
ချင်လော့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
"လဲလှယ်မယ်..."
ဗီလိန်မှတ် ၃၅,၈၀၀ မှတ်၊ ရှင်းလင်းသွားပြီ။
ဤစနစ်သည် သူ၏ ဗီလိန်မှတ်များကို ကြိုတင် စောင့်ကြည့်နေသည်မှာ သေချာပေသည်။
သူ့ကို အကုန်အစင် မဖြတ်ယူမချင်း ရပ်တန့်မည်မဟုတ်ချေ။
[လဲလှယ်မှု အောင်မြင်ပါသည်။ ရတနာရှစ်ပါးဆေးလုံးကို ရရှိပါသည်။]
ဆေးလုံး ထွက်ပေါ်လာချိန်တွင် အနံ့အသက်ဆိုးများ မရှိရုံသာမက မွှေးကြိုင်သော ရနံ့တစ်ခုပင် ရှိနေခဲ့သည်။
ချင်လော့က တုံ့ဆိုင်းမနေဘဲ တစ်ခါတည်း မျိုချလိုက်၏။
‘ဝုန်း’
တန်တျန်အတွင်းမှ ပြင်းထန်လှသော စွမ်းအင်တစ်ရပ်သည် သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များဆီသို့ ရူးသွပ်စွာ စီးဆင်းသွားခဲ့သည်။
ထိုစွမ်းအင်အများစုမှာ သဘာဝအလျောက် ဒသမမြောက် လိုဏ်ဂူကောင်းကင်အတွင်းသို့ စီးဝင်သွားပြီး မကြာမီမှာပင် ပြည့်လျှံလာခဲ့သည်။ လျှံကျတော့မည့်အထိပင် ဖြစ်လာခဲ့၏။
ကျင့်ကြံမှု… အဆင့်တက်လှမ်းခြင်း…
လိုဏ်ဂူကောင်းကင်အဆင့် ၃
ဝုန်း
ချင်လော့၏ ခန္ဓာကိုယ်အတွင်း၌ မြစ်ရေများ ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ တုန်ခါသွားပြီး၊ တစ်ကိုယ်လုံးမှ တကျွတ်ကျွတ် မြည်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
သူ၏ ကျင့်ကြံမှုက အလွန်မြန်ဆန်စွာ တိုးတက်သွားသဖြင့် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် နေမထိထိုင်မသာ ဖြစ်စေခဲ့သည်။
တစ်နည်းဆိုရသော် ဤမျှ ကြီးမားသော စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်ပြီး ကြေမွသွားစေသင့်ပေသည်။
ချင်လော့မှာမူ ကွာခြားပေသည်။
သူ၏ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်က အလိုအလျောက် စတင်လုပ်ဆောင်နေပြီး ခန္ဓာကိုယ်၏ သန်မာမှုက သာမန် လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူများနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ချေ။
သို့သော် ထိုသို့ဖြစ်လင့်ကစား ချင်လော့သည် သူ၏ ခန္ဓာကိုယ်တွင် အနည်းငယ် နေမထိထိုင်မသာ ဖြစ်မှုကို ခံစားနေရဆဲဖြစ်ပြီး အကန့်အသတ်တစ်ခုသို့ ရောက်ရှိလုနီးပါး ဖြစ်နေပုံရသည်။
"ဒါက..."
ချင်လော့က အံ့အားသင့်ပြီး ဝမ်းသာသွားခဲ့၏။
"ဒါက ငါ ဆက်ပြီး ကျင့်ကြံချင်တယ်ဆိုရင် အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ကို အရင် တိုးတက်အောင် လုပ်ဖို့ လိုတယ်ဆိုတာကို သက်သေပြနေတာပဲ... မဟုတ်ရင် ခန္ဓာကိုယ်က ခံနိုင်ရည် ရှိမှာမဟုတ်ဘူးလား..."
"ဒါပေမဲ့ ဒါက ငါ့ရဲ့ စွမ်းအား အရမ်းကြီးနေနိုင်တယ်ဆိုတာကို သက်သေပြနေတာပဲ မဟုတ်လား... သူတော်စင်တစ်ပါးနဲ့ ယှဉ်တိုက်လို့ ရနိုင်မလား..."
တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် ချင်လော့သည် သူ၏ လက်အောက်ရှိ အားအနည်းဆုံး သူတော်စင်ကို ခေါ်လိုက်ရာ ထိုသူမှာ တန်ဆေးဂိုဏ်းမှ လီယန် အမည်ရှိ အဘိုးအိုပင် ဖြစ်၏။
"အဘိုးကြီး... ငါနဲ့ တိုက်ပွဲတစ်ပွဲလောက် တိုက်ရအောင်... သုံးကွက်ပဲ... တကယ်လို့ မင်း ငါ့ကို သုံးကွက်အတွင်းမှာ သတ်နိုင်ရင် မင်းကို လွှတ်ပေးမယ်..."
ဤစကားကို ကြားချိန်၌ လီယန်၏ မျက်လုံးများ တောက်ပသွားပြီး
"အရှင်မင်းသား... ဒီစကားက တကယ်လား..."
"သေချာတာပေါ့... လာခဲ့..."
ချင်လော့က သူ၏လက်ကို ကွေး၍ ခေါ်လိုက်သည်။
...
တိုက်ပွဲ စတင်သွားပြီးနောက် ခဏအကြာတွင် ချင်လော့သည် သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
သူက လီယန်ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်း မလုပ်နိုင်ပါဘူး... အခွင့်အရေးပေးတာတောင် မင်း တန်ဖိုးမထားတတ်ဘူး..."
"သူတော်စင်တစ်ပါးက လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူရဲ့ သုံးကွက်ကိုတောင် မခံနိုင်ဘူးဆိုတော့ တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ..."
လီယန်မှာ ရှက်ရွံ့၍ အနေရခက်သွားကာ၊ ရာနှင့်ချီသော နှစ်များစွာကို ခွေးတစ်ကောင်ကဲ့သို့ အချည်းနှီး အသက်ရှင်ခဲ့ရသလိုပင် ခံစားလိုက်ရသည်။
အခြားသူများ အများစုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အထူးသဖြင့် နောင်တဓားချောက်ကမ်းပါးမှ အမျိုးသမီးများ၏ စိတ်ထဲတွင် အလွန် အံ့အားသင့်သွားကြပေသည်။
လျိုကျင်းကျင်းက သူမ၏ စိတ်နှလုံးထဲတွင် အော်ဟစ်လိုက်၏။
"ပါရမီရှင်... ပါရမီရှင်ပဲ... ဂျူနီယာမောင်လေး ဒီလူကို ရန်စမိတာက သူ့ဘဝမှာ အကြီးမားဆုံး အမှားပဲ..."