← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇) လူအများအပြား ရောက်ရှိလာကြခြင်း

ကျန်းပေ့မင်းသားစံအိမ်။

နန်ကုန်းရိုရွှေနှင့်အတူ ရောက်လာသော မမျှော်လင့်ထားသည့် ဧည့်သည်များကို မြင်တွေ့လိုက်ရချိန်တွင် နန်ကုန်းယွီသည် ညင်သာစွာ ပြုံးလိုက်မိလေ၏။

"ဦးရီးတော်!"

ကြည်လင်ပြတ်သားသော အသံလေးတစ်ခု ထွက်ပေါ်လာပြီး ပြုံးရွှင်နေသော မျက်နှာလေးနှင့် လိုလီမလေး က အလျင်အမြန် ပြေးလာလေသည်။

နန်ကုန်းယွီသည် လက်ကမ်းကာ သူမကို ပွေ့ချီလိုက်ပြီး သူမ၏ နှာခေါင်းလေးကို ညင်သာစွာ ဆွဲလိမ်ကာ ရယ်မောလိုက်၏။

"မနက်ကမှ တွေ့ခဲ့တာကို နေ့လယ်ကျတော့ ရောက်လာပြန်ပြီ... အရသာရှိတာတွေ တကယ်ပဲ စားချင်နေတာပေါ့!"

"ဟီးဟီး... စားချင်တယ်!"

နန်ကုန်းယွီရှင်း၏ မျက်နှာလေးမှာ အပြုံးများဖြင့် ပြည့်နှက်နေပြီး သူမ၏ မျက်လုံးကြီးများက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် အလွန်ချစ်စရာကောင်းနေပေသည်။

နန်ကုန်းယွီက ပြုံး၍ ပြောလိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင် ခဏနေကျ ဦးရီးတော်က မင်းအတွက် ချက်ကျွေးမယ်နော်... ဟုတ်ပြီလား..."

"ကောင်းပါပြီ!"

နန်ကုန်းယွီရှင်းသည် ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး အနီးသို့ တိုးကပ်ကာ သူ့ကို ချိုမြိန်စွာ နမ်းလိုက်၏။

"ကျေးဇူးတင်ပါတယ် ဦးရီးတော်!"

နန်ကုန်းယွီသည် အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ ရယ်မောလိုက်သည်။

"ဦးရီးတော်နဲ့ အားနာစရာ မလိုပါဘူး!"

ထိုသို့ ပြောရင်း သူသည် အတွင်းသို့ ယခုလေးတင် ဝင်လာသော နန်ကုန်းရိုရွှေနှင့် သူမ၏ဘေးရှိ နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးကို လှည့်ကြည့်လိုက်၏။

"ဒုတိယ အစ်မတော်... သူက ဘယ်သူလဲ..."

နန်ကုန်းရိုရွှေသည် အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ရှောင်ယွီ... သူက ကျူးကော့ချင်းဟွေ တဲ့... ကျင်းချီ ရဲ့ ဟွေကိုယ်လုပ်တော် လေ... ပြီးတော့ ယွီရှင်း ရဲ့ မယ်တော်လည်း ဟုတ်တယ်!"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်၏။

"နန်ကုန်းယွီ က မရီးတော် ကို ဂါရဝပြုပါတယ်!"

"အရှင်မင်းသား... ကျွန်မ လာရောက် ဂါရဝပြုပါတယ်!"

ကျူးကော့ချင်းဟွေသည် အနည်းငယ် ညွှတ်နူးကာ အပြစ်အနာအဆာကင်းစွာ အရိုအသေပေးလိုက်၏။

"ဒီနေ့ ရှင်းအာ က အရှင်မင်းသားဆီကနေ လက်ဆောင်ရခဲ့လို့... ကျွန်မက သူမကို ခေါ်ပြီး ဂါရဝပြုဖို့ လာခဲ့တာပါ... အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပေးပါ!"

နန်ကုန်းယွီသည် လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်။

"မရီးတော် က သိပ်အားနာလွန်းနေပါပြီ... ယွီရှင်း က ကျွန်တော့်ရဲ့ တူမလေးဆိုတော့ လက်ဆောင်ပေးတာ ပုံမှန်ပါပဲ... မရီးတော် နဲ့ ကျွန်တော်က သိပ်စိမ်းသက်နေစရာ မလိုပါဘူး..."

"ဒီကောင်မလေးကို ကျွန်တော် တော်တော်လေး သဘောကျပါတယ်... အားတဲ့အချိန်ရှိရင် ခဏခဏ ခေါ်လာလို့ ရပါတယ်!"

ထိုစကားကို ကြားချိန်တွင် ကျူးကော့ချင်းဟွေသည် ပြုံး၍ ပြောလိုက်၏။

" အရှင်မင်းသားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... အရှင်မင်းသားရဲ့ မျက်နှာသာပေးမှုကို ရတာ ရှင်းအာ ရဲ့ ကံကောင်းမှုပါပဲ…”

"မရီးတော်... ဟိုဘက်မှာ ထိုင်ပါဦး!"

နန်ကုန်းယွီသည် ပြုံးလျက် နန်ကုန်းယွီရှင်းကို မဏ္ဍပ်ဆီသို့ ပွေ့ချီသွားလေ၏။

သူတို့အားလုံးက မိသားစုဝင်များဖြစ်သဖြင့် အားနာစရာ သိပ်မလိုသလို ဧည့်ခန်းဆောင်သို့ သွားစရာလည်း မလိုချေ။

အားလုံး ထိုင်ပြီးသွားချိန်တွင်။

နန်ကုန်းယွီသည် ရှန်ကွမ်ယွင်ယောင် ပေးထားသော လက်ဆောင်သေတ္တာကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်ပြီး အလွန်လှပသေသပ်သော မုန့်တစ်ပန်းကန်ကို ထုတ်ယူလိုက်၏။

"ယွီရှင်းလေး... ဒါက ဦးရီးတော် စောစောက လုပ်ထားတဲ့ မုန့်လေးတွေ... အရင်ဆုံး နှစ်ခုလောက် စမ်းစားကြည့်ပါဦး... ခဏနေရင် ပိုအရသာရှိတာတွေ လုပ်ကျွေးမယ်... ဟုတ်ပြီလား..."

"ကျေးဇူးတင်ပါတယ် ဦးရီးတော်!"

နန်ကုန်းယွီရှင်း၏ မျက်လုံးများ လင်းလက်သွားပြီး မုန့်တစ်ဖဲ့ကို လှမ်းယူလိုက်လေသည်။

နန်ကုန်းယွီသည် မုန့်တစ်ခုကို ညင်သာစွာ ယူကာ သူမ၏ နှုတ်ခမ်းဆီသို့ တေ့ပေးလိုက်ရာ ကလေးငယ်လေးက ဝမ်းသာအားရ ကိုက်စားလိုက်၏။

သူမ၏ မျက်လုံးများ လင်းလက်သွားသည်။

"အင်း... အရမ်း အရသာရှိတာပဲ… ဒါက ယွီရှင်း စားဖူးသမျှထဲမှာ အကောင်းဆုံး မုန့်လေးပဲ"

ထိုသို့ ပြောပြီးနောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား နန်ကုန်းယွီ၏ ရင်ခွင်ထဲမှ ခုန်ဆင်းသွားလေ၏။

သူမသည် မုန့်တစ်ဖဲ့ကို ယူကာ ကျူးကော့ချင်းဟွေထံသို့ ပြေးသွားပြီး ကမ်းပေးလိုက်လျက် ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။

"မယ်တော်... မယ်တော်လည်း စမ်းစားကြည့်ပါဦး... တကယ်ကို အရသာရှိတယ်"

အားလုံး ပြုံးလိုက်ကြ၏။

ကျူးကော့ချင်းဟွေသည် ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ရှင်းအာ ပဲ စားပါ... မယ်တော် မစားတော့ဘူး"

နန်ကုန်းယွီက ပြုံးလျက် နောက်ထပ် မုန့်ပန်းကန်တစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။

"အားနာစရာ မလိုပါဘူး မရီးတော်... အားလုံး စမ်းစားကြည့်ကြပါ..."

ထိုစကားကို ကြားချိန်တွင် ကျူးကော့ချင်းဟွေသည် အနည်းငယ် ပြုံးလိုက်ပြီး နန်ကုန်းယွီရှင်းထံမှ မုန့်ကို ယူလိုက်လေသည်။

နန်ကုန်းယွီရှင်းသည် ပြုံးလျက် နန်ကုန်းယွီ၏ ရင်ခွင်ထဲသို့ ပြန်ပြေးဝင်လာပြီး မုန့်တစ်ဖဲ့ကို ယူကာ ပြောလိုက်၏။

"ဦးရီးတော်... ဦးရီးတော်လည်း နည်းနည်း စားပါဦး!"

"ကျေးဇူးပါ ယွီရှင်း..."

နန်ကုန်းယွီသည် အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ ကြင်နာမှုကို မငြင်းဆန်လိုသဖြင့် မုန့်ကို အနည်းငယ် ကိုက်စားလိုက်သည်။

သူ၏ လက်ထဲရှိ မုန့်ကိုလည်း သူမ၏ နှုတ်ခမ်းဆီသို့ တေ့ပေးလိုက်ရာ နန်ကုန်းယွီရှင်းသည် မုန့်ကို ဝမ်းသာအားရ စားလိုက်လေ၏။

ထိုအချိန်တွင် နန်ကုန်းရိုရွှေက နောက်ပြောင်လိုက်သည်။

"ယွီရှင်းလေး... မင်းက မင်းရဲ့ မယ်တော့်ကိုလည်း မုန့်ပေးတယ်... ဦးရီးတော်ကိုလည်း မုန့်ပေးတယ်... မင်းရဲ့ အဒေါ် အတွက်ကော..."

ထိုစကားကို ကြားချိန်တွင် နန်ကုန်းယွီရှင်းသည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ လက်ထဲရှိ မုန့်များကို အလျင်အမြန် ကမ်းပေးလိုက်လေ၏။

ထိုမြင်ကွင်းကို မြင်သောအခါ ကျူးကော့ချင်းဟွေမှာ မှင်တက်သွားပြီး ရှန်ကွမ်ယွင်ယောင်၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။

နန်ကုန်းရိုရွှေက တိုးညှင်းစွာ ရယ်မောလိုက်၏။

“ရှောင်ယွီ လုပ်ထားတဲ့ မုန့်တွေကို ငါ တစ်ခါမှ မစားဖူးသေးဘူး… သူကတော့ စားပြီးသွားပေမဲ့ ငါကတော့ သေချာပေါက် မစားရသေးဘူး… ကျေးဇူးတင်ပါတယ်နော်၊ ယွီရှင်းလေး…”

ထိုသို့ ပြောပြီးနောက် သူမသည် မုန့်ကိုယူကာ အနည်းငယ် ကိုက်စားလိုက်ရာ သူမ၏ မျက်လုံးများ လင်းလက်သွားသည်။

"တကယ်ပဲ အရမ်း အရသာရှိတာပဲ... ရှောင်ယွီရဲ့ လက်ရာက တကယ်ကို သံသယဝင်စရာ မရှိဘူး..."

သူမ၏ အမူအရာမှာ ပုံမှန်အတိုင်းဖြစ်နေသည်ကို မြင်သောအခါ ကျူးကော့ချင်းဟွေသည် အနည်းငယ် သက်ပြင်းချလိုက်မိပြီး မောင်နှမနှစ်ယောက်၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ပုံရသည်ဟု တွေးလိုက်မိ၏။

ရှန်ကွမ်ယွင်ယောင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာပြီး နန်ကုန်းရိုရွှေကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်သည်။

ထိုအချိန်တွင် ချွန်းကျီနှင့် အခြားသူများသည် ပိုင်ချီချီ၏ နောက်မှ လိုက်ပါလာကြ၏။

"ဒီနေရာက တော်တော်လေး စည်ကားနေတာပဲ... ပိုင်ချီချီ ရောက်လာတာ တာအိုမိတ်ဆွေ ကို အနှောင့်အယှက် ဖြစ်သွားမလား မသိဘူး..."

နန်ကုန်းယွီသည် နန်ကုန်းယွီရှင်းကို ပွေ့ချီကာ မတ်တတ်ရပ်လိုက်ပြီး တိုးညှင်းစွာ ရယ်မောလိုက်သည်။

"တာအိုမိတ်ဆွေ က နောက်ပြောင်နေပြန်ပြီ... လူများလေ ပိုစည်ကားလေပေါ့... မင်းရောက်လာတာ ဝမ်းသာပါတယ်... လာထိုင်ပါဦး!"

"ရှောင်ယွီ... မိတ်ဆက်မပေးတော့ဘူးလား..."

နန်ကုန်းရိုရွှေသည် ပိုင်ချီချီနှင့် ရှန်ကွမ်ယွင်ယောင်တို့ကို တစ်ချက်ကြည့်ကာ တိုးညှင်းစွာ ရယ်မောလိုက်၏။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။

"ဒုတိယ အစ်မတော်... သူက အပြင်ထွက်တုန်းက ငါတွေ့ခဲ့တဲ့ တာအိုမိတ်ဆွေ ပါ... သူမ နာမည်က ပိုင်ချီချီ တဲ့... အခုတော့ မင်းသားစံအိမ်ရဲ့ ဧည့်သည်ပေါ့!"

"တာအိုမိတ်ဆွေ ပိုင်... သူတို့သုံးယောက်ကတော့ ဒုတိယ အစ်မတော် နန်ကုန်းရိုရွှေ၊ မရီးတော် ကျူးကော့ချင်းဟွေ နဲ့ ဝမ်းကွဲအစ်မ ရှန်ကွမ်ယွင်ယောင် တို့ပါ…”

ပိုင်ချီချီသည် အနည်းငယ် ဦးညွှတ်ကာ တာအိုမိတ်ဆွေများကို နှုတ်ဆက်လိုက်၏။

"ချီချီ က အားလုံးကို ဂါရဝပြုပါတယ်!"

သူတို့ သုံးဦးသည်လည်း အနည်းငယ် မတ်တတ်ရပ်ကာ ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

"မင်္ဂလာပါ တာအိုမိတ်ဆွေ ပိုင်!"

"ထိုင်ကြပါ... အားနာစရာ မလိုပါဘူး!"

နန်ကုန်းယွီ စကားပြောပြီးသည်နှင့် ချွန်းကျီသည် ခုံတစ်လုံး ယူလာပေးပြီး လူတိုင်း ထိုင်လိုက်ကြလေ၏။

ထိုအချိန်တွင် နန်ကုန်းယွီရှင်းသည် နန်ကုန်းယွီ၏ လက်ထဲရှိ မုန့်များကို စားလို့ ကုန်သွားပြီ ဖြစ်သည်။

သူမသည် ခေါင်းလေးကို အနည်းငယ် မော့ကာ ကြည်လင်ပြတ်သားသော အသံလေးဖြင့် နန်ကုန်းယွီကို မေးလိုက်၏။

"ဦးရီးတော်... သမီး စားလို့ ကုန်သွားပြီ... ထပ်စားလို့ ရဦးမလားဟင်..."

ထိုသို့ ပြောရင်း သူမသည် စားပွဲပေါ်ရှိ မုန့်များကို ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

နန်ကုန်းယွီက ရယ်မောလိုက်သည်။

"ဒါပေါ့ ရတာပေါ့... ဒါပေမဲ့ ခဏနေကျ ဦးရီးတော်က အရသာရှိတာတွေ လုပ်ကျွေးဦးမှာလေ... မင်းရဲ့ ဗိုက်ပူလေးက မုန့်တွေ အကုန်စားထားလို့ ဗိုက်ပြည့်သွားရင် ဘယ်လိုလုပ်မလဲ..."

ထိုစကားကို ကြားချိန်တွင် နန်ကုန်းယွီရှင်းသည် စားပွဲပေါ်ရှိ မုန့်များကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်းနည်းစွာဖြင့် နန်ကုန်းယွီဘက်သို့ လှည့်လာလေ၏။

"ဒါဆိုရင် လောလောဆယ် မစားတော့ဘူး..."

"ဟားဟားဟား..."

နန်ကုန်းယွီက ရယ်မောလိုက်သည်။

"ကောင်းပြီလေ... ညစာစားပြီးရင် ဦးရီးတော်က မင်းကို အိမ်ပြန်ယူသွားဖို့ မုန့်တွေ ထုပ်ပေးလိုက်မယ်... ဖြည်းဖြည်းချင်း စားနော်... ဟုတ်ပြီလား..."

ထိုစကားကို ကြားချိန်တွင် နန်ကုန်းယွီရှင်း၏ မျက်လုံးများ ချက်ချင်း လင်းလက်သွား၏။

"ကျေးဇူးတင်ပါတယ် ဦးရီးတော်!"

နန်ကုန်းယွီသည် သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ အနည်းငယ် ပြုံးလိုက်သည်။

ရှန်ကွမ်ယွင်ယောင်သည် ထိုမြင်ကွင်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေပေ၏။

သူမသည် ခုနက မုန့်တစ်ဖဲ့ကို မြည်းစမ်းကြည့်ခဲ့ပြီး နှိုင်းယှဉ်ကြည့်လိုက်ရာ သူမလုပ်ထားသည့်မုန့်မှာ အများကြီး ညံ့ဖျင်းနေကြောင်း တွေ့ရှိလိုက်ရသည်။

စောစောကသာ သိခဲ့မယ်ဆိုရင် နန်ကုန်းယွီရဲ့ မုန့်တွေက ဒီလောက် အရသာရှိနေတာ သူမ ထပ်ပြီး လာမပို့တော့ပါဘူး။

သူမသည် နန်ကုန်းယွီကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။

ဤမောင်လေးမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး ကြင်နာသနားတတ်ကာ စိတ်သဘောထား ကောင်းမွန်ပေသည်။

ထို့ပြင် သူသည် လွှမ်းမိုးနိုင်စွမ်းရှိသလို ညင်သာမှုလည်း ရှိပေရာ သူမ နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့ရသော အမျိုးသားအဖြစ် အမှန်တကယ်ပင် ထိုက်တန်လှ၏။

အကယ်၍ သူမသာ သူ၏ တာအိုလက်တွဲဖော် တကယ် ဖြစ်လာနိုင်မည်ဆိုပါက အလွန်ကောင်းမွန်မည်သာ။

နန်ကုန်းယွီသည် သူမ၏ အကြည့်ကို သတိထားမိသော်လည်း အများကြီး ဂရုမစိုက်ခဲ့ချေ။

ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် စကားဝိုင်းမှာ တဖြည်းဖြည်း ပွင့်လင်းလာပြီး လေထုမှာလည်း သီးသန့်ဆန်မှုနည်းပါးလာကာ ပိုမို သက်ဝင်လှုပ်ရှားလာလေ၏။

နန်ကုန်းယွီရှင်းသည် နန်ကုန်းယွီ၏ ပေါင်ပေါ်တွင် လိမ္မာစွာ ထိုင်နေပြီး အားလုံး စကားပြောနေသည်ကို ကြည့်နေလေသည်။

သေချာသည်မှာ သူမသည် အချိန်အများစုကို နန်ကုန်းယွီကို ကြည့်ရှုရန်သာ အသုံးပြုခဲ့ပြီး သူ့ကို ကြည့်ရသည်ကို အလွန်သဘောကျနေပုံရပေ၏။

အချိန်များ ကုန်ဆုံးသွားသည်။

ညချမ်းအချိန်သို့ ရောက်ရှိလာချိန်တွင် နန်ကုန်းရိုရွှယ်သည် နောက်ကျမှ ရောက်ရှိလာခဲ့သည်။

သို့သော် သူမသည် လူအချို့ကို ခေါ်ဆောင်လာပုံရပေ၏။

အခန်း (၂၂၈) ကြီးလာမှ မင်းကို ပေးမယ်

နန်ကုန်းယွီသည် မတ်တတ်ထရပ်ကာ နန်ကုန်းယွီရှင်းကို ကျူးကော့ချင်းဟွေထံသို့ ကမ်းပေးလိုက်ပြီး ဆီးကြိုရန် ခြေလှမ်းနှစ်လှမ်း ရှေ့သို့တက်လိုက်၏။

သူသည် အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးနှင့် နန်ကုန်းရိုရွှေ၏ဘေးရှိ ကောင်လေးကို တစ်ချက်ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားလေသည်။

"အစ်မတော် ရွှယ်... ဒီနှစ်ယောက်က ဘယ်သူတွေလဲ..."

နန်ကုန်းရိုရွှယ်သည် ပြုံးလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင် အကူအညီမဲ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

"ရှောင်ယွီ... ဒါက ကျင်းချီ ရဲ့ တယ်ကိုယ်လုပ်တော် ကျောက်ဝမ်ယီ နဲ့ သူ့ရဲ့ ဒုတိယသား နန်ကုန်းလော့ယွင် လေ... ငါ ဒီလာတဲ့လမ်းမှာ သူတို့နဲ့ ဆုံခဲ့တာ... လော့ယွင် က ဆော့ချင်တာနဲ့ လိုက်လာခဲ့တာပါ!"

နန်ကုန်းယွီသည် မင်ဝမ်ယီကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။

"နန်ကုန်းယွီ က မရီးတော်ကို ဂါရဝပြုပါတယ်!"

"အရှင်မင်းသာ ကို ကျွန်မ လာရောက် ဂါရဝပြုပါတယ်!"

ကျောက်ဝမ်ယီသည် အနည်းငယ် ညွှတ်နူးကာ တောင်းပန်စကား ဆိုလိုက်၏။

"လော့ယွင် က ဆော့ချင်တယ်ဆိုလို့ ကျွန်မလည်း လိုက်လာခဲ့ရတာပါ... အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်!"

ထိုသို့ ပြောပြီးနောက် သူမသည် နန်ကုန်းလော့ယွင်၏ ပခုံးကို ပုတ်လိုက်သည်။

"လော့ယွင်... မင်းရဲ့ ဦးရီးတော်ကို အရိုအသေပေးလိုက်လေ”

နန်ကုန်းလော့ယွင်သည် အလျင်အမြန် ဦးညွှတ်ကာ ရိုသေစွာ ပြောလိုက်၏။

"လော့ယွင် က ဦးရီးတော် ကို ဂါရဝပြုပါတယ်!"

"အားနာစရာ မလိုပါဘူး!"

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ငွေရောင်လှံတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။

"ဦးရီးတော်ဆီမှာ အခုလောလောဆယ် ကောင်းတဲ့ပစ္စည်း မရှိဘူး... ဒီလှံက အကောင်းဆုံးပဲ... လော့ယွင် ကို လက်ဆောင်ပေးလိုက်မယ်နော်!"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းလော့ယွင်၏ အကြည့်များမှာ လှံပေါ်သို့ အလိုအလျောက် ကျရောက်သွားပြီး သူ၏ မျက်လုံးများ လင်းလက်သွားပေ၏။

သို့သော် သူ၏ မယ်တော် အရင်က ပြောခဲ့သည်များကို သတိရသွားသောအခါ သူသည် ခေတ္တမျှ တွန့်ဆုတ်သွားလေသည်။

နန်ကုန်းယွီက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။

"လော့ယွင်လေးက ဒီလှံကို မကြိုက်ဘူးလား..."

ကျောက်ဝမ်ယီသည် လှံကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားသည်။

သူမသည် နန်ကုန်းလော့ယွင်၏ ခေါင်းကို အလျင်အမြန် ပုတ်လိုက်၏။

"မင်းရဲ့ ဦးရီးတော်ကို ကျေးဇူးမတင်ဘူးလား!"

နန်ကုန်းလော့ယွင်သည် အလျင်အမြန် ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးရီးတော်... လော့ယွင် အရမ်း ကြိုက်ပါတယ်!"

နန်ကုန်းယွီသည် အနည်းငယ် ပြုံးကာ လှံကို ကျောက်ဝမ်ယီထံသို့ ပစ်ပေးလိုက်၏။

"မရီးတော်... လော့ယွင် ကို သခင်အသိအမှတ်ပြုဖို့ ကူညီပေးလိုက်ပါဦး"

ထိုသို့ ပြောပြီးနောက် နန်ကုန်းယွီသည် နန်ကုန်းရိုရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။

"အစ်မတော် ရွှယ်... သူတို့ကို ထိုင်ခိုင်းလိုက်ပါဦး... ယွီရှင်းလေးကို ဟင်းချက်ကျွေးမယ်လို့ ကတိပေးထားတာဆိုတော့ ဒီနေ့ ကတိဖျက်လို့ မရဘူးနော်!"

"ကောင်းပါပြီ!"

နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်၏။

နန်ကုန်းယွီသည် ကျောက်ဝမ်ယီကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

"မရီးတော်... ထိုင်ပါဦး... ကျွန်တော် သွားပြီး ပြင်ဆင်လိုက်ဦးမယ်!"

ကျောက်ဝမ်ယီသည် မဏ္ဍပ်ကို တစ်ချက်ကြည့်ကာ ခေါင်းအနည်းငယ် ခါယမ်းလိုက်၏။

"မင်းသား... ဒီမှာ လူတွေ အရမ်းများတယ်... လော့ယွင် က နည်းနည်း ရှက်တတ်တယ်... ပြီးတော့ သူ လုပ်စရာ အိမ်စာတွေလည်း ရှိသေးတယ်ဆိုတော့ ကျွန်မတို့ မနေတော့ပါဘူး!"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းယွီက မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

"မရီးတော်... လော့ယွင် ကို ညစာစားဖို့ မခေါ်‌တော့ဘူးလား..."

"မလိုပါဘူး... ကျွန်မတို့ စားပြီးပါပြီ!"

ကျောက်ဝမ်ယီသည် ခေါင်းအနည်းငယ် ခါယမ်းကာ တောင်းပန်စကား ဆိုလိုက်၏။

"ဒီနေ့ အလောတကြီး လာမိလို့ မင်းသားကို အနှောင့်အယှက် ဖြစ်သွားတယ်... နောက်နေ့မှ ထပ်လာလည်ပါ့မယ်!"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းယွီ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။

"အဲဒီလိုဆိုရင်လည်း လိုက်ပို့ပေးပါ့မယ်!"

"မလိုပါဘူး မင်းသား... မင်းသား ကိစ္စရှိရင် သွားလုပ်ပါ!"

ကျောက်ဝမ်ယီသည် လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ နန်ကုန်းလော့ယွင်ကို ပုတ်ပြီး ဆွဲခေါ်သွားလေ၏။

"ချွန်းကျီ... ဧည့်သည်တွေကို လိုက်ပို့လိုက်ပါ!"

နန်ကုန်းယွီသည် ညွှန်ကြားလိုက်ပြီး ထိုအဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။

နန်ကုန်းရိုရွှယ်သည် သူ၏ဘေးသို့ လာကာ တိုးညှင်းစွာ ပြောလိုက်၏။

"ဒီ ကျောက်ဝမ်ယီ က စစ်သူကြီး ကျောက်ကွမ်းရှင်း ရဲ့ သမီးလေ... သူမက နည်းနည်း မျက်နှာကြီးငယ် ခွဲခြားတတ်ပြီး စိတ်သဘောထား သေးသိမ်တယ်လို့ လင်လန်ဆီက ကြားဖူးတယ်... မင်းက လော့ချန် နဲ့ ယွီရှင်း ကို လက်ဆောင်တွေ ပေးတယ်ဆိုတာ ကြားလို့ သူမက လက်ဆောင်လာတောင်းတာ ဖြစ်မယ်!”

နန်ကုန်းယွီက မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

"အစ်မတော် ရွှယ်... အဲဒီလောက်လည်း မဟုတ်လောက်ပါဘူး... ဦးရီးတော်က အစ်ကိုတော်ဆီကို ဒီလိုလူမျိုး ပေးစရာလား..."

"ဒါကိုတော့ ငါလည်း မသိဘူးလေ!"

နန်ကုန်းရိုရွှယ်သည် ခေါင်းအနည်းငယ် ခါယမ်းကာ တိုးညှင်းစွာ ပြောလိုက်၏။

"ဒါပေမဲ့ သူတို့နဲ့ လာဆုံတာက တိုက်ဆိုင်မှုတော့ သေချာပေါက် မဟုတ်ဘူးလို့ ခံစားရတယ်!"

"ဒါက အရေးမပါပါဘူး"

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူက အစ်ကိုတော်ကျင်းချီ ရဲ့ သားပဲလေ... လက်ဆောင်ပေးလိုက်တာ က ဘာမှမဖြစ်ပါဘူး!"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က ပြုံး၍ ပြောလိုက်၏။

"မင်းက တော်တော်လေးကို သဘောကြီးတာပဲ... ပထမဆုံး လော့ချန် ကို ဧကရာဇ် ရတနာ ပေးတယ်၊ ပြီးတော့ ယွီရှင်း ကို အဆင့်မသိရတဲ့ လက်ဆောင်ပေးတယ်၊ အခုလည်း ဘုရင်အဆင့် ရတနာ ကို ပေးလိုက်ပြန်ပြီ... မင်းက ငွေကို တကယ်ပဲ သုံးတတ်တာပဲ!"

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။

"ဒါတွေက လျှို့ဝှက်ဆန်းကြယ်သူဆီကနေ ဝယ်ထားတာပါ... လက်ဆောင်ပေးဖို့ သီးသန့်ပေါ့"

"အစ်မတော် ရွှယ်အတွက် လက်ဆောင်ကိုတော့ ကျွန်တော်က ဘုရင်အဆင့် ရတနာ ဖန်တီးရှင် ဒါမှမဟုတ် ဧကရာဇ် ရတနာ ဖန်တီးရှင် အဆင့်ကို ရောက်သွားတဲ့အခါ ကိုယ်တိုင် ဖန်တီးပေးဖို့ စီစဉ်ထားတယ်... အဲဒါမှ ကျွန်တော့်ရဲ့ ခံစားချက်တွေကို ဖော်ပြရာရောက်မှာလေ!"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်၏ မျက်နှာပေါ်တွင် ချက်ချင်း အပြုံးများ လင်းလက်သွား၏။

"ဒါဆိုရင် ငါ စောင့်နေမယ်နော်!"

သူတို့နှစ်ဦး စကားပြောနေစဉ် နန်ကုန်းရိုရွှေသည် ဘေးမှ ရုတ်တရက် ပေါ်လာကာ ရယ်မောလိုက်သည်။

"ရှောင်ယွီ... ငါ့အတွက်ကော ပါလားဟင်!"

"ပါတာပေါ့!"

နန်ကုန်းယွီက ပြုံးလျက် သဘောတူလိုက်၏။

"ဟုတ်ပါတယ်... အားလုံးအတွက် ပါပါတယ်!"

သူတို့ သုံးဦးစလုံး ပြုံးလိုက်ကြသည်။

နန်ကုန်းယွီက ပြောလိုက်၏။

"အစ်မတော် ရွှယ်... အစ်မတို့ နှစ်ယောက် ခဏလောက် သွားထိုင်နေကြဦး... ကျွန်တော် အောက်ဆင်းပြီး သွားပြင်ဆင်လိုက်ဦးမယ်... ဒီညစာ ပြီးရင်တော့ ရက်အနည်းငယ်လောက် နားတော့မယ်!"

ထိုသို့ ပြောပြီးနောက် နန်ကုန်းယွီသည် လှည့်ထွက်သွားလေ၏။

ထိုစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေသည် မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။

သို့သော် နန်ကုန်းရိုရွှယ်က သူမကို တစ်ချက်ကြည့်ကာ ရှင်းပြလိုက်သည်။

"ရှောင်ယွီ က ဒီလို အမြဲတမ်း ဟင်းမချက်ဘူးလေ... သူက ရက်အနည်းငယ်နေမှ တစ်ခါ ချက်တတ်တာ... ဒါပေမဲ့ ဒီနှစ်ရက်ကတော့ ထူးခြားနေတယ်... သူ နေ့တိုင်းနီးပါး ဟင်းချက်နေတာကို ငါ မြင်နေရတယ်!"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေသည် ခေါင်းအနည်းငယ် ညိတ်ကာ ပြုံးလိုက်၏။

"ဒါဆို ဒီနေ့တော့ ကောင်းကောင်းကြီး စားရတော့မှာပဲ!"

"သွားကြစို့!"

နန်ကုန်းရိုရွှယ်သည် ခေါင်းအနည်းငယ် ခါယမ်းကာ မဏ္ဍပ်ဘက်သို့ လျှောက်သွားလေ၏။

......

အခြားတစ်ဖက်တွင်။

ကျောက်ဝမ်ယီသည် နန်ကုန်းလော့ယွင်ကို ခေါ်ကာ နန်းတော်သို့ ပြန်လာခဲ့ပြီး သူမ၏ ကိုယ်ပိုင်အိပ်ဆောင်သို့ ရောက်ရှိလာသည်။

သူမသည် လှံကို ထုတ်ယူလိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်နေ၏။

"ဝိညာဉ်ရတနာရဲ့ အထက်မှာ ဘုရင်အဆင့်ရတနာနဲ့ ဧကရာဇ်ရတနာ ဆိုတာ ရှိတယ်လို့ ကြားဖူးတယ်... ဒီလှံက ဧကရာဇ်ရတနာ ဒါမှမဟုတ် ဘုရင်ရတနာ ဖြစ်ရမယ်... သွားရတာ တကယ်ကို တန်သွားပြီ"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းလော့ယွင်၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထင်ဟပ်သွား၏။

"မယ်တော်... သားကို သခင်အဖြစ် အသိအမှတ်ပြုဖို့ ကူညီပေးပါဦး"

"ဘာကို သခင်အဖြစ် အသိအမှတ်ပြုမှာလဲ..."

ကျောက်ဝမ်ယီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီပစ္စည်းက မင်း အခုသုံးဖို့ အရမ်း အဖိုးတန်လွန်းတယ်... ကြီးလာမှ မင်းကို ပေးမယ်"

"ဒါပေမဲ့... ဒါက ဦးရီးတော် ပေးထားတဲ့ လက်ဆောင်လေ!"

နန်ကုန်းလော့ယွင်က အနည်းငယ် ဝမ်းနည်းစွာဖြင့် တိုးညှင်းစွာ ပြောလိုက်၏။

ကျောက်ဝမ်ယီသည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ သူ၏ ခေါင်းကို ပုတ်လျက် တိုးညှင်းစွာ ပြောလိုက်သည်။

"လော့ယွင် လိမ္မာတယ်... မယ်တော်က ဒါကို မင်းအတွက် ယာယီ သိမ်းထားပေးရုံပါ... မင်း ကြီးလာမှ ပြန်ပေးမယ်"

ထိုစကားကို ကြားချိန်တွင် နန်ကုန်းလော့ယွင်သည် လှံကို တစ်ချက်ကြည့်လိုက်ပြီး နာခံစွာဖြင့် ခေါင်းညိတ်လိုက်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ချေ။

......

ကျန်းပေ့မင်းသားစံအိမ်၊ ညစာစားခန်းမ။

ယခုအချိန်တွင် နန်ကုန်းယွီနှင့် အခြားသူများသည် အတူတကွ စုဝေးနေကြပြီး စည်ကားလှသော လေထုကို ဖန်တီးထားလေ၏။

ယ​ေန့ည လူစုံသည်ကို ထည့်တွက်၍ ညစာစားပွဲကို ဤနေရာတွင် ကျင်းပမည်ဖြစ်ပြီး ယခင်ကဲ့သို့ပင် စားပွဲနှစ်ဝိုင်း ခွဲထားသည်။

ကျူးကော့ချင်းဟွေသည် အစေခံများ မခေါ်လာသဖြင့် အခြားစားပွဲတစ်ဝိုင်းတွင် မနေ့ညက အဖွဲ့သာ ထိုင်ကြ၏။

နန်ကုန်းယွီ၏ စားပွဲတွင်မူ ကျူးကော့ချင်းဟွေ၊ ပိုင်ချီချီ၊ ရှန်ကွမ်ယွင်ယောင် နှင့် နန်ကုန်းယွီရှင်းတို့ ပါဝင်လေသည်။

ယခုအချိန်တွင် နန်ကုန်းယွီသည် နန်ကုန်းယွီရှင်းကို ပွေ့ချီကာ ရယ်မော၍ ပြောလိုက်၏။

"အားလုံးပဲ အားမနာပါနဲ့... စပြီး စားကြရအောင်!"

ထိုသို့ ပြောရင်း သူက လက်ဝှေ့ယမ်းလိုက်ရာ သစ်သီးဖျော်ရည်တစ်ခွက် သူ၏ရှေ့တွင် ပေါ်လာလေသည်။

"ယွီရှင်းလေးက အရက်မသောက်ရဘူးဆိုတော့ ဒီဟာကို သောက်လိုက်... အရမ်း အရသာရှိတယ်!"

"ကျေးဇူးတင်ပါတယ် ဦးရီးတော်!"

နန်ကုန်းယွီရှင်းသည် ခွက်ထဲရှိ ရောင်စုံ သစ်သီးဖျော်ရည်များကို ဝမ်းသာအားရ ကြည့်နေလေ၏။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။

သို့သော် ကျူးကော့ချင်းဟွေက တွန့်ဆုတ်စွာ ပြောလိုက်၏။

"အရှင်မင်းသား... ရှင်းအာ ကို ကျွန်မ ပဲ ပွေ့ထားပါ့မယ်... အရှင်မင်းသား ညစာစားတာကို မနှောင့်ယှက်ပါစေနဲ့!"

"ရပါတယ် မရီးတော်... အားမနာပါနဲ့!"

နန်ကုန်းယွီက ခေါင်းခါကာ ပြုံးလိုက်၏။

"ယွီရှင်း ကလည်း ကျွန်တော် ပွေ့ထားတာကို သဘောကျတယ် မဟုတ်လား ယွီရှင်း..."

နန်ကုန်းယွီရှင်းသည် သစ်သီးဖျော်ရည် တစ်ငုံသောက်လိုက်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ယွီရှင်း က ဦးရီးတော် ဖက်ထားတာကို သဘောကျတယ်!"

ထိုစကားကို ကြားချိန်တွင် ကျူးကော့ချင်းဟွေက ခေါင်းအနည်းငယ် ခါယမ်းကာ ပြုံးလိုက်ပြီး ဆက်လက်၍ မပြောတော့ချေ။

ထိုအချိန်တွင် နန်ကုန်းယွီသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည့်အလား နောက်တစ်ကြိမ် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေ၏။

All Chapters