အခန်း ၄၄၁
Vol. 45 Ch. 441
အခန်း(၄၄၁)
ဂလု
ပွဲတော်အတွင်း ဘီလူးနတ်ဘုရားကျောင်းတော်မှ လူများသည် မဟာပဏ္ဍိတကျို့ထျန်းကို ကြည့်ပြီး သရေကျလာကြသည်။
သူတို့အားလုံး မဟာပဏ္ဍိကျို့ထျန်း ရှေ့က အရက်အိုးကို မျက်လုံးပြူးထွက်မတတ် စိုက်ကြည့်နေ၏။
စိတ်လှုပ်ရှားနေသော မဟာပဏ္ဍိတကျို့ထျန်း မျက်နှာရဲသွားသည်။
“မင်းတို့အားလုံး ဒီဝိုင်ကို ငမ်းနေကြတာလား။ မင်းတို့မှာ သိက္ခာရော ရှိသေးရဲ့လား”
ထိုစကားကိုကြားတော့ သူတို့ ပြန်မပြောသော်လည်း စိတ်ထဲတွင် ကဲ့ရဲ့နေကြသည်။
‘အဘိုးကြီး ခင်ဗျားက ကျုပ်တို့ကို ဝေဖန်ရဲသေးတယ်ပေါ့’
‘ခုနကတင် ခင်ဗျား တစ်ခါမှမသောက်ဖူးတဲ့ ရုပ်မျိုးလုပ်နေပြီတော့’
၎င်းကို ကြားသောအခါ ချောင်ရို့ချန် နှုတ်ခမ်းများ တွန့်ကွေးသွား၏။
“စီနီယာတို့ ကျွန်တော်ကို အပြစ်မတင်ပါနဲ့။ ဒီမြင့်မြတ်ဝိုင်က ဆန်းကြယ်ကောင်းကင်ဒေသမှာတောင် အရမ်းရှားတယ်။ ဝမ်တောက်ကျောင်းတော်က အကြီးအကဲနဲ့ အဲ့အဆင့်ထက်က လူတွေပဲ သောက်ခွင့်ရှိတာ”
“ကျွန်တော် အခုမှရောက်တာဆိုတော့ လက်ဆောင်မပေးရသေးဘူး။ လူတိုင်းကို ဝိုင်တိုက်လိုက်ရင်ရော”
ပွဲရှိ လူများ စိတ်လှုပ်ရှားသွားကြသည်။
“မြင့်မြတ်သားတော်ချောင် စေတနာကောင်းတာပဲ”
“မြင့်မြတ်သားတော်ချောင်က ဝမ်တောက်ကျောင်းတော် မြင့်မြတ်သားတော် ဖြစ်ထိုက်ပါတယ်။ ဒီလိုရက်ရောမှုမျိုးကို ကျွန်တော်တို့ လေးစားရုံပဲ တတ်နိုင်တယ်”
“…”
ချောင်ရို့ချန် ဤအခြေအနေကို ကြိုတင်ခန့်မှန်းထားမိသားပင်။
မလာခင် သူ လူရိုင်းဒေသ၏ အခြေအနေကို စစ်ဆေးခဲ့သည်။ ကျင့်ကြံသူများကို လူရိုင်းဟု ဆို၍ မရသော်လည်း ကျင့်ကြံခြင်းနှင့် မဆိုင်သည့် ပညာရပ်များ၌ ဆန်းကြယ်ကောင်းကင်ဒေသနှင့် လုံးဝ ယှဉ်၍ မရချေ။
ထို့ကြောင့် သူ ဦးစွာ လုပ်နိုင်စွမ်းကို ပြပြီး အကျိုးအမြတ်တချို့ ပေးရန် စီစဉ်ထား၏။
သို့နှယ် သူ ဘီလူးနတ်ဘုရားကျောင်းတော်တွင် ခြေကုပ်ယူနိုင်ပေမည်။
သူ့လက်တစ်ချက် အဝှေ့တွင် ဝိုင်အိုးများ လူတိုင်းထံ ဝှေ့ဝဲသွားသည်။
ဤသည်ကို ကြည့်ရင်း မဟာပဏ္ဍိတကျို့ထျန်း ချောင်ရို့ချန်ကို ပို၍ သဘောကျလာသည်။ ဤကောင်လေးသည် အနည်းငယ် မာနကြီးသော်လည်း အဆုံးမဲ့ အလားအလာတို့နှင့် ပြည့်နှက်နေသည့် လူငယ်ပါရမီရှင်လေးပင်။
မာနကြီးခြင်းသည် မထူးဆန်းပေ။ လူငယ်တစ်ယောက် မာနမကြီးလျှင် လူငယ်ဟု ခေါ်ထိုက်ဦးမည်လော။
“ရို့ချန် မင်းနေရာကို ပြန်ထိုင်နေ။ ငါတို့ ဝိုင်သောက်ရင်း စကားပြောကြတာပေါ့”
“ဟုတ်ကဲ့”
စကားပြောပြီးနောက် ချောင်ရို့ချန် သူ့နေရာ ပြန်လာသည်။
ဝိုင်သုံးချီ သောက်ပြီးနောက်
ချောင်ရို့ချန် လူတိုင်းနှင့် ရင်းနှီးသွားသည်။ သူတို့ သူ့အပေါ် မကျေလည်မှုများကို သင်ပုန်းချေလိုက်ပြီး မြင့်မြတ်သားတော်ဟု ခေါ်ဝေါ်လာကြတော့၏။
မဟာပဏ္ဍိတကျို့ထျန် ပြောသည်။
“ရို့ချန် မင်း ဘာလို့ ဒီလောက်ထိ ကြောက်ဖို့ကောင်းနေလဲဆိုတာ ငါတို့ကို ပြောပါဦး”
ထိုစကားထွက်လာသောအခါ လူတိုင်း စားသောက်ပွဲ၏ အဓိကရည်ရွယ်ချက် သတိရသွားကြသည်။ သူတို့ ချောင်ရို့ချန်ကို ကြည့်လာကြ၏။
သူ ခွက်ထဲမှ ဝိုင်ကို မော့ချပြီး ဖြည်းညှင်းစွာ ပြောသည်။
“ကျွန်တော့် ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်အကြောင်းပြောရရင် အကန့်အသတ်ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြလို့ရမယ်”
“အိုး”
မျက်လုံးတစ်ဖက် ရောင်နေသော မြို့စားတစ်ယောက် မေးလိုက်သည်။
“အကန့်အသတ်က ဘယ်အထိလဲဆိုတာ မေးခွင့်ပြုပါ”
ချောင်ရို့ချန် အလျင်မလိုစွာ ပြန်ဖြေသည်။
“ခင်ဗျားတို့အားလုံး ခန္ဓာကိုယ်သန့်စင်ခြင်းနေရာမှာ ဆရာသခင်တွေပါပဲ။ ဒြပ်စင်ငါးပါးသန့်စင်ခြင်းတို့ ကောင်းကင်မိုးကြိုးသန့်စင်ခြင်းတို့လိုတွေတောင် ခင်ဗျားတို့ လေ့ကျင့်ဖူးလောက်တယ်”
လူတိုင်း ခေါင်းညိတ်သည်။ ထိုနည်းစနစ်များသည် လူရိုင်းဒေသတွင် အလွန်လူသိများသော ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များ ဖြစ်ကြ၏။
“ဒါပေမဲ့ ကျွန်တော်က ခင်ဗျားတို့အကုန်လုံးနဲ့မတူဘူး။ ကျွန်တော် ခန္ဓာကိုယ်ကို စသန့်စင်တဲ့အချိန်တုန်းက အလွယ်ကူဆုံးဖြစ်တဲ့ စိတ်ဝိညာဉ်စွမ်းအားသုံးပြီး ခန္ဓာကိုယ်သန့်စင်ခဲ့တာ မဟုတ်ဘူး။ အဲဒီအစား မြေကမ္ဘာမီးလျှံနဲ့ တိုက်ရိုက်သန့်စင်ခဲ့တာ။ အဲ့တုန်းကဆို ကျွန်တော့်ကိုယ်ကနေ နေ့တိုင်း အသားကင်နံ့တွေတောင် ထွက်တယ်”
ချောင်ရို့ချန် ပြောနေရင်း ဝိုင်သောက်လိုက်သေးသည်။ သူ့ကိုယ်လုံးက နက်ရှိုင်းသည့် မှတ်ဉာဏ်များထဲသို့ နစ်မြှုပ်သွားပုံပင်။
သူ့နားက လူများသည် ချောင်ရို့ချန်၏ ခန္ဓာကိုယ်သန့်စင်ခြင်းအတွေ့အကြုံများကို ကြားသောအခါ သရဲမြင်လိုက်ရသည့်အလား မျက်လုံးများ ပြူးကျယ်ကုန်၏။
ချောင်ရို့ချန် ပြောနေတုန်း လူတစ်ယောက် ရုတ်တရက် ထမေးသည်။
“မြင့်မြတ်သားတော် ဒီလူအိုကြီး အတင့်ရဲပြီး မေးပါရစေ။ နီဗားနားရှင်သန်ခြင်းအဆင့်မှာတည်းက တာအိုအနှစ်သာရကို ဘယ်လို နားလည်ခဲ့တာလဲ”
အဖြူရောင် ဆံပင်၊ မှုတ်ဆိတ်မွေးများဖြင့် လူအိုကြီးတစ်ဦး မေးသည်။
“ကျွန်တော် တာအိုပေါင်းစည်းခြင်းအဆင့်မှာ ရှိတုန်းက မဟာပဏ္ဍိတအဆင့် အလောင်းဆေးလုံးကို စားပြီးတော့ ပြင်းထန်ယင်သွေးကြောမှာ ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့လိုပဲ”
ချောင်ရို့ချန် ပေါ့ပါးစွာ ပြောသည်။
လူတိုင်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိပြီး ချောင်ရို့ချန်ကို ရိုသေလေးစားစွာ ကြည့်လာကြ၏။
‘ဒီကောင်လေးက ကိုယ့်ကိုယ်ကိုယ်တောင် မညှာဘူး’
‘သူ ငါတို့ထဲကတစ်ယောက်ဖြစ်နေတာ ကောင်းတယ်။ မဟုတ်ရင် ဘီလူးနတ်ဘုရားကျောင်းတော်က ဒီကပ်ဘေးကို ခံနိုင်မှာ မဟုတ်ဘူး’
လူအုပ်ကြီး မှင်တက်နေသည်ကို ကြည့်ရင်း ချောင်ရို့ချန် ဆက်ပြော၏။
“ခင်ဗျားတို့အားလုံး ထူးခြားတဲ့သွေးမျိုးဆက်တွေ ရှိမှန်း သိတယ်။ ဒါပေမဲ့ ခင်ဗျားတို့က ခန္ဓာကိုယ်ကို သန့်စင်တဲ့နေရာမှာ အဆုံးထိ မသွားကြဘူး။ အကန့်အသတ်ကို ချိုးဖျက်မှ ခန္ဓကိုယ်အတွင်းမှာ ရှိတဲ့ အလားအလာတွေကို လှုံ့ဆောင်ပေးပြီး သွေးမျိုးဆက်က အပြည့်အဝနိုးလာမှာ”
သူ့စကားအဆုံးတွင် တစ်နေရာလုံး တိတ်ဆိတ်သွား၏။
ထို့နောက် မဟာပဏ္ဍိတကျို့ထျန် လက်ခုပ်တီးကာ ပြောသည်။
“ပြောတာ ကောင်းတယ်။ အကန့်အသတ်ကို ချိုးဖျက်ပြီး အလားအလာကို လှုံ့ဆောရမယ်။ ကြည့်ရတာ ဘီလူးနတ်ဘုရားကျောင်းတော်က လူတွေ အရမ်းကို သက်တော့သက်သာရှိတဲ့ ဘဝကို ဖြတ်သန်းနေရတယ်ထင်တယ်”
“မဟာပဏ္ဍိတကျို့ထျန်း ပြောတာမှန်တယ်။ ကျွန်တော်တို့ မကြိုးစားခဲ့ကြဘူး”
လူတိုင်း သဘောတူလိုက်၏။
ချောင်ရို့ချန် စကားသည် သော့တစ်ချောင်းအလား သူတို့ကို ကျင့်ကြံခြင်းတံခါးချပ်အသစ်ကို ဖွင့်ပေးလိုက်ခြင်းပေ။
မဟာပဏ္ဍိတကျို့ထျန်း ချောင်ရို့ချန်ကို ကြည့်လိုက်၏။
“ရို့ချန် ဒီရောက်တုန်း ဘယ်မှာ သွားကျင့်ကြံဖို့ တွေးထားလဲ”
ချောင်ရို့ချန် လက်သီးဆုပ်ကာ ဖြေသည်။
“ကျောင်းအုပ်ကြီး ဒီတပည့် ဘယ်လိုအစီအစဉ်မဆို လိုက်နာပါမယ်”
မဟာပဏ္ဍိတကျို့ထျန်း သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြောသည်။
“ငါတို့ လူရိုင်းဒေသမှာ စမ်းသပ်ကွင်းကောင်းကောင်းလေး နှစ်ခု ရှိတယ်။ တစ်ခုက နတ်ဆိုးတွေကို ရှင်းလင်းတဲ့နေရာ။ တစ်ခုက နတ်ဆိုးသားရဲတွေကို ရှင်းလင်းတဲ့နေရာ”
“နတ်ဆိုးကျင့်ကြံသူတွေလား”
ချောင်ရို့ချန် မေးသည်။
မဟာပဏ္ဍိတကျို့ထျန်း ခေါင်းခါသည်။
“နတ်ဆိုးကျင့်ကြံသူတွေ မဟုတ်ဘူး။ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ မျိုးဆက်တွေ”
“လူရိုင်းဒေသက အမြဲတမ်း ဗရမ်းဗတာ ဖြစ်နေတာ။ ကမ္ဘာခြားနတ်ဆိုးတွေလည်း ဒီမှာ ပုန်းအောင်နေကြတယ်။ ဦးနှောက်မရှိတဲ့ မျိုးစိတ်တွေကို အယုံသွင်းပြီး နောက်လိုက်တွေ စုဆောင်းတယ်။ တစ်ခါတစ်လေဆို နောက်လိုက်တွေထဲ ထူးခြားတဲ့သွေးမျိုးဆက်ရှိတဲ့သူတွေ ပါလာရင်လည်း မျိုးဆက်ပွားတတ်တယ်”
“အဲဒီမျိုးဆက်တွေကို ငါတို့ လူရိုင်းဒေသက နတ်ဆိုးတွေလို့ ခေါ်ကြတယ်။ သူတို့ခန္ဓာကိုယ်တွေက အရမ်းသန်စွမ်းတယ်။ ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အထူးပြုတဲ့သူတွေပဲ သူတို့ကို ပြန်တိုက်နိုင်တယ်။ အဲ့တော့ အချိန်တွေ ကြာလာတာနဲ့ လူရိုင်းဒေသကလည်း ခန္ဓာကိုယ်သန့်စင်တဲ့သူတွေအတွက် မြင့်မြတ်နယ်မြေဖြစ်လာရတာပဲ”
ချောင်ရို့ချန် မေးသည်။
“ကျောင်းအုပ်ကြီး ဒါဆို လူရိုင်းဒေသက နတ်ဆိုးတွေရှိတဲ့နေရာကို နေရာကို ရှာတွေ့ထားပြီလား”
မဟာပဏ္ဍိတကျို့ထျန်း ခေါင်းညိတ်သည်။
“ဟုတ်တယ်။ လွန်ခဲ့တဲ့လဝက်လောက်က ငါတို့ ဘီလူးနတ်ဘုရားကျောင်းတော်က မီးနတ်ဘုရားဂိုဏ်းလို့ခေါ်တဲ့ အင်အားစုတစ်စု လူရိုင်းဒေသအနောက်ပိုင်းမှာ ပေါ်လာတာကို သတိပြုမိတယ်။ နတ်ဆိုးတွေ တည်ထောင်ထားတယ်ဆိုတာလည်း သိထားတယ်။ ငါတို့ ဘီလူးနတ်ဘုရားကျောင်းက သူတို့ကို ရှင်းထုတ်ဖို့ ပြင်ဆင်နေတယ်”
“ကောင်းပြီ။ ဒါဆို ကျွန်တော်လည်း ဒီစစ်ဆင်ရေးမှာ ပါမယ်။ နတ်ဆိုးတွေပဲ မာနိုင်မလား။ ကျွန်တော့်လက်သီးကပဲ ပိုမာမလားဆိုတာ ကြည့်ရတာပေါ့”
ချောင်ရို့ချန် မျှော်လင့်တကြီး ပြောသည်။
အကယ်၍ ဤစကားကို ခုနက ပြောလျှင် လူတိုင်း သူ့ကို လှောင်ပြောင်ကြပေလိမ့်မည်။
သို့သော် ချောင်ရို့ချန်၏ ခွန်အားကို မျက်မြင်ကိုယ်တွေ့ပြီးနောက် သူတို့ မေးခွန်းမထုတ်ရဲတော့ချေ။
“ကောင်းတယ်”
မဟာပဏ္ဍိတကျို့ထျန်း ကျေနပ်စွာ ခေါင်းညိတ်သည်။
“ဒါဆို တစ်လအတွင်း မီးနတ်ဘုရားဂိုဏ်းကို သုတ်သင်ဖို့ အဓိကစစ်ကြောင်းနဲ့ လိုက်သွားလိုက်”
ချောင်ရို့ချန်
“ဟုတ်ကဲ့”
တစ်လဆိုသည့် အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွား၏။
ချောင်ရို့ချန် ဘီလူးနတ်ဘုရားကျောင်းတော်၌ အခြေကျလာသည်။
သူ နေ့စဉ် ဘီလူးနတ်ဘုရားကျောင်းတော်မှ မဟာပဏ္ဍိတများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီး မဟာပဏ္ဍိတများကလည်း သူ့ကို လမ်းညွှန်ပေးကြ၏။
လေ့ကျင့်တိုက်ခိုက်ပြီးတိုင်း သူတို့လည်း တစ်ခုခုကို နားလည်သွားကြသဖြင့် ချောင်ရို့ချန်သည် မဟာပဏ္ဍိတများကြားတွင် အလိုရှိဆုံးသူ ဖြစ်လာသည်။
ယနေ့နံနက်စောစောတွင် ချောင်ရို့ချန် လူအုပ်ကြီးကို ဦးဆောင်ကာ ဘီလူးနတ်ဘုရားကျောင်းတော် ရင်ပြင်တွင် စုရုံးနေ၏။ သူတို့ရောက်ချိန်တွင် လူပင်လယ်ကြီးကို မြင်လိုက်ရသည်။
ဘီလူးနတ်ဘုရားကျောင်းတော်သည် ခန္ဓာကိုယ်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လူတိုင်းသည် ခန္ဓာကိုယ်ကြီးထွားကာ အရပ်ရှည်ကြီးများဖြစ်ပြီး နတ်ဆိုးတစ်ပိုင်း ကျင့်ကြံသူများလည်း ပါဝင်သည်။ ချောင်ရို့ချန်အတွက်တော့ မျက်စိပွင့်စရာပင်။
ချောင်ရို့ချန် ဘီလူးနတ်ဘုရားကျောင်းတော် တပည့်များကို စောင့်ကြည့်နေရင်း မိုးကုပ်စက်ဝိုင်းမှ ပုံရိပ်နှစ်ခု ပျံသန်းလာသည်ကို မြင်လိုက်ရ၏။