← Chapters

အခန်း ၄၄၂

Vol. 45 Ch. 442

အခန်း ၄၄၂

Vol. 45 Ch. 442

အခန်း(၄၄၂)

“ကျွန်တော်တို့ အကြီးအကဲပါပေါင်နဲ့ အကြီးအကဲ ရွှမ်ကျင်းတို့ကို ဂါဝရပြုပါတယ်”

ဘီလူးနတ်ဘုရားကျောင်းတော်မှ တပည့်များသည် လူနှစ်ဦးကိုမြင်သည်နှင့် ဂါဝရပြုလိုက်၏။

“ထကြ”

အကြီးအကဲနှစ်ဦး ပြောနေရင်း ချောင်ရို့ချန်ဘေးနား ဆင်းသက်လာသည်။

ချောင်ရို့ချန်

“ဆရာဦးလေးနှစ်ယောက်ကို ဂါဝရပြုပါတယ်”

စကားပြောဆိုပြီးနောက် အကြီးအကဲပါပေါင် ရင်ပြင်ပေါ်က တပည့်များကို လှည့်ကာ ပြောသည်။

“မင်းတို့အားလုံး ဘာလို့ဒီမှာစုခိုင်းထားတယ်ဆိုတာ သိမယ်ထင်တယ်။ အပိုတွေ မပြောတော့ဘူး။ သင်္ဘောပေါ်တက်ကြတော့”

“ဟုတ်ကဲ့”

တပည့်များ ပြန်လည်ဖြေကြားလိုက်၏။

ကောင်းကင်မှ အမည်းရောင်တိမ်တိုက်တချို့ လွင့်စင်သွားကြတော့သည်။

သူတို့ ကောင်းကင်ကိုပင် ဖုန်းအုပ်ထားနိုင်သည့် အထိကြီးမားသော သင်္ဘောကိုးစင်းကို မြင်လိုက်ရသည်။ ထိုသင်္ဘောများ ဆင်းသက်လာပြီးနောက် ဘီလူးနတ်ဘုရားကျောင်းတော်မှ တပည့်များသည် သင်္ဘောပေါ်သို့ တက်သွားကြ၏။

ချောင်ရို့ချန် သင်္ဘောပေါ်သို့ အကြီးအကဲနှစ်ဦးနောက်မှ လိုက်တက်သွားသည်။ သူတို့သည် အခန်းကျယ်တစ်ခုအတွင်းသို့ ဝင်လာပြီး စားပွဲတစ်လုံးတွင် ဝင်ထိုင်၏။

ထို့နောက် ချောင်ရို့ချန် သိုလှောင်လက်စွပ်ထဲမှ အဆင့်မြင့်စိတ်ဝိညာဉ်လက်ဖက်ရည်ကို ထုတ်ပြီး စားပွဲပေါ်က လူတိုင်းအတွက် လက်ဖက်ရည် ဖျော်ပေးတော့၏။

ခဏအကြာတွင် မွှေးကြိုင်လန်းဆန်းသော လက်ဖက်ရည်နံ့များ ထွက်ပေါ်လာပြီး အကြီးအကဲနှစ်ဦး လန်းဆန်းသွားသလို ခံစားရသည်။

အကြီးအကဲပါပေါင် ပြောသည်။

“မြင့်မြတ်သားတော်က ကျင့်ကြံမှုမှာလည်း ပေါက်မြောက်တဲ့အပြင် လက်ဖက်ရည်ဖျော်တဲ့နေရာမှာလည်း ပထမအဆင့်ပဲ”

ချောင်ရို့ချန် ပြောလိုက်၏။

“အရင်တုန်းက ကျွန်တော့်ဆရာအောက်မှာ သင်တုန်း ကျင့်ကြံမှုမလုပ်ခင် ဆရာက ကျွန်တော့်ကို ပညာရပ်အမျိုးမျိုးကို သင်ပေးတယ်။ အဲ့ထဲ ကျွန်တော်အကျွမ်းဆုံးက လက်ဖက်ရည်ဖျော်တာပဲ”

သူ ပြောနေရင်း အကြီးအကဲနှစ်ဦးအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်၏။

အကြီးအကဲပါနှင့် အကြီးအကဲရွှမ်ကျင်းတို့က ဘီလူးနတ်ဘုရားကျောင်းတော်၏ မဟာပဏ္ဍိတများ ဖြစ်ကြသည်။

အကြီးအကဲပါပေါင်သည် ရတနာရှစ်သွယ်ရွှေခန္ဓာကို ကျင့်ကြံပြီး အကြီးအကဲရွှမ်ကျင်းသည် ဖန်သလင်းခန္ဓာကို ကျင့်ကြ၏။

ထို့နောက် မဟာပဏ္ဍိတနှစ်ပါး လက်ဖက်ရည်ခွက်များကို မြှောက်ကာ ပြောသည်။

“ဒါဆို ကျုပ်တို့ မယဉ်ကျေးတော့ဘူး”

“ကျေးဇူးပြုပြီ”

ချောင်ရို့ချန် သူ့အတွက် တစ်ခွက်ငှဲ့ပြီး ပြန်ထိုင်သည်။

တစ်ငုံသောက်ပြီးနောက် သူတို့နှစ်ဦး အတော်လေး ကြိုက်သွား၏။

“ကောင်းလိုက်တဲ့လက်ဖက်ရည်။ ကျုပ်ဘဝတစ်လျှောက်လုံး ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်မျိုး မသောက်ဖူးဘူး”

မဟာပဏ္ဍိတပါပေါင် စိတ်လှုပ်ရှားစွာ ပြော၏။

“ဝမ်တောက်ကျောင်းတော်က ဘဝတွေကိုတောင် အားကျလာပြီ။ မြင့်မြတ်သား‌တော် ကျုပ်တို့ကို မဟာပဏ္ဍိတမိုးမြေအကြောင်း ပြောပြပါဦး”

မဟာပဏ္ဍိတရွှမ်ကျင်း စကားစလိုက်သည်။

“ဟုတ်တယ်။ ကျုပ်တို့လည်း သိချင်တယ်”

ချောင်ရို့ချန် သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်၏။ သူ့မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွတ်ဟန်များ ပေါ်လာသည်။

“ကျွန်တော့်ဆရာ အကြောင်းပြောရရင် ဗုဒ္ဓတစ်ပါးလိုပဲ”

သူတို့မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပေါ်လာသည်။

မဟာပဏ္ဍိတပါပေါင် မေးသည်။

“မဟာပဏ္ဍိတမိုးမြေက ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံတာလား”

ချောင်ရို့ချန် ခေါင်းခါယမ်း၏။

“မဟုတ်ဘူး။ ဆရာက တာအိုကို ကျင့်ကြံတာ။ သူ့ထိန်းချုပ်မှုအောက်မှာ တာအိုအားလုံးရှိတယ်။ အဲ့တာကြောင့်လည်း သူ့ကို မဟာပဏ္ဍိတမိုးမြေလို့ ခေါ်ကြတာ”

သို့သော် စွမ်းအားကြီး ကျင့်ကြံသူများသည် တာအိုတစ်ခု လမ်းစဉ်တစ်ခုကိုသာ အထူးပြု ကျင့်ကြံပြီး သူတော်စင် သို့မဟုတ် စစ်မှန်နတ်ဘုရားတစ်ပါး ဖြစ်လာတော့သည်။

သို့သော် မဟာပဏ္ဍိတမိုးမြေသည် လူတိုင်း၏ မျှော်လင့်ချက်နှင့်မတူ တစ်သောင်းသော တာအိုတို့ကို ကျင့်ကြံခဲ့သည်။

“မဟာပဏ္ဍိတမိုးမြေ ဘယ်လိုများ လုပ်နိုင်လိုက်တာလဲ”

မဟာပဏ္ဍိတရွှမ်ကျင်း ချောင်ရို့ချန်ကို ကြည့်ရင်း တီးတိုးရေရွတ်သည်။

ချောင်ရို့ချန် လက်ဖက်ရည်တစ်ငုံသောက်ပြီး ဆက်ပြောသည်။

“ကျွန်တော့်ဆရာက တပည့်လက်မခံခင် သောင်းပြောင်းပညာရပ်ဌာနမှာ နှစ်နှစ်ခွဲလောက် အချိန်ယူပြီး ပညာရပ်အားလုံးကို အကန့်အသတ်ထိ သင်ယူခဲ့တယ်။ ဝမ်တောက်ကျောင်းတော်မှာ ပညာရပ်တွေနဲ့ ပတ်သက်ရင် ဆရာက ထိပ်တန်းပဲ”

“မြင့်မြတ်သားတော် ပြောသလိုဆို ဒီလူအိုကြီး မဟာပဏ္ဍိတမိုးမြေကို တွေ့ချင်လာပြီ”

မဟာပဏ္ဍိတပါပေါင် စိတ်လှုပ်ရှားစွာ ပြောသည်။

ချောင်ရို့ချန် ပြုံးလိုက်သည်။

“ဆရာဦးလေးတို့ မြင်ချင်တယ်ဆို ကျွန်တော်လေ့ကျင့်ရေးပြီးသွားရင် လိုက်ခဲ့လို့ရတယ်။ ကျွန်တော့်ဆရာက မိတ်ဆွေဖွဲ့ရတာ ကြိုက်တယ်”

၎င်းကို ကြားသောအခါ သူတို့နှစ်ဦး တညီတညွှတ်တည်း ပြောသည်။

“ကောင်းပြီ။ ဒါဆို ကျုပ်တို့လည်း မဟာပဏ္ဍိတမိုးမြေဆီသွားပြီး ဂါဝရပြုဦးမှပါ”

“ဟက်ချိုး”

ခြံဝင်းထဲ၌ နေပူဆာလှုံနေသော ချူဖုန်း နှာချေလိုက်၏။ သူ နှာခေါင်းကို ပွတ်ကာ ရေရွတ်သည်။

“ငါ ချောတဲ့အကြောင်း ဘယ်သူ အတင်းတုပ်နေတာလဲ”

ချူဖုန်း ဘေးတွင် ရပ်နေသော ဝမ်ပေါင်လဲ့ မှင်တက်သွား၏။

ချူဖုန်း ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။

“ဖက်တီးလေး မင်း ငါ့ဆီလာတာ အရေးကြီးကိစ္စရှိလို့လား”

ဝမ်ပေါင်လဲ့ လက်သီးဆုပ်ကာ ပြောသည်။

“ဆရာ ရတနာတစ်သောင်းစင်မြင့်က ဝူရွှမ်မြို့က ချက်ပြုတ်ခြင်းနတ်ဘုရားပြိုင်ပွဲ ကျင်းပမလို့တဲ့။ ကမ္ဘာတစ်ဝန်းက ပါရမီရှင်တွေကို ဖိတ်ထားပါတယ်။ ကျွန်တော်လည်း ဖိတ်စာရထားလို့ ဆရာ့ဆီ လာပြောတာပါ”

“ရတနာတစ်သောင်းစင်မြင်က အတော်လေး အလုပ်လုပ်တာပဲ”

ချူဖုန်း သက်ပြင်းချပြီး ပြောသည်။

“ကောင်းပြီလေ။ မင်း ပြိုင်ပွဲမှာ ပါလို့ရတယ်”

“ဟုတ်”

ဝမ်ပေါင်လဲ့ ပြောပြီးနောက် လှည့်ထွက်သွားရန် ပြင်သည်။ သူ ချူဖုန်းကို တစ်ခုခုပြောချင်နေသလို တွန့်ဆုတ်စွာ ကြည့်၏။

‘ဆရာ့စွမ်းရည်တွေကို ထုတ်ကြွားဖို့ အစီစဉ် မရှိဘူးလား’

သို့သော် သူ သတိဝင်လာသည်။

‘သူ့ဆရာလို အထွတ်အထိပ်ကျွမ်းကျင်သူက ပွဲသေးသေးလေးကို ဘာလို့စိတ်ဝင်စားမှာလဲ’

ဝမ်ပေါင်လဲ့ မထွက်သွားခင် ရှီးရွှမ် ဝင်လာသည်။

ထိုသူက ဦးညွှတ်ကာ ပြောသည်။

“ဆရာ စီနီယာအစ်ကို”

ချူဖုန်း မေးသည်။

ရှီးရွှမ် လေးစားစွာ ဖြေ၏။

“ဆရာ စီနီယာအစ်ကိုမိုးကြိုးက သူ့မျိုးဆက်ကို ခေါ်ပြီး ဆရာ့ကို လာရှာပါတယ်။ မိုးကြိုးအိမ်တော်က သခင်လေးကို အကဲဖြတ်ပွဲထဲ ပါခိုင်းရမလား မေးလိုက်ပါတယ်”

ချူဖုန်း ပြောသည်။

“သူက ငါတို့လူပဲဆိုတော့ မလိုအပ်ဘူး။ ဒါပေမဲ့ သုံးနှစ်အတွင်း အောင်မြင်မှုတစ်ခုခု မပြနိုင်ရင် တခြားနေရာကိုသာ သွားတော့လို့ ပြောလိုက်”

“ဟုတ်ကဲ့”

ရှီးရွှမ် ပြောပြီးနောက် လှည့်ထွက်သွားသော်လည်း ချူဖုန်းက ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ရပ်ခိုင်းလိုက်သည်။

“နေဦး”

၎င်းကို ကြားသောအခါ ရှီးရွှမ် လှည့်ကာ မေးသည်။

“ဆရာ တပည့်ကို ဘာများ ညွှန်ကြားချင်လို့လဲ”

ချူဖုန်း၏ လက်ချောင်းများသည် သူ့ဘေးရှိ ကျောက်စားပွဲကို ညှင်သာစွာ ခေါက်လိုက်၏။

“မင်း ဝင်ခွင့်အစီစဉ်ကို လုပ်ပေးလိုက်။ မိုးကြိုးကို ငါ့ဆီလာခိုင်းလိုက်ဦး”

ရှီးရွှမ်

“တပည့် နာခံပါမယ်”

ထို့နောက် သူတို့နှစ်ဦး ခြံဝင်းထဲမှ ထွက်သွားတော့၏။

တစ်ဖက်တွင် ချူဖုန်းသည် မျက်လုံးမှိတ်ပြီး မဟာပဏ္ဍိတမိုးကြိုး ရောက်အလာကို စောင့်နေ၏။

ခဏအကြာတွင် ခြံဝင်းအပြင်ဘက်၌ ပုံရိပ်တစ်ခု ပေါ်လာသည်။

“တပည့်မိုးကြိုး ဆရာ့ကို ဂါဝရပြုပါတယ်”

ချူဖုန်း မျက်လုံးများ ပွင့်လာပြီး ဖြည်းညှင်းစွာ ပြော၏။

“ဝင်လာခဲ့”

“ကျေးဇူးပါဆရာ”

မဟာပဏ္ဍိတမိုးကြိုး ခြံဝင်းထဲ ဝင်လာပြီးနောက် ပတ်ပတ်လည်ကို ကြည့်လိုက်၏။ ကမ္ဘာ့နံပါတ်တစ်မဟာပဏ္ဍိတသည် သာမန်ခြံဝင်းထဲတွင် ရိုးရှင်းစွာ နေမည်ဟု မထင်ထား။ သူ့အဆင့်အတန်းနှင့် မဆီလျော်သလိုပင်။

“ထိုင်”

ချူဖုန်း ခပ်ဖွဖွ ပြော၏။

“ဟုတ်ကဲ့”

မဟာပဏ္ဍိတမိုးကြိုးသည် နှစ်တစ်ထောင်ကြာ ရှင်သန်လာခဲ့သော်လည်း ချူဖုန်းရှေ့တွင် မူလတန်းကျောင်းသားလေးအလားပင်။

ချူဖုန်း မဟာပဏ္ဍိတမိုးကြိုးရှေ့သို့ လက်ဖက်ရည်တစ်ခွက် ချပေးပြီး မေးလာ၏။

“ဒီတစ်ကြိမ် ဝမ်တောက်ကျောင်းတော်မှာ ဘယ်လောက် ကြာကြာနေဖို့ စီစဉ်ထားလဲ”

မဟာပဏ္ဍိတမိုးကြိုး ခဏတာ စဉ်းစားပြီး ပြောသည်။

“ဒီတပည့် ဆရာ့ကို ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး လမ်းညွှန်မှုတောင်းခံဖို့ အချိန်ခဏတော့ နေပါဦးမယ်”

သူ လက်ဖက်ရည်ခွက်ကို မှုတ်သောက်နေစဉ် ချူဖုန်း ပြောသည်။

“ငါတို့ လမ်းခွဲလာတာ အချိန်အတော်လေးလည်း ကြာပြီ။စကားပြောကြတာပေါ့။ မနက်ဖြန်ကြမှ ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးကြမယ်”

မဟာပဏ္ဍိတမိုးကြိုး “ဟုတ်ကဲ့ပါ”

All Chapters