← Chapters

အခန်း ၄၄၄

Vol. 45 Ch. 444

အခန်း ၄၄၄

Vol. 45 Ch. 444

အခန်း (၄၄၄)

“ဦးလေးတို့ ကျွန်တော်က အကြောင်းပြချက်မရှိဘဲ လျှောက်ပြောမဲ့လူနဲ့ တူလို့လား”

ချောင်ရို့ချန် ယုံကြည်ချက်ရှိသော အပြုံးဖြင့် စကားဆိုလိုက်သည်။

မဟာပဏ္ဍိတပါပေါင် ပြောသည်။

“တူလေး ငါတို့က မင်းကို မယုံလို့ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ မျက်စိနဲ့တပ်အပ် မြင်ဖူးချင်ရုံတင်ပါ”

“ဒီကိစ္စကို ငါ အာမခံပေးနိုင်တယ်”

ချောင်ရို့ချန် ပြန်မှပြောရသေးခင်မှာပင် အခန်းအပြင်ဘက်မှ မဟာပဏ္ဍိတကျန်းယန်၏ အသံ ထွက်ပေါ်လာသည်။

အခန်းတံခါး ပွင့်သွားပြီး မဟာပဏ္ဍိတကျန်းယန် အခန်းထဲသို့ ဖြည်းညှင်းစွာ လှမ်းဝင်လာ၏။

မဟာပဏ္ဍိတရွှမ်ကျင်း ပျင်းရိငြီးငွေ့ဖွယ် အမူအရာဖြင့် ပြောလိုက်သည်။

“စီနီယာအစ်မကျန်းယန် ဘာလို့ ထပ်ပြီး ချောင်းနားထောင်နေရတာလဲ”

မဟာပဏ္ဍိတကျန်းယန် တဟားဟား ရယ်မောကာ ဆိုသည်။

“ငါက ဒီအတိုင်း ဖြတ်လျှောက်လာတာပါ။ နင်တို့တွေ စင်္ကြံလမ်းကနေ ကြားနိုင်လောက်အောင် ဘာလို့ ဒီလောက်အထိ အသံကျယ်ကျယ်နဲ့ စကားပြောနေကြတာလဲ”

မဟာပဏ္ဍိတပါပေါင်နှင့် မဟာပဏ္ဍိတရွှမ်ကျင်းတို့ သူမ စကားကို မယုံကြည်ကြပေ။ သူတို့ရှိနေသည့် အခန်းကို အကာအကွယ်အစီအရင်တစ်ခုဖြင့် ကာရံထားခြင်းဖြစ်ရာ တစ်စုံတစ်ဦးက နတ်ဘုရားအာရုံဖြင့် တမင်တကာ စူးစမ်းခြင်းမပြုပါက အပြင်ဘက်မှနေ၍ မည်သည့်အသံကိုမျှ ကြားနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း သူတို့နှစ်ဦးစလုံး သူမကို ပြန်မငြင်းရဲချေ။ အဆုံးတွင်မူ မဟာပဏ္ဍိတကျန်းယန်၏ အင်အားက သူတို့နှစ်ဦးစလုံးထက် သာလွန်နေပြီး သူမ အဆင့်အမှန်ကိုပင် သူတို့ လုံးဝ အကဲမဖြတ်နိုင်ကြချေ။

ကျောင်းအုပ်ကြီး၏ ပြောကြားချက်အရ မဟာပဏ္ဍိတကျန်းယန်သည် သူတော်စင်အဆင့်သို့ ရောက်ရှိရန် မလိုတော့ဟု သိရသည်။

“ဘိုးဘေးလည်း ပါချင်တာလား။ ဒါက ဘိုးဘေးရဲ့ တာအိုအနှစ်သာရ နောက်တစ်ခု နားလည်သွားနိုင်တယ်။ တစ်ခါတည်း သူတော်စင်အဆင့်တောင် ရောက်သွားနိုင်တယ်”

ချောင်ရို့ချန် မြူးကြွသော အပြုံးဖြင့် ပြောလိုက်သည်။

သူ့အနားရှိ မဟာပဏ္ဍိတနှစ်ပါး ချက်ချင်းပင် ဆိတ်ဆိတ်ငြိမ်သက်သွားကြတော့၏။

မဟာပဏ္ဍိတကျန်းယန်အပေါ် ထားရှိသော သူတို့ မျက်လုံးများတွင် ရိုသေလေးစားမှုများသာမက မနာလို အားကျမှုများပါ အရိပ်ထင်နေတော့သည်။

“နင်သွားချင်ရင် သွားနိုင်ပါတယ်”

မဟာပဏ္ဍိတကျန်းယန် ပြန်လည်ဖြေကြားသည်။

“ဒါပေမဲ့ အရင်ဆုံး ငါက နင့်အစီအစဉ်အပြည့်အစုံကို ကြားမှရမယ်။ မဟုတ်ရင်တော့ ဒီကိစ္စကို လုံးဝ ခွင့်မပြုနိုင်ဘူး”

သူမ ဤမျိုးဆက်သစ်လူငယ်လေးအပေါ် ပို၍ပို၍ သဘောကျလာသည်။ သူ့ကို စတင်တွေ့ဆုံချိန်မှစ၍ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူမ တာအိုအနှစ်သာရမှာ ခုနစ်ဆယ်မှ ရှစ်ဆယ်အထိ တိုးတက်လာခဲ့၏။ ဆယ်ခုတိတိ တိုးမြင့်လာခြင်းပင်။

ထို့အပြင် သူမ မဟာပဏ္ဍိတမိုးမြေ၏ တာအိုဟောပြောချက်များကိုလည်း မကြာခဏ နာကြားခွင့်ရခဲ့သည်။ သူမ တိုးတက်မှုနှုန်းမှာ ယခင် နတ်ဘုရားကျောင်းတော်တွင် ရှိစဉ်နှင့် လားလားမျှ မသက်ဆိုင်ချေ။

အကယ်၍ ဤသတင်းသာ ထိုနေရာသို့ ပျံ့နှံ့သွားပါက ထိုအဘိုးအိုကြီးများမှာ ဆွံ့အမှင်သက်ပြီး မျက်လုံးများ ပြူးထွက်သွားကြပေလိမ့်မည်။

ထိုစဉ်က ချောင်ရို့ချန်၏ အစောင့်အရှောက်အဖြစ် မလိုက်ပါခဲ့မိသဖြင့် နောင်တရနေကြပေလိမ့်မည်။

ချောင်ရို့ချန်က ပုခုံးတွန့်ပြလိုက်၏။

“ဘိုးဘေးက မြောင်တောင်ပေါ်မှာ နေထိုငတာ နှစ်တွေကြာပြီဆိုတော့ ဆရာ ငါးဖမ်းတဲ့အကြောင်း မကြာခဏ ပြောတာကို ကြားဖူးမှာ သေချာပါတယ်။ ဟုတ်တယ်မလား”

မဟာပဏ္ဍိတကျန်းယန်၏ နှုတ်ခမ်းဖျားများ ကွေးညွတ်သွား၏။

“ငါ နားလည်ပြီ။ နင်က နင့်ကိုယ်နင် ငါးစာအဖြစ် သုံးချင်တာကိုး။ ဒါပေမဲ့ နင့်သွေးမျိုးဆက်ပါရမီကို အပြည့်အဝ ထုတ်မပြရင် မီးနတ်ဘုရားဂိုဏ်းက လူတွေက ငါးစာဟပ်မှာ မဟုတ်ဘူး”

“အဲဒါလည်း ဟုတ်တာပါပဲ။ လောကကြီးကို ကျွန်တော့် အင်မော်တယ်နတ်ဘုရားခန္ဓာအကြောင်း ပြောပြရမဲ့အချိန် ရောက်လာပြီ ထင်တယ်”

ချောင်ရို့ချန်သည် ဘီလူးနတ်ဘုရားကျောင်းတော်မှ အဖွဲ့ဝင်များရှေ့တွင် သူ့အင်မော်တယ်ခန္ဓာအကြောင်းကို တစ်ခါမျှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။

မဟာပဏ္ဍိတပါပေါင်နှင့် မဟာပဏ္ဍိတရွှမ်ကျင်းတို့ လွန်စွာတုန်လှုပ်သွားကြသဖြင့် သူတို့မျက်လုံးများပင် ပြူးထွက်လုနီးပါး ဖြစ်သွားသည်။

“မြင့်မြတ်သားတော် စောစောတင်တင်ကပဲ မင်းမှာ နတ်ဘုရားခန္ဓာကိုယ် ရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”

မဟာပဏ္ဍိတပါပေါင် သူ့ကို ပြောစရာစကား ပျောက်ဆုံးသွားဟန်ဖြင့် ကြည့်လိုက်သည်။

“ကျွန်တော် ဦးလေးတို့အတွက် လျှို့ဝှက်ဆန်းကြယ်မှု အချို့ကို ချန်ထားပေးရဦးမယ် မဟုတ်လား။ အခုမှ သိရတာလည်း အချိန် မနှောင်းသေးပါဘူး”

ချောင်ရို့ချန် ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးပင် စကားဆိုလိုက်သည်။

ထိုနှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ပြောလိုက်ကြ၏။

“မြင့်မြတ်သားတော် ဆန်းကြယ်ကောင်းကင်ဒေသတစ်ခုလုံးကို ဘာကြောင့် ဒီလောက်အထိ တုန်လှုပ်စေနိုင်ခဲ့တာလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားပြီ။ ငါတို့တွေ မြင့်မြတ်သားတော်ရဲ့ တစ်သောင်းပုံတစ်ပုံကိုတောင် မမီသေးဘူး”

ချောင်ရို့ချန် လက်ဝှေ့ယမ်းလိုက်သည်။

“အဲဒါတွေ ထားလိုက်ပါတော့။ အစီအစဉ်ကို အချောသတ်ဖို့ပဲ အာရုံစိုက်ကြရအောင်”

“မြင့်မြတ်သားတော် ညွှန်ကြားချက်ကို ပြောပါ”

မဟာပဏ္ဍိတနှစ်ပါးစလုံး ရိုသေစွာ ပြန်လည်ဖြေကြားလိုက်ကြသည်။

သူတို့တစ်ဦးစီအတွက် လက်ဖက်ရည်တစ်ခွက်စီ ငှဲ့ပေးပြီးနောက် ချောင်ရို့ချန် သူ၏ အစီအစဉ်ကို အသေးစိတ် တည်ငြိမ်စွာ ချပြလိုက်သည်။

မောက်မာခြင်း၊ ရဲရင့်ခြင်း၊ ယုံကြည်ချက်ရှိခြင်း။

ဤထူးခြားချက်သုံးခုမှာ မဟာပဏ္ဍိတနှစ်ပါး၏ စိတ်ထဲတွင် ဖြတ်ပြေးသွားကြ၏။ သူတို့ သက်ပြင်းချလိုက်ကြရင်းဆိုလိုက်သည်။

“မြင့်မြတ်သားတော် ငါတို့အားလုံး ခန္ဓာကိုယ်ကျင့်ကြံသူတွေပဲကို။ ဘာလို့ မင်းရဲ့ဉာဏ်က ငါတို့ထက် ပိုပြီး ထက်မြက်နေရတာလဲ”

ချောင်ရို့ချန် ပြုံးကာ ပြောလိုက်သည်။

“ဒါကတော့ ကျွန်တော် ဦးလေးတို့ထက် စာအုပ်တွေ ပိုဖတ်ထားလို့ ဖြစ်လိမ့်မယ်”

မဟာပဏ္ဍိတပါပေါင် “…”

မဟာပဏ္ဍိတရွှမ်ကျင်း “…”

မဟာပဏ္ဍိတကျန်းယန် ဝင်ပြောလာသည်။

“ဒါက တကယ်ကို ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပဲ။ မီးနတ်ဘုရားဂိုဏ်းရဲ့ မဟာပဏ္ဍိတတွေကို ဖိနှိပ်ထားနိုင်သရွေ့ ကျန်တဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေက ဘာမှ ခြိမ်းခြောက်မှု မရှိနိုင်တော့ဘူး။ မီးနတ်ဘုရားဂိုဏ်းအနေနဲ့ တစ်ခါပြန်ပြီး ခေါင်းထောင်လာနိုင်မဲ့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”

ချောင်ရို့ချန် ပြောသည်။

“ဒါဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီ။ အချိန်ကျလာရင် မီးနတ်ဘုရားဂိုဏ်းရဲ့ ပူဇော်ရာနေရာဆီ ကျွန်တော်နဲ့အတူ လိုက်ပါဖို့ အကြောက်အလန့်မရှိတဲ့ တပည့်အချို့ကို ရှာပေးပါ”

မဟာပဏ္ဍိတရွှမ်ကျင်း လက်သီးဆုပ်ကာ ဆိုလိုက်သည်။

“ဒါက ငါ့ကိုပဲ လွှဲပေးလိုက်ပါ။ မြင့်မြတ်သားတော်ကို စိတ်မပျက်စေရလို့ အာမခံပါတယ်”

“ကောင်းပြီ။ ဒါဆိုရင်တော့ ကျွန်တော့် စွမ်းဆောင်ရည်ကိုပဲ ထိုင်ကြည့်နေလိုက်ကြပါ။ ဆုလာဘ်တွေ အများကြီး ရစေရမယ်လို့ ကတိပေးပါတယ်”

ချောင်ရို့ချန် ပြုံးလျက် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။

“ကျွန်တော်တို့ရဲ့ ရောက်လာမဲ့အောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်အစား လက်ဖက်ရည်နဲ့ပဲ အစားထိုးပြီး သောက်ကြရအောင်။ ဂုဏ်ပြုပါတယ်”

“ဂုဏ်ပြုပါတယ်”

မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားသည်။

ဘီလူးနတ်ဘုရားကျောင်းတော် သင်္ဘောပျံမှာ လူရိုင်းဒေသ၏ အနောက်ဘက်ပိုင်းတွင် ရှိသော ငရဲကိုးထပ်မြင့်မြတ်နယ်မြေ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာတော့လေ၏။

အထူးသဖြင့် ခြင်္သေ့ရူးဘုရင်နိုင်ငံ အတွင်းသို့ ဖြစ်သည်။

ခြင်္သေ့ရူးနိုင်ငံသည် သားရဲတစ်ပိုင်း လူတစ်ပိုင်းလူမျိုးများ နေထိုင်သည့် နိုင်ငံဖြစ်သည်။

၎င်း၏ လူဦးရေ အများစုမှာ သားရဲတစ်ပိုင်းများ ဖြစ်ကြပြီး လူသားများ၊ နတ်ဆိုးများနှင့် ဘီလူးများမှာမူ အနည်းစုသာ။

ဘီလူးနတ်ဘုရားကျောင်းတော်မှ ကျင့်ကြံသူများ ကိုယ်တိုင် ရောက်ရှိလာမည်ဖြစ်ကြောင်း ခြင်္သေ့ရူးဘုရင်က သတင်းရရှိထား၏။ သူက ထိုပုဂ္ဂိုလ်တို့အား ကြိုဆိုရန်အတွက် စောစောစီးစီးပင် တော်ဝင်မြို့ရိုး အပြင်ဘက်သို့ ငယ်သားများကို ဦးဆောင်ကာ လာရောက်ခဲ့သည်။

သင်္ဘောပျံကြီးသည် မြို့ရိုးအပြင်ဘက်ရှိ ကွင်းပြင်ကျယ်တစ်ခုပေါ်သို့ သက်ဆင်းလိုက်၏။ မဟာပဏ္ဍိတနှစ်ပါး၏ ခြံရံမှုနှင့်အတူ ချောင်ရို့ချန် ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ လှမ်းထွက်လာသည်။

သူ သင်္ဘောပေါ်မှ ဆင်းလာသည်နှင့် ရိုသေလေးစားသော အသံများ ဆူညံစွာ ထွက်ပေါ်လာလေ၏။

“မဟာပဏ္ဍိတပါပေါင်နဲ့ မဟာပဏ္ဍိတရွှမ်ကျင်းတို့ကို ဂါရဝပြုပါတယ်”

“ထကြ”

မဟာပဏ္ဍိတပါပေါင ခပ်ဆတ်ဆတ် ပြောလိုက်သည်။ သူ၏ အမိန့်ပေးသံနှင့် အမူအရာမှာ ပုံမှန်အချိန်များနှင့် လုံးဝ ကွဲပြားခြားနားနေ၏။

“ကျေးဇူးတင်ပါတယ် အရှင်”

ခြင်္သေ့ခေါင်း၊ ရွှေရောင်လည်ဆံမွေးနှင့် လူသားခန္ဓာရှိသော သန်မာထွားကျိုင်းသည့် လူတစ်ယောက်က ရိုသေစွာ ရှေ့သို့ လှမ်းလာသည်။

“လေးစားအပ်တဲ့ မဟာပဏ္ဍိတတို့ခင်ဗျာ ကျွန်တော် တော်ဝင်မြို့တော်ထဲမှာ တည်ခင်းဧည့်ခံပွဲကို ပြင်ဆင်ထားပြီးပါပြီ။ ကျေးဇူးပြုပြီး မြို့ထဲကို ဝင်ရင်း ဝိုင် သောက်ပေးကြပါဦး”

မဟာပဏ္ဍိတပါပေါင် ပြန်မပြောဘဲ ချောင်ရို့ချန်ထံသို့ လှည့်ကြည့်ကာ ရိုသေစွာ မေးလိုက်သည်။

“မြင့်မြတ်သားတော် ဘယ်လို ထင်ပါသလဲ”

၎င်းက သူတို့အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘီလူးနတ်ဘုရားကျောင်းတော် အဖွဲ့ဝင်များထဲတွင် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ပါဝင်နေကြောင်း လူတိုင်းကို သိစေရန်ပင်။

လူရိုင်းဒေသတွင် ကျင့်ကြံသူတစ်ဦး၏ အဆင့်အတန်း မြင့်မားလေ သူတို့သွေးမျိုးဆက်မှာ ပို၍ မြင့်မြတ်သည်ဟု ယူဆလေ့ရှိကြသည်။

ချောင်ရို့ချန် တည်ငြိမ်စွာ ဆိုလိုက်သည်။

“ဧည့်သည်ဆိုတာ အိမ်ရှင်ရဲ့ ဆန္ဒအတိုင်း လိုက်ရတယ်ဆိုတဲ့ စကားရှိတယ်။ ခြင်္သေ့ခေါင်းအစ်ကိုကြီးက ဖိတ်ခေါ်နေမှတော့ ကျွန်တော်တို့ ဘာလို့ ငြင်းပယ်ရမှာလဲ”

ခြင်္သေ့ရူးဘုရင်၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားသည်။ သူ မသိစိတ်အရ ဤလူသားသည် အတော်အတန် မောက်မာသည်ဟု ခံစားမိနေ၏။

သို့သော်လည်း မဟာပဏ္ဍိတပါပေါင် ဤလူအပေါ် လွန်စွာ ရိုသေလေးစားမှု ပြသနေသည်ကို မြင်သောအခါ သူ သတိကြီးစွာ မရဲတရဲ မေးလိုက်သည်။

“ကျွန်တော့်ရဲ့ ရဲတင်းမှုကို ခွင့်လွှတ်ပေးပါာ ဒါပေမဲ့ ဒါက ဘယ်သူလဲဆိုတာ သိပါရစေ”

ချောင်ရို့ချန် မဟာပဏ္ဍိတရွှမ်ကျင်းကို တစ်ချက်ကြည့်လိုက်သည်။

“ဦးလေးရွမ်ကျင်း ကျွန်တော့်ကို မိတ်ဆက်ပေးလိုက်ပါ”

“ဟုတ်ကဲ့”

မဟာပဏ္ဍိတရွှမ်ကျင်းကရိုသေစွာ ပြန်လည်ထူးလိုက်ပြီးနောက် ခြင်္သေ့ရူးဘုရင်ကို ဩဇာအာဏာအပြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

“ခြင်္သေ့ရူး မင်းရှေ့မှာ ရှိနေတဲ့သူက ငါတို့ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်ပဲ။ ဒီခေတ်ရဲ့ နံပါတ်တစ် မဟာပဏ္ဍိတ တိုက်ရိုက်တပည့်ဖြစ်သလို ဘီလူးနတ်ဘုရားကျောင်းတော်ရဲ့ အနာဂတ် ကျောင်းအုပ်ကြီးလည်း ဖြစ်တယ်”

ထိုစကားများကို ကြားသောအခါ ခြင်္သေ့ရူးဘုရင် တုန်လှုပ်သွားတော့၏။

ဘီလူးနတ်ဘုရားကျောင်းတော်သည် သူတော်စင်များရှိသည့် မြင့်မြတ်ကျောင်းတော်တစ်ခု ဖြစ်ပြီး ၎င်း၏ ဩဇာအာဏာမှာ ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးသို့ ဖြန့်ကြက်ထားခြင်း ဖြစ်သည်။

သူ ပျာပျာသလဲ ခါးကို ညွှတ်ကာ အလေးအနက် ဂါရဝပြုလိုက်သည်။

“ခြင်္သေ့ရူးက မြင့်မြတ်သားတော်ကို ဂါရဝပြုပါတယ်။ ကျွန်တော့် ကြိုဆိုမှု လစ်ဟင်းသွားခဲ့ရင် ခွင့်လွှတ်ပေးပါဦး”

ချောင်ရို့ချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။

“ရပါတယ်၊ မသိလို့ လုပ်တာ အပြစ်မရှိပါဘူး။ လမ်းပြပါ”

“ဟုတ်ကဲ့”

ခြင်္သေ့ရူးဘုရင် ထိုအဖွဲ့ကို တော်ဝင်နန်းတော်ဆီသို့ ချက်ချင်းပင် ဦးဆောင်ခေါ်သွား‌လိုက်သည်။

မကြာမီ အချိန်အတွင်းမှာပင် သီချင်းသံ၊ ကချေသည်တို့၏ အကအလှများနှင့်အတူ တည်ခင်းဧည့်ခံပွဲကြီး စတင်လေတော့၏။

ထိုဧည့်ခံပွဲတွင် ချောင်ရို့ချန် လူတိုင်း၏ အာရုံစိုက်မှုကို ခံလိုက်ရပြီး နောက်တစ်နေ့ နံနက်တွင်မူ သူ့အမည်က တော်ဝင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

မြို့တော်အတွင်း ပုန်းအောင်းနေကြသော မီးနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်အဖွဲ့ဝင်များမှာလည်း ဤသတင်းကို ချက်ချင်းပင် ရရှိသွားကြလေတော့၏။

All Chapters