← Chapters

အခန်း ၄၄၅

Vol. 45 Ch. 445

အခန်း ၄၄၅

Vol. 45 Ch. 445

အခန်း (၄၄၅)

ညည့်အချိန်ကား အတော်ပင် နက်ရှိုင်းလာပါ၏။

ယခုညသည် လကွယ်ညဖြစ်ပြီး လေးလံသော တိမ်တိုက်မည်းကြီးများ ခြင်္သေ့ရူးတော်ဝင်မြို့တော်ကြီးကို အုပ်မှိုင်းထားကြ၏။

ခြင်္သေ့ရူးတော်ဝင်မြို့တော်အတွင်း၌ မှောင်မည်းကာ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။

လမ်းမကြီးများပေါ်တွင် လူရိပ်လူခြေ ဟူ၍ လုံးဝမမြင်ရ။ မှောင်မိုက်ခြင်းထဲ လေနှင့်အတူ ယိမ်းထိုးနေသော ပိုးစုန်းကြူးပမာ မီးအိမ်အချို့သာ ရှိလေသည်။

တော်ဝင်မြို့တော်အတွင်းရှိ တည်းခိုခန်းတစ်ခု၏ မြေအောက်ခန်းထဲတွင်

ပါးနပ်ဖျတ်လတ်သော လူရိပ်တစ်ခု မြေအောက်ခန်းထဲသို့ တိုးလျှိုဝင်ရောက်လာသည်။

သူ မြေအောက်ခန်းထဲသို့ ဝင်လာသည်နှင့် အက်ရှရှအသံတစ်ခု ထွက်ပေါ်လာ၏။

“ပို့လိုက်တဲ့သတင်းက အမှန်ပဲလား”

ထိုလူရိပ်က ဆိုလိုက်သည်။

“အကြီးအကဲရွှမ်းကို သတင်းပို့ပါတယ်။ သတင်းက အမှန်ပါပဲ။ ဆန်းကြယ်ကောင်းကင်ဒေသရဲ့ ဝမ်တောက်ကျောင်းတော်က မြင့်မြတ်သားတော်နဲ့ ဘီလူးနတ်ဘုရားကျောင်းတော်က မဟာပဏ္ဍိတနှစ်ပါးတို့ ဒီတစ်ကြိမ် သိုင်းဖလှယ်ပွဲကို တက်ရောက်ဖို့ အတူတူ ရောက်လာကြတာပါ”

အကြီးအကဲရွှမ်း ပြောသည်။

“ဝမ်တောက်ကျောင်းတော် မြင့်မြတ်သားတော်ဆိုရင်တော့ သူ့သွေးမျိုးဆက်က သာမန်ထက် ထူးကဲနေမှာ အသေအချာပဲ။ မင်း သူ့အချက်အလက်အားလုံးကို အမြန်ဆုံး စုံစမ်းထောက်လှမ်းရမယ်”

ထိုလူရိပ်က မေးလိုက်သည်။

“အကြီးအကဲရွှမ်း သူက ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်လေ။ အကယ်၍ သူ့ကို တစ်ခုခုဖြစ်အောင် လုပ်လိုက်ရင် ကျွန်တော်တို့တွေ အသက်လုပြီး ထွက်ပြေးရမှာ မဟုတ်ဘူးလား”

အကြီးအကဲရွှမ်း ထပ်မံ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကြီး အခုအချိန်မှာ သူတော်စင်အဆင့်ကို တက်နိုင်ဖို့ အထွတ်အထိပ်သွေးမျိုးဆက်တစ်ခုပဲ လိုတော့တာ။ သူသာ သူတော်စင်ဖြစ်သွားရင် ငါတို့ မီးနတ်ဘုရားဂိုဏ်းအနေနဲ့ အားနည်းတဲ့ နယ်စပ်နိုင်ငံအချို့ကို အလွယ်တကူ အပြတ်ရှင်းပစ်နိုင်ပြီ။ ဒါဆိုရင် ဧရာမကျောက်တောင်ကြီးထဲမှာ ပုန်းအောင်းနေစရာ မလိုတော့ဘူး”

ဤစကားကို ကြားသောအခါ လူရိပ်၏ မျက်လုံးများထဲတွင် ရူးသွပ်နေသော အရိပ်အယောင်များ ပေါ်ထွက်လာ၏။

“တပည့် အခုချက်ချင်း သူ့အချက်အလက်အားလုံးကို သွားပြီး စုံစမ်းပါ့မယ်”

“သွားတော့”

အကြီးအကဲရွှမ်း ထွက်ခွာသွားသော တပည့်ဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း ရေရွတ်လိုက်မိ၏။

“ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်က လူရိုင်းဒေသဆီကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ”

သူ့အနားရှိ လက်အောက်ငယ်သားက မေးသည်။

“အကြီးအကဲ သူ ကျွန်တော်တို့နောက်ကို လိုက်လာတာမျိုး ဖြစ်နိုင်မလား”

‘ဘုန်း’

အကြီးအကဲရွှမ်း လှည့်လိုက်ပြီး သူ့လက်အောက်ငယ်သား၏ ခေါင်းကို ရိုက်လိုက်သည်။

“ဘာလျှောက်တွေးနေတာလဲ ကောင်လေး။ ဝမ်တောက်ကျောင်းတော်က ဆန်းကြယ်ကောင်းကင်ဒေသမှာ အင်အားကြီးတယ်ဆိုပေမဲ့ ငါတို့ မီးနတ်ဘုရားဂိုဏ်းကိုတော့ လာပြီး မစိုးမိုးနိုင်ဘူး”

“ဘီလူးနတ်ဘုရားကျောင်းတော်က အဘိုးကြီးတွေဆိုရင်လည်း ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက်တွေကို ဘယ်လိုနိုးထရမလဲဆိုတာပဲ အမြဲတွေးနေကြတာ။ ငါတို့ဘက်က သူတို့ကို သွားပြီး ပြဿနာမရှာသရွေ့ သတိထားမိမှာ မဟုတ်ဘူး”

“ငါ့အမြင်အရတော့ မြင့်မြတ်သားတော်က လျှို့ဝှက်ရတနာတစ်ခုခုအတွက် ရောက်လာတာ ဖြစ်ရမယ်။ အကယ်၍ ငါတို့ သူ့ကို ဖမ်းဆီးနိုင်ရင် မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ရနိုင်လိမ့်မယ်”

“အကြီးအကဲ တကယ်ကို အမြော်အမြင်ကြီးမားတာပဲ”

“အကြီးအကဲ ကျွန်တော်တို့ မီးနတ်ဘုရားဂိုဏ်းရဲ့ မဟာပဏ္ဍိတတွေထဲက တစ်ယောက် ဖြစ်နေတာ ဂုဏ်ယူစရာပဲ”

“…”

မြေအောက်ခန်းထဲရှိ ကျင့်ကြံသူများ အကြီးအကဲရွှမ်းကို တစ်ယောက်တစ်ပေါက် မြှောက်ပင့်ပြောဆိုကြရာ သူ အတန်ငယ် ဘဝင်မြင့်သွားလေတော့သည်။

“အားလုံးပဲ စိတ်ချကြစမ်းပါ။ ဂိုဏ်းချုပ်ကြီး သူတော်စင်ဖြစ်လာတဲ့အခါ မင်းတို့အားလုံးကို ကြီးမားတဲ့ အကျိုးဆောင်သူတွေအဖြစ် မှတ်တမ်းတင်ပေးမယ်”

လူအုပ်ကြီး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

“အကြီးအကဲရွှမ်းကို ကျေးဇူးတင်ပါတယ်”

ထိုအတောအတွင်း နန်းတော်အတွင်း၌ ထူးခြားစွာ စည်ကားသိုက်မြိုက်လို့နေလေ၏။

တော်ဝင်ဥယျာဉ်အတွင်း မီးရောင်များလင်းလက်တောက်ပနေပြီး ဝိုင်ခွက်ချင်း တိုက်သံများ၊ သီချင်းဆိုသံများနှင့် ကချေသည်တို့၏ အကအလှများဖြင့် ပြည့်နှက်နေခဲ့သည်။

ချောင်ရို့ချန်မှာ မည်သည့်အခြေအနေတွင်မဆို လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာနိုင်သူဖြစ်သည်။ ဝိုင်အနည်းငယ် သောက်ပြီးနောက်တွင် သူသည် ကြယ်အပေါင်း ခြံရံထားသော လမင်းပမာ ချီးမွမ်းထောပနာပြုသူများ၏ ဝန်းရံခြင်းကို ခံနေရတော့၏။

ကျင့်ကြံသူတိုင်းက သူ့ကို အဆက်မပြတ် မြှောက်ပင့်နေကြသည်။

အကယ်၍ ချောင်ရို့ချန် လွန်ခဲ့သော နှစ်များအတွင်း ယခုကဲ့သို့ မြှောက်ပင့်မှုပေါင်းမြောက်မြားစွာကို မကြုံတွေ့ခဲ့ဖူးပါက မြင့်မြတ်သားတော်၊ အံ့ဩ ဖွယ်ကောင်းလှသည်ဟူသော အော်ဟစ်သံများကြားတွင် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားလောက်သည်။

“ဝမ်တောက်ကျောင်းတော်က လောကမှာရှိတဲ့ ပညာရပ်အားလုံးကို တတ်မြောက်ထားတယ်လို့ ကြားဖူးပါတယ်၊၊ ပြီးတော့ မြင့်မြတ်သားတော်က ခန္ဓာကျင့်ကြံသူတွေထဲ ပါရမီရှင်တစ်ယောက်လို့လည်း သိရပါတယ်။ ဒီနေ့မှာ ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့အားလုံး ကြည့်ရှုခွင့် ရနိုင်မလား”

ဤစကားကို ကြားသောအခါ အကြီးအကဲပါပေါင် မကျေမနပ်ဖြစ်သော အမူအရာဖြင့် ဆိုလိုက်သည်။

“မင်းတို့လိုလူတွေက ဘာအဆင့်အတန်းမို့လို့ မြင့်မြတ်သားတော် ကိုယ်တိုင် လှုပ်ရှားတာကို မြင်ချင်ရတာလဲ။ ငါ ပြောပြမယ်။ မြင့်မြတ်သားတော်က အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းပဲ။ ဒီလောကမှာ မဟာပဏ္ဍိတတွေ ပေါ်မလာသရွေ့ ဘယ်မြို့စား ဘယ်ဘုရင်ကမှ သူ့ကို အနိုင်မယူနိုင်ဘူး”

အကယ်၍ ဤစကားကို အခြားသူတစ်ဦးက ပြောပါက မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။

သို့သော် အကြီးအကဲပါပေါင်သည် ဘီလူးနတ်ဘုရားကျောင်းတော်တွင် တင်းကျပ်ပြီး စည်းကမ်းကြီးလှသူအဖြစ် နာမည်ကြီး၏။

သူကိုယ်တိုင် ယခုကဲ့သို့ ပြောဆိုခြင်းမှာ မြင့်မြတ်သားတော်ချောင်သည် တကယ်ကို အင်အားကြီးမားကြောင်း သက်သေပြနေခြင်းပင်။

“တကယ်ကို နှမြောစရာပဲ”

ခြင်္သေ့ရူးဘုရင် နှမြောတသဖြစ်သော အမူအရာဖြင့် ပြောလိုက်သည်။

လူရိုင်းဒေသကဲ့သို့ အင်အားကိုသာ အလေးထားသော နေရာမျိုးတွင် လူတိုင်းက အင်အားကြီးမားသူများကို သဘာဝကျကျပင် ရိုသေလေးစားပြီး အားကျတတ်ကြသည်။

ထိုစကားကို ကြားသောအခါ ချောင်ရို့ချန် ပြုံး၍ ဆိုလိုက်သည်။

“ဦးလေးပါပေါင် အမှန်တော့ ဘယ်သူနဲ့မှ တိုက်ခိုက်စရာမလိုဘဲ ကျွန်တော့်ရဲ့ အင်အားကို လူတိုင်း တွေ့အောင် လုပ်လို့ရပါတယ်”

“အို”

အကြီးအကဲပါပေါင် စူးစမ်းလိုစိတ်ရှိသော အမူအရာကို ပူးပေါင်းပြလိုက်၏။

ခြင်္သေ့ရူးနိုင်ငံမှ ကျင့်ကြံသူများ အားလုံးသည်လည်း မျှော်လင့်ချက်များလျှံထွက်နေ‌သော မျက်ဝန်းများဖြင့် ချောင်ရို့ချန်ကို ကြည့်လာကြသည်။

အထူးသဖြင့် ခြင်္သေ့ရူးဘုရင်၏ နှမြောတသဖြစ်နေသော အမူအရာမှာ လုံးဝ ပျောက်ကွယ်သွားသည်။

ချောင်ရို့ချန် ကောင်းကင်ယံကို မော့ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဒီည ဒီမြင့်မြတ်သားတော်က တော်ဝင်မြို့တော်ကို ရောက်လာတာကို ပွဲစည်အောင် လမင်းကတောင် ထွက်မပြဘူးပဲ။ ပြောစမ်းပါဦး ကောင်းကင်ကြီးက တကယ်ပဲ ရေမြေအလိုက်ကို မသိတတ်ဘူး မဟုတ်လား”

ဤစကားကို ကြားသောအခါ အကြီးအကဲပါပေါင် ပျာပျာသလဲ ဝင်တားလိုက်သည်။

“မြင့်မြတ်သားတော် စကားကို ဆင်ခြင်ပါ။ နတ်ဘုရားတွေက အပေါ်ကနေ စောင့်ကြည့်နေကြတာ၊ အဲဒီလို စကားမျိုးကို ပေါ့ပေါ့ဆဆ မပြောသင့်ပါဘူး။”

ချောင်ရို့ချန် ပြုံးလိုက်သည်။

“ဘာကို ကြောက်နေရမှာလဲ။ ကျွန်တော့်ရဲ့ ခန္ဓာကျင့်ကြံခြင်း လမ်းစဉ်ရဲ့ နောက်ဆုံးပန်းတိုင်က ကောင်းကင်ကြီးကို လက်သီးတစ်ချက်တည်းနဲ့ ရိုက်ခွဲပစ်ဖို့။ ကောင်းကင်ဘုံဆီ သွားမဲ့လမ်းကို ကိုယ်တိုင် လက်နဲ့ ဆွဲဖြဲပစ်ဖို့ပဲ။ အခု ကောင်းကင်ကနေ နတ်ဘုရားပြစ်ဒဏ် မိုးကြိုးတွေ ကျဆင်းလာရင်တောင် ကျွန်တော် ကြောက်မှာ မဟုတ်ဘူး”

ကျင့်ကြံသူများသည် ဤစကားကို ကြားသောအခါ လေအေးတစ်သုတ် ရှူသွင်းလိုက်မိကြလေ၏။

မည်သူမျှ ချောင်ရို့ချန်၏ စကားကို ထပ်ဆင့်၍ မပြောဝံ့ကြချေ။ ကျင့်ကြံသူများသည် ကောင်းကင်တာအိုထက် ပို၍ ရိုသေကြောက်ရွံ့ရသော အရာ မရှိပေ။

အကယ်၍ ကောင်းကင်တာအိုကသာ မကျေမနပ်ဖြစ်သွားပါက ဘေးဒုက္ခကြုံတွေ့ချိန် မိုးကြိုးအပိုများ ဆုအဖြစ်ထည့်ပေးလိုက်မည်မဟုတ်လော။

ချောင်ရို့ချန် ဤလူများ ဘာတွေးနေသည်ကို မည်သို့မသိဘဲ နေပါမည်နည်း။ သူ ဖြည်းညှင်းစွာ ထရပ်ကာ ပြောလိုက်သည်။

“အားလုံးပဲ ဒီည ဒီမြင့်မြတ်သားတော်က ဒီခြင်္သေ့ရူးတော်ဝင်မြို့တော်မှာ နေနဲ့လကို ပြိုင်တူလင်းထိန်စေမယ်”

“ဘာ...”

“မြင့်မြတ်သားတော်... မင်း နောက်နေတာ ဖြစ်ရမယ်”

“…”

ကျင့်ကြံသူအားလုံး ဆွံ့အမှင်တက်သွားကြပြီး မဟာပဏ္ဍိတပါပေါင်နှင့် ရွှမ်ကျင်းတို့ပင် လွန်စွာ တုန်လှုပ်သွားကြသဖြင့် စကားတစ်လုံးမျှ မဟနိုင်ကြတော့ပေ။

သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရှိတော့သည်။

‘မြင့်မြတ်သားတော် မင်း မောက်မာတာကို ငါတို့ သိပါတယ်၊ ဒါပေမဲ့ ဒါက နည်းနည်းတော့ မလွန်လွန်းဘူးလား’

လူတိုင်း ငေးအိုင်နေဆဲ အချိန်မှာပင် ချောင်ရို့ချန်၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းရောင်များ ထွက်ပေါ်လာသည်။

ထိုနတ်ဘုရားအလင်းရောင် ပေါ်ထွက်လာသည့် အခိုက်တွင် ထွက်ပြူးစ နေမင်းပမာ ကောင်းကင်ယံဆီသို့ တည့်တည့်မတ်မတ် ထိုးတက်သွား၏။

လက်ဖက်ရည်တစ်ခွက် သောက်စာမျှသာ ရှိသေးသော အချိန်အတွင်းမှာပင် နတ်ဘုရားအလင်းရောင်သည် ကောင်းကင်ယံမှ တိမ်မည်းကြီးများကို ဖယ်ခွာပစ်လိုက်လေသည်။

တိမ်တိုက်များနောက်ကွယ်တွင် ပုန်းအောင်းနေသော လမင်းကြီးသည်လည်း ပြန်လည်ပေါ်ထွက်လာလေတော့၏။

တစ်ချိန်တည်းမှာပင် ချောင်ရို့ချန်၏ ဖိနှိပ်ချုပ်ချယ်သော အငွေ့အသက်များမှာ နန်းတော်တစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားပြီး တော်ဝင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

သူ့အရှိန်အဝါများ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ခြင်္သေ့ရူးတော်ဝင်မြို့တော်တစ်ခုလုံး ၎င်းအောက်သို့ ကျရောက်သွားတော့၏။

တော်ဝင်ဥယျာဉ်အတွင်း၌ ခွက်များ၊ ပန်းကန်များ ကျကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

အတန်ငယ် မူးနေကြပြီဖြစ်သော အချို့သော ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကြောင့် ထိတ်လန့်သွားကြပြီး စားပွဲများအောက်သို့ တိုက်ရိုက် လဲကျသွားကြတော့၏။

ခြင်္သေ့ရူးဘုရင် တော်ဝင်မြို့တော်ရှိ ကျင့်ကြံသူများသည် မြင့်မြတ်သားတော် ကိုယ်တိုင် လှုပ်ရှားရန်အတွက် မထိုက်တန်ဟု မဟာပဏ္ဍိတနှစ်ပါး ဘာကြောင့် ပြောခဲ့သည်ကို နောက်ဆုံးတော့ နားလည်သွားသည်။

ခြင်္သေ့ရူးနိုင်ငံ၏ မြို့စားများနှင့် ဘုရင်များ အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူတို့ ဤပုဂ္ဂိုလ်အား ယှဉ်နိုင်မည် မဟုတ်ပေ။

သူ ပျာပျာသလဲ ပြောလိုက်သည်။

“မြင့်မြတ်သားတော် ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ဖိအားကို ရုပ်သိမ်းပေးပါ။ ကျွန်တော်တို့မခံနိုင်တော့ဘူး”

ချောင်ရို့ချန် ပြုံးကာ မေးလိုက်သည်။

“မင်းတို့အားလုံးက ဒီမြင့်မြတ်သားတော်ကို ကတိမတည်တဲ့ လူမျိုးလို့ ထင်နေကြတာလား”

သူ စကားပြောနေစဉ်မှာပင် နတ်ဘုရားအလင်းရောင်ထဲမှ ပူပြင်းလှသော အငွေ့အသက်များ ထွက်ပေါ်လာပြီး ကောင်းကင်ယံဆီသို့ ပျံသန်းသွားသော ရဲရဲနီသည့် နေမင်းကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေ၏။

ထိုရဲရဲနီသော နေမင်းကြီး ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် တော်ဝင်မြို့တော်အတွင်းရှိ မှောင်မိုက်ခြင်းများမှာ တဖြည်းဖြည်း မောင်းထုတ်ခြင်း ခံလိုက်ရလေသည်။

ရဲရဲနီသော နေမင်းကြီး ကောင်းကင်ယံသို့ မြင့်တက်သွားသောအခါ တော်ဝင်မြို့တော်သည် ညအချိန်မှ အရုဏ်ဦးအချိန်သို့ ပြောင်းလဲသွားလေ၏။

ဤရုတ်တရက် ပြောင်းလဲမှုကြီးသည် တော်ဝင်မြို့တော်အတွင်းရှိ နိုးနေသော ကျင့်ကြံသူအားလုံးကို ထိတ်လန့်သွားစေပြီး ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

“ခြင်္သေ့ရူးနိုင်ငံက ဘယ်လိုမျိုး တည်ရှိမှုကို သွားပြီး ရန်စမိလိုက်တာလဲ”

“ကောင်းကင်နဲ့ မြေကြီး မှောက်ခုံလန်သွားပြီ။ ခြင်္သေ့ရူးနိုင်ငံတော့ ပျက်စီးဖို့ ရေစက်ပါလာပြီ ထင်တယ်”

“…”

တည်းခိုခန်းအတွင်း၌

မီးနတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်များမှာ အောင်ပွဲခံ၍ မကြာသေးမီ ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကြောင့် ကြမ်းပြင်ပေါ်သို့ ကြောက်လန့်တကြား လဲကျသွားကြတော့သည်။

“အ... အ... အကြီးအကဲရွှမ်း တကယ်ကို ကြောက်စရာကောင်းတဲ့ တည်ရှိမှုပဲ”

အကြီးအကဲရွှမ်း၏ နတ်ဘုရားအာရုံမှာလည်း ကောင်းကင်ယံရှိ ရဲရဲနီသော နေမင်းကြီးကို မြင်လိုက်ရ‌လေ၏။ သူက ထစ်ထစ်အအဖြင့် ပြောလိုက်သည်။

“စကားမပြောနဲ့။ ငါလည်း ကြောက်နေတာဟေ့”

တော်ဝင်မြို့တော်အတွင်းရှိ လူအားလုံးထဲတွင် အတုန်လှုပ်ဆုံးမှာ ဤအရာအားလုံးကို ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ခဲ့ရသော နန်းတော်အတွင်းရှိ ကျင့်ကြံသူများပင်။

ခြင်္သေ့ရူးဘုရင် သူ၏ နဖူးမှ အေးစက်သော ချွေးများကို သုတ်လိုက်ရင်း ရေရွတ်လိုက်မိသည်။

“မြင့်မြတ်သားတော်ရဲ့ ဆန္ဒက တကယ်ကို ပြီးပြည့်စုံလှပါတယ်။ ဒီဘုရင် အလင်းပွင့်သွားပါပြီ”

“ကောင်းပြီ မင်းတို့အားလုံး မြင်တွေ့ခဲ့ရတာ လုံလောက်ပြီ။ အခုတော့ ဝိုင်သောက်ရမဲ့ အချိန်ပဲ”

စကားပြောပြီးနောက် ချောင်ရို့ချန်က သူ့အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး ဘာမှမဖြစ်ခဲ့သည့်အလား ထိုင်ခုံပေါ်တွင် ပြန်လည်ထိုင်လိုက်၏။

ကျင့်ကြံသူများ တိတ်ဆိတ်သွားတော့သည်။

All Chapters