← Chapters

အခန်း ၄၄၇

Vol. 45 Ch. 447

အခန်း ၄၄၇

Vol. 45 Ch. 447

အခန်း (၄၄၇)

“ဒါပေါ့၊ ကျွန်တော် မြင့်မြတ်သားတော်ကို ဘယ်လိုလုပ် လှည့်ဖြားဝံ့ပါ့မလဲ”

ဟေးယောက်သည် မျက်နှာတွင် ဖားယားလိုလားသော အပြုံးတစ်ခုကို ဖော်ပြလိုက်သော်လည်း သူ့မျက်ဝန်းထဲတွင် အထင်မြင်သေးမှု တစ်ချက် ဖြတ်ပြေးသွားလေ၏။

ထိုအရာသည် ခဏတာသာ ဖြစ်သော်လည်း ချောင်ရို့ချန်၏ မျက်စိထဲမှ မလွတ်သွားချေ။ သူ စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။

‘ကောင်လေး မင်း ငါ့ကို လာပြီး ကောက်ကျစ်စဉ်းလဲတဲ့ လှည့်ကွက်တွေ သုံးဖို့ မတန်သေးဘူး။ ငါ ဝမ်တောက်ကျောင်းတော်မှာ သုံးဖြုန်းနေတဲ့ အချိန်တုန်းက လူတွေရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး အကဲခတ်နိုင်တဲ့ ငါ့ရဲ့စွမ်းရည်က မင်းလို မီးနတ်ဘုရားဂိုဏ်းရဲ့ တပည့်သာမန်တစ်ယောက် ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး’

သူ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ အနည်းငယ် ကွေးညွတ်သွားသည်။

“ဒါဆိုရင်လည်း၊ ငါ မြင့်မြတ်သားတော်က မင်းကို စမ်းသပ်စစ်ဆေးရတာပေါ့”

“မြင့်မြတ်သားတော် စိတ်ကြိုက် မေးမြန်းနိုင်ပါတယ်”

ဟေးယောက်၏ မျက်နှာမှာ သာမန်နောက်လိုက်တစ်ယောက်နှင့်မခြား ဖားယားနေသော ပုံစံအတိုင်း ရှိနေဆဲပင်။

ချောင်ရို့ချန် မေးလိုက်သည်။

“ မီးနတ်ဘုရားဂိုဏ်းထဲမှာ မဟာပဏ္ဍိတတွေ ရှိလား”

“ရှိပါတယ်။ ဒါပေမဲ့ အဲဒီ မဟာပဏ္ဍိတတွေက အတည်တကျ နေထိုင်တဲ့နေရာ မရှိကြပါဘူး။ ကျွန်တော်တို့ဘက်က သူတို့ကို သွားပြီး မရန်စသရွေ့တော့ ဘာအန္တရာယ်မှ ရှိလာမှာ မဟုတ်ပါဘူး”

ဟေးယောက်သည်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို ဖုံးကွယ်ထား၍မရမှန်း ရှင်းရှင်းလင်းလင်း သိနေ၏။

“တောတောင်ထဲက မဟာပဏ္ဍိတတွေပဲ။ ငါ သူတို့ကို သေချာပေါက် ကြောက်နေမှာ မဟုတ်ဘူး”

ချောင်ရို့ချန်၏ မျက်နှာက အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေသော်လည်း သူ့မျက်လုံးများကမူ ဟေးယောက်၏ မျက်ဝန်းများကို စိုက်ကြည့်နေဆဲပင်။

ဤတစ်ကြိမ်တွင် ဟေးယောက် မည်သည့်ပုံမှန်မဟုတ်သော အမူအရာကိုမျှ ပြသခြင်းမရှိပေ။

“မြင့်မြတ်သားတော် ပြောတာ မှန်ပါတယ်။ အကယ်၍ ကျွန်တော်မျိုးသာ မြင့်မြတ်သားတော်က မဟာပဏ္ဍိတတစ်ယောက်ကို အလဲထိုးလိုက်တာကို မြင်တွေ့ခွင့်ရမယ်ဆိုရင် အရမ်းခမ်းနားတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေမှာပါ”

“မင်း စကားပြော ကောင်းတာပဲ။ ဒီနေ့ကစပြီး မင်း ခြင်္သေ့လေးနဲ့အတူ ငါ့အနားမှာ နေရမယ်”

ချောင်ရို့ချန် မျက်နှာသာပေးသည့် လေသံဖြင့် ပြောလိုက်သည်။

“မြင့်မြတ်သားတော်ကို ကျေးဇူးတင်ပါတယ်”

ဟေးယောက်မှာ ရင်ခုန်စိတ်လှုပ်ရှားနေဟန် ဆောင်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ချောင်ရို့ချန်ကို ဦးညွှတ်၏။

ခြင်္သေ့ရူးမင်းသားသည် ဤကောင် ဖားယားတတ်ရုံမျှဖြင့် မြင့်မြတ်သားတော်၏ သတိပြုခြင်းကို ခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားမိသဖြင့် အလွန်အမင်း မနာလိုဖြစ်သွား၏။

သူ မြင့်မြတ်သားတော်ကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုပြီး အဆက်အသွယ်များမှတစ်ဆင့်သာ ဤအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိထားသင့်သည်။

အကယ်၍ မြင့်မြတ်သားတော်သာ ဤနေရာတွင် ရှိမနေပါက သူက အကျယ်ကြီး အော်ဟစ်လိုက်ချင်မိသည်။

‘မင်းက ဘာအရည်အချင်းရှိလို့လဲ ကောင်လေး’

“တော်ပြီ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ချောင်ရို့ချန် ဆက်မေးလိုက်သည်။

“ဒါဆို ယွင်ဝူတောင်တန်းထဲမှာ ကမ္ဘာခြား ကောင်းကင်နတ်ဆိုးတွေကော ရှိလား”

ဤစကားလုံးများ ထွက်လာသည်နှင့် လူတိုင်း၏ မျက်နှာများက သိသိသာသာ ပျက်သွားကြ၏။

ဟေးယောက် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ မည်သူမည်ဝါဖြစ်ကြောင်းကို ရိပ်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ ချောင်ရို့ချန်ကို ကြည့်ရန် ခေါင်းကို ဂရုတစိုက် မော့လိုက်ပြီး တစ်ခုခုကို ပြောချင်သော်လည်း မပြောရဲဘဲ ရှိနေလေ၏။

ကံကောင်းထောက်မစွာ သူ့ဘေးမှ ခြင်္သေ့ရူးမင်းသား ဦးစွာ စကားစလိုက်သည်။

“မြင့်မြတ်သားတော် အရှင်က ကမ္ဘာခြားနတ်ဆိုးတွေကို သွားရှာဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား။ အဲဒါတွေက သူတော်စင်အဆင့် တည်ရှိမှုတွေလေ။ ယွင်ဝူတောင်တန်းထဲမှာ အဲဒါမျိုးတွေ မရှိတာကို ထားလိုက်ပါဦး၊ ရှိနေခဲ့ရင်တောင် ကျွန်တော်တို့ သွားကြရင် ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး”

ချောင်ရို့ချန် သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကန်ပြီး ပြောလိုက်သည်။

“မင်းရဲ့ သူရဲဘောကြောင်တဲ့ ပုံစံကိုလည်း ကြည့်ပါဦး။ ကမ္ဘာခြားနတ်ဆိုးတွေ မရှိရင်တောင် ငါတို့ကအဲ့ကောင်တွေရဲ့ မျိုးဆက်တွေကို ရှာပြီး သတ်လို့ရတာပဲ။ သူတို့ရဲ့ နတ်ဆိုးခန္ဓာက ပိုသန်မာလား၊ ဒါမှမဟုတ် ငါ မြင့်မြတ်သားတော်ရဲ့ အင်မော်တယ်ခန္ဓာက ပိုသန်မာလားဆိုတာ ကြည့်ရတာပေါ့”

ဤအရာကို ကြားရသောအခါ ဟေးယောက် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်နိုင်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မြင့်မြတ်သားတော် ယွင်ဝူတောင်တန်းထဲမှာ နတ်ဆိုးတစ်ပိုင်းလူသားတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခြေရာလက်ရာတွေကို ရှာဖွေဖို့က မဟာပဏ္ဍိတတွေကို ရှာရသလိုပဲ ခက်ခဲပါတယ်”

ချောင်ရို့ချန် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ ငါက ကံစမ်းရုံသက်သက် သွားမှာပါ။ ယွင်ဝူတောင်တန်းထဲမှာ ဘယ်လို အန္တရာယ်ရှိတဲ့ နေရာတွေ ရှိလို့လဲ။ ငါ မင်းတို့အားလုံးကို ဒီခရီးစဉ်မှာ ခေါ်ထုတ်လာတာဆိုတော့ လူတိုင်းကို လက်ဗလာနဲ့တော့ မပြန်ခိုင်းနိုင်ဘူးလေ”

“ရှိပါတယ်၊ ဒါပေမဲ့ အဲဒီ အန္တရာယ်ရှိတဲ့ နေရာတွေကို ဝင်ဖို့ကတော့ မလွယ်ကူပါဘူး”

ဟေးယောက် စကားပြောရင်း လူအုပ်စုတစ်ခုလုံးကို တစ်ပြိုင်နက်တည်း မည်သို့ ဖမ်းဆီးရမည်နည်းဟု စိတ်ထဲတွင် စတင်တွေးတောနေလေ၏။

ဤလူများအားလုံးမှာ ပထမတန်းစား ယဇ်ကောင်များပင်။

ချောင်ရို့ချန်

“ငါက စိန်ခေါ်မှုရှိတဲ့ အရာတွေကို သဘောကျတတ်တာနဲ့ အတော်ပဲ။ အချိန်ကျလာရင် မင်း ငါတို့ကို အဲဒီ အန္တရာယ်ရှိတဲ့ နေရာတွေဆီ လမ်းပြပေးရမယ်”

“ဟုတ်ကဲ့ပါ”

ဟေးယောက် ဘာမှ မစဉ်းစားဘဲ သဘောတူလိုက်သည်။ ဤအရာကို ကြားရသောအခါ ခြင်္သေ့ရူးမင်းသား၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာ၏။

သူ ချောင်ရို့ချန်ကို ကြည့်ရင်း တစ်ခုခု ပြောချင်သော်လည်း စကားလုံးများ နှုတ်ခမ်းဖျားသို့ ရောက်ရှိလာပြီးမှ နောက်ဆုံးတွင် ပြန်လည်မျိုချလိုက်ရလေ၏။

မကြာမီ ညအချိန်သို့ ရောက်ရှိလာသည်။

ညည့်နက်လာသည်နှင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သက်ဆိုင်ရာ တဲများအတွင်း၌ အိပ်စက်ခြင်းသို့ ရောက်ရှိသွားကြပြီး ညစောင့်ရန်အတွက် ကျင့်ကြံသူ အနည်းငယ်သာ ကျန်ရစ်တော့၏။

သန်းခေါင်ယံအချိန်

လူရိပ်တစ်ခု သူ့တဲအတွင်းမှ တိတ်တဆိတ် ထွက်ခွာလာသည်။ သူ စခန်းချရာနေရာ၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး သားရဲသိုလှောင်အိတ်ထဲမှ ချိုးငှက်တစ်ကောင်ကို ထုတ်ယူကာ ထိုငှက်၏ ခြေသည်းတွင် ကျောက်စိမ်းပေလွှာ တစ်ခုကို ချည်နှောင်ပြီးနောက် ငှက်ကို လွှတ်တင်လိုက်သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လူရိပ်သည် မည်သူမျှ စောင့်ကြည့်မနေကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို အရင်ဦးစွာ ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ထို့နောက် လှည့်ပြန်ကာ သူ့တဲဆီသို့ ပြန်သွား၏။

သူ့လုပ်ရပ်တိုင်းမှာ ချောင်ရို့ချန်နှင့် အခြားသူများ၏ နတ်ဘုရားအာရုံ စောင့်ကြည့်မှုအောက်တွင် ရှိနေကြောင်းကိုမူ လုံးဝမသိခဲ့ချေ။

မဟာပဏ္ဍိတပါပေါင် တိုးတိုးလေး ပြောလိုက်သည်။

“မြင့်မြတ်သားတော် အနာဂတ်ကို ကြိုမြင်နိုင်တာပဲ။ ဒီငါးက ဒီလောက်မြန်မြန်ကြီး ငါးစာဟပ်လိမ့်မယ်လို့”

ထိုညသည် ဘာမျှမဖြစ် အေးအေးချမ်းချမ်း ဖြတ်သန်းသွားသည်။

နောက်တစ်နေ့ မနက်ခင်းတွင်

ချောင်ရို့ချန် သူတို့အားလုံး လေ့ကျင့်မှုပြုလုပ်ရန်အတွက် ယွင်ဝူတောင်တန်းထဲသို့ ဝင်ရောက်ကြမည်ဖြစ်ကြောင်းနှင့် လမ်းခရီးတစ်လျှောက်တွင် ရတနာများကို ရှာဖွေကြမည်ဖြစ်ကြောင်း လူတိုင်းကို ကြေညာလိုက်၏။

ဤသတင်းကို ကြားရသောအခါ လူတိုင်း စိတ်လှုပ်ရှားစွာ ကြွေးကြော် အားပေးကြတော့၏။

“မြင့်မြတ်သားတော် သက်တော်ရာကျော် ရှည်ပါစေ”

“မြင့်မြတ်သားတော်က အနှိုင်းမဲ့ပါပဲ”

ချောင်ရို့ချန်၏ အနောက်ဘက်တွင် ရပ်နေသော ဟေးယောက်သည် စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်မိသည်။

‘ပျော်နိုင်သလောက် ပျော်ထားကြဦးပေါ့။ မင်းတို့ ယွင်ဝူတောင်တန်းထဲကို ဝင်သွားတာနဲ့ ခုနစ်ရက်အတွင်း ဂိုဏ်းချုပ်ကြီးရဲ့ ယဇ်ကောင်တွေ ဖြစ်လာကြတော့မှာ’

ပစ္စည်းများကို ထုပ်ပိုးပြီးနောက် အုပ်စုက ချက်ချင်းပင် ထွက်ခွာခဲ့ကြသည်။

ရထားလုံးအတွင်း၌..

ချောင်ရို့ချန် မေးလိုက်သည်။

“ဦးလေးပါပေါင်၊ ဦးလေးရွှမ်ကျင်းနဲ့ အခြားသူတွေ မီးနတ်ဘုရားဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ယွင်ဝူတောင်တန်းကို ဘယ်တော့ ဝိုင်းရံကြမှာလဲ”

မဟာပဏ္ဍိတပါပေါင် ပြန်လည်ဖြေကြားလိုက်သည်။

“အခုကစပြီး ခုနစ်ရက်အကြာလို့ သတ်မှတ်ထားတယ်”

“ခုနစ်ရက်လား”

ချောင်ရို့ချန် တိုးတိုးလေး ပြောလိုက်သည်။

“အဲဒါဆို အချိန်က လုံလောက်ပါတယ်”

ယွင်ဝူတောင်တန်းမှာ လူသူဝေးကွာသော အရပ်ဒေသတစ်ခု ဖြစ်၏။

၎င်းသည် ခြင်္သေ့ရူးနိုင်ငံတော်၊ ဧရာမဆင်နိုင်ငံနှင့် သစ်ပင်လူသားနိုင်ငံတို့ ဆုံတွေ့ရာ နယ်စပ်ဒေသလည်း ဖြစ်သည်။

အရှေ့မှ အနောက်သို့ မိုင်ပေါင်းသောင်းချီ ရှည်လျားစွာ တည်ရှိနေသော ယွင်ဝူတောင်တန်းသည် တောင်ကုန်းတောင်တန်းများ လှိုင်းထနေပြီး၊ လျှိုမြောင်များချောက်နက်များက ယှက်သန်းကာ ကွေ့ကောက်တွန့်လိမ်လျက် ရှိနေလေ၏။

အရင်းအမြစ်များ ပေါကြွယ်ဝသဖြင့် တောင်တန်းသည် ကျင့်ကြံသူများအတွက် နိဗ္ဗာန်ဘုံဖြစ်သော်လည်း အားနည်းသူများအတွက်မူ ငရဲခန်းတစ်ခုပင်။

ထို့ကြောင့် ၎င်းသည် ကျင့်ကြံသူမျိုးစုံကို ဆွဲဆောင်နိုင်ပြီး မီးနတ်ဘုရားဂိုဏ်းကဲ့သို့သော နတ်ဆိုးဂိုဏ်းခွဲ အုပ်စုများကို ယွင်ဝူတောင်တန်းအတွင်း၌ ရှင်သန်ကြီးထွားခွင့် ရစေသည်။

မွန်းတည့်ချိန်ရောက်သောအခါ

ချောင်ရို့ချန် ဦးဆောင်သောအဖွဲ့သည် ယွင်ဝူတောင်တန်းအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့ကြသည်။

သူတို့သည် ခြင်္သေ့ရူးနိုင်ငံနှင့် ဘီလူးနတ်ဘုရားကျောင်းတော်တို့၏ အလံများကို လွှင့်ထူထားကြသည်။ ထို့အပြင် အဖွဲ့အတွင်းရှိ ကျင့်ကြံသူတိုင်းက သန်မာသော အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။

သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သားရဲများ နောက်ဆုတ်သွားကြပြီး နတ်ဆိုးကျင့်ကြံသူများ ပုန်းအောင်းသွားကြသည်။

တောင်ပေါ်ရှိ ကျင့်ကြံသူများမှာ အဖွဲ့၏ ဦးတည်ရာကို မသိကြသဖြင့် သူတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ ထိုသူတို့ကို သွားရောက်မရန်စမိစေရန် ရှောင်ကွင်းခြင်းသာ။

ဤအချိန်တွင် ဟေးယောက်သည် စိတ်ဓာတ်များ အလွန်တက်ကြွနေ၏။

အဖွဲ့၏ အရှေ့ဆုံးမှနေ၍ မြင်းနက်တစ်ကောင်ကို စီးနင်းရင်း ထူးခြားစွာ စိတ်လှုပ်ရှားနေမိသည်။

နောက်ဆုံးတော့ သူသည် ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်ကို ယွင်ဝူတောင်တန်းထဲသို့ မျှားခေါ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းအတွင်းမှ မဟာအကြီးအကဲအချို့ ရောက်ရှိလာသည်နှင့် ဤလူများကို တစ်ပြိုင်နက်တည်း ဖမ်းဆီးနိုင်တော့မည်။

ဂိုဏ်းက သူ့ကို သေချာပေါက် ရက်ရက်ရောရော ဆုချီးမြှင့်မည်ဖြစ်ပြီး ထိုအခါ သူ တာအိုပေါင်းစည်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

ထိုအဖွဲ့သည် တောင်တန်းများအတွင်း၌ သုံးရက်တိုင်တိုင် မည်သည့်ကြီးမားသော ပြဿနာမျှ မကြုံတွေ့ရဘဲ ခရီးနှင်ခဲ့ကြ၏။

ချောင်ရို့ချန်အနေဖြင့် ကိုယ်တိုင်လှုပ်ရှားရန်ပင် မလို သူ၏ လက်အောက်ငယ်သားများက ပြဿနာအားလုံးကို ရှင်းလင်းလိုက်သည်။

ယနေ့ညနေတွင်

ချောင်ရို့ချန် ဟေးယောက်ကို သူ့အနားသို့ ခေါ်လိုက်၏။

“ဟေးယောက် မင်းပြောတဲ့နေရာကို ရောက်ဖို့ ဘယ်နှရက်လောက် လိုသေးလဲ”

ဟေးယောက် ရိုသေစွာ ပြန်လည်ဖြေကြားသည်။

“မြင့်မြတ်သားတော်ကို လျှောက်တင်ရရင်တော့ နောက်ထပ် နှစ်ရက်အတွင်းမှာ ဦးတည်ရာကို ရောက်ပါလိမ့်မယ်”

“မြန်မြန်လုပ်။ ငါက အဲဒီ အန္တရာယ်ရှိတဲ့ နေရာထဲကို ဝင်ပြီး စူးစမ်းရဖို့ မစောင့်နိုင်တော့ဘူး”

ချောင်ရို့ချန် စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် ပြောလိုက်လေ၏။

ဟေးယောက်က ပြုံးလိုက်သည်။

“မြင့်မြတ်သားတော် ဒါဆိုရင်တော့ ကျွန်တော် အရှင့်ကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ အဲဒီနေရာက သေချာပေါက် စိတ်ကျေနပ်မှု ပေးနိုင်မဲ့ နေရာတစ်ခု ဖြစ်မှာပါ”

All Chapters