← Chapters

အခန်း ၁၈၉၁

Vol. 127 Ch. 1891

အခန်း ၁၈၉၁

Vol. 127 Ch. 1891

အခန်း(၁၈၉၁) ရှုးသွပ်ဖွယ်အဆင့်မြှင့်တင်မှု

ဤသို့ဖြင့် ချူးယွင်ဖန်းက အားလုံးကို လွယ်ကူစွာပင် သုတ်သင်ပစ်လိုက်၏။

‘ဒါက… ဒါက ဘယ်လိုတောင် ကြောက်စရာကောင်တဲ့ သတ်ဖြတ်ရေးစွမ်းအားမျိုးလဲ’

ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်သည် ပြင်ပတပ်မတော်မှ ကျွမ်းကျင်သူများစွာ ယခင်က မကြုံဖူးသေးသော အရာတစ်ခုဖြစ်သည်။ အားလုံးက သူ ထိုသို့ အထိန်းအကွပ်မဲ့စွာ သုတ်သင်မှုမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။ တကယ်တမ်းတွင် လမ်းပိတ်တစ်ခုသို့ အတင်းအကျပ် တွန်းပို့ ခံရလုနီးနီးဖြစ်ခဲ့ရ၏။

မှန်၏။ ထိုသို့သောအခြေအနေမျိုး၌ပင် ချူးယွင်ဖန်းက အလွန်အစွမ်းထက်ပုံပေါ်နေသေးကြောင်း ၎င်းတို့ ကောင်းစွာမြင်နိုင်ကြသည်။ အမှန်တကယ်ပင်လည်း ချူးယွင်ဖန်း ထိုသို့အခြေအနေထိ ဖိအားပေးခံခဲ့ရခြင်းဖြစ်ရာ မဟုတ်ပါက သူ ထို လှုပ်ရှားမှုကို အသုံးပြုခဲ့ရလိမ့်မည်မဟုတ်ပေ။ ဤနေရာလူတိုင်းနှင့် ၎င်းတို့၏ ခွန်အားကို မယှဥ်နိုင်သည့်တိုင် အခြေခံအချက်များကိုမူ အားလုံးသိကြသည်။ ထိုသို့သော လှုပ်ရှားမှုက ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်များသည်ဖြစ်၍ မကြာခဏအသုံးပြုနိုင်မည်မဟုတ်ပေ။ တစ်ကြိမ်သုံးလျှင်ပင် တန်ကြေးများနိုင်သည်။

စစ်သားအများစုသည်မူ စိတ်ပင်မထိန်းနိုင်တော့ဘဲ မျက်ရည်ဖြိုင်ဖြိုင်ကျလာကြသည်။ ၎င်းတို့အတွက် ထိုမျှ စွန့်စားပေးလိုစိတ်ရှိသူ တစ်ခါမျှ မရှိခဲ့ပေ။ ၎င်းတို့က ထိပ်တန်းစစ်သားများဖြစ်ကြသော်လည်း တရှ၌မူ အမြောက်စာများနှင့် ထူးမခြားနားကြောင်း အားလုံးသိကြသည်။ ထိပ်တန်းစစ်သားများကို ရှာရန်ခက်ခဲသည်မှန်သော်လည်း အနာဂတ်ကောင်းသည့် ချူးယွင်ဖန်းနှင့် မည်သို့ နှိုင်းယှဥ်နိုင်မည်နည်း။

အကယ်၍ လိုအပ်လာလျှင် တရှက ချူးယွင်ဖန်း၏ အသက်အတွက် လူတစ်သိန်းကို လဲလှယ်ရန် ဆန္ဒရှိလျှင်ပင် အံ့သြဖွယ်ကောင်းမည်မဟုတ်ပေ။ ထိုစစ်သားများ ဝိုင်းရံခံထားရသောအခါ ၎င်းတို့အားလုံး စိတ်ပျက်သွားကြရသည်။ ယင်းက ထင်ရှားသိသာသော ထောင်ချောက်တစ်ခုဖြစ်သောကြောင့် တစ်ဖက်သူကလည်း ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။ ချူးယွင်ဖန်းကလည်း ယင်းကို မည်သို့ မသိဘဲနေမည်နည်း။

ထိုသို့အခြေအနေမျိုး၌ ချူးယွင်ဖန်း မပေါ်လာခြင်းကပင် ပုံမှန်ဖြစ်၍ ၎င်းတို့သာဆိုလျှင်လည်း ထွက်ပင်လာကြမည်မဟုတ်ပေ။

ဤလူများအနက် ချူးယွင်ဖန်း ထွက်လာမည်ဟု ယုံကြည်ထားသည့် ချူးဟုန်ချိုင်မှတပါး အခြားမည်သူမျှ ထိုသို့ယုံကြည်မှုမရှိကြပေ။ သို့သော် ယခုအခါ သူပေါ်လာရုံမျှသာမက ၎င်းတို့အတွက် ကျားတွင်းထဲသို့ပင် ဝင်လာခဲ့ကြခြင်းဖြစ်သည့်အပြင် သူ့အသက်ကို သက်တမ်းလျော့စေနိုင်သည့် လှုပ်ရှားမှုတစ်ခုကိုပင် အသုံးပြုခဲ့သည်။

ထိုသို့သော ကြင်နာမှုမျိုးက မျက်ရည်ကျခဲသောလူများစွာကို တစ်ဦးပြီးတစ်ဦး မျက်ရည်ကျစေခဲ့သည်။

“ ရန်သူက ဗိုလ်ချုပ်ကြီးကို ခြိမ်းခြောက်ဖို့ ပစ္စည်းတစ်ခုအဖြစ် ငါတို့ကို သုံးခွင့်မပေးနိုင်ဘူး။ ဒီကိစ္စတွေ အလုပ်မဖြစ်နိုင်တော့ဘူးဆိုရင် ငါ့ကိုယ်ငါသတ်သေပစ်မယ်။ ဗိုလ်ချုပ်အတွက် ဝန်ထုပ်ဝန်ပိုးတော့ အဖြစ်မခံနိုင်ဘူး” ရဲဘော်တစ်ဦးက ရုတ်တရက်အော်ပြောလိုက်သည်။

“မှန်တယ်။ ဒီကောင်တွေရှေ့မှာ ငါတို့က ပုရွက်ဆိတ်တွေလိုပဲကွ… အားနည်းလွန်းတယ်။ ဒါပေမယ့်လည်း ငါတို့ လုပ်စရာရှိတာတော့ လုပ်နိုင်သေးတယ်။ ဘယ်လို ရှင်သန်မလဲဆိုတာကို မရွေးချယ်နိုင်လောက်တော့ပေမယ့် အနည်းဆုံး ဘယ်လိုသေမလဲဆိုတာတော့ ရွေးနိုင်သေးတယ်”

“ဟုတ်တယ် အခြေအနေတွေ အဆင်မပြေရင် ဗိုလ်ချုပ်ကြီးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ ငါတို့ သေဖို့ပဲ ရှိတယ်”

သူ့စကားများအားလုံးက စစ်သားများ၏ စိတ်ထဲ၌ ချက်ချင်းပဲ့တင်ထပ်သွားသည်။ ယခုမှစ၍ ၎င်းတို့၏ နှလုံးသားထဲ၌ ချူးယွင်ဖန်းထက် မည်သူမျှ အရေးမကြီးတော့ဟု ဆိုနိုင်သည်။ သူက ၎င်းတို့ကို ဧကရာဇ်အား ပုန်ကန်စေလိုလျှင်ပင် မျက်မှောင်ကြုတ်ခြင်းမရှိဘဲ သူ့နောက်သို့လိုက်မည်ဟု ဆုံးဖြတ်ချက်ပင် ချထားလိုက်ကြ၏။

ချူးယွင်ဖန်းနှင့်ယှဥ်ပါက မိမိတို့က လမ်းဘေး၌ပေါက်နေသော ပေါင်းပင်များကဲ့သို့ ခံစားခဲ့ကြဖူးသော်လည်း ယခုမူ သူ့ခန္ဓာကိုယ်ကို ရင်း၍ ၎င်းတို့အသက်ကို ကယ်ရန် ရော်ကလာခဲ့သည်။ ထိုသို့သော ဗိုလ်ချုပ်ကြီးနောက်သို့ ဘဝတစ်ခုလုံးရင်း၍ လိုက်ရလျှင်ပင် တန်ပေသည်။

ပြင်ပတပ်က ထိတ်လန့်တုန်လှုပ်နေဆဲအချိန်၌ ချူးယွင်ဖန်း လုံးဝ ပေါက်ကွဲကာ ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ခဲ့သည်။

မိုးကြိုးစွမ်းအင်များ မြင့်တက်လာမှုအောက်၌ သူ၏ အမြန်နှုန်းကလည်း အလွန်မြန်ဆန်လာခဲ့ရာ လူတိုင်းက သူ၏ နောက်ဆက်တွဲပုံရိပ်ယောင်ကိုပင် မမြင်နိုင်ကြတော့ပေ။

“အားး”

နတ်ဆိုးနတ်ဘုရားဂိုဏ်းဝင်တစ်ဦးက ရုတ်တရက် နာကျင်စွာဖြင့် အော်လိုက်သည်။

သူပင် မသိလိုက်ချိန်၌ မိုးကြိုးစွမ်းအင်များ ပြည့်နှက်နေသည့် လက်ကြီးတစ်ဖက်က သူ့ရင်ဘက်ထဲသို့ ထိုးဖောက်ဝင်ရောက်၍ အတွင်းအင်္ဂါများအားလုံးကို ကြေမွသွားစေခဲ့၏။ လျပ်စီးလှိုင်းလည်း ပျံ့နှံ့ကာ သူ့ဦးနှောက်တစ်ခုလုံးကိုပါ အသားစိုင်များအဖြစ်ပြောင်းလဲသွားစေခဲ့သည်။ ထို့နောက် သူ့အလောင်းက တောင်မြစ်ပန်းချီကားထဲသို့ ဆွဲယူခံလိုက်ရကာ ပျောက်ကွယ်သွားပေတော့၏။

“သူ့ကို သတ်ကြစမ်း… ငါတို့ ဆက်လွှတ်ပေးထားလို့မရဘူး”

ချူးယွင်ဖန်း၏ အဆက်မပြတ်သုတ်သင်မှုက နောက်ဆုံး၌ ကျွမ်းကျင်သူများစွာ၏ ‌ဒေါသကို နှိူးဆွပေးလိုက်သည်။ ချက်ချင်းပင် ထို ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများသည် ဧရိယာတစ်ခုလုံးသို့ ရောက်ရှိလာ၏။

"သူဘယ်လောက်မြန်မြန် ငါတို့အားလုံးကို ရှောင်လို့ရမှာမဟုတ်ဘူး” အလွန်ကြီးမား၍ အရုပ်ဆိုးသော သားရဲတစ်ကောင်က‌အော်လိုက်သ်ည။

၎င်းတို့၏တိုက်ခိုက်မှုများကြောင့် ကောင်းကင်တစ်ခုလုံး မြူခိုးမှုန်များပြည့်နှက်သွားစေခဲ့ကာ မှိုကဲ့သို့ မည်းနက်နေသည့် တိမ်တိုက်တစ်ခုဖြစ်ပေါ်လာစေသည်။ သို့သော်လည်း စကားဆုံးသည်နှင့် ကြီးမားသော ဓားအလင်းတစ်ခု ကောင်းကင်မှ ရုတ်တရက်ဆင်းသက်လာ၏။ ပေပေါင်းရာချီရှည်သည့် ကြောက်မက်ဖွယ်ဓားအလင်းတစ်ခုက ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်၍ သူ့ခန္ဓာကိုယ်ကို ထက်ခြမ်းကွဲသွားစေခဲ့သည်။

သားရဲ၏ မျက်လုံးများထဲ၌ မယုံကြည်နိုင်သော အကြည့်များရှိနေသည်။ ဖန်ဆင်းရှင်သတ္တမအဆင့်၌ရှိသော်လည်း ချူးယွင်ဖန်း၏ ဓားချက်တစ်ချက်ကိုပင် မခံနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

မှန်သည်။ ခဏအကြာ၌ သူ့ရှေ့တွင် သွေးများနှင့်ပေကျံနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသွေးများအနက် မည်မျှပမာဏက ချူးယွင်ဖန်း၏ သွေးဖြစ်၍ မည်မျှပမာဏက ၎င်းတို့ နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ဖြစ်သည်ကို ပြောရန် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက သွေးများဖြင့် ရွှဲနစ်လျက် သူ့မျက်နှာပေါ်တွင် အက်ကွဲကြောင်းများပင် ရှိနေခဲ့ရာ ၎င်းတို့သည်ကား

သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနေသော ရွှေခြောက်စင်းဆေးလုံး၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံး ပြိုကွဲ၍ ပြန်လည်ပေါင်းစည်းလျက်ရှိသည်။ သူသာ ကိုယ်ခန္ဓာလေ့ကျင့်နည်းစနစ်နှစ်မျိုးဖြစ်သည့် မိုးကြိုးဓားခန္ဓဦကိုယ်နှင့် ဧကရာဇ်ခန္ဓာကိုယ်တို့ကို တစ်ပြိုင်နက်တည်း မလေ့ကျင့်ခဲ့ပါက ပေါက်ကွဲ၍ သေဆုံးသွားမည်မှာ သေချာသလောက်ရှိသည်။ ချူးယွင်ဖန်းက တိုက်ခိုက်နေစဥ်အတွင်း၌ပင် တစ်ပြိုင်နက်တည်း ဒဏ်ရာများကိုလည်း ပြန်လည်ကုသလျက်ရှိသည်။ ထိုသို့ဖြစ်သော်လည်း သူ ပေါက်ကွဲတော့မည့်အလားရှိနေ၏။

ထိုသို့သော ကြောက်မက်ဖွယ် စွမ်းအားအသုံးပြုမှုက သူ့ခန္ဓဦကိုယ်တစ်ခုလုံးကို အပိုင်းပိုင်း ဆုတ်ဖြဲတော့မည့်နီးနီး ဖြစ်ပေ၏။ သို့သော် ထိုအချိန်၌ သူ့မျက်လုံးများကမူ အေးစက်နေသည်။ ဤသည်ကား စစ်မှန်သော လျစ်လျူရှု့မှုနှင့်တည်ငြိမ်မှုတို့ပင်ဖြစ်ကာ သူ့ကိုယ်ထဲရှိ နတ်ဘုရားစိတ်ဝိဉာဥ်ကလည်း မကောင်းသော အပျက်သဘောဆောင်သည့် ခံစားချက်များအားလုံးကို ဖိနှိပ်ထားသဖြင့် ပကတိတည်ငြိမ်သောအခြေအနေ၌ ရှိနေစေသည်။ မဟုတ်ပါက ပြင်းထန်သော နာကျင်မှုတစ်ခုတည်းကပင် သူ့ကို မေ့မြောသွားစေနိုင်သည်။

ယင်းက သူ၏ စိတ်စွမ်းအားမည်မျှပြင်းထန်သည်ဆိုသည်နှင့် လုံးဝမသက်ဆိုင်ပေ။ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည့် ဒဏ်ရာများအားလုံးက ဆဲလ်တိုင်း၌ ဖြစ်ပွားနေခြင်းဖြစ်သဖြင့် သာမန်ဒဏ်ရာမျိုးမဟုတ်တော့ချေ။ ထို့ထက်ပို၍ ပြင်းထန်ပါက ချူးယွင်ဖန်း၏ ဝိဉာဥ်ကိုပင် ထိခိုက်စေနိုင်သည်။ ရွှေကိုးစင်းဆေးလုံးက ထိုသို့သော အစွမ်းသတ္တိမျိုးရှိပေ၏။

ဤဖြစ်စဥ်တစ်လျှောက်လုံး ချူးယွင်ဖန်းက အသားများ စုတ်ဖြဲခံရကာ ပြန်လည်ကောင်းမွန်လာခြင်းနှင့် အတူ ခန္ဓာကိုယ်၏ ခွန်အားလည်း ပို၍ သန်မာလာသည်ကို ခံစားမိနိုင်သည်။ ဤသို့သော သန်မာသည့် အဆင့်ဖြတ်ကျော်မှုဖြင့် သူ့အနာဂတ်လမ်းကြောင်းသည်လည်း ပို၍ ရိုးရှင်းလာလိမ့်မည်။ သူ့ခန္ဓာကိုယ်ကို ရေကန်ငယ်တစ်ခုမှ မြစ်တစ်ခုအဖြစ်သို့ အတင်းအကျပ်ချဲ့ထွင်လိုက်သကဲ့သို့ လုပ်ငန်းစဥ်က အလွန်နာကျင်ဖွယ်ကောင်းကာ အန္တရာယ်လည်းများ၏။ သူသာ သတိမထားပါက ကံဆိုးမိုးမှောင်ကျရပေလိမ့်မည်။

သို့သော် အလားတူပင် ထိုအရာသာ အောင်မြင်၍ ပြီးမြောက်ခဲ့ပါက ကမ္ဘာကို တုန်လှုပ်စေနိုင်သည့် ပြောင်းလဲမှုတစ်ခုဖြစ်လာလိမ့်မည်။

--

All Chapters