← Chapters

အခန်း ၁၈၉၂

Vol. 127 Ch. 1892

အခန်း ၁၈၉၂

Vol. 127 Ch. 1892

အခန်း(၁၈၉၂) အစုလိုက်အပြုံလိုက် သတ်ခြင်း

ဝုန်း

ချူးယွင်ဖန်းးနောက်တစ်ကြိမ် ပေါက်ကွဲသွားသည်။ သူ့လက်သီးက ကောင်းကင်ကို ကွဲကြေစေကာ နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦး၏ ခန္ဓာကိုယ်ကို ကြေမွသွားစေခဲ့သည်။

‘တိုက်ခိုက်မှုတစ်ခုတည်းက လူဆယ်ဦးကို အနိုင်ယူခဲ့တယ်’

ချူးယွင်ဖန်းထုတ်လွှတ်ခဲ့သော နတ်စွမ်းအင်က တိုက်ခိုက်ရေးအစွမ်းထက် များစွာသာလွန်သည်။ သို့သော် သူ၏ကျင့်ကြံမှုအဆင့်သည် ဤအဆင့်နှင့်ဝေးကွာသောကြောင့် တိုက်ခိုက်ရေးအစွမ်းက သူ၏ လက်ရှိ နတ်စွမ်းအားထက် များစွာ နိမ့်ကျနေသည်။ သူ၏အလွန်သိပ်သည်းသော စွမ်းအင်ကို အားကိုးခြင်းဖြင့် ချူးယွင်ဖန်း၏ လက်သီးချက်က နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ ဖန်ဆင်းရှင် ဆဠမအဆင့်ကို အပိုင်းပိုင်းကွဲသွားစေရန် လုံလောက်၏။

ထိုတိုက်ခိုက်ရေးပုံစံက အလွန်ရက်စက်ကြမ်းကြုတ်ပေသည်။

ချူးယွင်ဖန်းက လက်သီးတစ်ချက်ထိုးလိုက်သည်နှင့် ကြွက်သားများ ကျိုးကြေသွားမည်ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအားက သူ့ခန္ဓာကိုယ်ကို နှစ်ဖက်သွားဓားကဲ့သို့ ဖျက်ဆီးပစ်၍ အခြားသူများကိုသာမက သူ့ကိုယ်သူလည်း ထိခိုက်စေနိုင်သည်။

ဘမ်း

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် တစ်ဖန်ပြန်လည် ပေါက်ကွဲ၍ ဖန်ဆင်းရှင် သတ္တမအဆင့်သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။ သူ့မျက်လုံးများလည်း သွေးများဖြင့် နီရဲလျက် ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ သွေးကြောများ ဖောင်းကားလာရာ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး ပြိုကွဲကုန်တော့မည့်အလားဖြစ်၏။

“သေစမ်း”

ဤသို့ဆက်လက်ဖြစ်နေပါက မထိန်းချုပ်နိုင်သည့် နတ်စွမ်းအားက သူ့ကို အပိုင်းပိုင်းကွဲထွက်သွားစေမည်ဖြစ်ကြောင်း ချူးယွင်ဖန်း သဘောပေါက်လိုက်သည်။ ပုံမှန်အခြေအနေ၌ ရွှေခြောက်စင်းဆေးလုံးသောက်ပြီးနောက် ထိုစွမ်းအားကို ချေဖျက်ရန် သီးသန့်ကျင့်ကြံသင့်သော်လည်း သူက ရွှေခြောက်စင်းဆေးလုံးကို သုံး၍ ရန်သူများကို အနိုင်ယူနေရသည်။ ထိုအချက်ကပင် သူ့ခန္ဓာကိုယ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေ၏။

ချူးယွင်ဖန်းက သူ့လက်ကို ဆန့်ထုတ်လျက် ပန်းကိုးပွင့် ကျောက်စိမ်းနှင်းဆေးလုံးကို ထုတ်ကာ ပါးစပ်ထဲတန်းထည့်လိုက်သည်။ ပန်းကိုးပွင့် ကျောက်စိမ်းနှင်းဆေးပြားသည် ချက်ချင်းပင် ကြည်လင်သော စွမ်းအင်စီးကြောင်းတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ ထို့နောက် သူ၏ဒဏ်ရာများအားလုံး အံ့မခန်းအမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည်။ ပြင်းထန်သော နတ်စွမ်းရည်ကြောင့် သူ့ခန္ဓာကိုယ်က ဆက်လက်၍ ပျက်စီးနေဦးမည်ဖြစ်သော်လည်း သူ၏ပြန်လည်ကောင်းမွန်လာမှုအမြန်နှုန်းသည် နောက်ဆုံးတွင် နတ်ဘုရားစွမ်းရည်၏အမြန်နှုန်းနှင့် နှိုင်းယှဥ်နိုင်သည်။

"အားးးးးး! သေလိုက်တော့!"

ယှဉ်နိုင်စရာမရှိအောင် ကြီးမား၍ ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင် ထပ်မံခုန်ပေါက်၍ ထွက်ပေါ်လာသည်။ ထိုသားရဲက ဖန်ဆင်းရှင်အဆင့် သတ္တမအဆင့်သို့ရောက်နေပြီဖြစ်ကာ ငှက်များ၏ စစ်မှန်သော ဘုရင်အလားပင်ဖြစ်၍ သူခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ရွှေရောင်အမွှေးများဖြင့် ဖုံးအုပ်ထားသည်။ ထိုရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးသည် နတ်ဆိုးများအနက် မျိုးဆက်တစ်ခု၏ နတ်ဆိုးဘုရင်ဖြစ်ကာ နာမည်ကြီးဂုဏ်သတင်းလည်းရှိပေသည်။ သူ၏ ခြေသည်းကြီးမားသည် တောင်တစ်တောင်ကိုပင် တို့ဟူးတစ်တုံးကဲ့သို့ အလွယ်တကူ လှီးဖြတ်နိုင်၏။

မရေမတွက်နိုင်အောင်များပြားလှသည့် အမွှေးအမျှင်များအားလုံးက ဓားအလင်းများအဖြစ် ချူးယွင်ဖန်းထံသို့လွင့်စင်သွားသည်။

“ကြယ်ကြွေကောင်းကင်လက်ဝါးရိုက်ချက်”

ချက်ချင်းပင် ချူးယွင်ဖန်း၏ ဧရာမလက်ကြီးထွက်လာကာ ရွှေရောင်ဓားအလင်းများမိုးများနှင့် ရင်ဆိုင်ခဲ့သည်။ ထို့နောက် ထိုဓားအလင်းများအားလုံး အမှုန်အမွှားများအဖြစ်ပြောင်းလဲသွား၏။

ချက်ချင်းဆိုသကဲ့သို့ပင် ခရမ်းရောင်ဓားမိုးကြိုးအလင်းက ချူးယွင်ဖန်းလက်ထဲတွင် တောက်ပလာသည်။

ရွှေရောင်တောက်ပနေသော ငှက်ကြီးကို ထိုဓားအလင်းက ထိုးဖောက်သွားသဖြင့် ငှက်၏ ဦးခေါင်းပေါက်ကွဲကာ ဧရာမခန္ဓာကိုယ်ကြီးလည်း အောက်သို့ ပြုတ်ကျလာသည်။ သို့သော် မြေပြင်ပေါ်သို့ မရောက်မီ၌ ချူးယွင်ဖန်း၏လက်ထဲသို့ ကျရောက်သွားကာ တောင်မြစ်ပန်းချီကားထဲသို့ ချက်ချင်းစုပ်ယူခံလိုက်ရသည်။

နောက်ဆုံး၌ နင်ယန်တု၏ မျက်နှာအမူအရာပြောင်းလဲသွားသည်။ ယခင်က အဆင်ပြေခဲ့သော်လည်း ယခုအခါ ဂုဏ်သိက္ခာရှိသော ဖန်ဆင်းရှင် သတ္တမအဆင့် နတ်ဆိုးဘုရင်တပါးသည် ချူးယွင်ဖန်း၏ ဓားဖြင့် သုတ်သင်ခံရကာ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားခဲ့သည်။

ချူးယွင်ဖန်း၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက ယခင်ကထက် ဆယ်ဆကျော်ပိုမို များပြားသည်ဖြစ်၍

.အဆပေါင်းများစွာ တိုးလာခြင်းဖြစ်သည်။အရေးအကြီးဆုံးအချက်က ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအစွမ်းက ဆက်လက်တိုးတက်နေဆဲဖြစ်သည်။ ထိုအခြေအနေအရ သူက ဖန်ဆင်းရှင်အဆင့် အတားအဆီးကို ချိုးဖျက်နိုင်တော့မည်ဖြစ်ကာ ယင်းက အားလုံးအကြောက်ဆုံးအရာပင်ဖြစ်သည်။

နင်ယန်တုက ၎င်းကို ဆက်၍ မလွှတ်ထားပေးသင့်ကြောင်း သိသည်။ ဤအဆင့်၌ ထိုနတ်ဆိုးဘုရင်များသည် ချူးယွင်ဖန်းကို ဆက်လက်၍ ထိန်းချုပ်နိုင်တော့မည်မဟုတ်ကြောင်း ပြောနိုင်သည်။

နင်ယန်တုက စတင်လှုပ်ရှားလိုက်သည်။

ဘမ်း

ကြောက်မက်ဖွယ် လက်ကြီးတစ်ဖက်က ကောင်းကင်ကို ဖြတ်၍ ချူးယွင်ဖန်းကို ဆွဲကိုင်လိုက်သည်။

ထိုသွေးနီရောင်နတ်ဆိုးလက်ကြီးမှ အရင်းတည်လာသော စွမ်းအင်များသည် အလွန်လျင်မြန်သော အရ အရှိန်ဖြင့် ကောင်းကင်တစ်ခွင်ပျံ့နှံ့သွားသည်။

ချူးယွင်ဖန်းသည် ချက်ချင်းပင် မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက သူ့အပေါ် ဖိစီးလာသည်ကို ခံစားလိုက်ရသည်။ သူ၏ လက်ရှိတိုက်ပွဲစွမ်းရည်သည် ဖန်ဆင်းရှင်အဆင့် သတ္တမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ဖန်ဆင်းခြင်းအဆင့် သတ္တမအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းတော့လုနီးနီးဖြစ်နေ၏။ သို့သော်လည်း ဤကြီးမားသော စွမ်းအားသည် နင်ယန်တု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများရှေ့တွင် မည်သို့မျှမဟုတ်ပေ။ သူ၏ စွမ်းအားက ကန့်သတ်ချက်ကို ကျော်လွန်၍ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ရောက်ရှိသွားသကဲ့သို့ ထင်ရသည်။

ယင်းက တစ်ကမ္ဘာလုံးတွင် ထိပ်တန်းအဆင့်သတ်မှတ်ချက်ရှိသည့် ကြောက်မက်ဖွယ် ခွန်အားတစ်ခုဖြစ်သည်။

“အချိန်ကျပြီ” ချူးယွင်ဖန်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။

သူ့ခန္ဓာကိုယ်က ဖျတ်ခနဲလတ်သွားကာ အရပ်မျက်နှာအဘက်ဘက်မှလာသည့် ကြီးမားသော လက်ကြီးကို ရှောင်တိမ်းလိုက်သည်။ ချူးယွင်ဖန်းက ထိုလွှမ်းမိုးနိုင်စွမ်းပြင်းသော အရှိန်အဝါကို ဖြိုခွင်း၍ ချိုင့်ဝှမ်းရှေ့၌ ပြန်ပေါ်လာသည်။

“ဗိုလ်ချုပ်ကြီး”

ပြင်ပတပ်မတော်က အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်။

“ဟမ်” နင်ယန်တုက ချူးယွင်ဖန်း စီစဥ်နေသည့်အရာကို နောက်ဆုံး၌ သဘောပေါက်သွားခဲ့သည်။

သူသာ ဤနေရာ၌ရှိနေပါက ချူးယွင်ဖန်းက သူ၏ ခံစစ်မျဥ်းကို ထိုးဖောက်၍ ချိုင့်ဝှမ်းထဲမှ လူများကို ကယ်တင်နိုင်မည်မဟုတ်ပေ။ သို့သော် ယခု သူက ချူးယွင်ဖန်းနှင့်တိုက်ခိုက်နေခြင်းဖြစ်၍ ခံစစ်မျဥ်းက ရုတ်တရက်လျော့ရဲကာ သူ ့အတွက် အခွင့်အရေးရသွားသည်။

“စဥ်းတောင်မစဥ်းစားနဲ့” နင်ယန်တုက ကြုံးဝါးလိုက်သည်။

သွေးနီရောင်လက်ဝါးတစ်ချက်က ကောင်းကင်မှ ပြုတ်ကျလာသည်။ ၎င်းက မီတာတစ်ထောင်ခန့်ကြီးမား၍ ချိုင့်ဝမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ချူးယွင်ဖန်း ထွက်ပြေးနိုင်လောက်မည့် လမ်းကြောင်းအားလုံးကို ပိတ်ထားလိုက်သည်။ သူ ထွက်ပြေးနိုင်ရန် အခွင့်အရေးတစ်ခုတစ်လေမျှပင် မပေးထားခဲ့ပေ။

ထို ဖိအားမည်မျှကြောက်စရာကောင်းသည်ကို ချူးယွင်ဖန်း ခံစားမိနိုင်သည်။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအင်က ကောင်းကင်ထိ တစ်ဟုန်ထိုးမြင့်တက်ကာ သူ၏ အစွမ်းသတ္တိအားလုံးဖြင့် ပေါက်ကွဲထွက်လာသည်။ သူသည် ကောင်းကင်ကို လက်ဖြင့်ထောက်လျက် မြှောက်တင်တော့မည့် ပုံစံလုပ်လိုက်သောအခါ တစ်ချိန်တည်း၌ပင် သူ့ခေါင်းပေါ်ရှိ တောင်မြစ်ဆေးဖိုကြီး ကောင်းကင်သို့ ပျံသန်းသွားသည်။

ချွင်

သွေးရောင်လက်ဝါးချက်က ပြင်းထန်စွာ အရှိန်ပြင်းပြင်းဖြင့် ကျဆင်းလာကာ တောင်မြစ်အိုးပေါ်သို့ ရိုက်ခတ်သွားသည်။

ဖွီး

ချူးယွင်ဖန်းက သွေးတစ်ပွက်အန်ထုတ်လိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲတော့ပေမည်။

ထိုတိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ရှိ ဟန်ချက်ကို ဖျက်ဆီးပစ်လိုက်သည်။ တောင်မြစ်အိုးက ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခုကို ထုတ်လွှတ်လျက် အဆက်မပြတ် တုန်ခါနေ၏။ ချူးယွင်ဖန်းက ပြင်းပြင်းထန်ထန်တောင့်ခံကာ ခွန်အားအပြည့်ဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်လျက် ပြင်ပတပ်မတော်တစ်ခုလုံးကို ဆွဲယူလိုက်သည်။

ဘမ်း

ချူးယွင်ဖန်းသည် မြေပြင်သို့ တစ်ချက်ကန်ကာ လျှပ်စီးအလင်းအဖြစ်ပြောင်းလဲ၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။

“ထွက်ပြေးဖို့ ကြိုးစားနေတာလား”

ချူးယွင်ဖန်းကို တစ်ချက်တည်းဖြင့် မသတ်နိုင်ကြောင်း မြင်လိုက်ရသည့်အခါ နင်ယန်တု အနည်းငယ်စိတ်ရှုပ်သွားသည်။ သို့သော် ယခုအချိန်၌ ချူးယွင်ဖန်းကို အလွှတ်မပေးနိုင်ပေ။ အခက်အခဲများစွာကြားမှ ထိုသို့ထောင်ချောက်ဆင်ပြီးသည့်နောက်၌ အဘယ်ကြောင့် ဤမျှ လွယ်လင့်တကူ အလွတ်ပေးနိုင်မည်နည်း။

နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် လက်ဖဝါးတစ်ခုထွက်ပေါ်လာပြန်သည်။

ဘမ်း

ထိုတိုက်ခိုက်မှုက တောင်မြစ်အိုးကို ထိမှန်၍ အိုးလည်း လွင့်ထွက်လုနီးပါးဖြစ်ခဲ့ရသည်။

--

All Chapters