← Chapters

အခန်း ၁၈၉၃

Vol. 127 Ch. 1893

အခန်း ၁၈၉၃

Vol. 127 Ch. 1893

အခန်း(၁၈၉၃) ရှုံးနိမ့်သူကဲ့သို့ နတ်ဆိုနတ်ဘုရားဂိုဏ်းခေါင်းဆောင်

ချူးယွင်ဖန်း၏ လက်ရှိခွန်အားက ကြောက်မက်ဖွယ်ကောင်းသော်လည်း နင်ယန်တုက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုရပေမည်။ ချူးယွင်ဖန်း၏ ခွန်အားကကန့်သတ်ချက်ကို ကျော်လွန်သွားသည့်တိုင် သူ့ကိုလုံးဝ မယှဥ်နိုင်သေးပေ။

ဤရိုးရှင်းသောတိုက်ခိုက်မှုကြောင့် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

"မြန်မြန်သွားပြီး ထွက်သွား!" ချူးယွင်ဖန်းက လက်ပြလိုက်သောအခါ ပြင်ပတပ်မတော်သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်။

ချူးယွင်ဖန်းလည်း သက်ပြင်းတစ်ချက်ချလိုက်၏။

"သူတို့နောက်ကို လိုက်သွား။ သူတို့ကို အလွတ် မပေးနိုင်ဘူး!" နင်ယန်တုက ကြုံးဝါးလိုက်သည်။

နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများသည် ချက်ချင်းပင် ပြင်ပတပ်မတော်နောက်သို့ အပြေးအလွှားလိုက်ကြသည်။

ထိုအချိန်၌ ရန်သူသည် ချူးယွင်ဖန်းကို အတန်ငယ်ကြောက်နေပြီးဖြစ်သည်။ ၎င်းတို့ကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်၍ ဒဏ်ရာ ရစေခဲ့မှုက အတန်ငယ် ထိတ်လန့်ဖွယ်ကောင်သည်။ ချူးယွင်ဖန်းက ထိုအခြေအနေ၌ ထိုအခြေအနေ၌ တစ်စုံတစ်ခုကြောင့် အလွန်အကျွံအင်အားကြီးလာခြင်းဖြစ်သည်ကို ၎င်းတို့သိကြသည့်တိုင် အချိန်တိုအတွင်း၌ ကြောက်မက်ဖွယ်ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်ကိုလည်း အားလုံး မြင်တွေ့နိုင်ကြသည်။ ချူးယွင်ဖန်းသာ ထိုသို့ ဆက်လက်ဖြစ်နေမည်ဆိုပါက ၎င်းတို့သည် သူနှင့်ယှဥ်နိုင်စွမ်းရှိကြတော့မည်မဟုတ်ဘဲ ခဏတာလေးအတွင်း၌ သူ့လက်ချက်ဖြင့် သေဆုံးသွားနိုင်သည်။

၎င်းတို့ မည်သို့မျှ မလုပ်နိုင်ကြသေးခင်၌ အစိမ်းရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည့် ငှက်တစ်ကောင်က ချူးယွင်ဖန်း၏ ဘယ်ဘက်သို့ ပျံသန်းသွားကာ ဓားအလင်းတစ်ခု၏ ထိုးဖောက်မှုကို ခံလိုက်ရသည်။

ငှက်က လေထဲ၌ပင် ထိုးဖောက်ခံလိုက်ရရာ ၎င်း၏ ဧရာမခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြုတ်ကျမလာခင်၌ ချူးယွင်ဖန်းက သူ့ကို တောင်မြစ်ပန်းချီကားထဲသို့ စုပ်ယူလိုက်သည်။

“ငါ့လူတွေကို ဖမ်းချင်ရင် ငါ့အလောင်းကို ဖြတ်သွားနိုင်မှပဲ ရမယ်” ချူးယွင်ဖန်း၏ အသံက အေးစက်နေသည်။

သူ့ခန္ဓာကိုယ်ထဲမှ နာကျင်မှုကို တောင့်ခံထားရသဖြင့် မျက်နှာတစ်ခုလုံဂက ဖြူဖျော့နေ၏။ ခန္ဓာကိုယ်ထဲမှ သွေးကြောများ ပေါက်ကွဲတော့မည့်အလား ကြွက်သားများပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာ၏။

"ဒါဆို ငါမင်းကိုသတ်ပြီး မင်းအလောင်းကို ကျော်ပြမယ်!" နင်ယန်တုက တစ်ချက်ကန်ချလိုက်သည်။

ချက်ချင်းပင် ကမ္ဘာကြီဂတစ်ခုလုံး လည်ထွက်သွား၏။ ထိုကန်ချက်က ကမ္ဘာတစ်ခုလ့ဂကို အပိုင်းပိုင်းအစိတ်စိတ် စုတ်ဖြဲပစ်လိုက်တော့မည့်နှယ်ထင်ရပေသည်။

ဘုန်း

ထိုကန်ချက်က ချူးယွင်ဖန်း၏ ခေါင်းပေါ်ရှိ တောင်မြစ်အိုးကိုထိမှန်သွားကာ သတ္ထုနှစ်ခုတိုက်မိသည့်အလား အသံတစ်ခုထွက်ပေါ်လာကာ အိုးကြီးလည်း ပြင်းပြင်းထန်ထန် တုန်ခါသွား၏။

“ချိုးဖျက်” ချူးယွင်ဖန်းက ကြုံးဝါးလိုက်သည်။

ဤအခိုက်အတန့်၌ အလွန်အစွမ်းထက်သော ရွှေ‌ခြောက်စင်းဆေးလုံး၏အစွမ်းက စတင် မှေးမှိန်စပြုလာသည်။ ရွှေခြောက်စင်းဆေးလုံး၏ ဆေးအစွမ်းက ချူးယွင်ဖန်း၏ ကျင့်ကြံမှု ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်အဆင့်သို့ တိုးတက်လာစေခဲ့သည်။ သို့သော် ၎င်းသည် နောက်ဆုံးသော အကန့်အသတ်ဖြစ်၍ နင်ယန်တုကဲ့သို့သူကို ကိုင်တွယ်ရန် မလုံလောက်ပေ။ နင်ယန်တု၏ အစွမ်းက ထိုဆေးလုံး၏ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့သည်။

အစောပိုင်းက ဆက်တိုက် အဆင့် ဖြတ်ကျော်လာပြီးနောက် ရွှေခြောက်စင်းဆေးလုံး၏ အစွမ်းသတ္တိက တဖြည်းဖြည်းချင်းဖြင့် လျော့နည်းလာခဲ့၏။ ယခုတင် သူ ထုတ်ပြနိုင်ခဲ့သည့် ခွန်အားနှင့် မယှဥ်နိုင်တော့ပေ။ သို့သော် ထိုအချိန်၌ ချူးယွင်ဖန်းက ထူးဆန်းသော ဘာသာစကားဖြင့် စာလုံးတချို့ကို ရွတ်ဆိုလိုက်ရာ ထိုရွတ်ဆိုမှု၏ လွှမ်းမိုးမှဒအောက်၌ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ သွေးများ စတင်လောင်ကျွမ်းလာသည်။

ဘမ်း

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲမှ သွေးများနှင့်စွမ်းအင်များ အရူးအမူးလောင်ကျွမ်းလာသည်။ ထိုအချိန်ခဏလေးအတွင်း၌ သူ၏ ခွန်အားက ပြန်လည် မြင့်တက်လာပြန်သည်။ ကျဆင်းနေသည့် သူ၏ နတ်စွမ်းအားလည်းပြန်လည်၍ ဆူပွက်စပြုလာကာ ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်သို့ တက်လှမ်းကာ ယင်းအကန့်အသတ်ကိုပင် ဖြတ်ကျော်စပြုလာသည်။

“အားးးးးးးး”

ချူးယွင်ဖန်းက ပြင်းထန်သော နာကျင်မှုကို ခံစားနေရကာ နတ်ဘုရားစိတ်ဝိဉာဥ်ကပင် ထိုနာကျင်မှုကို မဖိနှိပ်နိုင်တော့ပေ။ သူ့သွေးများနှင့် စွမ်းအင်များ လောင်ကျွမ်းနေကာ ဝိဉာဥ်ကိုပင် ဆုတ်ဖြဲနိုင်သည့် စွမ်းအားတစ်ခုရှိနေသည်။ ချူးယွင်ဖန်းက သူ့အသက်စွမ်းအင်ကို လောင်ကျွမ်းစေခဲ့ခြင်းပင်ဖြစ်၏။

ဤသည်ကား သူ၏ နောက်ဆုံးသော လျို့ဝှက်ချက်ပေတည်း။

ရှေးအင်မော်တယ် ဖီးနစ်နက်၏ နတ်ဝိဉာဥ်အပိုင်းအစတစ်ခုဖြင့် ပေါင်းစပ်ထားသဖြင့် သူ့သက်တမ်းက သာမန်လူများထက် အဆပေါင်းများစွာ ပို၍ ရှည်လျားသည်။ ဤသည်က သူ၏ အသက်စွမ်းအင်ကို စတေးပစ်သည့် လှုပ်ရှားမှုအား ဝှက်ဖဲအဖြစ်အသုံးပြုနိုင်သည့် အခြေခံ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။ သာမန်လူတစ်ဦးသာ ဖြစ်ပါက ထိုသို့ လုပ်ရန် ရွေးချယ်မည်မဟုတ်ပေ။ ၎င်းတို့၏ သက်တမ်းကို လောင်ကျွမ်းစေခြင်းက အခြားသူများထက် သက်တမ်းတိုစေသည်ဖြစ်သဖြင့် အနာဂတ်တွင် အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုရှိသောအရာတစ်ခု ဖြစ်လာလိမ့်မည်။

သို့သော် ချူးယွင်ဖန်းအတွက် ဤသည်ကား လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြစ်၏။

ဘမ်း

ဤသို့ဖြင့် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအစွမ်းက အမည်မသိ အဆင့်တစ်ခုသို့ အလျင်စလိုပင် ဝင်ရောက်သွားကာ ဖန်ဆင်းရှင်အဆင့်ကို လုံးလုံးလျားလျား ကျော်လွန်သွားသည်။ သို့သေ် သူ့အကန့်အသတ်သို့ ရောက်တော့မည်ဟုလည်း ခံစားလိုက်ရ၏။ သူ၏ အသက်ငါးဆယ်စာ သက်တမ်းကို လောင်ကျွမ်းစေခဲ့ကာ အားလုံးကို သူ့တိုက်ခိုက်မှုထဲသို့ စုစည်းလိုက်၏။

“အံ့ဖွယ်လက်သီး ရှစ်ချက်”

ချူးယွင်ဖန်းက ကြုံးဝါး၍ လက်သီးဆုပ်လိုက်သောအခါ သွေးရောင်တောက်နေသော စွမ်းအင်များထွက်ပေါ်လာကာ သူ့လက်မောင်းတစ်ဝိုက်သို့ ရစ်နွယ်သွားသည်။

ဘမ်း

ကောင်းကင်တစ်ခုလုံး ပြိုကျလာသည်။ ဤလက်သီးချက် ဖြတ်သန်းသွားသည့်နေရာတစ်လျှောက်တွင် ပေါက်ကွဲမှုကြောင့် မှိုတိမ်တိုက်များဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်စွမ်းအားက အရာအာ းလုံးကို ဖျက်ဆီးပစ်ကာ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဘမ်း

ဖွိး

ဖမ်း

ထိုအခိုက်အတန့်တွင် အချိန်မီ မတိမ်းရှောင်နိုင်ခဲ့သည့် နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများအားလုံးလည်း ထိုထိုးချက်၏ နောက်ဆက်တွဲပေါက်ကွဲမှုများကြောင့် အဝေးသို့ လွင့်ထွက်ကာ ဒဏ်ရာအပြင်းအထန် ရကုန်သည် ၎င်းတို့အနက်မှ တချို့မှာမူ ထွက်ပြေးရန် အချိန်ပင်မရှိသဖြင့် နေရာ၌ပင် ပွဲချင်းပြီး အပိုင်းပိုင်း ပေါက်ကွဲသွားကြသည်။

အားလုံး လွင့်စင်ကုန်ပြီးနောက် မယုံကြည်နိုင်မှုတို့ဖြင့် မျက်လုံးများ ပြူးပြာကုန်ကြ၏။ မည်သို့သော စွမ်းအားမျိုးက ဤမျှ ပြင်းထန်သနည်း။ ၎င်းတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ချူးယွင်ဖန်း ထိုသို့ စွမ်းအင်မျိုးကို ထုတ်သုံးနိုင်လိမ့်မည်ဟု မထင်ထားကြပေ။

ထိုအချိန်၌ ချူးယွင်ဖန်း အဘယ်ကြောင့် တစ်ဦးတည်း လာရဲရသည်ကို နားလည်သွားကြသည်။ သူ့ခွန်အားက မဆိုးလှသော်လည်း ၎င်းတို့အမြင်၌ သူသည် ပုရွက်ဆိတ်တစ်ကောင်သာဖြစ်ခဲ့သည်။

‘ဖန်ဆင်းရှင်အဆင့်တောင်မရောက်သေးဘဲနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ’

သို‌သော် ချူးယွင်ဖန်းသည် အတင်းအကြပ် ဖိအားပေးချောင်ပိတ်ခံလိုက်ရသောအခါ ဤမျှ ကြောက်မက်ဖွယ်တိုက်ခိုက်မှုမျိုးကို ထုတ်သုံးနိုင်လိမ့်မည်ဟု မည်သူသိမည်နည်း။ လက်သီးတစ်ချက်တည်းဖြင့် ၎င်းတို့အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရကုန်ကြရာ အချိန်မီ မထွက်ပြေးနိုင်သဖြင့် ပွဲချင်းပြီး နေရာ၌ပင် သေဆုံးသွားကြရသူများလည်းရှိသည်။

ထိုသို့သော တိုက်ခိုက်မှုမျိုးက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည်ဟု ပြောနိုင်သည့်အပြင် ယခုအချိန်ထိ ရပ်တန့်သွားခြင်းမရှိသေးပေ။

၎င်းက နင်ယန်တုကို ထိမှန်သွားသည်။

ဘမ်း

ထိုလက်သီးက နင်ယန်တုတည့်တည့်သို့ သက်ဆင်းသွားခဲ့သော်လည်း တစ်ချိန်တည်း၌ပင် သူ့ရှေ့၌ အတားအဆီးအကာအကွယ်များ ပေါ်လာခဲ့ကာ အကာအကွယ်ရာပေါင်းများစွာက သူ့ကို ကာကွယ်ပေးထားသည်။ သို့သော်လည်း ၎င်းက အသုံးမဝင်ပေ။ ထိုထိုးနှက်ချက်ရှေ့၌ အတားအဆီးများအားလုံးက စက္ကူတစ်ရွက်ကဲ့သို့ ချက်ချင်း စုတ်ပြုဲကုန်ကြသည်။

နောက်ဆုံး၌ လက်သီးချက်က နင်ယန်တု၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ အနီရောင်အလင်းတန်းများတောက်ပနေသည့် အတွင်းဝတ်ခံချပ်ဝတ်ရုံက သူ့ခန္ဓာကိုယ်၌ ပေါ်လာသော်လည်း ခဏတာသာ တားနိုင်ခဲ့၍ လက်သီး၏ ထိုးဖောက်ခြင်းခံခဲ့ရ၏။

ဘမ်း

ထိုလက်သီးသည် အရှိန်လျော့ခြင်းအလျင်းမရှိဘဲ နင်ယန်တု၏ ရင်ဘတ်ကို ထိုးဖောက်သွားကာ အပေါက်ကြီးတစ်ပေါက်ဖြစ်စေခဲ့သည်။

"အားးးးးးးး!"

နင်ယန်တုထံမှ သွေးပျက်မတက် အော်သံထွက်လာကာ ချက်ချင်းနောက်ဆုတ်လျက် အဝေးသို့ အလျင်စလိုထွက်ပြေးသွားသည်။ သူ့ အတွင်းခံချပ်ဝတ်ကြောင့်သာမဟုတ်ပါက နှလုံးနှင့် အတွင်းအင်္ဂါများ ကြေမွသွားရပေလိမ့်မည်ဖြစ်ကာ ချက်ချင်းပင် သေရပေမည်။

ထိုအခြေအနေမျိုးတွင် သူမည်သို့ ဆက်နေရဲတော့မည်နည်း။

ချက်ချင်းပင် သူ အဝေးသို့ ထွက်ပြေးသွား၏။

--

All Chapters