အခန်း ၁၈၉၄
Vol. 127 Ch. 1894
အခန်း(၁၈၉၄) အားလုံး သုတ်သင်ခံရခြင်း
ဝှစ်
ဝှစ်
ဝှစ်
နင်ယန်တု ထွက်ပြေးလွတ်မြောက်သွားသော်လည်း ချူးယွင်ဖန်းက သူ့နောက်သို့ လိုက်ရန် ခွန်အားမရှိတော့ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း ပွင့်ထွက်လျက် သွေးကန်ထဲတွင် ငါးမျှားထွက်လာသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး စိုရွှဲကုန်သည်။
သူ့ သက်တမ်းနှစ်ငါးဆယ်ကို စတေးခဲ့သည့် ရလဒ်အဖြစ် ထိုလက်သီးချက်က သူ့အစွမ်းအစအားလုံးကို ကုန်ဆုံးစေခဲ့သည်။ အကယ်၍ သူသာ ရှေးအင်မော်တယ် ဖီးနစ်နက်၏ ဝိဉာဥ်အပိုင်းအစနှင့် ပေါအင်းစပ်ခြင်းမပြုခဲ့ပါက ကျန်ရှိသော သက်တမ်းတစ်ဝက်တွင် ထိပ်တန်း ပါရမီရှင်များကို လိုက်မီနိုင်ရန် ခက်ခဲပေလိမ့်မည်။
‘ဟူး … ဟူး .. ဟူး..” နောက်ထပ်တစ်ခလေးအတွင်း၌ ပေါက်ကွဲတော့မည့်အလား အသက်ပြင်းပြင်းရှူလိုက်သည်။
“သူ့ကို သတ်ကြ.. .အခု သူအားအနည်းဆုံးအချိန်ပဲ။ သူ့ကို သတ်ကြ”
အမွှေးဖြူဖြူများဖုံးလွှမ်းနေသည့် နတ်ဆိုးမျောက်ဝံဘုရင်က ဒေါသတကြီး ကျယ်လောင်စွာအော်ုလကိ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများမှ ကြောက်မက်ဖွယ်အလင်းများတောက်ပနေ၏။ နောက်ဆုံးတွင် ချူးယွင်ဖန်းကို ဖမ်းနိုင်မည့်အခွင့်အရေးကို ရခဲ့ပြီဖြစ်သည်။
ဤသည်က မည်မျှရှားပါးသော အခွင့်အရေးဖြစ်သနည်း။
၎င်းတို့မလာခင်၌ မည်သူကမျှ ၎င်းတို့စီစဥ်ထားသော လူအရေအတွက်က မှားယွင်းလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ ချူးယွင်ဖန်းတွင် ကာကွယ်သူ ရှစ်ယောက် ဆယ်ယောက်ရှိလျှင်ပင် ၎င်းတို့ အနိုင်ရရန် ခက်ခဲပေလိမ့်မည်။ နောက်ဆုံးတွင်မူ ၎င်းက ချူယွင်ဖန်း၏ နော်ကမှ ကာကွယ်သူများကို ရင်ဆိုင်ရန်အတွက်မဟုတ်ဘဲ ချူးယွင်ဖန်းကို ရင်ဆိုင်ရန် အသုံးပြုလိုက်ရလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ၎င်းတို့ကို ပို၍ အရှက်ရစေသည်မှာ ချူးယွင်ဖန်းတစ်ဦးတည်း၏ ခွန်အားဖြင့် ၎င်းတို့ကို ဆုတ်ခွာလုနီးနီးဖြစ်အောင် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက ၎င်းတို့ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့အားလုံးက နာမည်ဆိုးဖြင့် ကျော်ကြားကာ အလွန် အံ့ဖွယ် ဂုဏ်သတင်းများရှိနေသည်ကို လူတိုင်းသိကြသည်။ တကယ်တမ်းတွင် ထိုသို့ မကြာ သေးခင်ကမျှ ထွန်းတောက်လာသည့် လူသားမျိုးနွယ်၏ ကြယ်တစ်ပွင့်က ၎င်းတို့ကို ထိုသိုအခြေအနေထိရောက်အောင် အနိုင်ယူနိုင်ခဲ့သည်။ ချူးယွင်ဖန်းက အလွန်လျို့ဝှက်သော နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြောင်း ၎င်းတို့သိသော်လည်း ယင်းက အလွန်အမင်းကြီးမားသည့် အရှက်ကွဲမှုတစ်ခုဖြစ်နေသေးသည်မှာလည်း အမှန်ပင်ဖြစ်ပေ၏။
သို့ထိတိုင် ချူးယွင်ဖန်းက ယခုအချိန်တွင် အရှိန်လျော့၍ အဆုံးသို့ရောက်နေပြီဖြစ်သော မြှားတစ်စင်းဖြစ်နေသည်ကို ၎င်းတို့နားလည်ကြသည်။ နင်ယန်တုကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သော ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအပြီးတွင် ချူးယွင်ဖန်းတွင် ယခင်ကကဲ့သို့ ခွန်အားနှင့် အရှိန်အဝါမရှိတော့ပေ။
ယခုအချိန်၌ သူသည် သေလုမျောပါးဖြစ်နေသော ဒဏ်ရာရ သားရဲတစ်ကောင်နှင့်တူသည်။
“သေစမ်း” နတ်ဆိုးမျောက်ဝံဘုရင်က ကြုံးဝါးလိုက်သောအခါ သူ့လက်ထဲ၌ တုတ်တစ်ချောင်းပေါ်လာကာ အချိန်တိုအတွင်း၌ ချက်ချင်ပင် ၎င်းက ကျိုင်းတစ်ခုအဖြစ်ပြောင်းလဲ၍ တောင်တစ်လုံးပမာဏထိ ကြီးမားလာသည်။
သူက ကောင်းကင်မှ နေ၍ ချူးယွင်ဖန်းဆီ ပစ်ပေါက်လိုက်သည်။
နတ်ဆိုးမျောက်ဝံဘုရင်၏ မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှုများ အတိုင်းသားထင်ဟပ်နေသည်။ သူ၏ ပေါင်တစ်ထောင်အလေးချိန်ရှိသည့် ကျိုင်းတစ်ချက်တည်းဖြင့် ချူးယွင်ဖန်းကို သတ်ချင်နေခြင်းဖြစ်သည်။
ချွင်
ထိုထိမှန်မှုမှ သတ္ထု ပွတ်တိုက်သံတို့ ထွက်ပေါ်လာသည်။ လူအများ မျှော်လင့်ထားသကဲ့သို့ ချူးယွင်ဖန်းသည် ထိုကျိုင်းဖြင့် သုတ်သင်ခြင်း မခံခဲ့ရပေ။
ဘမ်း
ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည့်အခါ ထိုတိုက်ခိုက်မှုကြီးက ချူးယွင်ဖန်းကို မည်သို့မျှ ထိခိုက်စေခဲ့ခြင်းမရှိသည်ကို လူတိုင်း သတိပြုမိခဲ့ကြသည်။ သူ့လက်က ကောင်းကင်ကို ထောက်ထားကာ ကျိုင်းကို တားဆီးထားနိုင်ခဲ့၏။
ဤတိုက်ခိုက်မှုက သူ၏ ဒဏ်ရာများကို ပို၍ စုတ်ပြဲသွားစေသဖြင့် သူ သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ သို့သော်လည်း သူ၏အသားအရေမှာ ယခင်ကထက် များစွာကောင်းမွန်လာသည်။
“မင်းတို့လို ခွေးမသားတွေကို ကိုင်တွယ်ဖို့ကျန်သေးတယ်။ အခု နင်ယန်တု ထွက်ပြေးသွားပြီဆိုတော့ မင်းတို့ထဲက ဘယ်သူမှ မလွတ်တော့ဘူး”
ချူးယွင်ဖန်းက တောင်မြစ်ပန်းချီကားထဲသို့ လက်လှမ်း၍ ပန်းကိုးပွင့် ကျောက်စိမ်းဆေးနှစ်လုံးကို ထပ်မံသောက်သုံးလိုက်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် ဆေးနှစ်လုံးက စွမ်းအင်စီးကြောင်းအဖြစ်ပြောင်းလဲ၍ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများနှင့် ခြေလက်များတစ်လျောက် ပျံ့နှံ့သွားသည်။ စွမ်းအင်အလွန်အကျွံအသုံးချခြင်းကြောင့် ပျက်စီးသွားသော ဆဲလ်များသည် ဤစွမ်းအား၏ အာဟာရဖြည့်တင်းမှုအောက်၌ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည်။
ချူးယွင်ဖန်း၏ ဒဏ်ရာများသည် ယခင်က မည်သည့်အချိန်၌မဆို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တော့မည့် ပုံစံနှင့်မတူဘဲ ပို၍ တည်ငြိမ်လာခဲ့သည်။
ဘမ်း
ချူးယွင်ဖန်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့် သူ့ခန္ဓာကိုယ်က လျှပ်စီးတစ်စင်းအလား ဖျတ်ခနဲတာက်ပလာကာ နောက်ထပ်တစ်ခဏ၌ ဓားတစ်စင်းအဖြစ် စုစည်း၍ ဓားအလင်းကလည်း ပေတစ်ရာပတ်လည်ထိ ခုတ်ပိုင်းပစ်လိုက်သည်။ နတ်ဆိုးမျောက်ဝံဘုရင်၏ ဦးခေါင်းကို ဖြတ်ကာ လေထဲသို့ လွင့်ထွက်သွားစေခဲ့သည်။ နတ်ဆိုးမျောက်ဝံဘုရင်၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။ သူသည် ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးဖြစ်ကာ နတ်ဆိုးများကြား၌ အမည်ဆိုးဖြင့် ကျော်ကြားသည်။ ထို့အပြင် တစ်ချိန်က တရှ၏ ကျွမ်းကျင်သူများစွာကို သုတ်သင်ခဲ့ဖူးသည်။
သို့သော်လည်း ယခုမူ သူသည် လတ်တလောမှ ထွန်းတောက်လာသည့် ကြယ်တစ်ပွင့်၏ လက်ထဲ၌ သေဆုံးသွားခဲ့သည်။
မီးစာကုန်နေသော အမြှောက်တစ်စင်းကဲ့သို့ ထင်ရသော်လည်း သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
နတ်ဆိုးမျောက်ဝံဘုရင်ကို သတ်ပြီးနောက် ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများ ပိုဆိုးလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် အံကို တင်းတင်းကြိတ်၍ တစ်ခဏအတွင်း လျှပ်စီးနဂါးတစ်ကောင်အဖြစ်ပြောင်းလဲ၍ ကျန်ရှိနေသည့် နတ်ဆိုးများနှင့် နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများထံ ပြေးသွားလိုက်သည်။
ချူးယွင်ဖန်းက ၎င်းတို့အနက်မှ တချိ့ကို သုတ်သင်ပြီးသွားဖြစ်ကာ ယခုတင် ထိုးနှက်ခဲ့သည့် လက်သီးချက်ကြောင့် ယခု အယောက်နှစ်ဆယ်အောက်သာကျန်တော့သည်။ ကျန်သောသူများလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ကြသည်ဖြစ်၍ ချူးယွင်ဖန်းက စွမ်းအားအပြည့်မရှိလျှင်ပင် ၎င်းတို့ကရော မည်သို့ ပို၍ သာနိုင်မည်နည်း။ ၎င်းတို့၏ တိုက်ခိုက်ရေးစွ၎်းအားက ယခင်ကထက် ထက်ဝက်မျှပင် မရှိပေ။
ချူးယွင်ဖန်းက သိုးအုပ်ထဲဝင်လာသည့် ကျားတစ်ကောင်ကဲ့သို့ ကျွမ်းကျင်သူများစွာကို ရူးနှမ်းစွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။
နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများအနက် တစ်ဦးက ချူးယွင်ဖန်းကြောင့် ထပ်မံခေါင်းဖြတ်ခံခဲ့ရပြန်ကာ ချူးယွင်ဖန်းက ထိုသူ၏ကျိင်းကို သိမ်းပိုက်ခဲ့သည်။ ထိုသူက လုံးလုံးလျားလျား ခုခံနိုင်စွမ်းမရှိခဲ့ပေ။ သူ့ခေါင်းကွဲသွားပြီးနောက် ခေါင်းတစ်ခုလုံးက ဦးနှောက်အပိုင်းအစများနှင့်သွေးများသာ ရောနှောနေတော့သည်။
ထို့နောက် ချူးယွင်ဖန်းက ရှေးနတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ အသွင်အပြင်ဖြင့် လက်ထဲတွင် ကိုင်ထားသည့်ကျိုင်းကို ဝှေ့ယမ်းလိုက်သည်။
လေထဲမှ သားရဲအနည်းငယ်က ကျိုင်းကြောင့် လွင့်ထွက်သွားကာ ၎င်းတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားသည်။
"သူ့ကိုသတ်ပစ်၊ မဟုတ်ရင် ငါတို့အားလုံးသေလိမ့်မယ်!"
ကျန်နေသော ကျွမ်းကျင်သူများအားလုံး ရူးသွပ်သွားကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ သွေးများ ဆူပွက်လာကာ တိုက်ခိုက်မှုအမျိုးမျိုးလည်း ချူးယွင်ဖန်းဆီသို့ ဦးတည်လာသည်။ သို့သော် ထိုအရေးကြီးသော အခိုက်အတန့်၌ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲမှ တောင်မြစ်အိုးထွက်ပေါ်လာကာ သူ့ကို ကာကွယ်ပေးလိုက်သည်။
ထိုသူများအားလုံးက ချူးယွင်ဖန်းကို မထိခိုက်စေနိုင်ခဲ့ပေ။ ၎င်းတို့၏တိုက်ခိုက်မှုများအားလုံး အိုးပေါ်သို့ ထိမှန်သောအခါ ချက်ချင်းပျောက်ကွယ်သွားကြသည်။ အလွန်ဆုံးအနေဖြင့် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကသာ အနည်းငယ်တုန်လှုပ်သွား၏။
မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့က နင်ယန်တုမဟုတ်ပေ။ ချူးယွင်ဖန်း၌ တောင်မြစ်အိုးရှိနေသော်လည်း နင်ယန်တုက သူ့ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေနိုင်ခဲ့သည်။ သို့သော် ၎င်းတို့၌ ထိုသို့သော အစွမ်းသတ္တိမရှိချေ။ ထိုသို့ ပကတိ ခုခံမှုနှင့် ချူးယွင်ဖန်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၏။
နတ်ဆိုးမျောက်ဝံဘုရင်၏ ကျိုင်းက ချူးယွင်ဖန်း၏ လက်ထဲတွင် အဆုံးစွန်ဆုံးအရှိန်အဝါကို ထုတ်လွှတ်လျက်ရှိသည်။ ပေါ့ပေါ့ပါးပါး တစ်ချက်လွှဲယမ်းလိုက်ရုံဖြင့် အဆင့်မြင်သော ဖန်ဆင်းရှင်တစ်ဦး သေဆုံးသွားရသည်။
ထိုအခိုက်အတန့်လေ့၌ပင် ရန်သူများအားလုံး သုတ်သင်ခံလိုက်ရပြီဖြစ်သည်။
--