← Chapters

အခန်း ၁၈၉၅

Vol. 127 Ch. 1895

အခန်း ၁၈၉၅

Vol. 127 Ch. 1895

အခန်း(၁၈၉၅) လီချန်းယွမ်ကို ပထမဆုံးအကြိမ် ကျော်လွှားခြင်း

ထိုအချိန်၌ ချူးယွင်ဖန်းက နောက်ဆုံးတွင် ဆက်လက်၍ တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကလည်း ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်မှ စတင်၍ ကျဆင်းလာသည်။

ဖန်ဆင်းရှင် သတ္တမအဆင့်

ဖန်ဆင်းရှင် ဆဠမအဆင့်

ဖန်ဆင်းရှင် ပဥ္စမအဆင့်

ဖန်ဆင်းရှင် စတုတ္ထအဆင့်

ဖန်ဆင်းရှင် တတိယအဆင့်

ဤသို့ဖြင့် သူ့ကျင့်ကြံမှုက စကြဝဠာအဆင့်သို့ရောက်ရှိသွားခဲ့သည်။

“ဖူး.. ဖူး .. .ဖူး”

ချူးယွင်ဖန်းက အသက်ပြင်းပြင်းရှူ၍ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်ကို တည်ငြိမ်စေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တိုက်ပွဲမှဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ တိတိကျကျပြောရပါက ထိုဒဏ်ရာအများစုက သူတစ်ပါးကြောင့်မဟုတ်ဘဲ သူ့ကိုယ်ပိုင်အစွမ်းအစကြောင့်သာဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ထိုဒဏ်ရာများကို မခံနိုင်တော့ပေ။

ဤအခိုက်အတန့်၌ ချူးယွင်ဖန်းက သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်း၌ ဒဏ်ရာများ ပြည့်နေသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြွက်သားများအားလုံး ကျိုးကြေနေသည့်အလား နာကျင်မှုက ပြင်းထန်လှသည်။ ကြွက်သားတိုင်း စုတ်ပြဲ၍ ကောင်းမွန်သော အစိတ်အပိုင်းတစ်ခုမျှပင်မရှိတော့ပေ။

သူ့ခန္ဓာကိုယ်ကသာ တူရိယာတစ်ခုဖြစ်ပါက ဖျက်ဆီးခံရတော့မည့် အစွန်း၌ ရှိနေသည်။ ဧကရာဇ်ခန္ဓာကိုယ်နှင့် မိုးကြိုးခန္ဓာကိုယ်၏ စွမ်းအားမရှိပါက ထိုအချိန်အထိ ခံနိုင်မည်မဟုတ်ပေ။ နင်ယန်တုကို ဒဏ်ရာရစေ၍ ခွေးလိုနွားလို ထွက်ပြေးစေရန် မဆိုနှင့် လမ်းတစ်ဝက်၌ပင် ကျဆုံးမည်မှာသေချာသည်။

တကယ်တမ်းတွင် နင်ယန်တုက ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကသည် သူအသုံးပြုနို်ငသော တစ်ခုတည်းသော တိုက်ခိုက်မှုဖြစ်သည်ကို သိသော်လည်း အန္တရာယ်မယူရဲပေ။ ချူးယွင်ဖန်း၌ သူမသုံးဖူးသော အခြားနည်းလမ်းများ ရှိပါက ဤနေရာ၌ပင် သေသွားနိုင်သည်။ နင်ယန်တုက ထိုအခွင့်အရေးက အခွင့်အရေးတစ်သောင်း၌ တစ်ခုသာ လောင်းကြေးထပ်ဝံ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်း ပေါ်လာသည့်အချိန်မှစ၍ သူ့ကို အကြိမ်ကြိမ် အံ့သြစေခဲ့သည်ဟု ပြော၍ ရသည်။

သူက ယင်းကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အဆုံးသတ်၌မူ ၎င်းတို့အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ယင်းက သူ နတ်ဆိုးနတ်ဘုရားဂိုဏ်းချုပ်ဖြစ်လာပြီးနောက် စီစဥ်ခဲ့သည့် အဆိုးရွားဆုံးသော စစ်ဆင်ရေးတစ်ခုပင်ဖြစ်နိုင်ခြေရှိ၏။ ဤသည်ကား တရှကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုကြောင့် ဌာနချုပ်က ထိခိုက်ပျက်ဆီးနိုင်သည့် ပမာဏဖြစ်ကာ ယခုအကြိမ်၌ ချူးယွင်ဖန်း ရုတ်တရက်သတ်ခဲ့သည့် ကျွမ်းကျင်သူပမာဏက သူ့ကို မြို့ဝန်ဖြစ်လာစေရန် လုံလောက်၏။

ထိုစဥ်က လီချန်းယွမ်က စစ်မြေပြင်၌ နှစ်ပေါင်းများစွာတိုက်ခိုက်ကာ မရေမတွက်နိုင်အောင်များပြားလှသည့် ကျွမ်းကျင်သူများကို သုတ်သင်ပစ်ခဲ့ဖူးသည်။ သူသတ်ခဲ့သော အရေအတွက်စုစုပေါင်းကပင် ချူးယွင်ဖန်းသတ်ခဲ့သည့် ပမာဏတမျှ မများတော့ပေ။ အထူးသဖြင့် ချူးယွင်ဖန်းက ဖန်ဆင်းရှင်အဆင့်မြင့်အဆင့်များနှင့် အထွတ်အထိပ်အအဆင့်ရှိသူများစွာကိုပင် သတ်ဖြတ်ခဲ့သည်။ ဤကျွမ်းကျင်သူတစ်ဦးစီက တရှအတွက်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်၍ များစွာသော ပျက်ဆီးမှုများကို ဖြစ်စေခဲ့သည်။ ထို့အပြင် နတ်ဆိုးနတ်ဘုရားဂိုဏ်းချုပ် နင်ယန်တုကိုလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေဖြင့် ယခုတစ်ကြိမ်၌ ချူးယွင်ဖန်းသည် မြို့ဝန်ဘွဲ့ကို ချီးမြှင့်ခံရနိုင်ကာလီချန်းယွမ်နှင့် တန်းတူအဆင့်သို့ရောက်လာနုငိ်ပေသည်။ ယခုအခါ လီချန်းယွမ်အနေဖြင့် သူ့ကို အပေါ်စီးမှ ဆက်လက် ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပေ။

အဆုံးစွန်အားဖြင့် မြို့ဝန်ဘွဲ့ချီးမြှင့်ခံရသည့် ကျွမ်းကျင်သူတိုင်းက တရှအတွက် ကြီးမားသော ပံ့ပိုးမှူများကို လုပ်ထားသူများဖြစ်ကြသည်။ တစ်ချိန်တည်း၌ပင် ၎င်းတို့က အလွန်အာဏာရှိကာ သြဇာလည်း ကြီးမားကြ၏။ ထိုကဲ့သို့သေသူများကို တရှစစ်ဦးစီးချုပ်ရုံးက အလွန်တန်ဖိုးထားကြသည်။

ထိုအချိန်၌ ချူးယွင်ဖန်းနှင့် လီချန်းယွမ်တို့၏ အဆင့်အတန်းချင်းအတူတူဖြစ်ကာ လီချန်းယွမ် သူ့နောက်ကွယ်၌ ပြဿနာရှာမည်ကို စိုးရိမ်ရန် လိုတော့မည်မဟုတ်ပေ။

သို့သော် ဆုံးရှုံးမှုကလည်း တိုင်းဆ၍ပင်မရနိုင်ပေ။ လီချန်းယွမ်ကို ကိုင်တွယ်ရန် အသုံးပြုလိုခဲ့သော ဝှက်ဖဲကို ယခုအခါ ကြိုတင်သုံးလိုက်ရသည်။ ရွှေခြောက်စင်းဆေးလုံးကြောင့် ချူးယွင်ဖန်းသည် လီးချန်းယွမ်နှင့် အခြားသူများ၏ သေးငယ်သော လှဉ့်ကွက်များကို ဂရုမစိုက်တော့ပေ။ သူသည် အလွန်အစွမ်းထက်သော ပြိုင်ဘက်ကင်းခွန်အားရှိသည့် ရန်သူများကို အစွမ်းကုန်သုတ်သင်နိုင်ခဲ့သည်။

ချူးယွင်ဖန်းက သူ၏ အခြေခံအုတ်မြစ်ပင် ထိခိုက်ဒဏ်ရာရခဲ့၍ ကံကောင်းစွာဖြင့်ပင် သူ့၌ ပန်းကိုးပွင့် ကျောက်စိမ်းနှင်းဆေးခုနှစ်လုံးကျန်သေးသဖြင့် သူ ပြန်လည် ကောင်းမွန်လာရန် လုံလောက်သည်။

ချူးယွင်ဖန်းက ထိုကျွမ်းကျင်သူများ၏ အလောင်းအားလုံးကို ယူ၍ ၎င်းတို၏ သွေးကို ဗြဟ္မာပင်ပေါ်၌ သွန်းလောင်းခဲ့၏။ များမကြာမီတွင် ဗြဟ္မာပင်က သစ်သီးများ ပို၍ သီးလာမည်ဖြစ်ကာ ထိုအချိန်၌

ချူးယွင်ဖန်း၏ ခွန်အားက ကျဆင်းသွားရုံမျှမက ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။

“ငါ့ကျင့်ကြံမှုတိုးဖို့ နှစ်ဝက်နဲ့လုံလောက်ပါယ်။ ဒါပေမယ့် ဘာမှမမှားအောင် ဖန်ဆင်းရှင်အဆင့်ရောက်ဖို့ နည်းလမ်းတစ်ခု စဥ်းစားရမယ်” ချူးယွင်ဖန်းက တင်ပျဥ်ခွေထိုင်ကာ အနားယူလျက်‌ တွေးနေသည်။

အခြားသူများအတွက် ခင်ပွန်းရွေးချယ်မှုကို အနိုင်ရကာ တန်စီယုနှင့် လက်ထပ်နိုင်ခြင်းက မင်းသမီးကြီး၏ ထောက်ခံမှုအတွက် တိုက်ပွဲဝင်ရာ၌ အောင်မြင်မှူ သို့မဟုတ် ကျရှုံးမှုသာဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ ထိုသို့မဟုတ်ပေ။ သူ ဤပြိုင်ပွဲကို ရှုံးနိမ့်၍ မရပေ။

နောက်ထပ်ခြောက်လအတွင်း ဖန်ဆင်းအရှင်အဆင့်ကို သူ အဆင့်ကျော်ဖြတ်နိုင်လျှင် ထို အင်အားကြီး ရန်သူများအားလုံးက သူ့အတွက် မည်သို့မျှမဟုတ်ပေ။

ယခုအချိန်၌ ဖန်ဆင်းရှင်အဆင့်နှင့် များစွာ အလှမ်းဝေးနေသေးသည့်တိုင် ရွှေခြောက်စင်းဆေးလုံးကို အသုံးပြုပြီးနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သော်လည်း ပြန်လည်ကောင်းမွန်လာပြီးပါက ပဥ္စမအဆင့်သို့ရောက်ရန် အချိန်အနည်းငယ်သာ လိုတော့သည်။ ထိုအချိန်၌ ဖန်ဆင်းရှင်တတိယအဆင့်သို ဝင်ရောက်ခဲ့သည့် လီချန်းယွမ်ပင် သူ၏ ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်တော့ပေ။

ထိုအချိန်၌ မည်သူက မည်သူ့ကို သတ်မည်ကို လုံးဝ သေချာသိတော့မည်မဟုတ်ပေ။

ချူးယွင်ဖန်းက ခြောက်လအကြာ၌ ခင်ပွန်းရွေးချယ်ခံရသည်အထိပင် မစောင့်ချင်တော့ပေ။ အခွင့်အရေးရပါက လီချန်းယွမ်ကို ကြိုတင်သတ်ပစ်ရန်ပင် တွန့်ဆုတ်နေမည်မဟုတ်ပေ။ ချူးယွင်ဖန်း၏ အင်အားဖြင့် လီချန်းယွမ်၏ ခွန်အားက လုံးဝ ပြောင်းပြန်ဖြစ်သွားသည်မှာ ဤသည်က ပထမဆုံးအကြိမ်လည်းဖြစ်၏။ သူ လီချန်းယွမ်နှင့် ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့စဥ်ကမူ ပုရွက်ဆိတ်တစ်ကောင်အဆင့်သာရှိခဲ့သည်။ သို့သော် ယခုမူ လီချန်းယွ၎်နှင့်ယှဥ်ပြိုင်ကာ တိုက်ခိုက်ရေးခွန်အား၌ လီချန်းယွမ်ကို လုံးဝ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

ဤဖြစ်စဥ်တစ်လျှောက်၌ မည်မျှသော အလှည့်အပြောင်းများ ြစ်ပျက်ခဲ့သည်ကိုပင် မရေတွက်နိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံး၌ ထိုအဆင့်သို့ရောက်ခဲ့ပြီဖြစ်ရာ ဆက်လက်၍ အရေးမပါသော ပုဂ္ဂိုလ်တစ်ဦးမဟုတ်တော့ပေ။

ရုတ်တရက် သူ့နှလုံးသားတစ်ခုလုံး ခုန်ပေါက်လုမတက် ဖြစ်လာသည်ကို ခံစားလိုက်ရ၍ သူမော့ကြည့်လိုက်သောအခါ ကောင်းကင်က ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုဖြင့် စုတ်ဖြဲခံလိုက်ရသည်ကို မြင်လိုက်ရသည်။ ထို့နောက် သာမန်လူတစ်ဦး၏ လက်ဝါးနှင့်တူသော လက်တစ်ဖက် သက်ဆင်းလာသည်မြင်လိုက်ရ၏။

ထိုလက်ဝါးက ကြီးပုံမပေါ်ကာ မည်သည့်အစွမ်းမျှ ရှိပုံလည်းမပေါ်ပေ။ ၎င်းက ချူးယွင်ဖန်း၏ ခေါင်‌ပေါ်တည့်တည့်သို့ ကျလာ၏။ သို့သော် ထိုအချိန်၌ ချူးယွင်ဖန်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်မတ်သွားကာ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားရန်ပင် ခက်ခဲနေကြောင်း သိလိုက်ရသည်။

မမြင်ရသော ပိုက်ကွန်တစ်ခု ပြုတ်ကျလာသည့်အလား သူထွက်ပြေးရန်ပင် မဖြစ်နိုင်တော့ပေ။

သေတော့မည်ဟူသော ခံဏားချက်က သူ့ကို ချက်ချင်းပင် နတ်ဆိုး–လူသားတိုက်ပွဲထဲမှ လက်ကြီး၏ ရုတ်တရက် တိုက်ခိုက်မှုကို သတိရစေသည်။

--

All Chapters