အခန်း ၁၈၉၇
Vol. 127 Ch. 1897
အခန်း(၁၈၉၇) လှိုင်းကြီးတစ်ခု
ဤဖြစ်စဥ်အတွင်း ချူးယွင်ဖန်းက စကြဝဠာအဆင့်များစွာနှင့် ဖန်ဆင်းရှင်အဆင့်များကိုသတ်ဖြတ်ခဲ့သည်။ သို့သော် စစ်ဦးစီးချုပ်၏ အမြင်၌ ဤလူများပေါင်းလျှင်ပင် ချူးယွင်ဖန်းတမျှ အရေးမကြီးပေ။ သာမန်လူများ၏ အမြင်၌ ယင်းက ကြီးမားသော ဂုဏ်သတင်းတစ်ခုဖြစ်သော်လည်း သူ့အဆင့်လူတစ်ဦးအနေဖြင့် ၎င်းသည် တိုက်ပွဲတစ်ခုတည်း၏ ရလဒ်ထပ် ပို၍ ကြည့်ရန်လိုသည်။ ထိုသို့သော ကျွမ်းကျင်သူများ ဆယ်ဆပို၍ မသေလျှင် သူ မျက်တောင်ခတ်မည်မဟုတ်ပေ။
စစ်ဦးစီးချုပ် ဂရုစိုက်သည်ကား နိုင်ငံ၏ အနာဂတ်နှင့် လူသားမျိုးနွယ်၏ အမွေအနှစ်ဖြစ်သည်။
"မင်းနောင်တရလိမ့်မယ်။ မင်းငါ့မျိုးနွယ်က ပါရမီရှင်တစ်ယောက်ကို သတ်ခဲ့တာဆိုတော့ မင်းမျိုးနွယ်က ပါရမီရှင်တစ်ယောက်ရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်!"
စစ်ဦးစီးချုပ်၏ မျက်နှာအမူအရာက အေးစက်နေသည်။ သူသည် လေဟာနယ်၏ အနက်ရှိုင်ဆုံးအပိုင်းကို လှမ်းကြည့်လိုက်သောအခါ အေးစက်သော မျက်လုံးတစ်လုံးကို သိသိသာသာ ခံစားသိရှိလိုက်၏။ ယင်းကား.. သူ၏ ပြိုင်ဘက်ဟောင်းကြီးပင်ဖြစ်သည်။
အစောပိုင်းက သူသတ်ခဲ့သည်မှာ ထိုပုဂ္ဂိုလ်၏ ပုံရိပ်ယောင်သာဖြစ်ကာ သူ၏ စစ်မှန်သော ခန္ဓာကိုယ်က ထိုနေရာသို့ ဘယ်သောအခါကမျှ ရော်ကမလာခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ယင်းက တရှ၏ နယ်မြေဖြစ်ကာ သူဤနေရာသို့ရောက်လာပြီးသည်နှင့် ဘယ်သောအခါမှ ပြန်နိုင်မည်မဟုတ်ပေ။
သူ့ကဲ့သို့ သြဇာကြီးမားသော ပုဂ္ဂိုလ်မျိုးသည် အလွယ်တကူ အန္တရာယ်ထဲသို့ ဝင်ကြမည်မဟုတ်ပေ။ ၎င်းတို့ သေဆုံးသွားသည်နှင့် ယင်းက ၎င်းတို့မျိုးနွယ်၏ အမွေအနှစ်ကို တုန်လှုပ်စေမည့် အဓိက ဖြစ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်။ ထိုအကြောင်းကြောင့်သာ သူအမှန်တကယ် ဒေါသထွက်မိခြင်းဖြစ်၍ သူ့အဆင့်တွင် အခြားသာမန်အရာများက သူ့ကို စိတ်လှုပ်ရှားစေရန် လုံလောက်မည်မဟုတ်ပေ။
ပြိုင်ဘက်ဟောင်းက စတင်လှုပ်ရှားခဲ့ခြင်းမဟုတ်ပါက သူ ဤမျှ ဒေါသဖြစ်မိမည်မဟုတ်ပေ။ အဆုံးသတ်၌ နှစ်ဖက်လုံးတွင် ကိုယ်ကျင့်တရားနှင့် စည်းရှိသည်။ ၎င်းတို့အဆင့်ရှိ ကျွမ်းကျင်သူများသည် ထိုပါရမီရှင်များကို အလွယ်တကူ တိုက်ခိုက်ကြမည်မဟုတ်ပေ။ မဟုတ်ပါက နှစ်ဖက်စလုံးတိုက်ခိုက်ခြင်းကြောင့် မျိးနွယ်စုနှစ်ခုလုံး၏ ပါရမီရှင်အားလုံးသေဆုံးကာ နှစ်ဖက်လုံး ဒုက္ခရောက်နိုင်သည်။ သို့သော် ယခုမူ ထိုလူဘက်မှ ဦးစွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ယခု ချူးယွင်ဖန်းကို လိုက်ဖမ်းရန် နယ်စပ်ကိုပင် ဖြတ်ကျော်လာခဲ့ခြင်းဖြစ်ပေ၏။
ယင်းက စစ်ဦးစီးချုပ်၏ အောက်ခြေမျဥ်းကို ကျော်လိုက်ခြင်းဖြစ်သော်လည်း ချူးယွင်ဖန်းက သူ၏ ပြိုင်ဘက်ဟောင်းကို စည်းမျဥ်းများလျစ်လျူရှု့၍ အဘယ်ကြောင့်တိုက်ခိုက်လာသည်ကို နားမလည်နိုင်ပေ။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူ ဤသို့ထပ်ဖြစ်ခွင့်ပေးမည်မဟုတ်ပေ။
“မင်းတို့အားလုံး အမှားကြီးတစ်ခုလုပ်လိုက်မိပြီ။ ငါမင်းတို့ နတ်ဆိုးတွေအားလုံးကို ပေးဆပ်ခိုင်းမယ်” စစ်ဦးစီးချုပ်က အေးစက်စွာပြောပြီးနောက် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ကမ္ဘာပေါ်ရှိ မျိုးဆက်သစ်လူငယ်များကြား၌ သတင်းတချို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မင်းသမီးယွင်ယန်၏ အိမ်တော်သို့ သူမမျှော်လင့်ဘဲ ရောက်လာကာ သူ့ထက် အဆင့်မြင့်သော ကျန်းဖုန်းနှင့် ဟုယန်ကျိုးတို့ကို အနိုင်ယူခဲ့သည်။ ထိုသတင်းပျံ့နှံ့သွားသောအခါ လူတိုင်း အံ့သြကုန်ကြသည်။ ချူးယွင်ဖန်းက သူ့ထက်အဆင့်မြင့်သည့် ကျွမ်းကျင်သူတစ်ဦးကို အနိုင်ယူရန်မှာမလွယ်ကူပေ။ ကျန်းဖုန်းနှင့် ဟုယန်ကျိုးတို့က ဖန်ဆင်းရှင်အဆင့်သို့ရောက်နေပြီဖြစ်သောကြောင့် ၎င်းတို့၏ ရှုံးနိမ့်မှုသည် ယခင်က
ကောလဟာလများကို ဖျက်ပစ်ခဲ့သည်။
ယင်းမတိုင်ခင်၌ လူများစွာက ချူးယွင်ဖန်းကို အထင်မကြီးခဲ့ကြပေ။ ပါရမီရှင်စာရင်းထဲမှ ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းလာခဲ့သည်နှင့်အမျှ ချူးယွင်ဖန်းနောက်ကျကျန်ခဲ့လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ စကြဝဠာအဆင့်ရှိသူများကို သူ လွှမ်းမိုးနိုင်လိမ့်မည်ဖြစ်သော်လည်း ဖန်ဆင်းရှင်အဆင့်ရှိသူများကိုမူ… ထိခိုက်စေနိုင်မည်မဟုတ်ပေ။
အဆင့်အမြင့်ဆုံးစကြဝဠာအဆင့်ရှိသူသည် အင်အားအနည်းဆုံး ဖန်ဆင်းရှင်ထက် အနည်းဆုံး ဆယ်ဆမျှ အားနည်းသည်ဖြစ်၍ လုံးဝကွဲပြားသော အဆင့်များ၌ ရှိနေကြခြင်းဖြစ်သည်။
သို့သော် တစ်နှစ်အကြာ ဤတိုက်ပွဲ၌ ချူးယွင်ဖန်းက သူ့ကို ယခင်က မယုံကြည်ခဲ့ကြသူများ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ခြင်းပင်ဖြစ်၏။ အခြားသူများ ဖန်ဆင်းရှင်အဆင့်သို့ရောက်သွားလျှင်ရော ဘာဖြစ်သနည်း။ ၎င်းတို့၏ မျက်နှာများကိုလည်း ထပ်မံရိုက်နှက်လိမ့်မည်ဖြစ်ကာ ယင်းက အနည်းငယ်မျှပင် မခက်ခဲပေ။
တိုက်ပွဲအတွင်း၌ ချူးယွင်ဖန်းက ကျန်းဖုန်းနှင့် ဟုယန်ကျိုးတို့ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ လူတိုင်းက ချူးယွင်ဖန်းအပေါ် ၎င်းတို့၏ အကဲဖြတ်မှုကို ပြန်လည်ဆန်းစစ်လာကြ၏။ ထိုစဥ်က သူ၏ ပါရမီရှင်စာရင်း၌ အဆင့်သတ်မှတ်ချက်က ထိပ်ဆုံးသုံးဆယ်တွင်ရှိခဲ့သော်လည်း ယခုမူ ထိုသတ်မှတ်ချက်က မှားနေခြင်းအနည်းငယ်မျှ မရှိဟု ထင်ရ၏။
ဖန်ဆင်းရှင်အဆင့်သို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားပြီးသည့်နောက်၌ပင် ချူးယွင်ဖန်း၏ ဘုန်းအသရေက တောက်ပမှု ပျောက်ကွယ်သွားခြင်းမရှိပေ။
သို့သော်လည်း ဤထိတ်လန့်ဖွယ်သတင်း ပျံ့လွင့်ပြီး မကြာသေးမီ၌ နောက်ထပ်သတင်းတစ်ပုဒ္ ထွက်ပေါ်လာခဲ့၏။
‘ချူးယွင်ဖန်း ကျဆုံးသွား ပြီ’
သတင်းက ပျံ့နှံ့လာပြီးဖြစ်၍ လူတိုင်းကမယုံနိုင်ဖြစ်နေကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်းက မင်းသမီးယွင်ယန်၏ ဥယျာဥ်ပါတီ၌ လူတိုင်းကို အနိုင်ယူကာ နှိမ်နင်းခဲ့သည်ဟု သတင်းထွက်လာပြီး နှစ်ရက်သာ ကြာခဲ့သေးသည်။
ချူးယွင်ဖန်းက မည်သို့ သေဆုံးသွားနိုင်မည်နည်း။
‘ ဒါ သတင်းတုပဲ’
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုသတင်းသည် ရပ်သွားခြင်းမရှိသေးဘဲ ပို၌၍ပင် ပြင်းထန်လာခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ သတင်းများ ပိုမိုပျံ့နှံ့လာသည်။
‘ဒါ နတ်ဆိုးနတ်ဘုရားဂိုဏ်းပဲ’
ထိုသတင်းထွက်လာသည့်အခါ လူတိုင်းက ယုံကြည်လာကြသည်။ တရှ၌ရှိသော အင်အားစုတစ်ခုသာဖြစ်ပါက ၎င်းတို့ ပေါ့ပေါ့တန်တန် ပြုမူရဲကြမည်မဟုတ်ပေ။ မည်သို့ပ်ငဖြစ်ကောမူ ကြယ်ကြွေကောင်းကင်ဂိုဏ်းတစ်ခုလုံးရှိနေသေးသဖြင့် ဂိုဏ်းသားတချိ့ ကချူးယွင်ဖန်းကို အထင်သေးကြလျှင်ပင် ၎င်းတို့အားလုံး စည်းလုံးညီညွတ်ကြ၏။
ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၏ ချူး ယွင်ဖန်းအပေါ် အာ ရုံစိုက်မှုက အဆက်မပြတ် မြင့်တက်လာသည်။ သူက ယန်တန့်ရှန်တမျှ အရေးကြီးသူမဟုတ်သော်လည်း ယခု သူအသတ်ခံရခြင်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများကို ဒေါသမဖြစ်စေခြင်းကပင် ထူးဆန်းနေမည်ဖြစ်သည်။
ထိပ်တန်းဆယ်ဂိုဏ်းကပင် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အမျက်ဒေါသကို ခံနိုင်ကြမည်မဟုတ်ပေ။ နောက်ဆုံး၌ပမူ ၎င်းတို့က ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ပါရမီရှင်တပည့်များကို ပစ်မှတ်ထားနိုင်သကဲ့သို့ ကြယ်ကြွေကောင်းကင်ဂိုဏ်းကလည်း ၎င်းတို့၏ ပါရမီရှင်တပည့်များကို ပစ်မှတ်ထားနိုင်သည်။ ၎င်းတို့ တစ်ဦးကို တစ်ဦး ပေါ့ပေါ့ဆဆ တိုက်ခိုက်ပါက နှစ်ဘက်လုံး အတူတူ သေဆုံးကြရလိမ့်မည်။
သို့သော် အကယ်၍မူ နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ တိုက်ခိုက်ခဲ့လျှင် အရာအားလုံးကွဲပြားပေလိမ့်မည်။ ၎င်းတို စတင် တည်ထောင်ချိန်မှစ၍ နတ်ဆိုးနတ်ဘဒရားဂိုဏ်းက လူသားများကို ကိုင်တွယ်ရန် လာခဲ့ကြသည်။ နှစ်စဥ်နှစ်တိုင်း များစွာသော ပါရမီရှင်များ ပြန်ပေးဆွဲခံခဲ့ရ၏။ နှစ်ပေါင်းများစွာ ဦးနှောက်ဆေးခံကြရပြီးနောက် ၎င်းတို့သည်လည်း နတ်ဆိုးနတ်ဘုရားဂိုဏ်းသားများဖြစ်လာခဲ့သည်။
ယခုအခါ နတ်ဆိုးများနှင့်ပူးပေါင်းခဲ့သည့် ကျန်သော သစ္စာဖောက်အများစုအပြင် အများစုက ဤလမ်းသို့လျှောက်လာကြပြီဖြစ်သည်။ နတ်ဆိုးနတ်ဘုရားဂိုဏ်းက လူသားမျိုးနွယ်၏ ထက်မြက်သော ပါရမီရှင်များကို နှစ်ပေါင်းများစွာ တစ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့၏။ ပါရမီရှင်စာရင်း၌ ထိပ်တန်းပါရမီရှင်ကိုပင် သတ်ဖြတ်ခဲ့သည့် မှတ်တမ်းတစ်ခုရှိခဲ့သည်။ ထိုသို့သော အခြေအနေများတွင် ချူးယွင်ဖန်းကို သတ်ဖြတ်ခြင်းသည် ထူးဆန်းသောအရာမဟုတ်ပေ။
တရှက တစ်ကြိမ်ထက်ပို၍ အကြီးအကျယ်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကာ နတ်ဆိုးနတ်ဘုရားဂိုဏ်းကိုလည်း အကြိမ်အနည်းငယ် ဖျက်ဆီးလုနီးပါးဖြစ်ခဲ့၏။ သို့သော် နတ်ဆိုးများအားလုံး မသုတ်သင်ခံရသေးသရွေ့ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ မူဘောင်လည်း မပြိုကွဲသရွေ့ အချိန်တန်လျှင် အနှေးနှင့်အမြန် ပြန်လည်ကောင်းမွန်လာလိမ့်မည်။
နတ်ဆိုးနတ်ဘုရားဂိုဏ်းက တစ်ကမ္ဘာလုံး၏ ပစ်မှတ်ဖြစ်နေသော်လည်း ၎င်းတို့ မည်သို့မျှ မတတ်နိုင်ကြပေ။ နတ်ဆိုးနတ်ဘုရားဂိုဏ်းကို တစ်ခါတစ်ရံ သန့်ရှင်းပေးရန်သာ တတ်နိုင်ပေ၏။
အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲ၏ အသေးစိတ်အချက်အလက်များ ပိုမို ထွက်ပေါ်လာခဲ့ကာ အထူးသဖြင့် ပြင်ပတပ်မတော်၏ လက်ကျန်များ စခန်းသို့ ပြန်လာနိုင်သောအခါ ထိုအချက်က ထိုကဲ့သို့သော ထောင်ချောက်တစ်ခု အမှန်တကယ်ရှိနေကြောင်း အတည်ပြုခဲ့သည်။
နတ်ဆိုးနတ်ဘုရားဂိုဏ်းက ပြင်ပတပ်မတော်၏ တပ်သားများကို ဓားစာခံအဖြစ်ဖမ်း၍ ချူးယွင်ဖန်းကို ထောင်ချောက်ဆင်ခဲ့ကာ…
အဆုံးသတ်၌ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ လက်ချက်ဖြင့် ချူးယွင်ဖန်း သေဆုံးသွားခဲ့သည်။
--