← Chapters

အခန်း ၁၈၉၈

Vol. 127 Ch. 1898

အခန်း ၁၈၉၈

Vol. 127 Ch. 1898

အခန်း(၁၈၉၈) နတ်ဆိုးနတ်ဘုရားဂိုဏ်း အပြင်းအထန် ထိခိုက်ခြင်း

ထိုသတင်း ပျံ့သွားသည်နှင့် အထူးသဖြင့် ထိုနေ့က ဖြစ်ပျက်ခဲ့သော အရာများမှ စတင်ကာ အဆုံးမဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ထိုသို့သော ကိစ္စမျိုးကို အခြားသူများဆီမှ ဖုံးထား၍ မရပေ။ ပေါင်းထိုင်အဖွဲ့အစည်းကို ပြင်ပကမ္ဘာမှ သတင်းအချက်အလက်များ မပို့နိုင်အောင် တားဆီးထားသည့်အရေအတွက်ကလည်းမနည်းပေ။ တစ်ခါက လူများစွာ ရှိခဲ့ဖူးလျှင်ပင် သဲလွန်စများ ချန်ထားရန်လွယ်ကူကာ ဤကိစ္စကို မြန်မြန်ဆန်ဆန်ဖော်ထုတ်ရန် လွယ်ကူသည်။ တစ်နည်းအားဖြင့် ထိုနေ့တွင် ပါဝင်ပတ်သက်နေသည်ကား နတ်ဆိုးနတ်ဘုရားဂိုဏ်းတစ်ခုတည်းမဟုတ်ပေ။ တရှ၌ရှိသူများလည်း ပါဝင်ပတ်သက်နေကာ ပေါင်းထိုင်၏ ဆက်သွယ်ရေးစနစ်များကို ပြင်ပကမ္ဘာမှ ဖြတ်တောက်ထားခဲ့၏။ ဤသည်က ချူးယွင်ဖန်းကို အန္တရာယ်ကို ရင်ဆိုင်၍ တစ်ဦးတည်း သွားရောက်ကယ်တင်ရရန် ဖိအားပေးခဲ့၍ နောက်ဆုံး၌ သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုသတင်း ထွက်လာသည်နှင့် အားလုံး တိတ်ဆိတ်သွားကြ၏။ မည်သို့ပင်ဖြစ်စေကာမူ ဤကိစ္စက တရှ၌ အမြဲတားမြစ်ထားသည့် နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့် ပတ်သက်နေသည့် ကိစ္စဖြစ်ပေသည်။ နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့် နတ်ဆိုးများ စည်းကျော်ခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။

တရှက ၎င်းကို ဘယ်သောအခါမျှ သည်းခံမည်မဟုတ်ပေ။ နတ်ဆိုးနတ်ဘုရားဂိုဏ်းသာ လှုပ်ရှားခဲ့ပါက တော်ဝန်န်းတော်တစ်ခုလုံးကို အံ့သြစေမည်မဟုတ်ပေ။ သို့သော် ဤကိစ္စ၌ နောက်ကွယ်တွင် သစ္စာဖောက်တစ်ဦးရှိနေ၏။

မုန်တိုင်းတစ်ခု၏ အစ။

မှန်သည်။ သုံးရက်အတွင်းပင် တရှ၏ စစ်ဦးစီဂချုပ် ရုံးက နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့် ပူးပေါင်းကြံစည်သည်ဟု သံသယရှိသော မိသားစုအားလုံးကို ဖယ်ရှားသုတ်သင်ပစ်ရန် အမိန့်ထုတ်ပြန်ခဲ့၏။

နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့်ဆက်နွယ်နေသည့် မိသားစုများနှင့်ဂိုဏ်းငယ် ဆယ်ဂဏန်းကျော်ကို ဖယ်ရှားပစ်ခဲ့သည်။

ထိုဂိုဏ်းများနှင့် မိသားစုများ၏ အဓိကပုဂ္ဂိုလ်များကို ခေါင်းဖြတ်သတ်မည်ဖြစ်ကာ ကျန်သူများကိုမူ အကြမ်းတမ်းဆုံး မိုင်းတွင်းများသို့ ပို့မည်ဖြစ်၏။ ၎င်းတို့၏ သားစဥ်မြေးဆက်များကို မျိုးဆက်ဆယ်ဆက်အတွင်း အသုံးပြုတော့မည်မဟုတ်ပေ။

အချိန်တစ်ခုအထိ ထိုမုန်တိုင်းက ရပ်တန့်သွားခြင်းမရှိပေ။ ဤကိစ္စက ဟျန်ထျန်းမြို့ဝန် လီချန်းယွမ်နှင့် ပတ်သက်သည်ဟူသော ကောလဟာလများပင် ထွက်ပေါ်ခဲ့၏။ ချူးယွင်ဖန်း သေဆုံးပြီးနောက်

သူနှင့် လီချန်းယွမ်တို့ကြားရှိ မကျေနပ်ချက်များလည်း ထွက်ပေါ်လာသည်။ နတ်ဆိုးနတ်ဘုရားဂိုဏ်းက ပေါင်းထိုင်တပ်၏ သတင်းကို ချောမွေ့စွာ ပိတ်ထားနိုင်ခြင်းသည် လီချန်းယွမ်နှင့် တစ်စုံတစ်ရာ ပတ်သက်နေသည်ဟု လူအများက သံသယဝင်လာခဲ့၏။

သို့သော် ၎င်းတို့က လီချန်းယွမ်နှင့်ပတ်သက်သည့် မည်သည့် သက်သေအထောက်အထားကိုမျှ မရှာနိုင်ခဲ့ပေ။ ပြဿနာကို တိတ်တဆိတ် ဖြေရှင်းနေသည့် အင်အားစုတစ်ခုရှိ၍ လီချန်းယွမ်ကို မကြိုက်သူများစွာကို အလွန်စိတ်ပျက်စေခဲ့၏။ သို့သော် ၎င်းသည် လီချန်းယွမ်၏ ဂုဏ်သတင်းကို အရိပ်အယောင် ဖုံးလွှမ်းစေခဲ့သည်။

ယင်းက အစသာ ရှိသေး၏။ ယင်းနောက်၌ တရှ၏ စစ်ဦးစီးချုပ်ရုံးမှ အမိန့်များ ထုတ်ပြန်ခဲ့၏။ ကင်းထောက်များကို နေရာအနှံ့သို့ စေလွှတ်ကာ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ နေရာအနှံ့က စခန်းများသို့ ဝင်ရောက်စီးနှင်းရန် တပ်စခန်းများစွာကို စုစည်းလိုက်သည်။ အချိန်တိုလေးအတွင်း၌ပင် နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ အခွဲ ဒါဇင်ပေါင်းများစွာ ဖျက်ဆီးခံရကာ အမြစ်မှ နှုတ်ပစ်ခံရသည်။ သို့သော် အခွဲအများစုက တရှ၏ လက်စားချေမှုကို မျှော်လင့်ထားကြပြီးဖြစ်သကဲ့သို့ လူသူမရှိတော့ပေ။ ထိုသို့ဆိုလျှင်ပင် နတ်ဆိုးနတ်ဘုရားဂိုဏ်းခွဲများစွာ ဖျက်ဆီးပစ်ခံရခြင်းက နတ်ဆိုးနတ်ဘုရားဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။

နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့် ဆက်စပ်နေသော ဒေသခံအာဏာပိုင်များအားလုံးကို စုံစမ်းစစ်ဆေးခဲ့၏။ တရှရှိ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ သြဇာက ဆယ်စုနှစ်ပေါင်းများစွာစာ ညတွင်းချင်းပင် ဆုတ်ယုတ်သွားခဲ့သည်။

တရှမြို့တစ်ခုလုံးက စစ်ဦးစီးချုပ်ရုံး၏ လုပ်ဆောင်ချက်များကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။ စစ်ဦးစီးချုပ်ရုံးက အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသည်ကို မည်သူမျှ မသိကြပေ။ တိတိကျကျပြောရပါက စစ်တပ်၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သော စစ်ဦးစီးချုပ်ပင် ဒေါသထွက်နေခြင်းဖြစ်သည်။

နောက်ဆုံးတွင်မူ ပါရမီရှင်စာရင်းထဲမှ ပါရမီရှင်တစ်ဦး သေဆုံးသွားခြင်းသာဖြစ်၍ ရှင်းရှင်းပြောရလျှင် ထိုမျှ ဒေါသဖြစ်ရန်မလိုပေ။

မကြာခင်၌ သတင်းအသစ်များစွာ ဆက်လက် ထွက်ပေါ်လာ၏။ ထိုအချိန်မှစ၍ ထိုကိစ္စက နတ်ဆိုးများ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးနှင့် ဆက်စပ်နေသည်ကို လူတိုင်းသိလိုက်ရသည်။ ထိုပုဂ္ဂိုလ်က သူ၏ ဂုဏ်သိက္ခာကို လျစ်လျူရှု့၍ ကိုယ်တိုင် တိုက်ခိုက်ခဲ့သဖြင့် စစ်ဦးစီးချုပ်ကိုယ်တိုင် ဒေါသဖြစ်ရခြင်းပင်ဖြစ်ပေသည်။

လူတိုင်းက ချူးယွင်ဖန်း မည်သို့လုပ်ခဲ့သောကြောင့် ထိုသို့သော ပုဂ္ဂိုလ်ကြီးကိုယ်တိုင် လှုပ်ရှားရသည်ကို သိချင်နေကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ၎င်းက အဓိပ္ပါယ်မရှိပေ။ နောက်ဆုံး၌ ချူးယွင်ဖန်း ကျဆုံးသွားပြီဖြစ်၏။

ဤကိစ္စများအဆက်မပြတ်ဖြစ်ပျက်လာခြင်းက လူတိုင်းကို အံသြစေခဲ့သည်။ ပါရမီရှင်စာရင်းဝင် ချူးယွင်ဖန်း သေဆုံးခြင်း၊ စစ်ဦးစီးချုပ်၏ ဒေါသ၊ တရှဧကရာဇ်ရုံး၏ ထိတ်လန့်မှုနှင့် နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ ကြီးမားသော ဆုံးရှုံးမှုများ၊ စသည်တို့မှစတင်၍ တရှရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများစွာ အဆက်မပြတ် သုတ်သင်ခံခဲ့ရကာ အနည်းဆုံး လူသိန်းချီ၍ ထိခိုက်နစ်နာခဲ့သည်။ ယင်းက မကြုံစဖူး ကြီးမားသော ကပ်ဘေးကြီးတစ်ခုဟု ဆိုနိုင်သည်။

ယင်းကိစ္စများအားလုံး၏ အဓိက အကြောင်းအရင်းက ချူးယွင်ဖန်းပင်ဖြစ်၏။

“သူ တကယ်သေသွားပြီလား” ကြယ်ကြွေကောင်းကင်ဂိုဏ်းရှိ လူအများအပြားက ထိုကိစ္စကို မယုံနိုင်စရာကောင်းသည်ဟု ထင်ကြသည်။

ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ အချိန်အတိုင်းအတာတစ်ခုထိ နာမည်တစ်လုံးရခဲ့၏။ သူ အလွန်အစွမ်းထက်သောကြေင့် ယန်တန့်ရှန်၏ အောက် ဒုတိယနေရာရှိ ယဲ့ယင်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်းက ပျိုးထောင်ခဲ့သော မျိုးဆက်သစ်လူငယ်ကို နတ်ဆိုးနတ်ဘုရားဂိုဏ်းက ထိုသို့ဖြင့် ဖယ်ရှားလိုက်ခြင်းက ဂိုဏ်းအတွင်းရှိ လေထုကို ရပ်တန့်သွားစေသည်ကို လူတိုင်း ခံစားမိနိုင်သည်။

ချူးယွင်ဖန်း၏ အဆင့်တွင် သူသည် ဂိုဏ်းတစ်ခုလုံးကို လွှမ်းမိုးနိုင်သည်။ ဂိုဏ်းအတွင်း၌ သူ့ပရိသတ်များစွာ ရှိသည်။ အစပိုင်းတွင် ၎င်းတို့ မယုံကြည်ကြသော်လည်း နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအရ ယင်းက မှန်သည်ဟု ပြနေသည်။ မဟုတ်ပါက စစ်ဦးစီးချုပ်ရုံးက ဤမျှ ဒေါသထွက်မည်မဟုတ်ပေ။

ချူးယွင်ဖန်း၏ အမည်ပင် ပါရမီရှင်စာရင်းမှ ပယ်ဖျက်ခံလိုက်ရပြီဖြစ်ကာ ယင်းက တစ်ခုတည်းသော အချက်ကို ညွှန်ပြနေ၏။ တစ်ချိန်က ၎င်းတို့ကို အံ့သြစေသောထိုလူက ရှေးခေတ်က ပါရမီရှင်များကဲ့သို့ တစ်ဝက်တစ်ပျက်ဖြင့် ကျဆုံးသွားခဲ့၏။ နောက်ဆုံဂ ရယ်သံက အကောင်းဆုံးဟူသော ဆိုရိုးကားအတိုင်းပင် လူတစ်ဦး၏ ပါရမီက မည်မျှပင် အံသြဖွယ်ကောင်းစေကာမူ အဆုံးထိမ‌ေလျှောက်နိုင်ပါက အဓိပ္ပါယ်မရှိပေ။

ထိုအချိန်တွင် တရှဧကရာဇ်မြို့တော်၌ လီချန်းယွမ်က သူ့နေအိမ်ရှိ အဓိက ထိုင်ခုံတွင်ထိုင်နေသည်။ ထို့နောက် အတန်ငယ်မျက်နှာပျက်နေပုံသော ပညာရှင်တစ်ဦးနှင့်တူသည့် အမျိုးသားတစ်ဦးကို ကြည့်နေသည်။

"ဘာလို့ ကိုယ်တိုင် ဒီကို လာခဲ့တာလဲ" လီချန်းဘွမ်က မေးလိုက်သည်။

ပညာရှင်က နူးညံ့သိမ်မွေ့၍ သန့်စင်ပုံရကာ သူ့မျက်လုံးများက နတ်ဘုရား၏ဉာဏ်အလင်းတောက်ပနေသည့်နှယ်ထင်ရသည်။

“စစ်ဦးစီးချုပ်က ကျွန်တော့်ကို လွှတ်လိုက်တဲ့အကြောင်းက မထိသင့်မကိုင်သင့်တဲ့ အရာတချို့ရှိတယ်လို့ ပြောဖို့ပဲ။ စစ်ဦးစီးချုပ်ကိုယ်တိုင်က မြို့ဝန်ရဲ့ ခြေရာလက်ရာတွေ ဖျောက်ဖို့ ကူပေးခဲ့ပေမယ့်.. နောက်တစ်ကြိမ်ရှိလာတော့မှာမဟုတ်ဘူး” အသတ်လတ်ပိုင်းပညာရှင်ကပြောသည်။

"သူတို့ သက်သေအထောက်အထား ရှာမတွေ့ပေမယ့် စစ်ဦးစီးချုပ်အတွက်တော့ သက်သေအထောက်အထား မလိုအပ်ပါဘူး။ သံသယနဲ့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် ရှိနေသရွေ့ လုံလောက်တယ်"

ထိုစကားများကိုကြားလိုက်ရသည်နှင့် လီချန်းယွမ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ မြို့ဝန်တစ်ဦးပင် စစ်ဦးစီးချုပ်ရှေ့၌ ခေါင်းငုံ့ထားရသည်။ သူသာမက အိမ်ရှေ့စံပင် ဦးညွတ်ရသည်ဖြစ်ကာ စစ်ဦးစီးချုပ်သည် စစ်တပ်၌ နံပါတ်တစ်ပုဂ္ဂိုလ်ပင်ဖြစ်၏။ အိမ်ရှေ့စံက ထီးနန်းကို ဆက်ခံချင်ပါက စစ်ဦးစီးချုပ်၏ ထောက်ခံမှုကိုလိုအပ်သည်။

စစ်ဦးစီးချုပ်က ဤကိစ္စနှင့်ပတ်သက်၍ အလွန်အမင်း မကျေမနပ်ဖြစ်နေကြောင်း ထင်ရှားသည်။ အကယ်၍ အိမ်ရှေ့စံကသာ ခြေရာလက်ရာအားလုံးကို ဖျက်ပစ်၍ လျို့ဝှက်ချက်ကို နှိမ်နင်းရန် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ပါက သူ ပါဝင်ပတ်သက်ကြောင်းပေါ်သွားမည်မှာ သေချာသည်။ ဤအကြောင်းကို စဥ်းစား၍ လီချန်းယွမ် နှဖူးမှ ချွေးစေးများ စီးကျလာသည်။

“နောက်ပြီး အရှင်သခင်က အနာဂတ်မှာ ထီးနန်းကို ကျိန်းသေဆက်ခံမှာမို့ မြို့ဝန်က နန်းတွင်းဝန်ကြီးတစ်ဦးဖြစ်လာပါလိမ့်မယ်။ ဒီလိုကိစ္စသာ ပေါက်ကြားသွားရင် မြို့ဝန်ရဲ့ အနာဂတ်ပျက်ဆီးလိမ့်မယ်။ အိမ်ရှေ့စံက မြို့ဝန် တိထားမယ်လို့ မျှော်လင့်ပါတယ်” ပညာရှင်က သတိပေးခဲ့၏။

--

All Chapters