← Chapters

အခန်း ၁၉၀၀

Vol. 127 Ch. 1900

အခန်း ၁၉၀၀

Vol. 127 Ch. 1900

အခန်း(၁၉၀၀) စကြဝဠာ ပဥ္စမအဆင့် အထွတ်အထိပ်

မျက်စိတစ်မှိတ်အတွင်း၌ပင် တစ်လတာကုန်လွန်သွားခဲ့သည်။ ကျွန်းးပေါ်မှ တောင်တန်း၌ တစ်စုံတစ်ဦးက လှိုဏ်ဂူတစ်ခုတူးကာ ဂူဝ၌ အတားအဆီးချထားသည်။ အပြင်မှကြည့်ပါက ယင်းက ဗလာဖြစ်နေသော ဂူတစ်လုံးအလားပင်ဖြစ်၏။

တောင်မြစ်ပန်းချီကားထဲ၌ ချူးယွင်ဖန်းက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ ဤတစ်လတာလုံး ပြန်လည် ကုသရေးအတွက် အချိန်ကုန်ခဲ့၏။ ကျန်နေသော ပန်းကိုးပွင့်ကျောက်စိမ်းနှင်းဆေးများအားလုံးကိုလည်း သောက်ခဲ့ပြီးဖြစ်ရာ ထို ဆေးအစွမ်းသတ္တိက အဆုံးတွင် သူ့ကို အန္တရာယ်ထဲမှ ပြန်ခေါ်နိုင်ခဲ့သည်။

မည်သည့်အချိန်၌မဆို သေသွားနိုင်သည်ဟူသော ခံစားချက်က ချူးယွင်ဖန်းကို ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူ့အတွက် သေခြင်းတရားနှင့် အနီးဆုံးသို့ ရောက်သွားသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် သူ့အသက်ကို စွန့်ကာ ဘဝ၏ ရာပေါင်းများစွာသော နှစ်များကို စတေးခဲ့ခြင်းမဟုတ်ပါက ထိုနေရာ၌ပင် သေသွားခဲ့လိမ့်မည်မှာ သေချာသည်။ သို့သော် ယခု သူနောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ ပန်းကိုးပွင့်ကျောက်စိမ်းနှင်းဆေးလုံးတိုင်းက အလွန်တန်ဖိုးရှိ၍ ကုသဆေးဟုခေါ်နိုင်၏။ ယခုအားလုံးကို သောက်ပြီးသည့်နောက် သူ သေဘေးမှ ရုန်းကန်၍ လွတ်မြောက်လာခဲ့သည်။

လွန်ခဲ့သော တစ်လနှင့်ယှဥ်ပါက ချူးယွင်ဖန်းသည် တစ်နှစ်၊ နှစ်နှစ်ခန့်သာ ပို၍ အိုသွားပုံပေါ်သည်။ ထိုသို့ ဖြစ်ရပ်မျိုးဖြစ်ခဲ့သည်ဟုပင်ပြောရခက်သည်။ ထို့ကြောင့် သူ၏ သက်တမ်းက အမှန်တကယ် မယှဥ်နိုင်စဖွယ်ပင် ရှည်လျားလွန်းသည်ဟူ တွေးကြည့်၍ ရ၏။

သူ၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ တိုက်ခိုက်ရေးခွန်အားသည်လည်း စကြဝဠာ ပဥ္စမအဆင့်သို့ ဝင်ရောက်လာသည်။ တကယ်တမ်းတွင် စကြဝဠာ ဆဠမအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့ပေ၏။ ရွှေခြောက်စင်းဆေးလုံးဖြစ်စေ၊ ပန်းကိုးပွင့်ကျောက်စိမ်းနှင်းဆေးဖြစ်စေ နှစ်ခုလုံးက လူတစ်ဦး၏ ခွန်အားကိုမြှင့်တင်ပေးနိုင်သည့် ဆေးများဖြစ်ကြသည်။ ချူးယွင်ဖန်း ပြန်လည်ကောင်းမွန်လာသည်နှင့် သူသည် သဘာဝအတိုင်းပင် စကြဝဠာ ဆဠမအဆင့်သို့ရောက်သွားပေလိမ့်မည်။

သူ့ဒဏ်ရာများသာ ဆေးအစွမ်း များစွာသုံးမိရသည်အထိ မပြင်းထန်ပါက စကြဝဠာ အဆင့်သို့ရောက်ရန် ပြဿနာမရှိပေ။ သူ၏ မူအလခြေအနေထိ ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး၏ ခွန်အားက မကြုံစဖူးအခြေအနေထိ အားကောင်းလာသည်ဟု ခံစားလိုက်ရ၏။ လီချန်းယွမ်သာ ယခု သူ့ရှေ့တွင်ရပ်နေပါက အေးဆေးသတ်ပစ်နိုင်သည်ကို သံသယဝင်ရန်မလိုပေ။

ထိုနယ်မြေ၌ ရပ်နေလျက် သူက အသန်မာဆုံးဖြစ်ကာ ဖန်ဆင်းရှင် တတိယအဆင့်ပင် သူ့ကို မည်သို့မျှ ထိခိုက်စေနိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းက ငါးလအတွင်းကျင်းပမည့် ခင်ပွန်းရွေးပွဲကို အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားသည်။ ပါရမီရှင်စာရင်း၌ပါသော ပါရမီရှင်များဖြစ်စေ၊ ပါရမီရှင်စာရင်း၌မပါသည့် လျို့ဝှက်ကျွမ်းကျင်သူများဖြစ်စေ သူ ၎င်းတို့ကို မကြောက်တော့ချေ။

ထိုလူများသည် သူ့ကို ယှဥ်နိုင်မည်မဟုတ်ပေ။

ကျန်ရှိနေသော အချိန်အတွင်း ထို ပါရမီရှင်များသည် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်၌ ရပ်နေကြမည်မဟုတ်၊ နောက်ထပ် အဆင့် တိုးတက် လာမည်မှာ သေချာသည်။ သို့သော် ချူးယွင်ဖန်း၏ တိုးတက်မှုကလည်း ပိုမို မြင့်မားလာမည်။ သူက ခေါင်းလှည့်၍ ခပ်လှမ်းလှမ်းမှ ဆေးဖက်ဝင်အပင်တောင်ကို ကြည့်လိုက်သည်။

ဗြဟ္မာသစ်ပင်ပေါ်၌ ဗြဟ္မာသီးအချို့ သီးနေပြီဖြစ်ကာ လှပသော အလင်းတန်းများဖြင့် တဖျပ်ဖျပ်လတ်နေသည်။ သစ်ပင်အောက်၌ အစွ၎်းထက်သော အရှိန်အဝါတချိ့ကို ထုတ်လွှတ်နေဆဲဖြစ်သည့် အလောင်းပုံတစ်ပုံလည်းရှိနေသည်။ အပင်က ၎င်းတို့ကို အကုန်စင်မဝါးမြိုရသေးပေ။

ချူးယွင်ဖန်း သတ်ဖြတ်ခဲ့သည့် စကြဝဠာအဆင့်နှင့် ဖန်ဆင်းရှင်အဆင့် ကျွမ်းကျင်သူများသည် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်များ၌ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းတွင်ရှိသည့် သွေးအနှစ်သာရပမာဏကလည်း မယုံနိုင်အောင်များပြားလှသည်။ ဗြဟ္မာပင်၏ စုပ်ယူနိုင်စွမ်းက မြင့်မားသည့်တိုင် ထိုအနှစ်သာရစွမ်းအင်အားလုံးကို အချိန်တိုအတွင်း စုပ်ယူနိုင်ရန် ခက်ခဲသည်။ ချူးယွင်ဖန်းသာ ဝိဉာက်ကျာက်တုံး အရေအတွက်များများမရနိင်လျှင် ဗြဟ္မာပင်က သွေးအနှစ်သာရအားလုံးကို အချိန်တိုအတွင်း ချေဖျက်ရန် မဖြစ်နိုင်ပေ။ ထိုမှသာ ဗြဟ္မာပင်လည်း ရင့်မှည့်နိုင်လိမ့်မည်။

ထိုအချိန်ရောက်ပါက ဗြဟ္မာသီး၏ အထောက်အပံ့နှင့် ချူးယွင်ဖန်း၏ ကျင့်ကြံမှု ပြန်လည်အောင်မြင်လာရန် ခက်မခဲမည်မဟုတ်တော့ပေ။ သူသည် ခြောက်လအတွင်း ဖန်ဆင်းရှင်အဆင့်သို့ဝင်ရောက်နိုင်လိမ့်မည်။ ထိုအချိန်ရောက်ပါက ခွန်အားဖြစ်စေ၊ အဆင့်အတန်းဖြစ်စေ၊ ၎င်းတို့က လက်ရှိအခြေအနေနှင့် လုံးဝကွာခြားသွားလိမ့်မည်။ တရှ၌ ဖန်ဆင်းရှင်အဆင့်သို့ ရောက်သူများကို ဘိုးဘေးအဆင့်ဟု သတ်မှတ်ကြသည်။ ၎င်းတို့က ကျွမ်းကျင်သူအဆင့်ပင်မသတ်မှတ်နိုင်သည့် စကြဝဠာအဆင့်ရှိသူများနှင့်ကွာခြားသည်။

“အပြင်ထွက်ဖို့ အချိန်ရောက်ပြီ”

ချူးယွင်ဖန်းက ဖျတ်ခနဲတောက်ပသွားကာ တောင်မြစ်ပန်းချီကားထဲမှ ထွက်လာသည်။ ထို့နောက် ဂူထဲ၌ ပေါ်လာကာ ဂူဝင်ပေါက်ရှိ အတားအဆီဂအမျိုးမျိုးကို ပေါ့ပေါ့ပါးပါး ဖယ်ရှားလိုက်၏။ တောက်ပသော နေရာင်ခြည်က သူ့ခန္ဓာကိုယ်ပေါ်သို့ကျရောက်နေသဖြင့် ပြန်လည်မွေးဖွားလာသည့်အလား ခံစားလိုက်ရသည်။

သူ နေကို မမြင်ရသည်မှာ အလွန်ကြာခဲ့ပပြီဖြစ်သည့်အပြင် ငရဲတံခါးကိုလည်း ဖြတ်လျှောက်လာခဲ့ရသေးသည်။ ယင်းက သူ့အား ဒုတိယအကြိမ် ပြန်လည်ရှင်သန်လာသကဲ့သို့ ခံစားရစေ၏။

ချူးယွင်ဖန်းက ကောင်းကင်သို့ ပျံတက်သွားကာ သူရောက်နေသော ကျွန်းကို ပထမဆုံးအကြိမ် စတင်လေ့လာလိုက်သည်။ သူ့ နတ်ဘုရားစိတ်ဝိဉာဥ်ကို ဖြန့်ကျက်လိုက်သည်နှင့် ကျွန်းတစ်ခုလုံးကို ချက်ချင်းမြင်လိုက်ရ၏။

ထိုကျွန်းက အနည်းဆုံး အချင်းဝက် ကီလိုမီတာ တစ်ထောင်ရှိကာ အလွန်ကြီးမားသော ကျွန်းတစ်ကျွန်းဟု ယူဆနိုင်၏။ ကျွန်းပေါ်၌ တောင်များ၊ သစ်တောများနှင့် ထူးဆန်းသော ကျောက်ဆောင်များရှိနေကာ မဖွံ့ဖြိုးသေးသော သဘာဝတရား၏ ပြီးပြည့်စုံသည့် ပုံရိပ်တစ်ခုအဖြစ် မြင်နိုင်သည်။

တောအုပ်ထဲမှ ထိုးထွက်နေသော သစ်ပင်ကြီးများသည် ပေတစ်ထောင်ကျော်မြင့်ကာ ကောင်းကင်ကို ဖုံးလွှမ်းနေသည်။

တောအုပ်၏ အနက်ရှိုင်းဆုံးနေရာ၌ အမျိုးအမည်မသိသော သားရဲကြီးများ၏ ဟိန်းဟောက်သံများသည် တောအုပ်တစ်ခုလုံး၊ ကျွန်းတစ်ခုလုံးကို ပဲ့တင်ထပ်နေ၏။ အဝေး၌ ကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်သည့် ပင်လယ်လှိုင်းများရှိသေးသည်။ ဧရာမလှိုင်းလုံးကြီးများသည် ကမ်းစပ်သို့ ဆူနာမီလှိုင်းလုံးကြီးများသဖွယ် တိုက်ခတ်သွားသည်။

ပြည်ထောင်စု၌ ထိုမျှ ကြီးမားသော လှိုင်းလုံးကြီးများသည် ဆူနာမီလှိုင်းလုံးတစ်ခုသဖွယ်ဖြစ်နေမည်မှာသေချာသော်လည်း ဤနေရာ၌မူ မကြာခဏ အဖြစ်များသည်။

ထိုအချက်ကြောင့် ချူးယွင်ဖန်းသည် အလယ်ပိုင်းလွင်ပြင်၏ အဝေးသို့ရောက်နေကြောင်းသိလိုက်သည်။ အလယ်ပိုင်းလွင်ပြင်အနီးရှိ လှိုင်းများက တည်ငြိမ်နေကာ ထိုကဲ့သို့ ထိတ်လန့်ဖွယ်လှိုင်းလုံးများ ရှိမည်မဟုတ်ချေ။ လှိုင်းများ ကျွန်းကို ရိုက်ခတ်သည့်အခါတိုင်း ကျွန်းတစ်ခုလုံး ရေတိုက်စား ခံရမည့်အလား တုန်နေသည့် အသံကို ကြားနိုင်သည်။

"အလယ်ပိုင်းလွင်ပြင်ဒေသတစ်ဝိုက်မှာ ပင်လယ်သုံးခုရှိတယ်လို့ ကောလာဟလတွေ ကြားဖူးတာ။ မြောက်ပိုင်းပင်လယ်မှာ တစ်နှစတ်ပတ်လုံးအေးပြီး လေအေးတွေတိုက်နေတာကြောင့် ဆီးနှင်းတွေခဲနေတယ်လို့ ကြားဖူးတယ်။ ဒီနေရာက မြောက်ပိုင်းပင်လယ်နဲ့မတူဘူး။ ဒါပေမယ့် တောင်ပိုင်းပင်လယ်ကျ အရမ်းပူလွန်းလို့ လေပူတွေ တိုက်နေတာ။ အဲ့တာလည်းမဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာ တစ်ခုပဲရှိတယ်။ ဒါက အရှေ့ဘက်ပင်လယ်ပဲဖြစ်ရမယ်”

ချူးယွင်ဖန်းက “ကမ္ဘာ”စာအုပ်၌ပါသော မှတ်တမ်းများကိုပြန်လည်တွေးတောလိုက်သည်။

အလယ်ပိုင်းလွင်ပြင်တစ်ဝိုက်တွင် အလယ်ပိုင်းလွင်ပြင်ကို ဝန်းရံထားသော ဧရာမပင်လယ်ကြီး သုံးခုရှိကာ ၎င်းတို့မှာ မြောက်ပိုင်းပင်လယ်၊ အရှေ့ပိုင်းပင်လယ်နှင့် တောင်ပိုင်းပင်လယ်တို့ ဖြစ်သည်။

ချူးယွင်ဖန်း၏ ဆုံးဖြတ်ချက်အရ သူသည် အရှေ့ပင်လယ်၏ နယ်နိမိတ်တွင် ရှိနေခြင်းဖြစ်မည်။ သူအသုံးပြုခဲ့သော နည်းစနစ်သည် လူတစ်ဦးအား တစ်ကြိမ်ရှူရုံဖြင့် မိုင်တစ်သောင်း ခရီးသွားနိုင်စေခဲ့သည်။ သူ့သက်တမ်း၏ နှစ်ရာချီကို လောင်ကျွမ်းစေပြီးနောက် နည်းစနစ်၏ စွမ်းအားသည် မည်သူမျှမသိနိုင်သည့် ပမာဏဖြင့် မြင့်တက်လာခဲ့သည်။ ချူးယွင်ဖန်းကိုယ်တိုင်ပင် သူမည်သည့်နေရာသို့ တိမ်းရှောင်သွားခဲ့သည်ကို မသိပေ။

ထို့အပြင် သူ ပြီးခဲ့သည့်လက သူ့ခွန်အားပြန်လညရရှိရန် လုပ်နေရသဖြင့် ဤကိစ္စများကို စဥ်းစားချိန်မရခဲ့ပေ။ ယခုမှသာ သူ့တည်နေရာကို ဆုံးဖြတ်နိုင်ခဲ့၏။

သူသာ ပင်လယ်အနီးတွင် ရှိနေခဲ့လျှင် အလယ်ပိုင်းလွင်ပြင်သို့ ပြန်သွားရန် လွယ်ကူမည်ဖြစ်သော်လည်း ယခုအခါ အရှေ့ပင်လယ်၏ အနက်ဆုံးသို့ ရောက်ရှိနေပြီဟု ထင်ရသည်။ အလယ်ပိုင်းလွင်ပြင်သို့ ပြန်သွားရန်မှာ သဘာဝအတိုင်း မလွယ်ကူပေ။

ဤသည်မှာ အလယ်ပိုင်းလွင်ပြင်နှင့်ကွာခြားသော ကမ္ဘာတစ်ခုဖြစ်သည်။ အလယ်ပိုင်းလွင်ပြ်ငက အင်အားကြီးမျိုးနွယ်စုအနည်းငယ်အောက်၌ အင်အားစုအားလုံး စုစည်းထားသော နေရာတစ်ခုဖြစ်ပါက အရှေ့ဘက်ပင်လယ်သည် ကျင့်ကြံသူများ၏ ကမ္ဘာဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်၌ ဆက်လက်ရှင်သန်နိုင်တော့မည်မဟုတ်သော ကျင့်ကြံသူအများအပြားက တရှ၏ တို်ကခိုက်မှုများကို ရှောင်ရှားရန် အရှေ့ပင်လယ်ထဲသို့ ထွက်ပြေးခဲ့ကြသည်။

--

All Chapters