အခန်း ၁၉၀၁
Vol. 127 Ch. 1901
အခန်း(၁၉၀၁) ဧရာမ လိပ်သားရဲအုပ်ကို ဖျက်ဆီးခြင်း
အရှေ့အလယ်ပိုင်းတစ်ခွင်၌ တရားဝင်သည်ဖြစ်စေ၊ မိစ္ဆာဖြစ်စေ၊ လှည့်လည်သွားလာနေသည့် လေလွင့်ကျင့်ကြံသူများ အဓိက နေရာယူထားကြသည်။ တရှက မည်မျှ အင်အားကြီးမားသည် ဆိုစေဦး၊ ဤကျယ်ပြောသော ပင်လယ်ပြင်ကြီးအထိ နယ်မြေချဲ့ထွင်နိုင်ခြင်းမရှိသေးပေ။ ကမ်းရိုးတမ်းတစ်လျှောက်တွင်မူ တရှ၏ ရေတပ်က အရပ်မျက်နှာ အနှံ့သို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း ပင်လယ်နက်ပိုင်းနယ်မြေများ၌မူ တရှက မထိန်းချုပ်နိုင်သည့်နယ်မြေများရှိသေးသည်။ ထို့အပြင် မရေမတွက်နိုင်အောင်များပြားလှသော ကြောက်မက်ဖွယ်သားရဲများလည်းရှိနေသေးသဖြင့် ဤနေရာသည် ကုန်းမြေပေါ်ရှိ နတ်ဆိုးနယ်မြေထက်ပင် ပို၍ အန္တရာယ်ကြီးမားလှ၏။
ချူးယွင်ဖန်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ပင်လယ်ရေပြင်ပေါ်သို့ ရောက်ရှိသွားသည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ နေရာအနှံ့တွင် အဆုံးမရှိသော လှိုင်းလုံးကြီးများကိုသာ မြင်တွေ့ရ၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် လမ်းကြောင်းကိုပင် ခွဲခြားရန် မဖြစ်နိုင်တော့ပေ။
သူ မျက်လုံးများကို မှိတ်၍ ပေါင်းထိုင်၌ ချန်ထားခဲ့သော အစီအရင်စု၏ အငွေ့အသက်ကို ရှာလိုက်သည်။ အစီအရင်စုက မိုင်ထောင်ချီ၍ ဝေးကွာနေသော်လည်း သူ ထိုအရှိန်အဝါကို ခံစားမိဆဲဖြစ်သည်။ လမ်းကြောင်းသိသွားပြီဖြစ်သဖြင့် ကျန်ရှိသည်များကို ကိုင်တွယ်ဖြေရှင်းရန် မခက်တော့ပေ။
ထိုစဉ် ရုတ်တရက်ဆိုသကဲ့သို့ လှိုင်းလုံးများကြားမှ သွေးအလိမ်းလိမ်းနှင့် ပါးစပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ချူးယွင်ဖန်းကို ဟပ်ရန် ကြိုးစားလိုက်သည်။
ချလွမ်း
ထိုသွေးစွန်းနေသော ပါးစပ်ကြီးသည် ချူးယွင်ဖန်း၏ ကိုယ်နှင့် သုံးလက်မအကွာသို့ ရောက်ရှိလာသော်လည်း သံတုံး သို့မဟုတ် ကျောက်တုံးကို ကိုက်မိလိုက်သကဲ့သို့ ဖြစ်သွား၏။
"ခွေးသူတောင်းစား... မင်းက သေတွင်းကို တိုးနေတာပဲ!" ချူးယွင်ဖန်းက အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
သူ့တစ်ကိုယ်လုံးမှ ဓားအလင်းတန်းလှိုင်းများ ပေါက်ကွဲထွက်လာကာ ထိုပါးစပ်ကြီးကို အပိုင်းပိုင်းပြတ်အောင် ပိုင်းဖြတ်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ကြီးတစ်ဖက်ကို ဆန့်ထုတ်လျက် ထိုကြောက်မက်ဖွယ်သားရဲကို ဖမ်းချုပ်လိုက်သည်။ ၎င်းမှာ တောင်ငယ်တစ်လုံးခန့် ပမာဏရှိသော လိပ်ပုံသဏ္ဍာန် မိစ္ဆာသတ္တဝါကြီးပင် ဖြစ်သည်။
ဤလိပ်မိစ္ဆာကြီးတွင် ဆူးများပါသော အခွံနှင့် အစွယ်အပြည့်ပါသည့် ပါးစပ်ရှိကာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ သို့သော်လည်း ၎င်းမှာ ချူးယွင်ဖန်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ပါးစပ်မှာလည်း သူ၏ ရိုက်နှက်မှုကြောင့် အပိုင်းပိုင်း ကြေမွသွားရသည်။ ၎င်းသည် အသည်းအသန် ရုန်းကန်နေရှာသည်။
သို့သော် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန်မှာမူ မဖြစ်နိုင်တော့ပေ။ ထိုကြီးမားလှသော လိပ်ပုံသဏ္ဍာန် သားရဲကြီးများက အလွယ်တကူပင် နှစ်ပိုင်းကွဲသွားပြီး အသက်ပျောက်သွားလေတော့သည်။
စကြဝဠာအဆင့် နတ်ဆိုတစ်ကောင်ကို နယ်မြေတစ်ခု၏ အရှင်သခင်ငယ်ဟု သတ်မှတ်နိုင်ပြီး သာမန်သားရဲများက ၎င်းကို ယှဉ်နိုင်မည်မဟုတ်ပေ။ ကံဆိုးစွာပင် ဤသားရဲကြီးက ချူးယွင်ဖန်းနှင့် တိုးခဲ့ရသဖြင့် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ ဤကြောက်မက်ဖွယ် ပင်လယ်သားရဲမှာ ဤမျှအထိ သတ္တိရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူ လေထဲတွင် ပျံသန်းနေစဉ်မှာပင် ၎င်းက ရဲရဲဝံ့ဝံ့ လာရောက်ကိုက်ခဲ့ခြင်းဖြစ်၏။
ထိုစဉ် ချူးယွင်ဖန်း အကြံတစ်ခု ရသွားသည်။ သူက ချိပ်စည်းတစ်ခုကို လက်ဖြင့် ရေးဆွဲကာ ရေထဲသို့ ငုပ်လျှိုးဆင်းသွား၏။ သူ ရေဆန့်ကျင်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ခြင်းဖြစ်သည်။ ယခုအခါ သူက နတ်အဆင့်သို့ရောက်နေပြီဖြစ်၍ နတ်စွမ်းအင်များကို ပိုင်ဆိုင်ထားရာ မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ ဖြစ်စေ အလွယ်တကူ သွားလာနိုင်သည်။ သို့သော် ရေဆန့်ကျင်မန္တန်ကို အသုံးပြုခြင်းက ပို၍ အဆင်ပြေချောမွေ့ပေသည်။
ရေထဲသို့ ရောက်ရှိပြီးနောက် ချူးယွင်ဖန်းက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ တစ်ပြင်လုံးတွင် ပိန်းပိတ်အောင် မှောင်အတိကျနေသည်။ သူ မည်သည့်အလင်းရောင်ကိုမျှ မမြင်ရတော့ဘဲ၊ သူ၏ နတ်ဘုရားစိတ်ဝိဉာဥ်ကိုသာ အသုံးပြု၍သာ ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးနိုင်တော့သည်။
ပင်လယ်နက်ပိုင်း အနက်ရှိုင်းဆုံးနေရာများတွင် ရေတွက်၍မရနိုင်အောင်များပြားသည့် သားရဲကြီးများ ငြိမ်သက်စွာ အောင်းနေကြသည်။ ၎င်းတို့က ကျင့်ကြံနေခြင်းဖြစ်၍ ပင်လယ်ရေကို စုပ်ယူကာ ရေထဲရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေကြသည်။ ချူးယွင်ဖန်းက ထိုသားရဲအများအပြားမှာ ဝိညာဉ်ကျောက်တုံး များကို ဝါးမျိုကာ စွမ်းအင်များကို စုပ်ယူနေကြသည်ကိုလည်း မြင်ရသည်။
လူသားကျင့်ကြံသူများကဲ့သို့ပင် ဤနတ်ဆိုးသားရဲများသည်လည်း အတိုင်းအတာတစ်ခုအထိ ဉာဏ်ရည်ရှိကြပြီး ကျင့်ကြံနိုင်သည်။ သို့သော် လူသားများနှင့် မတူသည်မှာ လူသားများက အထူးအမွေအနှစ် သို့မဟုတ် သင်ကြားမှုများ လိုအပ်သော်လည်း၊ ဤသားရဲများ၏ သွေးသားထဲတွင် ကျင့်ကြံခြင်းနည်းစနစ်များ ကိန်းအောင်းနေတတ်ခြင်း ဖြစ်သည်။ အသိပညာမရှိသော သတ္တဝါများပင်လျှင် ကျင့်ကြံတတ်ကြ၍ သဘာဝအလျောက် အလွန်နက်ရှိုင်းသော အဆင့်အထိ ရောက်ရှိနိုင်ကြသည်။ သို့သော် လူသားများနှင့် ယှဉ်လျှင်မူ ၎င်းတို့၏ ဉာဏ်ရည်မှာ မမြင့်မားလှပေ။ ကျင့်ကြံခြင်း အဆင့်အတန်းတစ်ခုသို့ ရောက်ရှိမှသာ လူသားများနှင့် တန်းတူသော အသိဉာဏ်ကို ရရှိနိုင်မည် ဖြစ်သည်။
"ဝိညာဉ်ကျောက်တုံးတွေပဲ... အချိန်ကိုက်ပါပဲလား။ ငါ အများကြီး လိုနေတာ "
ချူးယွင်ဖန်းက ကြောက်မက်ဖွယ် ပင်လယ်သားရဲများကို ဝေ့ဝဲကြည့်လိုက်ရာ၊ ထိုသားရဲများကလည်း ချူးယွင်ဖန်း၏ တည်ရှိမှုကို အာရုံခံမိသွား၍ သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
သို့သော်လည်း သူ ချက်ချင်းပင် ချိပ်စည်းတစ်ခု ပြုလုပ်ကာ သူ၏ အရှိန်အဝါကို ထိန်းချုပ်လိုက်သဖြင့် ထိုသားရဲများ၏ အာရုံခံနိုင်စွမ်းမှာ သူ့ကို ရှာမတွေ့နိုင်တော့ပေ။ ဤကဲ့သို့ အမှောင်ထုကြီးစိုးသော နေရာတွင် မျက်စိကို အားကိုးမည့်အစား နတ်ဘုရားအာရုံကို အသုံးပြု၍သာ ပတ်ဝန်းကျင်ကို စူးစမ်းရပေမည်။
ထို့နောက် ချူးယွင်ဖန်း စတင်လှုပ်ရှားတော့သည်။ ဗြဟ္မာသစ်ပင်၏ ကြီးထွားမှုကို အရှိန်မြှင့်ရန်အတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းရန် သူ လျင်မြန်စွာ လှုပ်ရှားလိုက်သောအခါ ခဏအကြာ၌ လိပ်ကြီးတစ်ကောင်၏ နောက်ကျောဘက်တွင် ပေါ်လာသည်။ ထိုလိပ်ကြီးမှာ အလွန်များပြားလှသော ပင်လယ်ရေများကို မှုတ်ထုတ်နေသဖြင့် ရေအောက်လေဆင်နှာမောင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
၎င်းမှာ စောစောက ချူးယွင်ဖန်းကို ကိုက်ဟပ်ရန် ကြိုးစားခဲ့သော လိပ်ကြီးထက်ပင် ပို၍ စွ၎်းအားကြီး၍ အနည်းဆုံး စကြဝဠာအဆင့် ပဉ္စမအဆင့်တွင် ရှိနေသည်။
သို့သော်လည်း ထိုလိပ်ကြီးမှာ ချူးယွင်ဖန်း ရှိနေသည်ကို လုံးဝ သတိမထားမိပေ။
ရုတ်တရက်ဆိုသကဲ့သို့
ရုတ်တရက်ဆိုသလို လက်ကြီးတစ်ဖက်က ထိုလိပ်ကြီးကို ဖမ်းဆွဲကာ တောင်မြစ် ပန်းချီကားချပ် ထဲသို့ ဆွဲသွင်းလိုက်သည်။ လိပ်ကြီးသည် တစ်ခုခုမှားနေပြီဖြစ်ကြောင်း ချက်ချင်းသိရှိသွားသည်နှင့်တစ်ပြိုင်နက် ဟိန်းဟောက်ကာ ချူးယွင်ဖန်းကို ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသည်။
သို့သော် ချူယွင်ဖန်းက ပို၍ မြန်ဆန်လှသည်။ ပေရာပေါင်းများစွာ ရှည်လျားသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး လိပ်ကြီး၏ ခေါင်းကို ဖြတ်ချလိုက်သည်။ သွေးများ ပန်းထွက်လာသောအခါ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် ချူးယွင်ဖန်းက ထိုလိပ်အသေကောင်ကို ဗြဟ္မာသစ်ပင်၏ အောက်သို့ ပစ်ချလိုက်ရာ၊ မကြာမီပင် သစ်ပင်၏ ကြီးမားလှသော အမြစ်များက လိပ်ကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားကြသည်။
လိပ်ကြီး ကျင့်ကြံရာတွင် အသုံးပြုသော လတ်လတ်ဆတ်ဆတ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းခန့်မှာလည်း သူ့ လက်ထဲသို့ သဘာဝအတိုင်း ရောက်ရှိလာသည်။ လိပ်ကြီး ကျင့်ကြံရာတွင် အသုံးပြုခဲ့သဖြင့် ဤမျှသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။ ဤသားရဲများသည် ကျောက်တုံးများကို စုဆောင်းထားရန် စိတ်ကူးမရှိကြပေ။
ဤအဆုံးမရှိသော သမုဒ္ဒရာထဲတွင် အန္တရာယ်များမှာ နေရာအနှံ့ ရှိနေသည်။ ဤသားရဲများသည် ပင်လယ်နက်ထဲတွင် အချိန်မရွေး သေဆုံးသွားနိုင်သည်။ ထို့ကြောင့် ရရှိသမျှ စည်းစိမ်ကို မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် အင်အားတိုးအောင် ချက်ချင်း အသုံးပြုရမည်ဖြစ်ကြောင်း သာမန်လူများထက် ပို၍ နားလည်ထားကြသည်။
တောင်ပုံရာပုံ ရှိနေသော ထိုဝိညာဉ်ကျောက်တုံးများကို ချူးယွင်ဖန်းက ချက်ချင်းပင် အမှုန့်ဖြစ်အောင် လုပ်လိုက်သောအခါ ၎င်းတို့အတွင်းရှိ ဝိညာဉ်စွမ်းအင်များက ဗြဟ္မာသစ်ပင်ထဲသို့ စီးဝင်သွားတော့သည်။
"မလုံလောက်သေးဘူး။" ချူယွင်ဖန်က နှမြောတသစွာဖြင့် ခေါင်းခါလိုက်သည်။
သူ သတ်ဖြတ်ခဲ့သော နတ်ဆိုနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် မိစ္ဆာများ၏ စည်းစိမ်များသည် သူ့လက်ထဲသို့ မရောက်ရှိခဲ့ပေ။ ထိုသူ (ရန်သူ) မှာ အလွန်လျင်မြန်စွာ ပေါ်လာသဖြင့် သူ ပစ္စည်းများကို သိမ်းဆည်းရန် အချိန်မရလိုက်ခြင်း ဖြစ်သည်။
ချူးယွင်ဖန်းက စိတ်အတွေးဖြင့် အခြားတစ်နေရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းသွားပြီး နောက်ထပ် လိပ်ကြီးတစ်ကောင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ဤနေရာသည် လိပ်မိစ္ဆာများ၏ အသိုက်ဖြစ်ကြောင်း သူ သိလိုက်၏။ သူ၏ လှုပ်ရှားမှုများသည် အလွန်ပင် လျင်မြန်လှသည်။ ထိုလိပ်ကြီးများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားကြသည်။ သူသည် အခြားလိပ်များကိုပင် သတိမထားမိစေဘဲ တစ်ကောင်ချင်းစီကို သတ်ဖြတ်ပစ်ခဲ့သည်။ ဤလိပ်အုပ်စုငယ်လေးမှာ ချူးယွင်ဖန်းတစ်ဦးတည်း၏ လက်ချက်ဖြင့် မျိုးပြုတ်သွားရသည်။
သူ့အတွက် တစ်ခုတည်းသော အခက်အခဲမှာ လိပ်ဘုရင်ကို သွားရောက်တိုက်ခိုက်ချိန်တွင် ဖြစ်သည်။ ၎င်းမှာ ဖန်ဆင်းရှင်အဆင့် သတ္တဝါဖြစ်သဖြင့် ချူးယွင်ဖန်း အနည်းငယ် မောပန်းသွားခဲ့သော်လည်း၊ နောက်ဆုံးတွင် သူ၏ ရည်မှန်းချက်ကို ကျေနပ်ဖွယ်ရာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
--