← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း (၆၄) ပြည်နယ်မြို့တော်မှ လာသော အလွန်တင့်တယ်လှပသည့် ရင့်ကျက်သောအမျိုးသမီးတစ်ဦး

ခြံဝန်းကြီးတစ်ခုအတွင်းသို့ လူအယောက်နှစ်ဆယ်ကျော် လမ်းလျှောက်ဝင်လာခဲ့ကြသည်။

ယခုအခါ အဝင်နှစ်ဆင့်နှင့် အထွက်နှစ်ဆင့်ရှိသော ဤခြံဝန်းကြီးတစ်ခုလုံးကို လုံးဝရှင်းလင်းထားပြီးဖြစ်သည်။ အဒေါ်ကျောက် သေသေချာချာ ပြင်ဆင်မွမ်းမံထားသော ပစ္စည်းအချို့ကိုလည်း အနောက်ဘက်သို့ ပြန်လည်ရွှေ့ပြောင်းထားပြီးဖြစ်ရာ အိမ်တော်ကြီးမှာ ယခုအချိန်တွင် လုံးဝဗလာဖြစ်နေတော့သည်။

ယနေ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းမှာ ဤမျှသာဖြစ်ပေသည်။

လူတိုင်း သူတို့၏ အထုပ်အပိုးများကို ချထားပြီးနောက် လုယွမ်က စတင်တာဝန်ခွဲဝေပေးလိုက်သည်။ ထိုအခန်းတွင် မြောင်းတစ်ခုတူးရန် လိုအပ်ပြီး ထိုအခန်း၏ နံရံများကိုမူ ဖျက်ဆီးပစ်ရန်နှင့် ပြတင်းပေါက်များကို ပိုမိုချဲ့ထွင်ရန် လိုအပ်သည်။ အခြားတစ်နေရာတွင်လည်း နံရံတစ်ခု ပြန်လည်တည်ဆောက်ရဦးမည်ဖြစ်သည်။

လုယွမ်က ဤလူများကို စကားပြောဆိုရင်း သူတို့ထဲမှ အသက်ကြီးသောသူတစ်ဦးကို အလုပ်သမားခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်သည်။ ထိုသူမှာ သူတို့ရောက်ခါစက လုယွမ်ကို ကြောက်ကြောက်လန့်လန့်မေးခဲ့သော အဘိုးအိုပင်ဖြစ်ပေသည်။

ထိုအဘိုးအို၏အမည်မှာ ဝမ်ပေါင်ထျန်းဖြစ်ပြီး အသက်သုံးဆယ့်ကိုးနှစ်ရှိကာ တိုင်နင်းမြို့နှင့် မိုင်အနည်းငယ်ကွာဝေးသော ဝမ်မိသားစုရွာမှ လာသူဖြစ်သည်။ သူသည် ဆောင်းရာသီရောက်တိုင်း အရှေ့ဘက်မြို့တံခါးဝတွင် လာရောက်စုဝေးလေ့ရှိသော သက်ကြီးလုပ်သားတစ်ဦးဖြစ်ပေသည်။ သူ အလုပ်သမားခေါင်းဆောင်ဖြစ်လာသည့်အခါ မည်သူကမျှ ကန့်ကွက်ခြင်းမရှိကြချေ။

ထိုလူများကို တာဝန်များ အသီးသီးပေးအပ်ပြီးနောက် လုယွမ်က ဆောက်လုပ်ရေးပစ္စည်းများဝယ်ယူရန် ထွက်ခွာခဲ့သည်။ အခြားတစ်ဖက်တွင်မူ ထိုလူများသည် အနောက်ဘက်ခြံဝန်းထဲ၌ပင် ချက်ချင်းအလုပ်စတင်လုပ်ကိုင်ကြပြီး အချို့က နံရံများကို ရိုက်ခွဲကာ အချို့က မြောင်းများတူးနေကြတော့သည်။

အရှေ့ဘက်ခြံဝန်းသို့ ရောက်ရှိလာသောအခါ စုလီယန်နှင့် ကျောက်ချောင်အာတို့ ကြက်တောင်ရိုက်ကစားနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးနှစ်ဦးသည် မိန်းမပျိုလေးများကဲ့သို့ တစ်ယောက်လျှင် တစ်ဝက်မျှ ကိုက်စားထားသော ဆီးသီးသကြားလုံးတုတ်တစ်ခုစီကို လက်တစ်ဖက်မှကိုင်ရင်း ရယ်မောကာ ကြက်တောင်ကို ဟိုဘက်ဒီဘက် အပြန်အလှန် ခတ်ကစားနေကြသည်။

ပြောရလျှင် အဒေါ်ကျောက်၏ လှပသောခန္ဓာကိုယ်အချိုးအစားမှာ တကယ်ပင် အားကျစရာကောင်းလှသည်။ အဒေါ်ကျောက်သည် မူလက အပြင်ဘက်တွင် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော်လည်း အတွင်း၌မူ ချီပေါင်နှင့် ဆင်တူသော ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားခြင်းဖြစ်သည်။

ယခုအချိန်တွင် အပူရှိန်တက်လာသောကြောင့် ဖြစ်ရမည်.. သူမက ဝတ်ရုံရှည်ကို ချွတ်ထားပြီး ခုန်ပေါက်လိုက်တိုင်း လှုပ်ရှားနေခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးရှိ လှပသောအသားစိုင်များ အထူးသဖြင့် သူမ၏ ကြီးမားသောတင်ပါးများက အလွန်ပင် ဆွဲဆောင်မှုရှိနေတော့သည်။

လူတွေပြောလေ့ရှိသည်မှာ တင်ပါးက ပုခုံးထက် ပိုမိုကျယ်ပြန့်သောသူသည် နတ်ဘုရားနှင့်တူသည်ဟူ၍ ဖြစ်သည်။ ကြီးမားသောတင်ပါးရှိခြင်းက ကလေးမွေးဖွားရန်အတွက် ကောင်းမွန်ပေသည်။ အကယ်၍ အဒေါ်ကျောက်သာ အမျိုးသားတစ်ဦးရှိခဲ့လျှင် ထိုကဲ့သို့ ကြီးမားသောတင်ပါးဖြင့် ကလေးတစ်ဒါဇင်ခန့် မမွေးခဲ့ရပါက နှမြောစရာကောင်းလှပေလိမ့်မည်။

“ငါ ဆောက်လုပ်ရေးပစ္စည်းအချို့ သွားဝယ်ဦးမယ်။ မင်းတို့နှစ်ယောက် ဒီမှာပဲနေပြီး ကစားနေကြနော်...”

လုယွမ်က စကားပြောရင်း ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် လုယွမ်၏ စကားကို ကြားလိုက်ရသောအခါ သူတို့နှစ်ဦးလုံးက တစ်ပြိုင်နက်တည်း ကြက်တောင်ကို ချက်ချင်းချလိုက်ကြသည်။ ထို့နောက် တစ်ယောက်လျှင် လုယွမ်၏ လက်မောင်းတစ်ဖက်စီကို ဆွဲကိုင်ကာ အတူတူလိုက်ချင်သည်ဟု ပြောလာကြသည်။

*ဟဲဟဲ.. သူတို့ကို ကြည့်ပါဦး.. ဒီအလှပ

ဂေးနှစ်ယောက်လုံးက ငါမရှိရင် မဖြစ်ကြဘူးပဲ…*

လုယွမ်နှင့် သူ၏အဖော်နှစ်ဦး ထွက်ခွာသွားပြီးနောက် အနောက်ဘက်ခြံဝန်းထဲတွင် အလုပ်လုပ်နေကြသော အယောက်နှစ်ဆယ်ကျော်သော လူအုပ်ကြီးသည် လုယွမ်၏ တောင်းဆိုချက်အပေါ် အလွန်ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေကြသည်။ အချို့လူများကမူ စိတ်မထိန်းနိုင်တော့ဘဲ ဝမ်ပေါင်ထျန်းကို စူးစမ်းလိုစိတ်ဖြင့် လှမ်းမေးလိုက်ကြသည်။

“ဦးလေးဝမ်... ဒီအလုပ်ရှင်က ဘာကို ဆိုလိုတာလဲ...”

“ဒီလောက်ကောင်းတဲ့ အိမ်ကြီးကို မြောင်းတွေတူးပြီး နံရံတွေ ဖျက်ဆီးနေတယ်... ကျွန်တော်တော့ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး...”

ဝမ်ပေါင်ထျန်းကမူ နံရံကို ဆက်လက်ထုရိုက်ရင်း ပြောလိုက်သည်။

“ဘာမှမမေးနဲ့... အလုပ်ပဲကြိုးစားလုပ်...”

“အလုပ်ရှင်က ငါတို့ကို လုပ်ခလစာ အများကြီးပေးတဲ့အပြင် နေ့လယ်စာလည်း ကျွေးသေးတယ်။ ညဘက်ကျရင်လည်း တံတားအောက်မှာ အိပ်စရာမလိုဘဲ ဒီမှာပဲ အိပ်လို့ရတယ်။ ငါတို့တွေ သူတို့ရဲ့ မျှော်လင့်ချက်ကို အပျက်ခံလို့မဖြစ်ဘူး…”

ဝမ်ပေါင်ထျန်းက စကားပြောပြီးနောက် လူတိုင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြပြီး စကားပြောခြင်းကို ရပ်တန့်ကာ ခေါင်းငိုက်စိုက်ချ၍ အလုပ်ကိုသာ အင်တိုက်အားတိုက် လုပ်ကိုင်ကြတော့သည်။

မွန်းတည့်ချိန်။

အိမ်တော်နှင့်ပတ်သက်သော ကိစ္စရပ်များအားလုံးနီးပါး ပြီးပြတ်လုနီးပါး ရှိနေပြီဖြစ်သည်။ ဆောက်လုပ်ရေးပစ္စည်းများကိုလည်း ဝယ်ယူပြီးစီးခဲ့ရာ မိမိတို့၏ အိမ်တော်ကြီးအတွက်သာမကဘဲ အရှေ့ဘက်ဆောင်ရှိ အဒေါ်ကျောက်၏ အိမ်အတွက်ပါ ပါဝင်သည်။ ၎င်းတို့ကို အကုန်လုံး ပို့ဆောင်ထားပြီးဖြစ်ရာ ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ဘက်ဆောင်ရှိ အုတ်ကုတင်အပူပေးစနစ်ကို ပြုပြင်ရန် ပြန်သွားရမည်ဖြစ်သည်။

လုယွမ်၏ အိမ်တော်ကြီးနှင့် မျက်နှာချင်းဆိုင်ရှိ ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်အတွင်း၌... လုယွမ်က အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်ကာ ဝက်သားစွပ်ပြုတ်ခေါက်ဆွဲ စားသောက်နေခဲ့သည်။

“ပြတင်းပေါက်ဘေးမှာ အခမဲ့စားလို့ရတဲ့ အချဉ်ပန်းကန်တွေ ရှိတယ်။ ကြိုက်တာယူစားနော်... ဘယ်သူမှ လာမချပေးဘူး...”

လုယွမ်က ကြက်သွန်ဖြူကို ခွာရင်း ပြောလိုက်သည်။ လုယွမ် စကားပြောပြီးနောက် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျောက်ချောင်အာက သူ့ကို မျက်စောင်းထိုးကာ အပြစ်တင်သလို ပြောလိုက်သည်။

“အဒေါ့်ဟာရော ဘယ်မှာလဲ...”

လုယွမ်က တဟဲဟဲ ရယ်မောလိုက်သည်။

“ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အလိုမလိုက်ဘဲ နေရဲမှာလဲ...”

သူ၏ အဒေါ်လေးသည် အိမ်တွင်ရှိစဉ်က အရာရာတိုင်းကို အစေခံမိန်းကလေးများက လက်ဖဝါးပေါ်တွင် တင်ကာ ပြုစုယုယခြင်းကို ခံရသူဖြစ်ပေသည်။ လုယွမ်၏ ဘေးတွင် ထိုင်နေသော စုလီယန်က ပြုံးလျက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“အစ်ကို... အဒေါ်... ဘာစားချင်လဲ...ကျွန်မ သွားယူပေးမယ်...”

လုယွမ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဘာဖြစ်ဖြစ်ရတယ်... ငါက အဓိက ကြက်သွန်ဖြူပဲစားမှာ...”

ကျောက်ချောင်အာက မတ်တတ်ရပ်ပြီး လုယွမ်ကို မျက်စောင်းတစ်ချက်ထိုးကာ စုလီယန်၏လက်ကို ဆွဲ၍ ပြုံးလိုက်သည်။

“သွားကြစို့... အဒေါ်ကမင်းနဲ့အတူ လိုက်ခဲ့မယ်။ သူက ငါတို့ကို ပြုစုမှာမဟုတ်ဘူး... ငါတို့ကပဲ သူ့ကို ပြန်ပြုစုရမှာ...”

“အဲဒါကြောင့် ငါတို့က အမျိုးသမီးတွေဖြစ်ပြီး သူက အမျိုးသားတစ်ယောက် ဖြစ်နေတာပေါ့...”

*တွေ့လား... ငါ မင်းကို ပြောသားပဲ... ငါ့ဘဝမှာ ဒီလိုမျိုး ခံစားချက်ကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူး…**

ထိုအမျိုးသမီးနှစ်ဦးသည် အချဉ်ပန်းကန်ငယ်နှစ်ခုကို ယူဆောင်ကာ ပြန်လာပြီးနောက် လုယွမ်က သူ၏ ပန်းကန်လုံးထဲရှိ ကြီးမားသောအသားတုံးကြီးနှစ်တုံးကို ခွဲဝေပေးလိုက်သည်။ စုလီယန်က တစ်တုံးရရှိပြီး ကျောက်ချောင်အာက တစ်တုံးရရှိသည်။ လုယွမ်က ဟန်ဆောင်ချင်လွန်း၍ ဤသို့လုပ်ခြင်း မဟုတ်ပေ။ အမှန်တကယ်တော့... လုယွမ်သည် ထိုကဲ့သို့ ကြီးမားလှသော အဆီတုံးကြီးကို တကယ်ပင် မစားနိုင်သောကြောင့် ဖြစ်သည်။

ဤနေရာရှိ လူများသည် ဗိုက်ထဲတွင် အဆီဓာတ်များများစားစားမရှိကြသဖြင့် ဤကဲ့သို့သော အဆီများသောအသားကို အလွန်ပင် နှစ်သက်ကြသည်။ စံပြအနေဖြင့် ပြောရလျှင် အသားမပါဘဲ အဆီသက်သက်သာရှိသော အသားတုံးကြီးကို တစ်လုပ်တည်းဖြင့် ဝါးစားလိုက်ရခြင်းက အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့သော် လုယွမ်ကမူ မတတ်နိုင်ပေ။ လုယွမ်သည် ထိုကဲ့သို့ အဆီများသော အစားအစာများကို မစားနိုင်ချေ။

“အများကြီးစားနော်... ဝအောင်လုပ်... မင်းရဲ့ အဒေါ်က ဘယ်လောက်လှလဲဆိုတာ ကြည့်ဦး...”

လုယွမ်က ခေါင်းဆွဲကို တပြတ်ပြတ် မြိုချရင်း သူ၏ဘေးရှိ ဇနီးဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျောက်ချောင်အာက ထိုစကားကြောင့် အံ့အားသင့်သွားပြီးနောက် စားပွဲအောက်မှ လုယွမ်၏ခြေထောက်ကို နင်းလိုက်ကာ မျက်နှာနီမြန်းလျက် သူ့ကို စိုက်ကြည့်လိုက်သည်။

“မင်း ဘာတွေ ပြောနေတာလဲ... စိတ်ပျက်စရာကောင်းလိုက်တာ…”

သူတို့သုံးဦး ထမင်းစားရုံရှိနေစဉ် လုယွမ်က ဆိုင်ရှင်ကို ထပ်မံခေါ်ယူလိုက်သည်။ သူတို့သည် ဤခေါက်ဆွဲဆိုင်ပိုင်ရှင်နှင့် သဘောတူညီချက်တစ်ခု ရရှိခဲ့သည်။ နေ့စဉ် မွန်းတည့်ချိန်တိုင်း အလုပ်သမား အယောက်နှစ်ဆယ်စာအတွက် ကြော်ထားသော ခေါက်ဆွဲအိုးကြီးတစ်လုံးနှင့် အရက်ဖြူသုံးပုလင်းကို မျက်နှာချင်းဆိုင်ရှိ ခြံဝန်းကြီးသို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။

လုယွမ်က အလွန်ပင် ရက်ရောလှပေသည်။ ယခုအချိန်မှစ၍ သူ၏အိမ်မှ အလုပ်သမားတိုင်းသည် မွန်းတည့်စာအဖြစ် ဂျုံမှုန့်ဖြူကို စားသောက်ရမည်ဖြစ်သည်။ ဤသည်က ကျောက်ချောင်အာကို စိတ်ထဲမှ သက်ပြင်းချမိစေပြီး သူမ၏ တူဖြစ်သူသည် အခြားသူများအပေါ် မည်မျှ ကြင်နာတတ်ကြောင်း သိရှိသွားခဲ့သည်။ ယနေ့နံနက်က ထိုလူများကို ပေးအပ်ခဲ့သော လုပ်ခလစာကို ကြည့်ရုံမျှဖြင့် သိနိုင်သည်။

သူမက စိတ်ထဲတွင် တွေးလိုက်သည်။

*ငါ တကယ်ပဲ လူမှန်ကို ချစ်မိခဲ့တာပဲ*

သူတို့သုံးဦး အစားအစာ စားသောက်ပြီးနောက် ခေါက်ဆွဲဆိုင်မှ ခေါက်ဆွဲစွပ်ပြုတ်က အဆင်သင့်ဖြစ်နေပြီဖြစ်ရာ ဆိုင်အကူနှစ်ဦးက အိုးကြီးကို ကိုင်ဆောင်ကာ အိမ်တော်ကြီးအတွင်းသို့ တိုက်ရိုက်သယ်ဆောင်သွားကြသည်။

ထို့နောက် လုယွမ်က အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်ကာ ပတ်ဝန်းကျင်သို့ လှည့်လည်ကြည့်ရှုခဲ့သည်။ အလုပ်သမားများ အစားအစာ စားသောက်ပြီးနောက် သူသည် လူအချို့ကို ခေါ်ဆောင်ကာ အရှေ့ဘက်ဆောင်ရှိ အပူပေးစနစ်ကို ပြုပြင်ရန် ကျောက်မိသားစုအိမ်သို့ ပြန်လာခဲ့သည်။

သို့သော် သူတို့ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် အရှေ့ဘက်သို့ ဦးတည်ကာ စစ်ကြောင်းအလိုက် လျင်မြန်စွာ ပြေးလွှားနေကြသော စစ်သည်တော် အမြောက်အမြားကို မြင်တွေ့လိုက်ရသည်။ ဤအရာရှိများနှင့် စစ်သည်တော်များသည် တိုင်နင်းမြို့မှ လူများ မဟုတ်ကြပေ။ အထူးသဖြင့် စစ်သည်တော်များ၏ စစ်ဖိနပ်များနှင့် ဘောင်းဘီများပေါ်တွင် တစ်ဝက်မျှ ခြောက်သွေ့နေသော ရွှံ့ဝါရောင်များ ပေကျံနေသည်ကို မြင်တွေ့နိုင်သည်။ သူတို့သည် မြို့အပြင်ဘက်မှ အခုတင် ဝင်ရောက်လာခြင်း ဖြစ်ပုံရသည်။

အဘယ်ကြောင့် စစ်သည်တော်အမြောက်အမြား တိုင်နင်းမြို့သို့ ရုတ်တရက် ရောက်ရှိလာကြသနည်း။ သို့သော် လုယွမ်က ဤအကြောင်းကို အများကြီး မတွေးတောခဲ့ပေ။ မြောက်ပိုင်းစစ်ဆင်ရေးတွင် ဆက်တိုက် အောင်ပွဲရရှိခဲ့သဖြင့် ရှေ့တန်းတွင် အင်ပါယာစစ်တပ် အမြောက်အမြား ရှိနေရန် မလိုအပ်တော့ပေ။ ဒေသအသီးသီးမှ ရှေ့တန်းစစ်မျက်နှာသို့ ပြောင်းရွှေ့ထားသော စစ်တပ်အမြောက်အမြားသည် သူတို့၏ နေရပ်သို့ ပြန်လာကြပြီဖြစ်သည်။ သူတို့သည် ရှေ့တန်းမှ အခုတင် ပြန်လာကြခြင်း ဖြစ်နိုင်ပေသည်။

မွန်းလွဲနှစ်နာရီခန့်တွင် လုယွမ်က သူ၏ဇနီးနှင့် အဒေါ်ကျောက်တို့ကို ခေါ်ဆောင်ကာ အိမ်တော်သို့ ပြန်လာခဲ့သည်။ သို့သော် အိမ်တော်ထိန်းအိုကြီးက လူအုပ်စုတစ်စုနှင့်အတူ ထိုနေရာ၌ စောင့်ဆိုင်းနေသည်ကို တွေ့ရှိခဲ့ရသည်။

လုယွမ်နှင့် သူ၏အဖော်နှစ်ဦးကို မြင်လိုက်ရသောအခါ အိမ်တော်ထိန်းအိုကြီးက ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

“သခင်မကြီး... ပြည်နယ်မြို့တော်က စုန့်မိန်ချင်း ရောက်လာပါတယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ချောင်အာက သူမ၏ လှပသောမျက်ခုံးများကို အနည်းငယ် ပင့်လိုက်ကာ ပြောလိုက်သည်။

“သူမက ဘာကြောင့်လာတာလဲ... အခုကော ဘာတွေလာပြီး ကြွားဝါချင်နေပြန်တာလဲ...”

သို့သော် အိမ်တော်ထိန်းအိုကြီးက ချက်ချင်းပင် တိုးတိုးလေး ပြောလိုက်သည်။

“မနေ့ညက ဒိုးရှီးကျောင်းတော်မှာ နေထိုင်တဲ့ ရှောင်တုံယန်က လူအုပ်စုကြီးတစ်ခုကို လွှတ်ပေးခဲ့ပါတယ်။ ပတ်ဝန်းကျင်မြို့တွေနဲ့ ပြည်နယ်မြို့တော်က စစ်သည်တော်တွေကို ဒီကိုပြောင်းရွှေ့ထားပါတယ်။ သူမက ဘာတွေဖြစ်နေလဲဆိုတာကို ကြည့်ဖို့ သူမရဲ့ မောင်လေးနဲ့အတူ လာပုံရပါတယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ချောင်အာက သူမ၏ နှုတ်ခမ်းကို မဲ့လိုက်ကာ ကျိန်ဆဲလိုက်သည်။

“ဒီမိန်းမအိုကြီးက တကယ်ပဲ ဘယ်ပွဲမဆို မပါမဖြစ်ပဲ... ငါတို့ ပြန်ပြီး သွားကြည့်ရအောင်...”

ထို့နောက် ကျောက်ချောင်အာက စုလီယန်၏လက်ကို ဆွဲကာ မြင်းရထားပေါ်သို့ တက်လိုက်ပြီး လုယွမ်ကမူ အိမ်တော်သို့ ပြန်ကာ ကျောက်မိသားစုအိမ်သို့ ပြန်ရန်အတွက် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးကို စုဆောင်းလိုက်သည်။

သူတို့သည် ကျောက်မိသားစုအိမ်တော်၏ တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။ သို့သော် ကျောက်မိသားစုအိမ်တော်၏ အဝင်ဝတွင် စစ်သည်တော်တစ်စု တပ်စွဲထားပြီးဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။

လုယွမ်က ဘာတွေဖြစ်နေလဲဆိုတာကို မစဉ်းစားရသေးခင်မှာပင် ထောင်လွှားသောအသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

“နင်တို့ ဘယ်သွားနေကြတာလဲ... ငါ စောင့်နေတာ နာရီဝက်ကျော်နေပြီ...”

ထိုသို့ပြောပြီးနောက် ချက်ချင်းပင် ကျောက်ချောင်အာက မြင်းရထားလိုက်ကာကို မတင်ကာ သူမ၏ လှပသောမျက်ခုံးများကို ပင့်လျက် ပြန်လည်ချေပလိုက်သည်။

“ငါတို့က နင့်ကို စောင့်ခိုင်းလို့လား...”

လုယွမ်က ထိုအသံထွက်ပေါ်လာရာ အရပ်သို့ လှမ်းကြည့်လိုက်သောအခါ ကျောက်မိသားစုအိမ်တော်၏ တံခါးဝတွင် ရပ်နေသော အဒေါ်ကျောက်ထက် အသွင်အပြင်နှင့် အရှိန်အဝါပိုင်းတွင် လုံးဝနိမ့်ကျခြင်းမရှိသည့် တင့်တယ်လှပသော ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။

သူမက သူမ၏ ကြီးမားသော ရင်အုံထက်တွင် လက်နှစ်ဖက်ကို ပိုက်ထားရင်း ထောင်လွှားသော ပုံစံဖြင့် စိုက်ကြည့်နေခဲ့သည်။ ဤမိန်းမသည် သေချာပေါက် အလွယ်တကူ ဆက်ဆံ၍ရမည့်သူ မဟုတ်ပေ။

All Chapters