← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း (၆၈) အမလေး … တကယ့်ကို ပူလွန်းလို့ အဝတ်အစားတွေတောင် ချွတ်ပစ်ချင်လာပြီ

ည ၁၀ နာရီခန့်တွင် လုယွမ်သည် အိမ်တော်ထိန်းအိုကြီးနှင့်အတူ ကျောက်မိသားစုအိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။

နောက်ဖေးဝင်းသို့ ရောက်ရှိသောအခါ လုယွမ်သည် အဒေါ်ကျောက်၏ အခန်းတံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်သည်။

ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် လုယွမ်က ညာဘက်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

အရှေ့ဘက်အဆောင်တွင် အုတ်ကုတင်အပူပေးစနစ်ကို တပ်ဆင်နေဆဲဖြစ်သဖြင့် လုယွမ်နှင့် စုလီယန်တို့သည် သဘာဝကျကျပင် အဒေါ်ကျောက်၏ အခန်းထဲ၌ ပြောင်းရွှေ့အိပ်စက်ခဲ့ကြရသည်။

ဤနေရာတွင် စကားပြောစရာ မလိုပါချေ သည်အခန်းထဲတွင် ကုတင်နှစ်လုံးရှိပြီး လုယွမ်သည် မသိမသာဖြင့် ကုတင်မှားတက်ခဲ့ခြင်းဖြစ်သည်။

သူသည် မိမိ၏ဇနီးဖြစ်သူနှင့် အဒေါ်ကျောက်ကို မှားယွင်းသွားဟန်ပြုကာ သူမကို စနောက်ကျီစယ်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် တခြားအရာတွေကို ခဏဖယ်ထားဦးတော့ အဒေါ်ကျောက်၏ ထွားကျိုင်းပြည့်ဖြိုးသော ခန္ဓာကိုယ်အချိုးအစားမျိုးကို သူက ဘယ်လိုမျိုး မှားယွင်းနိုင်ပါမည်နည်း။

ဒါတင်မကသေးဘဲ သည်နေရာတွင် နေ့တိုင်းစားသောက်နေသော လုယွမ်အနေဖြင့် အဒေါ်ကျောက် မည်သည့်ကုတင်ပေါ်တွင် အိပ်စက်သည်ကို ဘယ်လိုလုပ်ပြီး မသိဘဲနေပါမည်နည်း။

လုယွမ်သည် ကုတင်ဘေးသို့ ရောက်သောအခါ အဝတ်အစားများကို ချွတ်ပြီး ကုတင်ပေါ်သို့ တက်ရန် ပြင်ဆင်လိုက်သည်။

သူမ၏ ဇနီးဖြစ်သူက ကုတင်ပေါ်တွင် ထိုင်နေခဲ့ပြီး သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံမျှဖြင့် သူမသည် အိပ်မပျော်ဘဲ သူ့ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

စုလီယန်သည် သူမ၏ယောက်ျားကို မြင်လိုက်ရသည်နှင့် သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး စိုးရိမ်ပူပန်သောအကြည့်ဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အစ်ကို … ဘယ်တွေကို သွားနေတာလဲဟင်...”

“ညစာစားဖို့တောင် အိမ်ပြန်မလာဘူး အခုလည်း ညသန်းခေါင်ကြီးရှိနေပြီကို...”

သဘာဝကျကျပင် သာမန်အခြေအနေမျိုး၌ စုလီယန်အနေဖြင့် အထူးတလည် စိုးရိမ်ပူပန်နေမည် မဟုတ်ပေ။

အဓိက ပြဿနာမှာ ယနေ့မွန်းလွဲပိုင်းတွင် သူမ၏ခင်ပွန်းသည် စကားအချို့ကို ပြောဆိုပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။

စုလီယန်သည် သူမ၏ယောက်ျားက ရှီလင်းကျီသို့ ဦးတည်သွားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူမ၏ယောက်ျားတွင်ရှိသော အခြေခံကျရုံမျှသာရှိသည့် စွမ်းရည်များကို တွေးတောမိသောအခါ စုလီယန်အနေဖြင့် ဘယ်လိုလုပ်ပြီး စိုးရိမ်ပူပန်မှုမရှိဘဲ နေနိုင်ပါမည်နည်း။

မိမိဇနီး၏ စိုးရိမ်ပူပန်နေသော အမူအရာကို ကြည့်ပြီး လုယွမ်သည် ဘာဖြစ်နေသည်ကို ခန့်မှန်းမိလိုက်သည်။

သူက ပြုံးလိုက်ပြီး လက်ကိုဆန့်ကာ ဇနီးဖြစ်သူ၏ နုညက်လှပသော မေးစေ့လေးကို ဆိတ်ဆွဲရင်း ပြောလိုက်သည်။

“ဘာလဲ အစ်ကိုက အဲဒီလိုမျိုးအရာတွေကို သွားရှာမှာ စိုးရိမ်နေတာလား...”

“မင်းရဲ့အစ်ကိုက အဲဒီကိစ္စအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားယူတာပါနော်...”

ဤသည်ကို ကြားရသောအခါ စုလီယန်သည် စိတ်အနည်းငယ် သက်သာရာရသွားခဲ့သော်လည်း ခဏမျှ စဉ်းစားပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပြီး ချိုသာသောအသံလေးဖြင့် အမြန်ပြောလိုက်သည်။

“အစ်ကို … ဒါဆိုရင် အစ်ကိုက သွားမှာမဟုတ်တော့ဘူး မဟုတ်လား...”

လုယွမ်သည် သူ၏နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်သည်။

“အစ်ကို့ကို လူမိုက်လို့ ထင်နေတာလား အဲဒီအရာက နှစ်နှစ်ရာကျော် သက်တမ်းရှိနေပြီလေ အစ်ကိုက အဲဒီကို သွားမှာ မဟုတ်ပါဘူး...”

ဤစကားကို ကြားမှသာ စုလီယန်သည် လုံးဝ စိတ်အေးသွားရတော့သည်။သို့သော်လည်း သူမက ထပ်မံဖြည့်စွက်ပြောဆိုလိုက်သည်။

“ဒါပေမဲ့ အစ်ကို တကယ်လို့ အစ်ကိုက သွားချင်တယ်ဆိုရင်တောင် ကျိန်းသေပေါက် ညီမကို အရင်ပြောရမယ်နော်...”

လုယွမ်သည် ဤကိစ္စနှင့်ပတ်သက်၍ စကားအများကြီး ထပ်မပြောတော့ပေ။

သူသည် အဝတ်အစားများကို လျင်မြန်စွာ ချွတ်ပစ်လိုက်ပြီးနောက် ဆိုးသွမ်းသော အပြုံးတစ်ခုနှင့်အတူ ဇနီးဖြစ်သူကို ပွေ့ချီကာ ကုတင်ပေါ်သို့ တင်လိုက်သည်။

စုလီယန်သည် ကြက်သေသေသွားခဲ့ရပြီး အဒေါ်ကျောက်ရှိရာဘက်သို့ လှမ်းကြည့်ကာ ရှက်သွေးဖြာလျက် ပြောလိုက်သည်။

“အို … အစ်ကိုရယ်...”

“အဒေါ်ကျောက်က အခန်းထဲမှာ ရှိနေတာကို...”

လုယွမ်သည် သဘောကျစွာ ရယ်မောလိုက်ပြီး သူမ၏အပေါ်သို့ အုပ်မိုးလိုက်ကာ ပြောလိုက်သည်။

“နောက်ကျရင် ညည်းတွားသံတွေ မထွက်အောင်ပဲ အစွမ်းကုန် ထိန်းထားလိုက်တော့...”

ဤအခိုက်အတန့်တွင် စုလီယန်က ရှက်ရွံ့ပြီး ညှို့ယူဖမ်းစားနိုင်သော အသံလေးဖြင့် ပြောလိုက်သည်။

“အစ်ကိုကယ် … ညီမက ဘယ်လိုလုပ်ပြီး အောင့်ထားနိုင်မှာလဲ...”

“အိုး …အစ်ကိုရယ် …”

နောက်တစ်နေ့ နံနက်စောစောတွင် ဖြစ်သည်။

စုလီယန်သည် သူမ၏ယောက်ျား မျက်နှာသစ်ရန်အတွက် ရေနွေးသွားရောက် ယူဆောင်ခဲ့သည်။

အိမ်တော်ထဲတွင် အစေခံမိန်းကလေးများ ရှိနေကြသော်လည်း စုလီယန်သည် တခြားသူများကို သူမ၏ယောက်ျားအား ပြုစုခွင့်မပေးဘဲ သူမကိုယ်တိုင်သာ ပြုစုရန် အခိုင်အမာ ဆုံးဖြတ်ထားခဲ့သည်။

လုယွမ်သည် ကုတင်ပေါ်မှထကာ အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဆန့်ကျင်ဘက်ဘက်ခြမ်းမှ လှုပ်ရှားသံအချို့ ထွက်ပေါ်လာခဲ့သည်။

လုယွမ် မော့ကြည့်လိုက်သောအခါ ဆန့်ကျင်ဘက်ရှိ လိုက်ကာကို ဖယ်ရှားလိုက်ပြီး အဒေါ်ကျောက်သည် အစေခံမိန်းကလေးအချို့ ခြံရံလျက် ထွက်လာသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း သူမသည် အနည်းငယ် နွမ်းလျနေပုံရပြီး မျက်ဝန်းတစ်ဝိုက်တွင် အမည်းစက်များ ထင်ဟပ်နေခဲ့သည်။

လုယွမ်က ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“အဒေါ် မနေ့က ကောင်းကောင်း အနားမရခဲ့ဘူးလား ရှီလင်းကျီရဲ့ကိစ္စကို စိုးရိမ်နေတာလား...”

“ကျွန်တော် ပြောသားပဲ အဲ့ကိစ္စကို စိုးရိမ်မနေပါနဲ့ အမြဲတမ်း ထွက်ပေါက်ရှိပါတယ်ဆိုတာကို...”

အစေခံမိန်းကလေးများကို မောင်းထုတ်လိုက်ပြီးနောက် အဒေါ်ကျောက်သည် လုယွမ်၏ အနားသို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သည်။

သူမသည် လက်ကိုဆန့်ကာ လုယွမ်၏ခါးကို အားပြင်းပြင်းဖြင့် ဆိတ်ဆွဲလိုက်ပြီး ဒေါသတကြီးဖြင့် တိုးတိုးလေး ကြိမ်းမောင်းလိုက်သည်။

“မင်းကတော့ အဆူခံချင်နေပြီ...”

“ညသန်းခေါင်ကြီးမှာ အိပ်စက်ခြင်းမရှိဘဲ လီယန်ကို အဆက်မပြတ် နှိပ်စက်ညှဉ်းပန်းနေတာလား...”

“သူမက မင်္ဂလာဆောင်ခါစ အမျိုးသမီးလေးတစ်ယောက်ပဲ ခုလိုမျိုး ပြုမူတာကို သူမက ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ...”

လုယွမ်သည် သူ၏ခါးကို လက်ဖြင့်အုပ်ကာ နာကျင်သောအမူအရာဖြင့် ပြောလိုက်သည်။

“ကျုပ်က လီယန်ကို စနောက်ရုံတင်ပါ အဒေါ်ရဲ့...”

“ဒါဆိုရင် အဒေါ်က ကုတင်ပေါ်မှာ ရှိနေတုန်း တစ်ခုလုံးကို နားထောင်နေရတာပေါ့ မဟုတ်ရင် လီယန်က ညဉ့်နက်ပိုင်းအထိ ကျွန်တော့်ကို နှောင့်ယှက်နေဦးမှာလေ...”

“ကျွန်တော်က သူမကို မပေးဘဲ ငြင်းပယ်လို့မှ မရတာ...”

ဤသည်ကို ကြားလိုက်ရသောအခါ ကျောက်ချောင်အာသည် ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရပြီး လုယွမ်ကို တံတွေးဖြင့် ထွေးကာ ပြောလိုက်သည်။

“အရှက်မရှိလိုက်တာ အခုချက်ချင်း သွားပြီး မျက်နှာနဲ့ လက်တွေကို ဆေးကြောလိုက်တော့...”

လုယွမ်သည် မနက်စာကို နှစ်လုပ်ခန့် စားသောက်ပြီးနောက် ပြန်ချထားလိုက်သည်။

မနက်စာ စားသောက်ပြီးနောက် ကျောက်ချောင်အာသည် စုလီယန်ကို ဦးဆောင်ကာ အဆောင်မရှိ သစ်သားလှုပ်ကုလားထိုင်များပေါ်တွင် လဲလျောင်းရင်း နေရောင်ခြည်ကို အေးအေးလူလူ လှုံ့နေခဲ့ကြသည်။

ခဏမျှကြာသော် အိမ်တော်ထိန်းအိုကြီး ဝင်ရောက်လာခဲ့သည်။

ကျောက်ချောင်အာသည် မျက်လုံးကို ဖွင့်မကြည့်သော်လည်း ကြောင်တစ်ကောင်ကဲ့သို့ ညင်သာလှသော ခြေလှမ်းသံကို ကြားရုံမျှဖြင့် မည်သူဖြစ်ကြောင်း သိရှိလိုက်သည်။

သူမ၏ လှပသောမျက်ဝန်းများကို အနည်းငယ် မှိတ်ထားလျက် ကုလားထိုင်ကို ညင်သာစွာ လှုပ်ခါရင်း သူမက စကားပြောလိုက်သည်။

“ငါတို့ရဲ့တူလေး ဘာတွေအလုပ်ရှုပ်နေလဲ...”

အိမ်တော်ထိန်းအိုကြီးသည် သူမ၏ဘေးရှိ စုလီယန်ကို လှမ်းကြည့်လိုက်ရာ ကျောက်ချောင်အာက တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။

“ပြောသာပြောစမ်းပါ...”

အိမ်တော်ထိန်းအိုကြီးသည် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် ချက်ချင်းပင် ပြောလိုက်သည်။

“သူတို့တွေ ရှီလင်းကျီနဲ့ ပတ်သက်တဲ့ အရာတွေကို ဖြေရှင်းဖို့ အလုပ်ရှုပ်နေကြတာပါ...”

ကျောက်ချောင်အာရော စုလီယန်ပါ ဤစကားများအပေါ် ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိကြပေ။

စုလီယန်သည် မနေ့ညကတည်းက သိရှိထားပြီးဖြစ်သည်။

ကျောက်ချောင်အာသည်လည်း မနေ့မွန်းလွဲပိုင်းကတည်းက သတိပြုမိပြီး ခန့်မှန်းမိဟန်တူပေသည်။

“အဲဒီအရာက အလုပ်ဖြစ်ရဲ့လား...”

ကျောက်ချောင်အာသည် သူမ၏ လှပသောမျက်ဝန်းများကို အနည်းငယ်မှိတ်ထားဆဲဖြစ်ပြီး ညင်သာစွာ မေးမြန်းလိုက်သည်။

အိမ်တော်ထိန်းအိုကြီးက အိုးတိုးအန်တန်းဖြင့် ပြောလိုက်သည်။

“အဲ့တာက… သခင်လေးရဲ့ ပါရမီက အလွန်ထူးခြားလှတာကြောင့် အစေခံဖြစ်တဲ့ အဖိုးကြီးအနေနဲ့ တကယ်ပဲ နားမလည်နိုင်ပါဘူး...”

“ဖြစ်နိုင်တာကတော့ … အသုံးဝင်မှာပါ...”

ဘာပဲဖြစ်ဖြစ် အိမ်တော်ထိန်းအိုကြီးသည် မနေ့က လုယွမ် ပြောဆိုသမျှကို အချိန်အတော်ကြာ နားထောင်ခဲ့ရသည်မဟုတ်ပါလား။

ဘယ်အရာက ဘာပျံသန်းတတ်တဲ့ မိုးကြိုးလဲ။ တံဆိပ်က ဘာနှလုံးသားမဲ့တဲ့ အမြှောက်လဲ ဆိုတာမျိုးပင်ဖြစ်သည်။

တစ်မျိုးပြီးတစ်မျိုး ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။

စကားတစ်ခွန်းတည်းဖြင့် ဆိုရလျှင် …

နားမလည်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် မိမိအနေဖြင့် နားမလည်ခဲ့ပါချေ။

ဤသည်ကို ကြားသောအခါ ကျောက်ချောင်အာက ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“သူ လိုချင်တာမှန်သမျှကို ပေးလိုက်ပါ သူလုပ်ချင်တာမှန်သမျှကိုလည်း လုပ်ခွင့်ပြုလိုက်ပါ...”

“ငါ ထပ်ပြီး ပြောမယ်နော် သည်မိသားစုထဲမှာ သူပြောတဲ့ စကားကသာ အတည်ဖြစ်ရမယ်”

အိမ်တော်ထိန်းအိုကြီးသည် ချက်ချင်းပင် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံပြောလိုက်သည်။

“ရှီလင်းကျီရဲ့ ကိစ္စနဲ့ ပတ်သက်လို့ပဲ ဖြစ်ပါတယ် သခင်မကြီးအနေနဲ့ ငါတို့ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ...”

“ငါတို့ ဘေးနားက ခရိုင်က ကောင်းကင်ဆရာသခင်ကို သွားရောက်ဖိတ်ကြားဖို့ လူလွှတ်လိုက်ရင် မကောင်းဘူးလား...”

ကျောက်ချောင်အာသည် ထူးထူးခြားခြား လှုပ်ရှားခြင်း မရှိသေးဘဲ တည်ငြိမ်စွာဖြင့်သာ ပြောလိုက်သည်။

“မလိုအပ်ပါဘူး နန်းတော်က တိုင်နင်းတောင်ဒေသတစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ပြီး ရှာဖွေတော့မှာလေ...”

တခြားခရိုင်မှ စစ်သည်များနှင့် အရာရှိများသည် ၎င်းတို့၏ တာအိုဆရာသခင်များနှင့်အတူ တိုင်နင်းတောင်တန်းအတွင်းသို့ ဝင်ရောက်သွားကြပြီဖြစ်သည်။

အိမ်တော်ထိန်းအိုကြီးသည် သည်ကိစ္စကို မသိရှိခဲ့ပါချေ ကျောက်ချောင်အာသည် မနေ့က စုန့်မိန်ချင်းနှင့် စကားပြောဆိုရာမှတစ်ဆင့် သိရှိခဲ့ခြင်း ဖြစ်ရမည်ဖြစ်သည်။

“ဒါဆိုရင်တော့ … ”

အိမ်တော်ထိန်းအိုကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ဒုက္ခရောက်ရတော့မည့် အမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ ပြဿနာတက်ပြီထင်တယ်...”

“သခင်မကြီး ဒါကို ကြည့်ပါဦး...”

သို့သော်လည်း ကျောက်ချောင်အာသည် ရှီလင်းကျီ၏ ကိစ္စနှင့်ပတ်သက်၍ စကား ဆက်မပြောတော့ပေ။

သူမသည် သူမ၏ လှပသောမျက်ဝန်းများကို အနည်းငယ် ဖွင့်လိုက်ပြီး အလုပ်သမားများ မရောက်ရှိသေးသဖြင့် တိတ်ဆိတ်ငြိမ်သက်နေသော ဝင်းကြီးကို ညင်သာစွာ ကြည့်ရင်း ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ငါ့ကိုယ်ငါ ဘာဖြစ်နေမှန်း မသိဘူး...”

“ဖြစ်နိုင်တာကတော့ ငါ အသက်ကြီးလာလို့ ထင်ပါတယ် ရုတ်တရက်ဆိုသလို တကယ့်ကို ပင်ပန်းနွမ်းလျမှုကို ခံစားနေရတယ်...”

“ငါ့ရဲ့ ရည်မှန်းချက်တွေအားလုံး ပျောက်ဆုံးသွားသလိုပဲ...”

အိမ်တော်ထိန်းအိုကြီးသည် ကျောက်ချောင်အာကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိသည်။

ကျောက်ချောင်အာကမူ သူမ၏ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ် စောင်းလိုက်ပြီး ပိုမိုသက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလဲကာ ကျေးဇူးတော်ရှိလှသောအမူအရာဖြင့် ပျင်းကြောဆွဲလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါတင်မကသေးဘူး ရှီလင်းကျီ သတ္တုတွင်းဒေသကလည်း ရေရှည်တည်တံ့နိုင်တော့မှာ မဟုတ်ပါဘူး...”

“ဒီတစ်ကြိမ်မှာ ဘာပြဿနာမှ မရှိရင်တောင်မှ ရက်အနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်အတွင်းမှာ နန်းတော်က အဲ့တာကို ပြန်သိမ်းသွားမှာ အမှန်ပဲလေ...”

အိမ်တော်ထိန်းအိုကြီးသည် ထိုနေရာတွင်ပင် ရပ်နေခဲ့ပြီး သဘောတူခြင်းလည်းမရှိ ငြင်းပယ်ခြင်းလည်းမရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ ကျောက်ချောင်အာကမူ သူမ၏ လှပသောမျက်ဝန်းများကို ထပ်မံမှိတ်ထားရင်း ပြောလိုက်သည်။

“အကယ်၍ တိုင်နင်းတောင်ရဲ့ ကိစ္စကို ကြိုတင်ဖြေရှင်းနိုင်ပြီး ကောင်းကင်ဆရာသခင်ကို ရှာဖွေနိုင်ရင်တော့ အဲ့တာက ပြေလည်သွားမှာပေါ့...”

“အကယ်၍ မရဘူးဆိုရင်လည်း ငါ စိုးရိမ်မနေတော့ပါဘူး...”

“သွားကြစို့ ငါတို့ကို အနားယူတာကနေ မနှောင့်ယှက်ပါနဲ့တော့ မနေ့ညက ငါတို့ ကောင်းကောင်း မအိပ်ရဘူးလေ ဒါကြောင့် အခု အိပ်ရေးဝအောင် ပြန်အိပ်ရမယ်...”

“ဒီနေ့တော့ ငါတို့ကို ဘယ်အရာနဲ့မှ မနှောင့်ယှက်ပါနဲ့တော့...”

ဤသည်ကို ကြားသောအခါ စုလီယန်က မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရပြီး စကားတစ်ခွန်းမှ မပြောရဲတော့ပေ။

အခြေအနေက သည်လိုမျိုး ဖြစ်ပျက်နေပြီဖြစ်သဖြင့် အိမ်တော်ထိန်းအိုကြီးလည်း စကားအများကြီး ထပ်မပြောတော့ပါချေ။ သူက မထွက်ခွာမီ တိုးတိုးလေး မေးမြန်းလိုက်သည်။

“သခင်မကြီး အနားယူချင်တယ်ဆိုတော့ ဒီနေ့ အရှေ့ဘက်အဆောင်မှာ ပြုလုပ်မယ့် ကိစ္စတွေကို ရွှေ့ဆိုင်းလိုက်ရမလား...”

ကျောက်ချောင်အာကမူ တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

“မလိုပါဘူး အဲဒီလိုလုပ်လို့ မရဘူး...”

“အကယ်၍ ငါတို့က အရှေ့ဘက်အဆောင်ရဲ့ တည်ဆောက်မှုကို ရပ်တန့်လိုက်ရင် အဲဒီခေါင်းမာတဲ့ မြည်းပေါက်လေး သိသွားတဲ့အခါ ငါတို့ကို ကျိန်းသေပေါက် ဒေါသထွက်လိမ့်မယ်...”

“ငါတို့က သူ့ကို ဒေါသထွက်အောင် မလုပ်ရဲပါဘူး...”

“ငါတို့အတွက် ဂွမ်းအချို့ပဲ ရှာပေးပါ ငါတို့ဘာသာ နားကို ပိတ်ထားလိုက်မယ်...”

ငါးရက်ခန့် ကြာပြီးနောက်တွင် ဖြစ်သည်။

အရှေ့ဘက်အဆောင်အတွင်း၌ ဖြစ်၏။

“အိုး … တကယ့်ကို ပူလွန်းလို့ အဝတ်အစားတွေတောင် ချွတ်ပစ်ချင်လာပြီ...”

ကျောက်ချောင်အာသည် အရှေ့ဘက်အဆောင်၏ အခန်းမရှိ ကုလားထိုင်ပေါ်တွင် နောက်သို့မှီလျက် ခြေထောက်ကို ချိတ်ထားပြီး လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ဆောင်ထားသည်။

သူမသည် ဘေးနားတွင် အံ့အားသင့်သောအမူအရာဖြင့် ရပ်နေသော စုန့်မိန်ချင်းဘက်သို့ လှည့်ကာ အနည်းငယ် သရော်သောလေသံဖြင့် ပြောလိုက်သည်။

All Chapters