← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) ဒီအမျိုးသမီးကလည်း ဘာလို့ ရှီလင်းကျီဆီကို ဦးတည်သွားနေရတာလဲ

ဤအရာနှင့်ပတ်သက်၍ ပြောစရာစကား မရှိပါချေ။ စုန့်မိန်ချင်းသည် မည်သည့်အရာကိုမျှ မှားယွင်းစွာ မပြုလုပ်ခဲ့သလို လုယွမ်သည်လည်း သဘောထားသေးသိမ်သူတစ်ဦး မဟုတ်ပါချေ။

သို့သော်လည်း အဒေါ်ကျောက်၏ စကားများကို တုံ့ပြန်သည့်အနေဖြင့် လုယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူမက သာမန်လူတွေထက်တော့ ပိုပြီး ကောင်းမွန်ပါသေးတယ်...”

အဒေါ်ကျောက် ပြောဆိုသောအရာများသည် အနည်းငယ် လွန်ကဲနေသည်ဟု လုယွမ် ခံစားလိုက်ရသည် ဆောင်းတွင်း၌ ဝိညာဉ်ကျောက်တုံးများ သုံးစွဲခွင့်မရရုံမျှသာ ရှိသည်မဟုတ်ပါလား။

အကယ်၍ ဤမျှလောက်ကလေးကိုပင် မခံစားနိုင်လျှင် သာမန်လူသားတွေက ဘယ်လိုမျိုး အသက်ရှင် ရှင်သန်နိုင်ကြပါမည်နည်း။

ဤသည်ကို ကြားသောအခါ ကျောက်ချောင်အာက ခေါင်းကို အနည်းငယ်ခါယမ်းကာ သက်ပြင်းချလျက် ပြောလိုက်သည်။

“အခုအချိန်မှာ သူမရဲ့ ဆွဲဆောင်မှုရှိပြီး ခမ်းနားတဲ့ ပုံစံကိုကြည့်ပြီး မလှည့်စားခံလိုက်နဲ့ဦးနော် သူမရဲ့ ဘဝတစ်ခုလုံးမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရရှာဘူးလေ...”

“သူမရဲ့ ဖခင်က ယောက္ခမတွေကို မျက်နှာလိုမျက်နှာရဖြစ်အောင် လုပ်ဖို့အတွက် သူမ အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်မှာတင် အဲဒီလိုမျိုး အမြဲတမ်း ဖျားနာနေတတ်တဲ့ ခင်ပွန်းသည်နဲ့ လက်ထပ်ပေးခဲ့တာ...”

“သူမ အိမ်ထောင်ကျပြီး နှစ်လအကြာမှာပဲ အဲဒီဖျားနာနေတဲ့ လူက သေဆုံးသွားခဲ့ရတယ် ဒါကြောင့် ခင်ပွန်းဖြစ်သူရဲ့ မိသားစုက လူတွေက သူမရဲ့ ကွယ်ရာမှာ နေ့တိုင်း အတင်းအဖျင်း ပြောဆိုခဲ့ကြတာပေါ့...”

“သူမက ခင်ပွန်းကို ကျိန်စာတိုက်တဲ့သူ ဖြစ်တယ်ဆိုတာမျိုးနဲ့ တခြားသော ဆိုးရွားတဲ့ စကားလုံးတွေ အားလုံးကို ပြောဆိုခဲ့ကြတာပဲ...”

“သူမရဲ့ ယောက္ခမကလည်း မကောင်းတဲ့သူ ဖြစ်တာကြောင့် သူမကို အမြဲတမ်း ခက်ခဲအောင် လုပ်ခဲ့တယ်...”

“နေ့တိုင်း နှိမ်ချဆက်ဆံတာကို ခံရပြီး မတရားမှုကို ခံစားရပေမဲ့ ရင်ဖွင့်စရာ နေရာမရှိခဲ့ရှာဘူးလေ...”

“မကြာသေးခင် နှစ်တွေအတွင်းမှာမှ အခြေအနေက ပိုပြီး ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ် သူမရဲ့ မောင်လေးက ဒုတိယစစ်သေနာပတိချုပ် ဖြစ်လာခဲ့ပြီး ပြည်နယ်ဘုရင်ခံရဲ့ သမီးနဲ့ လက်ထပ်ခဲ့တယ်မဟုတ်လား...”

“ဒါကြောင့်ပဲ အခုအချိန်မှာ ဘယ်သူမှ သူမကို အခက်အခဲဖြစ်အောင် မလုပ်ရဲကြတော့တာပေါ့...”

လုယွမ်က ခေါင်းကို အနည်းငယ်ညိတ်လိုက်သော်လည်း စကားတစ်ခွန်းမှ ထပ်မံပြောဆိုခြင်း မရှိတော့ပါချေ။ မိသားစုတိုင်းတွင် ကိုယ်ပိုင်ဒုက္ခများ ရှိကြသည်ဟုသာ သူက ဆိုနိုင်ပေသည်။

သူက ရိုးရှင်းစွာပင် ပြောဆိုလိုက်သည်။

“ကောင်းပါပြီ အဒေါ် စိုးရိမ်မနေပါနဲ့ အဒေါ်စုန့် ခရိုင်မြို့တော်ကို ပြန်တဲ့အချိန်ကျရင် ကျုပ်တို့ အတူတူ သွားကြတာပေါ့...”

“သူမရဲ့ အခန်းထဲမှာ အပူပေးကြမ်းပြင်တစ်ခု သွားရောက်တပ်ဆင်ပေးရင်းနဲ့ ခရိုင်မြို့တော်ဆီကိုလည်း တစ်ခေါက်လောက် သွားရောက်လည်ပတ်ရတာပေါ့...”

“အဲဒီမြို့မှာ စမ်းရေတွင်းသုံးခုရှိပြီး သူတို့က နှစ်ပေါင်းရာနဲ့ချီပြီး စီးဆင်းနေခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်နော်...”

ကျောက်ချောင်အာသည် လုယွမ်ကို ပြုံးလျက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့...”

ညအချိန်တွင် ဖြစ်သည်။

“မင်းတို့နှစ်ယောက်လုံး ဒီရက်အနည်းငယ်အတွင်းမှာ ညဘက်ကျရင် အသံကို နည်းနည်းလောက် ထိန်းကြဦးနော်...”

“လွန်ခဲ့တဲ့ ရက်တွေတုန်းက မင်းတို့ မြည်းပေါက်လေးနှစ်ကောင်ကြောင့် ငါ တကယ့်ကို ရူးသွပ်တော့မလို ဖြစ်ခဲ့ရတယ်...”

“မင်းတို့တွေ မပင်ပန်းကြဘူးလား...”

“ အမြဲတမ်း ပြဿနာရှာနေကြတာပဲ...”

“ဒီလောက်တောင် ပြင်းပြင်းထန်ထန် လုပ်နေရတာလား အနည်းငယ်လောက် ညင်သာအောင် မလုပ်နိုင်ကြဘူးလား မင်းတို့နှစ်ယောက်လုံးက နွားသိုးတွေကျနေတာပဲ...”

ကျောက်ချောင်အာသည် ပွပွယောင်ယောင်ရှိသော အညိုရောင် ပိုးထည်အိပ်ဝတ်ဂါဝန်ကို ဝတ်ဆင်ထားလျက် ကုတင်ဘေးတွင် ထိုင်နေခဲ့သည်။ သူမ၏ ဖြူဝင်းလှပသော အသားအရေက တကယ့်ကို စွဲမက်ဖွယ်ကောင်းလှသည်။

အခန်းထဲတွင် အလွန်ပူပြင်းနေခဲ့ပြီး အပူချိန်က စင်တီဂရိတ် ၃၀ ဒီဂရီကျော်လောက် ရှိပေလိမ့်မည်။

ဤသည်မှာ နွေးထွေးမှုအတွက် အပူပေးကြမ်းပြင်ကို ပထမဦးဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သဖြင့် ၎င်းကို စနစ်တကျ မည်သို့ကိုင်တွယ်ရမည်ကို မသိရှိခဲ့ကြပါချေ။ ဒါကြောင့် ကျောက်မီးသွေးများကို အလွန်အမင်း ထည့်သွင်းမိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုအရာက အလွန်စျေးသက်သာလှသဖြင့် ကျောက်မီးသွေးများကို ပုံးထဲသို့ အများအပြား ထည့်သွင်းလိုက်သည့်တိုင်အောင် နှမြောခြင်းမရှိကြပါချေ။

ဤကြီးမားလှသောအိမ်ကြီးတွင် ဆောင်းတွင်းတစ်ခုလုံး ကျောက်မီးသွေးကို လောင်ကျွမ်းစေဦးတော့ ဝိညာဉ်ကျောက်မီးဖိုထဲရှိ ဝိညာဉ်ကျောက်တုံးတစ်တုံး၏ တန်ဖိုးကိုပင် မှီနိုင်မည်မဟုတ်ပါချေ။

လုယွမ်သည်လည်း ဘောင်းဘီတိုနှင့် တီရှပ်ကို ပြောင်းလဲဝတ်ဆင်ထားခဲ့ပြီး ယပ်တောင်တစ်ခုဖြင့် မိမိကိုယ်ကိုယ် ယပ်ခတ်နေခဲ့သည်။

ယခုအခါ အဒေါ်ကျောက်၏ အခန်းထဲတွင်လည်း အပူပေးကြမ်းပြင်များကို စတင်တပ်ဆင်နေပြီဖြစ်သော်လည်း အဒေါ်ကျောက်၏ အခန်းက ကြီးမားလွန်းလှသဖြင့် အပူပေးလမ်းကြောင်းတစ်ခုတည်းက အလွန်ထိရောက်မှုမရှိပါချေ။

သို့သော်လည်း ဤသည်မှာ ပြဿနာမဟုတ်ပါချေ။ သူတို့အနေဖြင့် အပူပေးစနစ်နှစ်ခုကို တပ်ဆင်လိုက်ရုံမျှသာဖြစ်သည်။

ထို့ကြောင့် ကျောက်ချောင်အာသည် ယခုအခါ လုယွမ်နှင့် စုလီယန်တို့နှင့်အတူ အိပ်စက်ရန်အတွက် အရှေ့ဘက်အဆောင်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ယောက်သည် မိမိတို့၏ အခန်းထဲတွင် စနောက်ကျီစယ်လေ့ရှိကြသော်လည်း ကျောက်ချောင်အာအနေဖြင့် ပြောဆိုရန် အလွန်ရှက်ရွံ့နေခဲ့သည်။

သို့သော်လည်း အချို့သောအရာများသည် အစပိုင်းတွင်သာ ရှက်ရွံ့တတ်ကြပြီး နောက်ပိုင်းတွင်မူ ကျင့်သားရသွားသဖြင့် ဂရုမစိုက်တော့ပါချေ။

အစပိုင်းတွင် ကျောက်ချောင်အာသည် စုလီယန်၏ ရှေ့မှောက်တွင် စကားပြောရန် အလွန်ရှက်နေခဲ့သည်။

သို့သော် ယခုအခါတွင်မူ ရှက်နေစရာ ဘာမှမရှိတော့ပါချေ။

ဒါတင်မကသေးဘဲ အကယ်၍ မိမိက စကားအချို့ကို မပြောဆိုပါက မိမိအနေဖြင့် ဘယ်လိုလုပ်ပြီး အိပ်ပျော်နိုင်ပါမည်နည်း။

မိမိအနေဖြင့် ညတိုင်း ညဉ့်နက်ပိုင်းအထိ ခြင်များကိုသာ လိုက်လံရိုက်နှက်နေရသည်မဟုတ်ပါလား။

ထို့အပြင် ကျောက်ချောင်အာသည် ဤလူနှစ်ယောက်လုံးက အပြစ်ကင်းစင်သူများ မဟုတ်ကြကြောင်းကိုလည်း သတိပြုမိလိုက်သည်။

ည၏ ပထမဦးဆုံးတစ်ဝက်ကို သူက အလွန်တန်ဖိုးထားရသော စုလီယန်နှင့်အတူ ဖြတ်သန်းခဲ့သည်။

ည၏ နောက်ဆုံးတစ်ဝက်တွင်မူ စုလီယန်က စိတ်လှုပ်ရှားလာခဲ့ပြီး သူမ၏ သက်ဆိုင်သူကို ဖက်တွဲထားခဲ့ပြန်သည်။

ဤကလေးနှစ်ယောက်က တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။

“မင်းတိုါအနေဖြင့် မုဆိုးမတစ်ယောက်ဖြစ်တဲ့ ငါ့ရဲ့ အခြေအနေကို အနည်းငယ်လောက် ထည့်သွင်းစဉ်းစားပေးလို့ မရဘူးလား”

“ရက်အနည်းငယ်လောက် အောင့်ထားပြီး ငါပြန်မှ လုပ်ကြရင် မကောင်းဘူးလား”

လုယွမ်သည် ကျောက်ချောင်အာ၏ စွပ်စွဲချက်များကို အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီး မည်သည့်ရှက်ရွံ့မှုကိုမျှ ပြသခြင်းမရှိပါချေ။

စုလီယန်ကမူ စနောက်ခြင်းကို ခံရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရသည်။

သူမသည် ကျောက်ချောင်အာ၏ ကုတင်ဘေးသို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့ပြီး သူမ၏ ဖြူဖွင်းလှပသော လက်မောင်းကို ဖက်တွဲကာ အနည်းငယ် ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်သည်။

“အဒေါ်ကလည်း ... ”

အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏ ဆက်ဆံရေးက သဘာဝကျကျပင် ပိုမိုကောင်းမွန်လာခဲ့ကြသည်။

သူတို့သည် ယခင်က ရှိခဲ့သော စိမ်းသက်မှုများကို ဖယ်ရှားလိုက်ကြပြီး မိသားစုတစ်ခုလိုမျိုး စတင်စကားပြောဆိုလာကြသည်။

သူ၏ဇနီးသည်နှင့် အဒေါ်ကျောက်တို့၏ ဆက်ဆံရေးကလည်း တစ်ရက်ထက်တစ်ရက် ပိုမိုကောင်းမွန်လာခဲ့သည်။

ကျောက်ချောင်အာသည် မိမိကိုဖက်တွဲကာ ချွဲနွဲ့နေသော စုလီယန်ကို ကြည့်ပြီး သူမ၏ နဖူးလေးကို ကြင်နာစွာဖြင့် အသာအယာပုတ်ကာ ပြောလိုက်သည်။

“ညည်းကတော့လေ ညည်းကတော့ ... ”

“ညဉ့်နက်ပိုင်းကျရင် သူထက်တောင် ပိုပြီး ရူးသွပ်တတ်သေးတယ်...”

ဤသည်က စုလီယန်ကို အလွန်အမင်း ရှက်ရွံ့သွားစေခဲ့သည် သူမသည် အဒေါ်ကျောက်၏ လက်မောင်းကို ဖက်တွဲကာ ညင်သာစွာ လှုပ်ခါရင်း ပြောလိုက်သည်။

“အဒေါ်ကလည်း … ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့နော်...”

လုယွမ်သည် ယပ်တောင်ကြီးဖြင့် မိမိကိုယ်ကိုယ် ယပ်ခတ်ရင်း ထိုကဲ့သို့သော သဟဇာတဖြစ်လှသော မြင်ကွင်းကို အသံကျယ်ကျယ်ဖြင့် ရယ်မောနေခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အိမ်တော်ထိန်းအိုကြီးသည် အနည်းငယ် အသက်ရှူမဝဖြစ်နေသော်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေလျက် တိုးတိုးလေး ပြောလိုက်သည်။

“သခင်လေး ပြီးစီးသွားပါပြီ...”

လုယွမ်က ကြက်သေသေသွားခဲ့ရပြီး ချက်ချင်းပင် ထရပ်ကာ ပြောလိုက်သည်။

“ကျုပ်ကို တံခါးမကြီးနားမှာ စောင့်နေပါ...”

အိမ်တော်ထိန်းအိုကြီးက ပြန်လည်ထူးသံပေးပြီး ထွက်ခွာသွားခဲ့သည်။

ထိုအခါ လုယွမ်က အနီးတွင် ရပ်နေသော စုလီယန်ကို လှမ်းခေါ်လိုက်သည်။

“အမြန်လုပ်ဦး ဇနီးလေး အစ်ကို့အတွက် အဝတ်အစားအချို့ ယူပေးစမ်းပါ အစ်ကို ဒီည အပြင်ကို ထွက်ရမယ်...”

“ဟင် …”

လုယွမ်၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ စုလီယန်သည် မည်သည့်မေးခွန်းကိုမျှ ထပ်မံမမေးရဲတော့ဘဲ အဝတ်အစားများကို လျင်မြန်စွာ ကောက်ယူလိုက်သည်။

ကျောက်ချောင်အာသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခဏမျှ ကြောင်အသွားခဲ့ရပြီး ချက်ချင်းပင် ထရပ်ကာ လျှောက်လာခဲ့သည်။

သူမသည် စုလီယန်အား လုယွမ်ကို အဝတ်အစားဝတ်ဆင်ပေးရန် ကူညီပေးရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မင်း ဘာလုပ်မလို့လဲ ဒီလောက်ညဉ့်နက်ကြီးကို...”

လုယွမ်က မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော့်မှာ ဒီလောက် လှပတဲ့ ဇနီးသည်ရှိနေတာကို အဒေါ်က ထိတွေ့ခွင့်မပြုတော့ တကယ့်ကို စိတ်မသက်မသာ ဖြစ်ရတယ်လေ...”

“ဒါကြောင့် ကျုပ်တို့ အပြင်ထွက်ပြီး အရက်သောက်ပြီး လောင်းကစားလုပ်တော့မယ်...”

လုယွမ် စကားပြောပြီးသည်နှင့် ကျောက်ချောင်အာသည် သူ့ကို စွဲမက်ဖွယ်ကောင်းလောက်အောင် ချွဲနွဲ့သောအကြည့်ဖြင့် စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။

“မင်းကတော့ အမြဲတမ်း မကောင်းတာပဲ လုပ်ချင်နေတယ် ဘာတွေ လျှောက်လုပ်နေတာလဲ...”

လုယွမ်က မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

“ကျွန်တော် တကယ်ပဲ အပြင်ထွက်ပြီး အရက်သောက်ကာ လောင်းကစားလုပ်မလို့ပါ...”

“အိမ်မှာက အလွန်ပူလွန်းလို့ ကျွန်တော် အိပ်လို့မရဘူး။ ဒါတင်မကသေးဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မြို့ထဲက လူသစ်အချို့နဲ့လည်း ဆုံထားတာရှိတော့ အပြင်ထွက်ပြီး အပန်းဖြေမလို့လေ...”

“ဟေး အဒေါ် ကျွန်တော့်ကို ပိုက်ဆံအချို့လောက် ပေးနိုင်မလား...”

ကျောက်ချောင်အာသည် မျက်စောင်းထိုးခြင်းကို မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။

“စာရင်းကိုင်ဆီ သွားပြီး မင်းဘာသာမင်း ယူလိုက်တော့...”

အမျိုးသမီးနှစ်ဦး၏ ကူညီမှုဖြင့် လုယွမ်သည် အဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်ပြီးစီးသွားခဲ့သည်။

တံခါးဝသို့ ရောက်ရှိသောအခါ သူသည် ခွေးသားရေဦးထုပ်ကို ကောက်ယူကာ ဦးခေါင်းပေါ်သို့ ဆောင်းလိုက်ရင်း ပြောလိုက်သည်။

“ကျွန်တော် ဒီည ဘယ်အချိန်ပြန်လာမလဲ မသိဘူးနော် တစ်ညလုံးလည်း ကစားဖြစ်ရင် ကစားမိမှာ...”

“မင်းတို့နှစ်ယောက်လုံး အတူတူ အိပ်စက်ကြ စောင့်မနေပါနဲ့တော့”

“အကယ်၍ ညဘက်ကျရင် ပူလွန်းတယ်ဆိုရင်တော့ လေကောင်းလေသန့်ရအောင် တံခါးတွေကို အနည်းငယ် ဖွင့်ထားလိုက်ကြဦးနော် မင်းတို့တွေ အပူလွန်မသွားအောင်လို့”

ထိုသို့ပြောပြီးနောက် သူသည် တံခါးကို တွန်းဖွင့်ကာ ထွက်ခွာသွားခဲ့သည်။

ကျောက်ချောင်အာသည် လုယွမ် လောင်းကစားလုပ်ရန် အပြင်ထွက်သည်ဟူသော ပြောဆိုချက်အပေါ် အနည်းငယ် သံသယဝင်မိသည်။

သို့သော်လည်း သူမသည် အများကြီး ထပ်မစဉ်းစားတော့ဘဲ သူသည် ဆေးဝါးဆိုင်ရာ ပစ္စည်းများကို ထပ်မံပြင်ဆင်နေခြင်း ဖြစ်လိမ့်မည်ဟုသာ ခန့်မှန်းလိုက်သည်။

တိုင်နင်းမြို့ ပြင်ပရှိ ဆိတ်ငြိမ်လှသော လွင်ပြင်တစ်ခုအတွင်း၌ ဖြစ်သည်။

မြင်းအကောင်ရေ ခြောက်ဆယ်နှင့် ခရီးသွား ခြောက်ဆယ်တို့ ရှိနေကြပြီး သူတို့၏ ကျောပြင်ထက်တွင် ပြောင်းဝရှည်လျားလှသော မီးခတ်သေနတ်များကို လွယ်ထားကြကာ လူတစ်ဝက်ခန့် အရပ်အမြင့်ရှိသော အမြှောက်ပြောင်းတစ်ခုလည်း ရှိနေခဲ့သည်။

ထို့အပြင် သူတို့၏ ခါးတွင်လည်း သေးငယ်သော ယမ်းကပ်ထုပ်များ ပြည့်နှက်နေခဲ့သည်။

ဤသည်မှာ ရုပ်သံဇာတ်လမ်းတွဲများထဲကကဲ့သို့ စနစ်တကျ ပြုလုပ်ထားသော မော်တာကျည်ဆန်မျိုး မဟုတ်ပါချေ။ ၎င်း၏ အလယ်တွင် ယမ်းချက်များကို ထိန်းသိမ်းရန်အတွက် သံကွင်းတစ်ခုသာ တပ်ဆင်ထားခြင်းဖြစ်သည်။

“လူအားလုံး စုံပြီလား...”

“ထွက်ခွာကြစို့ … ”

လုယွမ်သည် ရှီလင်းကျီသို့ ဦးတည်သွားရန်အတွက် မြင်းပေါ်သို့ ချက်ချင်း တက်လိုက်သည်။

ဘေးတွင် ရပ်နေသော အိမ်တော်ထိန်းအိုကြီးသည် လုံးဝ ဝေခွဲမရဖြစ်သွားခဲ့ရသည် သူ သတိပြန်ဝင်လာပြီးနောက် အမြန်ပြောလိုက်သည်။

“ဟင် … ”

“သခင်လေး မင်းကလည်း လိုက်မလို့လား...”

လုယွမ်သည် သူ၏ကျောပြင်ထက်မှ ကောင်းကင်ဆရာသခင်ဓားကို ဝူးခနဲ ဆွဲထုတ်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ကျုပ် ဘာလို့ မလိုက်နိုင်ရမှာလဲ...”

“ကျုပ်မှာ စွမ်းရည်ရှိမရှိဆိုတာ ဦးလေး မသိဘူးလား...”

အိမ်တော်ထိန်းအိုကြီးက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ ပြောလိုက်သည်။

“ဒါက လုံးဝ မဖြစ်နိုင်ပါဘူး ဒါက အလွန်အန္တရာယ်များလှပါတယ် သခင်လေးမှာ စွမ်းရည်ရှိရင်တောင်မှ မလိုက်သင့်ပါဘူး...”

“ဒါတင်မကသေးဘဲ ဒီအမြှောက်နဲ့ မီးခတ်သေနတ်တွေရှိရင် အဲဒီလူအုပ်စုကို ငါတို့တွေ အလွယ်တကူ နှိမ်နင်းနိုင်တာမို့လို့ သခင်လေး လိုက်စရာမလိုပါဘူး...”

လုယွမ်သည် အိမ်တော်ထိန်းအိုကြီး၏ စကားများကို မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

“ကျုပ် ဘာလို့ မလိုအပ်ရမှာလဲ...”

“ဦးလေးက ဒီအမြှောက်တွေကို ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာ သိလို့လား ဦးလေးက မီးစွမ်းအား လွှမ်းခြုံမှုဆိုတာ ဘာလဲဆိုတာကို သိလို့လား...”

“ဦးလေးက ကော်ဇောခင်း ဗုံးကြဲမှုဆိုတာ ဘာလဲဆိုတာကို သိလို့လား...”

“ဦးလေးအနေနဲ့ ရေဖြန်းတိုက်ခိုက်မှုဆိုတာ ဘာလဲဆိုတာကိုရော သိရဲ့လား...”

လုယွမ်သည် ထိုဝေါဟာရများ အမှန်ဖြစ်စေ အမှားဖြစ်စေ ဂရုမစိုက်ဘဲ စကားလုံးများကို တစ်သီကြီး ပြောဆိုလိုက်သည်။

ဘာပဲဖြစ်ဖြစ် အိမ်တော်ထိန်းအိုကြီးကတော့ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားခဲ့ရသည်။

ခဏမျှ စဉ်းစားပြီးနောက် အိမ်တော်ထိန်းအိုကြီးက ရုတ်တရက် ပြောလိုက်သည်။

“သခင်လေး … ကျွန်တော်တို့ ဒီကိစ္စကို အလောတကြီးမလုပ်ဘဲ နောက်ထပ် လဝက်လောက် စောင့်ဆိုင်းရင် မကောင်းဘူးလား...”

“သခင်လေး ကျွန်တော်တို့ကို အရင်ဆုံး အနည်းငယ်လောက် လေ့ကျင့်ပေးပါဦးလား...”

လုယွမ်က လက်ကိုဝှေ့ယမ်းကာ တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

“မလိုပါဘူး ကျုပ်တို့အနေနဲ့ ဒီမော်တာအမြှောက်ကို မိုင်းတစ်ခု ဒါမှမဟုတ် လျှို့ဝှက်လက်နက်တစ်ခုလိုမျိုး အသုံးပြုလို့ မရဘူးလေ...”

သို့သော်လည်း ဤသည်မှာ အနည်းငယ် အကဲဆတ်သော ကိစ္စဖြစ်သဖြင့် အကယ်၍ အချိန်အတော်ကြာ ကြန့်ကြာသွားပါက နန်းတော်က သိရှိသွားလျှင် ရှင်းပြရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ဤသည်မှာ ကြီးမားသော လေ့ကျင့်မှုမျိုး မလိုအပ်ပါချေ သူပြောတဲ့ အချိန်ကျရင် ပစ်ခတ်လိုက်ရုံမျှသာ ဖြစ်သည်။

လုယွမ် လိုက်ပါသွားရခြင်းတွင် အခြားသောအကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။ သူသည် မော်တာအမြှောက်၏ စစ်မှန်သော စွမ်းအားက မည်သို့ရှိသည်ကို သိချင်နေခြင်းဖြစ်သည်။

၎င်းသည် သေနတ်တစ်လက် မဟုတ်သဖြင့် တိကျစွာ ပစ်မှတ်ထားနိုင်မည် မဟုတ်ပါချေ။

အလွန်ဖြစ်နိုင်ခြေရှိသည်မှာ ဗုံးသည် ထိုသတ္တုဝါကို ဒဏ်ရာရစေရုံမျှသာ ဖြစ်နိုင်ပြီး ၎င်းကို သေဆုံးစေနိုင်မည် မဟုတ်ပါချေ။

အကယ်၍ သူတို့သာ ၎င်းကို ထွက်ပြေးခွင့်ပြုလိုက်ပြီး ၎င်းက ရန်ငြိုးဖွဲ့ထားမည်ဆိုပါက နောက်ကျရင် ကလဲ့စားချေရန် ပြန်လာပေလိမ့်မည် ဤသည်မှာ အလွန်ဆိုးရွားလှပေလိမ့်မည်။

အကယ်၍ ထိုသို့သောအခြေအနေမျိုး ဖြစ်ပျက်လာပါက သူ့အနေဖြင့် ကောင်းကင်ဆရာသခင်ဓားကို ကိုင်ဆောင်ကာ ၎င်းတို့ကို ကိုယ်တိုင် သွားရောက်သတ်ဖြတ်ရမည်ဖြစ်သည်။

ဤရက်ပိုင်းအတွင်း လုယွမ်သည် နေ့တိုင်း သူ၏ဇနီးသည်နှင့်အတူ “ကောင်းကင်ဆရာသခင်” ထံမှ တာအိုအဆောင်များ ရေးသားနည်းကို သင်ယူနေခဲ့ပြီး တခြားသောအရာများကိုလည်း ကိုယ်တိုင် လေ့လာနေခဲ့သည်။

ထို့နောက် မြင့်မြတ်သောခန္ဓာကိုယ်ကိုလည်း ပေါင်းစပ်လိုက်သည်။

ကောင်းကင်က ကြည်လင်သွားပြီး မိုးကလည်း စဲသွားခဲ့ပြီဖြစ်သဖြင့် လုယွမ်က မိမိကိုယ်ကိုယ် အားလုံး အဆင်သင့်ဖြစ်နေပြီဟု ခံစားလိုက်ရသည်။

အမှန်တိုင်း ပြောရလျှင် လက်ရှိအခြေအနေကပင် အဆင်ပြေလှပါသည်။

လုယွမ်တွင် မြင့်မြတ်သောခန္ဓာကိုယ် ကောင်းကင်ဆရာသခင်ဓားနှင့် လုပန်း၏မှင်ကြိုးတို့ ရှိနေသဖြင့် သူသည် ဤကဲ့သို့သောအလုပ်မျိုးကို တိုက်ရိုက် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

ဤကာလအတွင်း လုယွမ်သည် “ကောင်းကင်ဆရာသခင်” ထံမှ စိတ်အေးချမ်းသာယာ ဂါထာကိုလည်း သင်ယူခဲ့သည်။

အကယ်၍ သူသည် လှည့်စားတတ်သော သူလှည့်စားသူတစ်ယောက်နှင့် ဆုံတွေ့ရလျှင်ပင် လုယွမ်သည် ယခင်အကြိမ်ကကဲ့သို့ လှည့်စားခံရတော့မည် မဟုတ်ပါချေ။

အိမ်တော်ထိန်းအိုကြီးက စကားအချို့ကို ထပ်မံပြောဆိုချင်နေသေးသည်။

လုယွမ်ကမူ အိမ်တော်ထိန်းအိုကြီးကို စကားအများကြီး ထပ်မပြောချင်တော့သဖြင့် သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

“လီဖူ ကျုပ်ရဲ့ အဒေါ်က ဘာပြောခဲ့လဲ...”

“ဒီအိမ်ထဲမှာ ကျုပ်ပြောတဲ့ စကားက အတည်ဖြစ်တယ် မဟုတ်လား...”

“သူမက အကြီးဆုံးဆိုရင် ကျုပ်က ဒုတိယအကြီးဆုံး မဟုတ်ဘူးလား...”

လီဖူက ကူကယ်ရာမဲ့သောအမူအရာဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ သခင်မကြီးက သခင်လေးကို ဘယ်လိုအန္တရာယ်မျိုးမှ မစွန့်စားစေချင်ဘူးလို့လည်း ပြောခဲ့ပါတယ်...”

“အကယ်၍ သခင်မကြီးသာ ကျွန်တော်တို့ သခင်လေးကို ရှီလင်းကျီကို ခေါ်သွားတာကို သိရင် ကျွန်တော်တို့ကို အရှင်လတ်လတ် အရေခွံခွာပစ်လိမ့်မယ်...”

သို့သော်လည်း လုယွမ်က ခေါင်းကိုမော့ကာ ဆက်လက်ပြောဆိုလိုက်သည်။

“အဒေါ်ကျောက်က နောက်ကျရင် ဦးလေးတို့ကို ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ပါဘူး ကျုပ် ရှိနေတာပဲကို ဦးလေးက ဘာကို ကြောက်နေတာလဲ...”

“ခုလိုမျိုး စကားအသေးအဖွဲတွေကို ရပ်လိုက်ပြီး အဓိကအချက်ကိုပဲ ပြောစမ်းပါ...”

“ဦးလေး အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာပဲ အခုကစပြီး ဦးလေးကို နေ့တိုင်း ဒုက္ခရောက်အောင် ကျုပ် လုပ်မယ်နော်...”

ထိုသို့ပြောပြီးနောက် လုယွမ်သည် မြင်း၏ တင်ပါးကို ရိုက်နှက်လိုက်ပြီး ဝူးခနဲ ဒုန်းစိုင်းထွက်ခွာသွားခဲ့သည်။

အိမ်တော်ထိန်းအိုကြီးကမူ “...”

ခဏမျှ အိမ်တော်ထိန်းအိုကြီးသည် စကားတစ်ခွန်းမှ မပြောနိုင်တော့ပါချေ။ မိမိအနေဖြင့် ဘာအပြစ်များ ပြုလုပ်မိခဲ့လို့ပါလိမ့်။

သူသည် အောက်ခြေနှင့် အထက်ကြားတွင် ညှပ်နေသော ကြွက်တစ်ကောင်လိုမျိုး ဖြစ်နေရသည်မဟုတ်ပါလား။

သေချာစဉ်းစားပြီးနောက် အိမ်တော်ထိန်းအိုကြီးသည် အလျှော့ပေးရန် ဆုံးဖြတ်လိုက်ပြီး ဇက်ကြိုးကို ရိုက်ခါကာ ဒုန်းစိုင်း လိုက်ပါသွားခဲ့တော့သည်။

ထို့နောက် လူခြောက်ဆယ်ကျော်ပါဝင်သော အဖွဲ့ကြီးသည် ခမ်းနားထည်ဝါလှသော စီတန်းလှည့်လည်မှုကြီးတစ်ခုအလား ရှီလင်းကျီဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့ကြသည်။

မြင်းအမြန်ဖြင့် နှစ်နာရီ သို့မဟုတ် သုံးနာရီခန့် သွားရောက်ပြီးနောက်တွင် ဖြစ်သည်။

လပြည့်ဝန်း၏ အလင်းရောင်အောက်တွင် စစ်သည်အင်အား ရာပေါင်းများစွာရှိသော အဖွဲ့တစ်ဖွဲ့သည် လုယွမ်၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ဤသည်က ဘာလဲ။

စုန့်မိန်ချင်း ဟုတ်လား။

သည်အမျိုးသမီးကလည်း ဘာလို့ ရှီလင်းကျီဆီကို ဦးတည်သွားနေရတာလဲ။

လုယွမ်က ကြောင်အနမိစဉ်မှာပင် တည်ငြိမ်ပြီး အေးစက်လှသောအသံတစ်ခုက သူ၏အသိစိတ်ထဲတွင် ရုတ်တရက် ဟိန်းထွက်သွားခဲ့သည်။

“ဂုဏ်ယူပါတယ် ပိုင်ရှင် စုန့်မိန်ချင်း၏ ငါးဆအမြှောက်ကိန်း ဆုလာဘ်ကို ရရှိသွားခဲ့ပါပြီ ဆုလာဘ်မှာ စစ်မှန်သော သိုင်းပညာရပ် ဖြစ်ပါတယ်...”

All Chapters