အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁)
ဆုချရန် စဉ်းစားခြင်း
ရွှီပေါ်အန်း၏ ဖူတယ်ပုစွမ်ကျမ်းသည် တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ်တို့၏ မူလအစောပိုင်း ဆန်းကြယ် လှသော နတ်ဘုရားတန်ခိုးစွမ်းအား ဖြစ်ပေသည်။
တစ်နည်းအားဖြင့် ပြောရမည်ဆိုပါက ဤအရာသည် အစစ်အမှန်သက်သက်ဖြစ်ပြီး မည်သည့်အမှားအယွင်းမျှ မရှိနိုင်ချေ။
ဤကဲ့သို့သော နတ်ဘုရားတန်ခိုးစွမ်းအားဖြင့် တွက်ချက်ထားသော ရလဒ်များမှာ လုံးဝ တိကျမှန်ကန်လှပေသည်။ ထို့ကြောင့် ၎င်းက အတော်ပင် ထူးဆန်းနေခဲ့၏။
တစ်ဖက်တွင် မွေးရာပါ သားသမီးမရနိုင်သည့် ကံကြမ္မာရှိနေပြီး အခြားတစ်ဖက်တွင်မူ နောင်အနာဂတ်၌ သားသမီးမြေးမြစ်များစွာဖြင့် စည်ကားနေလိမ့်မည် ဖြစ်ပေသည်။
ဤသို့ အပြန်အလှန် ဆန့်ကျင်ကွဲလွဲနေသော ရလဒ်နှစ်ခုစလုံးသည် လူတစ်ဦးတည်းအပေါ်၌ အဘယ်ကြောင့် ပေါ်ထွက်လာရပါသနည်း။
ရွှီပေါ်အန်းသည် မာလု၏ ကံကြမ္မာအပေါ် ပိုမို၍ စပ်စုလိုစိတ် ဖြစ်ပေါ်လာခဲ့ရလေသည်။ သူသည် မာလုအား ကူညီ ပေးရန်သာမက သူ့အနီးအပါး၌ ထိန်းသိမ်းထားရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့သည်။
ပထမအချက်မှာ ကုမ္ပဏီအား ကူညီစီမံခန့်ခွဲရန် ဖြစ်ပြီး ဒုတိယအချက်မှာမူ နောင်အနာဂတ်တွင် ဖူတယ်ပုစွမ် ကျမ်း၏ တွက်ချက်မှုရလဒ်များ ပြောင်းလဲသွားဦးမည်လားဟူသည်ကို စောင့်ကြည့်ရန် ဖြစ်ပေသည်။
“ကောင်းပြီ...၊ မာလုလေး...။ စိတ်မကောင်းမဖြစ်ပါနဲ့...။ တကယ်တော့ ငါလည်း ကွာရှင်းထားတာပါ...။ မင်း ထက်တောင် စောပြီး ကွာရှင်းခဲ့တာ...၊ သုံးလကျော်လောက် ရှိပြီ...။”
ရွှီပေါ်အန်း ကွာရှင်းခဲ့သည့် ကိစ္စရပ်ကို လျှို့ဝှက်ချက်အား မထိန်းသိမ်းနိုင်သော လူအနည်းစုသာ သိရှိကြပေသည်။ ၎င်းမှာ သူ၏မိဘများ၊ ရင်းနှီးလှသော ဆွေမျိုးမိတ်ဆွေများနှင့် ကုမ္ပဏီမှ အချို့သော ဝန်ထမ်းများသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူသည် စီမံခန့်ခွဲမှုအဆင့်ဝင်တစ်ဦး ဖြစ်သဖြင့် သူ၏ ကိုယ်ရေးကိုယ်တာ အခြေအနေ များကို အစီရင်ခံစာ၌ ပြုပြင်ပြင်ဆင်ရသောကြောင့် ဖြစ်ပေသည်။
ဤကဲ့သို့သော ကိစ္စရပ်မှာ ဂုဏ်ယူစရာကိစ္စတစ်ခု မဟုတ်သဖြင့် မည်သူမျှ ဘေးပတ်လည်သို့ လျှောက်ပြော နေမည် မဟုတ်ချေ။
ထို့အပြင် သူနှင့် မာလုတို့သည် ဆက်ဆံရေးကောင်းမွန်သော်လည်း နှစ်ပေါင်းများစွာကြာအောင် အတူတကွ မရှိခဲ့ ကြချေ။ အလုပ်ကိစ္စဖြင့်ဖြစ်စေ၊ အပန်းဖြေခရီးထွက်ရင်းဖြစ်စေ အခြားတစ်ဦးရှိရာ မြို့သို့ ရောက်ရှိသွားခြင်း မရှိပါက ဖုန်းပြောဆိုရန်ပင် အခွင့်အရေး ရခဲလှပေသည်။
တက္ကသိုလ်အတန်းဖော်အဖွဲ့တွင်း စကားပြောဆိုခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် အပြန်အလှန် သဘောကျကြောင်း ပြသခြင်းမှတစ်ပါး သူတို့အကြား နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ပြောဆိုရန် အခွင့်အရေး သိပ်မရှိခဲ့ကြချေ။
ထို့ကြောင့် ယနေ့တိုင်အောင် မာလုသည် ရွှီပေါ်အန်း ကွာရှင်းထားသည်ကို မသိရှိသေးချေ။ ထို့ကြောင့်သာ သူက ယခုအချိန်၌ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။ ၎င်းမှာ သူငယ်ချင်းဟောင်းတစ်ဦးအား နှစ်သိမ့်ပေးရန် သက်သက်သာ ဖြစ်၏။
စိတ်မကောင်းဖြစ်နေသော လူတစ်ဦးအား နှစ်သိမ့်ရန် အကောင်းဆုံးနည်းလမ်းမှာ စကားလုံးကောင်းများဖြင့် အကြံပေးခြင်း သို့မဟုတ် အားပေးစကားများ ပြောဆိုခြင်း မဟုတ်ပေ။ ၎င်းအတွက် ဖြေရှင်းနည်းလမ်း နှစ်ခုသာ ရှိပေသည်။ ပထမတစ်ချက်မှာ မိမိကိုယ်တိုင်လည်း သူ၏အခြေအနေကဲ့သို့ပင် ဆိုးရွားနေခြင်းဖြစ်ပြီး ဒုတိယ တစ်ချက်မှာမူ မိမိ၏ အခြေအနေမှာ သူ၏အခြေအနေထက်ပင် ပိုမို၍ ဆိုးရွားနေခြင်း ဖြစ်ပေသည်။
ဤနှစ်သိမ့်မှု နှစ်ခုစလုံးသည် အလွန်တရာ အစွမ်းထက်လှပေသည်။
အမှန်ပင် ရွှီပေါ်အန်း၏ စကားကို ကြားရသောအခါ မာလု၏ လေသံမှာ ချက်ချင်းပင် ပျော့ပျောင်းသွားခဲ့လေ သည်။ သူက စပ်စုလိုစိတ်ဖြင့် ပြန်လည်မေးမြန်းလိုက်လေ၏။
“ဘာ...၊ သူဌေး...။ မင်းက ငါတို့ ညီအစ်ကိုတွေထဲမှာ အအောင်မြင်ဆုံးပဲဟာကို...။ စီမံကိန်းမန်နေဂျာ ဖြစ်လာတဲ့ ပထမဆုံးလူလည်း ဖြစ်သလို စီမံကိန်းကြီးတွေကိုလည်း လုပ်ကိုင်နေရတာလေ...။ မင်းရဲ့ အနာဂတ်က အလွန် တရာ တောက်ပနေတာပဲဟာ...။”
“ငါတို့ ညီအစ်ကိုတွေအကြား ဒီလိုမျိုး ပြောစရာမလိုပါဘူး...၊ မင်း အပြင်ဘက်မှာ အကျင့်ဆိုးအချို့ ရရှိသွားပြီး မင်းရဲ့ဇနီးသည်နဲ့ အဆင်မပြေဖြစ်သွားတာတော့ မဟုတ်ဘူးမလား...။”
မာလုနှင့် ကျန်ရှိသော အတန်းဖော်ဟောင်းများသည် ရွှီပေါ်အန်း၏ ငယ်ရွယ်သော အမျိုးသမီးတစ်ဦးနှင့် လက်ထပ် ခဲ့သည့် ကိစ္စရပ်ကို သိရှိထားကြပေသည်။ သူတို့အားလုံးသည် ထိုစဉ်က ရွှီပေါ်အန်း၏ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ကြပြီး သူ့အား အတော်ပင် အားကျခဲ့ကြလေသည်။
အဘယ်ကြောင့်ဆိုသော် ချီရှောင်ရွှယ်သည် အလွန်တရာ တင့်တယ်လှပလှပြီး ရွှီပေါ်အန်းထက် အများကြီး ငယ်ရွယ်သောကြောင့် ဖြစ်၏။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သူမသည် နတ်သမီးတစ်ပါးကဲ့သို့ပင် ဖြစ်ချေသည်။ ထို့ကြောင့် ဤသူများသည် ချီရှောင်ရွှယ်အား “မရီးလေး” ဟူ၍ အမြဲ ခေါ်ဆိုလေ့ရှိကြပေသည်။
ရွှီပေါ်အန်းမှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရလေသည်။ ယခုအခါ၌မူ သူသည် ဤအကြောင်းအရာ ကို ထုတ်ဖော်ပြောဆိုရန် အလွန်တရာ ရှက်ရွံ့နေခဲ့ရ၏။ သူသည် နှစ်ပေါင်းများစွာအတွင်း မိမိကိုယ်မိမိ သန့်ရှင်း စွာ ထိန်းသိမ်းထားခဲ့ပြီး မည်သည့် စီးပွားရေးလုပ်ငန်းခွင်အတွင်း၌မျှ လမ်းမှားမရောက်ခဲ့ဖူးချေ။
သို့သော်လည်း ဆန်းကြယ်လှသည်မှာ နောက်ဆုံးအချိန်၌ သူ၏ ကျောပြင်နောက်ကွယ်တွင် မီးတောက်များ ထွက်ပေါ်လာခဲ့ပြီး သစ္စာဖောက်ခြင်း ခံခဲ့ရရုံသာ ဖြစ်ပေသည်။ ဤကိစ္စရပ်အတွက် သူသည် ဘယ်နေရာသို့ သွားရောက်ကာ တရားမျှတမှု တောင်းဆိုနိုင်ပါမည်နည်း။
ရွှီပေါ်အန်းက စိတ်ဆိုးဒေါသထွက်ဟန်ဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
“သွားစမ်းပါ...၊ ငါ့ရဲ့ အခြေအနေဆိုးပေါ်ကို ထပ်ပြီး နင်းမချစမ်းပါနဲ့...။ အခု ငါတို့ မင်းရဲ့ကိစ္စအကြောင်း ပြော နေတာလေ...၊ ဘာဖြစ်လို့ ငါ့ကို လာပြီး ဆွဲထည့်နေရတာလဲ...။”
မာလုက သက်ပြင်းချကာ ဆိုလိုက်၏။
“ဟူး...၊ မင်းကိုယ်တိုင် ဆွဲထည့်ခဲ့တာပဲဟာကို...။ ဒါပေမဲ့လည်း အားလုံးကို ခြုံကြည့်လိုက်ရင် ငါက ပိုပြီး ကံဆိုးတဲ့လူပါ...။ ကွာရှင်းလိုက်ရရုံတင်မကဘဲ အခု အလုပ်ကပါ ပြုတ်သွားခဲ့ရတာ...။”
ရွှီပေါ်အန်းသည် အစပိုင်းတွင် ဒေါသထွက်နေသော်လည်း မာလု၏ စကားများကို ကြားရသောအခါ ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဆိုလိုက်လေသည်။
“ဟုတ်ပါပြီ...၊ စိတ်အေးအေးထားပါ...။ လောကကြီးမှာ မိန်းကလေးတွေ အများကြီး ရှိပါသေးတယ်...။ ဒီနေရာ မှာ ပဲ ထပ်ပြီး မရှာကြည့်ချင်ဘူးလား...၊ ငါ့ဆီကိုသာ လာခဲ့ပါ...။ သစ်ပင်တစ်ပင်က နေရာရွှေ့ရင် သေဆုံးသွား တတ် ပေမဲ့ လူတစ်ယောက်ကတော့ နေရာပြောင်းရင် ပိုမို ဖွံ့ဖြိုးတိုးတက်လာတတ်တယ်...။”
မာလုက ပြောလိုက်လေ၏။
“ငါလည်း ဒီအကြောင်းကိုပဲ ပြောနေတာပါ...။ ဒါနဲ့ သူဌေး...၊ မင်းဆီမှာလည်း ကလေးမရှိသေးဘူးမလား...။”
ရွှီပေါ်အန်းက နှုတ်ခမ်းကို စေ့လိုက်ရင်း၊
“မင်းကလည်း ဘာဖြစ်လို့ ငါ မပြောချင်တဲ့ ကိစ္စတွေကိုပဲ အမြဲတမ်း လာပြီး မေးနေရတာလဲ...။”
မာလုက ပျာပျာသလဲ ရှင်းပြလိုက်လေသည်။
“မဟုတ်ပါဘူး...၊ ငါ ဒီလိုမျိုး ဆိုလိုတာ မဟုတ်ပါဘူး...။ ငါလည်း လက်ထပ်ထားတာ နှစ်အနည်းငယ် ရှိပြီဖြစ်ပေမဲ့ ကလေးမရသေးဘူးလေ...၊ မင်းအနေနဲ့ ဆေးစစ်ချက်တွေ လုပ်ဖူးလားလို့ မေးကြည့်ချင်လို့ပါ...။”
ရွှီပေါ်အန်းမှာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားခဲ့ရလေသည်။ သူသည် ဆေးစစ်ချက် ပြုလုပ်ဖူးသော်လည်း ရလဒ်မှာ ရှင်းလင်းလှပေသည်။ အကြောင်းအရင်းမှာ သူ၏ ဇနီးဟောင်း ချီရှောင်ရွှယ်ကြောင့် ဖြစ်ပေသည်။ သို့သော်လည်း ဤကိစ္စရပ်အား အပြင်လူများအား ထုတ်ဖော်ပြောဆိုရန် မသင့်တော်ချေ။
ကံကောင်းလှစွာပင် မာလုသည် ရွှီပေါ်အန်း၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ဘဲ သူ့ဘာသာ သက်ပြင်းချကာ ဆိုလိုက်၏။
“ဒါက ငါ့ရဲ့ ပြဿနာလည်း ဖြစ်လိမ့်မယ်...။ ငါ ဆေးရုံကို သွားပြီး စစ်ဆေးကြည့်တော့ မွေးရာပါ သားသမီးမရနိုင် တဲ့ ရောဂါရှိနေတာကို သိလိုက်ရတယ်...။ ငါတို့ ကွာရှင်းခဲ့ရတဲ့ အဓိက အကြောင်းရင်းကလည်း ဒီကိစ္စကြောင့်ပဲ... ။ ဒါနဲ့ သူဌေး... မင်းရဲ့ အကြောင်းရင်းကကော ဘာလဲ...၊ ငါ ခန့်မှန်းတာ မှန်သွားတယ်မလား...။”
“မင်း ခန့်မှန်းတာက ဘာမှမဟုတ်ပါဘူး...။ ထားပါတော့...၊ ငါ အခု ကားမောင်းနေတာမလို့ မင်းနဲ့ အချိန်အများ ကြီး မဖြုန်းတော့ဘူး...။ သေသေချာချာ စဉ်းစားပြီး ငါ့ဆီ လာမလားဆိုတာ ဆုံးဖြတ်လိုက်ပါ...။ ရလဒ်ထွက်လာ ရင် ငါတို့ ထပ်ပြီး ဆွေးနွေးကြတာပေါ့...။”
ရွှီပေါ်အန်းက စကားပြောဆိုပြီးနောက် မာလုအား မည်သည့်စကားမျှ ထပ်မံပြောဆိုခွင့်မပေးတော့ဘဲ ဖုန်းချ လိုက်လေတော့သည်။
ထိုကားသည် မကြာမီမှာပင် ဗဟိုဗီလာအိမ်ရာသို့ ဆိုက်ရောက်လာခဲ့လေသည်။
ရွှီပေါ်အန်းသည် အခန်းတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားသော ချန်ဖိန်ဖိန်သည် ခင်ပွန်းသည် ပြန်လာသည်ကို စောင့်ဆိုင်းနေသော ဇနီးသည်တစ်ဦးကဲ့သို့ လာရောက်ကြိုဆိုသည်ကို မြင်တွေ့ လိုက်ရလေ၏။
ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း၏ လက်ထဲမှ အိတ်အား လှမ်းယူလိုက်ပြီး နှုတ်ဆက်စကား ဆိုလိုက်လေသည်။
“ရွှီအိုကြီး...၊ ကျွန်မ ဟင်းချိုနဲ့ မုန့်လုံးနည်းနည်း လုပ်ထားတယ်...၊ ရှင် ကြိုက်ရဲ့လား...။”
“သိပ်ကို ကောင်းတာပေါ့...။ နည်းနည်းတော့ စားမယ်လေ...။”
ရွှီပေါ်အန်းသည် သူ၏ဖိနပ်များကို ချွတ်လိုက်ရုံရုံရှိသေးချိန်တွင် ချန်ဖိန်ဖိန်သည် ပျာပျာသလဲ ဖိနပ်များကို သပ်ရပ် စွာ ပြင်ဆင်ပေးလိုက်လေ၏။
ဤသို့သော ငွေကြေးသုံးစွဲမှုမှာ တကယ့်ကို ထိုက်တန်လှပေသည်။ ချီရှောင်ရွှယ်သည် ယခင်က သူ့အပေါ် ဤမျှ အထိ သိမ်မွေ့နူးညံ့ကာ ဂရုစိုက်ပေးခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။ သူ အိမ်သို့ ပြန်ရောက်ချိန်တွင် ပူပူနွေးနွေး အစားအစာများဖြင့် စောင့်ကြိုနေရုံတင်မကဘဲ နေ့လယ်စာ စားသောက်ပြီးသော ပန်းကန်များကိုပင် သူ့အား ဆေး ကြောခိုင်းလေ့ရှိပေသည်။
၎င်းနှင့် နှိုင်းယှဉ်ပါက ချန်ဖိန်ဖိန် ပေးစွမ်းနိုင်သော ဂရုစိုက်မှုများကြောင့် ရွှီပေါ်အန်းအနေဖြင့် အလွန်တရာ စိတ်ကျေနပ်မှုကို ခံစားလိုက်ရလေသည်။
ရွှီပေါ်အန်းသည် ထမင်းစားစားပွဲ၌ ထိုင်လိုက်ချိန်တွင် ချန်ဖိန်ဖိန်သည် သူ့အတွက် ကြက်စွပ်ပြုတ်တစ်ပန်းကန်ကို ဂရုတစိုက် ခပ်ထည့်ပေးလိုက်လေ၏။ ထို့နောက် သူမသည် အရွက်ပုံသဏ္ဌာန်ရှိသော တင့်တယ်လှပလှသည့် ကြွေပန်းကန်ပြားတစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းထဲတွင် အလွန်ပါးလွှာလှသော မုန့်ပေါင်းလုံးအချို့ ရှိနေခဲ့ပြီး ရှာလကာရည်၊ ပဲငံပြာရည်၊ ငရုတ်သီးနှင့် ကြက်သွန်ဖြူပန်းကန်ငယ်လေးများလည်း ပါဝင်သဖြင့် အလွန်ပင် စားချင်စဖွယ် ကောင်းလှပေသည်။
ရွှီပေါ်အန်းသည် မုန့်လုံးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ရှာလကာရည်တွင် နှစ်ကာ တစ်ကိုက် ကိုက်လိုက်ပြီး နောက် ချက်ချင်းပင် ချီးကျူးလိုက်လေတော့သည်။
“တကယ် ကောင်းတာပဲ ...၊ ဒီမုန့်လုံးတွေက ငါတို့ ကုမ္ပဏီက အဆင့်မြင့် စားဖိုမှူးတွေ လုပ်တဲ့ လက်ရာထက် တောင် မညံ့ဘူးပဲ...။”
ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့ပြီး သူမ၏ လက်မောင်းများကို စားပွဲပေါ်တွင် တင် လျက် သူ့အား ကြည့်ရှုနေခဲ့၏။ ရွှီပေါ်အန်း၏ ချီးကျူးစကားကို ကြားရသောအခါ သူမသည် သဘောကျစွာဖြင့် ပြုံးလိုက်လေသည်။
“ရှင်ပြောသလောက်လည်း မကောင်းပါဘူး...။ ဒါက သာမန် အိမ်တွင်းလက်ရာလောက်ပါပဲ...၊ ကျွန်မလည်း ဒီနေ့ ဖုန်းပြောရင်း ရှင့်အမေက ရှင် ငယ်ငယ်တုန်းက ဒီလို မုန့်ပေါင်းလုံးတွေကို အရမ်း ကြိုက်တတ်ကြောင်းကို ပြောပြ တော့မှ သိလိုက်ရတာ...။ အရင်တုန်းက ဒီလိုမျိုး ပြုလုပ်နိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတာ ကျွန်မ လုံးဝ မသိခဲ့ဖူး ဘူး...။”
သူမသည် မိမိကိုယ်မိမိ ကောင်းစွာ ဂရုစိုက်နိုင်ရုံတင်မကဘဲ သူ၏ မိခင်ဖြစ်သူကိုပါ ဂရုတစိုက် တွေးတောပေးခဲ့ သည်ကို ကြည့်ရှုကြည့်ပါ...။
ဤမျှလောက်အထိ ကောင်းမွန်လှသော ညီမငယ်လေးအပေါ် တစ်စုံတစ်ယောက်က မကောင်းပြောဆိုလာပါက သူသည် ပထမဦးဆုံး ကန့်ကွက်မည့်သူ ဖြစ်ပေလိမ့်မည်။
ခေတ္တမျှ စကားပြောဆိုပြီးနောက် ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်းအတွက် ခြေထောက်ဆေးကြောရန်နှင့် နှိပ်နယ်ရန် ဇလုံတစ်ခုကို ယူဆောင်ပေးခဲ့ပြီးနောက် ပန်းကန်များကို ဆေးကြောရန် မီးဖိုချောင်အတွင်းသို့ ဝင်ရောက်သွားခဲ့ လေသည်။
ရွှီပေါ်အန်းသည် ဘဝ၏ ကောင်းမွန်လှသော အခိုက်အတန့်များကို ခံစားရင်း သူ၏ အမြင်အာရုံမှာ ဘွန်ဆိုင်း ကမ္ဘာအတွင်းသို့ ရောက်ရှိသွားခဲ့လေသည်။
ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ လူသားငယ်လေးများအားလုံးနီးပါးမှာ အိပ်ပျော်နေခဲ့ကြပြီ ဖြစ်ပေသည်။ မြို့ရိုးပေါ်၌ ကင်းစောင့်နေကြသော ဓားပြငယ်အချို့မှတစ်ပါး အားလုံးမှာ ငြိမ်သက်နေခဲ့ကြ၏။
သူတို့သည် ယခုရက်ပိုင်းအတွင်း တာဝန်ကျေပွန်စွာ လုပ်ကိုင်နေခဲ့ကြသဖြင့် ရွှီပေါ်အန်းအနေဖြင့် အတော်ပင် ကျေနပ်မိခဲ့သည်။ သူသည် နောင်အခါ၌ သူတို့အား တစ်စုံတစ်ရာ ဆုချရန် စဉ်းစားလိုက်၏။
သူသည် သူ၏ တောင်စောင့်သားရဲကို ထပ်မံကြည့်ရှုလိုက်လေသည်။ ထိုမွေးပွနတ်ငယ်လေးသည် လူပြက် မျက်နှာဖုံးစွပ်ထားသူနှင့် သူ၏ ကြံရာပါများကို တိုက်ခိုက်ရာတွင် အလွန်တရာ အကျိုးပြုခဲ့သဖြင့် ရက်ရော လှသော ဆုလာဘ်များကို ရရှိထိုက်ပေသည်။
အကောင်းဆုံးနည်းလမ်းမှာ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို အသုံးပြုပြီး မွေးပွ နတ်ငယ်လေး၏ စွမ်းအားကို မြှင့်တင်ပေးရန် ဖြစ်ပေသည်။
ဤသို့ တွေးတောမိပြီးနောက် ရွှီပေါ်အန်းသည် သူ၏ အမွှေးတိုင် စွမ်းအားများကို ရေတွက်စစ်ဆေးလိုက် လေသည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်း မွေးပွနတ်ငယ်လေးအား ဆင့်ခေါ်ရန်နှင့် ပြန်လည်သိမ်းဆည်းရန်အတွက် စွမ်းအား ခြောက်စုံခန့် အသုံးပြုခဲ့ရရုံတင်မကဘဲ ဖူတယ်ပုစွမ်ကျမ်းအတွက်လည်း စွမ်းအား ဆယ်စုံခန့်အထိ အသုံးပြု လိုက်ရပေသည်။
ကျန်ရှိနေသော အမွှေးတိုင် စွမ်းအားများမှာ ဆယ်စုံထက်ပင် နည်းပါးသွားခဲ့ရလေပြီ။ ၎င်းက သူ့အား အနည်းငယ် အကျပ်အတည်း ဖြစ်စေခဲ့ရသည်။
*ကောင်းပြီလေ...၊ လောလောဆယ်တော့ ဒီအတိုင်းပဲ ထားရတော့မှာပဲ...။*
အတွေးပေါင်းများစွာဖြင့် စဉ်းစားရင်း ရွှီပေါ်အန်းသည် တဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့ရလေသည်။