← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း (၁၉၂)

ကြယ်ပွင့်တစ်ဦးနှင့်တွေ့ဆုံခြင်း

ချန်ဖိန်ဖိန်သည် ပန်းကန်များကို ဆေးကြောပြီးနောက် မီးဖိုချောင်အတွင်းမှ ထွက်လာခဲ့ချိန်တွင် ဆိုဖာပေါ်၌ မှီ လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရွှီပေါ်အန်းကို မြင်တွေ့လိုက်ရ၏။

သမီးသည် ရွှီပေါ်အန်း၏ ခြေထောက်များကို ဂရုတစိုက် မယူလိုက်ပြီး ခြောက်သွေ့အောင် သုတ်ပေးလိုက်ကာ ခြေဆေးဇလုံကို သိမ်းဆည်းပေးလိုက်လေသည်။

ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း၏ ဘေး၌ ထိုင်နေခဲ့ပြီး သူ့အား နှိုးကာ အခြေအနေအား ပြောပြရန် စဉ်းစားနေစဉ် အတွင်း ရွှီပေါ်အန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ယိုင်လဲသွားခဲ့ပြီး သူမ၏ ကိုယ်ပေါ်သို့ စောင်းလျက် ပြုတ်ကျ လာခဲ့လေသည်။

ချန်ဖိန်ဖိန်သည် သူ့အား ထိန်းမပေးရန် ပျာပျာသလဲ လက်လှမ်းလိုက်သော်လည်း နောက်ကျသွားခဲ့ရလေပြီ။ ရွှီပေါ်အန်းသည် သူမ၏ ပေါင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီးနောက် ချက်ချင်းပင် နိုးလာခဲ့လေသည်။

ထိုခဏ၌ သူတို့နှစ်ဦး၏ မျက်ဝန်းချင်း ဆုံတွေ့သွားခဲ့ကြရလေ၏။

“ဥက္ကဋ္ဌရွှီ...၊ စိတ်မကောင်းပါဘူး...။ ခြေဆေးရတာ အရမ်း သက်တောင့်သက်သာရှိလို့ အိပ်ပျော်သွားမိပုံ ရတယ်...။”

ရွှီပေါ်အန်းသည် ပျာပျာသလဲ မတ်တတ်ရပ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းမှ သွားရည်များကို အလန့်တကြား သုတ်ဖျက်လိုက်လေ၏။

ချန်ဖိန်ဖိန်က ပြုံးလျက် ပြောလိုက်လေသည်။

“ကျွန်မလည်း ရှင့်ကို အိပ်ခန်းထဲ သွားအိပ်ဖို့ နှိုးသင့်သလားလို့ စဉ်းစားနေတာ...။ ရှင်က အရမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ နှိုးဖို့ အားနာနေမိတာပါ...။ ဒါပေမဲ့ ဆိုဖာပေါ်မှာ အိပ်ရတာ အဆင်မပြေမှာကိုလည်း စိုးရိမ်မိသေး တယ်...၊ အခု ရှင် နိုးလာပြီဆိုတော့ အတော်ပဲပေါ့...၊ အထဲကို ဝင်ပြီး အိပ်လိုက်ပါတော့...။ ကျွန်မလည်း ပြန်ရ တော့မယ်...။”

ရွှီပေါ်အန်းသည် ပြင်ပမှ မှောင်မိုက်လှသော ညဉ့်ရှုခင်းကို တစ်ချက် ကြည့်ရှုလိုက်ပြီး တိုးညင်းစွာဖြင့် ပြောလိုက် လေသည်။

“အတော်လေး ညနက်နေပြီပဲဟာကို...၊ ဒီမှာပဲ... နေလိုက်ပါလား...။ ဘာပဲဖြစ်ဖြစ် အခန်းတွေ အများကြီး ရှိတာ ပဲလေ...။”

“အို...။”

ချန်ဖိန်ဖိန်သည် ခေတ္တမျှ ဆွံ့အသွားခဲ့ရပြီး သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားခဲ့ရကာ ခေါင်းခါယမ်း လိုက်ရင်း ရွှီပေါ်အန်းအား စိုက်မကြည့်ဘဲ အောက်သို့ ငုံ့လျက် ပြောလိုက်၏။

“မဖြစ်ပါဘူး...၊ ကျွန်မ မနက်ဖြန် မနက်အစောကြီး တုန်းကျန်း အမှတ် (၂) ဆေးရုံကို သွားရမှာမလို့ပါ...။ ထျန်ရှောင်ရို့ ဆေးရုံတက်နေရလို့ သူမအတွက် မနက်စာ သွားပို့ပေးရမှာ...။ ဒါနဲ့...၊ မီးဖိုချောင်ထဲမှာ ဆန်ပြုတ် ပြုတ်ဖို့ အချိန်သတ်မှတ်ထားခဲ့ပြီးပြီ...။ ရေခဲသေတ္တာထဲမှာလည်း နေ့လယ်က လုပ်ထားတဲ့ မုန့်ပေါင်းလုံးအချို့ ရှိသေးတယ်...။ ရှင် ကြိုက်တတ်တယ်လို့ ရှင့်အမေက ပြောပြထားလို့ပါ...။”

ရွှီပေါ်အန်းက ခေါင်းညိတ်ပြလိုက်ပြီး၊

“ဘာမှမဖြစ်ပါဘူး...၊ ဒီလောက်အထိ အဆင်ပြေအောင် လုပ်ပေးဖို့ မလိုပါဘူး...။ ငါ ကုမ္ပဏီမှာပဲ မနက်စာ စားလိုက်ပါ့မယ်...။ ဒါနဲ့ ထျန်ရှောင်ရို့က ဘာဖြစ်လို့လဲ...၊ နေမကောင်းဖြစ်နေတာလား...။”

ချန်ဖိန်ဖိန်က ခေါင်းခါယမ်းကာ၊

“ကျွန်မလည်း ဒီနေ့ညနေပိုင်းမှ သိလိုက်ရတာ...၊ ဖုန်းပြောရင်းနဲ့ သူမ ဆေးရုံတက်နေရတာကို သိလိုက်ရတာ....။ မတော်တဆ ချော်လဲကျသွားတာလို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ မမေးမိပါဘူး...။ တခြား ကိစ္စမရှိရင်တော့ ကျွန်မ ပြန်ပါတော့မယ်...။” ဟု ဆိုရင်း ပြင်ပသို့ လက်ညွှန်ပြလိုက်လေသည်။

ရွှီပေါ်အန်းက ခေါင်းညိတ်ပြလိုက်ရင်း၊

“ကောင်းပါပြီ...။ အပြန်လမ်းကို ဂရုစိုက်ပြီး မောင်းပါဦး...။”

ချန်ဖိန်ဖိန်သည် ပြုံးလျက် အဝတ်အစားများကို ပြောင်းလဲလိုက်ပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ လေတော့သည်။

ထိုညဉ့်ဦးယံအတွင်း မည်သည့်စကားမျှ ထပ်မံ ထွက်ပေါ်မလာတော့ချေ။ တစ်ကိုယ်တည်း ရှိနေရသော အခြေ အနေတွင် ပြောစရာ စကားများစွာလည်း မရှိသည်မှာ သဘာဝပင် ဖြစ်၏။

နောက်တစ်နေ့ နံနက်ပိုင်းတွင် ရွှီပေါ်အန်းသည် အိမ်ရှေ့ခေါင်းလောင်းသံကြောင့် နိုးလာခဲ့ရလေသည်။

ရွှီပေါ်အန်းသည် နိုးလာချိန်တွင် စိတ်ဆိုးဒေါသထွက်ခြင်းမျိုး လုံးဝ မရှိချေ။ သူသည် တံခါးပေါက်ရှိ အီလက်ထရွန် နစ် ကြည့်ပေါက်မှတစ်ဆင့် ငြိမ်သက်စွာ လှမ်းကြည့်လိုက်ရာ မျက်နှာစိမ်း အမျိုးသမီး နှစ်ဦးကို တွေ့လိုက် ရလေသည်။

တစ်ဦးမှာ တိုတောင်းလှပသော ဆံပင်ကေဖြင့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားခဲ့ပေသည်။

အခြားတစ်ဦးမှာမူ ဦးထုပ်၊ မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို တပ်ဆင်ထားသဖြင့် သူမ၏ မျက်နှာကို လုံးဝ မမြင် တွေ့နိုင်ချေ။ သူမသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက်အား ပေါ်လွင်စေသော ရှာနယ်စတိုင် ဝတ်စုံကို ဝတ်ဆင် ထားခဲ့ပေသည်။

ရွှီပေါ်အန်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး ဤကဲ့သို့သော ပေါင်းစပ်မှုက သူ့အား ဆန်းကြယ်လှသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့၏။

“ဘာကိစ္စရှိလို့လဲ...။”

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။

“မင်္ဂလာပါ...၊ ရှင့်ရဲ့ နာမည်ကို သိလို့ရမလားရှင်...။”

မျက်နှာဖုံးဝတ်ဆင်မထားသော ထိုပေါ့ပေါ့ပါးပါးဝတ်စုံနှင့် အမျိုးသမီးက မေးမြန်းလိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲ...။”

ရွှီပေါ်အန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“မင်္ဂလာပါ အစ်ကိုကြီး...။ အခြေအနေက ဒီလိုပါ...၊ ကျွန်မတို့က ရှင်နဲ့ အလုပ်ကိစ္စအချို့ ဆွေးနွေးချင်လို့ပါ...။ ရှင် ခွိုက်ရှို့ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုအတိုလေးနဲ့ ပတ်သက်ပြီး လူချင်းတွေ့ပြီး ဆွေးနွေးခွင့်ပြုနိုင်မလား...။ ဒါမှမ ဟုတ် ရှင် ကျွန်မတို့ရဲ့ အိမ်ကို လာရောက်ဆွေးနွေးမယ်ဆိုရင်လည်း ရပါတယ်...။ ကျွန်မတို့က အိမ်အမှတ် (၁၃) မှာ နေတာပါ...။ အိမ်နီးနားချင်းတွေမလို့ သိပ်မဝေးလှပါဘူး...။”

ဤစကားကို ကြားရသောအခါ ရွှီပေါ်အန်းသည် ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့လေသည်။ ဤလူ များသည် ချန်ရှီရှီ တီးခတ်ထားသော တေးသွားအပေါ် ကြိုက်နှစ်သက်သွားကြပုံရပေသည်။

သို့သော်လည်း ဤလူများက သူ့အား ဤမျှအထိ လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ခဲ့ကြသည်ကို ရွှီပေါ်အန်းအနေဖြင့် အနည်းငယ် အံ့အားသင့်မိခဲ့ရလေသည်။ ပိုမိုအံ့ဩစရာကောင်းသည်မှာ တစ်ဖက်လူမှာ အိမ်နီးနားချင်းတစ်ဦး ဖြစ်နေခြင်းပင် ဖြစ်ပေသည်။

ရွှီပေါ်အန်းသည် ချန်ရှီရှီ၏ တေးသွားကို မိမိကိုယ်ပိုင်အဖြစ် သိမ်းဆည်းရန် သို့မဟုတ် ရောင်းချရန် ရည်ရွယ်ချက် မရှိသော်လည်း ၎င်း၏ စစ်မှန်သော တန်ဖိုးကိုမူ သိရှိလိုစိတ် ရှိနေခဲ့ပေသည်။

ရွှီပေါ်အန်းက လွယ်လင့်တကူ သဘောတူလိုက်ပြီး၊

“အဆင်ပြေပါတယ်...။ ဒါပေမဲ့ ခဏလောက်တော့ စောင့်ပေးပါဦးနော်...၊ ငါ အခုမှ နိုးတာမလို့ မျက်နှာသစ်လိုက် ဦးမယ်...။”

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ရွှီပေါ်အန်းသည် လျင်မြန်စွာ သန့်စင်ပြီးနောက် အခန်းတွင်းသို့ ပြန်လည်ဝင် ရောက်လာခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော နေကာမျက်မှန်နှင့် မျက်နှာဖုံး ဝတ်ဆင်ထား သည့် အမျိုးသမီးသည် ၎င်းတို့ကို ချွတ်လိုက်ချိန်တွင် သူသည် လုံးဝ အံ့အားသင့်သွားခဲ့ရပြီး မျက်လုံးများပင် ပြူးကျယ်သွားခဲ့ရသောကြောင့် ဖြစ်ပေသည်။

*ဘုရားရေ...*

ထိပ်တန်း ကြယ်ပွင့်ကြီးတစ်ဦးသည် သူ၏ ရှေ့တည့်တည့်တွင်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

သုံးမီတာပင် မပြည့်သော အကွာအဝေးတွင် သူသည် ကြယ်ပွင့်ကြီးအား တိုက်ရိုက် မြင်တွေ့ခွင့် ရရှိခဲ့ခြင်း ဖြစ် ချေသည်။ ရွှီပေါ်အန်းသည် တာ့မီမီမှာ ရုပ်မြင်သံကြားထဲတွင် မြင်တွေ့ရသည်ထက်ပင် ပိုမို၍ တင့်တယ်လှပ နေသည်ကို တွေ့ရှိလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် သူမအား ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းက ပိုမို စစ်မှန်သောကြောင့် ဖြစ် ပေလိမ့်မည်။

“မင်္ဂလာပါ အစ်ကိုကြီး...၊ ကျွန်မက ရန်မီပါ...၊ အစ်ကိုကြီးရဲ့ မျိုးရိုးအမည်ကို သိခွင့်ပြုပါဦး...။”

သူမသည် တင့်တယ်လှပလှရုံတင်မကဘဲ သူမ၏ စကားပြောသံလေးမှာလည်း အလွန်သာယာနာပျော်ဖွယ် ကောင်းလှပေသည်။ ရွှီပေါ်အန်းသည် မိမိအနေဖြင့် ကြယ်ပွင့်များကို အားပေးရမည့် အရွယ်ထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း သိရှိသော်လည်း အမျိုးသားတစ်ဦး၏ လှပသော အမျိုးသမီးတစ်ဦးအပေါ် မြတ်နိုးစိတ်မှာမူ ကြယ်ပွင့်အားပေးခြင်းနှင့် သက်ဆိုင်ခြင်း မရှိချေ။

“ငါ့ရဲ့ မျိုးရိုးအမည်က ရွှီပါ...၊ ကတိသစ္စာရဲ့ ရွှီမျိုးရိုးပါ...။”

ရွှီပေါ်အန်းက လက်ဖက်ရည်ခွက်ကို တင်းကျပ်စွာ ကိုင်ဆောင်ရင်း ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။

တာ့မီမီက ကိုယ်တိုင် စကားစလိုက်လေသည်။

“မင်္ဂလာပါ မစ္စတာရွှီ...၊ ဒီနေ့ ကျွန်မတို့ ဒီနေရာသို့ လာရောက်ရတဲ့ အကြောင်းရင်းက မစ္စတာရွှီက ခွိုက်ရှို့ပေါ်မှာ တင်ထားတဲ့ တင့်တယ်လှပတဲ့ အမျိုးသမီးတစ်ဦး ပိပါတီးခတ်နေတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လို့ပါ...။ အဲဒီတေးသွားက မစ္စတာရွှီကိုယ်တိုင်ဖြစ်စေ...၊ ဒါမှမဟုတ် မစ္စတာရွှီရဲ့ သူငယ်ချင်းတစ်ယောက်ယောက်က ဖြစ်စေ ကိုယ်ပိုင် ဖန်တီးထားတာလားဆိုတာ သိချင်လို့ပါ...။”

ရွှီပေါ်အန်းက ထိုမေးခွန်းကို တိုက်ရိုက် မဖြေကြားဘဲ ပြန်လည်မေးမြန်းလိုက်၏။

“မင်းတို့ ဘာဖြစ်လို့ လာခဲ့လဲဆိုတာကို ငါ အကြမ်းဖျင်းတော့ သိနိုင်ပါတယ်…။ဒါကြောင့် ငါ အရင်ဆုံး မေးမြန်း ပါရစေ...။ မင်းတို့ရဲ့ အမြင်အရဆိုရင် ဒီတေးသွားရဲ့ တန်ဖိုးက ဘယ်လောက်လောက်အထိ ရှိနိုင်မလဲ...။”

တာ့မီမီက ပြုံးလျက် ဆိုလိုက်လေ၏။

“မစ္စတာရွှီ...၊ စိတ်မကောင်းပါဘူး...။ ကျွန်မ ဒီမေးခွန်းကိုတော့ ပြန်မဖြေနိုင်ပါဘူး...၊ အနုပညာဆိုတာက တန်ဖိုး ဖြတ်လို့မရတဲ့ အရာပါ...။ သူ့ရဲ့ တကယ့် ငွေကြေးတန်ဖိုးကိုတော့ ဈေးကွက်အတွင်းမှာပဲ စမ်းသပ်ကြည့်ရမှာ ပါ...။”

“ဒါပေမဲ့လည်း တကယ်လို့ ရှင့်ရဲ့ သူငယ်ချင်းမလေးက အနုပညာလောကထဲကို ဝင်ရောက်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်မအနေနဲ့ အလွန်တရာ ကောင်းမွန်လှတဲ့ စာချုပ်တစ်ခုနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးမယ့် အစီအစဉ် တွေကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်...။”

“နှစ်နှစ်အတွင်းမှာတင် ကျွန်မက သူမကို လူသိများထင်ရှားတဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်လာအောင် သေချာပေါက် ပြုလုပ်ပေးနိုင်ပါတယ်...။ ကျေးဇူးပြုပြီး ကျွန်မကို သူနဲ့ မိတ်ဆက်ပေးနိုင်မလားရှင်...။”

ရွှီပေါ်အန်းသည် မည်သည့် တွေဝေမှုမျှမရှိဘဲ ခေါင်းခါယမ်းလိုက်ပြီး၊

“စိတ်မကောင်းပါဘူး... ၊ ငါ့ရဲ့ သူငယ်ချင်းမလေးက ဒီလိုမျိုး ဖိတ်ခေါ်မှုမျိုးကို အရင်ကတည်းက ရရှိခဲ့ဖူးပေမဲ့ သူမကတော့ လုံးဝ ငြင်းဆိုခဲ့ပါတယ်...။”

ရွှီပေါ်အန်းသည် တွေဝေခြင်းမရှိဘဲ ငြင်းဆိုလိုက်သည်ကို မြင်ရသောအခါ တတာ့မီမီ၏ မျက်ဝန်းများအတွင်း စိတ်ပျက်ရိပ်အချို့ ဖြတ်သန်းသွားခဲ့ရလေတော့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက စကားကို ဆက်လက်ဆွေးနွေးရန် မလိုအပ်တော့ကြောင်း ဖော်ပြနေသောကြောင့် ဖြစ်ပေသည်။

All Chapters