← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈)

စစ်ပြေးရဲမက်တွေလား

ယွီတောက်ချွမ်က သူ၏ လက်နှစ်ဖက်ကို စုစည်းလျက် ရိုသေစွာဖြင့် ဆိုလိုက်သည်။

“ကျွန်တော်မျိုးရဲ့ အမြင်အရတော့...၊ ဒီလူတွေကို မြို့ရိုးအတွင်းကို လုံးဝ ပေးမဝင်သင့်ပါဘူး...။”

“အို... ဘာဖြစ်လို့လဲ...။”

ရွှီပေါ်အန်းက ထပ်မံမေးမြန်းလိုက်၏။

ယွီတောက်ချွမ်က ခေါင်းခါယမ်းကာ ယုတ္တိတန်တန် ရှင်းပြလိုက်လေသည်။

“ဒီလူတွေက ယုံကြည်ရတဲ့လူတွေ မဟုတ်တာကြောင့် မိတ်ဆွေဖွဲ့ရန် မသင့်တော်ပါဘူး...။ အကယ်၍ သူတို့ကို မြို့ထဲ ပေးဝင်လိုက်ရင် ကိုယ့်ပြဿနာကိုယ်ရှာသလိုမျိုး ဖြစ်သွားပါလိမ့်မယ်...။”

“အို... သူတို့က ယုံကြည်ရတဲ့လူတွေ မဟုတ်ဘူးဆိုတာကို မင်း ဘယ်လိုဖြစ်ပြီး သိနိုင်တာလဲ...။”

ရွှီပေါ်အန်းက မေးမြန်းလိုက်၏။

ယွီတောက်ချွမ်က တည်ကြည်စွာဖြင့် ဖြေလိုက်လေသည်။

“ဒီလူတွေက သူတို့ကိုယ်သူတို့ အစောင့်အရှောက်တွေလို့ ကြေညာထားပေမဲ့ ကျွန်တော်မျိုး နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့စဉ်အတွင်း ဒီလောက်အထိ ဖရိုဖရဲဖြစ်နေတဲ့ မြင်းလှည်းတန်းမျိုးကို တစ်ခါမျှ မတွေ့ဖူးပါ ဘူး...။ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကလည်း မတူကွဲပြားခြားနားလွန်းလှပါတယ်...။ လှည်းတွေပေါ်မှာ တင်ဆောင်ထားတဲ့အရာတွေကလည်း အစောင့်အရှောက်ခံရမယ့် ပစ္စည်းတွေမဟုတ်ဘဲ ဒုက္ခသည်တွေ အပြေး အလွှား သိမ်းဆည်းလာခဲ့တဲ့ အထုပ်အပိုးတွေနဲ့ ပိုတူနေပါတယ်...။”

“ဒါ့ကြောင့် ကျွန်တော်မျိုးကတော့ သူတို့ လိမ်ညာနေကြတယ်လို့ပဲ တွက်ချက်မိပါတယ်...။ တကယ်လို့ အမြောက် အမြား တင်ဆောင်လာတာဆိုရင် ပစ္စည်းတွေကို သေသပ်စွာ စီစဉ်ထားရမှာဖြစ်ပြီး ဒီလောက်အထိ ရှုပ်ပွနေစရာ အကြောင်းမရှိပါဘူး...။ အကယ်၍ အနည်းငယ် တင်ဆောင်လာတာဆိုရင်လည်း ဒီလောက်အထိ လူအင်အား များ ပြားစွာ လွှတ်ထားဖို့ မလိုပါဘူး...။ လူနည်းတာက ပစ်မှတ်မထင်ရှားဘဲ ပိုပြီး ဘေးကင်းစေပါတယ်...။”

“အို... ဒါဆို ရင် မင်းရဲ့အမြင်အရ သူတို့က ဘယ်သူတွေ ဖြစ်နိုင်မလဲ...။”

ရွှီပေါ်အန်းက ယွီတောက်ချွမ်အား ဆက်လက် မေးမြန်းလိုက်၏။

ယွီတောက်ချွမ်က ဖြည်းညင်းစွာဖြင့် ဆိုလိုက်လေသည်။

“စစ်ပြေးရဲမက်တွေနဲ့ ပိုတူပါတယ်...။”

“စစ်ပြေးရဲမက်တွေ ဟုတ်လား...။”

ရွှီပေါ်အန်းသည် အတော်ပင် အံ့အားသင့်သွားခဲ့ရလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုလူများသည် ယန်ရှိုယီ၏ လက်အောက်ရှိ ရှန်းယန်ရဲမက်များနှင့် တူညီသော်လည်း သူတို့၏ စိတ်အမူအရာမှာ စစ်မက်များကဲ့သို့ စည်းကမ်း သေဝပ်မှု မရှိချေ။

ယွီတောက်ချွမ်က ပြတ်သားစွာဖြင့်၊

“ဟုတ်ပါတယ်... ဒီပုန်ကန်မှုက အလွန် ကြီးကျယ်လှတာကြောင့် ကျွန်တော်တို့ ရှန်းယန်ခရိုင်ကို စံနမူနာထားပြီး ပြောရရင် ရှန်းယန်ခရိုင်အရာရှိ ယန်ရှိုယီရဲ့ လက်အောက်မှာ ရဲမက် ရာဂဏန်းမျှပဲ ရှိတာကြောင့် မည်သို့မျှ ယှဉ် ပြိုင်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး...။ ဒါ့အပြင် ရှန်းယန်ခရိုင်အရာရှိ ယန်ရှိုယီက ပိုင်မြန့်ဂိုဏ်းဝင်တွေကို နှိ မ်နင်းဖို့ စစ်ကူပေးထားရတာဖြစ်လို့ ယခုအခါမှာ ပိုမို အကျပ်အတည်း ဖြစ်နေလောက်ပါပြီ...။”

“ရှန်းယန်ခရိုင်အရာရှိ ယန်ရှိုယီအနေနဲ့ ပိုင်မြန့်ဂိုဏ်းဝင်တွေကို ကာကွယ်ခုခံနိုင်ခဲ့တာကို ကြည့်ခြင်းဖြင့် သူက မဟာလျန်မင်းဆက်ရဲ့ ပုန်ကန်မှုအတွင်း ပါဝင်ပတ်သက်ခြင်းမရှိတာ ထင်ရှားပါတယ်...။ ဒါ့ကြောင့် ခရိုင်အရာရှိနဲ့ ရဲမက်တွေဟာ ရှန်းယန်ခရိုင်ကို ကာကွယ်ဖို့အတွက် အပြည့်အဝ အားထုတ်နေကြမှာ သေချာပါတယ်...။ လူအင် အား မလုံလောက်လှတာကြောင့် အရေးပေါ် လူစုဆောင်းမှု ပြုလုပ်ခဲ့ရမှာဖြစ်ပြီးတော့ အခုစကားပြောနေကြတဲ့ အစောင့်အရှောက်တွေဆိုတာကတော့ စစ်မြေပြင်ကနေ ထွက်ပြေးလာကြတဲ့ စစ်ပြေးရဲမက်တွေပဲ ဖြစ်နိုင်ပါ တယ်...။”

ယွီတောက်ချွမ်၏ ဆန်းစစ်ချက်များကို ကြားရပြီးနောက် ရွှီပေါ်အန်းသည် အခြေအနေအား ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့လေသည်။

ဘာပဲဖြစ်ဖြစ် သူသည် ယခင်က ရှန်းယန်မြို့အတွင်း တန်ခိုးပြာဋိဟာပြခဲ့စဉ်က ဖြစ်စဉ်အခြေအနေများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပေသည်။

ရှန်းယန်မြို့အတွင်း၌ ယန်ရှိုယီသည် အမှန်တကယ်ပင် အရေးပေါ် လူစုဆောင်းမှုများ ပြုလုပ်နေခဲ့ရသဖြင့် အခြားရွေးချယ်စရာ မရှိခဲ့ချေ။

မြစ်အား ရက်အတော်ကြာ ဝိုင်းရံထားခဲ့ကြသော လူများမှာ အမှန်တကယ်တော့ ချင်းမူတပ်တံခွန်မှ ရဲမက်များ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

အခြေအနေများအားလုံး ရှုပ်ထွေးကုန်ချေပြီ...။ ချင်းယွန်းလမ်းတစ်ခုလုံးလည်း လုံးဝ ကမောက်ကမ ဖြစ်နေ လောက်ပေသည်။

ဤအခြေအနေမျိုးမှာ အလွန်တရာ ရှုပ်ထွေးလှသဖြင့် လီယွန်းလုံကိုယ်တိုင်ပင်လျှင် ကိုင်တွယ်ဖြေရှင်းရန် ခေါင်း ကိုက်သွားရတော့မည် ဖြစ်ပေသည်။

“ကောင်းပြီ...၊ ဒါဆိုရင်တော့ မင်းပြောတဲ့အတိုင်းပဲ ဒီလူတွေကို မောင်းထုတ်လိုက်ရအောင်...။”

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သော်လည်း သူ၏ မျက်ဝန်းများမှာမူ မြင်းလှည်းများပေါ်ရှိ အထုပ် အပိုးများဆီသို့ စူးစူးစိုက်စိုက် ကြည့်ရှုနေခဲ့လေသည်။

ရွှီပေါ်အန်းသည် ယခင်က ဒုက္ခသည်များ၏ အခြေအနေများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပေသည်။ သာမန် မိသားစုတစ်စုအတွက် အထုပ်အပိုး တစ်ခုနှစ်ခုမျှသာရှိသည်မှာ သူတို့၏ တစ်သက်တာ စုဆောင်းမှု ဖြစ်ပေသည်။

သို့သော်လည်း ဤလူများ၏ မြင်းလှည်းပေါ်တွင်မူ အထုပ်အပိုးများနှင့် ပစ္စည်းများ အမြောက်အမြား တင်ဆောင် ထားသဖြင့် သူတို့အတွင်း၌ မည်သည့်အရာများကို ဖုံးကွယ်ထားကြသနည်းဟူသည်ကို သူ လုံးဝ မသိရှိနိုင်ချေ။

“ကျွန်တော်မျိုး တောင်စောင့်နတ်မင်းကြီးရဲ့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်...။”

ယွီတောက်ချွမ်သည် ဒူးထောက်နေရာမှ ထရပ်လိုက်ပြီးနောက် မြို့ရိုးအစွန်းသို့ လျှောက်လှမ်းသွားကာ မြို့တံခါး အပြင်ဘက်သို့ အော်ပြောလိုက်လေသည်။

“အစ်ကိုကြီးတို့...၊ စိတ်မကောင်းပါဘူး...။ ဒီလမ်းက ဖြတ်သန်းခွင့် မရှိပါဘူး...၊ ကျေးဇူးပြုပြီး တခြားလမ်းကနေ ပဲ သွားကြပါတော့...။”

မြို့ရိုးအောက်ခြေရှိ လူများသည် ယွီတောက်ချွမ်၏ စကားအပေါ် လုံးဝ မကျေမနပ် ဖြစ်သွားခဲ့ကြရလေသည်။ သူတို့ထဲမှ တစ်ဦးက ချက်ချင်းပင် အော်မေးလိုက်လေ၏။

“ဟေး...၊ မင်းက ဘယ်သူမလို့ ငါတို့ ဟူမန် အစောင့်အရှောက်အဖွဲ့ရဲ့ အလံကို တားဆီးရဲရတာလဲ...။ ဟူမန် အစောင့်အရှောက်အဖွဲ့က ရှန်းယန်ခရိုင်အတွင်း ဘာကို ကိုယ်စားပြုလဲဆိုတာ မင်း သိရဲ့လား...။”

ယွီတောက်ချွမ်က တည်ငြိမ်စွာဖြင့်၊

“ကြားဖူးပါတယ်...။ ခရိုင်အရာရှိ ယန်ရှိုယီရဲ့ ညီဖြစ်သူက မင်းတို့ ဟူမန် အစောင့်အရှောက်အဖွဲ့ရဲ့ အကြီးအကဲလို့ ပြောကြတယ်မလား...။”

ထိုထွားကြိုင်းသောအမျိုးသားမှာ တကယ့်ကို ထောင်လွှားစုတ်ပြတ်လှပြီး ဒေါသတကြီးဖြင့် ဆိုလိုက်လေသည်။

“ဟွန့်...၊ ဒီလိုမျိုး ပတ်သက်မှုကို သိထားလျက်နဲ့ ဘာဖြစ်လို့ ငါတို့ကို အခုချက်ချင်း လမ်းမဖွင့်ပေးရတာလဲ...။”

ယွီတောက်ချွမ်သည် တစ်ဖက်လူ၏ မောက်မာမှုအပေါ် သဘောကျကာ မထီမဲ့မြင်ဟန်ဖြင့် ချက်ချင်း ဆိုလိုက် သည်။

“ခရိုင်အရာရှိညီကို ထားလိုက်ပါဦး...၊ မင်းတို့ရဲ့ ခရိုင်အရာရှိကိုယ်တိုင် လာရင်တောင် ဘာတတ်နိုင်ဦးမှာလဲ...။”

“ငါ့ရဲ့ မြို့ရိုးက ရှန်းယန်ခရိုင်ရဲ့ မြို့ရိုးထက် မညံ့လှပါဘူး...။ အဲ့ဒါအပြင် မင်းကိုယ်တိုင် ပြောခဲ့သလိုပဲ ချင်းယွန်း လမ်းက အခု ရုန်းရင်းဆန်ခတ် ဖြစ်နေတာ...။ မင်းတို့က ဘယ်သူတွေလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ...။ တကယ်လို့များ မင်းတို့က မကောင်းတဲ့ အကြံအစည်တွေ ရှိနေရင်...၊ ငါက သူခိုးတွေကို အိမ်ထဲ ဖိတ်ခေါ်သလိုမျိုး ဖြစ်သွားလိမ့်မယ် မဟုတ်လား...။”

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို ရုပ်မြင်သံကြား ကြည့်ရှုနေသည့် အလား စောင့်ကြည့်နေခဲ့ပေသည်။

ရုတ်တရက် အောက်ထပ်မှ လက်ဗွေသော့ ပွင့်ဟသွားသည့် အသံနှင့် တံခါးဖွင့်သံ ထွက်ပေါ်လာခဲ့လေသည်။ ၎င်း မှာ ရွှီပေါ်အန်း၏ ထူးခြားလှသော အကြားအာရုံကြောင့်သာ ကြားရခြင်းဖြစ်ပြီး သာမန်လူဆိုပါက အောက်ထပ်မှ ဝေးကွာလှသော အသံကို ကြားနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး အိပ်ခန်းအတွင်းမှ ထွက်လာခဲ့လေသည်။ သူသည် ဒုတိယထပ် ဝရံတာမှ လှမ်းကြည့်လိုက်ရာ ချန်ဖိန်ဖိန် ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။

ချန်ဖိန်ဖိန်သည် လှပသော တီရှပ်နှင့် စကတ်ရှည်ကို ဝတ်ဆင်ထားခဲ့ပြီး ၎င်းက ရှာနယ်စတိုင် ဝတ်စုံဖြစ်သဖြင့် သူမအား နှစ်အနည်းငယ် ပိုမိုငယ်ရွယ်ပုံရစေပေသည်။

ကံကောင်းလှစွာပင် ရွှီပေါ်အန်းသည် စောစောက အိပ်ခန်းအတွင်း၌သာ ရှိနေခဲ့သဖြင့် မဟုတ်ပါက ချန်ဖိန်ဖိန် သည် သူ၏ ဘွန်ဆိုင်းကမ္ဘာ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားလိမ့်မည် ဖြစ်ပေသည်။

ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်းအား အိမ်၌ မြင်တွေ့လိုက်ရသဖြင့် အတော်ပင် အံ့အားသင့်သွားခဲ့ရလေသည်။ သူမ သည် ဖိနပ်များ ပြောင်းစီးရင်း ခေါင်းမော့ကာ မေးမြန်းလိုက်၏။

“ရွှီအိုကြီး...၊ အိမ်မှာ ရှိနေတာလား...။ ကျွန်မက ရှင် မရှိတုန်း အိမ်ကို သေသေချာချာ သန့်ရှင်းရေး လုပ်ဖို့ ပြင်ဆင် နေတာ...။”

သန့်ရှင်းရေး ပြုလုပ်ခြင်းမှာ အိမ်၌ လူရှိနေပါက စိတ်အနှောင့်အယှက် ဖြစ်စေလေ့ရှိသဖြင့် အိမ်ရှင်မများမှာ ဤအကြောင်းအရာကို ကောင်းစွာ သိရှိကြပေသည်။

ရွှီပေါ်အန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး ဆိုလိုက်၏။

“ဒီနေ့ မွန်းလွဲပိုင်းမှာ ငါ ဘာအလုပ်မှ မရှိလို့ အိမ်မှာပဲ အနားယူနေလိုက်တာလေ...။ အိမ်ကို နေ့တိုင်း သန့်ရှင်းရေး လုပ်နေဖို့ မလိုပါဘူး...၊ သပ်သပ်ရပ်ရပ် ရှိနေရင်ပဲ လုံလောက်လှပါတယ်...။”

ချန်ဖိန်ဖိန်က ပျာပျာသလဲ ပြောလိုက်လေသည်။

“မဖြစ်ပါဘူး... ကျွန်မက ရှင့်ဆီကနေ ပိုက်ဆံအများကြီး ယူထားတာလေ...၊ တကယ်လို့ စိတ်နှစ်ပြီး အလုပ်မလုပ် ရင် ကျွန်မကိုယ်ကျွန်မ တကယ့်ကို စိတ်ပျက်မိမှာပေါ့...။”

“ဒါနဲ့...၊ အပြန်လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် လိပ်ရောင်းတဲ့လူတစ်ယောက်နဲ့ ဆုံခဲ့လို့ အချို့ကို ဝယ်လာခဲ့တယ်...။ ရှင့်အတွက် အာဟာရဖြစ်စေမယ့် စွပ်ပြုတ် ပြုလုပ်ပေးရမလား...။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုး ချက်ပေးရမလဲ...။ ကျွန်မ သွားပြီး ပြင်ဆင်လိုက်ရမလား...။”

ပြောရင်းဆိုရင်းဖြင့် ချန်ဖိန်ဖိန်သည် သူမ၏ဘေးရှိ အနက်ရောင် ပလတ်စတစ်အိတ်ကို ညွှန်ပြလိုက်လေသည်။

ရွှီပေါ်အန်းသည် အစားအသောက်အပေါ် ဂျီးများသူတစ်ဦးမဟုတ်သဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။

“စွပ်ပြုတ်ပဲ ပြုလုပ်လိုက်ပါ...။ ဒါနဲ့...၊ ဆေးရုံကို သွားခဲ့တာ အခြေနေက ဘယ်လိုရှိလဲ...။”

ပြောဆိုရင်း ရွှီပေါ်အန်းသည် ဒုတိယထပ်မှတစ်ဆင့် လှေကားအတိုင်း ဆင်းသက်လာခဲ့လေသည်။

ချန်ဖိန်ဖိန်သည် အိမ်တွင်းစီးဖိနပ်ကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး ပလတ်စတစ်အိတ်ကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာခဲ့သည်။ သူမသည် သက်ပြင်းတစ်ချက်ချကာ ဆိုလိုက်၏။

“ကျွန်မကတော့ အဆင်ပြေပါတယ်...၊ ဒါပေမဲ့ ထျန်ရှောင်ရို့ကတော့ တကယ့်ကို သနားစရာ ကောင်းပါတယ်...။ ကျွန်မ သူ့အတွက် တကယ့်ကို ဒေါသထွက်မိတယ်...။”

“အို... ဘာဖြစ်လို့လဲ...။”

ဤစကားကို ကြားလိုက်ရချိန်တွင် ရွှီပေါ်အန်းသည်ဓာတ်ပုံထဲမှ စတိုင်ကျလှသော အမျိုးသမီးနှင့် သူမ၏ နီရဲ လှသော နှုတ်ခမ်းလေးများကို ချက်ချင်း မြင်ယောင်သွားခဲ့ပြီး မသိစိတ်အရ မေးမြန်းလိုက်၏။

ချန်ဖိန်ဖိန်က သက်ပြင်းချလျက် ပြောလိုက်လေသည်။

“ထျန်ရှောင်ရို့တစ်ယောက် အရင်ဘဝက ဘာအပြစ်တွေ ပြုလုပ်ခဲ့မိလို့ အခုဘဝမှာ ဒီလိုမျိုး ယောက်ျားစားမျိုးနဲ့ ဆုံတွေ့ခဲ့ရလဲဆိုတာ ကျွန်မ တကယ်ပဲ မသိတော့ပါဘူး...။”

ချန်ဖိန်ဖိန်၏ စကားများကို ကြားရပြီးနောက် ထျန်ရှောင်ရို့သည် အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံစားနေရသူ တစ်ဦး ဖြစ်ကြောင်း ရွှီပေါ်အန်း နားလည်သွားခဲ့ရလေသည်။

၎င်းမှာ မည်သည့်အသုံးမှမကျသော ယောက်ျားတစ်ဦးသည် အရက်သောက်လျက် အကြွေးများ တင်ရှိနေပြီး သူ၏ ဇနီးသည်ကို ရိုက်နှက်နှိပ်စက်လေ့ရှိသည့် အကြောင်းအရာမျှသာ ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူတို့၏ မိစုစုရေးရာကိစ္စရပ်ဖြစ်သဖြင့် ရွှီပေါ်အန်းအနေဖြင့် စိတ်ထဲမှသာ ပြစ်တင် ပြောဆိုနိုင်ပြီး ဝင်ရောက်ကိုင်တွယ်ရန်မှာမူ မဖြစ်နိုင်ချေ။

ထျန်ရှောင်ရို့ကဲ့သို့သော လှပလှသည့် အမျိုးသမီးငယ်လေးတစ်ဦးသည် ဤကဲ့သို့သော လူစားမျိုးနှင့် ဆုံတွေ့ခဲ့ရ သည်မှာ တကယ့်ကို နှမြောစရာ ကောင်းလှပေစွ...။

ချန်ဖိန်ဖိန်သည် စကားများကို ဆက်လက်ပြောဆိုရန် ပြင်ဆင်နေစဉ်မှာပင် ရွှီပေါ်အန်း၏ ဖုန်းသံ ထွက်ပေါ်လာခဲ့ ပြန်လေသည်။

All Chapters