← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း (၁၉၉)

ငါတို့ ညီအစ်ကိုတွေကကော သာမန်လူတွေမို့လို့လား

“ဟဲလို...၊ မစ္စတာရွှီ...၊ ငါက တုန်းကျန်းမြို့ ကျောက်စိမ်းအသင်းရဲ့ ဥက္ကဋ္ဌကျောက်ရဲ့ အတွင်းရေးမှူးပါ...။ မစ္စတာရွှီ မှာယူထားတဲ့ ကျောက်စိမ်း ဘုရားရုပ်ပွားတော် ဆွဲပြားက ပြီးစီးသွားပါပြီ...။ ဘယ်အချိန်မှာ လာရောက်ယူ မလဲ ဆိုတာ မေးမြန်းချင်လို့ပါ...။”

ရွှီပေါ်အန်းက မျက်မှောင်ကြုတ်လိုက်ရင်း ၊

“မင်းတို့ ငါ့ရဲ့ အိမ်အထိ လာပို့ပေးလို့ မရဘူးလား...။”

“စိတ်မကောင်းပါဘူး မစ္စတာရွှီ...၊ ဒီလောက်အထိ တန်ဖိုးကြီးမားလှတဲ့ ပစ္စည်းကို လွှဲပြောင်းပေးအပ်စဉ်အတွင်း လူကိုယ်တိုင် စစ်ဆေးစမ်းသပ်ရမှာဖြစ်သလို ဖြစ်စဉ်တစ်ခုလုံးကိုလည်း ဗီဒီယိုရိုက်ကူးထားရမှာမလို့ပါ...။ အကယ်၍ အိမ်အထိ လာရောက်ပို့ဆောင်ပေးရမယ်ဆိုရင်တော့ ငါတို့ဘက်က ပြင်ဆင်မှုအချို့ ပြုလုပ်ရဦး မှာ ဖြစ်တာကြောင့် မစ္စတာရွှီရဲ့ အချိန်ကို နှောင့်နှက်မိသွားပါလိမ့်မယ်...။”

ရွှီပေါ်အန်းသည် နားလည်သဘောပေါက်သွားခဲ့ပြီး ၊

“ကောင်းပါပြီ...။ အဲဒီလိုဆိုရင်တော့ ငါ့ကို လိပ်စာပေးပါ...၊ ငါ ရောက်ခါနီးရင် ဆက်သွယ်လိုက်ပါ့မယ်...။”

ဖုန်းချပြီးနောက် မကြာမီမှာပင် ရွှီပေါ်အန်းသည် တစ်ဖက်လူထံမှ လိပ်စာတစ်ခုကို လက်ခံရရှိခဲ့လေသည်။ ၎င်းမှာ ယွီကျင့်ရှီးကူ ဗီလာအိမ်ရာ၏ အမှတ် (၈) ရိပ်သာ ဖြစ်ပေသည်။

ယွီကျင့်ရှီးကူသည် တုန်းကျန်းမြို့ ဆင်ခြေဖုံးတွင် တည်ရှိသော ဗီလာအိမ်ရာတစ်ခုဖြစ်ပြီး တုန်းကျန်းမြို့၏ အစော ဆုံး ဆောက်လုပ်ခဲ့သော ဗီလာအိမ်ရာများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

အမှန်တကယ်တော့ “ထဲမှတစ်ခု” ဟူသော စကားလုံးကို ထည့်သွင်းပြောဆိုရန်ပင် မလိုအပ်ချေ။ အဘယ်ကြောင့် ဆိုသော် ထိုစဉ်ကာလ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျော်ကြားလှသော အိမ်ခြံမြေလုပ်ငန်းရှင်ကြီးတစ်ဦး ရှိနေခဲ့သောကြောင့် ဖြစ်ပေသည်။ သူတို့သည် တစ်နိုင်ငံလုံးတွင် မြေကွက်များကို လိုက်လံဝယ်ယူလျက် ဗီလာ ငယ်လေးများစွာကို ဆောက်လုပ်ခဲ့ကြပြီး တုန်းကျန်းမြို့၌လည်း ယွီကျင့်ရှီးကူနှင့်အတူ အိမ်ရာစီမံကိန်းသစ် တစ်ခုကို ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ကြလေသည်။

သို့သော်လည်း ဗီလာအိမ်ရာအတွင်းရှိ ပတ်ဝန်းကျင်အခြေအနေကို ပြောရမည်ဆိုပါက ယွီကျင့်ရှီးကူမှာ တကယ့် ကို ထူးခြားပြောင်မြောက်လှပေသည်။

ယခုအချိန်အထိပင် ၎င်းသည် တုန်းကျန်းမြို့၌ အိမ်ခြံမြေဈေးနှုန်း အမြင့်မားဆုံးဖြစ်သော ဝမ်တန်း ဗဟိုဗီလာ အိမ်ရာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။

နေရာဒေသမှာ အနည်းငယ် ဝေးကွာလှသော်လည်း ပတ်ဝန်းကျင်အခြေအနေမှာမူ ဗဟိုအိမ်ရာထက် အများကြီး ပိုမို ကောင်းမွန်လှပေသည်။

ထို့အပြင် ယခုအခါ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်တရာ အဆင်ပြေချောမွေ့သဖြင့် ဆင်ခြေဖုံးမှနေ၍ မြို့ တွင်းသို့ ကားမောင်းသွားပါက ဆယ်မိနစ် သို့မဟုတ် မိနစ်နှစ်ဆယ်မျှသာ ကြာမြင့်ပေသည်။

ရွှီပေါ်အန်းအနေဖြင့် ဤအကြောင်းအရာများကို အသေးစိတ် သိရှိနေရခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော် က ဤဗီလာအိမ်ရာ၏ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို အလုံးစုံ လုပ်ဆောင်ခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။

ဆောက်လုပ်ရေးအုပ်စုမှ လေလံအောင်မြင်ပြီးနောက် တစ်ခုလုံးသော ပြုပြင်မွမ်းမံရေးစီမံကိန်းကို တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်၏။

ရွှီပေါ်အန်းသည် သူ ကုမ္ပဏီသို့ မဝင်ရောက်မီ နှစ်အနည်းငယ်က ဖြစ်စဉ်ကို ယနေ့တိုင် အမှတ်ရနေဆဲ ဖြစ်သည်။ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် ဤနေရာသို့ ဝင်ရောက်ခဲ့စဉ်က အံ့အားသင့်သွားခဲ့ရလေသည်။ ဤမျှလောက် အထိ ကောင်းမွန်လှသောနေရာအား ပုံစံအနည်းငယ် ဟောင်းနွမ်းနေရုံမျှဖြင့် တကယ်ပဲ ပြန်လည်မွမ်းမံရန် လိုအပ် ပါသလားဟူ၍ ဖြစ်ပေသည်။

ထို့အပြင် ဤနေရာသည် သာမန်လူနေအိမ်ရာတစ်ခုနှင့် လုံးဝမတူဘဲ တောင်တန်းများ၊ ရေပြင်များနှင့် ရနံ့သင်းပျံ့ လှသော ပန်းမန်များ တည်ရှိသဖြင့် တကယ့်ကို သဘာဝအပန်းဖြေနယ်မြေတစ်ခုကဲ့သို့ ဖြစ်နေခဲ့ရလေသည်။

ဟုတ်ပေသည်... ယွီကျင့်ရှီးကူဟူသော အမည်နာမအတွင်းရှိ “တောင်ကြား” ဟူသော စကားလုံးမှာ အသံထွက် ကောင်းရုံသက်သက် ရွေးချယ်ထားခြင်း မဟုတ်ချေ။ ထိုဗီလာများသည် တောင်ကြားအတွင်း၌ အမှန်တကယ် တည်ဆောက်ထားခြင်းဖြစ်ပြီး တောင်စောင်းကိုမှီလျက် အထက်သို့ ကွေ့ကောက်တက်လှမ်းသွားကာ စမ်းရေ ကြည်လေးများမှာလည်း ဗီလာအိမ်ရာအတွင်း ဖြည်းညင်းစွာ စီးဆင်းနေခဲ့ကြပေသည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုပါက အခြားသော ဗီလာအိမ်ရာများတွင် ရေပြင် တည်ရှိနေခဲ့ပါစေဦးတော့ ၎င်း တို့မှာ ငြိမ်သက်နေသော ရေအိုင်များ သို့မဟုတ် လူလုပ်ရေတံခွန်များသာ ဖြစ်ကြပေသည်။ သို့သော်လည်း ယွီကျင့်ရှီးကူအတွင်း စီးဆင်းနေသော ရေစင်များမှာမူ သဘာဝအတိုင်း စီးဆင်းနေသည့် စမ်းရေကြည်များသာ ဖြစ်ကြ၏။

ဥက္ကဋ္ဌကျောက်သည် ဤနေရာ၌ နေထိုင်နိုင်ခြင်းက သူ၏ ဂုဏ်သရေနှင့် ရာထူးအာဏာမှာ မည်မျှအထိ ကြီးမားလှ သည်ကို ဖော်ပြနေပေသည်။ အနည်းဆုံးတော့ ထိုစဉ်ကာလ၌ သူသည် တုန်းကျန်းမြို့၏ အထက်တန်းလွှာ အသိုင်းအဝိုင်းအတွင်း အလွန်တရာ ရှားပါးလှသော အရှိန်အဝါရှိသူတစ်ဦး ဖြစ်ခဲ့ပေသည်။

အကယ်၍ သူ မှာယူထားသော ဘုရားရုပ်ပွားတော် ဆွဲပြားသည် အလွန်တရာ တန်ဖိုးကြီးလှသော ဧကရာဇ်စိမ်း ကျောက်မျက်ရတနာဖြင့် ထုလုပ်ထားခြင်း မဟုတ်ပါက ဥက္ကဋ္ဌကျောက်အနေဖြင့် သူ၏ လုပ်ငန်းခကိုပင် စိတ်ဝင် စားလိမ့်မည် မဟုတ်ချေ။

ဤသို့ တွေးတောမိလိုက်ချိန်တွင် ရွှီပေါ်အန်းသည် လွန်ခဲ့သော ရက်ပိုင်းက မိမိကိုယ်မိမိ “ငွေကြေးပြတ်လပ်မှုမရှိ ပါဘူး” ဟု မောက်မာစွာ ပြောဆိုခဲ့မိသည့်အတွက် ရှက်ရွံ့စိတ်ဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရလေသည်။

ဆင်းရဲသားတစ်ဦးသည် ရုတ်တရက် ငွေကြေးချမ်းသာလာချိန်တွင် တကယ့် အောင်မြင်ကျော်ကြားလှသော လူကြီးလူကောင်းများ၏ ရှေ့၌ သင်ယူလေ့လာရန်နှင့် ပြုပြင်ပြင်ဆင်ရန် ကိစ္စရပ်များစွာ ရှိနေသေးပေသည်။

သူသည် ဥက္ကဋ္ဌကျောက်အား သွားရောက်ဆုံတွေ့ရမည်ဖြစ်သဖြင့် အတူတကွ ညစာ စားသောက်ရဖွယ် ရှိပေ သည်။ ဤသို့ တွေးတောမိပြီးနောက် ရွှီပေါ်အန်းသည် သူ၏ ဖုန်းကို သိမ်းဆည်းလိုက်ပြီး ချန်ဖိန်ဖိန်အား ဆို လိုက်၏။

“ငါ ဒီလိပ်စွပ်ပြုတ်ကို စားနိုင်မယ် မထင်တော့ဘူး...။ အခု အပြင်ကို သွားစရာ ရှိလာလို့...။ ယနေ့ညကျရင် အပြင် မှာပဲ ညစာ စားဖြစ်လိမ့်မယ်ထင်တယ်...။”

ချန်ဖိန်ဖိန်က ပြုံးလျက် သူမ၏လက်ထဲမှ လိပ်ရှိနေသော အိတ်အား လှုပ်ယမ်းပြလိုက်ရင်း ပြောလိုက်လေသည်။

“ဘာမှမဖြစ်ပါဘူး...၊ ဒီသတ္တဝါက ရေနဲ့ အစားအစာ မရှိရင်တောင် ရက်အနည်းငယ်အထိ ရှင်သန်နိုင်တာပဲမ လား...၊ လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်တာပေါ့...။”

“ကောင်းပြီ...၊ မင်း စားချင်တာကို စိတ်ကြိုက် ပြင်ဆင်လိုက်ပါ...။ ငါ အခု သွားတော့မယ်...။”

ပြောဆိုပြီးနောက် ရွှီပေါ်အန်းသည် အိပ်ခန်းဆီသို့ လှည့်ပြန်သွားကာ အဝတ်အစားများကို လဲလှယ်လိုက်လေ သည်။ သူ ပြန်လည်ထွက်လာချိန်တွင်မူ ချန်ဖိန်ဖိန်သည် အဝင်ဝရှိ ဖိနပ်ဗီရိုဘေး၌ အလုပ်ရှုပ်နေခဲ့ပေသည်။ သူမ သည် ဖိနပ်တိုက်သည့် အဝတ်စတစ်ခုကို ကိုင်ဆောင်လျက် ရွှီပေါ်အန်း၏ သားရေဖိနပ်တစ်စုံကို ပြောင်လက်နေ အောင် တိုက်ချွတ်ပေးနေခဲ့ခြင်း ဖြစ်၏။

ရွှီပေါ်အန်း လျှောက်လှမ်းသွားချိန်တွင် ချန်ဖိန်ဖိန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဖိနပ်ဇွန်းကို အသုံးပြုကာ သူ့အား ဖိနပ်စီးရန် ကူညီပေးလိုက်လေသည်။

ရွှီပေါ်အန်းသည် စိတ်ထဲမှနေ၍ တဖန် ရေရွတ်မိပြန်သည်။

*အခုလိုမျိုး ငွေကြေးသုံးစွဲတာက တကယ့်ကို ထိုက်တန်လှပါပေတယ်...။*

ကားပေါ်သို့ ရောက်ရှိပြီးနောက် ရွှီပေါ်အန်းသည် ချက်ချင်း မောင်းထွက်မသွားသေးဘဲ ထျန်ရှောင်ဟူထံသို့ ပထမ ဦးဆုံး ဖုန်းခေါ်ဆိုလိုက်လေသည်။

ဤသီးသန့်မှာယူထားသော ဆွဲပြားသည် သူနှင့် လင်းမြောင်မြောင်တို့အတွက် လက်ဆောင်ဖြစ်သဖြင့် သူတို့နှင့် အတူ သွားရောက်ယူဆောင်ပါက အလွန်တရာ ကောင်းမွန်လှပေလိမ့်မည်။

ဖုန်းခေါ်ဆိုသံ အနည်းငယ် မြည်သော်လည်း ဆက်သွယ်မှု မရရှိသဖြင့် ရွှီပေါ်အန်းသည် ဖုန်းကို ထားရှိလိုက်ပြီး သူ၏ အာရုံစိုက်မှုကို ဘွန်ဆိုင်းကမ္ဘာဆီသို့ လွှဲပြောင်းလိုက်လေတော့သည်။

ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မြို့ရိုးပြင်ပတွင် ဟူမန် အစောင့်အရှောက်အဖွဲ့မှဖြစ်ကြောင်း ကြေညာထားသော အစောင့်အရှောက်များမှာ ကိုင်တွယ်ဖြေရှင်းရန် စောင့်ဆိုင်းနေဆဲဖြစ်သည်ကို ရွှီပေါ်အန်း အမှတ်ရလိုက်သည်။ ယခုအချိန်အထိ ထိုသူများမှာ ထွက်ခွာသွားခြင်း မရှိကြသေးချေ။ ကြည့်ရသည်မှာ သူတို့သည် ယွီတောက်ချွမ်၏ ငြင်းဆိုမှုအပေါ် စိတ်ခုနေကြပြီး အရှုံးမပေးလိုကြသေးပုံရ၏။

“ကျေးဇူးပြုပြီး ငါ့တို့ကို လမ်းဖွင့်ပေးပါဦးနော်...၊ ငါတို့ဘက်က ဖြတ်သန်းခွင့်စရိတ်အဖြစ် ညီအစ်ကိုတွေကို လက်ဖက်ရည်ဖိုး ပေးအပ်ဖို့ ဆန္ဒရှိပါတယ်...။”

ယွီတောက်ချွမ်က ခေါင်းခါယမ်းလိုက်ပြီး၊

“စိတ်မကောင်းပါဘူး...၊ ငါတို့က မင်းတို့ရဲ့ လက်ဆောင်ကို လက်ခံဖို့ မထိုက်တန်ပါဘူး...။ ကျေးဇူးပြုပြီး မြန်မြန် ထွက်သွားကြပါတော့...။”

ထိုထွားကြိုင်းသောအမျိုးသားသည် အံကို တင်းတင်းကြိတ်လိုက်ပြီး သူ၏ အဝတ်အစားများအတွင်းမှတစ်ဆင့် တောက်ပလှသော ရွှေတုံးတစ်တုံးကို ထုတ်ယူလိုက်ကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။

“သေသေချာချာ ကြည့်စမ်းပါဦး...၊ ဒါက တကယ့် ရွှေစစ်ရွှေမှန်နဲ့ ပြုလုပ်ထားတဲ့ ရွှေတုံးဖြစ်ပြီး အလေးချိန် ကျင်း တစ်ဝက်ဖြစ်တဲ့ ရှစ်လျံအပြည့် ရှိတယ်...။ တစ်ပြားမျှ မလျော့ပါဘူး...။ တကယ်လို့ မင်းတို့ လမ်းဖွင့်ပေးမယ် ဆိုရင် ဒီရွှေတုံးက မင်းတို့အတွက်ပဲ...။”

ယွီတောက်ချွမ် စကားမပြောရသေးမီမှာပင် မျက်လုံးတစ်ဖက်လပ် နဂါးသည် မြို့ရိုးထက်သို့ လျှောက်လှမ်း တက်လာခဲ့လေသည်။

သူက ယွီတောက်ချွမ်အား အဝေးမှနေ၍ အော်ဟစ်လိုက်၏။

“ညီလေး...၊ ဘာတွေ တွေးနေတာလဲ...၊ ဒါက ရွှေတုံးတွေလေ...။”

ယွီတောက်ချွမ်က သူ၏ လက်နှစ်ဖက်ကို စုစည်းလျက် မျက်လုံးတစ်ဖက်လပ် နဂါးအား နှုတ်ဆက်လိုက်ပြီး ပြော လိုက်၏။

“အစ်ကိုကြီး...၊ ဘာဖြစ်လို့ ဒီနေရာကို လာခဲ့တာလဲ...။ တစ်ညလုံး ကင်းစောင့်ထားရတာမလို့ အမြန် သွားရောက် အနားယူပါဦး...။”

“ဟူး...၊ ဒီလောက်အထိ ဆူညံနေတာကို ငါ ဘယ်လိုဖြစ်ပြီး အိပ်ပျော်နိုင်ပါ့မလဲ...။ သူတို့က ငါတို့ကို ရွှေတုံး ပေးနေပြီပဲဟာကို...၊ ဘာဖြစ်လို့ လမ်းမဖွင့်ပေးရတာလဲ... ။ ဘာပဲဖြစ်ဖြစ် ဒီနေရာက တောင်စောင့်နတ်မင်းကြီး စောင့်ရှောက်ပေးထားတာပဲ...၊ ဒီလူအနည်းငယ်က ဘာပြဿနာများ ရှာနိုင်မှာမလို့လဲ...။”

ယွီတောက်ချွမ်က ရှင်းပြလိုက်လေသည်။

“ကျွန်တော်မျိုးက တောင်စောင့်နတ်မင်းကြီးရဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်နေရတာပါ...။ တောင်စောင့် နတ်မင်းကြီးက ဒီလူတွေကို မြို့ထဲ ပေးမဝင်ဖို့ ခုနကတင် ညွှန်ကြားထားခဲ့တာမလို့ပါ...။”

မျက်လုံးတစ်ဖက်လပ် နဂါး၏ မျက်ဝန်းများအတွင်း နှမြောတသမှု အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ရပြီး သူက စိုးရိမ်တကြီးဖြင့် ဆိုလိုက်လေသည်။

“ညီလေး...၊ မင်းက ဘာဖြစ်လို့ ဒီလောက်အထိ ခေါင်းမာနေရတာလဲ...။ တောင်စောင့်နတ်မင်းကြီးကပြန်ကြွ သွားပြီဆိုတော့ ခေတ္တလောက်တော့ ငါတို့ကို စောင့်ကြည့်နေမှာ မဟုတ်ပါဘူး...။ သူတို့ကို ဖြတ်သန်းခွင့်ပြုလိုက် ပါ...။ ဒါက လမ်းဖွင့်ပေးရုံသက်သက်ဖြစ်သလို ငါတို့အတွက်လည်း အပိုဝင်ငွေ ရတာပေါ့...။ ဘာဖြစ်လို့ မလုပ်ရ မှာလဲ...။”

“ဒါပေမဲ့...၊ တကယ်လို့ တောင်စောင့်နတ်မင်းကြီး အမျက်ထွက်သွားရင် ဘယ်လိုလုပ်မလဲ...။”

မျက်လုံးတစ်ဖက်လပ် နဂါးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်၊

“သူ သိနိုင်မှာ မဟုတ်ပါဘူး...။ ငါတို့တွေ ဘယ်သူမှ မသိအောင် တိတ်တဆိတ် လုပ်ဆောင်ကြတာပေါ့...။ ဘာကို စိုးရိမ်နေရတာလဲ...။”

ယွီတောက်ချွမ်က မြို့ရိုးအောက်ခြေရှိ လူများအား လက်ညွှန်ပြလျက် ဆိုလိုက်၏။

“ဒီလူတွေက သာမန်လူတွေ မဟုတ်ပါဘူး...။ သူတို့အားလုံးက တိုက်ခိုက်ရေးပညာရှင်တွေဖြစ်ပြီး အစောင့် အရှောက်တွေလို့ ကြေညာထားကြတာ...။ တကယ်လို့ တောင်စောင့်နတ်မင်းကြီးက ဒီနေရာမှာ မရှိချိန်မှာ သူတို့ တွေ မြို့ထဲဝင်လာပြီး မကောင်းတဲ့ အကြံစည်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ...။”

မျက်လုံးတစ်ဖက်လပ် နဂါးက ခပ်ဖွဖွ ရယ်မောလိုက်ပြီး၊

“ငါတို့ ညီအစ်ကိုတွေကကော သာမန်လူတွေမို့လို့လား...။ ဒါ့အပြင် အတွင်းထဲက ခေါင်ရှန်းရွာကလည်း အခု အခါမှာ အတော်လေး သန်မာပြီး ကိရိယာတွေ ပြည့်စုံနေပြီလေ...။ ဒီလူနှစ်ဆယ်ကျော်လောက်ကို ငါတို့ ကြောက်နေရဦးမှာလား...။”

“အစ်ကိုကြီး...၊ ကျွန်တော်မျိုးကတော့ ဒီကိစ္စရပ်က မသင့်တော်သေးဘူးလို့ ထင်မိတုန်းပဲ...။”

“ကောင်းပြီ...၊ မင်း သွားပြီး ခေတ္တလောက် အနားယူလိုက်ပါတော့...။ ငါ ခဏလောက် ကင်းစောင့်ပေးပါ့မယ်...။ ဒီကိစ္စ ကို စိတ်မပူပါနဲ့တော့...။”

ပြောဆိုနေစဉ်အတွင်း မျက်လုံးတစ်ဖက်လပ် နဂါးသည် ယွီတောက်ချွမ်အား မြို့ရိုးပေါ်မှ အတင်းအကြပ် တွန်းချ လိုက်လေတော့သည်။

“ဒီလို လုပ်လို့ မဖြစ်ပါဘူး အစ်ကိုကြီး...။”

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် မကြားချင်ဟန်ဆောင်လျက် လုံးဝ ဂရုမစိုက်ခဲ့ချေ။ ယခုရက်ပိုင်းအ တွင်း သူသည် သင်ခန်းစာအချို့ကို နောက်ဆုံးတွင် သင်ယူလေ့လာခဲ့ရလေသည်။

တောင်စောင့်နတ်မင်းဘိုးဘိုးကြီးသည် ဤနေရာအား အမြဲတစေ စောင့်ကြည့်နေခြင်း မဟုတ်ချေ။ ယေဘုယျ အားဖြင့် တန်ခိုးပြာဋိဟာပြပြီးနောက် တောင်စောင့်နတ်မင်းကြီးသည် အချိန်အတော်ကြာအောင် ထပ်မံ ပေါ်ထွက် လာလေ့ မရှိချေ။ သို့သော်လည်း ၎င်းက နားလည်ပေးနိုင်စရာ ရှိပေသည်။

နတ်ဘုရားတစ်ပါးအနေဖြင့် သူ ကိုင်တွယ်ရမည့် ကိစ္စရပ်များစွာ ရှိနေမည်ဖြစ်ရာ မည်သို့လျှင် ဤမျှလောက် သေးငယ်သော နေရာလေးအား အမြဲတစေ စောင့်ကြည့်နေနိုင်ပါမည်နည်း။

All Chapters