← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅ - မည်မျှဆိုးရွားသော အပြစ်နည်း။

မာဟုန်ကျွင်းသည် အလွန်ယုံကြည်ချက်ရှိနေသည်။ ကံမကောင်းစွာဖြင့် မာဟုန်ကျွင်းသာ ရှောင်ချန်ယွီကို အနိုင်ရခဲ့လျှင် သူ၏စကားများက ကြောက်စရာကောင်းနေလိမ့်မည်။

သို့သော် ရှောင်ချန်ယွီ၏ လက်ချက်ဖြင့် အရိုက်ခံထားရပြီးမှ နောက်ကွယ်မှ ရှီလိုင်ခဲအဖွဲ့ကို ဆွဲထုတ်လာခြင်းမှာ မာဟုန်ကျွင်းကို ပို၍ ရူးကြောင်ကြောင်နိုင်စေရုံသာ ရှိတော့သည်။

"အခုမှ လာပြီး ငါနဲ့ ရင်းနှီးအောင် လုပ်ဖို့ မကြိုးစားနဲ့။ ဟုန်ကျွင်း ဟုန်ကျွင်းနဲ့... မင်းနဲ့ငါကအဲဒီလောက်ထိ မရင်းနှီးဘူး။"

မာဟုန်ကျွင်းသည် အခုမှ ဟန်လုပ်ကာ ထောင်လွှားနေလေပြီ။

ရှောင်ချန်ယွီက နှာခေါင်းရှုံ့လိုက်ပြီး

"မင်း နားလည်မှုလွဲနေပြီ ဟုန်ကျွင်း။ ငါ မင်းရဲ့ နာမည်အပြည့်အစုံကို မခေါ်တာက ဘာကြောင့်လဲ သိလား။ ဘာလို့လဲဆိုတော့... မင်းရဲ့ မာက ပျောက်သွားလို့လေ။"

ထိုစကားကို ကြားလိုက်ရသောအခါ နေရာရှိလူအားလုံးမှာ မှင်သက်သွားကြသည်။

"ဟားဟားဟား ဒီလူငယ်လေးက ဒီလိုမျိုး ပြောလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။"

"'မင်းရဲ့ မာ ပျောက်သွားတယ်တဲ့လားသူက မာဟုန်ကျွင်းကို ကျိန်ဆဲနေတာလား။"

"မာဟုန်ကျွင်းက အမြဲတမ်း ထောင်လွှားနေတာ သူ ဒီလိုမျိုး အရှက်ကွဲလိမ့်မယ်လို့ ငါ မထင်ထားဘူး။"

"ဘာလို့ မာဟုန်ကျွင်းလို့ ခေါ်ရမှာလဲနောက်ဆိုရင် ဟုန်ကျွင်းလို့ပဲ ခေါ်လိုက်တော့။"

"ဟုန်ကျွင်း ငါက ဟုန်ကျွင်းလို့ခေါ်ပြီးရင်းနှီးမှုကို ပြနေတာလား။"

"မဟုတ်ဘူး မဟုတ်ဘူး မင်းရဲ့ မာ ပျောက်သွားတာ။"

"ဟားဟား တချို့လူတွေကတော့ သူတို့ကိုယ်သူတို့ အမြဲတမ်း အထင်ကြီးလွန်းနေကြတာပဲ။"

ဝိညာဉ်ကုန်းမြေပေါ်တွင် တစ်ဦးတစ်ယောက်ကို နာမည်သာခေါ်ခြင်းမှာ ရင်းနှီးမှုကို ပြသသည့်နည်းလမ်း ဖြစ်သည်။

ရှောင်ချန်ယွီမှာမူ ကူးပြောင်းလာသူဖြစ်၍ အထူးအဓိပ္ပာယ်မရှိဘဲ ရိုးရိုးသာ ပြောလိုက်ခြင်းဖြစ်သည်။

မာဟုန်ကျွင်းက နားလည်မှုလွဲရုံသာမက အခွင့်အရေးယူရန်ပါ ကြိုးစားလာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ပေ။ အရိုက်ခံထားရလျက်နှင့် ရှောင်ချန်ယွီက သူ့ကို ထိုသို့ခေါ်သည်ကို မြင်သောအခါ ရှောင်ချန်ယွီက တစ်စုံတစ်ခု လိုအပ်နေသည်ဟု သူ ထင်လိုက်ခြင်းဖြစ်သည်။

ရှောင်ချန်ယွီကမူ ထိုသို့သော အပြုအမူမျိုးအတွက် သူ့ကို ယဉ်ကျေးနေမည်မဟုတ်ပေ။ မင်းရဲ့ မာ ပျောက်သွားတယ်ဟူသော စကားမှာ မာဟုန်ကျွင်းအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားတော့သည်။

"ဟားဟားဟား အစ်ကိုချန်ယွီက ဒီလို သေနေတဲ့ ဝက်တုံးကြီးကို ဂရုစိုက်မနေဘူးဆိုတာ ငါ သိပြီးသားပဲ ရှီလိုင်ခဲအဖွဲ့က ဘာအရေးလဲ။"

အနီးတွင် ရပ်နေသော ရှောင်ဝူသည် ရယ်မောခြင်းကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားသည်။

"တကယ်ကို ကျေနပ်စရာကောင်းလိုက်တာ မာဟုန်ကျွင်းက ခုနက ဘယ်လောက်တောင် ထောင်လွှားခဲ့သလဲ။"

"အခုတော့ သူ့မျက်နှာကို ဘယ်လောက်တောင် ပြင်းပြင်းထန်ထန် ရိုက်လိုက်ရသလဲ။"

" ဟတ် ဟားဟားတောင်းပန်ပါတယ် ငါက ပညာရှင်ဆိုတော့ ဘယ်လောက် ရယ်ရရ မရယ်ပါဘူးလို့ ပြောထားပေမဲ့... ဟားဟားဟား။"

ရဲ့လင်လင်ကလည်း မာဟုန်ကျွင်းကို မျက်နှာသာ မပေးဘဲ အားရပါးရ ရယ်မောလိုက်သည်။ ပုံမှန်ဆိုလျှင် ပိုင်ချန်ရှန်း၏ မျက်နှာကို ထောက်ထားပြီး မာဟုန်ကျွင်းကို ဂုဏ်သိက္ခာ ချန်ပေးကောင်း ချန်ပေးလိမ့်မည်။

သို့သော် မာဟုန်ကျွင်းကိုယ်တိုင်က ပြဿနာရှာလာသည့်အတွက် ရဲ့လင်လင်ကလည်း ယဉ်ကျေးနေစရာ မလိုတော့ပေ။ ထို့အပြင် မာဟုန်ကျွင်းက ရဲ့လင်လင်ကို အရင်က ရိုင်းစိုင်းစွာ ဆက်ဆံခဲ့ဖူးသည့် ရန်ငြိုးလည်း ရှိသေးသည်။

သို့သော် ရဲ့လင်လင်မှာ အထောက်အပံ့ဝိညာဉ်သခင်သာ ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ယခင်ကဆိုလျှင် အပြင်တွင် အနိုင်ကျင့်ခံရလျှင် သည်းခံနေရုံသာ ရှိတော့မည်။

သို့သော် ယခုမူ သူမသည် ရှောင်ချန်ယွီ၏ နောက်လိုက် ဖြစ်နေသည်။ အားကိုးရမည့် အစွမ်းထက်သော သူရှိနေပြီး ရှောင်ချန်ယွီက မာဟုန်ကျွင်းကို သင်ခန်းစာပေးနေသည်ကို မြင်လိုက်ရသောအခါ ရဲ့လင်လင်မှာ အလွန်လန်းဆန်းသွားသည်။ သူမ၏ ပြောဆိုမှုများမှာလည်း ပို၍ ရဲရင့်လာသည်။

မာဟုန်ကျွင်း၏ နောက်ခံကို သူမ ဂရုမစိုက်တော့ပေ။

'သူက ငါ့ရဲ့ အစ်ကိုချန်ယွီလောက် စွမ်းအားကြီးလို့လား။'

ပိုင်ချန်ရှန်း၏ နှုတ်ခမ်းများမှာ တုန်ယင်သွားသည်။ သူမလည်း အမှန်တကယ် ရယ်ချင်နေမိသည်။ သို့သော် သူမကိုယ်တိုင်က ရှီလိုင်ခဲအဖွဲ့ဝင် ဖြစ်နေသည့်အတွက် ဤသို့ ရယ်မောလိုက်လျှင် အလွန်ယဉ်ကျေးမှုမရှိရာ ရောက်လိမ့်မည်။

ထို့ကြောင့် ပိုင်ချန်ရှန်းမှာ ရယ်မောခြင်းကို ထိန်းထားရသည်မှာ အလွန်ပင် ပင်ပန်းလှသည်။

"မင်း သောက်ကျိုးနည်း မင်း လွန်လွန်းနေပြီ။"

မာဟုန်ကျွင်းမှာ ဒေါသထွက်လွန်း၍ မျက်နှာမှာ နီရဲလာပြီး သွေးတစ်ဖျန်းဖျန်း အန်ကာ ထိုနေရာတွင်ပင် သတိလစ်မတတ် ဖြစ်သွားရသည်။

မင်းရဲ့ မာ ပျောက်သွားတယ်တဲ့လား။

ရှောင်ချန်ယွီ၏ လျှာမှာ တကယ်ကို ဆိုးရွားလွန်းသည်။ ရှောင်ချန်ယွီက ဟုန်ကျွင်း ဟု ခေါ်နေသည်ကို ကြားလိုက်ရသောအခါ ကောင်းသော အရာဟု ထင်ခဲ့မိသည်။

အခုတော့ မာဟုန်ကျွင်းမှာ တကယ်ပင် သေချင်စိတ်ပေါက်နေတော့သည်။

[တိန် ဇာတ်လိုက်၏ အထောက်အကူပြု ဇာတ်ကောင် မာဟုန်ကျွင်း၏ မျက်နှာကို ရိုက်လိုက်သဖြင့် အောင်မြင်မှုရရှိပြီး ကံကောင်းခြင်းအမှတ် + ၁၀၀ရရှိသည်။]

[တိန် ဇာတ်လိုက်၏ အထောက်အကူပြု ဇာတ်ကောင် မာဟုန်ကျွင်း၏ မျက်နှာကို ရိုက်လိုက်သဖြင့် အောင်မြင်မှုရရှိပြီး ကံကောင်းခြင်းအမှတ်+ ၁၀၀ရရှိသည်။]

[တိန် ဇာတ်လိုက်၏ အထောက်အကူပြု ဇာတ်ကောင် မာဟုန်ကျွင်း၏ မျက်နှာကို ရိုက်လိုက်သဖြင့် အောင်မြင်မှုရရှိပြီး ကံကောင်းခြင်းအမှတ် + ၁၀၀ရရှိသည်။]

[တိန် ဇာတ်လိုက်၏ အထောက်အကူပြု ဇာတ်ကောင် မာဟုန်ကျွင်း၏ မျက်နှာကို ရိုက်လိုက်သဖြင့် ကောင်းကင်ကို ဖုံးလွှမ်းခြင်း ၏ လျှို့ဝှက်ချက် ၉ ပါးထဲမှ လျှို့ဝှက်ချက်အားလုံးကို ရရှိလိုက်သည်။"

စနစ်၏ အသိပေးချက်များကြောင့် ရှောင်ချန်ယွီ၏ မျက်နှာတွင် အံ့အားသင့်ရွှင်လန်းသည့် အမူအရာများ ပေါ်လာသည်။

မာဟုန်ကျွင်းမှာ တကယ်ပင် ထန်စန်း၏ နံပါတ် (၁) နောက်လိုက် ဖြစ်သည်။ သူ့ကို ရိုက်နှက်ရသည့်အတွက် ရရှိလာသော ဆုလာဘ်များမှာ ထိုက်လုံထက် အဆပေါင်းများစွာ ပို၍ များပြားသည်။

အရေးကြီးဆုံးမှာ လျှို့ဝှက်ချက် အားလုံးကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။ ဤလျှို့ဝှက်ချက်မှာ တိုက်ခိုက်နိုင်စွမ်းကို တစ်ခဏချင်းတွင် ၁၀ ဆအထိ တိုးမြှင့်ပေးနိုင်သည်။

ဝိညာဉ်ကုန်းမြေပေါ်တွင် ဤအစွမ်းမျိုးရှိလျှင် အဆင့်များစွာ ကွာခြားသူများကိုပင် ကစားသကဲ့သို့ အနိုင်တိုက်နိုင်မည်ဖြစ်သည်။ ရှောင်ချန်ယွီသာ အလေးအနက်ထား တိုက်ခိုက်မည်ဆိုလျှင် လက်ရှိ ဝိညာဉ်ကုန်းမြေမှ နတ်ဘုရားများကိုပင် အနိုင်တိုက်နိုင်ဖွယ် ရှိသည်။

မာဟုန်ကျွင်းကို ကြည့်လိုက်တိုင်း ရှောင်ချန်ယွီမှာ ပို၍ ကျေနပ်လာသည်။ ဤသူမှာ သူ့၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးရန် ရောက်လာသည့်အလားပင်။

မာဟုန်ကျွင်းမှာမူ ရှက်ရွံ့နေသည်။ သူက တိုက်ပွဲတွင်လည်း မနိုင် စကားပြောရာတွင်လည်း မနိုင် လူတိုင်း၏ အကြည့်များကလည်း သူ့ထံတွင် ရှိနေသည်။

သို့သော် ၎င်းတို့မှာ လေးစားသော အကြည့်များ မဟုတ်ဘဲ လှောင်ပြောင်သော အကြည့်များ ဖြစ်ကြသည်။

မာဟုန်ကျွင်းသည် အချိန်များမှာ အလွန်နှေးကွေးနေသည်ဟု ခံစားရသည်။ အင်အားဖြည့်ရန် သွားသည့် ထိုက်လုံမှာ သူ့ကို နောက်ပြောင်နေသည်ဟုပင် ထင်မှတ်လိုက်သည်။

'မင်း အင်အားဖြည့်ဖို့ သွားတာ မဟုတ်လား? ထိုက်လုံ ဘာလို့ အခုထိ မရောက်သေးတာလဲ။ ငါ မင်းကို စောင့်နေရတာ တကယ်ကို စိတ်ပျက်လာပြီ။ လမ်းမပေါ်မှာ ကြွက်တွင်းလေးတစ်ခုသာ ရှိရင် ငါ အဲဒီထဲကို ချက်ချင်း ဝင်ပုန်းချင်နေပြီ။'

"ဟုန်ကျွင်း ဟုန်ကျွင်း မင်း ဘာဖြစ်တာလဲ။ငါ့ရဲ့ ရှီလိုင်ခဲအဖွဲ့ကို ပြဿနာရှာတဲ့သူ ရှိတယ်လို့ ကြားရတာ ဟုတ်လား။"

မာဟုန်ကျွင်းမှာ စိတ်ဓာတ်ကျနေချိန်တွင် ရုတ်တရက် နက်ရှိုင်းသော ယောက်ျားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

ရောက်ရှိလာသူမှာ အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ယောက် ဖြစ်ပြီး အရပ်မှာ ၆ ပေခန့် ရှိသည်။ သူ၏ ချောမောသော မျက်နှာမှာ ခိုင်မာမှုရှိပြီး ရွှေရောင်ဆံပင်ရှည်များက ခါးထိအောင် ကျနေသည်။

သူ၏ မျက်လုံးများမှာ ထူးဆန်းပြီး မျက်လုံးတစ်လုံးစီတွင် သူငယ်အိမ်နှစ်ခုစီ ပါဝင်သည်။ သူ၏ နက်ပြာရောင် မျက်ဝန်းများမှာ အေးစက်စက် အေးခဲနေပြီး သူ၏ မျက်ခွံများကြားတွင် မကောင်းဆိုးဝါးဆန်သော အလင်းရောင်များ တောက်ပနေသည်။

ကျားဖြူ တိုက်မုပိုင် ရှီလိုင်ခဲအဖွဲ့၏ ခေါင်းဆောင်ရှီလိုင်ခဲ နတ်ဆိုး ၇ ဖော်တို့၏ ခေါင်းဆောင် ဖြစ်သည်။ သူက ရှီလိုင်ခဲအဖွဲ့တွင် အစွမ်းထက်ဆုံးသော တည်ရှိမှုပင် ဖြစ်သည်။

All Chapters