အခန်း ၈၀
Vol. 8 Ch. 80
အခန်း ၈၀ - ဂုဏ်သိက္ခာမဲ့သော တိုက်မုပိုင်။
"မင်း...ငါ မဟုတ်ဘူး။"
ရှောင်ချန်ယွီ၏ စကားကို ကြားလိုက်ရသောအခါ တိုက်မုပိုင်သည် အလိုလိုပင် ပြန်လည်ချေပရန် ကြိုးစားလိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင် ချေပစရာ အချက်အလက်မရှိကြောင်း ချက်ချင်းပင် သဘောပေါက်သွားသည်။ မူရင်းဇာတ်လမ်း၏ နောက်ဆုံးပိုင်းတွင် တိုက်မုပိုင်သည် လူကောင်းတစ်ယောက် ဖြစ်လာနိုင်သော်လည်း လက်ရှိအချိန်တွင်မူ သူသည် ကျူကျူချင်းကို အခြားမိန်းကလေးများကဲ့သို့ပင် ရေခဲပြင်ကဲ့သို့ အေးစက်စွာသာ ဆက်ဆံနေဆဲဖြစ်သည်။
တိုက်မုပိုင်သာ ထိုအရာများကို မလုပ်ခဲ့လျှင် ယုံကြည်ချက်ရှိရှိ ငြင်းဆိုနိုင်မည်ဖြစ်သည်။
သို့သော်ရှောင်ချန်ယွီ ပြောသမျှမှာ အချက်အလက်အတိုင်း ဖြစ်နေသည်။ ရှောင်ချန်ယွီ ငြင်းဆိုချင်လျှင်ပင် သူ့ကို အကောင်းဆုံး နားလည်သူမှာ အခြားသူမဟုတ် ကျူကျူချင်းပင် ဖြစ်သည်။
သူမသည် တိုက်မုပိုင်၏ အမူအရာကို ကြည့်ရုံဖြင့် လိမ်နေမှန်း သိနိုင်သည်။
'အစ်ကိုချန်ယွီရဲ့ သတင်းကွန်ရက်က တကယ်ကို ကြောက်စရာကောင်းတာပဲ။ လျှို့ဝှက်မျိုးနွယ်စုရဲ့ ဆင်းသက်လာသူဆိုတာ ဒါမျိုးကို ခေါ်တာပဲ။'
ဘေးတွင် ရပ်နေသော ရဲ့လင်လင်မှာ စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်မိသည်။ ရှောင်ချန်ယွီ၏ ရည်ရွယ်ချက်မှာ ကျူကျူချင်းနှင့် တိုက်မုပိုင်ကြားတွင် သွေးခွဲရန် ဖြစ်သည်။ သို့သော် သူစိမ်းတစ်ယောက်က မိသားစုဝင်ချင်းကို သွေးခွဲ၍ မရဟူသော စကားပုံအတိုင်း ဖြစ်သင့်သည်။
ကျူကျူချင်းနှင့် တိုက်မုပိုင်မှာ ပို၍ နီးစပ်ကြသည်။ သို့သော် ရှောင်ချန်ယွီ အောင်မြင်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ ပြောလိုက်သမျှမှာ အမှန်တရားများ ဖြစ်နေ၍ပင်။
"ဒီတိုက်မုပိုင်ဆိုတဲ့လူက တကယ်ကို ရွံစရာကောင်းတာပဲ။ စေ့စပ်ထားသူ ရှိလျက်နဲ့ တခြားမိန်းကလေးနောက်ကို လိုက်နေတာလား။ ရှီလိုင်ခဲအဖွဲ့က ဒီလို ဝိညာဉ်သခင်မျိုးပဲ မွေးထုတ်ပေးတာလား။"
ရှောင်ဝူမှာလည်း ရွံရှာသော မျက်နှာဖြင့် ပြောလိုက်သည်။ ရှောင်ဝူ၏ စကားမှာ အမှန်တရားပင် ဖြစ်သည်။ ရှီလိုင်ခဲအဖွဲ့တွင် တိုက်မုပိုင်က မိန်းမလိုက်စားသည်။ မာဟုန်ကျွင်းက ပြည့်တန်ဆာရုံများကို သွားလေ့ရှိသည်။ အော်စကာကလည်း သူ၏ ဝက်အူချောင်းများကို အရိုင်းဆန်စွာ ရောင်းချတတ်သည်။
ထန်စန်းကသာ သူ၏ ပုံရိပ်ကို ဂုဏ်ယူနေသော်လည်း သူတို့လို လူမျိုးနှင့် အတူတွဲနေသူမှာ မည်သို့ ပုံမှန်ဖြစ်နိုင်ပါ့မည်နည်း။
"ကြောက်စရာကောင်းတယ် တကယ်ကို ကြောက်စရာကောင်းလိုက်တာ ဝိဉာဥ်ကုန်းမြေမှာ ဒီလို အဖွဲ့အစည်းမျိုး ဘယ်တုန်းက ပေါ်လာတာလဲ။"
ပိုင်ချန်ရှန်းမှာလည်း တုန်လှုပ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူမ ဘာမှ မမှားခဲ့မိပေ။ သို့မဟုတ်လျှင် လူမြင်ကွင်းတွင် အရှက်ကွဲရတော့မည်။
"တိုက်မုပိုင် မင်း အခုထိ ငြင်းဦးမလား။ ငါ့ဆီမှာ မင်းလုပ်သမျှ အသေးစိတ် မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတင်ကျောက်ပြား ရှိတယ်။ လူတွေအားလုံးရှေ့မှာ ဖွင့်ပြပေးရမလား။"
ရှောင်ချန်ယွီက တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်သည်။ မှတ်တမ်းတင်ကျောက်ပြားဆိုသည်မှာ ဝိဉာဥ်ကုန်းမြေတွင် ပုံရိပ်များကို မှတ်တမ်းတင်နိုင်သော ဝိညာဉ်ကိရိယာတစ်ခု ဖြစ်သည်။
တကယ်တော့ ရှောင်ချန်ယွီတွင် ထိုသို့သော မှတ်တမ်းမျိုး မရှိ။ သို့သော်ဗီလိန်တစ်ယောက်အနေဖြင့် တိုက်မုပိုင်နှင့် ကိုယ်ကျင့်တရားအကြောင်း ဆွေးနွေးနေစရာ မလိုပေ။
"မလုပ်နဲ့။"
တိုက်မုပိုင်မှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ချွေးအေးများ ပျံ့နှံ့လာသည်။ လူမြင်ကွင်းတွင် ဖွင့်ပြခံလိုက်ရလျှင် သူသည် သမိုင်းတွင် အရှက်အရှုံးဆုံးသူ ဖြစ်လာတော့မည်မှာ အသေအချာပင်။
တိုက်မုပိုင်၏ တုံ့ပြန်မှုများမှာ သူ၏ အပြစ်ရှိမှုကို သက်သေပြနေသကဲ့သို့ ဖြစ်နေသည်။
"တိုက်မုပိုင် နင်လုပ်ခဲ့သမျှကို ကြည့်ဦး။"
ကျူကျူချင်း၏ မျက်ဝန်းများမှာ အေးစက်သွားပြီး တိုက်မုပိုင်ကို ဝါးမြိုပစ်မတတ် ဖြစ်နေသည်။
"ဟေး ကောင်လေး မင်းဆီမှာ အဲဒီလို ကောင်းတဲ့အရာ ရှိတယ်ပေါ့လေ။"
"တိုက်မုပိုင်နဲ့ အဲဒီညီအစ်မတွေရဲ့ ဇာတ်လမ်းကို ငါ ကြည့်ချင်တယ်။"
"အဲဒီ ဗီဒီယိုလေး ရှိရင်လည်း ငါ့ဆီ ပို့ပေးဦး။"
ပတ်ဝန်းကျင်ရှိ လူအများမှာလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။ ထျန်းတိုမြို့မှ လူများမှာ ပွဲကြည့်ရသည်ကို ဝါသနာပါသူများ ဖြစ်ကြသည်။
ရှီလိုင်ခဲနှင့် ရှောင်ချန်ယွီတို့၏ တိုက်ပွဲကို လာကြည့်ရင်း ဤမျှ ထူးခြားသော အကြောင်းအရာကို မြင်တွေ့ရမည်ဟု မထင်မှတ်ထားခဲ့ပေ။
"အစ်ကိုချန်ယွီ ပြောတာတွေ အကုန်လုံး အမှန်တွေ ဖြစ်နေတာပဲ။"
ရဲ့လင်လင်မှာလည်း တိုက်မုပိုင်ကို အမှိုက်တစ်ခုကဲ့သို့ ကြည့်လိုက်သည်။
"မာဟုန်ကျွင်း နင်လည်း ဒီလိုမျိုးတွေ လုပ်ခဲ့သေးလား။"
ပိုင်ချန်ရှန်းမှာလည်း မာဟုန်ကျွင်းကို သံသယဖြင့် ကြည့်လိုက်သည်။ မာဟုန်ကျွင်းမှာလည်း ချွေးအေးများ ပြန်လာသည်။ သူသည်လည်း ထိုသို့ ပြုလုပ်ခဲ့ဖူးသည်ကို ဝန်မခံရဲပေ။
အကယ်၍သာ ရှောင်ချန်ယွီက အထောက်အထားပြနိုင်လျှင် သူ သေချင်စရာပင်။
တိုက်မုပိုင်မှာ ရှောင်ချန်ယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူသည် ရှောင်ချန်ယွီကို သတ်ပစ်ချင်နေသည်။
"ရှောင်ချန်ယွီ မင်းကို ငါ သတ်မယ်။"
တိုက်မုပိုင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ၏ ကြွက်သားများ ဖောင်းကားလာပြီး သူ၏ ရွှေရောင်ဆံပင်များမှာ အနက်ရောင်နှင့် အဖြူရောင် ရောနှောသွားကာ နဖူးပေါ်တွင် အမှတ်အသား ပေါ်လာတော့သည်။