← Chapters

အခန်း (၂၈၇၃-၂၈၇၄)

Vol. 228 Ch. 2873-2874

အခန်း (၂၈၇၃-၂၈၇၄)

Vol. 228 Ch. 2873-2874

အခန်း(၂၈၇၃)

“ကောင်းပြီ”

ယစ်ထုတ်အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

သူ၏ စွမ်းရည်ဖြင့်ဆိုလျှင် သူ့ရှေ့မှ တလော့အဆင့် ရုပ်သေးရုပ်ကို ကြောက်ရွံ့ခြင်း မရှိသော်လည်း ၎င်းကို ဖြေရှင်းရန်မှာမူ မလွယ်ကူချေ။

ထို့အပြင် ယစ်ထုတ်အဘိုးအိုသည် တလော့အဆင့် ရုပ်သေးနှင့် ပတ်သက်၍ စွမ်းအားများစွာ အကုန်မခံလိုခဲ့ချေ။

အကယ်၍ သူက ရုပ်သေးနှင့် တိုက်ခိုက်ပြီး နှစ်ဖက်စလုံး ထိခိုက် ဒဏ်ရာရရှိသွားခဲ့လျှင် ယင်းသည် ရွှေဓားအင်မော်တယ်ဂိုဏ်းကို ကြားထဲကနေ အကျိုးအမြတ် ရရှိစေသလို ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလော။

နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သည့် မြေခွေးအိုကြီးတစ်ကောင်အနေဖြင့် ယစ်ထုတ်အဘိုးအိုသည် ဤကဲ့သို့ အခြေခံအဆင့် အမှားမျိုးကို မည်ကဲ့သို့ လုပ်ဆောင်ပါမည်နည်း။

ထို့ကြောင့် ကျင်းဟုန်ကွမ်းနှင့် လက်တွဲပြီး တလော့အဆင့်ရုပ်သေးရုပ်ကို ပူးပေါင်းရင်ဆိုင်ခြင်းကသာ သံသယဖြစ်ဖွယ်ရာမရှိ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

တလော့အင်မော်တယ်နှစ်ပါး လက်တွဲလိုက်ကြသည်ကို မြင်လျှင် ကျန်းချန် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့ပြီး အင်မော်တယ်ဘုရင် အလောင်းကောင်ကို ထိန်းချုပ်ကာ တလော့အင်မော်တယ် နှစ်ပါးကို တစ်ရှိန်ထိုး ဝင်ရောက် တိုက်ခိုက်စေခဲ့သည်။

“အတူတူလက်တွဲပြီး ဒီရုပ်သေးကို အမြန်ဆုံးရှင်းပစ်ကြစို့”

ကျင်းဟုန်ကွမ်း၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။

သူက မိုင်ရာချီဟင်းလင်းပြင်ထဲရှိ အင်မော်တယ် စွမ်းအားများကို စုစည်းကာ အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ယစ်ထုတ်အဘိုးအိုသည်လည်း သူ၏ စွမ်းရည်များကို အနည်းငယ်မျှပင် ထိမ်ချန်မထားခဲ့ချေ။

ကျင်းဟုန်ကွမ်းထက်ပင် ပိုမို အစွမ်းထက်သော စွမ်းအားကို ထုတ်ဖော်၍ အင်မော်တယ်ဘုရင် အလောင်းကောင်ကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

တလော့အဆင့် ကြောက်မက်ဖွယ်စွမ်းအား သုံးခုသည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားကြပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

တလော့အင်မော်တယ်နှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အစွမ်းထက် အင်မော်တယ်ဘုရင် ရုပ်အလောင်း ဖြစ်သော်လည်း အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ဖိနှိပ်ခံလိုက်ရသည်။

သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ အင်မော်တယ်ဘုရင်တစ်ဦး၏ ရုပ်အလောင်းကို သန့်စင်ထားသည့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်၍ သူ၏ ခန္ဓာကိုယ် ခုခံကာကွယ်မှု စွမ်းရည်သည် တလော့အင်မော်တယ်များထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

တလော့အင်မော်တယ် နှစ်ပါးက အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် တိုက်ခိုက်ရာတွင် အသာစီးရရှိနေသော်လည်း လုံးဝ ချေမှုန်းပစ်ရန် အတွက်မူ ခက်ခဲနေခဲ့သည်။

ထို့အပြင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သည့်အလျောက် ကြောက်မက်ဖွယ်ခုခံနိုင်စွမ်း ရှိရုံသာမက မည်သည့် နာကျင်မှုကိုမှလည်း ခံစားရခြင်း မရှိပေ။

ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် အင်မော်တယ်ဘုရင်ရုပ်အလောင်းသည် အသက်ကို ပဓာနမထားဘဲ တလော့အင်မော်တယ်နှစ်ပါးနှင့် သူသေကိုယ်သေ တိုက်ခိုက်နေခဲ့သည်။

ထို့ကြောင့် ကျင်းဟုန်ကွမ်းနှင့် ယစ်ထုတ်အဘိုးအို တို့သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် အလွယ်တကူ ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြပေ။

သူတို့နှစ်ဦးစလုံးက အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ ထိန်းချုပ်ထားခြင်းကို တစ်ခဏမျှ ခံထားခဲ့ရသည်။

“ရွှေဓားအင်မော်တယ်ဂိုဏ်းက တပည့်တွေ ငါ့အမိန့်ကို နာခံစမ်း.. အဲဒီကောင်လေးကို အမြန်ဆုံးဖမ်းဆီးလိုက်ကြ”

သူ့ရှေ့မှ ရုပ်သေးရုပ်ကို အလွယ်တကူ မရှင်းပစ်နိုင်မှန်း မြင်လိုက်ရလျှင် ကျင်းဟုန်ကွမ်း၏ မျက်နှာအမူအရာက သုန်မှုန်သွားခဲ့ပြီး ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများ ဆီသို့ အော်ဟစ် အမိန့်ပေးလိုက်သည်။

ကျင်းဟုန်ကွမ်း၏ အမိန့်ကို ရသည်နှင့် ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် နှစ်ပါးသည် ရှေ့ကို တက်လှမ်းခဲ့ကြသည်။

“သခင်လေးကျန်းချန်.. အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ဖုန်းချန်ရှင်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို လေးနက်သွားခဲ့သည်။

ကျန်းချန်က ဖုန်းချန်ရှင်းကို စကားပြောရန် ပြင်လိုက်စဥ်မှာပင် သစ်ပင်ငယ်လေး ထံရှိ တာအိုသစ်သီး ထံကနေ တောက်ပသော အင်မော်တယ် အလင်းရောင်များ ရုတ်တရက်ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။

ဟန်ယွင်အင်မော်တယ်စမ်းရေ၏ အဆီအနှစ်များဖြင့် ပျိုးထောင်ထားသည့် တာအိုသစ်သီးသည် အဆုံးသတ်တွင် ရင့်မှည့်သွားခဲ့ချေပြီ။

“သူတို့ကို ငါ့အတွက် တစ်ခဏလောက် တားဆီးထားပေးပါ”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး သစ်ပင်ငယ်လေး ဆီသို့ တန်းတန်းမတ်မတ်ပင် ခြေလှမ်းလိုက်ကာ အစောပိုင်းကပင် ရင့်မှည့်သွားခဲ့သည့် တာအိုသစ်သီးကို ခူးဆွတ်လိုက်သည်။

ထိုအသီးကို ရရှိပြီးသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ပါးစပ်ထဲသို့ ထည့်ကာ ဝါးမျိုလိုက်သည်။

ယခုအခါတွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် တလော့အင်‌မော်တယ်နှစ်ပါး၏ ဖိနှိပ်မှုအောက်တွင် အောက်စည်းသို့ ရောက်နေခဲ့ပြီး ရွှေဓားအင်မော်တယ်ဂိုဏ်းဘက်တွင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် နှစ်ဦးလည်း ရှိနေသေးရာ အခြေအနေသည် သူတို့ဘက်တွင် အတော်လေး အရေးမသာ ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် တာအိုသစ်သီးကို တိုက်ရိုက် ဝါးမျိုရုံသာ ရှိတော့သည် မဟုတ်ပါလော။

ထိုစဥ်က ကျန်းချန်သည် တလော့အဆင့် အင်မော်တယ်ဆေးလုံးကို အသုံးပြု၍ သူ၏ စွမ်းအားကို အချိန်တိုအတွင်း လျင်မြန်စွာ မြင့်တက်စေခဲ့ဖူးသည်။

ယခု သူ၏ လက်ထဲမှ တာအိုသစ်သီး၏ တန်ဖိုးသည် တလော့အဆင့် အင်မော်တယ်ဆေးလုံးထက်ပင် အဆပေါင်းများစွာ ပိုမို မြင့်မားသည် ဖြစ်ရာ ယင်းသည် အချိန်တိုအတွင်း သူ၏ စွမ်းအားကို အတိုင်းအတာ တစ်ခု အထိ သေချာပေါက် တိုးတက်စေလိမ့်မည် ဖြစ်၏။

သူ၏ စွမ်းအားမြင့် တက်လာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင်သည်လည်း ပိုမို သန်မာလာလိမ့်မည် ဖြစ်သည်။

ဤနည်းလမ်းဖြင့်သာ သူ့အနေဖြင့် လက်ရှိ ရင်ဆိုင်နေရသော အကျပ်အတည်းကို ကျော်လွှားနိုင်ပေလိမ့်မည်။

တာအိုသစ်သီးက ခံတွင်းထဲတွင် အရည်ပျော်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် စွမ်းအင်လှိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ကိုယ်တွင်းအင်္ဂါများ ဆီသို့ ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် စိတ်ကျေနပ်စရာကောင်းသော စနစ်၏ သတိပေးချက်များသည် ကျန်းချန်၏ စိတ်ထဲတွင် စဥ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

“ဒင်.. သင်က တာအိုသစ်သီးကို ဝါးမျိုပြီး အဆ ၁၀၀ ထိုးထွင်းသိမြင်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင့်ရဲ့ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းအားက အကြီးစားအောင်မြင်မှုအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ”

“ဒင်.. သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ် ပဉ္စမအဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားခဲ့ပါပြီ”

“ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားခဲ့ပါပြီ”

“ဒင်.. သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ် သတ္တမအဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားခဲ့ပါပြီ”

“...........”

ဟန်ယွင်အင်မော်တယ်စမ်းရေ၏ ပျိုးထောင်ခြင်းကို ခံထားရသည့် တာအိုသစ်သီးသည် ကျန်းချန်ကို စိတ်မပျက်စေခဲ့ပေ။

ကျန်းချန်၏ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားသည် အကြီးစားအောင်မြင်မှုအဆင့်ကို ရောက်ရှိသွားခဲ့ရုံသာမက ကျင့်ကြံခြင်းအဆင့်တွင်လည်း သုံးဆင့်အထိ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပြီး ရွှေအင်မော်တယ် သတ္တမအဆင့်သို့ပင် တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။

“ကောင်စုတ်လေး မင်းတကယ် အတင့်ရဲတာပဲ”

ကျန်းချန်က တာအိုသစ်သီးကို ဝါးမျိုပစ်လိုက်သည်အားမြင်လျှင် ယစ်ထုတ်အဘိုးအိုသည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူက အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် ရင်ဆိုင်နေရာကနေ ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့သည်။

ဤအခိုက်အတန့်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းထံကနေ တောက်ပသော အလင်းရောင်များ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ယစ်ထုတ်အဘိုးအို၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ကာ ယစ်ထုတ်အဘိုးအို၏ ဦးခေါင်း ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ယစ်ထုတ်အဘိုးအိုက မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ စွမ်းအားများကို ထုတ်ဖော်၍ အစွမ်းကုန် ရင်ဆိုင်လိုက်ရသည်။

ကြောက်မက်ဖွယ် စွမ်းအားနှစ်ရပ်သည် ထပ်မံ၍ ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

ယစ်ထုတ်အဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်ရိုက်ခတ်မှုကြောင့် လက်သီးတစ်ချက်တည်းဖြင့်ပင် မီတာရာချီ အကွာအဝေး အထိ လွင့်စင်သွားခဲ့သည်။

“ရုပ်သေးရုပ်ရဲ့ စွမ်းအားက ပိုပြီးတော့ သန်မာလာပါလား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယစ်ထုတ်အဘိုးအို မျက်ဝန်းထဲတွင် မယုံကြည်နိုင်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ဤတလော့အဆင့် ရုပ်သေးသည် အလွန်တရာ အစွမ်းထက်သော်လည်း ယစ်ထုတ်အဘိုးအိုသည် ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။

သို့သော်လည်း ဤတလော့အဆင့် ရုပ်သေးသည် ၎င်း၏ စွမ်းအားကို ရုတ်တရက် အကြီးအကျယ် မြှင့်တင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယခုအခါတွင် ထိုရုပ်သေးသည် တလော့အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေသည့် သူ့ကိုပင် ယှဥ်ပြိုင်နိုင်နေပြီဖြစ်၏။

နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်လာသော မွန်းစတားအိုကြီး အနေဖြင့် ယစ်ထုတ်အဘိုးအိုသည် ရုပ်သေးရုပ် အတတ်ပညာကို မမြင်ဖူးသည်တော့ မဟုတ်ပေ။

သို့သော်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် ရုပ်သေးရုပ် တစ်ရုပ်ကို ကြုံတွေ့ရခြင်းမှာ ဤတစ်ကြိမ် ပထမဆုံးအကြိမ် ဖြစ်၏။

သေချာသောအချက်မှာ ယစ်ထုတ်အဘိုးအိုသည် သူ့ရှေ့မှ ရုပ်သေးရုပ်က အင်မော်တယ်ဘုရင် တစ်ဦး၏ ရုပ်အလောင်းကို သန့်စင်ထားမှန်း သိရှိနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို သန့်စင်သည့်နည်းလမ်းသည် အလွန်ပင် ဆန်းကြယ်ပြီး ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ကျန်းချန်၏ သွေးအဆီအနှစ်ကို ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်သည်။

ကျန်းချန်၏ စွမ်းအား မြင့်တက်လာသည်နှင့် တစ်ပြိုင်နက် သွေးအဆီအနှစ်ကလည်း ပိုမို အစွမ်းထက်လာမည် ဖြစ်၍ အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်းပင်။

ကျန်းချန်သည် တာအိုသစ်သီးကို ဝါးမျိုပြီးနောက်တွင် ရွှေအင်မော်တယ် သတ္တမအဆင့်အထိ တိုက်ရိုက် တက်လှမ်းသွားခဲ့ရာ ယင်းသည် အင်မော်တယ်ဘုရင် ရုပ်အ‌လောင်းကောင်၏ စွမ်းအားကို သဘာဝကျစွာပင် တစ်ဟုန်ထိုး မြင့်တက်သွားစေခဲ့သည်။

ယစ်ထုတ်အဘိုးအို ကဲ့သို့ တလော့ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ပင်လျှင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မစွမ်းသာတော့ချေ။

“ဒီတာအိုသစ်သီးက ကျော်ကြားသလောက် အစွမ်းထက်ပါပေတယ်”

သူကိုယ်တိုင်နှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင် ထံကနေ တစ်ဟုန်ထိုး မြင့်တက်လာသော စွမ်းအားများကို ခံစားရင်း ကျန်းချန်သည် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

သူက ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်နှစ်ပါး၏ ဖိနှိပ်ခြင်းကို ခံနေရသည့် ဖုန်းချန်ရှင်းကို လှမ်းကြည့်လိုက်ပြီး လက်ညှိုးကို အသာအယာ ဆန့်ထုတ်လိုက်သည်။

“ဝုန်း..”

ကြောက်မက်ဖွယ် ဓားစွမ်းအင်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသည့် ဓားသက်တန့် တစ်စင်းနှယ် စုစည်းသွားခဲ့ပြီး ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်နှစ်ပါးထဲမှ တစ်ပါး ဆီသို့ သက်ရောက်သွားခဲ့သည်။

ဖုန်းချန်ရှင်းကို ဝိုင်းရံတိုက်ခိုက်နေသည့် ထိုခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်သည် ပင်ကိုဗီဇအရ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် နောက်သို့ ပေရာချီ ဆက်တိုက် ဆုတ်ခွာသွားခဲ့သည်။

ထိုအချိန်မှာပင် ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်သွားသည့် ဓားအလင်းသည် ထိုခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်၏ ဦးခေါင်းအထက်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများဖြင့် ခုတ်ပိုင်းချလိုက်သည်။

အခန်း(၂၈၇၃)ပြီး၏။

အခန်း(၂၈၇၄)

ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ခုခံရန်အတွက် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ဓားစွမ်းအားအောက်တွင် သူ၏ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် စွမ်းအားသည် စက္ကူတစ်ရွက်နှယ် ထိမိရုံဖြင့် လုံးဝ ပြိုလဲပျက်စီးသွားခဲ့၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားအလင်းသည် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်၏ စွမ်းအားများကို ချေမှုန်းပစ်လိုက်ကာ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“ဝုန်း..”

ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်က ညည်းညူလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာရာချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ကာ မြေပြင်ထက်သို့ ပြင်းထန်စွာ ပြုတ်ကျ၍ သေဆုံးသွားခဲ့သည်။

ကျန်းချန်က လက်ညှိုးတစ်ချက်တည်းဖြင့်ပင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် တစ်ပါးကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

သူက တာအိုသစ်သီး၏ အကူအညီဖြင့် ရွှေအင်မော်တယ် သတ္တမအဆင့်သို့ တက်လှမ်းသွားခဲ့ရုံသာမက အကြီးစားအောင်မြင်မှု အဆင့်သို့လည်း ရောက်ရှိသွားခဲ့သည်။

သူ၏ လက်ရှိစွမ်းရည်ဖြင့် ဆိုလျှင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသောကိစ္စ တစ်ခုမျှသာ ဖြစ်၏။

စစ်မှန်သော တလော့အင်မော်တယ် တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် သူ့အနေဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့ချေပြီ။

သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ပတ်ဝန်းကျင်မှ လူများသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် ဖြစ်သွားခဲ့ပြီး သူတို့၏ မျက်လုံးများကိုပင် ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။

ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်တစ်ပါးကို သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွယ်တကူပင် ချက်ချင်းဆိုသလို သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ ဘယ်လိုမှ ထင်မှတ်မထားခဲ့ကြချေ။

“ရွှေအင်မော်တယ် သတ္တမအဆင့်လား”

ကျင်းဟုန်ကွမ်းက မျက်မှောင်ကြုတ်သွားခဲ့ပြီး မျက်ဝန်းထဲတွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့ဩ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူအစောပိုင်းက ဤနေရာသို့ ရောက်လာခဲ့စဥ်တွင် ထိုအနက်ရောင် ဝတ်စုံဝတ်လူငယ်သည် ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် သတ်ဖြတ်ပစ်ခဲ့သော်လည်း ထိုအချိန်က ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့်မျှသာ ရှိသည်။

တာအိုသစ်သီးကို ဝါးမျိုပြီးနောက်တွင်မူ ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် ချက်ချင်းဆိုသလိုပင် အဆင့်သုံးဆင့် မြင့်တက်သွားခဲ့ပြီး ‌ရွှေအင်မော်တယ် သတ္တမအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ယခုအခါတွင် ရွှေဓားအင်မော်တယ်ဂိုဏ်း၏ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် ပင်လျှင် တိုက်ကွက် တစ်ကွက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။

ထိုလူငယ်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် တလော့အင်မော်တယ် တစ်ပါးထက် သေချာပေါက် နိမ့်ကျလိမ့်မည် မဟုတ်ချေ။

“ကျင်းဟုန်ကွမ်း.. ဒီလူငယ်က ဘယ်သူလဲ”

ယစ်ထုတ်အဘိုးအိုက ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

သူ၏ မျက်နှာအမူအရာက ပိုမို၍ လေးနက်လာခဲ့သည်။

ဟန်ယွင်အင်မော်တယ်စမ်းရေကနေ ပျိုးထောင်ခံထားရသည့် တာအိုသစ်သီးသည် အလွန်ပင် ဆန်းကြယ်ပြီး ၎င်း၏ အာနိသင်ကို တစ်ထိုင်တည်း ချေဖျက်ရန်မှာ မလွယ်ကူပေ။

သို့သော်လည်း ထိုကောင်လေးသည် တာအိုသစ်သီးကို တိုက်ရိုက်ပင် ဝါးမျိုပစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ရွှေအင်မော်တယ် စတုတ္ထအဆင့်ကနေ သတ္တမအဆင့် အထိ တိုက်ရိုက် တက်လှမ်းသွားနိုင်ခဲ့သည်။

ယင်းကပင် ထိုကောင်လေး၏ ပါရမီက မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို ဖော်ပြနေခဲ့၏။

ဤကဲ့သို့ ပါရမီမျိုးဖြင့် ဆိုလျှင် ထိုကောင်လေးသည် ကမ္ဘာ‌လောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို နားလည်ထားသည့် တလော့အင်မော်တယ်တစ်ပိုင်း ဖြစ်သည်မှာ သေချာနေခဲ့၏။

ပို၍ အရေးကြီးသောအချက်မှာ ထိုကောင်လေးသည် အလွန်တရာ ပါရမီထူးချွန်ရုံသာမက ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် တလော့အဆင့် ရုပ်သေးရုပ်တစ်ရုပ်ကိုလည်း ပိုင်ဆိုင်ထားသည် ဖြစ်ရာ ထိုကောင်လေး၏ နောက်ခံသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းနေလောက်သည်။

ယစ်ထုတ်အဘိုးအိုသည် မည်သည့်နောက်ခံမှ မရှိသော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဝိရောဓိနယ်မြေထဲတွင် သက်တမ်းအရှည်ကြာဆုံး တလော့အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်ခဲ့ခြင်းမှာ အမြဲတစေ သတိကြီးစွာလှုပ်ရှားခဲ့ပြီး မည်ကဲ့သို့ ရွေးချယ်ရမည်ကို သိရှိသောကြောင့်ဖြစ်သည်။

ယ‌နေ့ သူ၏ ရည်မှန်းချက်မှာ ဟန်ယွင်အင်မော်တယ်စမ်းရေကနေ ပျိုးထောင်ခြင်းကို ခံထားရသည့် အင်မော်တယ်သစ်သီးသာ ဖြစ်သည်။

ယခုအခါတွင် အင်မော်တယ်သစ်သီးကို ကျန်းချန်က စားပစ်လိုက်ပြီ ဖြစ်ရာ သူ့အနေဖြင့် ဆက်လက် လှုပ်ရှားနေလျှင်လည်း မည်သည့် အဓိပ္ပါယ်မှ မရှိတော့ချေ။

ဟန်ယွင်အင်မော်တယ်စမ်းရေနှင့် ပတ်သက်၍မူ ဤအရာသည် ဟန်ယွင်အဆင့် အင်အားစုများကသာ ပျိုး‌ထောင်နိုင်သည့် အင်မော်တယ်စမ်းရေတွင်း တစ်ခု ဖြစ်ပြီး ယင်းသည် တလော့အဆင့်၏ ကျင့်ကြံခြင်းအတွက်လည်း ကြီမားသော အကျိုးသက်ရောက်မှု ရှိသည်။

သို့သော်လည်း ဟန်ယွင်အင်မော်တယ်စမ်းရေကို ထည့်သိမ်းနိုင်သည့် အင်မော်တယ်ရတနာ မရှိလျှင် ဟန်ယွင်အင်မော်တယ်စမ်းရေကို ယူဆောင်သွားနိုင်မည် မဟုတ်ချေ။

ယခုအခါ ဝိရောဓိနယ်မြေထဲရှိ အဓိက အင်အားစု အားလုံးသည် ဖုန်းချီအင်မော်တယ်တောင်တန်းတွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်ပြီး သူကမူ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်။

သူက တလော့အင်မော်တယ် တစ်ပါး ဖြစ်‌သော်လည်း ဟန်ယွင်အင်မော်တယ်စမ်းရေကို လုယူရန် အတွက်မူ မဖြစ်နိုင်သလောက်ပင်။

ယင်းအတွက်ကြောင့် သူက လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ရန်ငြိုးမဖွဲ့လိုတော့ချေ။

“ကျင်းဟုန်ကွမ်း ဒီကိစ္စမှာ ငါဝင်မပါတော့ဘူး.. ငါသွားတော့မယ်”

ယစ်ထုတ်အဘိုးအိုက ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျင်းဟုန်ကွမ်း၏ မျက်နှာအမူအရာက ပိုမို၍ အကျည်းတန်သွားခဲ့သည်။

အစောပိုင်းတွင် သူနှင့် ယစ်ထုတ်အဘိုးအိုတို့ လက်တွဲခဲ့သည့်တိုင် တလော့အဆင့်ရုပ်သေးရုပ်ကို အချိန်တိုအတွင်း မနှိမ်နင်းနိုင်ခဲ့ပေ။

ယခုအခါတွင် တလော့အဆင့် ရုပ်သေးရုပ်၏ စွမ်းအားသည် ယခင်ကထက် အဆပေါင်းများစွာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

အကယ်၍ ယစ်ထုတ်အဘိုးအိုသာ ထွက်ခွာသွားခဲ့လျှင် ထိုရုပ်သေးရုပ်ကို သူတစ်ယောက်တည်းဖြင့် ကိုင်တွယ်ရန်မှာ အလွန်တရာ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

“ဝုန်း..”

ဤအခိုက်အတန့်တွင် ပြင်းထန်သော စွမ်းအင်လှိုင်း တစ်ခုသည် ချိုင့်ဝှမ်းအပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့ပြီး နေမင်းထက်ပင် ပိုမို ပူပြင်းသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ချိုင့်ဝှမ်းအပြင်ဘက်ကနေ ရုတ်တရက် လွှမ်းခြုံဝင်ရောက်လာခဲ့သည်။

နောက်ထပ်တစ်ခဏအတွင်း အဝတ်အစားပေါ်၌ မီးလျှံများဖြင့် တောက်လောင်နေသည့် နေမင်းပုံသဏ္ဌာန် ပန်းထိုးထားသည့် အနီရောင်ဝတ်စုံဝတ် အုပ်စုတစ်စုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ထိုလူစု ပေါ်ထွက်လာသည်နှင့်အမျှ ချိုင့်ဝှမ်းတစ်ခုလုံး၏ လေထုသည် ချက်ချင်းပင် နှစ်ဆမျှ ပူပြင်းသွားခဲ့ပြီး ချိုင့်ဝှမ်းအတွင်းရှိ နှင်းများနှင့်‌ရေခဲများ ပင်လျှင် စတင် အရည်ပျော်လာခဲ့သည်။

ရုတ်တရက် ရောက်ရှိလာသော အနီရောင်ဝတ်စုံဝတ် လူစုကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။

ထိုအနီရောင်ဝတ်စုံဝတ်လူစု၏ စွမ်းအားသည် အလွန်တရာသန်မာပြီး ၎င်းတို့ထဲတွင် တလော့အင်မော်တယ်သုံးပါးပင် ပါဝင်နေခဲ့သည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်ဟန် တူသည့် အနီရောင်ဝတ်စုံဝတ် အဘိုးအို၏ စွမ်းအားသည် ယစ်ထုတ်အဘိုးအို ထက်ပင် လုံးဝ မနိမ့်ကျပေ။

“လဲ့ယန်အင်မော်တယ်နန်းတော်ကပါလား”

ကျင်းဟုန်ကွမ်းတို့ လူစုသည် ရုတ်တရက်‌ ရောက်ရှိလာသော အနီရောင်ဝတ်စုံဝတ်လူစုကို မြင်လျှင် မျက်နှာအမူအရာများ ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့သည်။

လဲ့ယန်အင်မော်တယ်နန်းတော် ဆိုသည်မှာ ဝိရောဓိနယ်မြေထဲရှိ ထိုက်ယီအဆင့် အင်အားစုလေးစုထဲမှ တစ်စု ဖြစ်ပြီး ၎င်းတို့တွင် ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ရှိနေရုံသာမက တလော့အင်မော်တယ်အဆင့် ကျင့်ကြံသူ အရေအတွက်သည်လည်း လက်တစ်ဖက်တည်းနှင့်ပင် မရေတွက်နိုင်ချေ။

ဖုန်းချီအင်မော်တယ် တောင်တန်းသို့ လာရောက်သည့် ခရီးစဥ်တွင် လဲ့ယန်အင်မော်တယ်နန်းတော်သည် တလော့အင်မော်တယ် သုံးပါးကို စေလွှတ်ခဲ့သည်။

ယခုအခါတွင် လဲ့ယန်အင်မော်တယ်နန်းတော် ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ သူတို့ ရွှေဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် ဟန်ယွင်အင်မော်တယ်စမ်းရေကို လက်ဝယ် ပိုင်ဆိုင်နိုင်ရန်မှာ ခက်ခဲသွားခဲ့ချေပြီ။

“အကြီးအကဲ.. ဒီနေရာမှာ ဟန်ယွင်အင်မော်တယ်စမ်းရေ ရှိနေတယ်”

ဟန်ယွင်အင်မော်တယ်စမ်းရေကို မြင်လျှင် တလော့အင်မော်တယ် တစ်ပါး၏ မျက်ဝန်းထဲတွင် ပြင်းပြသော လောဘ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဟန်ယွင်အင်မော်တယ်နန်းတော် ဆိုသည်မှာ ဟန်ယွင်အဆင့်အင်မော်တယ်များကို ပိုင်ဆိုင်ထားသည့် ဟန်ယွင်အဆင့် အင်အားစုမှသာ ပျိုးထောင်နိုင်သည့် အင်မော်တယ်စမ်းရေတွင်း တစ်ခု ဖြစ်သည်။

သူတို့ လဲ့ယန်အင်မော်တယ်နန်းတော် အတွက် ပင်လျှင် ဟန်ယွင်အင်မော်တယ်စမ်းရေတွင်းသည် တကယ့် ရှားပါးရတနာ တစ်ခု ဖြစ်၏။

ဖုန်းချီအင်မော်တယ်တောင်တန်းတွင် ကျိရီအင်မော်တယ်တောင်တန်းကို ရှာမတွေ့ခဲ့လျှင်ပင် သူတို့ရှေ့မှ ဟန်ယွင်အင်မော်တယ် စမ်းရေတွင်းကို သိမ်းပိုက်နိုင်ခဲ့မည် ဆိုလျှင် ယင်းသည် သူတို့ အတွက် ထိုက်တန်သော ခရီးစဥ်တစ်ခု ဖြစ်လာပေလိမ့်မည်။

“အားလုံးပဲ.. ဒီနေရာက ငါတို့ လဲ့ယန်အင်မော်တယ်နန်းတော်က ပိုင်ဆိုင်တဲ့နေရာ ဖြစ်သွားပြီ.. ဒီနေရာကနေ အမြန်ဆုံးထွက်သွားပေးကြပါ.. မဟုတ်ရင်တော့ ငါတို့ လဲ့ယန်အင်မော်တယ်နန်းတော်က မင်းတို့ကို ညှာတာနေမှာ မဟုတ်ဘူး”

ဦးဆောင်လာသည့် အနီရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများက တောက်ပပြီး ၎င်း၏ အလွန်တရာ အထက်စီးဆန်သော လေသံက လူတိုင်း၏ နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

ကျင်းဟုန်ကွမ်းက မကျေမနပ် အမူအရာဖြင့် ပြောလိုက်သည်။

“ဟုန်ယွင်.. မင်းတို့ လဲ့ယန်အင်မော်တယ်နန်းတော်က အရမ်းအနိုင်ကျင့်လွန်းတာပဲ”

“ငါတို့ လဲ့ယန်အင်မော်တယ်နန်းတော်က အနိုင်ကျင့်တော့ရော မင်း ဘာတတ်နိုင်မှာမို့လို့လဲ”

အနီရောင်ဝတ်စုံဝတ် အဘိုးအိုက ကျင်းဟုန်ကွမ်းကို လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ကျင်းဟုန်ကွမ်း.. မင်းတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းက ဝိရောဓိနယ်မြေထဲမှာ ဆက်ပြီး ရပ်တည်ချင်သေးတယ် ဆိုရင် အခုချက်ချင်း ဒီကနေ ထွက်သွားလိုက်တာ အကောင်းဆုံးပဲ”

ဝိရောဓိနယ်မြေထဲရှိ ထိုက်ယီအဆင့် အင်အားစုလေးစု ထဲမှ တစ်စုအနေဖြင့် လဲ့ယန် အင်မော်တယ်နန်းတော်သည် အခြားသော ထိုက်ယီအဆင့် အင်အားစု သုံးစုကိုသာ အလေးထားသည်။

သာမန် တလော့အဆင့် ရွှေဓားအင်မော်တယ်ဂိုဏ်းလောက်ကို သူတို့ လဲ့ယန်အင်မော်တယ် နန်းတော်သည် အဘယ်ကြောင့် ဂရုစိုက်နေရပါမည်နည်း။

အနီရောင်ဝတ်စုံဝတ် အဘိုးအို၏ ခြိမ်းခြောက်သော စကားကိုကြားလျှင် ကျင်းဟုန်ကွမ်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် အကျည်းတန်သွားခဲ့သည်။

သူက မကျေမနပ် ဖြစ်နေသော်လည်း လဲ့ယန်အင်မော်တယ်နန်းတော် ဆိုသည်မှာ သူတို့ ရွှေဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် ယှဥ်ပြိုင်နိုင်သော အင်အားစု မဟုတ်မှန်း ကောင်းစွာ သိရှိထားခဲ့သည်။

အကယ်၍ လဲ့ယန်အင်မော်တယ်နန်းတော်ကို သွားရောက် ရန်စမိလျှင် ဝိရောဓိနယ်မြေ တစ်ခုလုံးတွင် သူတို့‌ရွှေဓားအင်မော်တယ်ဂိုဏ်း အတွက် ခြေချစရာနေရာပင် ရှိတော့မည် မဟုတ်ပေ။

“သွားကြစို့”

ကျင်းဟုန်ကွမ်းက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီးနောက်တွင် မည်သည့် စကားမျှ ထပ်မံ မပြောတော့ဘဲ ချာခနဲလှည့်ကာ ချိုင့်ဝှမ်း အပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။

အခန်း(၂၈၇၄)ပြီး၏။

All Chapters