← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈ - တိုက်မုပိုင်ကို လူပုံအလယ်တွင် မျက်နှာဖြတ်ရိုက်ခြင်း။

"ယုတ်မာတဲ့ နည်းလမ်းတွေ ဟုတ်လား နင်ကိုယ်တိုင်ကပဲ ခြိမ်းခြောက်နေတာလေ တိုက်မုပိုင်။ ဘယ်သူက ပိုယုတ်မာနေတာလဲ။"

ဘေးတွင် ရပ်နေသော ပိုင်ချန်ရှန်းမှာ ဤမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချမိသည်။ တိုက်မုပိုင်သည် လူပုံအလယ်တွင် အရှက်ကွဲနေသော်လည်း ရှောင်ချန်ယွီလက်ထဲမှ မှတ်တမ်းတင်ကျောက်ပြားကို ပြန်လည်ရယူနိုင်ပါက အခြေအနေကို ပြောင်းလဲနိုင်မည်ဟု သူ ထင်နေပုံရသည်။

"ရှောင်ချန်ယွီ မင်း ဂရုစိုက်ဖို့ ငါ အကြံပေးချင်တယ်။ ငါတို့ ရှီလိုင်ခဲကျောင်းမှာ ဝိညာဉ်ကုန်းမြေပေါ်ရှိ အဆင့်မြင့်ဆုံး သင်ကြားရေးနည်းလမ်းတွေ ရှိတယ်။"

"မင်း ငါတို့ကို ရန်စမိရင် မင်းရဲ့ အနာဂတ်အတွက် လမ်းစတွေ ခက်ခဲသွားလိမ့်မယ်။"

မာဟုန်ကျွင်းက ဘေးမှ သတိပေးလိုက်သည်။

ရှောင်ချန်ယွီ လက်ထဲတွင် မှတ်တမ်းတင်ကျောက်ပြား တစ်ခုထက်ပိုပြီး ရှိနေသေးသည်ဟု ပြောထားသောကြောင့် မာဟုန်ကျွင်းလည်း ကြောက်လန့်ပြီး သူကိုယ်တိုင် အရှက်ကွဲမည့်အရေးကို စိုးရိမ်နေခြင်း ဖြစ်သည်။

"ရှီလိုင်ခဲကျောင်း အဲဒီလောက်တောင် အစွမ်းထက်လို့လား အဲဒါ အမှိုက်ကျောင်းသက်သက်ပဲ။ ဒီကျောင်းက တကယ်ပဲ ဘာမှ အသုံးဝင်တာတွေ သင်ပေးနိုင်မယ်လို့ မင်း ထင်နေတာလား။"

တိုက်မုပိုင်က ရှီလိုင်ခဲကျောင်းအကြောင်း ပြောလာသောအခါ ရှောင်ချန်ယွီမှာ အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် မူလဇာတ်လမ်းကို သိရှိထားသူဖြစ်ရာ ရှီလိုင်ခဲကျောင်း၏ အနှစ်သာရမှာ အလိမ်အညာသက်သက်သာ ဖြစ်ကြောင်း ကောင်းစွာ သိသည်။

ရှီလိုင်ခဲ၏ ကျောင်းသား၇ယောက် နတ်ဘုရားဖြစ်လာခြင်းမှာ အမှန်တကယ်တွင် ကျောင်း၏ သင်ကြားမှုကြောင့်မဟုတ်ဘဲ ကံကောင်းခြင်းများနှင့် သူတို့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများကြောင့်သာ ဖြစ်သည်။

"သေစမ်း မင်း ငါ့ရဲ့ ရှီလိုင်ခဲကျောင်းကို စော်ကားရဲတယ်ပေါ့။"

တိုက်မုပိုင်မှာ ဒေါသထွက်လွန်း၍ မျက်နှာမှာ ခရမ်းရောင်သန်းသွားသည်။

သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ရှောင်ချန်ယွီက အေးဆေးစွာ လက်ယမ်းလိုက်ပြီး...

"အကြီးအကဲရှောင် သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်ပါ။"

စကားဆုံးသည်နှင့် တစ်ပြိုင်နက်

တိုက်မုပိုင်တောင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ အရိပ်တစ်ခုက သူ၏ ရှေ့သို့ ရောက်ရှိလာပြီး တိုက်မုပိုင်၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည်။

တိုက်မုပိုင်မှာ ထိုရိုက်ချက်ကြောင့် လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ခံလိုက်ရသည်။

"ဘယ်သူလဲ ဘယ်သူလဲ။"

တိုက်မုပိုင်မှာ အလွန်နာကျင်သွားသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။ မင်းသားတစ်ပါးအနေဖြင့် ဤမျှအထိ အရှက်ကွဲမည်ဟု သူ မထင်ထားခဲ့ပေ။

"မင်းတို့ ဘယ်သူတွေလဲ။ ငါတို့ ရှီလိုင်ခဲကျောင်းကို စော်ကားရဲတယ်ပေါ့။ ငါတို့ကျောင်းမှာ ဝိညာဥ်တုံ့လော တွေ ရှိတယ်ဆိုတာ မသိဘူးလား။"

"မင်းတို့ သေချင်နေတာ...ဟင် အဆင့် ၉၉ထိပ်တန်းတုံလောကြီးးးး။"

မာဟုန်ကျွင်းက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူ၏ ရှေ့တွင် ရပ်နေသည့် အဘိုးအိုကို မြင်လိုက်ရသောအခါ အသံမှာ တိတ်ဆိတ်သွားသည်။

အဘိုးအို၏ ကိုယ်ပိုင်အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သူ၏ ဝိညာဉ်ကွင်း (၉) ခုမှာ လင်းလက်နေသည်။

မာဟုန်ကျွင်း၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး

"အကြီးအကဲ... အကြီးအကဲ... ဒါက ဘာသဘောလဲဗျာ။ ကျွန်တော်တို့ ရှီလိုင်ခဲကျောင်းက အကြီးအကဲကို ရန်မစခဲ့ပါဘူး။"

ကြောက်ရွံ့စွာဖြင့် ပြုံးပြလိုက်ရတော့သည်။

တိုက်မုပိုင်တစ်ယောက် အဘိုးအို၏ ပါးရိုက်ချက်ကြောင့် မြေပြင်ပေါ်မှာ ခွေးတစ်ကောင်လို ပုံလျက်သား ဖြစ်သွားသည်ကို မြင်တော့ ပိုင်ချန်ရှန်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

'ဟားဟား... ရှီလိုင်ခဲရဲ့ အထွတ်အထိပ်ဆိုတဲ့ တိုက်မုပိုင်က ဒီလောက်ပဲလား။ ဟိုမှာ ကြည့်စမ်း... ပါးရိုက်ခံလိုက်ရတာ မျက်နှာတောင် ဖောယောင်နေပြီ။'

ပိုင်ချန်ရှန်းသည် ရှောင်ချန်ယွီ၏ နောက်ကွယ်မှ အဆင့် ၉၉ ထိပ်တန်းတုံ့လောကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

ရှီလိုင်ခဲအဖွဲ့၏ မောက်မာမှုများ ပျက်စီးသွားသည်ကို မြင်ရခြင်းမှာ သူမအတွက် ဖျော်ဖြေမှုတစ်ခုလို ဖြစ်နေသည်။

'ဟိုမှာ... စောစောကတော့ ရှီလိုင်ခဲကို စော်ကားရင် သေမယ်ဆိုပြီး ကြိမ်းဝါးနေတဲ့ မာဟုန်ကျွင်းလေး အခုတော့ ကြောက်လန့်ပြီး တုန်တုန်ယင်ယင်နဲ့။ ရှီလိုင်ခဲကျောင်းက လူတွေက တကယ်ပဲ အချင်းချင်း အားကိုးကြတာလား ဒါမှမဟုတ် အရှက်မဲ့ကြတာလား။'

ပိုင်ချန်ရှန်းသည် ရှောင်ချန်ယွီဘက်သို့ မျက်လုံးများ ရွှေ့လိုက်သည်။ သူမ အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်သည်။

"ရှီလိုင်ခဲ... နတ်ဆိုးကျောင်းတဲ့လားဒီလောက်အထိ အရှက်ကွဲတာတောင် မပြေးသေးဘူး။ အင်း... သူတို့က တကယ်ပဲ အရှက်ဆိုတဲ့ အရာကို သင်ခန်းစာထဲမှာ မသင်ခဲ့ကြတာ ဖြစ်ရမယ်။"

All Chapters