Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃ - မိမိကိုယ်ကိုယ် အလကားပေးအပ်ခြင်း။

"မင်း ငါ့ဆီကို ပူးပေါင်းချင်တယ်ပေါ့ ဒါကတော့ စဉ်းစားရမယ့် ကိစ္စပဲ။"

ရှောင်ချန်ယွီသည် ပိုင်ချန်ရှန်း၏ စကားကို ကြားလိုက်ရသော်လည်း ချက်ချင်း လက်မခံဘဲ အနည်းငယ် တုံ့ဆိုင်းနေဟန် ပြလိုက်သည်။ တကယ်တမ်းဆိုလျှင် သူသည် ခွန်အားမျိုးနွယ်စုမှ ထိုက်လုံလုံနှင့် မကြာသေးမီကပင် ပဋိပက္ခ ဖြစ်ပွားထားသည်။

သို့သော်လည်း မျိုးနွယ်စုကြီးလေးခုမှာ တစ်ခုနှင့်တစ်ခု မတူညီကြပေ။

ခွန်အားမျိုးနွယ်စုသည် ပန်းပဲလုပ်ငန်းဖြင့် အသက်ဆက်နိုင်ပြီးကာကွယ်ရေးမျိုးနွယ်စု'မှာလည်း ဆောက်လုပ်ရေး ကျွမ်းကျင်မှုဖြင့် တည်ငြိမ်နေသည်။

ဖျက်ဆီးရေးမျိုးနွယ်စုမှာမူ အဆိပ်အတောက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ငွေကြေးချမ်းသာကြသည်။

အဆိုးဆုံးမှာ အရှိန်အဟုန်မျိုးနွယ်စုဖြစ်ပြီး သူတို့မှာမူ အလွန်အမင်း ဆင်းရဲကျပ်တည်းနေသည့် ဘဝကို ပိုင်ဆိုင်ထားသည်။

သို့သော် အနာဂတ်တွင် ပိုင်ချန်ရှန်းသည် အဆင့်မြင့် တိုက်ခိုက်သူ တစ်ဦးဖြစ်လာမည်ကို ရှောင်ချန်ယွီ သိရှိထားသဖြင့် သူမကို ပစ်ပယ်ရန် ခက်ခဲနေသည်။

ရှောင်ချန်ယွီက အချိန်ဆွဲနေသည်ကို မြင်တော့ ပိုင်ချန်ရှန်းမှာ အလွန်တုန်လှုပ်သွားသည်။ သူမသည် ရှောင်ချန်ယွီကိုသာလျှင် သူမ၏ တစ်ဦးတည်းသော အနာဂတ်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

"ချန်ယွီ... ကျေးဇူးပြုပြီး စဉ်းစားပေးပါ။ အစ်ကိုသာ လက်ခံမယ်ဆိုရင် ကျွန်မ ကောင်းကင်ဂိုဏ်းနဲ့လမ်းခွဲရဲတယ်။ ကျွန်မရဲ့ အဘိုးတောင် လက်မခံရင် ကျွန်မရဲ့ မျိုးနွယ်စုနဲ့တောင် လမ်းခွဲဖို့ ဝန်မလေးပါဘူး။"

ပိုင်ချန်ရှန်း၏ စကားသံမှာ တုန်ယင်နေသည်။ သူမသည် ရှောင်ချန်ယွီ၏ အရည်အချင်း အဆင့် ၉၉ ထိပ်တန်းတုံ့လောတစ်ဦး၏နောက်ခံအင်အားနှင့် နတ်ဘုရားလက်နက်များ ထုတ်သုံးနိုင်သည့် စွမ်းအားတို့ကို မြင်တွေ့ပြီးနောက် သူ၏ လက်အောက်တွင်သာ နေထိုင်လိုစိတ် ပြင်းပြနေသည်။

ပတ်ဝန်းကျင်ရှိ ပရိသတ်များမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"သေစမ်း... ဒါ ဘာတွေဖြစ်နေတာလဲ ပိုင်ချန်ရှန်း မင်း ဘာတွေပြောနေတာလဲ။ရှောင်ချန်ယွီဆိုတဲ့ ကောင်ဆီမှာ ဘာတွေများ ဆွဲဆောင်မှု ရှိနေလို့လဲ။"

တိုက်မုပိုင်မှာ ဒေါသထွက်လွန်း၍ မျက်နှာပျက်နေသည်။ သူ၏ စေ့စပ်ထားသူ ကျူကျူချင်းကို လုယူသွားရုံမက အခြားသော နတ်သမီးလေး ပိုင်ချန်ရှန်းကပါ မိမိကိုယ်ကိုယ် အလကား ပုံအပ်နေခြင်းမှာ သူ့အတွက် မခံမရပ်နိုင်စရာပင်။

ရှောင်ချန်ယွီ၏ ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသော မြင်ကွင်းမှာ မာဟုန်ကျွင်းအတွက်မူ အဆိပ်အတောက် တစ်ခွက်သောက်လိုက်ရသကဲ့သို့ပင်။

"ရှောင်ချန်ယွီ ငါ မင်းကို အသေမုန်းတယ်မင်းက ငါ့ရဲ့ ပိုင်ချန်ရှန်းကို လုယူသွားရုံမက ငါ့ကိုပါ အရှက်ခွဲနေတာလား။"

မာဟုန်ကျွင်းမှာ ဒေါသဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ရင်ထဲတွင်ရှိသော နတ်သမီးလေးက သူ့ကို ဤမျှအထိ ရက်ရက်စက်စက် စွန့်ပစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ပိုင်ချန်ရှန်း နင်က ရှီလိုင်ခဲကျောင်းမှာ နေရတာ အဆင်မပြေဘူးလား မာဟုန်ကျွင်းက မင်းကို ချစ်ပါတယ်။"

ရဲ့လင်လင်က အံ့ဩစွာ မေးလိုက်သည်။

"ငါသူ့ကို မလိုချင်တော့ဘူး။"

ပိုင်ချန်ရှန်းက အေးစက်စက် ပြန်ဖြေလိုက်သည်။ သူမအတွက် မာဟုန်ကျွင်းမှာ ရှောင်ချန်ယွီ၏ လက်ဖျားပင် မမီပေ။

သူမသည် ရှောင်ချန်ယွီ၏ အဖွဲ့ထဲ ဝင်ရောက်ရန်သာမကသူ့၏ စိတ်တိုင်းကျ ဖြစ်စေရန်အတွက် ဘဝတစ်ခုလုံးကို ပေးဆပ်ရန် အဆင်သင့် ဖြစ်နေသည်။

"အဟွတ်"

မာဟုန်ကျွင်းမှာ ဒေါသကြောင့် သွေးပင်အန်ထုတ်လိုက်ရပြီး မေ့လဲမတတ် ဖြစ်သွားသည်။ သူသည် ပိုင်ချန်ရှန်း၏ နောက်လိုက် အဖြစ် ရူးရူးမိုက်မိုက် လုပ်ခဲ့သမျှမှာ အလကား ဖြစ်သွားရပြီဖြစ်၏။

ရှောင်ချန်ယွီမှာမူ ပိုင်ချန်ရှန်း၏ စိတ်ရင်းအမှန်ကို မြင်လိုက်ရသည့်အခါ ပြုံးလိုက်သည်။

"ကောင်းပြီလေ... မင်းရဲ့ စိတ်ရင်းကို ငါ လက်ခံပါတယ်။ ငါ့ရဲ့ အဖွဲ့ထဲကို ဝင်လာမယ့်သူတွေကို ငါ အမြဲတမ်း စောင့်ရှောက်ပေးမယ်။"

ရှောင်ချန်ယွီ၏ စကားသံကြောင့် ပိုင်ချန်ရှန်းမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး သူမ၏ မျက်ဝန်းများမှာ မျှော်လင့်ချက်အသစ်များဖြင့် တောက်ပသွားတော့သည်။