Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀ - လက်ထပ်ထိမ်းမြားခြင်းဖြင့် မဟာမိတ်ဖွဲ့ခြင်း။

"ရှောင်ချန်ယွီနဲ့ ဘာမှမပတ်သက်ဘူးလား။ဒီလိုစွမ်းအားရှင်မျိုးကို လက်လွှတ်လိုက်ရတာ အဓိပ္ပာယ်မရှိဘူး။ ဒီအဘိုးကြီးကပဲ သူ့ကို စည်းရုံးကြည့်ဖို့ ကြိုးစားရမလားပဲ။"

ပီပီတုံက ရှောင်ချန်ယွီအကြောင်းကို တွေးတောနေစဉ်တွင် ချန်တောက်လျိုကလည်း သူ့စိတ်ထဲ၌ အကြံအစည်တစ်ခု ပေါ်ပေါက်လာသည်။

ချန်တောက်လျိုသည် ဝိညာဉ်နန်းတော်၏ အကြီးအကဲ ဖြစ်သည်။ သူသည် ပီပီတုံအား အမှန်တကယ်တွင် အပြစ်ရှိသည်ဟု ခံစားနေရသဖြင့် သူမအပေါ် အမြဲတမ်း သည်းခံပေးလေ့ရှိပြီး ပီပီတုံ ပုပ်ရဟန်းမင်းကြီးဖြစ်လာရန် နောက်ကွယ်မှ အပြည့်အဝ ထောက်ခံပေးခဲ့သူဖြစ်သည်။

သူသည် ပီပီတုံကို မကြောက်ရွံ့သော်လည်း သူမအပေါ်တွင် အပြစ်ရှိစိတ်ဖြင့်သာ ပြုမူဆက်ဆံလေ့ရှိသည်။

"ပီပီတုံ ဒီကလေး ရှောင်ချန်ယွီအပေါ် မင်း ဘယ်လိုသဘောထားလဲ။"

ချန်တောက်လျိုက ရည်ရွယ်ချက်ရှိရှိဖြင့် မေးလိုက်သည်။

"ရှောင်ချန်ယွီလား ချန်တောက်လျို ဒီမေးခွန်းရဲ့ အဓိပ္ပာယ်က ဘာလဲ။"

ပီပီတုံမှာ စိတ်ရှုပ်ထွေးသွားသည်။ ရှောင်ချန်ယွီနှင့် ပတ်သက်မှုမရှိဟု သူကိုယ်တိုင်ပြောပြီးမှ အဘယ်ကြောင့် သူ့အကြောင်းကို မေးမြန်းနေရသနည်း။

"ဟုတ်တယ် ငါ ရှောင်ချန်ယွီနဲ့ လက်ထပ်ထိမ်းမြားခြင်းဖြင့် မဟာမိတ်ဖွဲ့ချင်လို့ပဲ ဒီကလေးက တကယ်ကို ထူးချွန်

တယ်။"

"မင်းက ရွှယ်အာ ရဲ့ မိခင်ဆိုတော့ မင်းမှာ စကားပြောပိုင်ခွင့် ရှိပါတယ်။ အကယ်၍ ရွှယ်အာနဲ့ ရှောင်ချန်ယွီသာ အတူတူရှိနေမယ်ဆိုရင် ကျွန်တော်တို့ ဝိညာဉ်နန်းတော်ရဲ့ အင်အားဟာ အဆပေါင်းများစွာ တိုးတက်လာမှာ မဟုတ်ဘူးလား။"

"အဲ့ဒီအခ ကောင်းကင်ဂိုဏ်း နဲ့ အပြာရောင်လျှပ်စစ်နဂါးမျိုးနွယ်စုတွေဆိုတာ ပြောပလောက်စရာတောင် ရှိတော့မှာမဟုတ်ဘူး။"

ချန်တောက်လျိုက တိုက်ရိုက်ပင် အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ချန်တောက်လျိုသည် ရှောင်ချန်ယွီ၏ အလားအလာကို မြင်ပြီး တစ်ခုခုကို အလောင်းအစား လုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မူလဇာတ်လမ်းအရ ချန်တောက်လျို၏ နောက်ဆုံးအချိန်မှာ အလွန်ပင်ပန်းဆင်းရဲခဲ့သည်။ သူ၏ မြေးဖြစ်သူ ချန်းရန်ရွှယ်သည် တန်စန်းအပေါ် အချစ်စိတ်လွန်ကဲပြီး နတ်ဘုရားအဆင့်ကိုပင် စွန့်လွှတ်ရသည်အထိ ဖြစ်ခဲ့ရသည်။ ချန်တောက်လျိုသည် သူမအတွက် အသက်ကိုပင် ပေးဆပ်ခဲ့သော်လည်း ရွှယ်အာကမူ အဘိုးဖြစ်သူ၏ စကားကို နားမထောင်ဘဲ တန်စန်းအပေါ်တွင်သာ စွဲလမ်းနေခဲ့သည်။

ယခုမူ ချန်တောက်လျိုသည် တန်စန်းထက် ပိုမိုစွမ်းအားကြီးမားပြီး အလားအလာကောင်းသော ရှောင်ချန်ယွီကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ရွှယ်အာနှင့် တွဲဖက်ပေးရန် ကြိုးစားလိုက်သည်။

"ရှောင်ချန်ယွီလား။"

ပီပီတုံသည်လည်း မျက်လုံးကို မှေးစင်းလိုက်သည်။ သူမသည်လည်း ဤလက်ထပ်ထိမ်းမြားခြင်း မဟာမိတ်ဖွဲ့မှုနှင့် ပတ်သက်၍ အလေးအနက် စဉ်းစားနေပုံပေါ်သည်။

ရှောင်ချန်ယွီသည် အမှန်တကယ်ပင် အစွမ်းထက်ပြီး သူ့နောက်ကွယ်တွင ထိပ်တန်းတုံ့လော တစ်ဦး ရှိနေပါကဝိညာဉ်နန်းတော်အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာနိုင်သည်မှာ ငြင်းမရပေ။

ဝိညာဉ်ကုန်းမြေ၏ ကံကြမ္မာမှာ ရှောင်ချန်ယွီ၏ ရွေးချယ်မှုအပေါ်တွင် မူတည်၍ ကြီးမားစွာ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

ရှောင်ချန်ယွီသည် ဤမဟာမိတ်ဖွဲ့ခြင်းကို လက်ခံမည်လော။