← Chapters

အခန်း ၄၄၁

Vol. 45 Ch. 441

အခန်း ၄၄၁

Vol. 45 Ch. 441

အခန်း (၄၄၁) - စတုတ္ထမြောက် ဘုရင်(၂)

သို့သော် သူတို့မှာ အနည်းငယ် သက်သာရာရသွားကြသည်။ အကြောင်းမှာ ရောက်လာခဲ့‌သော စတုတ္ထမြောက်ဘုရင်မှာ ကိုယ်ပွားတစ်ခုသာ ဖြစ်နေသောကြောင့် ဖြစ်သည။ အကယ်၍ ခန္ဓာကိုယ် အစစ်အမှန် ရောက်လာပါက လူစုခွဲပြီး ထွက်ပြေးရန်ပင် အမှန်တကယ် ခက်ခဲပေလိမ့်မည်ဖြစ်သည်။

“မိစ္ဆာ ခန္ဓာကိုယ် ကိုယ်ပွား တစ်ခုပဲ ဆိုရင်တောင် မင်းတို့ အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့က လုံလောက်တာထက်‌တောင် ပိုနေပါပီ ”

စတုတ္ထမြောက် ဘုရင်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

ဝူယွမ်က စတုတ္ထမြောက် ဘုရင်ကို ကြည့်လိုက်ပီး လှောင်ပြောင်ကာ ပြောလိုက်သည် “မင်း ဟန်ဆောင်နေစရာ မလိုပါဘူး၊ မင်းတို့ ကမ္ဘာခြားနတ်ဆိုးတွေက ဒီလောကမှာ ပုန်းအောင်းနေတာက စိုးရိမ်ပူပန်မှု တချို့ ရှိနေသေး မှန်း သိသာလွန်းတယ်၊ တစ်ကယ်လို့မည်သည့်အရာကိုမ စိုးရိမ်နေခြင်းမရှိရင် မင်းတို့ရဲ့စရိုက်အရ ပေါက်ကွဲထွက်လာပြီး ဒီလောကကြီးတစ်ခုလုံးကို ကျူးကျော်နေလောက်ပြီ”

“အခု မင်းရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်ကို ကိုယ်ထင်မပြရဲဘူးဆိုတာလည်း တစ်ခုခုကို ကြောက်နေလို့ ထင်တယ်၊ ငါခန့်မှန်းကြည့်ရမယ်ဆိုရင် မင်းကအခြား ရှေးဟောင်း သခင်ကြီးတွေကို ကြောက်နေတာ ဟုတ်တယ်မလား”

စတုတ္ထမြောက် ဘုရင်က ဝူယွမ်၏ စကားများကြောင့် အထိနာသွားကာ မျက်နှာ အမူအရာမှာလည်း လွန်စွာ မှုန်ကုပ်သွားလေသည်။

အမှန်ပင် ရှေးဟောင်း သခင်ကြီး ရှစ်ဦးကို ကြောက်ရွံ့နေရခြင်းကြောင့် ဤဘုရင်များမှာ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်း သခင်ကြီး ရှစ်ဦးမှာ သံသရာဝင်စားနေကြသည်ဖြစ်စေ၊ အိပ်စက်နေကြသည်ဖြစ်စေ၊ တည်ရှိနေခြင်းကပင် ဤကမ္ဘာခြားနတ်ဆိုးများအတွက် ကြောက်ရွံ့တုန်လှုပ်စေ၏။

စတုတ္ထမြောက် ဘုရင်က လှောင်ပြောင်လိုက်ပြီး “မင်းက တော်တော် ပါးနပ်တာပဲ၊ ဒါပေမယ့် ဒီအရာအားလုံးကို သိနေရင်တောင် မင်းအတွက်ဘာမ အသုံးမဝင်ဘူး ၊ လက်ရှိ မင်းတို့ အားလုံးကို သတ်ဖို့ဆိုတာ ငါ့အတွက်မခက်ခဲပါဘူး၊ အဲဒီ အဖိုးကြီးတွေက အိပ်စက်နေတုန်းပဲဆိုတော့ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူက သိမှာလဲ”

“မင်းနဲ့ အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောတော့ဘူး၊ မင်း သိတာထားတွေ များလွန်းပြီး အလျှန်အမြန် ကြီးထွားလာနေတယ်၊ဒါကြောင့် ဒီနေ့ မင်းကို ငါ အရင်ဆုံး သတ်ပစ်မယ်”

စတုတ္ထမြောက် ဘုရင်၏ လူရိပ်က တဖျပ်ဖျပ်လက်သွားပြီး ဝူယွမ်၏ ရှေ့တွင် ပေါ်လာသည်။

“လမ်းကြောင်းခြောက်သွယ် သံသရာ လက်သီး”

ဝူယွမ်က လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ခမ်းနားကြီးကျယ်သော လက်သီး ရည်ရွယ်ချက် တစ်ခု ထွက်ပေါ်လာ၏။ သံသရာ၏ စွမ်းအားများကို သယ်ဆောင်လာသော လမ်းကြောင်းခြောက်သွယ် သံသရာ ဖြစ်စဉ်များ ကောင်းကင်ထက်တွင် ပေါ်လာပြီး စတုတ္ထမြောက် ဘုရင်ကို လွင့်စင်သွားစေသည်။

“မင်းတို့ အားလုံး အရင် ဖယ်နေကြ၊ ငါတို့ လေးယောက်ပဲ သူ့ကို တိုက်ခိုက်မယ် ”

ဝူယွမ်က အလျင်အမြန် အမိန့်ပေးလိုက်သည်။

သူနှင့်အတူ တိုက်ခိုက်ရန် ချင်းကျီ၊ မိုလော့နှင့် လင်းတုန်တို့ကိုသာ ချန်ထားခဲ့သည်။

အခြားသူများ နောက်ဆုတ်သွားကြသည်။

ဤသံသရာအဆင့် တိုက်ပွဲတွင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များမှာ အသုံးမဝင်‌ပေ။ သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှုများကို မည်သို့မျှ ခံနိုင်ရည်မရှိကြပေ။ စတုတ္ထမြောက် ဘုရင်ကဲ့သို့ စစ်မှန်သော ဘုရင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကိုဆိုလျှင် ပို၍ပင်မဖြစ်နိုင်ပေ။

ဝူယွမ်၏ ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းသည် ယခုလေးတင်မ အသုံးပြုထားခဲ့ခြင်း‌ကြောင့် အချိန်တိုအတွင်း အသုံးပြု၍ မရနိုင်သေးပေ။ ထို့ကြောင့် စတုတ္ထမြောက် ဘုရင်ကို ကိုင်တွယ်ဖြေရှင်းရန် လူအများအပြား လိုအပ်ခြင်း ဖြစ်သည်။

“မဟာရှေးဟောင်း ကျမ်းစာ”

လင်းတုန်က ဟိန်းဟောက်လိုက်ပြီး မြေကြီးကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်သည်။ နက်နဲသော လှိုင်းဂယက်တစ်ခု ပြန့်ကျဲသွားပြီး ကုန်းမြေကြီးသည် ချက်ချင်း တုန်ခါသွားလေသည်။ များပြားလှသော စွမ်းအင်များ ဆူပွက်လာပြီး လင်းတုန်၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာ၏။

“ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်” မြေကြီး၏ စွမ်းအားကို စုပ်ယူနေစဉ် လင်းတုန်က ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်ကို တစ်ပြိုင်နက်တည်း ဖန်တီးလိုက်ရာ ၎င်းက လေထဲတွင် အလွန်တရာ ကျယ်ပြောပြီး ရှုပ်ထွေးသော အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များက ဤအချိန်တွင် လင်းတုန်၏ ခန္ဓာကိုယ်မှ ဆူပွက်ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်အတွင်းသို့ ဝင်ရောက်သွားလေသည်။ ထို့နောက် အစီအရင်က အသက်ဝင်လာပြီး အမည်းရောင် အလင်းတန်းတစ်ခုက စတုတ္ထမြောက် ဘုရင်ဆီသို့ တည့်မတ်စွာ ကျဆင်းလာလေသည်။

“ကောင်းကင်ပြာနဂါး အသွင်ပြောင်း ကျင့်စဉ်၊ ကောင်းကင်ပြာနဂါး ဟိန်းဟောက်သံ”

“ဂါး”

ချင်းကျီက ကျန်းတစ်သောင်းခန့်ရှိသော ကောင်းကင်ပြာနဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ် တစ်ခုလုံးက အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက ကောင်းကင်ပြာနဂါး လှံတံတစ်ခုကို ဖန်တီးလိုက်ပြီး စတုတ္ထမြောက် ဘုရင်ဆီသို့ ပစ်လွှတ်သွားလေသည်။

“မီးတောက် ဘိုးဘေးအဆောင်၊ ဖီးနစ် အရိပ် မီးတောက် လှံတံ”

မိုလော့က မီးတောက် ဘိုးဘေးအဆောင်ကို ဖန်တီးလိုက်ရာ ၎င်းက ဧရာမ မီးတောက် ဖီးနစ်ငှက်ကြီးအဖြစ် ပြောင်းလဲသွားပြီး အနီရင့်ရောင် လှံတံရှည်တစ်ခုအဖြစ် စုစည်းကာ ပစ်လွှတ်လိုက်လေသည်။

သုံးဦးစလုံးက အစွမ်းအထက်ဆုံး တိုက်ခိုက်မှုများကို တစ်ခါတည်း ထုတ်လွှတ်လိုက်ကြပြီး အနည်းငယ်မျှပင် ချန်လှပ်မထားခဲ့ကြပေ။

ကြမ်းတမ်းသော တိုက်ခိုက်မှုများ ချဉ်းကပ်လာသည်ကို မြင်သောအခါ စတုတ္ထမြောက် ဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်နှစ်ဖက်ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်ပီး ရုတ်တရက် ဆွဲခွာလိုက်ရာ ဧရာမ အမည်းရောင် အလင်းဒိုင်းလွှားကြီးတစ်ခု ချက်ချင်း စုစည်းသွားလေသည်။

အစွမ်းထက်သော ရိုက်ခတ်မှု သုံးခုက အမည်းရောင် အလင်းဒိုင်းလွှားကြီးကို ဝင်တိုက်မိရာ လျင်မြန်စွာပင် အားပျော့သွားပီး နောက်ဆုံးတွင် အပိုင်းပိုင်းအစစ ကြေမွသွားလေသည်။

ဝုန်း၊ဝုန်း ဝုန်း

ကြမ်းတမ်းသော တိုက်ခိုက်မှုများက စတုတ္ထမြောက် ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

လူရိပ်က အမည်းရောင် မြူခိုးများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး လူသုံးယောက်၏ တိုက်ခိုက်မှုများကို ချေဖျက်လိုက်လေသည်။

အမည်းရောင် အရိပ်တစ်ခု တဖျပ်ဖျပ်လက်သွားပြီး လင်းတုန်နှင့် အခြား နှစ်ဦးကို ကျော်ဖြတ်ကာ ဝူယွမ်ဆီသို့ တိုက်ရိုက် ပြေးဝင်လာလေသည်။

“သူတို့ကို တိုက်ခိုက်ဖို့က မင်းကို သတ်ဖြတ်ဖိုလောက် အရေးမကြီးဘူး”

စတုတ္ထမြောက် ဘုရင်က လှောင်ပြောင်လိုက်ပြီး အမည်းရောင် လှံတံရှည်တစ်ခု လက်ထဲတွင် ပေါ်လာကာ ဝူယွမ်ကို ချိန်ရွယ်လိုက်သည်။

“ကောင်းကင်ဆန့်ကျင် မိစ္ဆာ ခုနစ်ပိုင်း”

“ချယ်အက္ခရာလျှို့ဝှက်ချက်”

ဝူယွမ်က အသင့်ပြင်ထားပြီးဖြစ်သည်။ ဓားချက် ခုနစ်ချက်ကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ဧရာမ ဓားအရှိန်အဝါများ တစ်ခုပြီး တစ်ခု ပေါက်ကွဲထွက်လာသည်။ သတ္တမမြောက် ဓားချက်က ချယ်အက္ခရာလျှို့ဝှက်ချက်ကို အသက်သွင်းလိုက်ရာ စွမ်းအားကို ဆယ်ဆ ချက်ချင်း တိုးလာစေသည်။

“ဝီ ဝီ ဝီ ”

စတုတ္ထမြောက် ဘုရင်၏ လက်ထဲရှိ အမည်းရောင် လှံတံရှည်မှာ တစ်စစီ ကြေမွသွားသည်။ နောက်ဆုံး ဓားချက် ရောက်လာချိန်တွင် လက်ထဲရှိ အမည်းရောင် လှံတံရှည်မှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ထိုတောက်ပသော ဓားချက်က လက်မောင်းကိုခုတ်ဖြတ်လိုက်သည်။

“အား...”

လက်မောင်းတစ်ဖက် ပြတ်သွားပီး စတုတ္ထမြောက် ဘုရင်က အော်ဟစ်လိုက်ရသည်။ ကိုယ်ပွားတစ်ခုပင်လျှင် နာကျင်မှုကို ခံစားရပေသည်။

သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည် ။ ပထမ တိုက်ခိုက်မှု ခြောက်ခုသည် သာမန်သာ ဖြစ်သော်လည်း အဘယ်ကြောင့် နောက်ဆုံး ဓားချက်က ရုတ်တရက် အများကြီး ပိုအစွမ်းထက်သွားရလဲ စဉ်းစား၍ မရနိုင်ဖြစ်နေ၏။

စစ်မှန်သော ခန္ဓာကိုယ်ပင် ဤဓားချက်ကို ခံရလျှင် ဒဏ်ရာရသွားပေလိမ့်မည်။

ဤဝူယွမ်သည် တကယ်ကို ကြီးမားလွန်းသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည်။

လက်ရှိ အခြေအနေမှာ သူ့အတွက် မလွယ်ကူတော့ပေ။

အခြား သုံးဦးအနက် ချင်းကျီက သံသရာအဆင့် စွမ်းအား ရှိပြီး အခြား နှစ်ဦးစလုံးက ဘိုးဘေးအဆောင်များကို ပိုင်ဆိုင်ထားကြသဖြင့် စွမ်းအားမှာ သံသရာအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။ ထို့အပြင် ဤဝူယွမ်က စစ်မှန်သော ဘုရင်အဆင့် တိုက်ခိုက်မှုများကိုလည်း အသုံးပြုနိုင်နေသည်။

သူတို့ အားလုံးကို သုတ်သင်နိုင်မည် မဟုတ်ပေ။

“မင်းက တကယ်ကို အံ့အားသင့်စရာကောင်းတာပဲ၊ မင်းရဲ့ ခြိမ်းခြောက်နိုင်မှုက ရေခဲသခင်မကိုတောင် ကျော်လွန်နေပြီ၊ ဒီနေ့ မင်းကို ငါရအောင် သတ်မယ်” ရူးသွပ်မှု အရိပ်အယောင်တစ်ခုက စတုတ္ထမြောက် ဘုရင်၏ မျက်လုံးများတွင် ပေါ်လာသည်။

၎င်းမှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။ အကယ်၍ ဝူယွမ်နှင့် လဲလှယ်နိုင်ပါက အရှုံးပေါ်မည် မဟုတ်ပေ။

သိပ်သည်းသော မိစ္ဆာ စွမ်းအင်များ ခန္ဓာကိုယ်မှ ဆူပွက်လာပြီး ကောင်းကင် တစ်ခုလုံး ချက်ချင်း မှောင်မိုက်သွားလေသည်။

“သတိထား၊ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မယ် ထင်တယ်”

ဟွမ်၏ အသံက ဝူယွမ်၏ စိတ်ထဲတွင် ပေါ်လာပြီး အလွန်ထိတ်လန့်စွာဖြင့် သတိပေးလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်တာလား”

ဝူယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ယခုအခါ ဂျယ်အက္ခရာလျှို့ဝှက်ချက်ကို အသက်သွင်းနေပြီး ယခင် သုံးစွဲမှုများမှ ချက်ချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ထို့နောက် ပြောင်းပြန်လုပ်ဆောင်လိုက်ပြီး မိစ္ဆာ စွမ်းအင်များ ထုတ်လွှတ်ကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ပြင်ဆင်နေသော စတုတ္ထမြောက် ဘုရင်ဆီသို့ ပျံသန်းသွားလေသည်။

“စီနီယာတို့ အားလုံး နောက်ဆုတ်လိုက်ကြတော့ စတုတ္ထမြောက် ဘုရင်ကို ကျနော်တစ်ယောက်တည်း ဖြေရှင်းလိုက်မယ်”

ဝူယွမ်က အခြားသူများကို ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် အခြားလူတိုင်းကို နောက်သို့ တွန်းထုတ်သွားစေသည့် အစွမ်းထက်သော စွမ်းအားတစ်ခုကို အသုံးပြုလိုက်၏။

စတုတ္ထမြောက် ဘုရင်က အရမ်း အစွမ်းထက်လွန်းလှသည်။ အကယ်၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု အောင်မြင်သွားပါက အဝေးတွင် ရှိနေသူများပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရသွားစေနိုင်ပီး ကံမကောင်းပါက အသက်ပင် သေဆုံးသွားနိုင်၏။

စတုတ္ထမြောက် ဘုရင်သည် ကိုယ့်ကိုကိုယ်ဖောက်ခွဲပစ်ရန် ကြံနေသည်မှာ သေချာ၏။

ထို့ကြောင့် စတုတ္ထမြောက် ဘုရင်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမည့်အရေးကို တားစီးရမည်ဖြစ်သည်။

မည်သို့ပင် ကိုယ်ပွားတစ်ခုနေဖြစ်နေပါစေ အလွန်များပြား‌သော စွမ်းအင် အရင်းအမြစ်ကို အသုံပြုထားရ၏။ထိုကြောင့် ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ပါက မူလခန္ဓာကိုယ်တွင်လည်း အပြင်းအထန်ထိခိုက်သွားမည်ဖြစ်သည်။

All Chapters