အခန်း ၄၄၂
Vol. 45 Ch. 442
အခန်း (၄၄၂) - နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သို့ အလည်အပတ်သွားခြင်း(၁)
အမှောင်ထု လွှမ်းခြုံနေသော လောကကြီးတွင် စတုတ္ထမြောက် ဘုရင်၏ ကိုယ်ပွားမှ များပြားသော အမည်းရောင် မြူခိုးများ ပေါက်ကွဲထွက်လာ၏။
ဝူယွမ်သည် ထိုအမည်းရောင် မြူခိုးများထဲသို့ ပြေးဝင်သွားသည်။ ယင်းဟွမ်ဟွမ်နှင့် အခြားသူများ၏ မျက်နှာများမှာ စိုးရိမ်ထိန့်လန့်သော အမူအရာပေါ်လာ၏။ ဤအရာမှာ အတော်လေး အန္တရာယ်များလှသည်။
စတုတ္ထမြောက် ဘုရင်၏ ကိုယ်ပွားမှာ သာမန် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးထက် ပိုမို အစွမ်းထက်သည်။ အကယ်၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းကို တားဆီးလိုပါက အဆင့်နှစ် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး လိုအပ်ပေလိမ့်မည်။
ထို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် အတွေးများပေါ်လာ၏။
“ဝူယွမ်က လုပ်နိုင်ပမလား”
“ရပ်စမ်း”
စတုတ္ထမြောက် ဘုရင်ရှေ့သို့ ရောက်သောအခါ ဝူယွမ်က စူးရှစွာ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကစဉ်ကလျားသန္ဓေသားပေါ်ရှိ ရပ်တန့်ခြင်း ရူန်းသင်္ကေတများမှ အလန်းတန်းများထွက်ပေါ်လာပီး သူ၏ မျက်ခုံးနှစ်ခုကြားမှ အဖြူရောင် အလင်းတန်းတစ်ခုကို ကိုယ့်ကိုကိုယ် ဖောက်ဖွဲပစ်ရန် စွမ်းအားများကို အသက်သွင်းနေသော စတုတ္ထမြောက် ဘုရင်အပေါ်သို့ ပစ်လွှတ်လိုက်သည်။
စတုတ္ထမြောက်ဘုရင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ရှိ မြူခိုးများလည်း အေးခဲသွား၏။
ဤအရာမှာ အလွန် အစွမ်းထက်သော အချိန်၏ စွမ်းအားဖြစ်သည်။
နတ်ဘုရားကတ် ကိုယ်တိုင်က အချိန် ရပ်တန်ခြင်းကို ရူန်းသင်္ကေတ တစ်ခုအဖြစ် သန့်စင်ထားခြင်းဖြစ်သည်။ ဝူယွမ်သည် ရူန်းသေင်္ကတ
များစွာ ပိုင်ဆိုင်ထားပီး ထိုအထဲအတွင် အချိန်ရပ်တန့်ခြင်း ရူန်းသေင်္ကတ တစ်ခုလည်း ပါဝင်၏။
၀ူယွမ်က ဤရပ်တန့်ခြင်း ရူန်းသင်္ကေတများကို အသုံးချလိုက်သောအခါ အကျိုးသက်ရောက်မှုက စတုတ္ထမြောက် ဘုရင်ကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။
စတုတ္ထမြောက်ဘုရင် ထိန်းချုပ်ခံလိုက်သည့် အခိုက်အတန့်တွင် ဝူယွမ်သည် ကြိုတင် ပြင်ဆင်ထားသော ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်များကို ထုတ်လွှတ်လိုက်သည်။
ရှုပ်ထွေးနက်နဲသော ရှေးဟောင်း အစီအရင်က စတုတ္ထမြောက် ဘုရင်ကို လွှမ်းခြုံသွား၏။
“ကောင်းကင်နဲ့ မြေကြီး ရှေးဟောင်း အစီအရင်”
“ပြောင်းပြန် လည်ပတ်မှု”
“ပြိုကွဲစေ”
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များ ဆက်တိုက်ထွက်ပေါ်လာပီး ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်အတွင်းသို့ ဝင်ရောက်သွားကာ စတုတ္ထမြောက် ဘုရင်၏ စွမ်းအားကို အမျှင်တန်း များဖြစ်သွားသည်အထိ ခွဲခြားရန် အစီအရင်ကို အသက်သွင်းလိုက်လေသည်။
“ချိတ်ပိတ်လိုက်စမ်း”
ကျယ်လောင်သော အော်သံတစ်ခုနှင့်အတူ ကောင်းကင်ပိတ်လှောင် အစီအရင် မြေပုံ ထွက်ပေါ်လာပြီး စတုတ္ထမြောက် ဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ စွမ်းအားကို ချိတ်ပိတ်လိုက်လေသည်။
အချိန်ရပ်တန့်ခြင်းမှ လွတ်မြောက်လာပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းကို တဖန်အသက်ပြန်သွင်းရန် ကြံစည်လိုက်သော စတုတ္ထမြောက် ဘုရင်မှာ ကောင်းကင်ပိတ်လှောင် အစီအရင် မြေပုံကြောင့် သူ၏ စွမ်းအားများ ရုတ်တရက် ချိတ်ပိတ်ခံလိုက်ပြန်သည်။
“ဘိုးဘေးအဆောင်ရဲ့ စွမ်းအား ချုပ်နှောင်စမ်း”
ကစဉ်ကလျားသန္ဓေသားပေါ်ရှိ ဘိုးဘေးအဆောင် ငါးခုက မတူညီသော သံကြိုး ငါးချောင်းအဖြစ် ပြောင်းလဲသွားလေသည်။
အမည်းရောင် ဝါးမျိုခြင်း သံကြိုးများက စတုတ္ထမြောက်ဘုရင်၏ ခေါင်းကို ရစ်ပတ်ထားပြီး သူ့၏ ဦးနှောက်မှ တွေးတောခြင်းကို မလုပ်ဆောင်နိုင်ရင် အတင်းအကျပ် ချုပ်နှောင်ထားလိုက်သည်။
ငွေရောင် လေဟာနယ် သံကြိုးများက သူ့လည်ပင်းကို ထိုးဖောက်သွားပီး လည်ပင်းကို ရစ်ပက်လိုက်ကာ ဦးခေါင်းကိုဖြတ်ပစ်လိုက်သည်။
ခရမ်းရောင် မိုးကြိုး သံကြိုးများက သူ၏ လက်မောင်းများကို ချုပ်နှောင်လိုက်သည်။
အမည်းနှင့် အဖြူ ၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း သံကြိုးများက သူ၏ ခြေထောက်များကို ချုပ်နှောင်လိုက်သည်။
အနီရောင် မီးတောက် သံကြိုးများက သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး အဆက်မပြတ် လောင်ကျွမ်းနေသည်။
အဆောင် စွမ်းအား ငါးခုက ဘိုးဘေးအဆောင်၏ စွမ်းအား တစ်ဝက်ကိုသာ ပိုင်ဆိုင်ထားသော်လည်း သူတို့၏ တစ်ပြိုင်နက်တည်း ဖိနှိပ်မှုက စတုတ္ထမြောက် ဘုရင်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အပိုင်း ငါးပိုင်း ခွဲခြားလိုက်နိုင်၏။
ယခုကဲ့သို့ အခြေအနေမျိုးတွင် စတုတ္ထမြောက် ဘုရင်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန်အတွက် သူ၏ စွမ်းအားကို စုစည်းရန် မဖြစ်နိုင်တော့ပေ။
“ဖိနှိပ်စမ်း”
နောက်ဆုံးတွင် ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင်ကို ထုတ်ယူလိုက်သည်။
ရှေးဟောင်းကျောက်တိုင်က လျင်မြန်စွာ ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း ကျန်းသောင်းချီ မြင့်မားသော ဧရာမ ကျောက်တိုင်ကြီးအဖြစ် ပြောင်းလဲသွားကာ စတုတ္ထမြောက် ဘုရင်ကို ဖိနှိပ်ချလိုက်လေသည်။
မဟာရှေးဟောင်း ကျောက်တိုင်တွင် ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်ရန်အတွက် ရေးထိုးထားသော အစီအရင် ပုံစံများပါ ရှိ၏။ ၎င်း ကျဆင်းလာသည်နှင့်တပြိုင်နက် ကြီးမားလှသည့် စွမ်းအားက စတုတ္ထမြောက် ဘုရင်ကို အပြည့်အဝ ဖိနှိပ်လိုက်လေသည်။
“မင်းက သေချင်နေတာဆိုတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်”
ဝူယွမ်က ပြောလိုက်ပီးနောက် သူ၏ မူလစိတ်ဝိညာဉ် စုစည်းလိုက်ပြီး ကစဉ်ကလျားထိန်းချုပ်ခြင်း ဓားအတတ်ကို ထုတ်လွှတ်လိုက်သည်။ အမည်းရောင် မူလစိတ်ဝိညာဉ် ဓားသန္ဓေသားက ခုတ်ပိုင်းလိုက်ရာ ဝါးမျိုခြင်း စွမ်းအားကြောင့် ကြေမွသွားနှင့်ပြီဖြစ်သော စတုတ္ထမြောက် ဘုရင်၏ ကျန်ရစ်နေသည့် ဝိညာဉ်ကို သုတ်သင်ပစ်လိုက်လေသည်။
လေဟာနယ်တံခါးတစ်ခု ပွင့်လာပြီး စိမ်းလန်းသော အကိုင်းအခက်များ ဆန့်ထွက်လာကာ စတုတ္ထမြောက် ဘုရင်၏ ကိုယ်ပွားကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဆွဲသွင်းသွားလေသည်။
“ဟူး နောက်ဆုံးတော့ ပြီးသွားပြီ၊ ကြီးမားတဲ့ စွမ်းအင်ရတနာသိုက်ကြီး တစ်ခုကို လက်လွတ်ရတော့မလို့”
ဝူယွမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤစတုတ္ထမြောက် ဘုရင်၏ ကိုယ်ပွားမှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်မှာ ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုး အများအပြားထက် ပိုမို အစွမ်းထက်ပြီး မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကိုပင် ကျော်လွန်နေသည်။
သူ၏ ဝိညာဉ်မှာ ဖျက်ဆီးခံလိုက်ရပြီး စွမ်းအင်များ ကုန်ဆုံးသွားသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင် အဝောာ်များများ ကျန်ရှိနေသေး၏။
ဝူယွမ်က တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“ဒီတစ်ကြိမ်တိုက်ပွဲက ရလာတဲ့ ရလဒ်တွေက ခဏတာ အနားယူပီး အင်အားပြန်ဖြည့်ဖို့ လုံလောက်သွားပီ”
ယွမ်ဂိုဏ်း၏ မိစ္ဆာပွဲတော်ကမ္ဘာမှာ ဝူယွမ်အား စွမ်းအင်အရင်းအမြစ်များ ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ကမ္ဘာခြားနတ်ဆိုးများထံမှ စွမ်းအင်များကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌သာ သိမ်းထားရပီး အပြည့်အဝ မစုပ်ယူရသေးပေ။
အကယ်၍ ကမ္ဘာသစ်ပင်သည် ဤကမ္ဘာခြားနတ်ဆိုး စွမ်းအင် အားလုံးကို အပြည့်အဝ စုပ်ယူပီးပါက ရှေးဟောင်းကျောက်တိုင် ကမ္ဘာက ပိုမိုကျယ်ပြန့်လာနိုင်၏။
လက်ရှိတွင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း ဖွင့်လှစ်နိုင်သော ဧရိယာမှာ အရှေ့ဘက်ရွှမ်ဒေသထက် မသေးငယ်ဘဲ ကမ္ဘာတစ်ခု၏ သန္ဓေသား ပုံစံမှာ အပြည့်အဝ ပုံသဏ္ဌာန်ပေါ်လာပြီဖြစ်သည်။
“နင် အရမ်း ပေါ့ဆလွန်းတယ်၊ အကယ်၍ စတုတ္ထမြောက် ဘုရင်ရဲ့ ကိုယ်ပွားကသာ အရင်ဦးဆုံး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ရင် နင်...”
ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ဘေးသို့ ရောက်လာပြီး သူ့ကို အနည်းငယ် ဆူပူလိုက်သည်။
“ကိစ္စမရှိပါဖူး ၊ သူ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အရင်ဦးဆုံးဖောက်ခွဲလိုက်နိုင်ရင်တောင် ငါ့ကိုငါ ဒဏ်ရာမရအောင် ကွာကွယ်နိုင်ပါတယ် ”
ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
ဝူယွမ်တွင် မဟာပြည့်စုံခြင်း နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်၊ ကောင်းကင်ပြာ အာဏာရှင် ခန္ဓာကိုယ်နှင့် ဂျယ်အက္ခရာလျှို့ဝှက်ချက်တို့ကို ပိုင်ဆိုင်ထားသောကြောင့် စတုတ္ထမြောက် ဘုရင်၏ အစစ်အမှန် ခန္ဓာကိုယ်ကသာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်းမှ လွဲ၍ သူ့ကို သတ်ရန်မှာ ခက်ခဲလှသည်။
ဤအရာများတင်မကသေးပဲ ဝူယွမ်တွင် လေဟာနယ် မှန်လည်း ရှိနေသဖြင့် ဝူယွမ်က ယုံကြည်မှုရှိစွာဖြင့် ထိုကဲ့သိုလှုပ်ရှားလိုက်ခြင်းဖြစ်၏။
လေဟာနယ် မှန်က ဝူယွမ်ကို တိုက်ခိုက်မှုများကို လမ်းကြောင်းလွှဲရန် ကူညီပေးနိုင်သည်။ တိုက်ခိုက်မှု အားလုံးကို လမ်းကြောင်း မလွှဲနိုင်လျှင်တောင် ဝူယွမ်၏ အသက်အန္တာရာယ်ကို ထိုခိုက်စေနိုင်သော အဓိကနေရာများကို မထိခိုက်ရန် လမ်းကြောင်းလွှဲပေးနိုင်သရွေ့ ဂျယ်အက္ခရာလျှို့ဝှက်ချက်ကို အသုံးပြုကာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။
“ဟွန်း နင် သတိထားသင့်တယ် ပြီးတော့ အရမ်း တဇတ်ထိုးမလုပ်သင့်ဖူး ၊ ဒီကမ္ဘာခြားနတ်ဆိုးတွေက ကမ္ဘာ တစ်ခုလုံးကို ယှဉ်ပြိုင်နိုင်တာဆိုတော့ သူတို့က အားနည်းမှာ မဟုတ်ဘူး၊ နင် ဒီနယ်ပယ်ကို မကျော်လွန်နိုင်သေးသရွေ့ အမြဲတမ်း သူတို့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်သေးဘူး”
ယင်းဟွမ်ဟွမ်မှာ ဝူယွမ်၏ ပေါ့ဆပီး တဇတ်ထိုးဆန်သော လုပ်ရပ်များကြောင့် မကျေနပ်သေးဘဲ နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
“ငါ သိပါပီ၊ နောက်တစ်ခါ ငါ ဂရုစိုက်ပါ့မယ်” ဝူယွမ်က အလျော့ပေးကာ ပြောလိုက်၏။
ယင်းဟွမ်ဟွမ်က သူ့အတွက် စိုးရိမ်နေပြီး သူမသည် ရေခဲသခင်မ၏ မှတ်ဉာဏ်အချို့နှင့် ပေါင်းစပ်သွားပုံရကာ ဤကမ္ဘာခြားနတ်ဆိုးများ မည်မျှ အစွမ်းထက်ကြောင်းကို သိရှိနေသည်။
ဝူယွမ်၏ ခရီးလမ်းမှာ ချောမွေ့လွန်းလှသနေဖြင့် ပေါ့ဆသွားပြီး ကမ္ဘာခြားနတ်ဆိုးများ ဆင်ထားသော ထောင်ချောက်ထဲသို့ မတော်တဆ ကျရောက်သွားမည်ကို သူမ စိုးရိမ်နေခြင်းဖြစ်သည်။
ဝူယွမ်သည် သူမ၏ စိုးရိမ်ပူပန်မှုများကို နားလည်ပီး ယင်းဟွမ်ဟွမ်ကမူ ဝူယွမ်၏ အချို့ဝှက်ဖဲများအကြောင်းကို မသိရှိထားပေ။
မှတ်ပုံတင်ခြင်းမှတစ်ဆင့် သူ ရရှိခဲ့သော ရတနာများ အားလုံးမှာ ဤလောက၏ အစွမ်းထက် ရတနာများထက် ကျော်လွန်နေပြီး ယုံကြည်နိုင်စရာမရှိလောက်အောင် ထူးခြားလှ၏။
ဥပမာအားဖြင့် ယင်းဟွမ်ဟွမ်သည် လေဟာနယ် မှန်၏ စွမ်းအားကို မသိရှိပေ။
မိုလော့ ရောက်လာပြီး ပြောလိုက်သည်။ “ကိစ္စ ပြီးသွားပြီဆိုတော့ ငါတို့ ကစဉ်ကလျားမိစ္ဆာပင်လယ်ကို အမြန် ပြန်ရမယ်၊ အခု ကမ္ဘာခြားနတ်ဆိုးတွေ သောင်းကျန်းနေပီး ငါတို့ရဲ့ ဂိုဏ်းကို ယဝင်မွှေဖို့ ခွင့်မပြုနိုင်ဘူး”
“ဟုတ် အခုပဲ စီနီယာတို့ကို ပြန်ပို့ပေးဖို့ ရှေးဟောင်းကျောက်တိုင်ကို ကျနော် အသုံးပြုပေးမယ်”
ဝူယွမ်က လူတိုင်းကို ရှေးဟောင်းကျောက်တိုင်အတွင်း ချက်ချင်း စုစည်းလိုက်ပြီးနောက် ရှေးဟောင်းကျောက်တိုင်ပေါ်ရှိ လေဟာနယ် နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းကာ မီးတောက် ပင်လယ်နယ်မြေအထက်ရှိ မီးတောက်မြို့တော်သို့ ပြန်လည် ရောက်ရှိလာ၏။
ကစဉ်ကလျားမိစ္ဆာပင်လယ်မှ ချင်းကျီ၊ မုလန်၊ မိုလော့နှင့် အခြားသူများကို ပို့ဆောင်ခဲ့ပီးနောက် ဝူယွမ်က အရှေ့ဘက်ရွှမ်ဒေသသို့ နောက်တစ်ကြိမ် ပြန်လည် နေရာရွှေ့ပြောင်းသွားလေသည်။
လေဟာနယ် သြဒီနိတ်များကို သူ မှတ်မိနေသရွေ့ ရှေးဟောင်းကျောက်တိုင်၏ စွမ်းအားဖြင့် ထျန်းရွှမ်တိုက်ကြီးရှိ မည်သည့်နေရာသို့မဆို နေရာရွှေ့ပြောင်းနိုင်၏။
ဝူယွမ်က ဆွေးနွေးရန်အတွက် ယင်းရွှမ်ဇီနှင့် အခြား တောင်ဂိုဏ်း အထက်တန်းအဆင့် တာဝန်ရှိသူများကို စုစည်းလိုက်သည်။
“ဂိုဏ်းချုပ်ကြီး၊ နောက်တစ်ဆင့်အနေနဲ့ ကျတော်တို့ အရှေ့ဘက်ရွှမ်ဒေသရဲ့ အင်အားစုတွေကို ပေါင်းစပ်ဖို့ လိုတယ်၊ အဓိကအားဖြင့် အစွမ်းထက် ဂိုဏ်း ခြောက်ခုကို ပေါင်းစည်းဖို့ပဲ”
“အခု တောင်ဂိုဏ်းက ရှေးဟောင်းကျောက်တိုင်ထဲကို ပြောင်းရွှေ့သွားပြီဆိုတော့ အရှေ့ဘက်ရွှမ်ဒေသ မဟာမိတ်ဖွဲ့ဖို့နဲ့ အရှေ့ဘက်ရွှမ်ဒေသကို ဦးဆောင်ပြီး ကာကွယ်ဖို့ ဂိုဏ်းတစ်ခုကိုလည်း ရွေးချယ်ဖို့ လိုတယ်”
ယင်းရွှမ်ဇီက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “အထူးအစွမ်းထက် အင်အားစု ခြောက်ခုထဲမှာ ဓားဂိုဏ်းနဲ့ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်က ပိုအစွမ်းထက်တယ်၊ အကယ်၍ ငါတို့က ဦးဆောင်မယ့် ဂိုဏ်းတစ်ခုကို ရွေးချယ်မယ်ဆိုရင် သူတို့နှစ်ခုကနေ ရွေးချယ်သင့်တယ်”
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော် ထိုအသံကိုကြားလိုက်သည်နှင့် ဝူယွမ်က လင်ချင်ကျူးအကြောင်း ချက်ချင်း တွေးမိသွား၏။ သူမ အခု ဘယ်လိုနေလဲ၊ အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီလားဆိုတာ သူ သိချင်နေမိသည်။
မူရင်းဝတ္ထုတွင် ယွမ်ဂိုဏ်း၏ ပုန်ကန်မှုနှင့် အရှေ့ဘက်ရွှမ်ဒေသကို ကြီးစိုးမှုကြောင့် အရှေ့ဘက်ရွှမ်ဒေသရှိ ဤအထူးအစွမ်းထက် ဂိုဏ်းများ အားလုံးမှာ ယွမ်ဂိုဏ်း၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော် အပါအဝင်ဖြစ်၏။
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော် နန်းတော်သခင်မှာ ဒဏ်ရာရရှိခဲ့ပြီး မသေဆုံးမီ လင်ချင်ကျူးထံသို့ သူမ၏ ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးခဲ့သည်။ နောက်ဆုံးတွင် လင်ချင်ကျူးသည် အမြင့်မြတ်ဆုံးကို အောင်မြင်စွာ အာရုံခံနိုင်ခဲ့ပြီး အရေးကြီးသော အခိုက်အတန့်တွင် လင်းတုန် ပြန်လည်ရောက်ရှိလာကာ သူမနှင့်အတူ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ကို ကယ်တင်ခဲ့သည်။
ယခုအခါ ယွမ်ဂိုဏ်းကို ဝူယွမ်က ကြိုတင် သုတ်သင်ပစ်ခဲ့ပြီးဖြစ်ရာ အရှေ့ဘက်ရွှမ်ဒေသ၏ အကြီးမားဆုံး အကျပ်အတည်းကို ဖယ်ရှားလိုက်ပြီဖြစ်သည်။
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သို့ လူကိုယ်တိုင် သွားရောက်ပြီး လက်ထပ်ခွင့်တောင်းမည်ဟု လင်ချင်ကျူးကို သူ ကတိပေးခဲ့ဖူးသည်။
သို့သော်လည်း လင်ချင်ကျူးက သူမ၏ ဆရာက ရိုက်သတ်မည်ကို စိုးရိမ်သဖြင့် ဝူယွမ်ကို ထိုသို့မလုပ်ရန် အမြဲတမ်း တားဆီးခဲ့သည်။
ယခုအခါ ဝူယွမ်၏ စွမ်းအားများက အလွန်ပင် တိုးတက်လာပီး လင်ချင်ကျူး၏ ဆရာမှာ သန်မာလှသော်လည်း ဝူယွမ်ကို လွယ်ကူစွာ ကိုင်တွယ်ပီး သတ်ပစ်နိုင်တော့မည်တော့ မဟုတ်ပေ။
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သို့ သူကိုယ်တိုင် သွားရောက်ရန် စီစဉ်လိုက်၏။