အခန်း ၄၄၃
Vol. 45 Ch. 443
အခန်း (၄၄၃) - နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သို့ အလည်အပတ်သွားခြင်း(၂)
ဝူယွမ် - “ဒီလိုဆိုမှတော့ ဒီဂိုဏ်း နှစ်ခုကို အရင်သွားကြည့်ကြတာပေါ့”
“ဂိုဏ်းချုပ်ကြီးက ဓားဂိုဏ်းကို သွားလိုက်ပါ”
“ကျတော်က နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ကို သွားမယ်”
“ဒီအင်အားစု နှစ်ခုကို အရင်ဆုံး သဘောတူအောင် ညှိနှိုင်းကြတာပေါ့ ”
ဝူယွမ်က အစီအရီများကို ချက်ချင်း ပြုလုပ်လိုက်ပြီး ယင်းရွှမ်ဇီမှ အကျိုးအကြောင်း ပြန်မေးရန်ပင် မစောင့်တော့ဘဲ ဝူယွမ်က နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ဆီသို့ တစ်ယောက်တည်း ပျံသန်းသွားလေသည်။
ဤတစ်ကြိမ်တွင် သူသည် လူတိုင်းကို ရှေးဟောင်းကျောက်တိုင်အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
“စီနီယာ ဟွမ်၊ ဒီနဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်က ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပြီး အရှေ့ဘက်ရွှမ်ဒေသမှာ အစောဆုံး ဂိုဏ်းဖြစ်တယ်လို့ ပြောကြတယ်၊ ဒီဂိုဏ်းအကြောင်း စီနီယာ သိထားတဲ့ အကြောင်းအရာတွေများ ရှိသေးလား ”
ခရီးသွားရင်း ဝူယွမ်က ဟွမ်ကို စိတ်ထဲမှ မေးလိုက်သည်။
“နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော် ဟုတ်လား၊ ဒီအင်အားစုက ငါ့ဆရာနဲ့ ဆက်စပ်မှု တချို့ တော့ရှိတယ်” ဟွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
“အဆောင်ဘိုးဘေးနဲ့ ဆက်စပ်နေတာလား”
ဝူယွမ် အနည်းငယ် အံ့အားသင့်သွား၏။သူက အဆောင်ဘိုးဘေးအကြောင်း အနည်းသိထားလေသည်။
အဆောင်ဘိုးဘေးသည် ကမ္ဘာကြီး တစ်သောင်းမှ လာခြင်းဖြစ်သည်။
ဟွမ်က “ဒီနဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်က ရှေးဟောင်းခေတ်တုန်းက နာမည်တစ်မျိုး ရှိခဲ့တယ်၊ အမြင့်မြတ်ဆုံး နန်းတော်”
“အမြင့်မြတ်ဆုံး နန်းတော်က ငါ့ဆရာကြောင့်ဖြစ်ပေါ်လာတဲ့ အင်အားစု တစ်ခုလို့လည်းပြောနိုင်တယ် ၊ ဒီအင်အားစုက ပိုပြီး အစွမ်းထက်တဲ့ နယ်ပယ် တစ်ခုကိုရောက်သင့်သေးတယ်လို့လည်း ဆရာကပြောခဲ့ ၊ ပြီးတော့ ငါ့ဆရာက အမြင့်မြတ်ဆုံးနန်းတော်ကို တည်ထောင်ခဲ့တာ ပိုပီးဖြစ်နိုင်ချေ အရမ်းများတယ်”
“အဲဒီတုန်းက အမြင့်မြတ်ဆုံး နန်းတော်မှာ ငါ့ရဲ့ဆရာရယ် ရှေးဟောင်း သခင်ကြီး ရှစ်ယောက်ရယ် စုစုပေါင်း ကိုးယောက်ပဲ ရှိတယ်”
“ဒါပေမယ့် သူတို့ထဲမှာ ရေခဲသခင်မ တစ်ယောက်တည်းသာ အမြင့်မြတ်ဆုံး နန်းတော်ရဲ့ တပည့်အဖြစ် သတ်မှတ်လို့ရတယ်လို့ ငါ့ဆရာက ပြောဖူးတယ်၊ သူ ဘာလို့ အဲဒီလို ပြောခဲ့လဲဆိုတာတော့ ငါ မသိဘူး”
“ကျန်တဲ့ ခုနစ်ယောက်ကိုတော့ ထည့်တွက်လို့မရဖူး ”
“ငါ့ဆရာရဲ့ မျက်လုံးထဲမှာ အမြင့်မြတ်ဆုံး နန်းတော်က အရမ်းကို ထူးခြားတဲ့ တည်ရှိမှု တစ်ခုပဲ”
“ဒါဆိုရင် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်က အမြင့်မြတ်ဆုံး နန်းတော်ရဲ့ အမွေကို ဆက်ခံထားတာပေါ့ ” ဝူယွမ်က မေးလိုက်သည်။
ဟွမ်က “နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်က ငါ့ဆရာရဲ့ အမြင့်မြတ်ဆုံး နန်းတော်နဲ့ ဆက်စပ်မှု တချို့ ရှိပါတယ်၊ ဒါပေမယ့် အမြင့်မြတ်ဆုံး နန်းတော်ရဲ့ ဆက်ခံသူလို့ ခေါ်ဖို့တော့ အရည်အချင်း မရှိဘူး”
“သူတို့က ငါ့ဆရာ ချန်ထားခဲ့တဲ့ အမြင့်မြတ်ဆုံး နန်းတော်ရဲ့ အမွေအနှစ် တချို့ကိုပဲ ရခဲ့တာ၊ အဲဒါက အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ်ပဲ”
ဝူယွမ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ဟု ပြောလိုက်သည်
“ဒါဆို စီနီယာ နောက်ထပ် သိထားတာတွေရှိသေးရင် ကျတော့်ကို အကုန်ပြောပြပါ ”
“အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ်အကြောင်းကိုရော စီနီယာ သိလား”
ဟွမ်သည် လျှို့ဝှက်ချက် အများအပြားကို အမှန်တကယ် သိရှိထားသည်။ သူသည် တကယ်ကို အဆောင်ဘိုးဘေး၏ ဒုတိယ အဖိုးတန်ဆုံး ရတနာ တစ်ခု ဖြစ်၏။
.
ကောင်းကင်ပြာကြီးများ စိမ်းလန်းပီး ခမ်းနားကြီးကျယ်သော တောင်တန်းများက အဆုံးမရှိဖူး ထင်ရလောက်အောင် ဆန့်တန်းနေ၏။ လောကကြီး တစ်ခုလုံးမှာ နတ်ပြည်တစ်ခုကဲ့သို့ ခမ်းနားကြီးကျယ်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ကို ဤမသေမျိုး တောင်တန်းများပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ဤနေရာသို့ ရောက်ရှိလာသော ဝူယွမ်သည်လည်း ဤနေရာ အလှအပကြောင့် ရင်သပ်ရှုမောဖွယ်ဖြင့် စိတ်နှလုံး အေးချမ်းသွားရ၏။
သက်တံများဖြင့် ဝန်းရံထားသော မသေမျိုး တောင်တန်းများက ကောင်းကင်ယံတွင် လွင့်မျောနေသည်။
မသေမျိုး ကြိုးကြာငှက်များ ကခုန်နေကြပြီး သက်တံ တံတားများက ကောင်းကင် လှေကားများနှင့် ဆင်တူနေ၏။
အခြား ဂိုဏ်းများနှင့် နှိုင်းယှဉ်ပါက နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သည် မသေမျိုး ဂိုဏ်းတစ်ခု၏ သန့်ရှင်းသော နယ်မြေ အသွင်အပြင် အမှန်တကယ် ရှိသည်။
ဂိုဏ်းအတွင်းသို့ ဝင်ထွက်နေသော တပည့် အများအပြား ရှိပြီး အများစုမှာ အမျိုးသမီး တပည့်များ ဖြစ်ကြသည်။
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သည် အထူးအစွမ်းထက် ဂိုဏ်း ရှစ်ခုအနက် အမျိုးသမီး တပည့် အများဆုံးရှိသော ဂိုဏ်းဖြစ်သည်။
ဝူယွမ်က ဂိုဏ်းကို အကဲခတ်ကြည့်ရှုလိုက်ပီး လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်ကာ အရှိန်အဝါကို ဖုံးကွယ်မထားမပဲ ဖြတ်သန်းဝင်ရောက်လာ၏။
မကြာမီတွင် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်မှ တပည့်များက သူ့ကို သတိထားမိသွားကြ၏။
“လူကြီးမင်းက ဘယ်သူလဲ၊ ငါတို့ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ကို ဘာကိစ္စများ ရှိလို့လဲ”
ကင်းလှည့်နေသော တပည့် တစ်စုက ဝူယွမ်ကို ဝိုင်းရံပြီး မေးလိုက်ကြသည်။
“ငါက တောင်ဂိုဏ်းရဲ့ တပည့် ဝူယွမ်ပါ မင်းတို့ရဲ့ နန်းတော်သခင်နဲ့ ဆွေးနွေးစရာ ကိစ္စလေး ရှိလို့ပါ၊ ကျေးဇူးပြုပြီး သူ့ကို အကြောင်းကြားပေးပါ” ဝူယွမ်က ယဉ်ကျေးစွာ ပြောလိုက်သည်။
“ငါတို့ နန်းတော်သခင်ကို တွေ့မလို့လား” တပည့်များမှာ မှင်တက်သွားကြပြီး သူတို့၏ နန်းတော်သခင်ကို ချက်ချင်း တွေ့ချင်သည်ဆိုသဖြင့် အနည်းငယ် အံ့အားသင့်သွားကြသည်။
ဤဧည့်သည်မှာ သာမန် မဟုတ်ပေ။
“တောင်ဂိုဏ်းက လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က ပျောက်သွားတာ မဟုတ်ဘူးလား”
“ဘာလို့ တောင်ဂိုဏ်း တပည့် တစ်ယောက်က ရုတ်တရက် ဒီမှာ ရောက်နေတာလဲ”
“ဝူယွမ် အဲဒီနာမည်က ရင်းနှီးနေသလိုပဲ”
“ဟင် အဲဒီ ဝူယွမ်တော့ မဖြစ်နိုင်ဘူး မဟုတ်လား”
သူတို့က ဝူယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ယွမ်ဂိုဏ်းကို ဖိနှိပ်ပြီး တိယွမ်ဇီကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သော ကမ္ဘာခြားနတ်ဆိုးမြို့တော်ရှိ ဝူယွမ်၏ တိုက်ပွဲက သူ၏ နာမည်ဂုဏ်သတင်းကို အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးတွင် အပြည့်အဝ ပြန့်နှံ့သွားစေခဲ့သည်။
ဝူယွမ်၏ အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိဘဲ သူ၏ ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်း ဖိအားက ဤနဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်မှ တပည့်များကို ဖိအား အချို့ ခံစားရစေသည်။
ဤတပည့်များပင် တုံ့ပြန်ရန် အချိန်မရလိုက်မီ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်မှ အကြီးအကဲ အဆင့် အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ် ချက်ချင်း ပျံသန်းလာကြသည်။
“ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်းလား”
ထိုက်ချင်းနန်းတော်မှ အကြီးအကဲ အနည်းငယ်က ဝူယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး သူ၏ စွမ်းအားကြောင့် ထိတ်လန့်သွားကြသည်။
ဤစွမ်းအား အဆင့်မှာ နန်းတော်သခင်အောက်တွင် အစွမ်းအထက်ဆုံး ဖြစ်နေပြီဖြစ်သည်။
“အရမ်း အစွမ်းထက်တာပဲ၊ သူက ဒီအဆင့်အထိတောင် ကျင့်ကြံထားတာပဲ” ထိုက်ချင်းနန်းတော်မှ သက်သူရွယ်တူများက တိတ်တဆိတ် အံ့ဩနေမိကြသည်။
ဝူယွမ်သည် ကမ္ဘာခြားနတ်ဆိုးမြို့တော်တွင် ရှိနေစဉ်က ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ စတင် ဝင်ရောက်ကာစသာ ရှိသေး၏။
သို့သော် ဝူယွမ်ကို အထင်မသေးရဲကြ ။မကြာသေးမီက ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် ယွမ်ဂိုဏ်း ပျက်စီးသွားသည့် သတင်းများကို သူတို့ မကြားသိရသေးသော်လည်း လွန်ခဲ့သည့် နှစ်ဝက်ကျော်က ကမ္ဘာခြားနတ်ဆိုးမြို့တော်ရှိ တိုက်ပွဲကပင် ဝူယွမ်အား နန်းတော်သခင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်ခံရရန် လုံလောက်နေပြီဖြစ်သည်။
“ကျေးဇူးပြုပြီး အထဲကို ဝင်ခဲ့ပါ၊ နန်းတော်သခင်ကို ငါတို့ ချက်ချင်း အကြောင်းကြားပေးပါ့မယ်”
အကြီးအကဲ အနည်းငယ်က ကိုယ်တိုင် လမ်းပြကာ ဝူယွမ်ကို သူတို့၏ မသေမျိုး တောင်တန်းပေါ်ရှိ ဧည့်ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
မကြာမီတွင် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သို့ ဝူယွမ် လာရောက်လည်ပတ်သည့် သတင်းက ဂိုဏ်း တစ်ခုလုံးတွင် လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။
ဝူယွမ် ထိုင်လိုက်ပြီး လက်ဖက်ရည် တစ်ငုံ သောက်လိုက်ရုံသာ ရှိသေးပီး အစိမ်းရောင် အလင်းတန်းတစ်ခု တံခါးပေါက်မှ ပစ်လွှတ်ဝင်ရောက်လာသည်။
“အစ်ကိုကြီး ဝူယွမ် တကယ်ပဲ အကိုကြီးပဲ” အံ့အားသင့်နေသော အသံတစ်ခုက ရေရွတ်လိုက်သည်။
“အို ဆုရို မတွေ့ရတာ ကြာပြီနော်” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော် တပည့် ဝတ်စုံကို ဝတ်ဆင်ထားသော ဆုရိုမှာ ပို၍ပင် နူးညံ့ပြီး လှပနေပုံရသည်။ ယခင်က မိန်းကလေးငယ်လေးမှာ ရင့်ကျက်လာပြီး မိန်းမပျိုတစ်ယောက်၏ အလှအပမျိုး ရှိနေပြီဖြစ်သည်။
“အစ်ကိုကြီး ဝူယွမ်၊ အကိုကြီးနဲ့ တောင်ဂိုဏ်းက ဒီအချိန်တစ်လျှောက်လုံး ဘယ်ရောက်နေတာလဲ၊ အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးက အကိုကြီးတို့ သတင်းကို ဘာမှ မကြားရဘူး” ဆုရိုက သူမ၏ မျက်လုံးများက စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။
ဝူယွမ်က ပြန်ဖြေလိုက်သည်။
“ကစဉ်ကလျားမိစ္ဆာပင်လယ်ကို ခရီးတစ်ခု သွားနေတာပါ ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အရှေ့ဘက်ရွှမ်ဒေသကို ပြန်ရောက်တာ”
“အကိုကြီးရဲ့ တိုးတက်မှုတွေက မြန်လိုက်တာ၊ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းကိုတောင် ရောက်နေပြီ”
ဆုရိုသည် ဝိညာဉ် တံဆိပ်တစ်ခုကို ပိုင်ဆိုင်ထားပြီး ထူးချွန်သော ပါရမီ ရှိသည်။ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်၏ လက်ရှိ မျိုးဆက် တပည့်များထဲတွင် သူမသည် လင်ချင်ကျူးပြီးလျှင် ဒုတိယ အတော်ဆုံး ဖြစ်၏။
ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းသို့ ကျင့်ကြံနိုင်ခြင်းမှာ အလွန် မြန်ဆန်လွန်းလှသည်။
“ကျမရဲ့ ကျင့်ကြံမှုက အစ်ကိုကြီး ဝူယွမ်နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်တော့ဖူး ” ဆုရိုက ရှက်ရွံ့စွာ ပြောလိုက်သည်။
“ဟုတ်သားပဲ၊ အကိုကြီး ဒီမှာ ရောက်နေတယ်ဆိုတာကို စီနီယာ အစ်မ ချင်ကျူးကို ကျမ သွားပြောလိုက်ဦးမယ်၊ သူ သေချာပေါက် အရမ်း ပျော်သွားမှာ သေချာတယ်”
“အကိုကြီးတို့ တောင်ဂိုဏ်း ပျောက်နေတဲ့ အချိန်အတွင်း စီနီယာ အစ်မ ချင်ကျူးက တောင်ဂိုဏ်း အပျက်အစီးတွေဆီ မကြာခဏ သွားစစ်ကြည့်တယ်”
“အမက အကိုကြီးကို တကယ် သတိရနေတာ”
“အကိုကြီးတို့ နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မသိပေမယ့် သေချာပေါက် ထူးခြားတာ တစ်ခုခု ဖြစ်ခဲ့မှာပဲ”
ဆုရိုက ဝူယွမ်ကို တွေဝေသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူမသည် သူ့ကို အချိန်အတော်ကြာ လေးစားအားကျခဲ့ပြီး ဧကရာဇ် ရာပေါင်းများစွာ၏ တောင်တန်းတွင် ရှိနေစဉ်က သူမ၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ဝူယွမ်၏ ခြေလှမ်းများကို အမီလိုက်နိုင်ရန် မျှော်လင့်ချက်ဖြင့် သူမ ကြိုးကြိုးစားစား ကျင့်ကြံခဲ့သည်။
သို့သော် ယခုအခါ သူမသည် ပို၍ပို၍ နောက်ကျကျန်နေခဲ့ကြောင်း တွေ့ရှိလိုက်ရ၏။
“စီနီယာ အစ်မ ချင်ကျူး တစ်ယောက်တည်းသာ အစ်ကိုကြီး ဝူယွမ်နဲ့ ထိုက်တန်တဲ့သူပဲ”
ဆုရို စိတ်ထဲတွင် တွေးလိုက်ပီး အနည်းငယ် နှိမ့်ကျသလို ခံစားလိုက်၏။
မသည့်နေရာကကြည့်ကြည့် စီနီယာ အစ်မ ချင်ကျူးကို သူမ မယှဉ်နိုင်ပေ။
“ကြည့်ရတာ ညီမလေး ဆုရိုလည်း ကြီးလာပြီပဲ၊ အရင်တုန်းက မိန်းကလေးငယ်လေး မဟုတ်တော့ဘူး” ဝူယွမ်က ဆုရို၏ ခေါင်းကို အသာအယာ ပွတ်သပ်ရင်း ပြောလိုက်သည်။
“လူကြီးတွေကြားက ခံစားချက်တွေကိုလည်း မင်း နားလည်နေပြီပဲ”
“ကျမက အရင်ကတည်းက နားလည်ပါတယ်နော် သိလား” ဆုရိုက တိုးတိတ်စွာ ပြောလိုက်သည်။
“တချို့လူတွေကသာနားမလည်ကြလတာ”
ဝူယွမ်က ခနတာ တိတ်ဆိတ်သွားပီး ပြောလိုက်သည် သူက “ညီမလေး ၊ အဲဒါက အချစ် မဟုတ်နိုင်ပါဘူး၊ မင်းအချစ်အကြောင်း သေချာနားလည်သွားတဲ့ တစ်နေ့ကြရင် ငါတို့ ထပ်ပီး စကားပြောကြတာပေါ့”
“မင်းရဲ့ စီနီယာအစ်မ ချင်ကျူးကို မြန်မြန် သွားခေါ်လိုက်ပါ၊ ဒီတစ်ခါ သူနဲ့ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ ငါ ဒီကို လာတာ”