အခန်း ၄၄၄
Vol. 45 Ch. 444
အခန်း (၄၄၄) အမြင့်မြတ်ဆုံး လွှမ်းမိုးမှု၊ လင်ချင်ကျူးကို ကူညီခြင်း(၁)
ဆုရို ထွက်သွားပြီးနောက် ဝူယွမ်က ဧည့်ခန်းမဆောင်တွင် ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
လမ်းခရီးတွင် ဟွမ်ထံမှ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်အကြောင်း ပိုမို သိရှိခဲ့ရပြီးနောက် ဝူယွမ်သည် အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ် အကြောင်းကို အနည်းငယ် နားလည်သဘောပေါက်သွားခဲ့သည်။
‘အဲဒါက နယ်ပယ်ရဲ့ သန္ဓေသားကို နိုးထစေတာ ဖြစ်နေတာပဲ '
နယ်ပယ်၏ သန္ဓေသား၊ နတ်ဘုရားရတနာ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ် နတ်ဘုရားရတနာ။
၎င်းမှာ ဤနယ်ပယ်၏ မူလစွမ်းအားလည်း ဖြစ်သည်။
အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ်ကို ကျင့်ကြံခြင်းက အောင်မြင်ပါက နယ်ပယ်၏ သန္ဓေသားကို နိုးထလာစေနိုင်ပြီး ၎င်း၏ စွမ်းအားကို ငှားရမ်း အသုံးပြုနိုင်မည်ဖြစ်သည်။
၎င်းမှာ အလွန်တရာ မှော်ဆန်သော ကျင့်စဉ် တစ်ခုဖြစ်သည်။
နံပါတ်တစ် နတ်ဘုရား ရတနာ ကျင့်ကြံတစ်ခုဖြစ်သည့်အတွက် ကျင့်ကြံအောင်မြင်ရန်မှာလည်း အလွန်တရာ ခက်ခဲလှသည်။
နယ်ပယ်၏ သန္ဓေသားကို နိုးထလာစေရန် မလွယ်ကူပေ။
အဆောင်ဘိုးဘေးနှင့် ကမ္ဘာခြားနတ်ဆိုး မျိုးနွယ်စုတို့ နှစ်ဦးစလုံးမှာ အခြား နယ်ပယ်များမှ လာသူများ ဖြစ်ကြသည်။ သူတို့သည် ဤနယ်ပယ်၏ သန္ဓေသားအတွက် ထျန်းရွှမ်တိုက်ကြီးအတွင်းသို့ ရောက်လာခဲ့ကြခြင်း ဖြစ်၏။
သို့သော် သူတို့သည် နောက်ဆုံးတွင် နယ်ပယ်၏ သန္ဓေသားကို မရရှိခဲ့ကြပေ။
သို့ပေမယ့် ဝူယွမ်တွင်တော့ ၎င်းကို နိုးထစေနိုင်မည့် နည်းလမ်းတစ်ခု ရှိ၏။
ခနအကြာတွင် ဆုရိုက လင်ချင်ကျူးနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
မိန်းမလှလေးတစ်ယောက်က ကောင်းကင်ပြာပေါ်တွင် ခြေဗလာဖြင့် လျှောက်လှမ်းလာပြီး သူမ၏ လှပသော မျက်နှာကို ဖုံးကွယ်ထားသည့် ပါးလွှာသော မျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ထား၏။သူမမှာ ဝူယွမ် အလွန်ရင်းနှီးသော လင်ချင်ကျူးပင်။
ကမ္ဘာခြားနတ်ဆိုးမြို့တော်တွင် ထိုနှစ်ဦးသည် အချိန်အတော်ကြာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး သူတို့၏ စိတ်နှလုံးထဲရှိ ရန်ငြိုးများမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဝူယွမ်ကို ပြန်လည်မြင်တွေ့ရသော အခါ လင်ချင်ကျူး စိတ်ထဲတွင် အလွန် ပျော်ရွှင်သွားသည်။
ကမ္ဘာခြားနတ်ဆိုးမြို့တော်ရှိ တိုက်ပွဲကြီးက သူမကို အချိန်အတော်ကြာ စိုးရိမ်ပူပန်စေခဲ့၏။ ယွမ်ဂိုဏ်း၏ စွမ်းအားမှာ အရှေ့ဘက်ရွှမ်ဒေသတွင် အဆင့်တစ်ခုရှိကြောင်းကိုလည်း သိရှိထားသောကြောင့်လည်းဖြစ်သည်။
ဝူယွမ်သည် တောင်ဂိုဏ်းနှင့်အတူ ပျောက်ကွယ်သွားချိန်၌ပင် သူမ တစ်ရက်မျှပင် စိတ်မအေးနိုင်ဖြစ်ခဲ့ရ၏။
“ဝူယွမ်”
လင်ချင်ကျူးက တိုးညှင်းစွာ ခေါ်လိုက်သည်။
သူမ၏ ကြည်လင်သော ရေကဲ့သို့ မျက်လုံးများက ဝူယွမ်ကို နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုများဖြင့် စိုက်ကြည့်နေသည်။
သူမက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည် “ဒီအချိန်တစ်လျှောက်လုံး ဘယ်ရောက်နေတာလဲ၊ မဟာ ယန် အင်ပါယာကို တစ်ခါ ငါ သွားခဲ့သေးတယ်၊ ဒါပေမယ့် မဟာ ယန် အင်ပါယာလည်း ပျောက်သွားပြီ”
ဝူယွမ်က သူမကို ကြည့်ကာ ပြုံးလိုက်သည်။ မျက်နှာချင်းဆိုင် တွေ့မြင်နေရသော်လည်း သူတို့၏ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ချမပြသေးပဲ စိတ်ချင်းဆက်သွယ်ရန်သာ ရွေးချယ်ခဲ့သည်။
ကြည့်ရတာ သူမရဲ့ ဆရာက သူမကို တော်တော်လေး ဖိအားပေးထားပုံရတယ်။
“မဟာ ယန် အင်ပါယာက အခု ငါနဲ့ အတူရှိတယ်၊ ငါ ကစဉ်ကလျားမိစ္ဆာပင်လယ်ကို ခဏသွားခဲ့တာပါ” ဝူယွမ်က သူမကို စိတ်ဝညာဉ်စွမ်းအားဖြင့်ပဲ ပြန်ပြောလိုက်၏။
“ဒါဆိုရင် အခု အရှေ့ဘက်ရွှမ်ဒေသကို ပြန်ရောက်ပြီပေါ့၊ ယွမ်ဂိုဏ်းက လက်စားချေမှာကို မစိုးရိမ်ဘူးလား” လင်ချင်ကျူးက အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
ဝူယွမ်က ပြန်ဖြေလိုက်သည် “မစိုးရိမ်ပါနဲ့ ယွမ်ဂိုဏ်းက မရှိတော့ပါဘူး”
“ဟမ်”
လင်ချင်ကျူး၏ လှပသော မျက်လုံးများ ပြူးကျယ်သွား၏။သူမနားကြားမှားသွားသည်ထင်၍ ပြန်လည် မေးမြန်းရန် ပြင်လိုက်ချိန်မှာပင်
“နန်းတော်သခင် ရောက်လာပြီ”
ဤအချိန်တွင် ဝင်ပေါက်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အစိမ်းရောင် တာအို ဝတ်ရုံဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။
လူတိုင်း သူမကို ကြည့်လိုက်ကြသည်။
“ နန်းတော်သခင်ကို ဂါရဝပြုပါတယ်”
ဝူယွမ်က လက်နှစ်ဖက်ကိုထပ်ကာ ပြောလိုက်သည်။
“မင်းက ဝူယွမ်လား လူငယ် မျိုးဆက်သစ်တွေက တကယ်ကို ကြောက်ဖို့ကောင်းလာတာပဲ၊ မင်းရဲ့ ဂိုဏ်းချုပ်ကြီး ယင်းရော ဘယ်လိုနေလဲ၊ သူ နေကောင်းရဲ့လား” လူလတ်ပိုင်း အရွယ် လှပသော အမျိုးသမီးက ဝူယွမ်ကို သေချာ အကဲခတ်ကြည့်ရှုကာ မေးလိုက်သည်။
ဝူယွမ်၏ လက်ရှိ အဆင့်အတန်းနှင့် စွမ်းအားမှာ သူမ ကိုယ်တိုင် ဧည့်ခံရန် လုံလောက်နေပြီဖြစ်သည်။
ဝူယွမ်က ဖြေလိုက်သည်“နန်းတော်သခင်ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျတော်တို့ ဂိုဏ်းချုပ်ကြီး နေကောင်းပါတယ်”
နဝမမြောက်ကောင်းကင် ထိုက်ချင်း နန်းတော်သခင်ကထပ်မေးလိုက်၏။
“ဂိုဏ်းချုပ်ကြီး ယင်းလည်း အရှေ့ဘက်ရွှမ်ဒေသကို ပြန်ရောက်ပြီလား”
“ဟုတ် ကျတော်တို့ ဂိုဏ်းချုပ်ကြီးက အခုတော့ ဓားဂိုဏ်းကို သွားနေပါတယ်” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
“ ဒါဆိုရင် ဒီတစ်ခါ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ကို ရောက်လာတာ ဘာကိစ္စရှိလို့လဲ” ထိုက်ချင်း နန်းတော်သခင်က ဝူယွမ်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ မေးလိုက်သည်။
“ ငါရဲ့ အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ်က အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ၊ ငါတို့ရဲ့ ဆက်ဆံရေးကို အကြောင်းကို အခုနေ ဆရာသာ သိသွားရင် နင့်ကို အလွှတ်ပေးမှာ မဟုတ်လောက်ဖူး”
လင်ချင်ကျူးက စိုးရိမ်စွာဖြင့် ဝူယွမ်ထံ အလျင်အမြန် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။သူမသည် မိဘများက သဘောမတူချိန်တွင် ရည်းစားဖြစ်သူ အိမ်သို့ ရုတ်တရက် ရောက်လာသော မိန်းကလေးတစ်ဦးပမာနင့်တူနေ၏။
“ဟွန်း” ထိုက်ချင်း နန်းတော်သခင်က လင်ချင်ကျူးကို စိုက်ကြည့်လိုက်ရာ သူမ ဝူယွမ်ထံ စိတ်ချင်းဆက်သွယ်နေသည်ကို သတိထားမိသွားသည်။
လင်ချင်ကျူးနှင့် ဝူယွမ်တို့ကြားရှိ မရှင်းလင်းသော ဆက်ဆံရေးကို သူမ သံသယဝင်နေသည်မှာ ကြာပီဖြစ်၏။
လင်ချင်ကျူးသည် သူမ၏ အတန်ဖိုးထားရဆုံး တပည့်ဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာက မဟာ ယန် အင်ပါယာမှ သူမ ပြန်လာသောအခါ သူမ၏ အတန်ဖိုးထားရဆုံး တပည့်မှာ အပျိုစင်ဘဝ ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း သူမ သိရှိခဲ့သည်။
ဝူယွမ်မှာ မဟာ ယန် အင်ပါယာမှ ဖြစ်ပြီး ဂိုဏ်းများ ပြိုင်ပွဲအတွင်း လင်ချင်ကျူးနှင့်အတူ အချိန်အတိုင်းအတာတစ်ခုအထိ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသေး၏။ထိုကြောင့် သူတို့၏ ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း မျက်စိကန်းနေသောသူမှလွဲလျှင် တစ်ခြားသူအားလုံး မြင်နိုင်ပေသည်။
လင်ချင်ကျူး၏ အပျိုစင်ဘဝ ဆုံးရှုံးမှုက သူမ၏ နှစ်ပေါင်းများစွာ ထိုက်ချင်း ကျင့်စဉ် ကျင့်ကြံမှုများကို မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားစေခဲ့ပြီး ထိုက်ချင်း ကျင့်စဉ်မှာ လွှမ်းမိုးမှုကိုနိုးထစေရန် အတွက် အလွန် အရေးပါလှသည်။
ထိုအချိန်က ထိုက်ချင်း နန်းတော်သခင်မှာ အလွန်အမင်း ဒေါသထွက်ခဲ့ပြီး သူမ၏ တပည့်ကို ဖျက်ဆီးခဲ့သော ကောင်လေးကို ကိုယ်တိုင် သတ်ပစ်ချင်ခဲ့သည်။
ကံမကောင်းစွာဖြင့် လင်ချင်ကျူးက မည်သူ့ လက်ချက်ဖြစ်ကြောင်း သူမအား ပြောပြရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။
ထိုက်ချင်း နန်းတော်သခင်သည် ဝူယွမ် စကားပြောမည်ကို စောင့်နေသည်။ အကယ်၍ သူသာ လက်ထပ်ခွင့် တောင်းရဲပါက ဝူယွမ် အစွမ်းထက်နေလျှင်တောင် သူမသည် ဝူယွမ်ကို မသေမချင်း တိုက်ခိုက်တော့မည်ဖြစ်၏။
ဝူယွမ်က လူတိုင်း၏ အကြည့်များကို ရင်ဆိုင်လိုက်ပြီး ဖြေးညင်းစွာ ရှင်းပြလိုက်သည်
“ဒီလိုပါ အဓိကအားဖြင့် အရှေ့ဘက်ရွှမ်ဒေသမှာ အထူးအစွမ်းထက် ဂိုဏ်းတွေရဲ့ မဟာမိတ်အဖွဲ့ တစ်ခု တည်ထောင်ဖို့အတွက် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်နဲ့ ဆွေးနွေးဖို့ ဒီကို လာတာပါ”
“ယွမ်ဂိုဏ်း ပျက်စီးသွားပြီ ဖြစ်လို့ အရှေ့ဘက်ရွှမ်ဒေသရဲ့ အခြေအနေကို ထိန်းချုပ်ဖို့ လိုအပ်တယ်”
“ဘာပြောလိုက်တယ်၊ ယွမ်ဂိုဏ်းရဲ့ ပျက်စီးသွားပီ ဟုတ်လား” ထိုက်ချင်း နန်းတော်သခင်က ဝူယွမ်၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ဟုတ်သားပဲ ခဗျားတို့ကို ပြောဖို့ မေ့သွားတယ်၊ ယွမ်ဂိုဏ်းက ငါ့လက်ချက်နဲ့ ပျက်စီးသွားခဲ့ပြီ၊ လွန်ခဲ့တဲ့ ငါးရက်လောက်ကမ ဖြစ်သွားတဲ့အတွက် သတင်းမကြားရသေးတာ ဖြစ်မယ်” ဝူယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းက ယွမ်ဂိုဏ်းကို ဖျက်ဆီးလိုက်တာလား”
ထိုက်ချင်း နန်းတော်သခင်၊ လင်ချင်ကျူး၊ ဆုရိုတို့သာမက ဤနေရာရှိ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်မှ အကြီးအကဲများ အားလုံး ဝူယွမ်ကို မေးခွန်းထုတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ဝူယွမ် ပေါ့ပေါ့ပါးပါး ပြောချလိုက်သော သတင်းမှာ ကြီးမားလွန်းလှသဖြင့် သူတို့အတွက် ယုံကြည်ရန် ခက်ခဲနေသည်။
ယွမ်ဂိုဏ်းသည် အရှေ့ဘက်ရွှမ်ဒေသတွင် နှစ်ထောင်ပေါင်းများစွာ ရပ်တည်ခဲ့သော အထူးအစွမ်းထက် အင်အားစုတစ်ခုဖြစ်သည်။ထို့ကြောင့် အခုလို လွယ်လွယ်ကူကူ ပျက်စီးသွားပီဆိုသတင်းကြောင့် အလွန်ပင် ထူးစမ်း အံဩနေကြ၏။
“ဝူယွမ် နင်တစ်ကယ်ပြောနေတာလား ” လင်ချင်ကျူးက မေးလိုက်သည်။
“အမှန်ပဲ၊ ယွမ်ဂိုဏ်းက ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်နေတာဆိုတော့ လူတိုင်းက သူတို့ကို အပြစ်ပေးခွင့် ရှိတယ်”
ဝူယွမ်က ယွမ်ဂိုဏ်း ပျက်စီးရခြင်း၏ အကြောင်းရင်းများနှင့် နောက်ဆက်တွဲ အကျိုးဆက်များအပြင် ယေဘုယျ ဖြစ်စဉ်များကိုပါ ဤနေရာရှိ လူများကို ရှင်းပြလိုက်၏။
ထိုက်ချင်း နန်းတော်သခင်နှင့် လင်ချင်ကျူးတို့မှလွဲ၍ အခြားသူများ အများစုမှာ ကမ္ဘာခြားနတ်ဆိုးများအကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
“ငါတို့ လောကမှာ ဒီလောက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ရှိနေမယ်လို့ ငါမထင်ထားခဲ့ဖူး”
“ဒါဆိုရင် ယွမ်ဂိုဏ်းကို မိစ္ဆာအကျဉ်းထောင်က ပြုစုပျိုးထောင်ထားပြီး အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးကို အုပ်ချုပ်ဖို့ ကြိုးစားနေတာပေါ့”
“သူတို့သာ အောင်မြင်သွားရင် ငါတို့ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်လည်း သုတ်သင်ခံရလောက်တယ်”
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်မှ အကြီးအကဲများမှာ ဝူယွမ်ပြောပြသော အကြောင်းအရာများကို ကြားပြီးနောက် ကြောက်ရွံ့တုန်လှုပ်မှု တစ်ခုကို ခံစားလိုက်ရသည်။
ထိုက်ချင်း နန်းတော်သခင်ပင်လျှင် သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။
သူတို့သည် မိစ္ဆာအကျဉ်းထောင်နှင့် အလွန် နီးကပ်နေခဲ့၏။
အကယ်၍ ဝူယွမ်သာ ယွမ်ဂိုဏ်းကို မသုတ်သင်ခဲ့ပါက တစ်နေ့နေ့တွင် ယွမ်ဂိုဏ်းသည် သူတို့၏ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ကို တိုက်ခိုက်လာမည်ဖြစ်သည်။
ဝူယွမ်က ပြောလိုက်သည် “ယွမ်ဂိုဏ်း ပျက်စီးသွားပေမယ့် ကမ္ဘာခြားနတ်ဆိုးတွေကို အပြီးတိုင် မဖယ်ရှားနိုင်သေးဘူး၊ သူတို့က နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေပြီး မိစ္ဆာအကျဉ်းထောင်က အရှေ့ဘက်ရွှမ်ဒေသမှာ သူတို့ရဲ့ လက်တံတွေ ရှိနေနိုင်သေးတဲ့အတွက် ကျတော်တို့ သတိထားဖို့ လိုတယ်”
“ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ မီးနတ်ဘုရားနန်းတော် ဦးဆောင်တဲ့ ကမ္ဘာခြားနတ်ဆိုးတွေကို ဆန့်ကျင်တဲ့ မဟာမိတ်အဖွဲ့ တစ်ခု ဖွဲ့စည်းထားပြီးပြီ၊ ကျတော် တို့ အရှေ့ဘက်ရွှမ်ဒေသလည်း အင်အားစုတွေကို ပေါင်းစပ်နိုင်ဖို့ မျှော်လင့်တယ်၊ ဒါမှ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ သဲလွန်စတွေကို တွေ့ရင် လူတိုင်း အတူတကွ ရင်ဆိုင်နိုင်မှာပါ”
“အဲဒီလိုမှမဟုတ်ရင် ကမ္ဘာခြားနတ်ဆိုးတွေက အခွင့်အရေးယူပြီး ကျတော် တို့ကို တစ်ဂိုဏ်းပီးတစ်ဂိုဏ်းချေမှုန်းသွားပီး နောက်ဆုံးမှာ လူတွေအားလုံး သေကြေပျက်စီးရလိမ့်မယ်”
ထိုက်ချင်း နန်းတော်သခင်က မျက်မှောင် နက်နက် ကြုတ်လိုက်သည်။ သူတို့၏ ဂိုဏ်းသည် အဆောင်ဘိုးဘေးထံမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး အချို့သော လျှို့ဝှက်ချက်များကို နန်းတော်သခင်ဖြစ်သော သူမ တစ်ယောက်တည်းသာ သိရှိသည်။ ကမ္ဘာခြားနတ်ဆိုးများ၏ ခြိမ်းခြောက်မှုမှာ အမြဲတမ်း တည်ရှိနေခဲ့သည်။
“မင်းပြောတာ မှန်တယ် မဟာမိတ်အဖွဲ့ တစ်ခု တကယ်ကို ဖွဲ့စည်းသင့်တယ်”
“မင်းတို့ တောင်ဂိုဏ်းက ယွမ်ဂိုဏ်းကို ဖျက်ဆီးနိုင်တဲ့ စွမ်းအား ရှိနေပြီ၊ ပြီးတော့ မင်းရယ်၊ ဂိုဏ်းချုပ်ကြီး ယင်းရယ်၊ အကြီးအကဲ ဟန်ရယ်၊ လင်းတုန်ရယ်က ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး သုံးယောက်ထက် မနိမ့်ကျတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြပြီဆိုတော့ အရှေ့ဘက်ရွှမ်ဒေသ မဟာမိတ်အဖွဲ့ကို မင်းတို့ တောင်ဂိုဏ်းက ဦးဆောင်သင့်တယ်”
ထိုက်ချင်း နန်းတော်သခင်သည် ကိစ္စ၏ လေးနက်မှုကို သိရှိပြီး တောင်ဂိုဏ်းကို ခေါင်းဆောင်အဖြစ် အကြံပြုကာ မဟာမိတ်ဖွဲ့ရန် ဆန္ဒရှိကြောင်း ချက်ချင်း ဖော်ပြလိုက်သည်။ ဝူယွမ်အပေါ် သူမ၏ သဘောထားမှာလည်း သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့သည်။
စစ်မှန်သော ဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော မဟာ ကောင်းကင် မိစ္ဆာကောင်နှင့် စတုတ္ထမြောက် ဘုရင်နန်းဆောင်၏ ကိုယ်ပွားတို့ကို ဝူယွမ် သတ်ဖြတ်နိုင်ခဲ့ခြင်းက သူ၏ လက်ရှိ စွမ်းအားမှာ သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင် သူ့ကို ဒဏ်ရာမရစေနိုင်ကြောင်း သက်သေပြနေသည်။
၎င်းမှာ သူတို့၏ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ထက် လုံးဝ ကျော်လွန်နေပြီဖြစ်သည်။
ယခင်က သူမသည် ဝူယွမ်ကို လင်ချင်ကျူးအပေါ် လွန်ကျူးခဲ့မှုများအတွက် တာဝန်ယူစေချင်သေးသည်။
ယခုတော့ သူမ၏ တပည့်မှာ သူနှင့် သိပ်မလိုက်ဖက်တော့သလို ရုတ်တရက် ခံစားလိုက်ရ၏။
ဝူယွမ်၏ စွမ်းအားများမှာ အလွန် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ယခု သူသည် ဤဂိုဏ်းချုပ် အဆင့် ပုဂ္ဂိုလ်များကို မသိမသာ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး လောက၏ စစ်မှန်သော သဘောသဘာဝကို သိမြင်ကာ လောကကြီးကို ကယ်တင်ရာတွင် မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။