← Chapters

အခန်း ၄၄၅

Vol. 45 Ch. 445

အခန်း ၄၄၅

Vol. 45 Ch. 445

အခန်း (၄၄၅) - အမြင့်မြတ်ဆုံး လွှမ်းမိုးမှု၊ လင်ချင်ကျူးကို ကူညီခြင်း(၂)

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ထိုက်ချင်း နန်းတော်သခင်ကို အတိတ်က အဆောင်ဘိုးဘေးအား အမှတ်ရစေသည်။

နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်၏ ဆက်ခံသူများအဆက်ဆက်ကြားတွင် အဆောင်ဘိုးဘေးသည် သူတို့ အလေးစားဆုံး ကြီးမြတ်သော တည်ရှိမှု ဖြစ်သည်။

ဝူယွမ်က ပြောလိုက်သည် “တောင်ဂိုဏ်းက ဒီကြီးမားတဲ့ တာဝန်ကို အခု မယူနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ တောင်ဂိုဏ်းက ကျတော် နဲ့အတူ ရှိနေပြီး အရှေ့ဘက်ရွှမ်ဒေသမှာ အမြဲတမ်း မနေနိုင်လို့ပါ၊ ဒါပေမယ့် ကျဝောာ် တို့က အချိန်မရွေး ပြန်လာလို့ ရပါတယ်၊ ဒါကြောင့် လူတိုင်းကို ဦးဆောင်နိုင်မယ့် မဟာမိတ် ခေါင်းဆောင် တစ်ယောက်ကို ကျန်တဲ့ အထူးအစွမ်းထက် ဂိုဏ်း ခြောက်ခုထဲကနေ ရွေးချယ်ဖို့ လိုတယ်”

“ဂိုဏ်းချုပ်ကြီးနဲ့ ကျတော် ဆွေးနွေးပြီး နောက်ဆုံးမှာ ခဗျားတို့ရဲ့ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်နဲ့ ဓားဂိုဏ်းကြားမှာ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာပါ”

“လက်ရှိမှာ ခဗျားတို့ ဂိုဏ်းကြီး နှစ်ခုပဲ ဒီကြီးမားတဲ့ တာဝန်ကို ယူနိုင်မှာပါ”

ထိုက်ချင်း နန်းတော်သခင်က ဝူယွမ်၏ ရင်ဘတ်ပေါ်ရှိ ရှေးဟောင်းကျောက်တိုင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ဝူယွမ်က သူ၏ ရှင်းပြမှုများတွင် သူ၏ ရှေးဟောင်းကျောက်တိုင် ကမ္ဘာသည် အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးပင် ဝင်ရောက်နိုင်ကြောင်း သူတို့ကို ပြောပြပြီးဖြစ်၏။

“တောင်ဂိုဏ်းက အရှေ့ဘက်ရွှမ်ဒေသမှာ အမြဲတမ်း အခြေချမနေနိုင်ပေမယ့် သူက အရှေ့ဘက်ရွှမ်ဒေသရဲ့ ဂိုဏ်းတစ်ခု ဖြစ်နေတုန်းပါပဲ၊ ပြီးတော့ တောင်ဂိုဏ်းက စတင်လိုက်တဲ့ မဟာမိတ်အဖွဲ့က မိစ္ဆာတွေကို သတ်ဖို့ ရည်ရွယ်တာပါ၊ ငါတို့ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်က ပူးပေါင်းဆောင်ရွက်ပြီး မင်းတို့ရဲ့ အစီအစဉ်တွေကို လိုက်နာဖို့ ဆန္ဒရှိပါတယ်” ထိုက်ချင်း နန်းတော်သခင်က ပြတ်သားစွာ ပြောလိုက်သည်။

ဝူယွမ်က ပြောလိုက်သည်

“ဒါဆိုရင် ကျဝောာ်ရဲ့ အစီအစဉ်တွေကို‌ ပြောပြပါမယ် ”

“တကယ်တော့ ဂိုဏ်းချုပ်ကြီးကို ဓားဂိုဏ်းဆီ လွှတ်လိုက်တာက သူတို့ကို အကြောင်းကြားရုံ သက်သက်ပါ၊ မဟာမိတ် ခေါင်းဆောင် အစစ်အမှန် ရွေးချယ်မှုအတွက်ကတော့ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်ကနေပဲ ရွေးချယ်ဖို့ရာ စီစဉ်ထားတယ်”

“ကျန်နေတဲ့ အထူးအစွမ်းထက် ဂိုဏ်း ခြောက်ခုမှာ တစ်ခုစီက ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်စီပဲ ရှိကြပြီး စွမ်းအား ကွာဟချက် ကြီးမားတဲ့အတွက် လူအများစုကို ယုံကြည်လက်ခံအောင် လုပ်နိုင်မှာ မဟုတ်ဘူး”

“ဒါပေမယ့် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်က နောက်ထပ် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် ထွက်ပေါ်လာမယ်ဆိုရင်တော့ ကွာခြားသွားလိမ့်မယ်”

ဝူယွမ် ပြောနေစဉ် သူ၏ အကြည့်များက လင်ချင်ကျူးအပေါ်သို့ စူးစိုက်နေသည်။ လင်ချင်ကျူးကို ဝင်စားခြင်းအဆင့်သို့ အမြန်ရောက်ရှိအောင် ကူညီပေးရန် စီစဉ်ထားသည်။

“အချိန်တိုအတွင်း နောက်ထပ် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် ထွက်ပေါ်လာဖို့က အရမ်း ခက်ပါတယ်” ထိုက်ချင်း နန်းတော်သခင်က ခေါင်းအနည်းငယ် ယမ်းကာ ပြောလိုက်သည်။

သူမ ကိုယ်တိုင် ဝင်စားခြင်းအဆင့်တွင် ရှိနေပြီး ဤနယ်ပယ် မည်မျှ ခက်ခဲကြောင်းကို သိရှိသည်။

လက်ရှိတွင် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်၌ ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်းရှိ အကြီးအကဲ အနည်းငယ် ရှိသော်လည်း နှစ်အနည်းငယ်အတွင်း ဝင်စားခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ဝူယွမ်က မေးလိုက်သည် “ချင်ကျူးသာ လွှမ်းမိုးမှုကို အောင်မြင်စွာ နိုးထနိုင်ခဲ့ရင်ရော ”

“လွှမ်းမိုးမှုအကြောင်း မင်း ဘယ်လို သိတာလဲ၊ မင်းကများ...” ထိုက်ချင်း နန်းတော်သခင်၏ လှပသော မျက်လုံးများ လှုပ်ရှားသွားပြီး ဝူယွမ်ကို စိုက်ကြည့်လိုက်သည်။

“ဟုတ်ပါတယ်၊ ချင်ကျူးကို အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ် ကျင့်ကြံရာမှာ ကျဝောာ် ကူညီနိုင်ပါတယ်၊ ပြီးတော့ သူ လွှမ်းမိုးမှုကို နိုးထ‌စေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဝူယွမ်က ယုံကြည်ချက်ရှိစွာ ပြောလိုက်၏။

“ငါ့စကားတွေကို သံသယမဝင်ပါနဲ့၊ ငါ့ရင်ဘတ်ပေါ်က ဒီရှေးဟောင်းကျောက်တိုင်က ဟိုတုန်းက အဆောင်ဘိုးဘေး ဖန်တီးခဲ့တဲ့ နတ်ဘုရားရတနာ တစ်ခုဖြစ်ပြီး မဟာရှေးဟောင်း ကျောက်တိုင်ကို အဓိက ကိုယ်ထည်အဖြစ် သုံးထားတာပါ၊ အဲဒီအထဲမှာ ရှေးဟောင်းခေတ်က အဆောင်ဘိုးဘေးနောက်ကို လိုက်ခဲ့ပြီး ငါတို့ အားလုံးထက် အဆောင်ဘိုးဘေးအကြောင်းကို ပိုသိတဲ့ မဟာရှေးဟောင်း ကျောက်တိုင်ရဲ့ ကျောက်တိုင်ဝိညာဉ် ရှိတယ်”

“အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ်ကို အဆောင်ဘိုးဘေးက လက်ဆင့်ကမ်းပေးခဲ့တာပါ၊ ဒါ‌ကြောင့်မင်းက အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ်အကြောင်းကို သိရှိတာကိုး ”

ထိုက်ချင်း နန်းတော်သခင် ရုတ်တရက် နားလည် သဘောပေါက်သွားပီး ရေရွတ်လိုက်သည်။

“ဒါကြောင့်ကိုး ”

“မင်းက အဆောင်ဘိုးဘေးရဲ့ အမွေအနှစ်ကိုလည်း ရထားတာကိုး”

သူမသည် ဝူယွမ်၏ အံ့မခန်း ကြီးထွားမှု အရှိန်ကို အဆောင်ဘိုးဘေးကြောင့်ဟု မသိမသာ မှတ်ယူလိုက်သည်။

အဆောင်ဘိုးဘေး၏ အကူအညီကသာ ဝူယွမ်ကို ဤမျှ လျင်မြန်စွာ မြင့်တက်လာစေနိုင်သည်။

ဝူယွမ်အပေါ် ထိုက်ချင်း နန်းတော်သခင်၏ အကြည့်များမှာ အနည်းငယ် ပိုမို နွေးထွေးလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သည် အတိုင်းအတာတစ်ခုအထိ အဆောင်ဘိုးဘေး ချန်ထားခဲ့သော ဂိုဏ်းတစ်ခုဖြစ်ပြီး အဆောင်ဘိုးဘေး၏ အမွေအနှစ်ကို ရရှိထားသော ဝူယွမ်သည် အဆောင်ဘိုးဘေး၏ မျိုးဆက်မှ ဖြစ်ကာ တူညီသော ဇာစ်မြစ်ကို မျှဝေထားသဖြင့် သူတို့၏ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်မှ တပည့်တစ်ဦးဟု ယူဆနိုင်သောကြောင့် ဖြစ်သည်။

“စကားပြောတာ တော်သင့်ပြီ၊ တစ်ခါတည်း လုပ်ဆောင်လိုက်ကြပေါ့ လွှမ်းမိုးမှုကို နိုးထစေနိုင်ဖို့ ချင်ကျူးကို ငါတို့ အတူတူ ကူညီကြရအောင်” ဝူယွမ်က ချက်ချင်း ပြောလိုက်သည်။

လွှမ်းမိုးမှုကို နိုးထစေခြင်းသည် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်တွင် အလွန်ပင် ထူးခြား မြင့်မြတ်သော အကြောင်းအရာတစ်ခုဖြစ်၏။

ထိုက်ချင်း နန်းတော်သခင်က နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်မှ အကြီးအကဲများကို ထိုက်ချင်း ခန်းမဆောင်တွင် စုဝေးရန် ချက်ချင်း ဆင့်ခေါ်လိုက်သည်။

နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်တွင် လွှမ်းမိုးမှု အစီအရင်တစ်ခု ရှိပြီး ၎င်းအတွင်း၌ ကျင့်ကြံခြင်းက လွှမ်းမိုးမှုကို ပို၍လွယ်ကူစွာ နိုးထလာစေရန် အကူညီပေးနိုင်၏။

၎င်းမှာ အဆောင်ဘိုးဘေး ချန်ထားခဲ့သော အစီအရင် တစ်ခုဖြစ်သည်။

ဝူယွမ်သည် သူတို့၏ အစီအရင် လည်ပတ်ပုံနှင့် လွှမ်းမိုးမှုကိုနိုးထ‌စေနိုင်သည့် နည်းလမ်းကို အရင်ဆုံး လေ့လာစောင့်ကြည့်ရန် လိုအပ်သည်။

ခမ်းနားကြီးကျယ်‌သော နန်းတော်အတွင်း၌ ရှေးဟောင်း အစီအရင် ပုံစံများက လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

လင်ချင်ကျူးကအလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်နေသည်။

ထိုက်ချင်း နန်းတော်သခင်သည် အကြီးအကဲ နှစ်ဆယ်ကျော်နှင့်အတူ အစီအရင်အတွင်း မတူညီသော နေရာများတွင် ထိုင်လိုက်ကြ၏။

အမြင့်မြတ်ဆုံး လွှမ်းမိုးမှု စတင်သည်နှင့်အမျှ အကြီးအကဲများက သူတို့၏ ယွမ်စွမ်းအင်များကို အစီအရင်အတွင်းသို့ ပို့လွှတ်လိုက်ကြသည်။

ကျယ်ပြောလှသော ယွမ်စွမ်းအင်များက မြစ်များအဖြစ် စုစည်းသွားပြီး ခန်းမဆောင်ကြီး တစ်ခုလုံးတွင် စီးဆင်းနေကာ ဤယွမ်စွမ်းအင် မြစ်များအတွင်း၌ များပြားလှသော တောက်ပနေသည့် သလင်းကျောက်များက စိန်များပမာ လင်းလက်နေသည်။

ဤယွမ်စွမ်းအင် မြစ်များက အလွန်ပင် ရှေးကျပြီး နက်နဲသော အစီအရင်တစ်ခုအဖြစ် စုစည်းသွားကြသည်။

ဝူယွမ်က ဘေးမှနေ၍ စောင့်ကြည့်နေခဲ့သည်။

အစီအရင်၏ အလယ်ဗဟိုတွင် ယွမ်စွမ်းအင်များက အစိမ်းရောင် ကြာပန်းတစ်ခုအဖြစ် စုစည်းသွားသည်။ အစိမ်းရောင် ကြာပန်းပေါ်တွင် လူတစ်ယောက်က တိတ်ဆိတ်စွာ ထိုင်နေပြီး မင်ကဲ့သို့ မည်းနက်သော ဆံပင်၊ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်နှင့် မိုးမခရွက်ကဲ့သို့ ကွေးညွတ်နေသော မျက်ခုံးများ ရှိသည်။

သူမ၏ မျက်နှာကို ပါးလွှာသော မျက်နှာဖုံး တစ်ခုက ဖုံးကွယ်ထားသော်လည်း အသက်ရှူမှားလောက်အောင် လှပသော သူမ၏ မျက်နှာသွင်ပြင်များကို မြင်တွေ့နိုင်သေး၏။

ဤအချိန်တွင် လင်ချင်ကျူး၏ သွယ်လျသော ကျောက်စိမ်းကဲ့သို့ လက်များက အထူး အံ့သြဖွယ်ကောင်းသော ကိုယ်ဟန်အနေအထားတစ်ခုကို ဖန်တီးထားပြီး လက်ချောင်းထိပ်များက ညင်သာစွာ ထိတွေ့နေကာ သူမ၏ လက်ဖဝါးများက လောက တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ မှော်ဆန်သော အကွေးတစ်ခုကို ဖန်တီးထားသည်။

“ဒါက ဒီလိုမျိုးအလုပ်လုပ်တာလား”

ဝူယွမ်က လျင်မြန်စွာ နားလည်သဘောပေါက်သွားပြီး ဘာဆက်လုပ်ရမည်ကို ယေဘုယျအားဖြင့် သိရှိသွားသည်။

လင်ချင်ကျူး လွှမ်းမိုးမှုကို နိုးထစေနိုင်ရန် ကူညီရာတွင် သူ၏ အကြီးမားဆုံး ယုံကြည်မှုမှာ ကမ္ဘာသစ်ပင်မှ လာခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းကျောက်တိုင် ကမ္ဘာသည် တဖြည်းဖြည်း ပုံသဏ္ဌာန်ပေါ်လာပြီး ကမ္ဘာသစ် တစ်ခု၏ သန္ဓေသားအဖြစ် ဖန်တီးနေပြီဖြစ်သောကြောင့် ဖြစ်သည်။

၎င်းမှာ သူတို့နိုးထစေလိုသော နယ်ပယ်၏ သန္ဓေသားနှင့် တူညီသော တည်ရှိမှုပင်ဖြစ်သည်။

ရှေးဟောင်းကျောက်တိုင် ကမ္ဘာ၏ နယ်ပယ် သန္ဓေသားမှာ အလွန် အားနည်းနေသေးသည်။

သို့သော်လည်း ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင် ကမ္ဘာ၏ နယ်ပယ်၏ သန္ဓေသားကိုနိုးထစေနိုင်ပြီဖြစ်ပြီး ၎င်း စွမ်းအားများ မည်ကဲ့သို့ လုပ်ဆောင်နိုင်သည်ကို သိရှိထား၏။

၎င်းမှာ တိုက်ပွဲအတွက် ရှေးဟောင်းကျောက်တိုင်၏ ကမ္ဘာတစ်ခုလုံးကို အသက်သွင်းလိုက်ခြင်းနှင့် ဆင်တူသည်။

အမြင့်မြတ်ဆုံး လွှမ်းမိုးမှု ကျင့်စဉ်တွင်လည်း ထျန်းရွှမ်တိုက်ကြီးအသက်သွင်းလိုက်ပီး မိမိစွမ်းအားကိုမြှင့်တင်ကာ သန္ဓေသားကို နိုးထလာစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

လင်ချင်ကျူးသည် သန္ဓေသားကို အောင်မြင်စွာ နိုးထလာစေရန် သိပ်မလိုတော့ပေ။

အောင်မြင်စွာ နိုးထလာစေရန် အတွက် ဝူယွမ်သည် သူမ အနောက်ကနေ တွန်းအားအနည်းငယ် ပေးရန်သာ လိုအပ်သည်။

“ချင်ကျူး ငါ လာပြီ”

ဝူယွမ်က လင်ချင်ကျူးထံသို့ စိတ်ချင်းဆက်သွယ်လိုက်သည်။

သူ စကားပြောနေစဉ် ရှေးဟောင်းကျောက်တိုင်ကို မြေကြီးပေါ်တွင် ချထားလိုက်ရာ ကြည်လင်ပြတ်သားသော အစိမ်းရောင် အလင်းတန်းများ အစီအရင်အတွင်းသို့ စီးဝင်သွားလေသည်။

ကမ္ဘာသစ်ပင်က လူသားများအား နားလည်သဘောပေါက်မှု အပါအဝင် စွမ်းအား အမျိုးမျိုးကို မြှင့်တင်ရန် ကူညီပေးနိုင်သည်။

ဝူယွမ်၏ တိကျသော လမ်းညွှန်မှုအောက်တွင် ကမ္ဘာသစ်ပင်၏ စွမ်းအားက လင်ချင်ကျူးကို လျင်မြန်စွာ လွှမ်းခြုံသွားပြီး သူမကို ဉာဏ်အလင်းပွင့်ခြင်း အခြေအနေတစ်ခုသို့ ဝင်ရောက်သွားစေခဲ့သည်။

လင်ချင်ကျူး၏ သွယ်လျသော ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သူမ၏ ခေါင်းအထက်တွင် အစိမ်းရောင် အလင်း စက်ဝိုင်းများ ပေါ်လာသည်။

ထိုအရာမှာ ရှေးဟောင်းကျောက်တိုင် ကမ္ဘာမှ မူလစွမ်းအားဖြစ်သည်။ ဝူယွမ်သည် ၎င်းမူလစွမ်းအားကို လင်ချင်ကျူး လျှင်မြန်စွာ နားလည် သဘော‌ပေါက်ပီး ဉာဏ်အလင်းရလာစေရန် ရည်ရွယ်ပြီးနောက် ခုန်ပျံကျော်လွှားလိုက်ပီး နေရာတစ်ခုကို အသုံးပြုလိုက်၏။

ဤအရာအားလုံးမှာ ဝူယွမ်၏ လုပ်ဆောင်ချက်များဖြစ်၏။

All Chapters