အခန်း ၄၄၆
Vol. 45 Ch. 446
အခန်း (၄၄၆) - ချင်ကျူး၏ အမြင့်မြတ်ဆုံးစွမ်းအားကို နိုးထလာစေခြင်း၊ မိစ္ဆာ နယ်မြေသို့ ဦးတည်ခြင်း(၁)
ကမ္ဘာသစ်ပင်၏ မူလစွမ်းအား အကူအညီဖြင့် လင်ချင်ကျူး ပတ်ဝန်းကျင်ရှိ အစိမ်းရောင် အလင်းတန်းများက မြက်ခင်းပြင်ကို လောင်ကျွမ်းသွားစေနိုင်သော မီးပွားဖြစ်ပေါ်လာသည်။
“ဒါက အမြင့်မြတ်ဆုံး စွမ်းအားပဲ”
နဝမမြောက်ကောင်းကင် ထိုက်ချင်း နန်းတော်သခင်က စိတ်လှုပ်ရှားကာ
ရေရွေတ်လိုက်သည်။
အကြီးအကဲများ၏ အကြည့်များကလည်း လင်ချင်ကျူးအပေါ်သို့ စူးစိုက်သွားကြသည်။
ထိုအချိန်တွင် လင်ချင်ကျူး၏ ခန္ဓာကိုယ်မှ နတ်ဘုရားသဖွယ် အလင်းတန်းများဖြင့် ထွက်ပေါ်နေ၏။
ဝူယွမ်၏ကမ္ဘာသစ်ပင်မှ အစိမ်းရောင် အလင်းတန်းများအပြင် အနည်းငယ် မှုန်ဝါးသော အလင်းတန်းတစ်ခုလည်း သူမ၏ ခေါင်းအထက်တွင် ပေါ်လာသည်။ ထိုအလင်းတန်းမှာ မျက်စိကျိန်းမတတ် စူးရှလွန်းပီး အလွန်တရာ ရှေးကျသော လှိုင်းဂယက်တစ်ခုကို ထုတ်လွှင့်နေသည်။ ၎င်းမှာ မတည်ငြိမ်မှုမရှိသေးပဲ ဖရိုဖရဲဖြစ်ကာ လှုပ်ရှားနေ၏။
ထိုအလင်းတန်းမှာ အမြင့်မြတ်ဆုံး စွမ်းအားဖြစ်ပြီး နယ်ပယ်၏ သန္ဓေသားထံမှ စွမ်းအားဖြစ်သည်။
လင်ချင်ကျူးက ၎င်းကို အောင်မြင်စွာ နိုးထစေနိုင်ခဲ့ပီ ဖြစ်သည်။
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော် တည်ထောင်ကတည်းက ကြိုးပမ်းလာခဲ့သော အမြင့်မားဆုံး ပန်းတိုင်မှာ ဝူယွမ်၏ အကူအညီဖြင့် အောင်မြင်စွာ အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သည်။
ဖရိုဖရဲဖြင့် တည်ငြိမ်မှုမရှိသေးသော လင်ချင်ကျူး၏ စွမ်းအင် အလင်းတန်းများမှာ တဖြည်းဖြည်း သိပ်သည်းလာကာ တည်ငြိမ်လာ၏။
ပတ်ဝန်းကျင်ရှိ အကြီးအကဲများလည်း သူတို့၏ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်ကြတော့ပေ။ သူတို့၏ မျက်နှာအမူအရာများမှာ ကလေးငယ်လေးတစ်ယောက် ပျော်ရွှင်နေသကဲ့သို့ အတိုင်းမသိ ဝမ်းသာမှုများ ဖြစ်ပေါ်လာပီး အချို့ အကြီးအကဲအများမှာ ပျော်ရွှင်လွန်း၍ မျက်ရည်ပင် စီးကျလာခဲ့သည်။
ဤနေ့အတွက် သူတို့ စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပီဖြစ်သည်။
အတွေ့အကြုံ ရင့်ကျက်လှပီး ဝါရင့်ပုဂ္ဂိုလ်အမျိုးသမီး တစ်ဦးဖြစ်သည့် နဝမမြောက် ထိုက်ချင်း နန်းတော်သခင်ပင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ချုပ်နိုင်ပဲ သူမ၏ မျက်နှာ၌ ပျော်ရွှင်မှုများ အတိုင်းသားပေါ်နေ၏။ နန်းတော်သခင်ဟူသော သူမ၏ ပုံရိပ်ကို လုံးဝ ဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ဟားဟား၊ ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ငါ့ရဲ့ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်မှာ အမြင့်မြတ်ဆုံးစွမ်းအားကို နိုးထစေနိုင်တဲ့ တပည့်တစ်ယောက် တကယ်ပဲ ရှိလာပြီ၊ ငါတို့ အခု သေရမယ်ဆိုရင်တောင် နောင်တရစရာ မရှိတော့ဘူး”
“အားလုံးပဲ၊ အရမ်း စိတ်မလှုပ်ရှားကြပါနဲ့ဦး၊ ဒါက ပထမဆုံး အကြိမ်နိုးထလာတာဖြစ်တဲ့အတွက် ချင်ကျူးကို အနှောင့်အယှက် ပေးသလိုဖြစ်သွားပါလိမ့်မယ်” ဝူယွမ်က သူ၏ ဇနီးသည် ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်စေဖို့ တိတ်ဆိတ်စွာနေပေးရန် နဝမမြောက်ကောင်းကင် ထိုက်ချင်း နန်းတော်သခင်နှင့် အခြားသူများကို လက်ကိုဝေ့ရမ်းကာ အချက်ပြလိုက်၏။
အမြင့်မြတ်ဆုံးစွမ်းအား အောင်မြင်စွာ နိုးထနိုင်ခြင်းက အရေးကြီးဆုံး အဆင့်ဖြစ်သော်လည်း ၎င်းမှာ အစသာ ရှိသေးသည်။
ဤစွမ်းအားကို နိုးထပြီးနောက် ၎င်းကို စုပ်ယူ အသုံးပြုနိုင်ရန် သူမ၏ ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲနိုင်ရန် လိုအပ်သေးသည်။
ခန်းမဆောင်မှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြီး လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော အလင်းတန်းတစ်ခု သာကျန်ရှိခဲ့၏။
လေထုထဲတွင် အဆုံးအစမဲ့ ယွမ်စွမ်းအင် မြစ်ကြီးတစ်ခု ကျဆင်းလာပြီး လင်ချင်းကျူ ၏ ခန္ဓာကိုယ်အတွင်းသို့ တဟုန်ထိုး ဝင်ရောက်သွားလေသည်။
သာမန် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် ခံနိုင်ရည်မရှိသော ဤကဲ့သို့သော ဝင်ရောက်သောစွမ်းအားများကို လင်ချင်းကျူက တစ်ခါတည်း လက်ခံကာ စုပ်ယူလိုက်သည်။
လင်ချင်ကျူးတွင် ဝိညာဉ် တံဆိပ်တစ်ခုကို ပိုင်ဆိုင်ထားပြီး ဝူယွမ်၏ အကူအညီပါ ရရှိနေခြင်းကြောင့် သူမ၏ ခန္ဓာကိုယ်က ပိုမိုများပြားသော စွမ်းအင်များကို လက်ခံနိုင်စွမ်း ရှိ၏။ ကမ္ဘာသစ်ပင်၏ မူလစွမ်းအားက သူမကို အမြဲတမ်း ကာကွယ်ပေးနေခဲ့သည်။
ဝူယွမ်ဘေးတွင် ရှိနေသဖြင့် သူမသည် စိုးရိမ်ပူပန်မှုကင်းစွာဖြင့် စိတ်ချလက်ချ ကျင့်ကြံနေ၏။
ယွမ်စွမ်းအင် မြစ်ကြီးက လင်ချင်ကျူး၏ ခန္ဓာကိုယ်အတွင်းသို့ အပီးတိုင် ဝင်ရောက်သွားပီးနောက် မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ သူမ၏ မျက်လုံးများမှာ ပင်လယ်ရေပြင်ကဲ့သို့ကြည်လင်နေပီး ထူးဆန်းသော လှိုင်းဂယက်တစ်ခုလည်း ရှိနေ၏။ ထိုလှိုင်းဂယက်က လောကကြီး၏ ကန့်သတ်ချက်များကို ကျော်လွန်နေပုံရသည်။
သို့သော်လည်း ထိုလှိုင်းဂယက်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
လင်ချင်ကျူး၏ တစ်ခနအတွင်းမြင့်တက်လာသော စွမ်းအား အရှိန်အဝါများကြောင့် ဝူယွမ်ပင် ဖိအားတစ်ခု ခံစားလိုက်ရသည်။
၎င်းမှာ နယ်ပယ်၏ သန္ဓေသားထံမှ ဖိအားဖြစ်သည်။
တစ်ခဏမျှသာ ဖြစ်သော်လည်း ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
လင်ချင်ကျူး၏ အမြင့်မြတ်ဆုံးစွမ်းအား အပေါ် နားလည်သဘောပေါက်မှု တိုးတက်လာသည်နှင့်အမျှ အခြေအနေက ပိုမို တည်ငြိမ်လာပေလိမ့်မည်။
ရှေးဟောင်းကျောက်တိုင် ကမ္ဘာတွင် လောက၏ သခင်ဖြစ်လာသော ဝူယွမ်ကဲ့သို့ပင်။
“ဝူယွမ် ကျေးဇူးတင်ပါတယ်”
လင်ချင်ကျူးက မျက်လုံးများတွင် နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုများဖြင့် ဝူယွမ်ကို ကြည့်လိုက်ပီး သူမ၏ စိတ်နှလုံးထဲရှိ စိုးရိမ်ပူပန်နေရသော အစိုင်အခဲကြီးမှာလည်း လုံးဝ ကျဆင်းသွားလေ၏။
သူမသည် ဂိုဏ်းထံမှ ဖိအားများကို ဆက်လက် ခံစားရန် မလိုတော့ပဲ သူမ၏ ဆရာက ဝူယွမ်နှင့်ပက်သက်သည့် လျို့ဝှက်ချက်ကို သိသွားမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
သူမသည် ဂိုဏ်း၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက သူမ ချစ်သောသူနှင့်လည်း တရားဝင် ပေါင်းဖက်နိုင်တော့မည်
ဖြစ်သည်။
ယနေ့သည် သူမအတွက် ပျော်ရွှင်မှုကြီးနှစ်မျိုး
“ငါတို့ကြားမှာ အားနာနေစရာ မလိုပါဘူး၊ မင်းနဲ့ ငါက သူစိမ်းတွေမှ မဟုတ်တာ”
ဝူယွမ်က အနည်းငယ် ပြုံးကာ ရှေးဟောင်းကျောက်တိုင်ကို သိမ်းဆည်းလိုက်သည်။
“တကယ်ပဲ ကံဆိုးမှုနဲ့ ကံကောင်းမှုက ယှဥ်တွဲနေတာပဲ၊ ချင်ကျူးရဲ့ အပျိုစင်ဘဝ ဆုံးရှုံးသွားပြီး နှစ်ပေါင်းများစွာ ကျင့်ကြံမှုတွေ ပျက်စီးသွားတုန်းက အဲဒီကောင်လေးကို ဖမ်းပြီး အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်ခဲ့တာ၊ ဒါပေမယ့် အခု သူမက ကံဆိုးမှုကို ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး အမြင့်မြတ်ဆုံး စွမ်းအားက်ု အောင်မြင်စွာ နိုးထနိုင်ခဲ့ပြီ၊ ဒါက ကံတရားပဲ၊ ကြည့်ရတာ ချင်ကျူးနဲ့ မင်းက ရေစက်ပါပုံရတယ်”
နဝမမြောက်ကောင်းကင် ထိုက်ချင်း နန်းတော်သခင်က ဝူယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ “ ကောင်လေး၊ မင်းအခု အရင်တုန်းက ချင်ကျူးအပေါ် ကျူးလွန်ခဲ့တာကို ဝန်ခံသင့်ပြီ မဟုတ်လား”
“အာ.”
ဝူယွမ် ရုတ်တရက် ကြောင်သွားပြီးနောက် ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်
“တကယ်တော့ ကျတော် တစ်ခါမှ မငြင်းခဲ့ပါဘူး၊ ချင်ကျူးက ကျတော့် ကို ဘာမှ ပြောခွင့်မပေးလို့ပါ၊ ဖြစ်သွားတဲ့ ကိစ္စကို ကျတော် တာဝန်ယူမယ်လို့ ချင်ကျူးကို ပြောခဲ့တာ ကြာပါပြီ”
၎င်းကို ကြားသောအခါ လင်ချင်ကျူး၏ မျက်နှာ နီရဲသွားပြီး နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငုံ့သွားလေသည်။ဈ
သူမ၏ ဂိုဏ်းမှ အကြီးအကဲ အများအပြားရှေ့တွင် ဤကဲ့သို့သော စကားများ ပြောရသည်မှာ သူမ အလွန် ရှက်ရွံ့နေ၏။
နဝမမြောက်ကောင်းကင် ထိုက်ချင်း နန်းတော်သခင်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေသည်။ နှစ်ပေါင်းများစွာ သူမ ပြုစုပျိုးထောင်လာခဲ့သော သမီးကဲ့တပည့်အရင်းအချာမှာ အခြားသူတစ်ယောက်၏ ရင်ခွင်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။ သူမ စိုက်ပျိုးထားခဲ့သော အသီးတစ်လုံးကို တစ်ခြားသူတစ်ယောက် အလွယ်တကူ ခူးစားသွားသကဲ့သို့ ဖြစ်နေ၏။
သို့သော် အခြား အကြီးအကဲများ၏ မျက်နှာများမှာတွင်တော့ စိတ်သက်သာရာရသွားကြသည်။ ဝူယွမ်သည် ယခုအခါ သူတို့ လေးစားအားကျရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ လင်ချင်ကျူးမှာ အလွန်ထူးချွန်ပီး အဖိုးတန်လှသော်လည်း သူတို့၏ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သည် ဝူယွမ်နှင့် သူမ၏ ပေါင်းဖက်မှုကြောင့် အကျိုးအမြတ် ကြီးကြီးမားမား ရရှိခဲ့၏။
လင်ချင်ကျူးအား အမြင့်မြတ်ဆုံး စွမ်းအားကို နိုးထနိုင်ရန် ကူညီပေးရုံဖြင့် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သည် သူတို့၏ ဆက်ဆံရေးကို ကန့်ကွက်ရန် အကြောင်းပြချက် မရှိတော့ပေ။
ထို့အပြင် ဝူယွမ်သည် ယွမ်ဂိုဏ်းကို ဖျက်ဆီးခဲ့ပြီးဖြစ်ရာ အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးက ယခုအခါ ဝူယွမ်ကို လေးစားကြမည်ဖြစ်သည်။
“ကောင်းပြီ၊ အရင်ပြန်ပြီး အနားယူကြတာပေါ့၊ အစီအရင်ကို အသက်သွင်းထားရလို့ စွမ်းအားတွေလည်း အများကြီး သုံးစွဲလိုက်ရပီ”
“ချင်ကျူးရဲ့ စွမ်းအားတွေကို ပိုပြီး တည်ငြိမ်လာအောင် မင်း ကကူညီပေးလိုက်ပါ”
ထိုသို့ ပြောပြီးနောက် နဝမမြောက်ကောင်းကင် ထိုက်ချင်း နန်းတော်သခင်သည် အကြီးအကဲများကို ဦးဆောင်ကာ ခန်းမဆောင်ကြီးထဲမှ ထွက်သွားလေသည်။
ဝူယွမ်နှင့် လင်ချင်ကျူး နှစ်ဦးသာ ခန်းမဆောင်ထဲ၌ ကျန်ရှိခဲ့ပီး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။ ပတ်ဝန်းကျင်ရှိ အပူချိန်မှာ မြင့်တက်လာနေပုံရပြီး သူတို့၏ အသက်ရှူသံများ လေးလံလာသည်။
“မင်း...”
“ငါ...”
“ဘာမ မပြောပါနဲ့........”
နှစ်ယောက်သား အနမ်းများ ဖလှယ်ကြရင်း ချစ်ကြိုးသွယ်လိုက်ကြ၏။
နေမင်းက ကောင်းကင်ထက်၌ ခန့်ညားထယ်ဝါစွာထွက်လာခဲ့ ချိန်၌ ဝူယွမ်နှင့် လင်ချင်ကျူးတို့နှစ်ဦးလည်း ထိုက်ချင်း ခန်းမဆောင်ကြီးထဲမှ ထွက်လာကြသည်။
တစ်ညတာအတွင်း စွမ်းအားများတည်ငြိမ်လာအောင် ပြုလုပ်ပြီးနောက် လင်ချင်ကျူးသည် ယခုအခါ အမြင့်မြတ်ဆုံးစွမ်းအားကို တည်ငြိမ် လွတ်လပ်စွာ အသုံးပြုနိုင်ပီ ဖြစ်သည်။
ယခုအခါ လင်ချင်းကျူသည် အမြင့်မြတ်ဆုံး စွမ်းအားကို အသုံးပြုလိုက်ပါက သံသရာအဆင့်စွမ်းအားရှင် ပုဂ္ဂိုလ်များနှင့်ယှဉ်နိုင်ပီ ဖြစ်သည်။
ထို့ကြောင့် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်တွင် ယခုအခါ ဂိုဏ်းချုပ် အဆင့် ပုဂ္ဂိုလ် နှစ်ဦး ရှိလာပြီဖြစ်သည်။ သူတို့၏ ဦးဆောင်မှုဖြင့် အရှေ့ဘက်ရွှမ်ဒေသ မဟာမိတ်အဖွဲ့ တည်ထောင်ခြင်းမှာ ပြဿနာတစ်ခု မဟုတ်တော့ပေ။
ဝူယွမ်သည် ဓားဂိုဏ်းသို့ သွားနေသော ယင်းရွှမ်ဇီထံသို့ စိတ်ချင်းဆက်သွယ်၍ သတင်းပို့လိုက်ပြီး မဟာမိတ်ဖွဲ့ရေး ဆွေးနွေးရန် နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သို့ လာရောက်ဖို့ရာ အခြား အထူးအစွမ်းထက် ဂိုဏ်းငါးခုကို အကြောင်းကြားပေးရန် တောင်းဆိုလိုက်သည်။
မဟာမိတ်အဖွဲ့ တစ်ခု တည်ထောင်ခြင်းတွင် အထူးအစွမ်းထက် ဂိုဏ်းခြောက်ခုကို သဘောတူအောင် စည်းရုံးခြင်းသာမက နောက်ဆက်တွဲ ကိစ္စရပ်များစွာ ပါဝင်ပြီး အရေးကြီးဆုံးမှာ စစ်တပ်ဖွဲ့စည်းရန်ဖြစ်သည်။
ကမ္ဘာခြားနတ်ဆိုးများကို ယှဉ်ပြိုင်ရန်အတွက် ထိရောက်မှုရှိစေရန် အစွမ်းထက်သော စစ်တပ်တစ်ခုကို တည်ထောင်ရမည်ဖြစ်သည်။
သံသရာအဆင့်အောက်တွင် တစ်ယောက်တည်း တိုက်ခိုက်သူများမှာ စတေးခံရုံသက်သက်သာ ဖြစ်ကြသည်။ သူတို့သည် မီးနတ်ဘုရား အစောင့်အရှောက်များကဲ့သို့ တိုက်ခိုက်လိုစိတ်ရှိသော တပ်မတော် တစ်ခုကို ဖွဲ့စည်းရမည်ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် အထူးအစွမ်းထက် ဂိုဏ်းခြောက်ခုဖြစ်သော သောင်းချီသော ရုပ်သေးရုပ် ဂိုဏ်း၊ နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်၊ အက္ခရာ တောင်ကြား၊ နတ်ဘုရား ဂိုဏ်း၊ ဓားဂိုဏ်းနှင့် မဟာရှေးဟောင်း ဂိုဏ်းတို့တွင် သူတို့၏ ကိုယ်ပိုင် အထူးဖွဲ့စည်းထားသော စစ်သည် အသီးသီး ရှိကြပြီး တစ်ခုနှင့်တစ်ခု အားနည်းချက်များကို အပြန်အလှန် ဖြည့်ဆည်းပေးနိုင်၏။
သောင်းချီသော ရုပ်သေးရုပ် ဂိုဏ်း၏ ရုပ်သေးရုပ် စစ်သည်နှင့် မဟာရှေးဟောင်း ဂိုဏ်း၏ စစ်သည်တို့က ရှေ့မှနေ၍ တိုက်ခိုက်နိုင်သည်။
အက္ခရာ တောင်ကြားနှင့် နတ်ဘုရား ဂိုဏ်းတို့သည် သူတို့၏ အက္ခရာသခင်စစ်သည်များက အဓိက အစီအရင်များကို ဖြန့်ကြက်ကာ အဝေးပစ် တိုက်ခိုက်မှုများကို ပံ့ပိုးပေးနိုင်သည်။ ဓားဂိုဏ်း၏ ဓားနတ်ဘုရား အစောင့်အရှောက်များမှာ သွက်လက်ပြီး ပေါ့ပါးကာ ပံ့ပိုးမှုနှင့် ဘေးဘက် တိုက်ခိုက်မှုများအတွက် လှုပ်ရှားနိုင်သည်။
နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်သည် ဘက်စုံသုံး အရန်နှင့် ဗဟို ကွပ်ကဲမှုအဖြစ် ဆောင်ရွက်ကာ ဘက်စုံ ပံ့ပိုးမှုများ ပေးစွမ်းနိုင်၏။
စစ်တပ်တစ်ခု ဖွဲ့စည်းခြင်းအပြင် ဝူယွမ်သည် အစွမ်းထက်သော ကျင့်စဉ်များနှင့် ရူန်းသင်္ကေတ အများအပြားကိုလည်း ထောက်ပံ့ပေးခဲ့ပြီး နေရာရွှေ့ပြောင်းခြင်း အစီအရင် အများအပြားကို တည်ဆောက်ခဲ့ကာ အထူးအစွမ်းထက် ဂိုဏ်း ခြောက်ခုကို တစ်ခုနှင့်တစ်ခု လျင်မြန်စွာ ပံ့ပိုးပေးနိုင်စေခဲ့သည်။
ဝူယွမ်နှင့် အခြားသူများ အလုပ်များနေစဉ် အရှေ့ဘက်ရွှမ်ဒေသနှင့် အလွန်ဝေးကွာသော မြောက်ဘက်စွန်းတွင် နတ်ဘုရားရတနာ တစ်ခု ပေါ်ထွက်လာနေသည်။
ထိုနေရာမှာ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ယွမ်စွမ်းအင်ကိုပင် အေးခဲသွားစေနိုင်၏။
ဤရေခဲ ကမ္ဘာတွင် ကျန်းသောင်းချီ မြင့်မားသော ဧရာမ ရေခဲတောင်ကြီးတစ်ခု တည်ရှိနေသည်။ ရေခဲတောင်ကြီးက ကောင်းကင်ကို ထိုးဖောက်သွားသကဲ့သို့ ခမ်းနားကြီးကျယ်ပြီး အဆုံးအစမရှိဖူးဟု ထင်မှတ်ရအောင်ထိ ကြီးမားလှ၏။
ထိုရေခဲတောင်ကြီး၏ အနက်ရှိုင်းဆုံး အပိုင်းတွင် မှေးမှိန်သော ရေခဲပြာရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး အသက်ရှူနေသကဲ့သို့ တဖျပ်ဖျပ်လက်နေသည်။ ဝေဝါးစွာဖြင့် ထွက်ပေါ်နေသော ရေခဲပြာရောင် အလင်းတန်းများက အလွန်တရာ ရှေးကျသော ရူန်းသင်္ကေတ တစ်ခုအဖြစ် စုစည်းသွား၏။
ရေခဲပြာရောင် ရူန်းသင်္ကေတတစ်ခုက လေထဲသို့ လွင့်မျောသွားပီး ထိုနေရာတွင် ရေခဲနှင့် နှင်း နတ်သမီးလေးပမာ မိန်းကလေးငယ်လေး တစ်ဦး ရှိနေသည်။