← Chapters

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း (၄၅၀) - ယန်ရွှိုက်ဦးဆောင်သော မိစ္ဆာဗိုလ်ချုပ်ကိုးဦး(၁)

ဤကြမ်းတမ်းသောအသံ ထွက်ပေါ်လာသည်နှင့်အမျှ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုမှ မိန်းမပျိုများ အားလုံး ကြောက်ရွံ့မှုများ ပြသလာကြပြီး အများအပြားက ဝူယွမ်၏ ဘေးသို့ ပြေးသွားကြသည်။

“ဒုက္ခပါပဲ၊ သားရဲတစ်ရ တောင်တန်းက ပဏ္ဏာဆက်သဖို့လာတာပဲ၊ မျိုးနွယ်စု

ခေါင်းဆောင်ကို ငါ သွားအကြောင်းကြားလိုက်ဦးမယ်”

အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုမှ လူလတ်ပိုင်းအရွယ် လှပသော အမျိုးသမီးတစ်ဦးက ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားလေသည်။

“မစိုးရိမ်ပါနဲ့၊ ဘာဖြစ်နေတာလဲဆိုတာ အရင်ပြောပြပါလား” လင်းတုန်က ထိတ်လန့်နေပြီး ချစ်စရာကောင်းသော မြေခွေးမျိုးနွယ်စုမှ မိန်းမပျိုများကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။

တက်ကြွသောမြေခွေးမျိုးနွယ်စုမှ မိန်းမပျိုတစ်ဦးက ရှေ့ထွက်လာပြီး ပြောလိုက်၏။

“သခင်ကြီးဝူယွမ်၊ သခင်ကြီးလင်းတုန်၊ သားရဲတစ်ရာတောင်တန်းက ကျွန်မတို့ မျိုးနွယ်စုဆီကို ခဏခဏ ပဏ္ဏာဆက်သဖို့ လာတတ်တယ်၊ ဒါတင်မကဘူး၊ သူတို့က ကျွန်မတို့ မျိုးနွယ်စုက မိန်းမတစ်ယောက်ကို သဘောကျရင် ဇနီးအဖြစ် အတင်းအကျပ် ယူသွားတတ်တယ်”

“အရင်တုန်းက သားရဲတစ်ရာ တောင်တန်းက ချင်ကန်းဆိုတဲ့ ကောင်က ပဏ္ဏာဆက်သဖို့ လာရင်း အစ်မရှင်းချင်ကို သဘောကျသွားတယ်၊ သူက သူမကို မယားငယ်အဖြစ်ယူဖို့ တောင်းဆိုခဲ့တယ်၊ သူမကို ကာကွယ်ဖို့အတွက် မျိုးနွယ်စု ခေါင်းဆောင်က သူမကို သားရဲတိုက်ပွဲနယ်မြေကနေ ယာယီထွက်သွားခိုင်းခဲ့တယ်၊ အဲဒီလိုမှမဟုတ်ရင် ရှင်းချင်...”

“နောက်ပိုင်းမှာ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်မတို့ အမြီးကိုးချောင်း မျိုးနွယ်စုက တော်တော်လေးကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရတယ်၊ ဒါမှ အဲဒီချင်ကန်းက ဒီကိစ္စကို မေ့သွားတာ”

မြေခွေးမျိုးနွယ်စုမှ မိန်းမပျိုများ၏ မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာများက သားရဲတစ်ရာ တောင်တန်းအပေါ် သူတို့၏ အမုန်းတရားနှင့် ကြောက်ရွံ့မှုတို့ကို ရှင်းလင်းစွာ ပြသနေသည်။

မြေခွေးမျိုးနွယ်စုမှ မိန်းမပျိုအနည်းငယ်က မျက်ရည်များဖြင့် တောင်းပန်လာကြသည်။ “သခင်ကြီးဝူယွမ်၊ သခင်ကြီးလင်းတုန်၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပါ”

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သခင်ကြီးဝူယွမ် မည်မျှအစွမ်းထက်ကြောင်း သူတို့အားလုံး သိရှိခဲ့ကြသည်။ ရှင်းချင် ဝင်ရောက်ခဲ့သော ဧရာမအဖွဲ့အစည်းတစ်ခုဖြစ်သည့် မီးနတ်ဘုရားနန်းတော်ပင်လျှင် ဝူယွမ်လောက် မစွမ်းထက်ပေ။

အကယ်၍ ဝူယွမ်က သူတို့ကို ကာကွယ်ပေးပါက သူတို့၏ အမြီးကိုးချောင်း မျိုးနွယ်စုသည် အခြားသူများ၏ ကျူးကျော်ဝင်ရောက်မှုများကို ခံစားရမည်မဟုတ်ပေ။

“မစိုးရိမ်ပါနဲ့၊ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကို ခေါ်သွားမယ်လို့ ငါ ကတိပေးထားပြီးပြီဆိုတော့ မင်းတို့ကို ဘယ်သူမှ အနိုင်ကျင့်ခွင့်ပေးမှာ မဟုတ်ပါဘူး” ဝူယွမ်က တည်ငြိမ်သော လေသံဖြင့် သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

ဤအချိန်တွင် ထိုလူများ ဝင်ရောက်လာကြပြီဖြစ်သည်။ ဝူယွမ်က မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းကာ လှမ်းကြည့်လိုက်သည်။

အဖွဲ့၏ ရှေ့ဆုံးတွင် ကြွက်သားအပြည့်နှင့် အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် အင်္ကျီမဝတ်ထားဘဲ သူ့ခန္ဓာကိုယ်က မဟူရာကျောက်တုံးပမာ တလက်လက်တောက်ပနေပြီး ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါတစ်ခုက သူ၏ အတွင်းမှ ပြန့်ကျဲထွက်ပေါ်နေသည်။

“ချင်ကန်းပဲ၊ ဒီကောင် ထပ်လာပြန်ပြီ”

“အစ်မရှင်းချင် ပြန်ရောက်နေပြီဆိုတာ သူ မသိလောက်ပါဘူးနော်”

“မကြောက်ပါနဲ့၊ အခု ငါတို့ဆီမှာ သခင်ကြီးဝူယွမ် ရှိတယ်လေ”

“အစ်မ ရှင်းချင်က သခင်ကြီးဝူယွမ်ကို မြင်တိုင်း မျက်နှာနီရဲသွားတတ်တယ်၊ သခင်ကြီးဝူယွမ်နဲ့ သူမရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူး၊ သခင်ကြီး ဝူယွမ်က ဒီချင်ကန်းကို ကိုင်တွယ်ဖြေရှင်းဖို့ သူမကို သေချာပေါက် ကူညီလိမ့်မယ်”

မြေခွေးမျိုးနွယ်စုမှ မိန်းမပျိုများက အချင်းချင်း တိုးတိုးလေး ပြောနေကြသည်။

ချင်ကန်းသည် ဧရာမ သွေးရောင်လင်းနို့ကြီးတစ်ကောင်ကို စီးနင်းကာ အမြီးကိုးချောင်းရွာအား ကြည့်ရင်း ရှေးဟောင်းကျောက်တိုင်ရှေ့သို့ ရောက်ရှိလာသည်။

“အို၊ မင်းတို့ရဲ့ ရွာသူကြီးရှင်း ဘယ်မှာလဲ၊ ဘာလို့ ငါ့ကို လာမကြိုတာလဲ”

ချင်ကန်းက ရှင်းရှင်းကို မတွေ့သဖြင့် မျက်မှောင်ကြုတ်သွားသည်။ မြေခွေးမျိုးနွယ်စုမှ မိန်းမပျိုများ ဝိုင်းရံထားသော ဝူယွမ်နှင့် လင်းတုန်တို့ကို ကြည့်လိုက်ရာ သူ၏အကြည့်များ စူးရှသွားလေသည်။

“ဘာလဲ၊ မင်းတို့ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုက အခု လူသားယောက်ျားတွေကို သိမ်းထားရတာ ကြိုက်နေပြီလား၊ ဟဲဟဲ၊ သူတို့ ရုပ်ရည်တော့ မဆိုးပါဘူး၊ ဒါပေမယ့် လူသားယောက်ျားတွေက ငါတို့ မိစ္ဆာသားရဲတွေလောက် မကြမ်းတမ်းဘူးနော်”

ချင်ကန်းက စော်ကား လှောင်ပြောင်လိုက်သည်။

ဝူယွမ်နှင့် လင်းတုန်တို့ကို မြင်သောအခါ သူ၏ မျက်နှာအမူအရာ ချက်ချင်း မှုန်ကုပ်သွားသည်။ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုမှာ သူတို့၏ သားရဲတစ်ရာတောင်တန်း နယ်မြေအတွင်း ရှိနေသဖြင့် သူတို့၏ တားမြစ်ထားသော ကစားစရာအဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည်။

ယခုအခါ မြေခွေးမိန်းမများ၏ အားပေးထောက်ခံမှုကို ရရှိနေသော လူသား နှစ်ဦးကို မြင်တွေ့ရခြင်းက သူ့ကို ခေါင်းပုံဖြတ်ခံရသကဲ့သို့ ခံစားလိုက်ရစေသည်။

“မင်းတို့ မြေခွေးမလေးတွေ လူသားယောက်ျားနှစ်ယောက်နဲ့ နေနေတော့ ဘာအကျိုးရှိမှာလဲ၊ သူတို့က အရမ်းအားနည်းလွန်းတယ်”

“သခင်ကြီးချင်ကန်းရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကသာ မင်းတို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မှာ”

“ဟားဟားဟား”

“ဒီလူသားကောင်လေးနှစ်ယောက်ကို သတ်လိုက်၊ သူတို့က ငါတို့ မိစ္ဆာနယ်မြေမှာ ပျော်ပါးဖို့ လာရဲတယ်ပေါ့လ!”

... ချင်ကန်း၏ အနောက်မှ လိုက်ပါလာသော လက်အောက်ငယ်သားအဖွဲ့က ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလာကြပြီး ဝူယွမ်နှင့် လင်းတုန်တို့ကို ဝါးမျိုချင်နေသည့်ပုံ ပေါက်နေကြသည်။

လင်းတုန်မှာတော့ လှုပ်ရှားရန် လက်ယားနေပြီဖြစ်သည်။

ရုတ်တရက် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခု ကောင်းကင်ယံတွင် ပေါ်လာသည်။

ဝုန်း!

လေဟာနယ် တုန်ခါသံများ မကြာခဏ ပဲ့တင်ထပ်သွားပြီးနောက် အမြီးကိုးချောင်းရွာရှေ့ရှိ လူတိုင်းက ရုတ်တရက် လှည့်ကြည့်လိုက်ကြကာ သူတို့၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး အဝေးရှိ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်နေကြသည်။

ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ကြမ်းကြုတ်မှုများနှင့် ရောနှောနေသည့် အမည်းရောင်သံမဏိပမာ ရေစီးကြောင်းတစ်ခု သူတို့ဆီသို့ ပြေးဝင်လာသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော အမည်းရောင်ရေစီးကြောင်းမှာ အမှန်တကယ်တော့ စစ်တပ်တစ်ခု ဖြစ်နေသည်။

ရေစီးကြောင်းက ပိုမိုနီးကပ်လာသည်နှင့်အမျှ “ယန်” ဟူသော အက္ခရာပါရှိသည့် လွင့်မျောနေသော အလံတစ်ခုက အမည်းရောင် ရေစီးကြောင်းအတွင်း၌ လူတိုင်း၏ အမြင်အာရုံတွင် ပေါ်လာသည်။

“ဗိုလ်ချုပ်ကြီးယန်လား”

“ဗိုလ်ချုပ်ကြီးယန်ရဲ့ ကျားဝါးမျိုစစ်တပ်ပဲ၊ သူတို့ ဘာလို့ ဒီမှာ ရောက်နေတာလဲ”

ချင်ကန်း တွေဝေသွားပုံရသည်။ ဗိုလ်ချုပ်ကြီးယန်သည် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အမြီးကိုးချောင်းရွာကဲ့သို့ သေးငယ်သော နေရာတစ်ခုသို့ အဘယ်ကြောင့် လာမည်နည်း။

အခြားသူများက ဗိုလ်ချုပ်ကြီးယန်ကို မသိနိုင်သော်လည်း ချင်ကန်းကတော့ အလွန် ရှင်းရှင်းလင်းလင်း သိထားသည်။

သားရဲတိုက်ပွဲနယ်မြေကို မူလက မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးက ကြီးစိုးခဲ့သည်။ ဗိုလ်ချုပ်ကြီးယန်သည် မကြာသေးမီကမှ ပေါ်ထွက်လာသော မိစ္ဆာဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ဤမိစ္ဆာဗိုလ်ချုပ်၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ တစ်ယောက်တည်းက သားရဲတိုက်ပွဲနယ်မြေ၏ မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးကို တိုက်ခိုက်ခဲ့ပြီး သူတို့ကို ဖိနှိပ်ကာ အညံ့ခံစေခဲ့သည်။

မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးလုံးသည် ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်းအထက် စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး သူတို့အားလုံးနီးပါးမှာ သံသရာအဆင့်သို့ ခြေတစ်လှမ်း ချထားသော ခြေလှမ်း၀က် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထိုအထဲတွင် ထိပ်တန်း မဟာမိစ္ဆာဗိုလ်ချုပ် သုံးဦးမှာ သံသရာအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

အစစ်အမှန် ပုံစံမှာ ကောင်းကင်မိစ္ဆာကျားဖြစ်သည့် ဗိုလ်ချုပ်ကြီးယန်သည် မကြာသေးမီကမှ သံသရာအဆင့်သို့ ချိုးဖောက်ဝင်ရောက်ခဲ့သည်ဟု ဆိုသော်လည်း သူသည် သံသရာအဆင့် သုံးဦးနှင့် ‌‌ေခြလှမ်း၀က်သံသရာအဆင့် ငါးဦးတို့ကို အနိုင်ယူနိုင်ခဲ့သည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ စိတ်ကူးယဉ်၍ မရနိုင်လောက်အောင်ပင်။

အံ့အားသင့်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်။ ခမ်းနားကြီးကျယ်သော “ယန်” အလံအပြင် နောက်ထပ် ဗိုလ်ချုပ်အလံရှစ်ခု နောက်မှ ပေါ်လာသည်။

“ကောင်းကင်နဂါး မိစ္ဆာဗိုလ်ချုပ်၊ ရွှေရောင်မျောက်ဝံ မိစ္ဆာဗိုလ်ချုပ်၊ တစ္ဆေလင်းယုန် မိစ္ဆာဗိုလ်ချုပ်၊ ရွှီကျုံး မိစ္ဆာဗိုလ်ချုပ်၊ ချင် ခြင်္သေ့ မိစ္ဆာဗိုလ်ချုပ်... မိစ္ဆာဗိုလ်ချုပ် ကိုးဦးလုံး ဒီရောက်နေတာပဲ၊ ဘုရားရေ”

ယခုအခါ ချင်ကန်းနှင့် သားရဲတစ်ရာတောင်တန်းမှ လူများကို မပြောနှင့် အမြီးကိုးချောင်းရွာမှ မြေခွေးငယ်လေးများပင် တည်ငြိမ်မနေနိုင်တော့ပေ။

မိစ္ဆာဗိုလ်ချုပ် ကိုးဦး၊ သူတို့သည် သားရဲတိုက်ပွဲနယ်မြေ၏ အုပ်စိုးရှင်များ ဖြစ်ကြသည်။ သားရဲတိုက်ပွဲနယ်မြေ တစ်ခုလုံးမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

သူတို့သည် တကယ်ကို ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်များဖြစ်ပြီး မိစ္ဆာနယ်မြေတစ်ခုလုံးတွင်ပင် နာမည်ကြီးသော အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြသည်။

အဖြူရောင် အလင်းတန်းတစ်ခု ရှေးဟောင်းကျောက်တိုင် လေဟာနယ်ထဲတွင် တဖျပ်ဖျပ်လက်သွားပြီး ရှင်းရှင်း၊ ရှင်းချင်နှင့် အမြီးကိုးချောင်း မြေခွေးမျိုးနွယ်စုမှ အခြားအဖွဲ့ဝင်များ ထွက်လာကြရာ မိစ္ဆာဗိုလ်ချုပ်ကိုးဦး အမြီးကိုးချောင်းရွာအတွင်းသို့ ဝင်ရောက်လာသည်ကို အချိန်ကိုက် မြင်တွေ့လိုက်ရသည်။

ခဏအကြာက မာနထောင်လွှားပြီး စော်ကားနေခဲ့သော ချင်ကန်းနှင့် အခြားသူများမှာ ယခုအခါ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြပြီး နက်ရှိုင်းသော ချောက်ကမ်းပါးကို ရင်ဆိုင်နေရသည့်အလား၊ ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ လုံးဝ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

သူတို့သည် ရှင်းရှင်းနှင့် ရှင်းချင်တို့ကိုပင် ဂရုမစိုက်တော့ဘဲ ချဉ်းကပ်လာသော မိစ္ဆာဗိုလ်ချုပ် ကိုးဦးကိုသာ စိုးရိမ်တကြီး ကြည့်နေကြသည်။

မိစ္ဆာဗိုလ်ချုပ် ကိုးဦး အတူတကွ ပေါ်လာခြင်းဖြစ်ရာ ပုံမှန်မဟုတ်သော အရာတစ်ခုခု ဖြစ်နေသည်မှာ သေချာလှသည်။

ယိုယွင်းပျက်စီးနေသော အမြီးကိုးချောင်း ရွာတွင် မိစ္ဆာဗိုလ်ချုပ် ကိုးဦး၏ အာရုံစိုက်မှုနှင့် ထိုက်တန်သည့် အရာတစ်ခု ရှိနေနိုင်သည်ကို ချင်ကန်းနားမလည်နိုင်ပေ။

သားရဲ တိုက်ပွဲ နယ်မြေကဲ့သို့ ကစဉ်ကလျား နေရာတစ်ခုတွင် မိစ္ဆာဗိုလ်ချုပ် ကိုးဦးလုံးမှာ စစ်ရေးအတွေ့အကြုံ ရင့်ကျက်သော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ အံ့မခန်းဖြစ်ပြီး မမြင်ရသော ဖိအားတစ်ခု ပြန့်ကျဲထွက်ပေါ်လာသည်။

ချင်ကန်းနှင့် အခြားသူများက သူတို့၏ အကြည့်များကို တိုက်ရိုက် ရင်ဆိုင်ရန် မရဲကြပေ။

လူတိုင်း၏ အကြည့်များအောက်တွင် ရှေ့ဆုံးတွင် ရှိနေသော ဗိုလ်ချုပ်ကြီး ယန်က ဝူယွမ်နှင့် လင်းတုန်တို့ထံ တိုက်ရိုက် လျှောက်သွားလေသည်။

“အစ်ကိုကြီး”

“အစ်ကိုလတ်”

ရှောင်ယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်ရည်များ ပြည့်နှက်နေကာ သူက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

လင်းတုန် အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်၏။

“ရှောင်ယန်၊ မင်း ဘယ်လိုဖြစ်ပြီး ဒီလောက် ပြောင်းလဲသွားတာလဲ”

“ရက်အတော်ကြာ စောင့်နေတာတောင် မင်း ဘာလို့ မလာတာလဲလို့ ငါ တွေးနေတာ၊ မင်းက ခမ်းခမ်းနားနား ဝင်လာချင်လို့ကိုး”

ဝူယွမ်က ရှောင်ယန်၏ခေါင်းကို ပွတ်သပ်ရင်း ရယ်မောကာ ပြောလိုက်သည်။ “လာရင်လည်း ဒီအတိုင်း လာပေါ့၊ ဘာလို့ ဒီလောက် ခမ်းခမ်းနားနား လုပ်နေရတာလဲ၊ မင်း အဲဒါကို ဘယ်သူ့ဆီက သင်လာတာလဲ”

ရှောင်ယန်က ရယ်မောလိုက်ပြီး “ကျွန်တော် လက်အောက်ငယ်သား တစ်စုကို သိမ်းသွင်းလိုက်တာပါ၊ သူတို့ကို အစ်ကိုကြီး၊ အစ်ကိုလတ်နဲ့ လာမိတ်ဆက်ပေးတာပါ”

“အခု လာပြီး အစ်ကိုကြီးနဲ့ အစ်ကိုလတ်ကို ဂါရဝပြုကြစမ်း” ရှောင်ယန်က လှည့်ကာ မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးကို အော်ဟစ်လိုက်သည်။

ရှောင်ယန်၏ စိုက်ကြည့်မှုကြောင့် ထိတ်လန့်သွားသော မိစ္ဆာဗိုလ်ချုပ် ရှစ်ဦးမှာ ချက်ချင်း တောင့်တင်းသွားကြသည်။ သူတို့ အားလုံး ဝူယွမ်နှင့် လင်းတုန်တို့ရှေ့သို့ ရောက်လာကြပြီး ဝုန်းခနဲ အသံနှင့်အတူ တစ်ပြိုင်နက်တည်း ဒူးထောက်ကာ ဦးညွှတ်လိုက်ကြသည်။

“ဂါရဝပြုပါတယ် အစ်ကိုကြီး၊ အစ်ကိုလတ်”

All Chapters