မေတ္တာရပ်ခံ တောင်းပန်စာ
Vol. 7.1 Ch. 105.1
မင်္ဂလာပါ။
လီယွဲ့စာစဉ်ကို ဘာသာပြန်ရေးသားနေသူ ဖြစ်ပါတယ်။ အရှေ့ပိုင်းတွေမှာ အရေးအသား လွဲမှားမှုများကြောင့် ဖတ်ရခက်တာတွေ၊ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာတွေ အားလုံးအတွက် တောင်းပန်ပါတယ်။ နောက်ပိုင်းကို ပိုရှင်းလင်း တိကျအောင် ဂရုစိုက် ရေးသားသွားပါမယ်။ အဆင့် သတ်မှတ်ချက်တွေကိုလည်း ဒီကနေပဲ တခါတည်း ရှင်းပြပေးပြီး နောင်လည်း ဒီအသုံးအနှုန်းတွေနဲ့ ဆက်သုံးသွားမှာဖြစ်လို့ သည်းခံနားလည်ပေးပြီး ဆက်လက် ဖတ်ရှုခံစားပေးကြဖို့ တောင်းဆိုပါတယ်။
လူသားတွေရဲ့ အဆင့်တွေမှာ
အဆင့် ၁ - ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်
အဆင့် ၂ - စစ်မှန်သောချီစွမ်းအင်အဆင့်
အဆင့် ၃ - ယွမ်ဂန်းအဆင့်
အဆင့် ၄ - ယင်ယန်အဆင့်
အဆင့် ၅ - ဂူကောင်းကင်အဆင့်
အဆင့် ၆ - ဓမ္မ အသွင်အပြင်အဆင့်
အဆင့် ၇ - ဓမ္မသန္ဓေသား အဆင့်
အဆင့်တစ်ခုချင်းစီတွင် အဆင့် (၄) ဆင့် ထပ်ခွဲပြီး အဆင့်နိမ့်၊ အလယ်အလတ်၊ အထက်တန်း၊ အထွတ်အထိပ် ဟု ရှိပါတယ်။
စာစဉ် ရေးပြီးသလောက်တွင် အဆင့် ၇ အထိ ပါဝင်ပါတယ်။
နတ်ဘုရားတွေအတွက်မှာတော့ အဓိကဇာတ်ဆောင် လီယွဲ့ဟာ ယခု အဋ္ဌမအဆင့်မှာ ရောက်နေပါတယ်။ သူ့ရဲ့ အဋ္ဌမအဆင့်အင်အားက လူသားတွေအနေနဲ့ဆိုရင် အဆင့် ၆ ရဲ့ အင်အားနဲ့ ညီမျှနေပါတယ်။
လက်ရှိမှာ အရှင်လီယွဲ့ရဲ့ နယ်မြေပိုင်ဆိုင်မှုဟာ ရွာကနေ မြို့အဖြစ် ပြောင်းလဲသွားတဲ့အတွက် မြို့စောင့်နတ်မင်း ဖြစ်နေပါပြီ။ နောက်ပိုင်းမှာ မြို့စောင့်နတ်ဟုသာ ဆက်လက် သုံးစွဲဖော်ပြသွားပါမယ်။
အရှင်လီယွဲ့ရဲ့ ယုံကြည်သူတွေအဆင့်အနေနဲ့ကတော့ တာအိုအဆင့်
ကောင်းကင်အဆင့်
သူတော်စင်အဆင့်
အဆင့်အေ
အဆင့်ဘီ
အဆင့်စီ
အဆင့်ဒီ ဆိုပြီး ရှိပါတယ်။
မရှင်းမလင်း ဖြစ်ခဲ့တာတွေအတွက် စာဖတ်သူတွေကို အနူးအညွတ် ထပ်တောင်းပန်အပ်ပါတယ်။ နောက်ထပ် စာစဉ်တွေမှာ မေတ္တာနဲ့ စောင့်ကြည့်အားပေး ခံစားပေးကြဖို့ တောင်းဆိုချင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။