အခန်း ၆၀၁
Vol. 41 Ch. 601
အခန်း (၆၀၁) လုကျန်း ရှေ့ဖြစ်ဟောဆရာ ကို ဝါးမြိုခြင်းနှင့် သတ်ဖြတ်ခြင်း ဓား ကို စုစည်းခြင်း
လေဟာနယ်ထဲတွင်၊
ယဲ့ဖုန်းသည် ပေါက်ကွဲထွက်သွားသော အသားတောင်ကြီး မိစ္ဆာ ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာကာ နောက်ဆုံးတွင် လှုပ်ရှားရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်၏။
အမှန်ပင် ဟူဖေးဖေး ၏ ကြမ်းတမ်းသော ခွန်အားဖြင့် အသားတောင်ကြီး မိစ္ဆာ ကို အလွယ်တကူ အနိုင်ယူကာ ရိုက်ခွဲပစ်နိုင်သည်။
သို့သော် မိစ္ဆာစွမ်းအင် များ စုစည်းထားသော သတ္တဝါ တစ်ကောင်အနေဖြင့် အသားတောင်ကြီး မိစ္ဆာ ကို သတ်ဖြတ်ရန်မှာ သိပ်တော့ မလွယ်ကူလှချေ။
၎င်းကို ပြန်လည် ပေါင်းစပ်ရန် အချိန်အကြာကြီး ယူရမည် မဟုတ်ပေ။
သို့သော် ယဲ့ဖုန်းက ၎င်းကို ထိုအခွင့်အရေး ပေးမည် မဟုတ်ချေ။
“သတ်ဖြတ်ခြင်း အရှိန်အဝါ... ဝါးမြိုစေ”
ယဲ့ဖုန်းက တိတ်တဆိတ် လှုပ်ရှားလိုက်ရာ ကောင်းကင်ယံရှိ မိစ္ဆာစွမ်းအင် များကို ထိန်းချုပ်ကာ ပြန်လည် ပေါင်းစပ်ရန် ပြင်ဆင်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ရှေ့ဖြစ်ဟောဆရာ မှာ ထိတ်လန့်တကြား မျက်နှာပျက်သွားတော့၏။
“ဘာတွေ ဖြစ်နေတာလဲ။ ငါ့ရဲ့ မိစ္ဆာစွမ်းအင် တွေ ထိန်းချုပ်လို့ မရတော့ပါလား”
လျှို့ဝှက်ဆန်းကြယ်သော ရှေ့ဖြစ်ဟောဆရာ သည် မည်းနက်သော မိစ္ဆာစွမ်းအင် မြူခိုးများထဲတွင် ပုန်းအောင်းနေပြီး မိစ္ဆာစွမ်းအင် များကို ထိန်းချုပ်ရန် လေထဲ၌ လက်ဟန်များ အဆက်မပြတ် ရေးဆွဲနေရ၏။ သို့သော်လည်း ၎င်းနှင့် အဆက်အသွယ်မှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကြောင့် ပြတ်တောက်သွားပြီး ဆက်သွယ်၍ မရတော့ကြောင်း တွေ့လိုက်ရသည်။
“ဝှီး...”
မိစ္ဆာစွမ်းအင် အမြောက်အမြား စတင် ပျောက်ကွယ်သွားပြီး လေဟာနယ်ထဲသို့ စိမ့်ဝင်သွားသလို သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သော အရင်းအမြစ် တစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရသလို ဖြစ်သွားတော့၏။
နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ပေါ်တွင်၊
မည်းနက်သော မိစ္ဆာစွမ်းအင် မြူခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို လူများက မော့ကြည့်လိုက်ကြရာ သူတို့၏ ရင်ထဲတွင် ဖုံးလွှမ်းနေသော ထိတ်လန့်တုန်လှုပ်မှုများက တဖြည်းဖြည်း လွင့်စင်သွားတော့သည်။
ထို့နောက် သူတို့က ဟူဖေးဖေး ဆီသို့ အကြည့်များ ရွှေ့ကာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
“နတ်သမီးလေး ဆင်းသက်လာပြီ။ နတ်သမီးလေး ဆင်းသက်လာပြီဟေ့”
“အဲဒါ မြူခိုးဂိုဏ်း ရဲ့ အစောင့်အရှောက် မင်းသမီးလေး ပဲ”
“မြူခိုးဂိုဏ်း က ဘယ်လို အင်အားစု မျိုးလဲ”
“မြူခိုးဂိုဏ်း ကို မင်း မသိဘူးလား။ အဲဒါက တာ့ယွီ မင်းဆက် ရဲ့ အဆင့်မြင့်ဂိုဏ်း လေ။ ငါတို့ နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ရဲ့ တကယ့် အုပ်စိုးသူပဲ။ မဟာကမ္ဘာ ရဲ့ ရှန်ကျိုးတိုက်ကြီး က လာတဲ့ မြင့်မြတ်လှတဲ့ ကြယ်အဆင့် အင်အားစု တစ်ခုပေါ့”
“အရမ်း အစွမ်းထက်တဲ့ ပုံပဲ”
နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ပေါ်တွင် မျိုးနွယ်စု အသီးသီးမှ သတ္တဝါများ အားလုံးက ဟူဖေးဖေး ရှိရာ နေရာသို့ လှမ်းကြည့်လိုက်ကြပြီး အများစုက အထင်ကြီးလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။
[ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + ၂၇၃၂၅၄]
[ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + ၉၇၈၈၂]
... ... ...
[ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + ၁၁၈၇၆၃]
အချိန်တိုလေး အတွင်းမှာပင် မြူခိုးဂိုဏ်း ၏ ဂုဏ်သတင်း တန်ဖိုး များက သန်းပေါင်းများစွာ တစ်ဟုန်ထိုး တက်သွားပြီး ပြင်းထန်သော အရှိန်နှုန်းဖြင့် ဆက်လက် မြင့်တက်နေဆဲပင် ဖြစ်သည်။
ယဲ့ဖုန်း အလွန် ကျေနပ်သွား၏။
သို့သော် ထိုအခိုက်အတန့်တွင် သူက အခြား အရေးကြီးသော ကိစ္စတစ်ခုနှင့် အလုပ်ရှုပ်နေသည်။
ကြယ်တာရာ ဟင်းလင်းပြင် နက်ရှိုင်းရာတွင်၊
ယဲ့ဖုန်းက ဥက္ကာပျံ တစ်ခုပေါ်တွင် မတ်တတ်ရပ်လျက် သူ၏ ပတ်ဝန်းကျင် မိုင်သိန်းပေါင်းများစွာ အထိ ကျယ်ပြန့်သော မည်းနက်သည့် မိစ္ဆာစွမ်းအင် တိမ်တိုက်ကြီးကို လက်ဆန့်ထုတ်ကာ ဝါးမြိုနေ၏။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ ရှိ အသားတောင်ကြီး မိစ္ဆာ နှစ်ကောင် ပေါက်ကွဲသွားပြီးနောက် သူတို့ ထုတ်လွှတ်လိုက်သော မိစ္ဆာစွမ်းအင် များက အလွန် များပြားလွန်းလှသည်။
၎င်းကို သတ်ဖြတ်ခြင်း အရှိန်အဝါ အဖြစ် သန့်စင်လိုက်ပြီးနောက် ပမာဏ လျော့နည်းသွားမည် ဖြစ်သော်လည်း အခြေခံ ပမာဏက အလွန် ကြီးမားလှသောကြောင့် သတ်ဖြတ်ခြင်း အရှိန်အဝါ ကို ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့ တွန်းပို့ပေးရန် လုံလောက်နေဆဲပင် ဖြစ်သည်။
“စီနီယာ ကျွန်တော့်ကို ချမ်းသာပေးပါ”
မည်းနက်သော မိစ္ဆာစွမ်းအင် မြူခိုးများကြောင့် ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် ပိတ်လှောင်ထားရသော လျှို့ဝှက်ဆန်းကြယ်သည့် ရှေ့ဖြစ်ဟောဆရာ သည် ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ မိစ္ဆာစွမ်းအင် များ ဘာကြောင့် ထိန်းချုပ်မရ ဖြစ်သွားသနည်း ဆိုသည်ကို သဘောပေါက်သွားတော့၏။
ဒီနေရာမှာ သတ်ဖြတ်ခြင်း အရှိန်အဝါ ကို ကျင့်ကြံနေတဲ့ မဟာတန်ခိုးရှင် တစ်ယောက် ရှိနေတာကိုး။
“မင်းနာမည် ဘယ်လိုခေါ်လဲ” ယဲ့ဖုန်းက မေးလိုက်သည်။
“စီနီယာ ကို သတင်းပို့ပါတယ်။ ကျွန်တော်က ရှေ့ဖြစ်ဟော မျိုးနွယ်စု က လုကျန်း ရှေ့ဖြစ်ဟောဆရာ ပါ။ စီနီယာ ကျွန်တော်တို့ အကြောင်းကို ကြားဖူးမှာ သေချာပါတယ်” လုကျန်း ရှေ့ဖြစ်ဟောဆရာ က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်၏။
“အင်း ရှေ့ဖြစ်ဟော မျိုးနွယ်စု ပဲ။ ဒါဆိုရင် မင်း နည်းနည်းလောက် အနားယူလို့ ရပြီ”
“အနားယူရမယ် ဟုတ်လား”
လုကျန်း ရှေ့ဖြစ်ဟောဆရာ အလွန် ဝမ်းသာသွားသည်။
ဤ လျှို့ဝှက်ဆန်းကြယ်သော မဟာတန်ခိုးရှင် က သူ၏ အနောက်မှ ရှေ့ဖြစ်ဟော မျိုးနွယ်စု ကို ကြောက်ရွံ့နေပုံရပြီး ထို့ကြောင့်ပင် သူ၏ အသက်ကို ချမ်းသာပေးရန် ဆန္ဒရှိနေခြင်း ဖြစ်ပေမည်။
'ဟွန်း ဒီဒုက္ခကနေ ငါ လွတ်သွားတာနဲ့ ငါ့ မျိုးနွယ်စု က အစွမ်းထက်တဲ့ သူတွေကို ခေါ်လာပြီး မင်းကို အသေသတ်ပစ်မယ်... ဟင်'
လုကျန်း ရှေ့ဖြစ်ဟောဆရာ ၏ မျက်လုံးများ ရုတ်တရက် အံ့အားသင့်စွာ ပြူးကျယ်သွားတော့၏။
သူ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားသော လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်ကို သူ ငုံ့ကြည့်လိုက်မိသည်။ သူ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး ယဲ့ဖုန်းကို လှည့်ကြည့်လိုက်သည်။
“ဘာလို့... ဘာလို့လဲ”
“ငါက နည်းနည်းလောက် အနားယူလို့ ရပြီလို့ ပြောတာ... မင်းကို သေဖို့ ပြောတာလေ” ယဲ့ဖုန်းက နှုတ်ခမ်းကို အနည်းငယ် တွန့်ကာ ပြောလိုက်၏။
သူက လက်ဟန်များ ရေးဆွဲလိုက်ရာ လုကျန်း ရှေ့ဖြစ်ဟောဆရာ ကို ဖောက်ထွင်းသွားသော လေဓာတ် ဝိညာဉ်စွမ်းအင် လေးက ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ထိုသူ့ကို ဖုန်မှုန့်အဖြစ် ကြိတ်ချေပစ်လိုက်တော့သည်။
ကျယ်ပြောလှသော မည်းနက်သည့် မြူခိုးများ လွင့်စင်သွားပြီး ယဲ့ဖုန်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
“ဖူး.. ဖလူး”
ကြီးမားလှသော မှတ်ဉာဏ်များ တစ်ဟုန်ထိုး ဝင်ရောက်လာ၏။
ယဲ့ဖုန်းက ဘေးမှ ကြည့်နေသူ တစ်ဦးပမာ လုကျန်း ရှေ့ဖြစ်ဟောဆရာ ၏ ဘဝ တစ်လျှောက်လုံး လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို လှည့်ပတ်နေသော မီးအိမ် တစ်လုံးပမာ ကြည့်နေလိုက်သည်။
“သြော် ရှေ့ဖြစ်ဟော မျိုးနွယ်စု က ဝိညာဉ်ဝါးမြို မျိုးနွယ်စု နဲ့ အဆင့်အတန်း တူညီပြီး သူတို့ နှစ်ခုစလုံးမှာ သူတော်စင်တစ်ပိုင်း အဆင့် အင်အားကြီး ပညာရှင်တွေ ရှိနေကြတာပဲ။ ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် မြင့်မြတ်သော နတ်ဘုရားပုံစံ ကို အသုံးပြုမှပဲ သူတို့ကို ယှဉ်တိုက်နိုင်လိမ့်မယ်”
ယဲ့ဖုန်း၏ မျက်နှာက လေးနက်သွားသည်။
ရှေ့ဖြစ်ဟော မျိုးနွယ်စု အကြောင်း လျှို့ဝှက်ချက်များ သိပ်မများလှချေ။
ဤတစ်ကြိမ်တွင် လုကျန်း ရှေ့ဖြစ်ဟောဆရာ ၏ မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် သူ အဓိက ရရှိလိုက်သည်မှာ နောက်ပိုင်းလူ၏ တွက်ချက်ခြင်း အတတ် ပင်။ ယဲ့ဖုန်းက ၎င်းကို အစာချေဖျက် သန့်စင်ပြီးနောက် တွက်ချက်ကာ အဆင့်မြှင့်တင်လိုက်မည်ဆိုလျှင် ပိုမို အစွမ်းထက်သော တွက်ချက်ခြင်း အတတ် ကို ရရှိမည် ဖြစ်သည်။
ထို့အပြင် လုကျန်း ရှေ့ဖြစ်ဟောဆရာ ၏ ရည်ရွယ်ချက်ကိုလည်း ယဲ့ဖုန်း သိရှိသွားခဲ့၏။
“သူ့ကို ဒီနေရာကို ဆင့်ခေါ်ခဲ့တာ စက္ကူယပ်တောင် သခင်လေး ကိုး။ စက္ကူယပ်တောင် သခင်လေး က တကယ့်ကို ကံကောင်းစေတဲ့ ကြယ်လေးပဲလို့ ငါ.. ပြောရလိမ့်မယ်။ ငါ့ဆီကို မိစ္ဆာစွမ်းအင်တွေ အများကြီး ယူလာပေးတဲ့အပြင် ပိုပြီး သန့်စင်တဲ့ တွက်ချက်ခြင်း အတတ် ကိုပါ ယူလာပေးသေးတာကိုး”
ယဲ့ဖုန်းမှာ ရယ်ချင်စိတ်ကို မအောင့်ထားနိုင်တော့ချေ။
အကယ်၍ စက္ကူယပ်တောင် သခင်လေး သာ ဤအကြောင်းကို သိသွားမည်ဆိုလျှင် ဒေါသထွက်လွန်းသဖြင့် ထိုနေရာတွင်ပင် သွေးအန်သွားမည်မှာ အသေအချာပင်။
ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်၊ ယဲ့ဖုန်းက မိစ္ဆာစွမ်းအင် များကို ဆက်လက် ဝါးမြိုနေပြီး သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ကို အားဖြည့်ပေးနေသည်။
... ... ...
နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ပေါ်တွင်၊
လုကျန်း ရှေ့ဖြစ်ဟောဆရာ ၏ အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်မှာ ဟူဖေးဖေး ၏ ရိုက်ခွဲမှုကြောင့် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ ရေတွက်၍မရနိုင်သော သတ္တဝါများက ပြင်ပရန်သူကို တစ်ချက်တည်းနှင့် တံမြက်လှည်းသလို ရှင်းလင်းပစ်လိုက်သည်မှာ ဟူဖေးဖေး ၏ နတ်ဘုရားဆန်သော စွမ်းအားကြောင့်ဟု ထင်မှတ်သွားကြသည်။
ဟူဖေးဖေး ၏ ဒဏ္ဍာရီများက မျိုးနွယ်စု အသီးသီးကြားတွင် ပျံ့နှံ့နေတော့၏။
အချို့သော မိသားစုများတွင် သူတို့၏ နတ်ဘုရား ရုပ်တုများကို ဒုတိယ တိုက်ခိုက်ရေးပုံစံ တွင် ရှိနေသော ဟူဖေးဖေး ၏ ပုံရိပ်ဖြင့် အစားထိုးကာ နေ့ရောညပါ ကိုးကွယ်ပူဇော်နေကြသည်။
[ယုံကြည်မှု စွမ်းအား အပေါင်း ၉၂၇၆၂၆]
“ဟင် ငါက ဘယ်လိုလုပ် ယုံကြည်မှု စွမ်းအား တွေ ဒီလောက် အများကြီး ရလာတာလဲ”
ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်၊
ယဲ့ဖုန်းက မိစ္ဆာစွမ်းအင် များကို သန့်စင်နေဆဲ ဖြစ်ပြီး အဆင့်တက်လှမ်းရန် နီးကပ်နေချိန်တွင် ယုံကြည်မှု စွမ်းအား နှင့် ပတ်သက်သော စနစ်၏ အသိပေးချက်ကို ရုတ်တရက် ကြားလိုက်ရသည်။
သူက စနစ် ကို မေးမြန်းကြည့်လိုက်ရာ ဇာတ်လမ်းအပြည့်အစုံကို သိရှိသွားတော့၏။
“သြော် ဖေးဖေး က နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး မှာ အစောင့်အရှောက် နတ်ဘုရား တစ်ပါးလို ဖြစ်သွားပြီး ရေတွက်လို့ မရနိုင်တဲ့ သတ္တဝါတွေရဲ့ ကိုးကွယ်မှုကို ခံနေရတာကိုး။ ဒါပေမဲ့ သူမရဲ့ ယုံကြည်မှု စွမ်းအား တွေက နောက်ဆုံးတော့ ငါ့ဆီကိုပဲ ရောက်လာမှာပဲ။ ငါ့ရဲ့ ယုံကြည်မှု စွမ်းအား တွေ ဒီလောက်တောင် တစ်ဟုန်ထိုး တက်လာတာ အံ့သြစရာ မရှိပါဘူး...”
ယဲ့ဖုန်း အလွန် ကျေနပ်သွားသည်။
သူက မိစ္ဆာစွမ်းအင် များကို ဆက်လက် ဝါးမြို သန့်စင်နေပြီး သုံးရက် ကြာပြီးနောက် နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိကာ အောင်မြင်စွာ အဆင့်တက်လှမ်းသွားတော့၏။
“ဝှီး...”
ကြယ်တာရာ ဟင်းလင်းပြင်ထဲရှိ မည်းနက်သော မိစ္ဆာစွမ်းအင် မြူခိုးများ အားလုံး စုပ်ယူခံလိုက်ရပြီး ယဲ့ဖုန်း၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ကို ပိတ်ဆို့မှုမှ ဖောက်ထွက်ကာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ သို့ ဝင်ရောက်သွားစေသည်။
သူက လက်ကို ဆန့်ထုတ်လိုက်ရာ မည်းနက်သော ဓားတစ်လက် သူ၏ လက်ဝါးထက်တွင် ပေါ်လာ၏။
ဤအရာက သတ်ဖြတ်ခြင်း ဓား ပင် ဖြစ်သည်။
၎င်းကို သန့်စင်သော သတ်ဖြတ်ခြင်း အရှိန်အဝါ များဖြင့် စုစည်းထားခြင်း ဖြစ်ပြီး ပုံမှန် နေ့ရက်များတွင် အဆင့်မြင့် ဝိညာဉ်ရတနာ တစ်ခုကဲ့သို့ အသုံးပြုနိုင်သည်။
သတ်ဖြတ်ခြင်း ဓား ၏ တိုက်ခိုက်ခြင်းကို ခံရသော မည်သည့် သတ္တဝါမဆို အနည်းငယ်မျှ ခြစ်မိရုံမျှဖြင့်ပင် ပုပ်သိုးဆွေးမြည့်မှုများ လွှမ်းခြုံသွားကာ ထိုနေရာတွင်ပင် သေဆုံးသွားမည် ဖြစ်သည်။
“တကယ်ကို ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်ခြင်း ဓား ပဲ”
မည်းနက်သော ဓားကို ကိုင်ဆောင်လျက် ယဲ့ဖုန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ဒီနေ့ကစပြီး မင်းက ဒီဂိုဏ်းချုပ် ရဲ့ ကိုယ်ပိုင် လက်နက် ဖြစ်လာပြီ”
“ချွင်...”
သတ်ဖြတ်ခြင်း ဓား က စိတ်လှုပ်ရှားနေသလို ညင်သာစွာ တုန်ခါသွား၏။
ထျန်းကျီ စံအိမ် တွင်၊
စက္ကူယပ်တောင် သခင်လေး သည် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သော်လည်း လုကျန်း ရှေ့ဖြစ်ဟောဆရာ ၏ အရိပ်အယောင်ကိုမျှ မတွေ့ရသဖြင့် သူ၏ စိုးရိမ်ပူပန်မှုများက ပိုမို ပြင်းထန်လာသည်။
သူ အလွန် မျှော်လင့်တောင့်တနေသော စစ်ကူများက ယဲ့ဖုန်း၏ သတ်ဖြတ်ခြင်း ဓား အတွက် အာဟာရ တစ်ခု ဖြစ်သွားခဲ့ပြီ ဆိုတာကို သူ မသိရှိခဲ့ချေ။
နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ပေါ်တွင်၊
မြူခိုးဂိုဏ်း ၏ တပည့်များမှာ သူတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်နေကြဆဲ ဖြစ်သည်။
ဟူဖေးဖေး က အသားတောင်ကြီး မိစ္ဆာ များကို ရိုက်ခွဲပစ်လိုက်သည့် အဖြစ်အပျက် ပြီးနောက် တပည့်များမှာ သတ္တိများ ပြည့်ဝနေကြ၏။ တာ့ယွီ မင်းဆက် အတွင်း မြူခိုးဂိုဏ်း တပည့် ဝတ်စုံများကို ဝတ်ဆင်ထားသော သူတို့ ရောက်လေရာ နေရာတိုင်းတွင် ရိုသေလေးစားသော အကြည့်များကို ရရှိနေကြသည်။
တာ့ယွီ မင်းဆက် ၏ တောင်ပိုင်း တွင်၊
ရှီလေ့ က ကောင်းကင်ယံတွင် မတ်တတ်ရပ်လျက် "နန်ခိုမြို့" ဟု ခေါ်သော အောက်ဘက်ရှိ ပျက်စီးယိုယွင်းနေသော မြို့လေးအတွက် မြေကြီးနှင့် ကျောက်တုံး မန္တန် ကို အသုံးပြုကာ အိမ်သစ်များကို တည်ဆောက်ပေးနေသည်။
ယနေ့တွင် သူသည် ဂုဏ်သတင်း တန်ဖိုး ထောင်ပေါင်းများစွာကို ရရှိခဲ့ပြီး ဖြစ်၏။
“ဝုန်း...”
ထိုအခိုက်အတန့်မှာပင် မိုင်ဆယ်ဂဏန်းခန့် အဝေးရှိ မိုင်ရာပေါင်းများစွာ ရှည်လျားသော မိစ္ဆာသားရဲ တောင်တန်း အတွင်းမှ ပြင်းထန်သော သားရဲဒီရေလှိုင်း ကြီး တစ်ခု မမျှော်လင့်ဘဲ ထွက်ပေါ်လာပြီး နန်ခိုမြို့ ဆီသို့ လိမ့်ဆင်းလာသည်။
“မိစ္ဆာသားရဲ တောင်တန်း ကနေ နောက်ထပ် သားရဲဒီရေလှိုင်း တစ်ခု ထွက်လာပြန်ပြီဟေ့”
“အင်မော်တယ် ရှီ..ကျွန်တော်တို့ကို ကယ်ပါဦး”
နန်ခိုမြို့ မှ လူများမှာ သားရဲဒီရေလှိုင်း ကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ အထိတ်တလန့် ဖြစ်သွားကြပြီး ကောင်းကင်ယံရှိ ရှီလေ့ ထံမှ အကူအညီ တောင်းခံရန် မော့ကြည့်လိုက်ကြတော့၏။
--