← Chapters

အခန်း ၆၀၅

Vol. 41 Ch. 605

အခန်း ၆၀၅

Vol. 41 Ch. 605

အခန်း (၆၀၅) ရေပေါ်ဖြူမြို့တော် ၏ ကြယ်နှစ်ပွင့်အဆင့် အကဲဖြတ်ခြင်းနှင့် ကံကြမ္မာ မူလအနှစ်သာရ ဆုလာဘ်

“ဆယ်သန်းကျော်သွားပြီလား”

ကုန်းချင်းချိုး၏ သွယ်လျသော မျက်ခုံးအစုံက အနည်းငယ် မြင့်တက်သွားသည်။ သူမသည် ဒုတိယ မြို့စားမင်း၏ လက်ထဲမှ ရှေးဟောင်း စာအုပ်ကို အလျင်အမြန် ယူလိုက်ပြီး လှန်လှောကြည့်ရှုလိုက်၏။ ရေပေါ်ဖြူမြို့တော် ၏ စုစုပေါင်း လူဦးရေမှာ ဆယ်သန်းကို အမှန်တကယ်ပင် ကျော်လွန်သွားခဲ့၏။ အခြားသော အခြေခံ အဆောက်အအုံများမှာလည်း အပြည့်အဝ တည်ဆောက်ပြီးစီးသွားခဲ့၏။

၎င်းမှာ ရေပေါ်ဖြူမြို့တော် အနေဖြင့် ကြယ်နှစ်ပွင့်အဆင့် အသိအမှတ်ပြုခြင်းကို ပြုလုပ်နိုင်ပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။

“ငါ ခရိုင်ဘုရင်မြို့တော် ကို အခုချက်ချင်းသွားပြီး ကြယ်နှစ်ပွင့်အဆင့် အကဲဖြတ်ဖို့ လျှောက်ထားလိုက်မယ်”

ကုန်းချင်းချိုးသည် မြူခိုးတောင်ထိပ် ပေါ်သို့ တက်လှမ်းလိုက်ပြီးနောက် ချူယွင်အာ နှင့်အတူ ခရိုင်ဘုရင်မြို့တော် ဆီသို့ နေရာရွှေ့ပြောင်းသွားကာ ဂိုဏ်းချုပ် ခန်းမဆောင် ဆီသို့ ဝင်ရောက်သွားတော့၏။

“အကြီးအကဲ ကုန်းနဲ့ ကြီးကြပ်သူ ချူတို့.. ငါတို့ရဲ့ ဂိုဏ်းချုပ် ခန်းမဆောင် ကို ဘာကိစ္စနဲ့များ ရောက်လာကြတာလဲ”

အကြီးအကဲ မိုဝမ် က အမျိုးသမီး နှစ်ဦးကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ယဲ့ဖုန်းသည် မြေအောက်လှိုဏ်ဂူကမ္ဘာ ကို တံမြက်လှည်းသလို ရှင်းလင်းပြီးကတည်းက မိုဝမ်သည် ခရိုင်ဘုရင်မြို့တော် ရှိ မြေအောက်ဝင်ပေါက်ကို စောင့်ကြပ်နေစရာ မလိုတော့ဘဲ အတော်လေး အားလပ်နေခဲ့ခြင်း ဖြစ်၏။

“သဘာဝကျစွာပဲ ရေပေါ်ဖြူမြို့တော် ရဲ့ ကြယ်နှစ်ပွင့်အဆင့် အသိအမှတ်ပြုခြင်းအတွက် လာတာပါရှင်။ ကျွန်မတို့ မြူခိုးဂိုဏ်း က ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခု ဖြစ်ပေမဲ့ ကျွန်မတို့ရဲ့ လက်အောက်ခံ အင်အားစုတွေကိုတော့ ကိုယ်တိုင် အသိအမှတ်ပြုလို့ မရဘူးလေ။ ဒါကြောင့် ဂိုဏ်းချုပ် ခန်းမဆောင် ကိုပဲ အကူအညီတောင်းရတော့မှာပါ” ဟု ကုန်းချင်းချိုးက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

“သြော်... အဲဒီကိစ္စလား။ ကျုပ်ကိုသာ လွှဲထားလိုက်ပါ”

မိုဝမ်က အားရပါးရ ရယ်လိုက်ပြီး ဂိုဏ်းချုပ် ခန်းမဆောင် မှ အကဲဖြတ် အကြီးအကဲ အချို့ကို ချက်ချင်း ခေါ်ယူလိုက်၏။ ထိုအထဲတွင် အကြီးအကဲ ဟုန်မုန့် လည်း ပါဝင်သည်။

ဤအမျိုးသမီးမှာ မိုမင်ရှီး ၏ မိတ်ဆွေကောင်း တစ်ဦးဖြစ်ပြီး ဂိုဏ်းချုပ် ခန်းမဆောင် ၏ ပြင်ပရေးရာ အကြီးအကဲ တစ်ဦး ဖြစ်ကာ မူလက ခရမ်းရောင် မျက်လုံးအိမ် ရှိသော ဝိညာဉ်ယုန် တစ်ကောင် ဖြစ်၏။

တစ်ချိန်က သူမသည် ယဲ့ဖုန်းနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ဖူးသည်။

“အကြီးအကဲ ဟုန်မုန့်... မတွေ့တာ ကြာပြီနော်” ဟု ကုန်းချင်းချိုးက နှုတ်ဆက်လိုက်၏။

အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲ ဟုန်မုန့်မှာ အလွန် ပြေပြစ်ပြီး ကျော့ရှင်းလှသည်။ သူမ၏ ကျင့်ကြံခြင်းက မိစ္ဆာဗိုလ်ချုပ် အဆင့် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ယခင်ကထက်ပင် ပိုမို နုပျိုလှပနေတော့၏။

သူမက ကုန်းချင်းချိုးကို ကြည့်ကာ “အကြီးအကဲ ကုန်း ကတော့ ဂိုဏ်းချုပ်ယဲ့ ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရထားတာပဲ။ မကြာခင်မှာ ကြယ်နှစ်ပွင့်အဆင့် မြို့တော် ရဲ့ သခင်မ ဖြစ်တော့မှာဆိုတော့ တွေ့ဖို့တောင် ခက်နေဦးမယ်” ဟု နောက်ပြောင်လိုက်သည်။

“ချီးကျူးလွန်းနေပါပြီရှင်” ဟု ကုန်းချင်းချိုးက နူးညံ့သော အပြုံးဖြင့် ပြန်လည် ဖြေကြားလိုက်၏။

ထို့နောက် သူမသည် နေရာရွှေ့ပြောင်း အဆောင်လက်ဖွဲ့ တစ်ခုကို ချေမွလိုက်ပြီး ဂိုဏ်းချုပ် ခန်းမဆောင် မှ အကဲဖြတ် အကြီးအကဲ များနှင့်အတူ ရေပေါ်ဖြူမြို့တော် ဆီသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

“မြို့တစ်မြို့ရဲ့ ကြယ်နှစ်ပွင့်အဆင့် အကဲဖြတ်ခြင်း စံသတ်မှတ်ချက်တွေက ဂိုဏ်းတွေနဲ့တော့ မတူတာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ အခြေခံ သဘောတရားကတော့ အတူတူပါပဲ”

“ပထမဆုံး အနေနဲ့ မြို့တစ်မြို့ရဲ့ လူဦးရေပဲ”

“ကြယ်နှစ်ပွင့်အဆင့် မြို့တစ်မြို့ ဖြစ်လာဖို့အတွက် အလုံအလောက်ရှိတဲ့ လူဦးရေ ရှိရမယ်။ အခြေခံ လူဦးရေ မများရင်တော့ ကျင့်ကြံသူတွေရဲ့ အရေအတွက်က တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ မလုံလောက်နိုင်ဘူး”

“ဒါကြောင့် ပထမဆုံး အကဲဖြတ်တာက လူဦးရေပဲ ဖြစ်တယ်”

အကဲဖြတ် အကြီးအကဲ များကြားတွင် ခေါင်းဆောင်အဖြစ် ဆောင်ရွက်သော မိုဝမ်သည် ရေပေါ်ဖြူမြို့တော် ဆီသို့ ရောက်ရှိလာပြီး ‘ရေပေါ်ဖြူမြို့တော် လူဦးရေ မှတ်တမ်း’ ကို လွှဲပြောင်းယူကာ စစ်ဆေးတော့၏။ ထို့နောက် အခြားသော အကဲဖြတ် အကြီးအကဲ များကို ရေပေါ်ဖြူမြို့တော် ၏ ရပ်ကွက် အသီးသီးသို့ သွားရောက် စစ်ဆေးရန် ညွှန်ကြားလိုက်သည်။

(၁) နာရီ ကြာပြီးနောက်၊

“ရေပေါ်ဖြူမြို့တော် ရဲ့ စုစုပေါင်း လူဦးရေက (၁၀၀၃၄၀၀၀) ရှိတယ်။ ကျင့်ကြံသူတွေရဲ့ အချိုးအစားက (၇) ရာခိုင်နှုန်းမှာ ရှိနေတာဆိုတော့ ပထမ စံသတ်မှတ်ချက်ကို ခမ်းနားစွာ ကျော်ဖြတ်နိုင်ခဲ့တယ်”

မိုဝမ်က သူ၏ မုတ်ဆိတ်မွေးများကို သပ်ရင်း ချီးကျူးလိုက်သည်။

လူဦးရေ ဆယ်သန်းတွင် ကျင့်ကြံသူ (၇) ရာခိုင်နှုန်း ဆိုသည်မှာ လူပေါင်း ခုနစ်သိန်းခန့် ဖြစ်၏။

ဤအချိုးအစားမှာ အတော်လေး မြင့်မားလှသည်။

တာ့ယွီ မင်းဆက် တွင် လူဦးရေ တစ်ဘီလီယံ ရှိသော်လည်း ကျင့်ကြံသူ စုစုပေါင်းမှာ တစ်သန်းကျော်မျှသာ ရှိသဖြင့် လူဦးရေ၏ တစ်ထောင်ပုံ တစ်ပုံခန့်သာ ရှိရာ အလွန် နည်းပါးလွန်းလှ၏။

မြို့တစ်မြို့က ပိုမို အစွမ်းထက်လေလေ ကျင့်ကြံသူများ၏ အချိုးအစားက ပိုမို မြင့်မားလေလေပင် ဖြစ်၏။

ကျောင်းယန် သန့်စင်သော မြို့တော် ကဲ့သို့သော ကြယ်အဆင့် မြို့ကြီးများတွင်ဆိုလျှင် ဝက်တစ်ကောင် ဖြစ်နေလျှင်တောင် ကျင့်ကြံခြင်းစွမ်းအား အချို့ ရှိနေနိုင်သည်။

“အကြီးအကဲ ကုန်း... နောက်တစ်ဆင့် အနေနဲ့ ရေပေါ်ဖြူမြို့တော် မြို့စားမင်း စံအိမ် ရဲ့ အခြေခံ အုတ်မြစ်နဲ့ ခွန်အားတွေကို အကဲဖြတ်ပါ့မယ်”

“ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခု ဖြစ်လာဖို့အတွက် မြို့စားမင်းက ဝိညာဉ်ပင်လယ် အဆင့် ကို ရောက်ရှိရမယ်။ အဲဒါကိုတော့ အကြီးအကဲ ကုန်း က ပြီးမြောက်ပြီးသားပါ”

“နောက်တစ်ခုကတော့ မြို့စားမင်း စံအိမ် သိုင်းကျမ်းဆောင် ထဲက စာအုပ် အရေအတွက်နဲ့ လက်အောက်မှာ ရှိတဲ့ ကျင့်ကြံသူတွေရဲ့ အရေအတွက်နဲ့ အရည်အသွေးပဲ ဖြစ်တယ်”

မိုဝမ်က အကဲဖြတ်ခြင်းကို ဆက်လက် လုပ်ဆောင်သည်။

အချိန်အတန်ကြာ တိုးချဲ့မှုများ ပြုလုပ်ပြီးနောက် မြို့စားမင်း စံအိမ် သိုင်းကျမ်းဆောင် ထဲရှိ စာအုပ် အရေအတွက်မှာ (၁၀၀၀၀) ကျော်လွန်သွားခဲ့ပြီ ဖြစ်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီနေ၏။

မြို့စားမင်း စံအိမ် ၏ လက်အောက်ရှိ သံချပ်ကာနက် တပ်ဖွဲ့ဝင် များ၏ ပျမ်းမျှ ကျင့်ကြံခြင်း အဆင့်မှာလည်း ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံမှုများကြောင့် ချီစုစည်းခြင်း အဆင့် သတ္တမအလွှာ နှင့် အထက်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ဒုတိယ တပ်မှူး အဖြစ် တာဝန်ယူထားသော ကျိုးကျားချိုင် သည်လည်း အစကတည်းက ယဲ့ဖုန်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားခဲ့သူ ဖြစ်ပြီး ကုန်းချင်းချိုး၏ ပံ့ပိုးမှုဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် စတုတ္ထအလွှာ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ဤအခြေအနေများကို သိရှိပြီးနောက် အကဲဖြတ် အကြီးအကဲ များမှာ အတိုချုံး ဆွေးနွေးလိုက်ကြပြီး တစ်ခဲနက် သဘောတူလိုက်ကြတော့၏။

ထို့နောက် ပိုမို အသေးစိတ်သော အကဲဖြတ်မှုများ ဆက်တိုက် လိုက်ပါလာသည်။

ဥပမာအားဖြင့်.. ရေပေါ်ဖြူမြို့တော် ၏ ဝက်မွေးမြူရေးခြံများ၊ နွားမွေးမြူရေးခြံများ၊ ဟင်းသီးဟင်းရွက် စိုက်ခင်းများနှင့် အခြားသော အခြေခံ အဆောက်အအုံများမှာ စနစ်တကျ ရှိမရှိ၊ အစားအစာ ထောက်ပံ့မှုက ဖူဖုံမှု ရှိမရှိ၊ အခြားမြို့များသို့ပင် တင်ပို့နိုင်ခြင်း ရှိမရှိ စသည်တို့ပင် ဖြစ်သည်။

ဝိညာဉ်ကြောများ၏ အဆင့်နှင့် အရေအတွက်။

အခြေချ နေထိုင်လာကြသော ကုန်သည်ကြီးများ အသင်း အရေအတွက်။

... ... ...

အထက်ပါ အချက်များအပြင် အလွန်တရာ တိကျသေချာသော စစ်ဆေးမှု ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသဖြင့် မြို့တစ်မြို့ အဆင့်တိုးမြှင့်ခြင်းမှာ ဂိုဏ်းတစ်ခု ကြယ်နှစ်ပွင့်အဆင့် သို့ တက်လှမ်းခြင်းထက် ပိုမို ရှုပ်ထွေးနေတော့၏။

ဘာပဲဖြစ်ဖြစ် မြို့တစ်မြို့ ဆိုသည်မှာ လူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းမှုကို တာဝန်ယူထားရသည် ဖြစ်ရာ အနည်းငယ်မျှသော ပေါ့ဆမှုကိုပင် ခွင့်မပြုနိုင်ချေ။

သို့သော် ဂိုဏ်းများကတော့ ကွာခြားသည်။

ဂိုဏ်းတစ်ခုတွင် လူ ရာဂဏန်းမှ ထောင်ဂဏန်း၊ အလွန်ဆုံးမှ သောင်းဂဏန်းမျှသာ ရှိသဖြင့် လူဦးရေ ဆယ်သန်းကျော်ရှိသော မြို့ကြီးတစ်မြို့ကို စီမံခန့်ခွဲရသည်ထက် အဆပေါင်းများစွာ လွယ်ကူလှသည်။ ထို့ကြောင့်ပင် ပိုမို တင်းကျပ်သော စံနှုန်းများကို တောင်းဆိုရခြင်း ဖြစ်သည်။

နောက်ဆုံးတွင် တစ်ရက်ဝက်ခန့် ကြာအောင် အကဲဖြတ်ပြီးနောက်...

ဂိုဏ်းချုပ် ခန်းမဆောင် မှ အကြီးအကဲချုပ် မိုဝမ်သည် မြင့်မားသော စင်မြင့်ပေါ်တွင် မတ်တတ်ရပ်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ရေပေါ်ဖြူမြို့တော် ရဲ့ လူဦးရေ၊ မြို့စားမင်း စံအိမ် ရဲ့ အခြေခံအုတ်မြစ်၊ အခြေခံ မြို့ပြ အဆောက်အအုံတွေ၊ ယဉ်ကျေးမှု ပတ်ဝန်းကျင်နဲ့ တခြားသော ကဏ္ဍ အသီးသီးကို အကဲဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ အကဲဖြတ် အကြီးအကဲ တွေက တစ်ခဲနက် သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ ရေပေါ်ဖြူမြို့တော် အနေနဲ့ ကြယ်နှစ်ပွင့်အဆင့် အင်အားစု အဖြစ် အသိအမှတ်ပြုခြင်းကို ရရှိသွားပြီ ဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ ကြေညာလိုက်ပါတယ်”

ထိုကြေညာချက်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရေပေါ်ဖြူမြို့တော် မှ ပြည်သူများမှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်ကြတော့၏။

မြို့တော်က ကြယ်နှစ်ပွင့်အဆင့် သို့ တက်လှမ်းသွားပြီးနောက် သူတို့မှာ ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခု၏ ပြည်သူများ ဖြစ်လာကြပြီ ဖြစ်ရာ အပြင်ထွက်သည့်အခါတွင်လည်း ဂုဏ်သိက္ခာ ရှိလှသည်။

ထို့ပြင် ရေပေါ်ဖြူမြို့တော် သည် ကြယ်နှစ်ပွင့်အဆင့် အင်အားစု ဖြစ်လာသည်နှင့်အမျှ ကြီးမားသော ကုန်သည်ကြီးများ အသင်းများ ပိုမို အခြေချ လာကြမည် ဖြစ်ရာ ပြည်သူများအတွက်လည်း အကျိုးရှိစေမည် ဖြစ်၏။

စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား။ လေဝင်ပေါက်မှာ ရပ်နေရင် ဝက်တစ်ကောင်တောင် ပျံနိုင်တယ် ဆိုသည့်အတိုင်းပင်။

ရေပေါ်ဖြူမြို့တော် ပြည်သူများ၏ အမြင်တွင် ကြယ်နှစ်ပွင့်အဆင့် အင်အားစု အဖြစ် တက်လှမ်းခြင်းမှာ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်ပြီး ဤ လေဝင်ပေါက်တွင် ရပ်နေသရွေ့ သူတို့၏ အနာဂတ်က တောက်ပနေမည်မှာ အသေအချာပင် ဖြစ်သည်။

“နောက်ဆုံးတော့ ကြယ်နှစ်ပွင့်အဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီပဲ”

ကုန်းချင်းချိုးသည် အကဲဖြတ်မှု ရလဒ်ကို ကြားလိုက်ရသောအခါ သူမ၏ ရင်ထဲတွင် လေးလံနေသော အရာကြီး တစ်ခုက မြေပြင်ပေါ်သို့ ကျသွားသလို ခံစားလိုက်ရပြီး ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား တစ်ခု ကျင်းပရန် ပြင်ဆင်လိုက်တော့၏။

ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်၊

“ဂုဏ်ယူပါတယ်... မြူခိုးဂိုဏ်းရဲ့ လက်အောက်ခံမြို့ ဖြစ်တဲ့ ရေပေါ်ဖြူ မြို့တော်ဟာ ကြယ်နှစ်ပွင့် အဆင့် အင်အားစု အဖြစ် တက်လှမ်းသွားတဲ့အတွက် လျှို့ဝှက် ဆုလာဘ် တစ်ခုကို ရရှိပါတယ်”

ယဲ့ဖုန်းသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားတော့၏။

“ရေပေါ်ဖြူမြို့တော် က ကြယ်နှစ်ပွင့်အဆင့် အကဲဖြတ်ခြင်းကို ဒီလောက် အလွယ်တကူ ကျော်ဖြတ်သွားတာလား”

“ဒါပေမဲ့ ဒီကိစ္စမှာတောင် လျှို့ဝှက် ဆုလာဘ် ရှိနေသေးတာပဲ။ တယ်လည်း အံ့သြစရာ ကောင်းပါလား”

သူက လက်ကို ဆန့်ထုတ်လိုက်ရာ ရွှေရောင် ကံကောင်းစေသော အိတ်လေး တစ်လုံး သူ၏ လက်ဝါးထက်တွင် ပေါ်လာသည်။

“ဂျွတ်...”

ယဲ့ဖုန်းက အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ ကံကောင်းစေသော အိတ်လေးကို ချက်ချင်း ချေမွလိုက်ရာ ရွှေဖျော့ရောင် အလင်းတန်း တစ်ခု သူ၏ လက်ဝါးထက်တွင် ပေါ်လာပြီး သူ၏ လက်ချောင်းထိပ်များတွင် ဝဲလည်နေတော့၏။

“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... ဂိုဏ်းချုပ် အနေနဲ့ ကံကြမ္မာ မူလအနှစ်သာရ တစ်မျှင်ကို ရရှိသွားပါပြီ။ ၎င်းကို လေဝိညာဉ် ပုလဲလုံး နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် သူ့ရဲ့ တွက်ချက်ခြင်း စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်”

စနစ်က အသိပေးလိုက်သည်။

“တွက်ချက်ခြင်း စွမ်းရည်တွေကို မြှင့်တင်ပေးမယ် ဟုတ်လား။ အဲဒါ တော်တော် ကောင်းတာပဲ”

ယဲ့ဖုန်းက လေဝိညာဉ် ပုလဲလုံး ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ကံကြမ္မာ မူလအနှစ်သာရ တစ်မျှင်ကို ၎င်းအတွင်းသို့ ဂရုတစိုက် ပေါင်းစပ်လိုက်သည်။

“ဝှီး...”

လေဝိညာဉ် ပုလဲလုံး ဆီမှ ရွှေရောင် လှိုင်းလုံးများ ဆက်တိုက် ထွက်ပေါ်လာပြီး ကြယ်တာရာ ဟင်းလင်းပြင် တစ်ခွင်ကို လှည်းကျင်းသွားတော့၏။

ကံကောင်းသည်မှာ မိုင်သန်းပေါင်းများစွာ အတွင်း မမည်သည့် အစွမ်းထက် ပညာရှင်မျှ မရှိသဖြင့် လေဝိညာဉ် ပုလဲလုံး ၏ အပြောင်းအလဲများကို မည်သူမျှ သတိပြုမိခဲ့ကြချေ။

သိပ်မကြာခင်မှာပင် လေဝိညာဉ် ပုလဲလုံး သည် ကံကြမ္မာ မူလအနှစ်သာရ ကို အပြည့်အဝ ပေါင်းစပ်သွားခဲ့၏။

ယဲ့ဖုန်း စိတ်ပျက်သွားသည်မှာ လေဝိညာဉ် ပုလဲလုံး သည် အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းခြင်း မရှိခဲ့ဘဲ အဆင့်မြင့် ဝိညာဉ်ရတနာ ၏ အထွတ်အထိပ်သို့သာ ရောက်ရှိသွားခဲ့ပြီး လုပ်ဆောင်ချက်အချို့သာ မြင့်တက်လာခဲ့ခြင်းတဲ့လေ။

သို့သော် ယဲ့ဖုန်းကို တကယ် စိတ်လှုပ်ရှားသွားစေသည့်အရာမှာ အပြည့်အဝ အားဖြည့်ပေးထားသော တွက်ချက်ခြင်း စွမ်းရည်နှင့် ၎င်းနှင့် သက်ဆိုင်သော မိတ်ဆက်စာသားများပင် ဖြစ်သည်။

[မှတ်ချက် (၄).. ကံကြမ္မာ မူလအနှစ်သာရ ကို စုပ်ယူပြီးနောက် ခင်ဗျား အနေနဲ့ အရာရာကို တွက်ချက်နိုင်စွမ်းရှိတဲ့ ကောင်းကင်ကြေးမုံ ဆိုတဲ့ ပါရမီကို ရရှိသွားပါပြီ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)]

ထိုအရာကို မြင်သောအခါ ယဲ့ဖုန်းက နောက်ဆက်တွဲ မိတ်ဆက်စာသားကို ချက်ချင်း နှိပ်ကြည့်လိုက်သည်။

ထို့နောက် သူ၏ မျက်လုံးများက အရောင်လက်သွားတော့၏။

--

All Chapters