← Chapters

အခန်း ၆၀၆

Vol. 41 Ch. 606

အခန်း ၆၀၆

Vol. 41 Ch. 606

အခန်း (၆၀၆) ကောင်းကင်ကြေးမုံ ၏ လုပ်ဆောင်ချက် နှင့် ရှဲ့ကျားရင် ပျောက်ဆုံးသွားခြင်း

မျက်စိရှေ့ရှိ လေဟာနယ်စာသားများက သူ့ကို ဆွဲဆောင်နေသည်။

"အသေးစိတ်ကြည့်ရန် နှိပ်ပါ"

ဤစာသားများက ယဲ့ဖုန်းကို ရင်ခုန်သွားစေသည်။ သူ ချက်ချင်း နှိပ်လိုက်၏။

ထို့နောက် စနစ်၏ အသံက သူ၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာတော့သည်။

“ကောင်းကင်ကြေးမုံ... လေဝိညာဉ် ပုလဲလုံး ရဲ့ မွေးရာပါ လုပ်ဆောင်ချက် တစ်ခု ဖြစ်တယ်။ အရာရာကို တွက်ချက်နိုင်စွမ်း ရှိတယ်။ လေဓာတ် ဝိညာဉ်စွမ်းအင် ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ပုံစံသစ် တစ်ခုပဲ”

“လေဓာတ် ဝိညာဉ်စွမ်းအင် တွေကို အသုံးပြုပြီး ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ်။ လေဓာတ် ဝိညာဉ်စွမ်းအင် အများကြီး သုံးလေလေ ပိုပြီး နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်လေလေပဲ”

“ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့အခါ ဂိုဏ်းချုပ်ယဲ့ အနေနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ကျိန်စာသင့်တာကို ခံရလိမ့်မယ်။ ဒါပေမဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ ကို ပိုင်ဆိုင်ထားတဲ့အတွက် ကျိန်စာတွေကို ခုခံနိုင်စွမ်း ရှိတယ်။ အဲဒီ ကျိန်စာတွေကို ဝါးမြိုပြီး သတ်ဖြတ်ခြင်း အရှိန်အဝါ ကို ပိုမို အားကောင်းလာအောင် လုပ်နိုင်တဲ့ အခွင့်အရေးတောင် ရှိသေးတယ်”

“အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း ကောင်းကင်ကြေးမုံ က ကြီးမားတဲ့ အခွင့်အရေးတွေ ပါဝင်တဲ့ 'ကံကောင်းခြင်း မြင်ကွင်း' တစ်ခုကို အလိုအလျောက် ဖန်တီးပေးလိမ့်မယ်။ ကိုးကားဖို့အတွက် သက်သက်ပါပဲ”

အထက်ပါ စကားသံများကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။

အချိန်တစ်ခုရောက်တိုင်း အလိုအလျောက် ထွက်ပေါ်လာမည့် ကံကောင်းခြင်း မြင်ကွင်းများကို သူ အလွန် စိတ်ဝင်စားနေ၏။

သို့သော် ထိုအခွင့်အရေးများက ကျပန်း ထွက်ပေါ်လာခြင်း ဖြစ်ပြီး အတင်းအဓမ္မ လိုက်လံ ရှာဖွေ၍ ရမည် မဟုတ်ချေ။

ကျိန်စာများကို ခုခံနိုင်စွမ်းနှင့် ပတ်သက်၍မူ သူ အလွန် ကျေနပ်နေသည်။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ က ကျိန်စာများကို ဝါးမြိုပြီး ပိုမို အစွမ်းထက်လာမည်ကိုပင် သူ မျှော်လင့်နေမိတော့၏။

ထိုသို့ဆိုလျှင် သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ က ပိုမို အစွမ်းထက်လာမည်သာ ဖြစ်သည်။

“အရင်ဆုံး စမ်းသပ်တဲ့ အနေနဲ့ တစ်ခုခုကို တွက်ချက်ကြည့်ရအောင်”

ယဲ့ဖုန်းက ဘယ်ဘက်လက်တွင် လေဝိညာဉ် ပုလဲလုံး ကို ကိုင်ဆောင်လိုက်သည်။ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အသုံးပြုလိုက်သည်။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို စတင် တွက်ချက်တော့၏။

လာမည့်ရက်များအတွင်း ရေပေါ်ဖြူ မြို့တော် ၏ အခြေအနေကို သူ တွက်ချက်ချင်နေခဲ့သည်။

“ဝီ...”

လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို စားသုံးလိုက်သည်နှင့် တစ်ပြိုင်နက် လေဝိညာဉ် ပုလဲလုံး ၏ မျက်နှာပြင်ပေါ်တွင် ရှင်းလင်းသော ပုံရိပ်များ ချက်ချင်း ပေါ်လာ၏။

ပုံရိပ်များထဲတွင်၊

ရေပေါ်ဖြူ မြို့တော် က မီးရောင်စုံများဖြင့် တောက်ပနေသည်။

ကုန်းချင်းချိုး က မြို့လယ်ရှိ မြင့်မားသော စင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေသည်။ ကြယ်နှစ်ပွင့်အဆင့် တက်လှမ်းခြင်း အောင်ပွဲခံ အခမ်းအနားကို ဦးဆောင် ကျင်းပနေ၏။

စင်မြင့်အောက်တွင် အင်အားစု အသီးသီးမှ ဧည့်သည်တော်များ အားလုံး ရောက်ရှိနေကြသည်။

တစ်ယောက်စီတိုင်းက ဂုဏ်ပြု ဝိုင်ခွက်များကို မြှောက်ထားကြပြီး လေထုက အလွန် သဟဇာတ ဖြစ်နေ၏။

ထိုနေရာတွင် ပုံရိပ်က မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။

“မဆိုးဘူး ၊ ငါ ထင်ထားတဲ့ အတိုင်းပဲ” ယဲ့ဖုန်းက ပြုံးကာ ပြောလိုက်သည်။

ထို့နောက် သူက လေဓာတ် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ထပ်မံ အသုံးပြုလိုက်ပြီး တပည့်များ၏ အနာဂတ် အခြေအနေများကို တွက်ချက်ကာ အန္တရာယ် တစ်ခုခု ရှိမရှိ စစ်ဆေးကြည့်လိုက်၏။

ရလဒ် အားလုံးက သူ့ကို ကျေနပ်စေခဲ့သည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာ၏။

“ဝီ...”

လေဝိညာဉ် ပုလဲလုံး က ရုတ်တရက် အနည်းငယ် တုန်ခါသွားသည်။

၎င်း၏ မျက်နှာပြင်က ဖြူစင်သော အရောင်အဖြစ်သို့ ပြောင်းလဲသွား၏။

ထို့နောက် ပုံရိပ်များထဲတွင် “အခွင့်အရေး” ဟူသော စာလုံး ပေါ်လာပြီးနောက် ထူးဆန်းသော မြင်ကွင်းများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

၎င်းက ရှေးဟောင်း မြေအောက် ကမ္ဘာ တစ်ခု ဖြစ်သည်။

ရှဲ့ကျားရင် နှင့် ဖန်ဟိုင်ယွင် တို့သည် မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် လဲလျောင်းနေကြသည်။ ဆူးချွန်များ ပါရှိသော အထူး အဆိပ်နွယ်ပင်များဖြင့် ရစ်ပတ် ချည်နှောင်ခံထားရပြီး သတိလစ်နေကြ၏။

“ထူးဆန်းတယ် ဒါက ဘယ်နေရာလဲ” ယဲ့ဖုန်းက မျက်မှောင်တွန့်လိုက်သည်။

ထိုမြင်ကွင်းက အနည်းငယ် ရင်းနှီးနေသလို သူ ခံစားလိုက်ရပြီး တစ်နေရာရာတွင် မြင်ဖူးခဲ့သလို ဖြစ်နေ၏။

“ငါ မှတ်မိပြီ”

“ဒါက မြင့်မြတ်သော လေ ဓားဂိုဏ်း အနီးမှာရှိတဲ့ မြေအောက် ပင်လယ်ကမ္ဘာ မဟုတ်ဘူးလား”

“အရင်တုန်းက ယွင်ကျဲ တို့အဖွဲ့ အဲဒီမှာ တာဝန်သွားလုပ်ရင်းနဲ့ တင်းပိုင်ရွှယ် နဲ့ ပင်လယ်လူသား မျိုးနွယ်စု တွေနဲ့ တွေ့ခဲ့ရတာလေ။ အဲဒီတုန်းက အကြပ်အတည်း ကနေ လွတ်မြောက်ဖို့ ရှေးဟောင်း အက တစ်ခုကိုတောင် အားကိုးခဲ့ရသေးတယ်”

“အဲဒီတုန်းက ယွင်ကျဲ တို့အဖွဲ့က အစွမ်းထက်တဲ့ ဆေးဖက်ဝင် အာနိသင်တွေ ပါတဲ့ အထူး မီးနဂါးသီး တွေကိုတောင် ပြန်ယူလာခဲ့ကြသေးတာ”

“ဒါဆို ရှဲ့ကျားရင် နဲ့ ဖန်ဟိုင်ယွင် တို့က မြေအောက် ပင်လယ်ကမ္ဘာ ထဲမှာ ပိတ်မိနေတာလား”

ယဲ့ဖုန်း နက်ရှိုင်းသော အတွေးထဲသို့ နစ်မြုပ်သွားတော့၏။

ဤ “ကံကောင်းခြင်း မြင်ကွင်း” က ယခု လက်ရှိ ဖြစ်ပျက်နေသည့် အရာလား သို့မဟုတ် အနာဂတ်တွင် ဖြစ်လာမည့် အရာလား ဆိုသည်ကို သူ မသိခဲ့ချေ။

“ညီအစ်မ နှစ်ယောက် သတိလစ်နေတာက အခွင့်အရေး ဟုတ်လား... ဘယ်လို အခွင့်အရေး မျိုးလဲ။ လေဝိညာဉ် ပုလဲလုံး ရာ၊ မင်း..မနောက်ပါနဲ့” ယဲ့ဖုန်းက နှုတ်ခမ်းကို တွန့်ကာ သရော်လိုက်သည်။

ဒီ အခွင့်အရေး ဆိုတာက သူ့ဆီကို သတို့သမီး လာပို့ပေးတာများလား။

“ဝှီး...”

မျက်တောင်တစ်ခတ်အတွင်း သူ ပျောက်ကွယ်သွား၏။

သူ ပြန်ပေါ်လာသောအခါ ရေပေါ်ဖြူ မြို့တော် ၏ မြောက်ဘက် မိုင် (၅၀) အကွာရှိ မြူခိုး တောင်ကြား သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ဤနေရာသည် ဝိညာဉ်သားရဲ ဂိုဏ်း ၏ ဌာနခွဲ တစ်ခု ဖြစ်သည်။

သို့သော် ရှဲ့ကျားရင် ကို ထိုနေရာတွင် မတွေ့ရချေ။

“အို.. ဂိုဏ်းချုပ်ယဲ့ ပါလား”

ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ ဝိညာဉ်သားရဲ စံအိမ် ၏ အစောင့် အကြီးအကဲ မှာ အကြောက်လွန်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်မိတော့၏။

“တာအိုရောင်းရင်း ရှဲ့ ..ဘယ်မှာလဲ”

ယဲ့ဖုန်းက ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သော်လည်း သူမကို ဘယ်နေရာမှာမှ မတွေ့ရချေ။

ပြန်စဉ်းစားကြည့်သောအခါ ရှဲ့ကျားရင် ကို သူ မတွေ့ရသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ကြောင်း သတိပြုမိသွား၏။ မြူခိုးဂိုဏ်း အတွက် ဝိညာဉ်သားရဲ အစားအစာ အမြောက်အမြားကို ဖော်စပ်ပေးရန် သူမ သဘောတူထားခဲ့သော်လည်း ကုန်ကြမ်းများကို ယူဆောင်သွားပြီးနောက် အရိပ်အယောင်မျှပင် မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူမ ဘာတွေ လုပ်နေသနည်း ဆိုတာကို သူ လုံးဝ မသိခဲ့ချေ။

“ရှဲ့ကျားရင် ဟုတ်လား”

ဝိညာဉ်သားရဲ ဂိုဏ်း အကြီးအကဲ ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။

ထိုနာမည် ထွက်မလာခင်အထိ အရာအားလုံးက အဆင်ပြေနေခဲ့၏။ ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ရှဲ့ကျားရင် က သူ့ကို ဒေါသထွက်လွန်း၍ နှလုံးရပ်မတတ် ဖြစ်အောင် လုပ်ခဲ့သည့် အချိန်များကို ပြန်လည် သတိရသွားစေတော့သည်။

“ဘာဖြစ်လို့လဲ”

ဝိညာဉ်သားရဲ ဂိုဏ်း အကြီးအကဲ ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများနှင့် ထိတ်လန့်မှုများကို မြင်လိုက်ရသောအခါ ယဲ့ဖုန်းက မျက်ခုံးတစ်ချက် ပင့်ကာ မေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး”

အကြီးအကဲ က ကပျာကယာ လက်ကာပြလိုက်ပြီး

“ရှဲ့ကျားရင် နဲ့ လျိုယွင် ဂိုဏ်း က စစ်မှန်တဲ့ အမွေဆက်ခံသူ တပည့် ဖန်ဟိုင်ယွင် တို့ အတူတူ အပြင်ထွက်သွားကြတာကိုပဲ ကျုပ်.. သိပါတယ်။ လဝက်ကျော်လောက် ကြာနေပြီ ထင်တယ်”

“ဪ”

ယဲ့ဖုန်းက တစ်ခုခု မှားယွင်းနေပြီဟု အာရုံခံမိသွား၏။

လဝက်ကျော်လောက် ကြာနေပြီ ဟုတ်လား။

လေဝိညာဉ် ပုလဲလုံး က ပြသလိုက်တဲ့ အခွင့်အရေး က အခု လက်ရှိ ဖြစ်ပျက်နေတာများလား။

ဒါဆို ရှဲ့ကျားရင် နဲ့ ဖန်ဟိုင်ယွင် တို့ အဆိပ်နွယ်ပင်တွေ ရစ်ပတ်ခံရပြီး သတိလစ်နေတဲ့ မြင်ကွင်းက အခု လက်ရှိ အချိန်မှာ ဖြစ်ပျက်နေတာပေါ့။

“ကျွန်တော် သွားလိုက်ပါဦးမယ်”

ယဲ့ဖုန်းက လေထဲ၌ လက်ဟန် ရေးဆွဲလိုက်သည်။

ရွှေရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ချက်ချင်း ပျောက်ကွယ်သွားတော့၏။

“ဂိုဏ်းချုပ်ယဲ့...” ဝိညာဉ်သားရဲ ဂိုဏ်း အကြီးအကဲ က အော်ခေါ်လိုက်သော်လည်း ယဲ့ဖုန်းက အရိပ်အယောင်မျှပင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူက ပခုံးတွန့်လိုက်ပြီး ဌာနခွဲ ၏ တဲအိမ်လေး အတွင်းသို့ ပြန်ဝင်သွားတော့၏။

မိုင်ထောင်ပေါင်းများစွာ အဝေးတွင်၊

မြင့်မြတ်သော လေ ဓားဂိုဏ်း ၏ မြေအောက် ပင်လယ်ကမ္ဘာ အနီးတွင် ယဲ့ဖုန်း ထွက်ပေါ်လာသည်။

အောက်သို့ ငုံ့ကြည့်လိုက်ရာ ဆူပွက်နေသော ရေပြင်ကို တွေ့ရ၏။ အထက်သို့ မော့ကြည့်လိုက်ရာ ကျောက်စက်မိုးခေါင်များကို တွေ့ရသည်။

“ဒီနေရာက တကယ်ကို ထူးဆန်းတာပဲ”

ယဲ့ဖုန်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အသုံးပြုကာ ရှဲ့ကျားရင် နှင့် ဖန်ဟိုင်ယွင် တို့၏ တည်နေရာကို တွက်ချက်လိုက်သည်။

“ဟင် သူတို့က ပင်လယ်လူသား မျိုးနွယ်စု တွေ နေထိုင်တဲ့ နေရာထက် အများကြီး ပိုနက်တဲ့ မြေအောက် မိုင်သောင်းပေါင်းများစွာ အနက်မှာ ရောက်နေတာပါလား”

ရလဒ်ကို ကြည့်ပြီး ယဲ့ဖုန်း အံ့အားသင့်သွားရ၏။

သူက နောက်ထပ် လက်ဟန် တစ်ခု ရေးဖော်လိုက်သည်။

ဟင်းလင်းပြင် နေရာရွှေ့ပြောင်း ဖြင့် မြေအောက် နက်ရှိုင်းရာသို့ ဝင်ရောက်သွားသည်။ ခဏအကြာတွင် အဆိပ်နွယ်ပင်များဖြင့် ပြည့်နှက်နေသော မြေအောက် ကမ္ဘာတစ်ခု အတွင်းသို့ ရောက်ရှိသွားတော့၏။

ဤနေရာသည် အချင်း မိုင်တစ်ထောင်ခန့် ရှိသော ထက်ဝက် စက်လုံးပုံသဏ္ဌာန် အတွင်းပိုင်း နေရာလွတ် တစ်ခု ဖြစ်သည်။

ကောင်းကင်က အဝိုင်းပုံစံ ဖြစ်ပြီး မြေပြင်က လေးထောင့်ပုံစံ ဖြစ်၏။

ကောင်းကင်ယံတွင် ရေတွက်၍မရနိုင်သော ထူးဆန်းသည့် သလင်းကျောက် များကို ဘီလီယံနှင့်ချီသော ကြယ်များအဖြစ် စိုက်သွင်းထားသည်။

မူလနတ်ဘုရား အဆင့် အထွတ်အထိပ် ရှိ မီးငှက်ကြီး တစ်ကောင်က ဘောလုံးတစ်လုံးပမာ ကွေးကွေးလေး အိပ်နေပြီး တောက်ပစွာ လင်းလက်နေကာ ဤကမ္ဘာကြီးကို လင်းထိန်စေ၏။

နေမင်းကြီး တစ်စင်းနှင့် တူလှသည်။

“ဒါက ခြေသုံးချောင်း ရွှေကျီးကန်း ပဲ။ ဒါပေမဲ့ သူ့ရဲ့ သွေးမျိုးဆက်က သိပ်မသန့်စင်ဘူး။ မူလနတ်ဘုရား အဆင့် အထွတ်အထိပ် လောက်ပဲ ရှိသေးတယ်”

ယဲ့ဖုန်းက ဤ 'နေမင်း' ၏ စစ်မှန်သော သဘာဝကို ဖော်ထုတ်ရင်း သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သည်။

မြေပြင်ပေါ်တွင် စိမ်းလန်းစိုပြည်သော အပင်များ ရှိနေ၏။

ပထမဆုံး အမြင်တွင် ဤအပင်များက နှစ်ပေါင်း ထောင်နှင့်ချီ၍ ကျန်ရစ်ခဲ့သော မျိုးစိတ်များကဲ့သို့ အလွန် ရှေးကျပုံရသည်။

ပထမဆုံး တွေ့ရသည့် အပင်များက ပေ (၁၀၀) ခန့် မြင့်မားသည်။

အဝေးမှ ကြည့်လျှင် ထိုမြင်ကွင်းက အလွန် အံ့မခန်း ဖြစ်နေတော့၏။

ဧရာမ အရွယ်အစားရှိသော ရှေးဟောင်း သားရဲ အချို့က ဤကမ္ဘာကြီး အတွင်း လှည့်လည်သွားလာနေကြသည်။ အချို့က အစာစားနေကြပြီး အချို့က သားကောင် ရှာဖွေနေကြ၏။

“တွေ့ပြီ”

ဝိညာဉ်အာရုံ ဖြင့် တစ်ချက် လှည်းကျင်းကြည့်လိုက်ရာ ယဲ့ဖုန်းသည် ဤကမ္ဘာကြီး၏ အစွန်းတစ်နေရာတွင် ပိတ်မိနေသော ရှဲ့ကျားရင် နှင့် ဖန်ဟိုင်ယွင် တို့ကို ရှာတွေ့သွားသည်။

သူမတို့၏ အနီးတွင် အချင်း ဆယ်မီတာခန့် ရှိပြီး ကမ္ဘာကြီး၏ အစွန်းမှနေ၍ အထက်သို့ ဆန့်တန်းသွားသော ဥမင်လိုဏ်ခေါင်း တစ်ခု ရှိနေ၏။

“သူတို့က ဒီလမ်းကြောင်း ကနေတစ်ဆင့် ဒီ မြေအောက် ကမ္ဘာထဲကို ဝင်လာခဲ့တာ ဖြစ်ရမယ်”

ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ကာ အမျိုးသမီး နှစ်ဦးကို ရစ်ပတ်ထားသော အဆိပ်နွယ်ပင်များကို တစ်စစီ ရိုက်ခွဲပစ်လိုက်သည်။

သူမတို့ တစ်ယောက်စီတိုင်း၏ ခန္ဓာကိုယ်ထဲသို့ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်စီ ထိုးသွင်းပေးလိုက်ပြီးနောက် သူမတို့နှစ်ဦးမှာ အိပ်မောကျနေရာမှ နိုးလာကြပြီး သိပ်မကြာခင်မှာပင် မျက်လုံးများ ဖွင့်လာကြတော့၏။

“ဟင် ဂိုဏ်းချုပ်ယဲ့ ပါလား”

“ဂိုဏ်းချုပ် က ဘာလို့ ဒီကို ရောက်နေတာလဲ”

သူတို့၏ ရှေ့တွင် ရှိနေသော ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ ဖန်ဟိုင်ယွင် နှင့် ရှဲ့ကျားရင် တို့က အလှည့်ကျ စကားပြောလိုက်ကြပြီး သူတို့၏ အသံများတွင် အံ့အားသင့်မှုများ အပြည့်အဝ ပါဝင်နေတော့သည်။

wunzinnosp

All Chapters