အခန်း ၆၁၃
Vol. 41 Ch. 613
အခန်း (၆၁၃) ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင်များကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ခြင်း
“ဖိနှိပ်စမ်း”
ယဲ့ဖုန်းက သူ၏ ခြေထောက်တွင် အရှိန်အဝါများကို စုစည်းကာ လေထဲသို့ မြင့်တက်သွားပြီးနောက် ခွန်အားအပြည့်ဖြင့် အောက်သို့ ဆောင့်နင်းချလိုက်ရာ ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် (၁၇) ယောက် ၏ နတ်ဘုရားဝိညာဉ် ကိုယ်ပွားများကို မျက်တောင်တစ်ခတ်အတွင်း အနောက်သို့ လွင့်ထွက်သွားစေတော့သည်။ သူတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြတော့၏။
“ဂိုဏ်းချုပ်ယဲ့ က အရမ်း အစွမ်းထက်တာပဲ”
“ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ က အစွမ်းထက် ပညာရှင် (၁၇) ယောက် ကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်နေတာ... ဒါကမှ တကယ့် ယောက်ျားကောင်း ပီသတာ”
အင်အားစု အသီးသီးမှ လူများက ယဲ့ဖုန်းကို မော့ကြည့်လိုက်ကြပြီး မည်သည့် မနာလိုမှုမျှ မရှိဘဲ အထင်ကြီးလေးစားမှုများသာ ပြည့်နှက်နေကြသည်။
“မိတ်ဆွေလေး ယဲ့ က တကယ်ကို ပြိုင်ဘက်ကင်းတာပဲ”
ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့မှာ လည်ချောင်းများ ခြောက်သွေ့သွားပြီး ဘာပြောရမှန်းပင် မသိတော့ဘဲ သူ့ကို မည်သို့ ဖော်ပြရမည်ကို စဉ်းစားမရအောင် ဖြစ်နေကြတော့၏။
“တကယ်ကို မျိုးဆက်သစ်တွေထဲက ပါရမီရှင် တစ်ယောက်ပဲ။ ဒီကောင်လေးက အသက် တစ်ထောင်တောင် မပြည့်လောက်သေးဘူး။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ခွန်အားမျိုး ရရှိထားတာဆိုတော့ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ် မရှိနိုင်ဘူး။ သူ့ကို ငါတို့လူ ဖြစ်အောင် သေချာပေါက် လုပ်ရမယ်”
ထိုအတွေးက ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် (၁၇) ယောက် ၏ ခေါင်းထဲတွင် တစ်ပြိုင်နက်တည်း ပေါ်လာသည်။
ယဲ့ဖုန်းကိုသာ ရရှိမည်ဆိုလျှင် ရှေးဟောင်း မျိုးနွယ်စု သည် ကောင်းကင်သို့ ပျံတက်သွားနိုင်ပြီး အနာဂတ်တွင် ကြယ်ငါးပွင့်အဆင့် အင်အားစု တစ်ခု ဖြစ်လာရန် ပြဿနာ မရှိနိုင်တော့ချေ။
“ဝင်္ကပါ ဖွဲ့ကြ။ သူ့ကို ငါတို့ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ခိုင်းရမယ်”
“အရိပ်မိစ္ဆာ ဂိုဏ်းချုပ် မရှိတော့ ငါတို့ရဲ့ ဝင်္ကပါ က မပြည့်စုံတော့ဘူး။ ဒီကောင်လေးကို ဖိနှိပ်နိုင်ပါ့မလား မသိဘူး”
“ကိစ္စမရှိဘူး။ ငါတို့ (၁၇) ယောက် ရဲ့ စွမ်းအားတွေကို စုစည်းထားတဲ့ ဝင်္ကပါ က လုံးဝ အစွမ်းထက်ပါတယ်။ ဒီကောင်လေးကို ဖိနှိပ်ဖို့က ဘာပြဿနာမှ မရှိပါဘူး”
ခဏတာ အချင်းချင်း ပြောဆိုဆွေးနွေးပြီးနောက် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ရှေးဟောင်း ပညာရှင် (၁၇) ယောက် သည် သဘောတူညီချက် တစ်ခု ရရှိသွားကြပြီး တစ်ပြိုင်နက်တည်း လက်ဟန်များ ရေးဆွဲ ကာ ကောင်းကင်ယံသို့ လက်ညှိုး ထိုးပြလိုက်ကြသည်။
“ကြယ်တာရာမြစ်ကြီး ဆယ့်ရှစ်သွယ် မဟာဝင်္ကပါ”
သူတို့က မန္တန်များကို ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် တောက်ပသော ကြယ်ရောင်များက လူတိုင်း၏ လက်ချောင်းထိပ်များမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံတွင် စုစည်းသွားသည်။ အဆုံးအစ မရှိသော စွမ်းအားများကို သယ်ဆောင်ထားသည့် တောက်ပသော ကြယ်တာရာမြစ် ကြီးတစ်ခု အဖြစ် ပေါက်ကွဲထွက်ပေါ်လာတော့၏။
“ဝှီး... ”
ဤ တောက်ပသော ကြယ်တာရာမြစ် ကြီး အတွင်းမှ ရေတွက်၍ မရနိုင်သော ကြယ်ရောင် အလင်းတန်းများ ကျဆင်းလာပြီး ယဲ့ဖုန်းကို ဗုံးကြဲတိုက်ခိုက်လိုက်သည်။
သူ အမှန်တကယ်ပင် အရေးနိမ့်သွားခဲ့၏။
“ဟားဟား နောက်ဆုံးတော့ ဒီကောင်လေးကို ငါတို့ ဖိနှိပ်နိုင်သွားပြီ”
ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် (၁၇) ယောက် မှာ အလွန် ဝမ်းသာအားရ ဖြစ်သွားကြတော့၏။
‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်းရဲ့ ဆဋ္ဌမ ခြေလှမ်းတောင် ဒါကို မယှဉ်နိုင်ဘူးလား’
လေထဲတွင် ယဲ့ဖုန်းက သူ၏ ရင်ဘတ်ကို ဖိကိုင်ထားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေမိသည်။ “ကြယ်တာရာမြစ်ကြီး ဆယ့်ရှစ်သွယ် မဟာဝင်္ကပါ” ၏ စွမ်းအားကြောင့် တုန်လှုပ်သွားရခြင်းပင်။
“မိတ်ဆွေလေး ယဲ့... မင်း ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အရှုံးပေးလိုက်တာ ပိုကောင်းမယ်။ ဒါပေမဲ့ မင်းက ငယ်ရွယ်ပြီး အဆုံးအစမရှိတဲ့ အလားအလာတွေ ရှိသေးတယ်။ အကယ်လို့ မင်းက ငါတို့ရဲ့ ဓားပျို ဂိုဏ်း ထဲ ဝင်မယ်ဆိုရင် မင်းက အနာဂတ်မှာ ပြိုင်ဘက်ကင်းတဲ့ ကောင်းကင် ဧကရာဇ် တစ်ပါး အဖြစ် သေချာပေါက် ကြီးပြင်းလာလိမ့်မယ်”
အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး က ကျယ်လောင်စွာ ဖျောင်းဖျလိုက်သည်။
“အရှက်မရှိတဲ့ ကောင်”
“ဓားပျို ဂိုဏ်း ထဲ မဝင်ပါနဲ့။ ငါတို့ရဲ့ သွေးကြာပန်း ဂိုဏ်း ထဲ ဝင်ပါ”
“သူတို့ကို ဂရုမစိုက်နဲ့။ ငါတို့ရဲ့ မြတ်နိုးဖွယ်အသံ ဂိုဏ်း မှာ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးတွေပဲ ရှိတယ်။ တစ်ယောက်ထက် တစ်ယောက် ပိုပြီး လှပကြတယ်။ မင်း ဂိုဏ်းချုပ် ဖြစ်လာသရွေ့ မင်း လိုချင်တဲ့ အလှမယ်တိုင်းကို ရွေးချယ်ခွင့် ရှိတယ်”
“မြတ်နိုးဖွယ်အသံ ဂိုဏ်းချုပ်... ကျွန်တော်ရော ဝင်လို့ ရမလား”
ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင်များက အချင်းချင်း မနာလိုမှုများဖြင့် စကားအချေအတင် ပြောဆိုနေကြသည်။
အထက် ကောင်းကင်ယံတွင်၊
ယဲ့ဖုန်းက အဆက်မပြတ် ဆုတ်ခွာနေရပြီး “ကြယ်တာရာမြစ်ကြီး ဆယ့်ရှစ်သွယ် မဟာဝင်္ကပါ” မှ ကျဆင်းလာသော ရေတွက်၍မရနိုင်သည့် ကြယ်ရောင် အလင်းတန်းများကို လုံးဝ မဟန့်တားနိုင်တော့ချေ။
“မကောင်းတော့ဘူး ..ဂိုဏ်းချုပ်ယဲ့ ရှုံးတော့မယ်”
“ဒါက ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် (၁၇) ယောက် ရဲ့ နတ်ဘုရားဝိညာဉ် ကိုယ်ပွား တွေပဲ ရှိသေးတာ။ သူတို့ရဲ့ စစ်မှန်တဲ့ ရုပ်ခန္ဓာ တွေထက် အများကြီး အားနည်းသေးတယ်။ ဒါပေမဲ့ သူတို့က ဂိုဏ်းချုပ်ယဲ့ ကို လုံးဝ ဖိနှိပ်ထားနိုင်ပြီ။ ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ စစ်မှန်တဲ့ ရုပ်ခန္ဓာ တွေ ဆင်းသက်လာရင် ဂိုဏ်းချုပ်ယဲ့ က ပြိုင်ဘက် မဟုတ်တော့ဘူး”
ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့၏ မျက်နှာများမှာ လေးနက်သွားကြသည်။
ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု က သွေးဆာနေသူများပုံ မပေါ်သော်လည်း တောင်ပိုင်း မြစ်ဝှမ်းနယ်မြေ ကို ဤရှေးဟောင်း အင်အားစုများက အနာဂတ်တွင် သိမ်းပိုက်သွားမည်ကို တွေးမိသောအခါ လင်မြောင်ဘိုးဘေး ၏ ရင်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာတော့၏။
“ဂိုဏ်းချုပ်”
မြူခိုးဂိုဏ်း ၏ တပည့်များက လက်သီးများကို တင်းတင်းဆုပ်ထားကြပြီး ယဲ့ဖုန်း ရှုံးနိမ့်သွားသည်ကို မမြင်ချင်ကြဘဲ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေကြသည်။
“ဂိုဏ်းချုပ် မှာ သေချာပေါက် ဝှက်ဖဲ တစ်ခု ရှိရမယ်”
ကျီဇီလင်း က လက်သီးများကို တင်းတင်းဆုပ်ကာ ယဲ့ဖုန်းကို ယုံကြည်မှု အပြည့်ရှိနေ၏။
‘ငါက ကျိန်စာသင့် အမြှောက် ဘုရင် ပဲ။ ငါ့ရဲ့ မြှောက်ပင့်မှုတွေက အမြဲတမ်း ပြောင်းပြန် အကျိုးသက်ရောက်တယ်။ ဒါကြောင့် ဒီအချိန်မှာ ဂိုဏ်းချုပ်ဦးလေး ကို ငါ ကူညီရမယ်’
လူအုပ်ထဲတွင် ဝမ်ဖင်းအန်း က သူ၏ မည်းနက်သော ဒယ်အိုးကြီးကို ဖက်ထားကာ မျက်နှာဖုံးကို ချွတ်လိုက်သည်။
“ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ရဲ့ ခေါင်းဆောင်တွေက တကယ်ကို ကြီးမြတ်ပြီး ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားစွမ်းအားတွေ ရှိကြတယ်။ လောကကြီးမှာ ပြိုင်ဘက်ကင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တကယ်ကို အံ့မခန်းပါပဲ”
ကျိန်စာသင့် အမြှောက် ဘုရင် ဝင်ရောက်လာလေပြီ။
မြူခိုးဂိုဏ်း ၏ တပည့်များ အားလုံး မျက်လုံးများ ပြူးကျယ်သွားကြ၏။ ဝမ်ဖင်းအန်း က ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင်များကို ဘာကြောင့် ချီးမွမ်းနေသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်သွားကြသော်လည်း သိပ်မကြာခင်မှာပင် သဘောပေါက်သွားကြပြီး ပြိုင်တူ လက်မထောင်ပြလိုက်ကြ၏။
“ယဲ့ဖုန်း... မင်း သေချာ နားထောင်တာ ပိုကောင်းမယ်။ မင်းရဲ့ မြူခိုးဂိုဏ်း က တပည့်တွေတောင် ငါတို့ကို ချီးမွမ်းနေကြပြီ။ သူတို့က ရွေးချယ်မှု လုပ်ပြီးသွားပြီနဲ့ တူတယ်”
“ငါတို့ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ထဲ ဝင်ပါ။ မင်းရဲ့ အနာဂတ်က ပူပန်စရာ မရှိတော့ဘူး”
ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များက အားရပါးရ ရယ်လိုက်ကြသည်။
ယဲ့ဖုန်းက ဝမ်ဖင်းအန်း ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေါင်းခါယမ်းကာ ကျိန်စာသင့် အမြှောက် ကို ရပ်တန့်ရန် အချက်ပြလိုက်၏။
ဝမ်ဖင်းအန်း မှာ အလန့်တကြား ဖြစ်သွားရသည်။
“အို ဂျူနီယာ ညီလေး ဝမ်... မင်းရဲ့ ပါးစပ်က ယောင်နေပါလား”
“ဝက်အူချောင်း လိုပဲ ဖောင်းကားနေတာပဲ”
ရှီလေ့၊ လုံထျန်းရှင်း နှင့် အခြားသူများက ဝမ်ဖင်းအန်း ၏ ပါးစပ်ကို လက်ညှိုးထိုးပြကာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
“ငါ့ပါးစပ်က ယောင်နေတယ် ဟုတ်လား။ ဘာတွေ ဖြစ်နေတာလဲ”
ဝမ်ဖင်းအန်း မှာ ထပ်မံ လန့်ဖျပ်သွားပြီး မှန်တစ်ချပ်ကို အလျင်အမြန် ထုတ်ကာ သူ့ကိုယ်သူ ကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းများက ရောင်ရမ်းနေပြီး နီရဲနေကာ ညင်သာစွာ ညှစ်လိုက်ရုံဖြင့် ပေါက်ကွဲထွက်သွားတော့မည့်ပုံ ပေါ်နေကြောင်း သိပ်မကြာခင်မှာပင် သူ တွေ့ရှိသွားတော့သည်။
“ဘုရားရေ”
သူက အံ့အားသင့်စွာ အော်ဟစ်လိုက်မိတော့၏။
“ငါ့မှာ.. ဘာတွေ ဖြစ်နေတာလဲ”
“ရှူး... ”
မိုယင် က အနီးသို့ ရောက်လာပြီး တိတ်တိတ်နေရန် အချက်ပြကာ တိုးညင်းသော လေသံဖြင့် ရှင်းပြလိုက်၏။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့် က အရမ်း နိမ့်လွန်းတယ်။ မင်းရဲ့ ကျိန်စာသင့် အမြှောက် ကလည်း ကန့်သတ်ချက်တွေ ရှိတယ်။ လောလောဆယ် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင်တွေ အပေါ်မှာ မင်း သုံးလို့ မရဘူး။ အဲဒီလိုမှ မဟုတ်ရင် မင်းဆီကို ပြန်လှည့်လာလိမ့်မယ်”
“ဪ ဒီလိုကိုး”
ဝမ်ဖင်းအန်း က ရောင်ရမ်းနေသော သူ၏ ပါးစပ်ကို ဖုံးကွယ်ရန် မျက်နှာဖုံးကို အလျင်အမြန် တပ်လိုက်ပြီး လည်ပင်းကို ကျုံ့ကာ ချောင်ကျားရှီး ၏ အနောက်တွင် ပုန်းအောင်းနေလိုက်တော့သည်။
အထက် ကောင်းကင်ယံတွင်၊
ယဲ့ဖုန်းက ရုတ်တရက် ဟားတိုက်ရယ်လိုက်သည်။
“ခင်ဗျားတို့ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု က ကျွန်တော့်ကို တကယ်ပဲ လှောင်ပိတ်နိုင်ပြီလို့ ထင်နေကြတာလား။ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း... လောက တစ်ခွင်မှာ ပြိုင်ဘက်ကင်းတယ်”
ရုတ်တရက်၊ ယဲ့ဖုန်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ သူ၏ အရှိန်အဝါက မျက်တောင်တစ်ခတ်အတွင်း တစ်ဟုန်ထိုး တက်လာပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ နှင့် အကန့်အသတ်မရှိ နီးစပ်နေသလို ခံစားလိုက်ရစေသည်။
သူက တစ်ကိုယ်လုံးရှိ အသက်ရှူသံများကို စုစည်းကာ သူ၏ ခြေထောက်ထဲသို့ လောင်းထည့်လိုက်သည်။
ထို့နောက် ပြင်းထန်စွာ ဆောင့်နင်းချလိုက်တော့၏။
“ဝုန်း... ”
ကြယ်တာရာမြစ်ကြီး ဆယ့်ရှစ်သွယ် မဟာဝင်္ကပါ ကြောင့် ပေါက်ကွဲထွက်ပေါ်လာသော တောက်ပသည့် ကြယ်တာရာမြစ် ကြီး၏ အလယ်ဗဟိုတွင် ယခုအခါ ဧရာမ ခြေရာကြီး တစ်ခု ထင်ကျန်နေတော့၏။ စူးရှသော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ကြယ်တာရာမြစ် ကြီး တစ်ခုလုံး ကြယ်ရောင် အစက်အပြောက်လေးများ အဖြစ် တစ်စစီ ပြိုကွဲသွားတော့သည်။
“သူက တကယ်ပဲ သူ့ရဲ့ ခွန်အားတွေကို ဖုံးကွယ်ထားခဲ့တာပဲ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သူ့ရဲ့ လက်ရှိ ခွန်အားက ငါတို့ရဲ့ စစ်မှန်တဲ့ ရုပ်ခန္ဓာ တွေထက် မနိမ့်ကျဘူး။ တကယ်ကို ကြောက်စရာ ကောင်းတာပဲ”
“ဂျူနီယာ တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ”
အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး၊ သွေးကြာပန်း ဂိုဏ်းချုပ် နှင့် အခြားသူများ အားလုံး ပြန်လည် ရိုက်ခတ်လာသော အားကြောင့် မိုင်ဒါဇင်ပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားကြပြီး သူတို့၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေကြသည်။
သို့သော် ထိုအခိုက်အတန့်မှာပင်။
ယဲ့ဖုန်းက ထို တောက်ပသော ကြယ်တာရာမြစ် ကြီးကို ထိုးဖောက်ပြီးနောက် သူ၏ အဟုန်က ရုတ်တရက် ကျဆင်းသွားပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ သို့ ပြန်လည် ရောက်ရှိသွားပုံပေါ်ကြောင်း ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များ သတိပြုမိသွားကြတော့၏။
“ဘာတွေ ဖြစ်နေတာလဲ”
“ဒါက အလွန် အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်ရမယ်။ ဒီကောင်လေးကို ရန်သူနဲ့ တိုက်ခိုက်ဖို့ အသေးစား နယ်ပယ် သုံးခုကို ဖောက်ထွက်နိုင်အောင် လုပ်ပေးနိုင်တာ တကယ်ကို ကြောက်စရာ ကောင်းတယ်”
“ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည် က လောကကြီးမှာ တကယ် ရှိနေတာလား”
ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ခေါင်းဆောင်များ၏ မျက်နှာများမှ သွေးရောင်များ ဆုတ်ယုတ်သွားကြသည်။ ယဲ့ဖုန်းသည် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ ကျင့်ကြံခြင်းအဆင့် ဖြင့် သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုကို ဖောက်ထွက်နိုင်ခဲ့သည်ကို သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြတော့၏။
“တစ်လှမ်း.. ချီကျင့်ကြံ၊ စကြဝဠာ နိုးထ”
ယဲ့ဖုန်းက အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း” ကို ဆက်လက် အသုံးပြုကာ ခြေ (၆) လှမ်း ဆက်တိုက် လှမ်းလိုက်ပြီး သူ၏ အဟုန်ကို ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆဋ္ဌမအလွှာ သို့ တည်ဆောက်လိုက်သည်။
“ဝုန်း... ဝုန်း... ဝုန်း... ”
အခွင့်အရေးကို အရယူကာ သူက တိုက်ခိုက်မှုများကို စတင်လိုက်ရာ သူ၏ လက်သီးချက် တစ်ချက်စီက ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ခေါင်းဆောင်များ၏ နတ်ဘုရားဝိညာဉ် ကိုယ်ပွား များကို လုံးဝ တစ်စစီ ဖြစ်သွားစေခဲ့သည်။
“မင်း အရမ်း မောက်မာလွန်းနေပြီ ကောင်လေး”
“ငါတို့ရဲ့ စစ်မှန်တဲ့ ရုပ်ခန္ဓာ တွေ ဆင်းသက်လာမယ့် အချိန်ကို စောင့်နေလိုက်။ မင်းကို သေချာပေါက် ဖိနှိပ်ပစ်မယ်”
မပြိုကွဲမီလေးတွင် ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော နာကြည်းချက် အပြည့်ပါသည့် ဟိန်းဟောက်သံ တစ်ခုကို လွှတ်ထုတ်လိုက်ရာ လေနှင့် တိမ်တိုက်များ၏ အရောင်များပင် ပြောင်းလဲသွားတော့၏။
သို့သော် ယဲ့ဖုန်းက ဂရုမစိုက်သလို လက်ဝှေ့ယမ်းကာ ဖရိုဖရဲ ဖြစ်နေသော ကောင်းကင်ယံကို ဖိနှိပ်လိုက်ပြီး ကောင်းကင်ယံကို နောက်တစ်ကြိမ် ငြိမ်သက်သွားစေခဲ့သည်။
“ဂိုဏ်းချုပ်ယဲ့ တကယ်ကို အစွမ်းထက်တာပဲ”
အင်အားစု အသီးသီးမှ လူများက ယဲ့ဖုန်း တစ်ကွင်းလုံးကို တံမြက်လှည်းသလို ရှင်းလင်းလိုက်သည်ကို မျက်မြင်တွေ့ရှိပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးစကားများ မပြောဘဲ မနေနိုင်တော့ဘဲ အားလုံးက မတ်တတ်ရပ်ကာ အော်ဟစ် ချီးကျူးလိုက်ကြတော့သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် မြေအောက် နက်ရှိုင်းရာမှ အလွန် ပြင်းထန်သော အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
“ကောင်လေး၊.. ငါ ရောက်လာပြီ... အစောကြီး အရမ်း မပျော်နေနဲ့ဦး”
--