← Chapters

အခန်း ၄၈၀

Vol. 32 Ch. 480

အခန်း ၄၈၀

Vol. 32 Ch. 480

အခန်း (၄၈၀) မင်းက တကယ်တော့ ဘယ်သူလဲ

တည်းခိုခန်းအတွင်း၌ ဆီမီးရောင်မှာ ဝင်းလက်နေဆဲ ဖြစ်သည်။ ဝေဇီယီသည် ဆုမို ပေးခဲ့သော စာအိတ်ကို လက်ထဲတွင် ကိုင်ထားရင်း တွေဝေနေမိ၏။

(ဒီလူက လည်း ညကျရင် ဖတ်ပါဆိုတော့ ဘယ်အချိန်ကို ပြောတာလဲ။ ညဦးပိုင်းလား၊ ဒါမှမဟုတ် သန်းခေါင်ကျော်မှလား။ မိုးလင်းတဲ့အထိတော့ စောင့်ခိုင်းမှာ မဟုတ်ပါဘူးနော်။)

သူမသည် ပြတင်းပေါက်မှတစ်ဆင့် ပြင်ပရှိ မှောင်မိုက်နေသော ညဉ့်အမှောင်ထုကို လှမ်းကြည့်ရင်း ဆုမို၏ အခြေအနေအတွက် အကြောင်းမဲ့ စိတ်ပူနေမိသည်။ အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက်တွင်မူ သူမသည် စာအိတ်ကို ဖွင့်ရန် ဆုံးဖြတ်လိုက်တော့၏။

စာအိတ်ကို ဖွင့်ကာ အတွင်းမှ ပစ္စည်းများကို မှောက်ချလိုက်ရာ၊ ကြေးဝါရောင် တောက်ပနေသော တံဆိပ်တစ်ခု ထွက်ပေါ်လာ၏။

"ဇီယန် အမိန့်တော်...."

ဝေဇီယီ၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားရသည်။ ဤတံဆိပ်မှာ ဆုမို ထျန်းချူမြို့ထဲသို့ စတင်ဝင်ရောက်စဉ်က ကင်းစောင့်များကို ပြသခဲ့သော တံဆိပ်ပင် ဖြစ်၏။ ထိုစဉ်က ကင်းစောင့်များမှာ ဤတံဆိပ်ကို မြင်သည်နှင့် အရိုအသေပေးခဲ့ကြသည် မဟုတ်ပါလော။

ဇီယန် အမိန့်တော်သည် ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်ရှိနေသည်နှင့် အလားတူသည်။ ၎င်းသည် ဂိုဏ်းသားများကို စုစည်းစေနိုင်သလို၊ ဂိုဏ်းချုပ်၏ အာဏာစက်ကိုလည်း အပြည့်အဝ သုံးစွဲပိုင်ခွင့်ရှိသည်။ ဤတံဆိပ်၏ အစွမ်းမှာ ‘လော့ဖုန်း အမိန့်တော်’ ထက်ပင် အဆပေါင်းများစွာ သာလွန်သည်။

ဤတံဆိပ်ကို ကိုင်ထားသူအား လီကျန်းယွမ်မှလွဲ၍ ဇီယန်ဂိုဏ်းသား အားလုံးက ဦးညွှတ် နာခံကြရမည် ဖြစ်၏။

‘... ဒီလောက် အရေးကြီးတဲ့ ပစ္စည်းကို ဒီစာထဲမှာ ထည့်ထားခဲ့တယ်ပေါ့။ ဆုမိုကတော့ တကယ်ကို ရူးနေတာလား၊ ဒါမှမဟုတ် ငါ့ကို တကယ်ကြီး ယုံကြည်နေတာလား’

သူမသည် အတွေးများဖြင့် ရှုပ်ထွေးနေရင်း စာကို အမြန် ဆွဲထုတ်ကာ မီးရောင်အောက်တွင် ဖတ်ကြည့်လိုက်သည်။ စာကို ဖတ်ပြီးသည်နှင့် အံ့ဩလွန်းသဖြင့် ပါးစပ်ဟသွားတော့၏။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."

သူမသည် စာကို ချက်ချင်းပင် မီးရှို့ဖျက်ဆီးလိုက်ပြီးနောက်၊ အခန်းအတွင်းမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ သူမသည် ပထမဆုံးအဖြစ် ဟူဆန်းတောက်၏ အခန်းဆီသို့ ဦးတည်သွားခဲ့၏။ တံခါးမှာ ပိတ်မထားသဖြင့် တွန်းဖွင့်လိုက်သောအခါ၊ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဟူဆန်းတောက်ကိုသာ တွေ့ရပြီး အမာရွတ်နှင့် လူစိမ်းမှာမူ ပျောက်ကွယ်နေလေပြီ။

‘ငါ ထင်တဲ့အတိုင်းပါပဲလား။ အမာရွတ်လူကတော့ တကယ်ကို လက်ရဲဇက်ရဲ ရှိတာပဲ’

ဝေဇီယီသည် ဟူဆန်းတောက်အား အကြိမ်ကြိမ် တွန်းနှိုးသော်လည်း သူက နိုးမလာချေ။ သူမက သူ၏ ခေါင်းကို စမ်းကြည့်လိုက်သောအခါ ကြီးမားသော ဘုကြီးတစ်ခုကို တွေ့လိုက်ရသည်။

"တကယ့်ကို အားပါပါနဲ့ ရိုက်သွားတာပဲ"

ဝေဇီယီသည် အခြားနည်းလမ်းများကို အသုံးမပြုတော့ဘဲ ဘေးနားရှိ ရေတစ်ဝက်ခန့် ပါသော သစ်သားပုံးကို မကာ ဟူဆန်းတောက်၏ ခေါင်းပေါ်သို့ လောင်းချလိုက်တော့၏။ ဟူဆန်းတောက်မှာ ထိတ်လန့်တကြားဖြင့် ဝုန်းခနဲ ထထိုင်သည်။

"ရေကြီးကုန်ပြီလား... ရေကြီးကုန်ပြီလား.."

သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဝေဇီယီကိုသာ တွေ့ရသဖြင့် ဇဝေဇဝါ ဖြစ်နေသည်။

"အဲဒီ အမာရွတ်နဲ့ မျောက်ကောင် ဘယ်ရောက်သွားပြီလဲ"

"အဲဒါတွေ ရှင်းပြဖို့ အချိန်မရှိတော့ဘူး"

ဝေဇီယီက ပြောနေစဉ်မှာပင် ဖုဟန်ယွမ်မှာလည်း အခန်းထဲသို့ ပြေးဝင်လာ၏။ သူတို့နှစ်ဦးကို မြင်သောအခါ ဖုဟန်ယွမ်က အံ့အားသင့်စွာ မေးလိုက်၏။ "ဘာဖြစ်တာလဲ"

"ရှင်းပြနေဖို့ အချိန်မရှိဘူး။ ရှင်တို့ရဲ့ ဂိုဏ်းချုပ်က အခု ငါးဖမ်းထွက်နေတာ။ ကျွန်မနဲ့ အခုချက်ချင်း လိုက်ခဲ့ကြပါ။ လမ်းကျမှ အကျိုးအကြောင်း ရှင်းပြပါမယ်"

ထိုအခါ၊ ဟူဆန်းတောက်နှင့် ဖုဟန်ယွမ်တို့သည် တစ်ဦးကိုတစ်ဦး ပြန်ကြည့်လိုက်ကြပြီးနောက်၊ မဆိုင်းမတွပင် ဝေဇီယီ၏ အနောက်သို့ လိုက်ပါသွားကြသည်။ သို့သော် ဟူဆန်းတောက်ကမူ မနေနိုင်ဘဲ လှမ်းမေးလိုက်သေး၏။

"ဝေမိန်ကလေး... အဲဒီ အမာရွတ်နဲ့ မျောက်ကောင်ကရော ဘယ်ရောက်သွားလဲ။ သူ့စိတ်ကလည်း သိပ်မှန်တာ မဟုတ်ဘူး၊ တစ်ယောက်ယောက်က လိမ်ခေါ်သွားရင် ဘယ်လိုလုပ်မလဲ"

"...သူလား"

ဝေဇီယီက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

"သူကတော့ သူ့အတွက် အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုကို သွားလုပ်နေတာ ဖြစ်ရမယ်"

---

ခြံဝင်းအတွင်း၌မူ...

ဓားသွားပေါင်း ဒါဇင်နှင့်ချီကာ အနက်ရောင်ဝတ် လူသား၏ ဘေးပတ်လည်တွင် ကောင်းကင်စမ်းရေလှိုင်းကြီးအလား စီတန်းနေကြသည်။ ၎င်းမှာ ကောင်းကင်မှ ဆင်းသက်လာသော စမ်းရေအလား ထက်မြက်လှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။

အနက်ရောင်ဝတ် လူသားက သူ၏ ဓားဦးကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လေထုအတွင်း၌ ဟိန်းဟောက်သံများ ဆူညံသွားတော့သည်။

ထိုဓားလှိုင်းကြီးများသည် ဝမ်ချန်ရှင်းထံသို့ တည့်တည့်မတ်မတ် ဦးတည် တိုက်ခိုက်လိုက်လေပြီ။

ဝမ်ချန်ရှင်း၏ မျက်နှာမှာ ရုတ်ချည်း ပြာနှမ်းသွားရ၏။

၎င်းက 'ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း' ၏ အခန့်ညားဆုံးနှင့် အစွမ်းအထက်ဆုံး သိုင်းကွက်ပင် ဖြစ်သည်။

အကြီးအကဲ ထျန်းချွမ်မှလွဲ၍ မည်သူမျှ ဤသိုင်းကွက်ကို မတတ်မြောက်နိုင်ခဲ့ချေ။ အကြောင်းမှာ ဤသိုင်းကွက်ကို ရရှိရန်အတွက် သေခြင်းနှင့် ရှင်ခြင်းကြားမှ ကြောက်မက်ဖွယ်ရာများကို ဖြတ်သန်းရသလို၊ အတိတ်က သံယောဇဉ်များကိုလည်း အကုန် ဆေးကြော သုတ်သင်ပစ်ရသောကြောင့် ဖြစ်၏။

အနည်းငယ်မျှ မှားယွင်းသွားပါက အသက်ပျောက်နိုင်သလို၊ မိမိကိုယ်ကို ပြန်လည် ရှာမတွေ့ပါကလည်း ဝေဝါးသော ဘဝထဲတွင်သာ နစ်မွန်းနေရပေလိမ့်မည်။

(သောက်ကျိုးနည်း... ငါ့စီနီယာအစ်ကိုက တကယ်ပဲ ဒီအဆင့်အထိ ရောက်သွားတာလား။ နှလုံးသားကို ဆေးကြောပြီး အတိတ်ကို မေ့ပစ်တဲ့ အဆင့်ဆိုတာ ဒါပဲပေါ့။ ဒါပေမဲ့... ဒါက တကယ့်ကို အန္တရာယ် များလှတာလေ။)

သို့သော် ဝမ်ချန်ရှင်းအတွက် ကံကောင်းသည့် အချက်နှစ်ချက် ရှိသည်။ ပထမအချက်မှာ ယနေ့ညတွင် ယွမ်ရှန်းဓားဂိုဏ်းသား အများကြီး မရှိသဖြင့် ရန်သူအနေဖြင့် ဓားအများကြီး ချေးသုံး၍ မရခြင်း ဖြစ်၏။ ဒုတိယ အချက်မှာမူ... သူသည် ဆုမိုကို ခေါ်ထားခဲ့ခြင်း ပါပင်။

ဆုမိုသည် မည်သည့်အချိန်က ရောက်လာမှန်းမသိဘဲ ဝမ်ချန်ရှင်း၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။ သူ၏ လက်တွင် 'နဂါးဟိန်းဓား' ကို ကိုင်ဆောင်ထား၏။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်သောအခါ၊ အနက်ရောင်ဝတ် လူသား၏ မျက်ဝန်းများမှာ ရုတ်ချည်း တုန်လှုပ်သွားပြီး သူ၏ ပြည့်စုံလှသော ဓားကွက်မှာလည်း အနည်းငယ် ယိမ်းယိုင်သွားသည်။ ထိုခဏ၌ ဆုမိုသည် သူ၏ ဓားကို မြှောက်လိုက်ရာ 'ချလွင်' ဟူသော အသံများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။

အနက်ရောင်ဝတ် လူသား၏ ဓားကွက်မှာ ကောင်းကင်မှ ကျဆင်းလာသော စမ်းရေလှိုင်း ဖြစ်ပါက၊ ဆုမိုသည် ထိုစမ်းရေကို ဆီးကြိုနေသော မဟာတောင်ကြီး တစ်ခုနှင့် အလားသဏ္ဌာန် တူလှသည်။ စမ်းရေလှိုင်းများ မည်မျှပင် ပြင်းထန်ပါစေ၊ ထိုတောင်ကြီးကိုမူ ကျော်ဖြတ်နိုင်စွမ်း မရှိချေ။

ဆုမိုသည် ရာနှင့်ချီသော ဓားရိပ်များကို အမှုမထားဘဲ၊ အလွယ်တကူပင် ဖြိုခွင်းပစ်လိုက်သည်။ သူသည် သူ၏ ဓားရှည်ကို စမ်းရေလှိုင်း၏ ဆန့်ကျင်ဘက်အရပ်သို့ ရုတ်တရက် ထိုးနှက်လိုက်၏။

အနက်ရောင်ဝတ် လူသားသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားတစ်လက်ကို ဆွဲယူကာ ခုခံလိုက်သည်။ သို့သော် ဓားနှစ်လက် ထိတွေ့လိုက်သော ခဏအတွင်းမှာပင် ဆုမို၏ 'နဂါးဟိန်းဓား' သည် ဓားကွက်များကြားသို့ လျှပ်တပြက် တိုးဝင်သွားပြီး၊ 'သေခြင်းတရားကို အာခံသော ဓားချက် ဆယ့်သုံးကွက်'အစွမ်းဖြင့် ထိုသူ၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ထိုးဖောက်သွားတော့၏။

အနက်ရောင်ဝတ် လူသား၏ မျက်ဝန်းများမှာ ရုတ်ချည်း ကျဉ်းမြောင်းသွားပြီးနောက်၊ တစ်ခုခုကို အံ့အားသင့်စွာ သဘောပေါက်သွားဟန်ဖြင့် ဆုမိုကို စိုက်ကြည့်နေတော့၏။

‘ဟင်... ဒီလူက ဘာလို့ ငါ့ကို ဒီလိုကြီး ကြည့်နေတာလဲ။ ငါ့ရဲ့ ဓားသိုင်းကို သူက သိနေတာလား။ ဒါမှမဟုတ်... ငါက တကယ်ပဲ ဘယ်သူလဲဆိုတာကို သူက ရိပ်မိသွားတာလား။ ပွဲကတော့ တကယ်ကို ဇာတ်ရှိန်တက်လာပြီပဲ’

--

All Chapters