← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) တကယ်ပဲ ပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီး လာ

ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ် ပေါ်တွင်။

နင်းဖန်၏ အမူအရာမှာ အံ့သြမှုနှင့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့၏

အသူရာ နတ်ဘုရား ရုပ်သေးရုပ် ခုနစ်ခုစလုံးကို စုဆောင်းပြီးနောက် အပို အံ့သြစရာတစ်ခု ရှိလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ချေ။

ထိုရုပ်သေးရုပ်များ၏ ဖန်တီးရှင် ချန်ထားခဲ့သော နတ်ဘုရားစိတ်အာရုံ တစ်ခုကို သူ တိုက်ရိုက် ရရှိခဲ့သည်။

"ယဲ့ထင်... ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ် ရဲ့ ၁၂ဆက် တောင်ထိပ် အရှင်သခင်... ဆိုတော့ သူက ဘိုးဘေး လင်းယွင် နဲ့ ခေတ်ပြိုင် ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ဘူးလား"

သတိပြန်ဝင်လာပြီးနောက် နင်းဖန်သည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလိုက်၏။

ထိုအချိန်ကာလမှာ အလွန် ကြာမြင့်လွန်းလှသည်။ယခုဆိုလျှင် နှစ်သန်းပေါင်း ရှစ်ဆယ် ရှိနေပြီ ဖြစ်ရမည်။

ထိုခေတ်က လင်းယွင် သည် တပည့်ခေါင်းဆောင် တစ်ဦးသာ ဖြစ်သေးပြီး ဂိုဏ်း၏ တည်ထောင်သူ ဆရာကြီးဖြစ်သည့် တာအိုအရှင်သခင် ထိုက်ရီ သည် ကမ္ဘာပေါ်တွင် ရှိနေဆဲ ဖြစ်၏။

ထို့အပြင် ရုပ်သေးရုပ် တာအို နည်းစနစ်များ ရှိသည့် ဤပုဂ္ဂိုလ်သည် အသူရာ နတ်ဘုရား ရုပ်သေးရုပ် ခုနစ်ခု နှင့် ကောင်းကင်အဆင့်မြင့် ပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီး တစ်ခု ကို ဖန်တီးခဲ့ပေသည်။

"မဟာ ကောင်းကင်အရှင်သခင် တစ်ပါးနဲ့ နှိုင်းယှဉ်နိုင်တဲ့ တိုက်ခိုက်ရေး စွမ်းအား...”

နင်းဖန်၏ နှလုံးသား အလွန် လှုပ်ရှားသွားခဲ့၏။

ကောင်းကင်အရှင်သခင်နယ်ပယ်သို့ ရောက်အောင် ကျင့်ကြံရန်မှာ အလွန်ခက်ခဲလှပြီး လောကတွင်လည်း အလွန်ရှားပါးလှပါသည်။ သတ္တမအဆင့် သို့မဟုတ် ထိုထက်မြင့်သော မဟာကောင်းကင်အရှင်သခင်များဆိုလျှင်မူ ပြောနေစရာပင်မလိုပေ။ မည်သည့်နေရာတွင်မဆို လုံးဝအစွမ်းထက်သည့် အထွတ်အထိပ် စွမ်းအားရှင်များ ဖြစ်ကြပါသည်။ သူတို့သည် ထိုက်ရီအစစ်အမှန်ဂိုဏ်းတွင်ပင် မဟာအကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါသည်။

သို့သော်လည်း ယဲ့ထင်သည် ထိုကဲ့သို့သော ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းအားကို ဖန်တီးရန် သူ၏ကျွမ်းကျင်လှသောလက်များကို အသုံးပြုခဲ့ပါသည်။

ထို့ကြောင့် ၎င်း၏လုပ်ရပ်ကို အမှန်တကယ်ပင် ဒဏ္ဍာရီဆန်လှသည်ဟု ခေါ်ဆိုနိုင်ပါသည်။

"မဟာ ကောင်းကင်အရှင်သခင် တစ်ပါးရဲ့ တိုက်ခိုက်ရေး စွမ်းအား ရှိတဲ့ ရုပ်သေးရုပ် တစ်ခု... နောက် သုံးနှစ်အကြာမှာ ဖြစ်လာမယ့် မဟာ ကပ်ဘေး ကြီးမှာ ငါ့အတွက် အသုံးဝင်ကောင်း အသုံးဝင်နိုင်တယ်"

နင်းဖန် ဤအချက်ကို တွေးမိလိုက်၏။

နောက်ထပ် သုံးနှစ်အတွင်း ကျရောက်လာမည့် မဟာကပ်ဘေးကြီးသည် ဤကမ္ဘာပေါ်ရှိ သက်ရှိများ၏ ၉၉.၉ ရာခိုင်နှုန်းကို သေဆုံးစေလိမ့်မည်ဟု စနစ်က တစ်ခါက ပြောဆိုခဲ့ဖူးလေသည်။ ကောင်းကင်အရှင်သခင်နယ်ပယ်အထိ ကျင့်ကြံနိုင်မှသာ အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး အနည်းငယ် ရှိလာမည် ဖြစ်သည်။

ဆိုလိုသည်မှာ ထိုကပ်ဘေးကြီးကို ရာခိုင်နှုန်းပြည့် ဖြတ်ကျော်နိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ ကောင်းကင်အရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အသက်ရှင်ရန် အခွင့်အရေးမှာ အတိုင်းအတာတစ်ခုအထိသာ ရှိသည်ဖြစ်ရာ... ဤမဟာကပ်ဘေးကြီးသည် မည်မျှ ထိတ်လန့်ဖွယ်ကောင်းကြောင်းကို သိနိုင်ပေသည်။

ထို့ကြောင့် ဤကပ်ဘေးကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ရန် သူကိုယ်တိုင် အနည်းဆုံး မဟာကောင်းကင်အရှင်သခင်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိရန် လိုအပ်မည်ဟု နင်းဖန် ခန့်မှန်းထားလေသည်။

ယခုမူ ဤပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီးကို ရရှိထားပြီဖြစ်သောကြောင့် အရေးကြီးသောအချိန်များတွင် သူ့အတွက် အထောက်အကူတစ်ခု ဖြစ်လာနိုင်မည် ဖြစ်သည်။ သို့သော်လည်း ဤရုပ်သေးရုပ်ကြီးက သူ့အား အပြည့်အဝ မကာကွယ်ပေးနိုင်ချေ။ အကြောင်းရင်းမှာ ရုပ်သေးရုပ်များ၏ သဘာဝလက္ခဏာများကြောင့်ပင် ဖြစ်သည်။

ရုပ်သေးရုပ်ဆိုသည်မှာ လူလုပ်ပစ္စည်းများဖြစ်ပြီး သက်ရှိများ မဟုတ်ကြပေ။ ထို့အပြင် ၎င်းတို့နှင့် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများကြားတွင် ဖျောက်ဖျက်၍မရသော ကွာဟချက်တစ်ခု ရှိနေပေသည်။ ထိုအရာမှာ 'တာအို' တည်ထောင်ခြင်းပင် ဖြစ်သည်။

စစ်မှန်သော ကောင်းကင်အရှင်သခင်တစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် 'တာအို' ရှိပြီး၊ လောကကြီး၏ သဘာဝနိယာမများနှင့် ချိတ်ဆက်နေပေသည်။ တာအို မပျက်သုဉ်းသရွေ့ ထိုသူသည်လည်း သေဆုံးမည်မဟုတ်ချေ။ သို့သော် ရုပ်သေးရုပ်ယန္တရားများတွင် ဝိညာဉ်ဟူ၍ မရှိသောကြောင့် 'တာအို' ဆိုသည်မှာလည်း ဖြစ်တည်လာမည် မဟုတ်ပေ။

ထို့ကြောင့် ဤရုပ်သေးရုပ်ကြီးသည် မဟာကောင်းကင်အရှင်သခင်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားလျှင်ပင်... စစ်မှန်သော မဟာကောင်းကင်အရှင်သခင်နှင့်သာ ရင်ဆိုင်ရပါက သေချာပေါက် ယှဉ်နိုင်စွမ်းရှိမည် မဟုတ်ပေ။

'တာအို' ၏ စွမ်းအင် မရှိသည့်အတွက် ရုပ်သေးရုပ်သည် အမြဲတမ်း တစ်လှမ်း နောက်ကျနေမည် ဖြစ်သည်။ ထို့အပြင် ကောင်းကင်နှင့်မြေကြီး မဟာကပ်ဘေးကြီးသည် မည်သို့သော ပုံစံမျိုးဖြင့် ကျရောက်လာမည်ကိုလည်း မည်သူမျှ မသိနိုင်ကြသေးချေ။

ဤကပ်ဘေးကြီးကို ဖြတ်ကျော်နိုင်ရန် မိမိ၏ ကိုယ်ပိုင်ကျင့်ကြံမှုကိုသာ အားကိုးရမည်ဟု နင်းဖန်က အမြဲတမ်း ခံစားနေရလေသည်။ ထိုသို့သာမဟုတ်လျှင် စနစ်ကလည်း သူ့ကို ကျင့်ကြံရန် ဤမျှ အရေးတကြီး တိုက်တွန်းနေမည် မဟုတ်ပေ။ ယခုကဲ့သို့ ပြင်ပစွမ်းအားကို အသုံးပြုသော နည်းလမ်းများကိုမူ အရန်အကူအညီတစ်ခုအဖြစ်သာ သတ်မှတ်နိုင်မည် ဖြစ်ပေသည်။

"ဒီလောက် အများကြီး တွေးနေလို့ အလကားပဲ... စီနီယာ ကျွမ်းကျင်သူ ချန်ထားခဲ့တဲ့ ကောင်းကင်အဆင့်မြင့် ရုပ်သေးရုပ် က တကယ် ဘယ်လို ပုံစံရှိလဲဆိုတာကို ငါ အရင် ကြည့်သင့်တယ်"

နင်းဖန် သက်ပြင်းချလိုက်၏။

သူ၏ လက်ချောင်းများဖြင့် ဓား လက်ဟန်တစ်ခု ပြုလုပ်ကာ ရင်ဘတ်ရှေ့တွင် လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်သည်။ ဝိဉာဏ်အပိုင်းအစတွင် သင်ကြားပေးသော နိုးထခြင်း နည်းလမ်းအတိုင်း သူ စတင် လုပ်ဆောင်တော့၏။

ဝုန်း

လှိုင်းထနေသော ဝိညာဉ် စွမ်းအား များ စုစည်းလာသည်နှင့်အမျှ ဟောက်သံတစ်ခု ကောင်းကင်နှင့်မြေကြီး တစ်လျှောက် ရုတ်တရက် ပဲ့တင်ထပ်သွားပြီး လေထဲရှိ ဖုန်မှုန့်များ လွင့်စင်သွားခဲ့သည်။

နင်းဖန်၏ ခန္ဓာကိုယ် ထိန်းချုပ်၍မရအောင် တုန်ယင်သွားပြီး သူ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့၏။

ဝိညာဉ် စွမ်းအင် သက်ရောက်မှုကြောင့် သူ၏ ခြေအောက်ရှိ မြေကြီး တုန်ခါနေ သည်။

မှန်ပေသည်။ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ် တစ်ခုလုံး တုန်ခါနေသည်။

နှစ်သန်းချီ ငြိမ်သက်နေခဲ့သော ဧရာမတောင်ကြီးသည် ယခုအခါ အတင်းအကျပ် နှိုးခံလိုက်ရသည့် သားရဲကြီးတစ်ကောင်နှင့် တူနေသည်။

ကြောက်မက်ဖွယ် စွမ်းအားများကြောင့် ကျောက်လွှာများ ကွဲအက်သွားပြီး ဧရာမ အက်ကွဲကြောင်းကြီးများသည် ပါးစပ်ကြီးများသဖွယ် ဟလာကာ တောင်ပေါ်ရှိ သစ်တောများနှင့် စမ်းချောင်းများကို ချက်ချင်း မြိုချပစ်လိုက်သည်။

ကျောက်တုံးများသည် မိုးရွာသကဲ့သို့ ပြုတ်ကျလာပြီး မီးခိုးနှင့် ဖုန်မှုန့်များ ကောင်းကင်အထိ လွင့်စင်လာကာ နေမင်းကြီးကိုပင် ဖုံးကွယ်သွားခဲ့သည်။

"စီနီယာအစ်ကို မြေငလျင် ပြေး"

ခန်းမထဲမှ ကျန်းထန် သည် သူမ၏ ခေါင်းပေါ်တွင် လက်များ တင်ကာ အပြေးအလွှား ထွက်လာပြီး သူမ၏ ခြေထောက်များ လျင်မြန်စွာ ရွေ့လျားနေကာ ပြေးနေစဉ် နင်းဖန်ကို အော်ခေါ်ရန် မမေ့ခဲ့ချေ။

ဤမြင်ကွင်းက နင်းဖန်ကို ရယ်ရမလား ငိုရမလား မသိဖြစ်စေခဲ့၏။

သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သည် အမြန်နှုန်းဖြင့် ပေါက်ကွဲထွက်လာပြီး ကျန်းထန် ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားကာ သူမ၏ သွယ်လျသော ခါးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် နောက်ထပ် တစ်လှမ်းဖြင့် သူသည် လှေပျံ ပေါ်တွင် ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ပျံတက်သွားခဲ့၏။

သူက ရှင်းပြလိုက်သည်။

"အဲဒါ မြေငလျင် မဟုတ်ဘူး... ငါ အခွင့်အရေး တစ်ခု မတော်တဆ ရလိုက်ပြီး အားကောင်းတဲ့ ရုပ်သေးရုပ် သားရဲ တစ်ကောင်ကို နိုးထစေခဲ့တာ"

သူ စကားပြောပြီးနောက် အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှု မရှိခဲ့ချေ။

အောက်သို့ ကြည့်လိုက်ရာ သူ၏ရင်ခွင်ထဲတွင် ကျန်းထန်၏ မျက်နှာလေး နီရဲနေပြီး ဝမ်းဗိုက်ကြွက်သားများကို စိုက်ကြည့်ကာ မျက်လုံးလေးများ လခြမ်းကွေးသဏ္ဍာန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမက စကားတစ်ခွန်းမှ ကြားပုံမရပေ။

သူ မရှက်ဘဲ မနေနိုင်ဖြစ်သွားသည်။

တကယ်ကို အူကြောင်ကြောင်နိုင်သည့် ဂျူနီယာညီမလေးပင် ဖြစ်သည်။

စောစောကမှ ခေါင်းကို လက်ဖြင့်အုပ်ကာ ကြောက်လန့်တကြား ထွက်ပြေးနေခဲ့ပြီး ယခုတော့လည်း အလှတရား၏ ဆွဲဆောင်မှုတွင် နစ်မျောနေပြန်သည်။

နင်းဖန် ခေါင်းခါလိုက်ပြီး ရှေ့သို့ ဆက်ကြည့်လိုက်သည်။ သို့သော် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုကို သူ တွေ့လိုက်ရသည်။

တောင်ထိပ်သည် မြေငလျင်လှုပ်သကဲ့သို့ ဖရိုဖရဲဖြစ်မနေဘဲ ပုံစံတစ်ခုဖြင့် ရွေ့လျားနေသည်။ ထို့အပြင် ခန်းမများ၊ မဏ္ဍပ်များနှင့် တာအိုကွင်းပြင်များလည်း ပြိုကျမသွားခဲ့ပေ။ ၎င်းတို့သည် ဤအပြောင်းအလဲများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသကဲ့သို့ပင်။

အနည်းငယ် အကြာတွင် ကျောက်တုံးများ ပွတ်တိုက်သံ နှင့်အတူ ကျောက်လွှာအောက်မှ မြင်ကွင်း ပေါ်ထွက်လာသည်။

အံ့သြစရာကောင်းသည်မှာ တောင်၏ အတွင်းပိုင်းသည် ကြေးဝါရောင် အောက်ခံ အမာခံကြီးတစ်ခု ဖြစ်နေသည်။

"ဒါ ဖြစ်နိုင်တာက..."

နင်းဖန် တံတွေးတစ်ကျိုက် မျိုချလိုက်ပြီး စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေပြီဖြစ်သည်။ သို့သော် ထိုအရာကို စိတ်ကူးကြည့်ရန် ခက်ခဲနေဆဲဖြစ်သည်။

ပြောင်းလဲမှုကြီးအတွင်း ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ်တစ်ခုလုံးသည် မူလပုံစံ လုံးဝပျောက်ကွယ်သွားသည်။ တောင်တန်းကြီးများက ခြေလက်များကို ဆန့်တန်းလာသကဲ့သို့၊ မြေပြင်သည်လည်း ပုံစံအသစ် ပြောင်းလာသကဲ့သို့ ဖြစ်လာပြီး ဧရာမဟောက်သံကြီးတစ်ခု တောင်အူတိုင်မှ တုန်ခါထွက်ပေါ်လာသည်။

အသံလှိုင်းများ ဖြတ်သန်းသွားရာ လေထုထဲတွင် မျက်စိဖြင့်မြင်နိုင်သော လှိုင်းဂယက်များ ပေါ်လာပြီး အဝေးရှိ ဟင်းလင်းပြင်တွင်ပင် အနက်ရောင်အက်ကွဲကြောင်းအချို့ ထင်ကျန်ရစ်သည်။ ပြင်းထန်သော ဖိအားကြီးတစ်ခုသည် တောင်ထိပ်၏ အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကိုးထပ်အထိ ရိုက်ခတ်သွားသည်။

ဤအချိန်တွင် နင်းဖန်သည် လှေပျံကို ပိုမိုမြင့်မားစွာ မောင်းနှင်လိုက်သဖြင့် ကောင်းကင်ယံ ပေတစ်သောင်းအထိ ရောက်ရှိသွားသည်။ အောက်ဘက်မှ ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး မီးခိုးနှင့် ဖုန်မှုန့်များမှာလည်း တားဆီး၍မရသော စွမ်းအားကြောင့် လွင့်စင်သွားရာ သူ၏မျက်စိရှေ့တွင် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ပေါ်လာသည်။

ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ်တစ်ခုလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုတောင်နေရာတွင် ကောင်းကင်နှင့်မြေကြီးကြား မတ်တတ်ရပ်နေသော ကြေးဝါဧရာမရုပ်သေးရုပ်ကြီးတစ်ရုပ် ရှိနေပြီး ၎င်း၏ခမ်းနားထည်ဝါမှုကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲသည်။ ရုပ်သေးရုပ်ကြီး၏ အကြမ်းဖျင်းပုံစံသည် မူလတောင်ထိပ်၏ ခန့်ညားမှုကို မှတ်မိနိုင်သေးပြီး တောင်ခြေသည် ထိုရုပ်သေးရုပ်ကြီး၏ ခိုင်ခံ့သောခြေကုပ် ဖြစ်လာသည်။

ယခင်တောင်ထိပ်နေရာသည် ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော သတ္တုခေါင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ရုပ်သေးရုပ်ကြီး၏ ဧရာမမျက်လုံးနှစ်လုံး အကြည့်များတွင် ဖော်ပြ၍မရနိုင်သော ဖိအားများ ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် နင်းဖန် အေးစက်သောလေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ရှစ်ဆယ်ကျော်က စီနီယာယဲ့ထင်သည် သူ၏ပြိုင်ဘက်ကင်း အစွမ်းများ၊ နည်းလမ်းများဖြင့် ဖန်တီးခဲ့သည့် "ကောင်းကင်အဆင့်မြင့် ပြိုင်ဘက်ကင်းရုပ်သေးရုပ်ကြီး" ဆိုသည်မှာ ဘာလဲဆိုတာကို သူ နောက်ဆုံးတွင် နားလည်သွားသည်။

မှန်ပေသည် ။ ထိုအရာက ဤဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ်တစ်ခုလုံးပင် ဖြစ်သည်။

All Chapters