← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း (၂၅၀) ရှင်းပါရွှယ်

ကျန်းချောင်ခန်းမ၏ ရှောင်ယွင်တောင်ထိပ်သည် ကျိုးပင်း ဟု အမည်ရသော တောင်ထိပ်သခင် အသစ်တစ်ဦးကို ကြိုဆိုနေလေသည်။

ကျိုးပင်း ဆိုသည်မှာ တကယ်တမ်းတွင် ကျိုးယွမ်ပင် ဖြစ်ပေသည်။

စုန်းဟူနယ်မြေတွင် သူ့ကို မည်သူကမျှ မသိကြသော်လည်း ကျိုးယွမ်သည် သူ၏ နာမည်ရင်းကို မသုံးခဲ့ချေ။

မည်သို့ပင်ဆိုစေ သူသည် အပ်တစ်ထောင် နယ်မြေတွင် အတော်လေး နာမည်ကြီးနေပြီ ဖြစ်ပြီး သူသည် အဆင့် ၆ အဆောင်သခင် ချင်ချန်၏ တပည့်ဖြစ်ရာ လူအများအပြားက သူ့အကြောင်းကို သိရှိထားကြပေသည်။

စုန်းဟူနယ်မြေ နှင့် အပ်တစ်ထောင် နယ်မြေတို့ကြားတွင် စစ်ပွဲကြီး ပြင်းထန်နေသဖြင့် နှစ်ဖက်စလုံးတွင် သူလျှိုများ သေချာပေါက် ရှိနေမည် ဖြစ်သည်။

သို့သော် ကျိုးယွမ်သည် ကျန်းချောင်ခန်းမသို့ ရောက်ရှိပြီး ရက်အနည်းငယ် အတွင်းမှာပင် တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားလိမ့်မည်ကို မလိုချင်ပေ။

ထိုသို့ဆိုလျှင် သူသည် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ရမည်ဖြစ်ရာ တကယ်ကို အလုပ်ရှုပ်လှပေမည်။

ကျန်းချောင်ခန်းမသည် အဆင့် ၃ ကျင့်ကြံခြင်း အင်အားစုတစ်ခုသာ ဖြစ်သော်လည်း တောင်ထိပ် လေးခု ရှိပေသည်။

အဓိက တောင်ထိပ်ဖြစ်သော ကျန်းချောင်တောင်ထိပ် အပြင် ရှောင်ယွင်တောင်ထိပ်၊ ကြိုးကြာဖြူတောင်ထိပ် နှင့် ကျောက်စိမ်းမိန်းမပျိုတောင်ထိပ် တို့ ရှိကြလေသည်။

မကြာသေးမီက ရှောင်ယွင်တောင်ထိပ်၏ သခင်သည် သူ၏ လူများကို ဦးဆောင်ကာ နယ်မြေစစ်ပွဲတွင် ပါဝင်ရန် ရှေ့တန်းသို့ သွားရောက်ခဲ့သော်လည်း သူတို့နှင့်အတူ ပါသွားသူများအားလုံး စစ်ပွဲတွင် ကျဆုံးသွားခဲ့ကြသည်။

ယခုအခါ ရှောင်ယွင်တောင်ထိပ်တွင် လူအနည်းငယ်သာ ကျန်ရှိတော့သည်ဟု ဆိုနိုင်ပေသည်။

ကျန်းချောင်ခန်းမ၏ ခန်းမသခင် ဝမ်ကျိန့်ဖျင်သည် တောင်ထိပ်သခင် အသစ်တစ်ဦးကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပြီး ရွှေအမြုတေ အစောပိုင်းအဆင့်သို့ ရောက်ရှိရန်သာ လိုအပ်လေသည်။

ကျိုးယွမ် ရောက်လာပြီး ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံမှုကို ထုတ်ဖော်ပြသကာ ရှောင်ယွင်တောင်ထိပ်၏ သခင် အောင်မြင်စွာ ဖြစ်လာခဲ့လေသည်။

ယခုအခါ ရှောင်ယွင်တောင်ထိပ်တွင် ကျိုးယွမ်အပြင် အမြင့်ဆုံး ကျင့်ကြံမှုရှိသူမှာ ရှင်းပါရွှယ် ဟုခေါ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင် ရှိလေသည်။

ရှင်းပါရွှယ်သည် အဆင့် ၂ မှော်ဆေးပညာရှင် တစ်ဦး ဖြစ်သည်။

သူမ၏ အထူး အဆင့်အတန်းကြောင့် ယခင် ရှောင်ယွင်တောင်ထိပ်၏ သခင်သည် မဲနှိုက်ရာတွင် သူမကို တိုက်ပွဲဝင်ရန် မလိုဘဲ နေရစ်ခဲ့ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူမသာ စစ်မြေပြင်သို့ သွားခဲ့ပါက ယခုအချိန်တွင် အရိုးဖြူ ဖြစ်နေလောက်ပြီ ဖြစ်သည်။

ကျိုးယွမ်သည် သူ့ရှေ့ရှိ ရှင်းပါရွှယ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"ငါ အချိန်အတိုင်းအတာ တစ်ခုအထိ တံခါးပိတ် ကျင့်ကြံဖို့ လိုတယ် ရှောင်ယွင်တောင်ထိပ်ရဲ့ ကိစ္စအဝဝက မင်းအပေါ်မှာပဲ မူတည်တယ်"

"အကယ်၍ အထူး အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်လာရင် မင်း ငါ့ကို လာရှာလို့ ရတယ်"

ကျိုးယွမ်၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။

အထူး အရေးကြီးသော ကိစ္စမဟုတ်ပါက သူ့ကို မနှောင့်ယှက်ရန်ပင် ဖြစ်သည်။

ဤစကားကို ကြားချိန်၌ ရှင်းပါရွှယ် ခေါင်းညိတ်လိုက်ပြီး သဘောတူကြောင်း အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်လေသည်။

ဤတောင်ထိပ်သခင် အသစ်အပေါ် သူမ အတော်လေး သိချင်စိတ် ပြင်းပြနေသော်လည်း သူမသည် သူနှင့် မရင်းနှီးသဖြင့် စကားများများ မပြောခဲ့ချေ။

သို့သော် ရှင်းပါရွှယ်သည် အနည်းဆုံးတော့ စိတ်သက်သာရာ ရသွားလေ၏။

ရှောင်ယွင်တောင်ထိပ်တွင် နောက်ဆုံးတော့ အခြေအနေကို ထိန်းချုပ်ပေးမည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ရှိလာပြီ ဖြစ်သည်။

ဤကာလအတွင်း ကြိုးကြာဖြူတောင်ထိပ် နှင့် ကျောက်စိမ်းမိန်းမပျိုတောင်ထိပ်မှ လူများသည် ရှောင်ယွင်တောင်ထိပ်မှ လူများကို မြင်ချိန်တွင် အမြဲတမ်း လှောင်ပြောင် သရော်လေ့ရှိကြပြီး အချို့က တံခါးဝအထိပင် လာရောက် ရန်စခဲ့ကြသဖြင့် ရှင်းပါရွှယ်တို့ အဖွဲ့မှာ အလွန် စိတ်ပျက်နေခဲ့ရလေသည်။

ယခုမူ သူမ နောက်ဆုံးတွင် စိတ်အေးသွားနိုင်ပြီ ဖြစ်သည်။

ကျိုးယွမ်သည် အမိန့်ပေးပြီးနောက် ရှောင်ယွင်တောင်ထိပ်ရှိ နောက်ဆုံး အဆောက်အအုံသို့ ချက်ချင်း ရောက်ရှိသွားကာ မှော်အဆောင်များကို စတင် ရေးဆွဲလေတော့သည်။

အချိန်များသည် လျင်မြန်စွာ ကုန်လွန်သွားပြီး ခုနစ်ရက် ကုန်လွန်သွားလေသည်။

ကျိုးယွမ်သည် သူ၏ လက်ထဲရှိ အဆင့် ၄ အလယ်အလတ်အဆင့် ရေခဲအဆောင်ကို ကြည့်ရင်း သူ၏ မျက်လုံးများ တောက်ပနေလေ၏။

ခုနစ်ရက်တည်းဖြင့် သူသည် အဆင့် ၄ အလယ်အလတ်အဆင့် မှော်အဆောင်ကို အလွယ်တကူ ကျွမ်းကျင်စွာ ရေးဆွဲနိုင်ခဲ့ပြီဖြစ်ရာ မည်သို့ ဝမ်းမသာဘဲ နေနိုင်မည်နည်း။

မနက်ဖြန်မှ စတင်၍ ကျိုးယွမ်သည် အဆင့် ၄ အဆင့်မြင့် မှော်အဆောင်များကို စတင် ကြိုးစားတော့မည် ဖြစ်သည်။

ကျိုးယွမ်သည် အလွန် ကျေနပ်နေသည်။

ဤခုနစ်ရက်အတွင်း ရှင်းပါရွှယ်တို့ထဲမှ မည်သူကမျှ သူ့ကို လာမနှောင့်ယှက်ခဲ့ကြသဖြင့် သူသည် အပြင်ထွက်ကာ ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေ၏။

အနှောင့်အယှက် မခံရစေရန် ကျိုးယွမ်သည် ချင်ယောင်အား အတားအဆီးတစ်ခု တမင် ဖန်တီးခိုင်းထားခဲ့သဖြင့် အပြင်ဘက်ရှိ ကိစ္စများကို သူ သိပ်မသိခဲ့ချေ။

သို့သော် သူ အပြင်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ကျိုးယွမ် မျက်မှောင်ကြုတ်သွားပြီး သူ၏ အမူအရာမှာ အနည်းငယ် မနှစ်မြို့ဖွယ် ဖြစ်သွားလေ၏။

ထိုအခိုက်အတန့်တွင် ရှောင်ယွင်တောင်ထိပ်၏ ရင်ပြင်ပေါ်၌ ရှင်းပါရွှယ်သည် သူမ၏ မျက်နှာချင်းဆိုင်ရှိ လူသုံးဦးကို မှုန်ကုပ်ကုပ် အမူအရာဖြင့် ကြည့်နေလေသည်။

ရှင်းပါရွှယ်၏ ဘယ်ဘက်ပါးပြင်ပေါ်တွင် ရှင်းလင်းသော လက်ဝါးရာတစ်ခု ရှိနေပြီး ယခုလေးတင် အရိုက်ခံထားရကြောင်း ထင်ရှားကာ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးအနည်းငယ် စို့နေလေ၏။

သူမ၏ မျက်နှာချင်းဆိုင်ရှိ လူသုံးဦးထဲတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်သည်။

သူတို့၏ ဝတ်စုံများအရ အမျိုးသမီးသည် ကျောက်စိမ်းမိန်းမပျိုတောင်ထိပ်မှ ဖြစ်ပြီး အမျိုးသား နှစ်ဦးမှာ ကြိုးကြာဖြူတောင်ထိပ်မှ ဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။

ဤအမျိုးသမီးမှာ မောင်းရုံ ဟု အမည်ရပြီး အမျိုးသား နှစ်ဦးမှာ လီကျီဝေ့ နှင့် ကျုံးယွီ ဟု အသီးသီး အမည်ရကြသည်။

ရှင်းပါရွှယ်၏ နောက်တွင် တပည့် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် ရပ်နေပြီး သူတို့အားလုံး၏ မျက်နှာများတွင် ဒေါသတကြီး အမူအရာများ ပြည့်နှက်နေသော်လည်း သူတို့သည် ကူကယ်ရာမဲ့ ဖြစ်နေကြလေ၏။

"စီနီယာအစ်မမောင်း… တောင်ထိပ်သခင်ကျိုး က တံခါးပိတ် ကျင့်ကြံနေပါတယ် ပြီးတော့ ရှင်တို့က ရှောင်ယွင်တောင်ထိပ်ကို လာလည်ချင်တယ်ဆိုရင် တောင်ထိပ်သခင်ကျိုး ပြန်ထွက်လာပြီး ခွင့်ပြုချက် ရတဲ့အထိ စောင့်ပါ"

ရှင်းပါရွှယ်သည် ဒေါသထွက်နေသော်လည်း စိတ်ရှည်လက်ရှည် ရှင်းပြနေလေ၏။

"ရှင်းပါရွှယ် နင်ကများ ဂျူနီယာညီမလေးမောင်း ကို တားရဲတယ်ပေါ့"

"တောင်ထိပ်သခင်ကျိုး ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့လူက ပြင်ပလူတစ်ယောက်ပဲ ငါတို့ သုံးယောက်စလုံးက ကျန်းချောင်ခန်းမရဲ့ အတွင်းစည်းတပည့်တွေပဲ ရှောင်ယွင်တောင်ထိပ်ကို လာကြည့်တာ နင်တို့အတွက် ဂုဏ်ယူစရာပဲ"

ကျုံးယွီသည် ရှေ့သို့ တက်လာပြီး သူ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အမူအရာများ ပြည့်နှက်နေလေသည်။

"အမှန်ပဲ နင်တို့က နင်တို့ရဲ့ ရှောင်ယွင်တောင်ထိပ်ကို အရင်က ရှောင်ယွင်တောင်ထိပ် အတိုင်းပဲလို့ ထင်နေတုန်းပဲလား"

"ဒီ‌လောက်နည်းတဲ့ငွေပမာဏနဲ့ဆို

ကြိုးကြာဖြူတောင်ထိပ်နဲ့ ပေါင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်"

လီကျီဝေ့သည်လည်း အေးစက်စွာ ပြောဆိုလိုက်ပြီး ရှင်းပါရွှယ်၏ စကားများကို လုံးဝ ဂရုမစိုက်ချေ။

သူတို့နှစ်ဦးကြားတွင် ကာကွယ်ခံထားရသော မောင်းရုံသည် ဂုဏ်ယူဝင့်ကြွားသော ငန်းငယ်လေးတစ်ကောင်ကဲ့သို့ ခေါင်းကို မော့ထားပြီး သူမ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေလေ၏။

ရှင်းပါရွှယ်သည် အတော်လေး ဒေါသထွက်နေသော်လည်း သူမ ရှေ့ရှိ လူသုံးဦးစလုံး၏ ကျင့်ကြံမှုအဆင့်များမှာ သူမထက် မြင့်မားနေပြီး အထူးသဖြင့် မောင်းရုံမှာ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့် ဖြစ်နေလေသည်။

စောစောက သူမ ပါးရိုက်ခံလိုက်ရချိန်တွင် ရှောင်တိမ်းရန်ပင် မတတ်နိုင်ခဲ့ချေ။

ရှင်းပါရွှယ်သည် ကျိုးယွမ် တံခါးပိတ် မကျင့်ကြံမီက ပြောခဲ့သည်များကို ပြန်လည်အမှတ်ရလာပြီး သွားများကို ကြိတ်ကာ ပြောဆိုလိုက်လေ၏။

"စီနီယာအစ်မမောင်း၊ စီနီယာအစ်ကို နှစ်ယောက်… တောင်ထိပ်သခင်ကျိုးက သူ တံခါးပိတ် ကျင့်ကြံနေချိန်မှာ ဘယ်သူကမှ သူ့ကို မနှောင့်ယှက်တာကို မကြိုက်ဘူးလို့ မှာကြားထားတဲ့အတွက် ကျွန်မ ရှင်တို့ကို ဝင်ခွင့်မပြုနိုင်ပါဘူး"

ရှင်းပါရွှယ် ဤစကားကို ပြောလိုက်သည်နှင့် သူတို့ သုံးဦးစလုံး လုံးဝ ဒေါသထွက်သွားကြပြီး မောင်းရုံ၏ အမူအရာမှာ ချက်ချင်း မှောင်မိုက်သွားလေသည်။

မောင်းရုံ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်သည်နှင့် လီကျီဝေ့ နှင့် ကျုံးယွီ တို့ နှစ်ဦးစလုံး၏ မျက်နှာများ မှောင်မိုက်သွားကြလေ၏။

"ရှင်းပါရွှယ် တကယ်လို့ နင် ငါတို့ကို ထပ်တားရဲရင် ငါတို့ရဲ့ ဂိုဏ်းတူ မောင်နှမ သံယောဇဉ်ကို မေ့ပစ်လိုက်တယ်လို့ အပြစ်မတင်နဲ့"

လီကျီဝေ့က အသံကျယ်ကျယ်ဖြင့် လျင်မြန်စွာ ပြောဆိုလိုက်လေသည်။

"သူမနဲ့ စကားတွေ ဒီလောက်အများကြီး ပြောနေဖို့ ဘာအကြောင်းရှိလို့လဲ သူမက အဆင့် ၂ မှော်ဆေးပညာရှင် တစ်ယောက်ပါပဲ ငါတို့က သူမအပေါ် လက်ဖျားလေးတောင် မတင်ရဲဘူးလို့ တကယ် ထင်နေတာလား"

"စီနီယာအစ်ကိုကျုံး သူမရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးဖို့ ကျွန်မကို ကူညီပေးပါ၊ အနာဂတ်မှာ သူမ ငါတို့ရှေ့မှာ ဘာတွေ ကြွားဝါနိုင်ဦးမလဲ ဆိုတာ ကြည့်ရအောင်"

မောင်းရုံသည် အတော်လေး မနှစ်မြို့ဖြစ်သွားပြီး ကျုံးယွီကို တိုက်ရိုက် ပြောဆိုလိုက်လေသည်။

ထို 'စီနီယာအစ်ကိုကျုံး' ဟူသော အသံက ကျုံးယွီ၏ စိတ်နှလုံးကို အရည်ပျော်ကျသွားစေလေ၏။

ကျုံးယွီ၏ မျက်လုံးများ တောက်ပသွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

သူမောင်းရုံကို ကျေနပ်စေနိုင်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိပေသည်။ ရိုးရှင်းသူတစ်ယောက်၏ သာယာမှုမှာ ဤမျှ ရိုးရှင်းလှပေသည်။

တစ်ဖက်လူ ပျော်ရွှင်နေသရွေ့ သူ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ပေသည်။

"ရှင်းပါရွှယ် ဒါဆိုရင် နင့်အပြစ်နဲ့ နင်ပဲ"

ကျုံးယွီ စကားပြောပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများ လိမ့်တက်လာပြီး အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံမှုကို ထုတ်ဖော်ပြသလိုက်လေ၏။

ကျုံးယွီသည် အဓိပ္ပာယ်မရှိသော စကားများကို မပြောတော့ဘဲ ဘယ်လက်ကို ညွှန်ပြကာ ရှင်းပါရွှယ်ဆီသို့ လက်ယမ်းပြလိုက်ရာ ချီတာကျားသစ်၏ လက်သည်းပုံစံ အရိပ်တစ်ခု ချက်ချင်း ပေါ်လာပြီး ရှင်းပါရွှယ်၏ လည်ပင်းဆီသို့ တည့်မတ်စွာ ပြေးဝင်သွားလေသည်။

တစ်ချိန်တည်းမှာပင် ကျုံးယွီ၏ ညာလက်သည် လက်သီးဆုပ်ကာ ရှင်းပါရွှယ်ဆီသို့ ထိုးချလိုက်ပြီး ရှင်းပါရွှယ်၏ ဒန်တျန်ဆီသို့ တည့်မတ်စွာ ဦးတည်သွားလေ၏။

ကျုံးယွီ၏ တိုက်ခိုက်မှုများသည် ရက်စက်လှပြီး သူ၏ ခန္ဓာကိုယ်မှ ဖိအားများကို ရှင်းပါရွှယ်အပေါ် သက်ရောက်စေသဖြင့် ရှင်းပါရွှယ်အတွက် အသက်ရှူရန်ပင် အလွန် ခက်ခဲသွားစေလေသည်။

ရှင်းပါရွှယ်သည် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံမှုသာ ရှိရာ သဘာဝကျကျပင် ကျုံးယွီ၏ ပြိုင်ဘက် မဟုတ်ချေ။

တစ်ဖက်လူ၏ လက်သည်းများနှင့် လက်သီးများ နီးကပ်လာသည်ကို မြင်သောအခါ ရှင်းပါရွှယ်သည် လက်ဝါး နှစ်ချက်ကို အတင်းအဓမ္မ ထုတ်လွှတ်လိုက်ရလေသည်။

သို့သော် သူမ တားဆီးနိုင်မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။

ရှင်းပါရွှယ်သည် သေရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သူမ၏ မျက်လုံးများတွင် ဝမ်းနည်းသည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။

ကျင့်ကြံခြင်း ကမ္ဘာတွင် သန်စွမ်းသူသာ အသက်ရှင်ကျန်ရစ်မည် ဟူသော စည်းမျဉ်းသည် တစ်ဂိုဏ်းတည်း ဖြစ်လျှင်ပင် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေလေသည်။

ရှင်းပါရွှယ် မျက်လုံးမှိတ်ကာ သေဆုံးမည့် အချိန်ကို စောင့်ဆိုင်းနေချိန်တွင် ရှင်းပါရွှယ် မှင်တက်သွားရလေသည်။ သူမ၏ လက်ဝါးများသည် ကျုံးယွီ၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေ၏။

ထို့ပြင် ကျုံးယွီ၏ လက်များသည်လည်း လေထဲတွင် ရပ်တန့်သွားကာ အေးခဲသွားသကဲ့သို့ ဖြစ်နေလေသည်။

ထိုအခိုက်အတန့်တွင် ရှင်းပါရွှယ် လုံးဝ မှင်တက်သွားရလေတော့သည်။

All Chapters