← Chapters

အခန်း ၉၂

Vol. 9 Ch. 92

အခန်း ၉၂

Vol. 9 Ch. 92

အခန်း ၉၂ - ကွပ်မျက်ခြင်း

"​ဒီမအေပေးက... ကံကောင်းလှချည်လား"

ရှန့်ဟုန်ပင်းက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

သူသည် ဇွန်ဘီအမြုတေ နှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားခဲ့သော်လည်း နှစ်ကြိမ်စလုံး ကျရှုံးခဲ့၏။ ထိုကောင်စုတ် ကောရှင်းက ပထမဆုံးအကြိမ်မှာတင် အောင်မြင်သွားသည်ဟူသောအချက်က သူ့ကို အလွန် မကျေမနပ် ဖြစ်စေသည်။

ဝေကျန့်ကော်ကမူ အခြားအချက်တစ်ခုကို စိုးရိမ်နေလေသည်။

"ကောရှင်းရဲ့ သူဌေးက ဘယ်လောက်သန်မာမလဲ"

ဖုန်းမင်အန်းက ခေါင်းခါ၏။

"ကောရှင်းကိုယ်တိုင်လည်း သဲသဲကွဲကွဲ မပြောပြနိုင်ဘူး။ အဲဒီလူက အလွန်သန်မာပြီး အဝေးပစ်တာ ကျွမ်းကျင်တယ်လို့ပဲ ပြောတယ်။ သူက အမြဲတမ်း ပွတ်တိုက်သန့်စင်ထားတဲ့ သံချောင်းတစ်ထုပ်ကို သယ်သွားတတ်ပြီး ဇွန်ဘီတွေကို အသံမထွက်ဘဲ အဝေးကနေ သတ်နိုင်တယ်တဲ့။ မယုံနိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးတယ်လို့ ပြောတယ်"

"သံချောင်းတွေနဲ့ ဇွန်ဘီတွေကို သတ်တာ ဟုတ်လား"

ဝေကျန့်ကော်သည် ခဏမျှ ကြောင်အသွားပြီးနောက် ပြန်မေးလိုက်သည်။

"သူ့နာမည်က ဘာတဲ့လဲ"

"ကောရှင်းလည်း မသိဘူး။ အခြားလူတွေက သူ့ကို သူဌေးရှောင်လို့ ခေါ်ကြတာပဲ သိတာမို့လို့ သူလည်း အဲဒီလိုပဲ ခေါ်တာတဲ့"

"သူဌေးရှောင်... ရှောင်ယုံလား"

ဝေကျန့်ကော်၏ မျက်မှောင်များ ကြုတ်သွား၏။

"ဟင်... ဝေကြီး၊ မင်း သူ့ကို သိလို့လား"

ရန်ကျဲ့က သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ငါ မင်းတို့ကို မပြောရသေးဘူးလား။ အရင်က သံချောင်းနှစ်ချောင်းတည်းနဲ့ ဇွန်ဘီအုပ်စုကို ရှင်းနိုင်တဲ့ စွမ်းရည်ရှင်တစ်ယောက်ကို ငါ တွေ့ခဲ့ဖူးတယ်။ ငါ သူ့ကို အသက်ရှင်ကျန်ရစ်သူများစခန်းထဲ ဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သူက ပြတ်ပြတ်သားသား ငြင်းခဲ့တယ်။ အဲဒီလူ့နာမည်က ရှောင်ယုံပဲ"

ဝေကျန့်ကော်၏ မျက်မှောင်ကြုတ်မှုက ပိုမိုနက်ရှိုင်းလာသည်။ အကယ်၍ ထိုလူက ရှောင်ယုံသာ အမှန်တကယ်ဖြစ်ပါက သူ၏စွမ်းအားက နောက်တစ်ကြိမ် သိသိသာသာ တိုးတက်လာပြီဟု ဆိုရမည် ဖြစ်၏။

ထို့အပြင် သူ ရှောင်ယုံနှင့် စတင်တွေ့ဆုံစဉ်က ထိုလူသည် မာနကြီးသော်လည်း လူကောင်းတစ်ယောက်ဟု ထင်ရပြီး အကူအညီလိုသေးလားဟုပင် မေးခဲ့သေးသည်။

သို့သော် ယခု ကောရှင်း၏ ပြောပြချက်အရမူ ကောရှင်းကဲ့သို့လူကို လက်အောက်ငယ်သားအဖြစ် ထားရှိပြီး အလှပဂေးများကို လာရောက်ဆက်သရန် တောင်းဆိုနေခြင်း ဖြစ်သည်။ ထိုသူဌေးရှောင်သည် လူကောင်းတစ်ယောက် မဟုတ်တော့ဟု ခံစားရစေသည်။

ဤကာလက ကမ္ဘာပျက်ကပ်ခေတ် ဖြစ်၏။ ကမ္ဘာပေါ်တွင် လူကောင်းဟူ၍ အနည်းငယ်သာ ကျန်တော့မည် ဖြစ်သည်။ သူသည် အခြားသူများကို အမြဲတမ်းလိုလို 'လူကောင်း' စံနှုန်းများဖြင့် တိုင်းတာမည် မဟုတ်ပေ။

ယခု ပြဿနာမှာ ထိုရှောင်ယုံသည် ကောရှင်းအတွက် ကလဲ့စားချေရန် လာမလားဟူသောအချက် ဖြစ်သည်။

ရှောင်ယုံနှင့် ကောရှင်းတို့ကြား ဆက်ဆံရေးက မည်သို့ပင်ရှိစေကာမူ ကောရှင်းက ရှောင်ယုံကို သူ၏သူဌေးအဖြစ် အသိအမှတ်ပြုထားသည်။ လက်အောက်ငယ်သား အနိုင်ကျင့်ခံရပါက သူဌေးဖြစ်သူက တစ်ခုခု လုပ်ပြရမည် ဖြစ်၏။ သို့မဟုတ်ပါက သူ၏ဩဇာအာဏာကို မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။

ဆုန့်ကျင်းဟုန် အသတ်ခံရစဉ်က အဖွဲ့သားများ ကလဲ့စားချေရန် အန္တရာယ်များကြားထဲ သွားခဲ့ရသကဲ့သို့ပင်။ ဒါက ကလဲ့စားချေရန်သက်သက် မဟုတ်ဘဲ ဩဇာအာဏာ တည်ဆောက်ရန်နှင့် စခန်းရှိ အသက်ရှင်ကျန်ရစ်သူများ၏ စည်းလုံးမှုကို မြှင့်တင်ရန်အတွက်လည်း ဖြစ်လေသည်။

ဝေကျန့်ကော်က ကြောက်နေ၍ မဟုတ်ပေ။ သို့သော် ယခုက ကမ္ဘာပျက်ကပ်၏ အစောပိုင်းကာလသာ ရှိသေးပြီး အသက်ရှင်သန်ရေးတစ်ခုအတွက်ပင် ပြဿနာ ဖြစ်နေသည်။ မလိုအပ်ဘဲ မည်သူကမျှ ရန်သူမမွေးချင်ကြချေ။ အမဲစက်အဖြစ် သတ်မှတ်ခံရခြင်းကိုမူ သာ၍ပင် မလိုလားကြပေ။ ရွှေကျဲစခန်းက လူများသည် နေ့တိုင်း ရိက္ခာရှာရန် အပြင်ထွက်နေရသည် မဟုတ်ပါလား။

ဝေကျန့်ကော်က သူနှင့် ရှောင်ယုံတို့ အရင်က တွေ့ဆုံခဲ့ပုံကို အကျဉ်းချုပ် ပြောပြလိုက်ရာ လူတိုင်း၏ မျက်နှာများ ပျက်သွားကြသည်။

၎င်းတို့သည် စွမ်းရည်ရှင်တစ်ယောက်နှင့် ရန်သူမဖြစ်လိုကြပေ။ အထူးသဖြင့် အဖွဲ့အစည်းတစ်ခု တည်ဆောက်နေသည့် စွမ်းရည်ရှင်မျိုးနှင့် သာ၍ပင် ရန်မဖြစ်လိုကြချေ။

လက်ရှိတွင် စွမ်းရည်ရှင်များသည် သေနတ်ကျည်ဆန်များကို မယှဉ်နိုင်သေးသည့်တိုင် ၎င်းတို့၏ အလားအလာက အလွန်ကြီးမားကြောင်း လူတိုင်း သိကြသည်။ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကိုမူ မည်သူမျှ တပ်အပ်မပြောနိုင်ချေ။

"ဒီရှောင်ယုံက ကောရှင်းကို ဖမ်းသွားတာ ငါတို့ဆိုတာ မသိလောက်ဘူးမလား"

ရန်ကျဲ့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"ဒါက ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ ကောရှင်းရဲ့ လက်အောက်ငယ်သားတစ်ယောက်က ငါ့ကို မြင်ဖူးတယ်။ ဒီနေ့ သူက ရှောင်ယုံနဲ့အတူ ရှိနေတာဆိုတော့ ငါ့ကို သံသယဝင်နိုင်တယ်"

ဝမ်ထောင်က တိုက်ရိုက် ပြောလိုက်၏။

"ဒါဆို ဒီကောရှင်းကို ငါတို့ ဘယ်လို ကိုင်တွယ်ကြမလဲ..."

နည်းပညာရှင်လျူက အနည်းငယ် တုံ့ဆိုင်းစွာ မေးလိုက်သည်။

"သတ်လိုက်"

ရှန့်ဟုန်ပင်းက ချက်ချင်း ပြောလိုက်၏။

ဝေကျန့်ကော်နှင့် ရှန့်ဟုန်ပင်းတို့သည် ပုံမှန်ဆိုလျှင် အဆင်မပြေကြဘဲ အမြဲ စကားများတတ်ကြသော်လည်း ယခုအချိန်တွင်မူ သူက ရှန့်ဟုန်ပင်း၏ စကားကို ထောက်ခံလေသည်။

"သတ်လိုက်"

၎င်းတို့တင်မကဘဲ ဖုန်းမင်အန်းနှင့် ရန်ကျဲ့တို့ကလည်း ခေါင်းကို ပြတ်ပြတ်သားသား ညိတ်လိုက်ကြသည်။

"သတ်"

"ငါတို့ သူ့ကို သတ်ရုံတင်မကဘူး။ ငါတို့ရဲ့ အသက်ရှင်ကျန်ရစ်သူအားလုံးရဲ့ ရှေ့မှာပဲ ကွပ်မျက်ရမယ်"

ရန်ကျဲ့က ထပ်ပြောလိုက်၏။

ဝမ်ထောင်က ရန်ကျဲ့ကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်သည်။ ဤခရိုင်အရာရှိဟောင်းက ဤမျှအထိ သွေးဆာတတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ရန်ကျဲ့က ဝမ်ထောင် ဘာတွေးနေသည်ကို သိသည့်အလား ပြုံး၏။

"မငြိမ်မသက်ဖြစ်တဲ့ ခေတ်ကာလမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ လိုအပ်တယ်။ ငါတို့ ဘိုးဘေးတွေ ပြောခဲ့တဲ့စကားက မမှားပါဘူး"

"မှန်ပါတယ်"

ဝမ်ထောင်က ခေါင်းညိတ်လိုက်သည်။ သူသည် ကောရှင်းကို ကွပ်မျက်မည့်အပေါ် သဘာဝကျကျ ထောက်ခံလေသည်။ သူက ခြိမ်းခြောက်မှုကို ခံတတ်သည့်လူမျိုး မဟုတ်ပေ။

ငါကရော စွမ်းရည်ရှင် မဟုတ်လို့လား။

ဝမ်ထောင်သည် ဦးအောင် စတင်တိုက်ခိုက်ရန်ပင် စဉ်းစားနေမိသည်။ သူခိုးကို မကြောက်ရ၊ သူခိုးက အမြဲတစေ ကြံစည်နေမှာကိုသာ ကြောက်ရသည် မဟုတ်ပါလား။

လူတိုင်းက ဤသို့ သဘောရနေကြသည်ကို မြင်သောအခါ လျူက ဘာမျှ ထပ်မပြောတော့ပေ။ သူက နည်းပညာသမားသက်သက်သာ ဖြစ်ပြီး ဤကဲ့သို့ ကိစ္စရပ်များတွင် အကြံပေးရန် အတွေ့အကြုံမရှိကြောင်း သိသဖြင့် အများသဘောအတိုင်းသာ လိုက်နာလိုက်သည်။

"အဲဒီရှောင်ယုံအတွက်တော့... ငါတို့ ကြောက်နေစရာ မလိုပါဘူး။ အနာဂတ်မှာ စွမ်းရည်ရှင်တွေရဲ့ အလားအလာက ဘယ်လောက်ပဲ မြင့်မားပါစေ၊ လက်ရှိမှာတော့ သူကျည်ဆန်ကိုမနိုင်သေးတာ သေချာတယ်။ ငါတို့ အခွင့်အရေးရတာနဲ့ လူကန်းတစ်ယောက်တည်းတင် သူ့ကို အလွယ်တကူ သတ်နိုင်တယ်။ ဝမ်ထောင် ရှိနေတာကိုတော့ ထည့်တောင် ပြောစရာမလိုဘူး။ အလွန်ဆုံးရှိရင်တော့ နောက်ပိုင်း အပြင်ထွက်တဲ့ အမဲလိုက်သူတွေကို ပိုပြီး သတိထားခိုင်းရုံပေါ့..."

ကန့်ကွက်သူမရှိသဖြင့် အဖွဲ့သားများသည် ကောရှင်းကို သေဒဏ်ပေးရန် အတည်ပြုလိုက်ကြသည်။

ကောရှင်းသည် ယခုအချိန်တွင် သတိရနေပြီ ဖြစ်၏။ သူတို့၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ သူသည် ရုန်းကန်ကာ အသံထွက်ရန် ကြိုးစားသော်လည်း ပါးစပ်ကို စကော့တိပ်ဖြင့် ပိတ်ထားသဖြင့် စကားမပြောနိုင်ပါ။

သူက တဝူးဝူး အော်ဟစ်နေ၏။

ရှန့်ဟုန်ပင်းက စကော့တိပ်ကို ဖြတ်ခနဲ ဆွဲခွာလိုက်သည်။ အမွှေးအမျှင်များ ပြတ်ထွက်သွားသည့် နာကျင်မှုကိုပင် ဂရုမစိုက်နိုင်ဘဲ ကောရှင်းက ပျာပျာသလဲ အော်ဟစ်လိုက်၏။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့။ အဲဒါ အရှင်တို့ရဲ့ လူတွေမှန်း ကျွန်တော် တကယ်မသိလို့ပါ - အား"

သူ စကားမဆုံးခင်မှာပင် ရှန့်ဟုန်ပင်းက သူ့ကို အားပြင်းစွာ ကန်လိုက်သဖြင့် သူသည် ချက်ချင်း ခွေကျသွားလေသည်။

"ငါ မင်းကို ပါးစပ်ဖွင့်ခွင့်ပေးတာက ကရုဏာသက်ဖို့ တောင်းပန်တာကို ကြားချင်လို့မဟုတ်ဘူး။ နာကျင်လို့ အော်ဟစ်တဲ့အသံကို ကြားချင်လို့"

ရှန့်ဟုန်ပင်းက နောက်ထပ်တစ်ချက် ထပ်ကန်လိုက်၏။

"အား - ကျွန်တော့် သူဌေးက၊ ခွင့်မလွှတ် - အား"

ဝမ်ထောင်သည် ဤကဲ့သို့ အခြေအနေများကို မကြိုက်သဖြင့် အရင်ဆုံး ထွက်ခွာခဲ့သည်။

အဓိကမှာ သူနှင့် ဖုန်းမင်အန်းတို့သည် ထိုကောင်ကို စစ်ဆေးမေးမြန်းပြီးပြီ ဖြစ်သည်။ အတိအကျပြောရလျှင် ဖုန်းမင်အန်းက နှိပ်စက်ပြီး စစ်ဆေးခဲ့ခြင်းဖြစ်ကာ သူက အကူအညီပေးရုံသာ ဖြစ်၏။ ထို့ကြောင့် ယခုအခါ သူ စိတ်ဝင်စားမှု မရှိတော့ပေ။

ကောရှင်းကို ကွပ်မျက်မည့်အချိန်ကို နေ့လယ်ပိုင်းအဖြစ် သတ်မှတ်ထားသည်။

ထိုအချိန်တွင် စခန်းရှိ အသက်ရှင်ကျန်ရစ်သူအားလုံးကို လာရောက်ကြည့်ရှုခိုင်းမည် ဖြစ်၏။ ၎င်းတို့သည် ရွှေကျဲစခန်းက အကြွေးကို ပြန်ဆပ်တတ်ကြောင်းနှင့် စခန်းကို လာရောက်မရှုပ်စေရန် သတိပေးလိုခြင်းပင်။

ဝမ်ထောင် အဆောက်အအုံအပြင်သို့ ထွက်လာသောအခါ ကောင်းကင်ကြီးက မှောင်နေပြီ ဖြစ်သည်။ သူ အိမ်ပြန်ရန် ကားထဲသို့ ဝင်လိုက်စဉ်မှာပင် ထီးတစ်ချောင်း ဆောင်းထားသော လူတစ်ယောက် အပြေးအလွှား ရောက်လာသည်ကို တွေ့လိုက်ရ၏။

"ကော်မတီဝင် ဝမ်၊ ခဏလောက်ပါ"

"ဟန်ရွှေလား... ဘာကိစ္စရှိလို့လဲ"

ဝမ်ထောင်က ကားမှန်ကို ချလိုက်သည်။

"ဟို... ကျွန်မ ရှင်နဲ့ စကားနည်းနည်း ပြောချင်လို့ပါ။ အဆင်ပြေပါ့မလား မသိဘူး..."

"အဆင်ပြေပါတယ်။ ကားပေါ်တက်လေ"

ဟန်ရွှေက ထီးကို အမြန်သိမ်းကာ ရှေ့ခန်းသို့ ဝင်ထိုင်လိုက်သည်။ သူမ ဝမ်ထောင်နှင့် အပြင်ထွက်စဉ်က ဝတ်ဆင်ခဲ့သော ဂါဝန်မှာ စိုသွားပြီသဖြင့် ယခုအခါ ရဲတပ်ဖွဲ့ ယူနီဖောင်းကို ပြန်လည်လဲလှယ် ဝတ်ဆင်ထား၏။ သူမသည် အလွန် ရဲရင့်ပြတ်သားပြီး တက်ကြွလှုပ်ရှားပုံ ပေါက်နေသည်။

"ဒီနေ့ အရာရှိ ဆုန့်အတွက် ကလဲ့စားချေပေးလို့ ကျေးဇူးတင်ပါတယ်..."

ဆုန့်ကျင်းဟုန်အကြောင်း ပြောလိုက်သောအခါ ဟန်ရွှေ၏ မျက်လုံးများက အနည်းငယ် နီမြန်းလာ၏။

"ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ။ ဘာပဲဖြစ်ဖြစ် ငါက ကော်မတီဝင်တစ်ယောက်ပဲလေ"

ဝမ်ထောင်က ပြုံးလိုက်သည်။

"ကျွန်မအသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်ချင်တယ်လို့ အရင်က ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အခု ရှင်က ကော်မတီဝင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ကျွန်မ ဘယ်လိုကျေးဇူးဆပ်ရမလဲ မသိတော့ဘူး။ ဒါပေမဲ့ ကျွန်မ မေ့မှာမဟုတ်ပါဘူး၊ စိတ်ချပါ..."

ဟန်ရွှေက အနည်းငယ် အနေခက်စွာ ပြောလိုက်၏။

"ဟဟ... ရပါတယ်။ ကိစ္စမရှိပါဘူး"

ဝမ်ထောင်က ခေါင်းခါလိုက်ပြီးနောက် ဆက်ပြောသည်။

"မင်းရဲ့ စိတ်ထဲကအတိုင်းသာ ပြောပါ။ ငါတို့က သေဘေးကနေ အတူတူ ဖြတ်ကျော်လာခဲ့ကြတာပဲ။ စကားတွေကို အကွေ့အကောက် ပြောနေစရာ မလိုပါဘူး"

"အဟမ်း..."

ဟန်ရွှေသည် သူ၏စကားကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း သူမသည် ကြောက်တတ်သော လူမျိုးမဟုတ်ပေ။

"ဟို... ကျွန်မ ရှင့်ကို အကူအညီတစ်ခု တောင်းချင်လို့ပါ။ မနေ့က ကျွန်မရဲ့ ရုံးခန်းထဲကို ဘယ်သူလာသွားလဲဆိုတာ စုံစမ်းပေးလို့ ရမလား။ ကျွန်မမှာ အဲဒါကို စုံစမ်းစစ်ဆေးပိုင်ခွင့် မရှိလို့ပါ..."

"အိုး... ဘာဖြစ်လို့လဲ"

ဝမ်ထောင်က မျက်ခုံးပင့်လိုက်သည်။ ဟန်ရွှေ ပြောနေသည်မှာ သူမ၏ယောက်ျားက အဖွဲ့သားများကို လုပ်ကြံသည့် ဗီဒီယိုအကြောင်း ဖြစ်ရမည်။ ဘာပဲဖြစ်ဖြစ် မနေ့က ဟန်ရွှေ၏ ရုံးခန်းသို့ ဝမ်ထောင်တစ်ယောက်သာ သွားခဲ့သည် မဟုတ်ပါလား။

"ကျွန်မ... ကျွန်မ အခုလောလောဆယ် မပြောပြနိုင်သေးဘူး။ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စမို့လို့ပါ..."

ဟန်ရွှေသည် ဝမ်ထောင်၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲပေ။

သူမသည် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ အဘယ့်ကြောင့်ဆိုသော ထိုလူက သူမ၏ယောက်ျား ဖြစ်နေသောကြောင့် ဖြစ်၏။ ထိုနေ့က ဗီဒီယိုကို မြင်လိုက်ရစဉ်က ဆိုလျှင် သူမသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။

သူမ၏ယောက်ျားက အိမ်ထောင်ရေးကို သစ္စာဖောက်ပြီး အိုရင်းရင်းနှင့် ပတ်သက်နေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သူမသည် အိုရင်းရင်းထက် ဘာများ နိမ့်ကျနေသလဲ၊ သို့မဟုတ် သူမ၏ယောက်ျားက ဘာကြောင့် ထိုမိန်းမကို သဘောကျနေရသလဲဆိုသည်ကို သူမ နားမလည်နိုင်ချေ။

အကယ်၍ ထိုမျှသာဆိုလျှင် သူမ စိတ်ဓာတ်ကျလိမ့်မည် မဟုတ်ပေ။ သူမသည် အလွန် သန်မာသော မိန်းမတစ်ယောက် ဖြစ်သည်။

သူမကို အမှန်တကယ် စိတ်ပျက်အားလျော့စေခဲ့သည်မှာ ထိုဗီဒီယိုထဲတွင် သူမကိုယ်တိုင် ကယ်တင်ခဲ့သော အသက်ရှင်ကျန်ရစ်သူ နှစ်ယောက်ကို သူမ၏ယောက်ျားနှင့် အိုရင်းရင်းတို့ ပူးပေါင်းကာ သတ်ပတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးတော့ သူမကိုယ်တိုင်က အကျိုးခံစားခွင့်ရှိသူ ဖြစ်နေ၏။

သူမသည် တရားမျှတမှုကို တန်ဖိုးထားသော ရဲအရာရှိတစ်ယောက် ဖြစ်သည်။

၎င်းသည် သူမ မသိဘဲ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သော်လည်း သူမကိုယ်သူမ ခွင့်မလွှတ်နိုင်သေးပေ။ အခြားလူများက သူမ အသက်ရှင်သန်ရေးအတွက် ၎င်းတို့၏ အသက်များဖြင့် လဲလှယ်ပေးခဲ့ရသည် မဟုတ်ပါလား။

ကံကောင်းသည်မှာ ဗီဒီယိုကို မြင်လိုက်ရစဉ်က သူမတွင် လုပ်စရာ အလုပ်များ ရှိနေသေးသည်။ သူမသည် အလုပ်ထဲတွင် စိတ်နှစ်ထားရင်း ထိုအကြောင်းကို အဓမ္မ မေ့ပစ်ရန် ကြိုးစားခဲ့သည်။ အလုပ်ပြီးမှသာ လူသူမရှိသော နေရာတစ်ခုတွင် တစ်ယောက်တည်း အားပါးတရ ငိုကြွေးခဲ့မိ၏။

သို့သော် ငိုနေရုံဖြင့် ပြဿနာက ပြေလည်သွားမည်မဟုတ်ကြောင်း သူမ သိသည်။ ယခုအခါ သူမအား ထိုဗီဒီယို ပေးခဲ့သောလူ၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို သူမ သိကိုသိရမည် ဖြစ်သည်။

သူမ၏ယောက်ျားကို တိုင်ကြားရန်အတွက်မူ... သူမ မလုပ်နိုင်ချေ။

သူမသည် ကိုယ်ကျိုးမဖက်သော လူတစ်ယောက်ဟု ထင်ခဲ့ဖူးသော်လည်း ယခုမှသာ သူမကိုယ်တိုင်လည်း အလွန် ကိုယ်ကျိုးစွန့်နိုင်စွမ်းမရှိသူ ဖြစ်ကြောင်း သိလိုက်ရသည်။

"ကိုယ်ရေးကိုယ်တာ ကိစ္စလား။ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုရင်တော့ ကိုင်တွယ်ရနည်းနည်း ခက်လိမ့်မယ်..."

ဝမ်ထောင်၏ မျက်နှာတွင် ခက်ခဲသွားဟန် ပေါ်လာသည်။

"ကျေးဇူးပြုပြီး.. ဝမ်ထောင်... ကော်မတီဝင် ဝမ်"

ဟန်ရွှေက ချက်ချင်း လက်အုပ်ချီကာ ဝမ်ထောင်ကို တောင်းပန်လိုက်၏။

"ကောင်းပြီ၊ ငါ မင်းအတွက် စုံစမ်းပေးမယ်။ ဒါက ငါတို့ သူငယ်ချင်းဖြစ်လို့ ကူညီတာနော်။ အခြားလူသာဆိုရင် ငါ သေချာပေါက်ဝင်ပါမှာမဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်"

ဟန်ရွှေက ထပ်ခါတလဲလဲ ကျေးဇူးတင် စကားပြောလိုက်သည်။

ထို့နောက် ဝမ်ထောင်က ထပ်မေး၏။

"အဲဒီကိုယ်ရေးကိုယ်တာ ကိစ္စက အတိအကျ ဘာလဲ။ မင်း သဲသဲကွဲကွဲ ပြောပြရင် ငါ စုံစမ်းရတာ ပိုလွယ်မယ်"

"ဒါက ပြောပြဖို့ အဆင်မပြေတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအစစ်မို့လို့ပါ။ ကျွန်မ ရှင့်ကို မလိမ်ပါဘူး"

ဟန်ရွှေက လိမ်ညာလိုက်သည်။ ဒါက သူမ၏ ဘဝတွင် ပထမဆုံးအကြိမ် လိမ်ညာခြင်း ဖြစ်နိုင်၏။

"ကောင်းပါပြီ၊ ငါ ထပ်မမေးတော့ဘူး။ အခြားကိစ္စ ရှိသေးလား။ မရှိရင် ငါ သွားတော့မယ်"

ဟန်ရွှေက သက်ပြင်းချရင်း ခေါင်းခါပြလိုက်သည်။

"မရှိတော့ပါဘူး၊ သွားပါရှင်"

ဟန်ရွှေ ကားပေါ်ကနေ အမြန် ဆင်းသွား၏။

ဝမ်ထောင်က ကားကို စက်နှိုးလိုက်ပြီးနောက် နောက်ကြည့်မှန်ကနေ ဟန်ရွှေ အဆောက်အအုံထဲ ပြန်ဝင်သွားသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။

သူက ဟန်ရွှေကို ကိုယ်ကျိုးမဖက်ဘဲ သူမ၏ယောက်ျားနှင့် အကွာအဝေးတစ်ခု ထားရှိမည်၊ သို့မဟုတ် တိုင်ကြားလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ အကဲဖြတ်မှားသွားခဲ့၏။

ဟန်ရွှေက သူ့ကို စုံစမ်းခိုင်းရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဗီဒီယိုရိုက်ခဲ့သူကို ရှာဖွေရန်နှင့် ထိုဗီဒီယို အပြင်သို့ မပေါက်ကြားစေရန် ညှိနှိုင်းပြီး သူမ၏ယောက်ျားကို ကာကွယ်ရန်အတွက်သာ ဖြစ်၏။

ဘာပဲဖြစ်ဖြစ် လက်ရှိ စခန်းထဲက အသက်ရှင်ကျန်ရစ်သူများသည် အပေါ်ယံအားဖြင့် သမိုင်းကြောင်း သန့်ရှင်းသူများ ဖြစ်ကြသည်။ ၎င်းတို့၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်များ ရှိမရှိက ပြောရခက်သော်လည်း မပေါက်ကြားသရွေ့ လူတိုင်းက 'လူကောင်း' များ ဖြစ်ကြသည်။ ထိုနည်းတူစွာပင် အကယ်၍ ပေါက်ကြားသွားပါက ၎င်းတို့သည် လူတိုင်း ဖျက်ဆီးချင်သော ရန်သူ ဖြစ်လာမည် ဖြစ်၏။

မည်သို့ဆိုစေ ရွှေကျဲစခန်းက လူယုတ်မာတစ်ယောက် ရှိနေခြင်းကို လက်ခံမည်မဟုတ်ပေ။

ဆန်းဝေကွမ်းက အဖွဲ့သားများကို လုပ်ကြံခဲ့သည့် ဗီဒီယို ပေါက်ကြားသွားပါက သူသည် ပယ်လူ ဖြစ်သွားမည်မှာ သေချာသည်။ ဟန်ရွှေ၏ မျက်နှာကြောင့် လူများက သူ့ကို မသတ်လျှင်ပင် စခန်းက သူ့ကို လက်ခံထားမည်မဟုတ်ပေ။ ကမ္ဘာပျက်ကပ်ခေတ်တွင်... အပြင်ထွက်ခြင်းက သေခြင်းတရားသာ ဖြစ်၏။

ထို့ကြောင့် သူ့ကို စခန်းကနေ မောင်းထုတ်ခြင်းက သတ်လိုက်ခြင်းနှင့် အတူတူပင် ။

သူမ၏ယောက်ျား အသက်ကို ကယ်တင်ရန်အတွက် ဟန်ရွှေသည် သူမ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော ယုံကြည်ချက်များကို စတင် သစ္စာဖောက်နေပြီ ဖြစ်သည်။

သူ၏ကားက အမှတ်(၈) အဆောက်အအုံငယ်သို့ ပြန်ရောက်လာသည်။ ဝမ်ထောင် ကားပေါ်ကနေ မဆင်းရသေးခင်မှာပင် အေပရွန် ဝတ်ဆင်ထားသော တင်ယွီချင်က ထွက်ကြိုသည်ကို မြင်လိုက်ရ၏။

"ဝမ်ထောင်... နင် ဒဏ်ရာမရဘူးမလား"

တင်ယွီချင်က ဝမ်ထောင်၏ လက်ကို ဆွဲကိုင်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"မရီးက ငါ့ကို ဘယ်သူလို့ ထင်နေလဲ။ ငါက ဘယ်လိုလုပ် ဒဏ်ရာရမှာလဲ"

ဝမ်ထောင်က ပြုံးကာ တင်ယွီချင်၏ လက်ကို ဆုပ်ကိုင်လိုက်၏။

"ဒါဆိုလည်း ပြီးတာပဲ။ ငါ ညစာ ချက်ပြီးပြီ။ ခဏစောင့်နော်... သွားနွှေလိုက်ဦးမယ်..."

တင်ယွီချင်က ပြောပြောဆိုဆိုနှင့် ဝမ်ထောင် ချွတ်လိုက်သော ကုတ်အင်္ကျီကို ယူလိုက်သည်။ အထဲသို့ ဝင်သောအခါ သူမသည် ဒူးထောက်ကာ ဝမ်ထောင်၏ ဖိနပ်ကိုပင် လဲလှယ်ပေး၏။

ဝမ်ထောင်က ငုံ့ကြည့်လိုက်ရာ ဤထောင့်ကနေကြည့်လျှင် တင်ယွီချင်က ထူးခြားသော ဆွဲဆောင်မှုမျိုး ရှိနေသည်။

သူက မသိသာတံတွေးမျိုချလိုက်မိ၏။

ဖိနပ်လဲပြီးနောက် တင်ယွီချင်က မီးဖိုချောင်ထဲသို့ အမြန် ပြေးဝင်သွားသည်။

ဝမ်ထောင်က ဆိုဖာပေါ်တွင် သက်သောင့်သက်သာ ထိုင်လိုက်၏။ မီးဖိုချောင်တံခါးကို ပိတ်မထားသဖြင့် သူသည် တင်ယွီချင်၏ အလုပ်ရှုပ်နေသော ကျောပြင်ကို မြင်နေရသည်။

တင်ယွီချင်သည် ယနေ့တွင် အိမ်တွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကြိုးတစ်ချောင်းအင်္ကျီအသေးလေးနှင့် ဖိနပ်အပါးကို ဝတ်ထားသည်။ သူမ၏ ဆံပင်များကို အလွတ်သဘော စည်းနှောင်ထားသဖြင့် ဖြူဖွေးနုနယ်သော လည်ပင်းကို မြင်နေရကာ ရင်သားကြားတွင် ထူးဆန်းသော လည်ဆွဲတစ်ခုက နစ်မြုပ်နေ၏။ ဝါကျင့်ကျင့် ကြိုး ဂါဝန်က မရှည်ဘဲ ဒူးအထက်တွင် ဆုံးနေကာ သူမ၏ ချောမွေ့ဖြောင့်စင်းသော ခြေသလုံးများက ဝမ်ထောင်၏ မျက်စိရှေ့တွင် လှုပ်ရှားနေသည်။

တင်ယွီချင်သည် ပုံမှန်ဆိုလျှင် ခြေအိတ်ရှည်များကို ဝတ်ဆင်တတ်ပြီး အသားရောင် သို့မဟုတ် အမည်းရောင် အပါးများကိုသာ ဝတ်ဆင်လေ့ရှိကာ ခြေဗလာဖြင့် နေခဲသည်။ သို့သော် သူမ၏ ခြေထောက်များက ပြစ်ချက်မရှိဘဲ လှပနေသဖြင့် ကိုင်တွယ်ကစားချင်စရာ ကောင်းလှ၏။

သူမကို ခဏမျှ တိတ်တဆိတ် ငေးကြည့်ပြီးနောက် ဝမ်ထောင်က ရုတ်တရက် လျှောက်သွားကာ တင်ယွီချင်၏ သွယ်လျသော ခါးလေးကို နောက်ကနေ ဖက်လိုက်သည်။

"အာ..."

ဝမ်ထောင်၏ ပူနွေးသော အသက်ရှုသံက တင်ယွီချင်၏ လည်ပင်းကို ရိုက်ခတ်သွားသဖြင့် သူမသည် ယားကျိကျိ ဖြစ်သွားပြီး မျက်နှာက ချက်ချင်း ရဲတက်လာ၏။

"နင်.. မရှုပ်နဲ့ဦး၊ ငါ အလုပ်လုပ်နေတုန်း..."

တင်ယွီချင်က ချွဲနွဲ့စွာ ပြောလိုက်သည်။

သူမသည် အနည်းငယ် ရှက်နေသော်လည်း ဝမ်ထောင်၏ ရင်ခွင်ကို သဘောကျမိသည်။ သူ၏ ရင်ခွင်က သူမကို အလွန် လုံခြုံမှု ရှိစေသည် မဟုတ်ပါလား။

"ရပါတယ်။ မရီး အလုပ် မရီးလုပ်၊ ငါ့အလုပ် ငါလုပ်မယ်"

ဝမ်ထောင်က ပြောပြောဆိုဆိုနှင့် တင်ယွီချင်၏ အဝတ်အစားများကို စတင် မတင်လိုက်သည်။

"အင်း.."

ညစာမစားခင် ဝမ်ထောင်က အမြည်း အရင်စားလိုက်၏။

"ဗိုက်ပြည့်ပြီလား"

ဝမ်ထောင်က မေးလိုက်သည်။

"အင်း.. ပြည့်...ပြည့်ပြီ.."

တင်ယွီချင်က ညည်းတွားလိုက်၏။

"မရီးက ဗိုက်ပြည့်ပြီ ဟုတ်လား။ ဒီညမှာ စားပွဲကြီး ရှိသေးတယ်နော်"

ဝမ်ထောင်က မျက်ခုံးပင့်လိုက်သည်။

"ဟင်... ရှိသေးတယ် ဟုတ်လား... ငါ မစားနိုင်တော့ဘူး..."

တင်ယွီချင်၏ မျက်နှာတွင် မျှော်လင့်ချက်နှင့်အတူ အနည်းငယ် ကြောက်ရွံ့မှုများ ပေါ်လာသည်။

"ရပါတယ်၊ မလောပါဘူး၊ ခဏလောက် အနားယူဦးပေါ့"

ဝမ်ထောင်က အလွန် စာနာထောက်ထားသလို စပ်ဖြီးဖြီးကြီး ပြောလိုက်သည်။

သူ၏ စွမ်းရည်အသစ်ကို စမ်းသပ်ချင်သည်ဟု အရင်က ပြောခဲ့ဖူးသော်လည်း အချိန်မရခဲ့ချေ။ ယခု အချိန်ရပြီဖြစ်ရာ သူ သေချာ လေ့လာရမည် မဟုတ်ပါလား။

"အင်း..ငါ နင်ပြောတဲ့အတိုင်း နားထောင်ပါ့မယ်..."

အမှန်တကယ်ပင် ထိုစွမ်းရည်က အလွန် ကောင်းမွန်သော စွမ်းရည်တစ်ခု ဖြစ်သည်။

နောက်တစ်နေ့ မနက်။

ဝမ်ထောင်က လန်းဆန်းနေပြီး တင်ယွီချင်၏ မျက်နှာကလည်း ဝင်းပနေ၏။

ဝမ်ထောင်သည် တင်ယွီချင်၏ ပြန်လည်နာလန်ထူနိုင်စွမ်းကို ယခုအချိန်ထိ အံ့ဩနေဆဲ ဖြစ်သည်။ သူမသည် မနေ့ညက ကရုဏာသက်ရန် တောင်းပန်နေခဲ့သော်လည်း တစ်ညအိပ်ပြီးနောက် အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။ ဒါက သွေးထုတ်တစ်ခု၏ ထူးခြားချက် ဖြစ်နိုင်၏။

"ဘာတွေ တွေးနေတာလဲ..."

တင်ယွီချင်က ဝမ်ထောင်၏ မျက်နှာရှေ့တွင် လက်ကို ဝေ့ယမ်းလိုက်သည်။

" မရီးက ဘာလို့ ဒီလောက် လှနေရတာလဲလို့ တွေးနေတာပါ"

ဝမ်ထောင်က ပြုံးကာ ပြောလိုက်၏။

"အို... နင်ကတော့လေ..."

တင်ယွီချင်သည် ချက်ချင်းပင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ ဝမ်ထောင်က သူမကို ချီးမွမ်းခဲသော်လည်း ချီးမွမ်းသည့် အကြိမ်တိုင်းတွင် ၎င်းတို့သည် ချစ်သူများ ဖြစ်နေကြသကဲ့သို့ ခံစားရစေသည်။

သူတို့နှစ်ယောက် မနက်စာ စားပြီးနောက် ဝမ်ထောင် အပြင်မထွက်ခဲ့ပေ။ ထို့အစား သူသည် ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး တင်ယွီချင်ကို တစ်ကိုယ်လုံး နှိပ်ခိုင်းလိုက်သည်။

သူသည် နေ့လယ်ပိုင်းတွင် ကောရှင်းကို ကွပ်မျက်မည့်ပွဲသို့ တက်ရောက်ရမည် ဖြစ်ရာ မနက်ပိုင်းတွင် အိမ်၌ အနားယူရင်း လေ့ကျင့်ခန်းလုပ်နေရုံသာ ရှိ၏။

နေ့လယ်ပိုင်း။

ဝမ်ထောင်က အမည်းရောင် လုံခြုံရေး ယူနီဖောင်းကို ဝတ်ဆင်လိုက်ပြီး တင်ယွီချင်ကမူ အမည်းရောင်ဂါဝန်လေးကို ဝတ်ဆင်ကာ အေးစက်ပြီး အထာကျသော မိတ်ကပ်ကို ပြင်ဆင်လိုက်၏။

ထို့နောက် ဝမ်ထောင်က တင်ယွီချင်ကို ခေါ်ကာ ဘက်စုံသုံးအဆောက်အအုံ အပြင်ရှိ ရင်ပြင်သို့ မောင်းနှင်ခဲ့သည်။

ဤအချိန်တွင် စခန်းရှိ တာဝန်ကျ ဝန်ထမ်းများမှလွဲ၍ လူတိုင်း ရောက်နေကြပြီ ဖြစ်သည်။

၄င်းက စခန်းတည်ထောင်ပြီးကတည်းက ပထမဆုံးအကြိမ် လူသိရှင်ကြား ကွပ်မျက်ခြင်း ဖြစ်သောကြောင့် ကော်မတီက အမိန့်မပေးလျှင်ပင် လူများသည် စူးစမ်းလိုစိတ်ဖြင့် လာရောက်ကြည့်ရှုကြမည် ဖြစ်၏။

မိုးရွာနေဆဲဖြစ်သော်လည်း ရင်ပြင်တွင် လူအုပ်ကြီးက ပြည့်နှက်နေသည်။ လူတိုင်းက မိုးကာအင်္ကျီများ ဝတ်ဆင်ထားကြပြီး သို့မဟုတ် ထီးများ ဆောင်းထားကြကာ ရင်ပြင်၏ အလယ်ဗဟိုတွင် ချည်နှောင်ခံထားရပြီး ခေါင်းစွပ် စွပ်ထားသော လူသုံးယောက်ကို စိုက်ကြည့်နေကြ၏။

"ကော်မတီဝင် ဝမ် ရောက်လာပြီ"

ဝမ်ထောင် ကားပေါ်ကနေ ဆင်းလာပြီးနောက် မျက်စိလျင်သော အသက်ရှင်ကျန်ရစ်သူအချို့က လမ်းကို ချက်ချင်း ဖယ်ပေးကြသည်။ သူက လူအုပ်ကြီးကို တည်ငြိမ်စွာ ခေါင်းညိတ်ပြရင်း ရင်ပြင်အလယ်သို့ လျှောက်သွား၏။ တင်ယွီချင်က ဝမ်ထောင်၏ နောက်ကနေ ခပ်ခွာခွာ လိုက်ပါလာပြီး ဝမ်ထောင်အတွက် ထီးဆောင်းပေးရင်း လက်ထဲတွင် ရိုးရှင်းသော သစ်သားသေတ္တာအရှည်ကြီးတစ်ခုကို ပွေ့ချီထားသည်။

လူအုပ်ကြီး၏ အလယ်တွင် ရိုးရှင်းသော စင်မြင့်တစ်ခုကို ဆောက်လုပ်ထား၏။

အခြား ကော်မတီဝင်များနှင့် စစ်သားအချို့က ထိုနေရာတွင် ရောက်ရှိနေပြီ ဖြစ်သည်။ ဝမ်ထောင်ကို မြင်သောအခါ ၎င်းတို့အနက်မှ အချို့က ခေါင်းကို အနည်းငယ် ညိတ်ပြကြ၏။

ရန်ကျဲ့က ရှေ့သို့ လှမ်းလာပြီး အသက်ရှင်ကျန်ရစ်သူများကို အော်ဟစ်ပြောကြားလိုက်သည်။

"အားလုံးပဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကော်မတီဝင် ဆုန့်ကျင်းဟုန်ဟာ သစ္စာဖောက်တွေရဲ့ လုပ်ကြံမှုကို ခံခဲ့ရပါတယ်။ သူဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အပိုင်းပိုင်း ဖြတ်တောက်ခံခဲ့ရရုံတင်မကဘဲ သူ့ရဲ့ ဦးခေါင်းကိုလည်း လျှပ်စစ်မီးတိုင်မှာ ချိတ်ဆွဲထားခြင်း ခံခဲ့ရတယ်။ ငါတို့ ဒီသတင်းကို ကြားရတဲ့အချိန်မှာ အလွန် ဝမ်းနည်းကြေကွဲခဲ့ရတယ်..."

ရန်ကျဲ့က ဆုန့်ကျင်းဟုန် အသတ်ခံရသည့် အကြောင်းကို ထပ်မံ ပြောပြလိုက်သော်လည်း ယခုအကြိမ်တွင် အသေးစိတ်အချက်အလက်များစွာ ပါဝင်နေသည်။ ထိုအခါမှသာ အသက်ရှင်ကျန်ရစ်သူများသည် ကော်မတီဝင် ဆုန့်ကျင်းဟုန် အမှန်တကယ် ခန္ဓာကိုယ် အစိတ်အပိုင်းများ အဖြတ်ခံခဲ့ရကြောင်း သိလိုက်ကြရ၏။

ခဏမျှ လူအုပ်ကြီးကြားတွင် ဆွေးနွေးသံများ ဆူညံသွားပြီး လူတိုင်း အလွန် ဒေါသထွက်နေကြကြောင်း ထင်ရှားသည်။

ရန်ကျဲ့က လူတိုင်းကို ဆွေးနွေးခွင့်ပေးပြီးနောက် ဆက်ပြော၏။

"ပြီးတော့ မနေ့ကတင် ငါတို့ရဲ့ ကော်မတီဝင် ဝမ်ထောင်၊ ကော်မတီဝင် ရှန့်ဟုန်ပင်း၊ ကော်မတီဝင် ဖုန်းမင်အန်း၊ ဝန်ကြီး ဟန်ရွှေနဲ့ အခြားလူတွေဟာ ၎င်းတို့ရဲ့ အသက်ကို ရင်းပြီး အပြင်ထွက်ကာ ကော်မတီဝင် ဆုန့်ကျင်းဟုန်ကို သတ်ခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်..."

အောက်က လူအုပ်ကြီးက အားပါးတရ လက်ခုပ်တီးကြသည်။ လက်ခုပ်သံများ ငြိမ်သက်သွားသောအခါ ရန်ကျဲ့က ပြောလိုက်သည်။

"ပြောစမ်းပါ၊ ငါတို့ သူတို့ကို ဘယ်လိုဆုံးဖြတ်ရမလဲ"

"သတ်လိုက်"

"ကွပ်မျက်လိုက်"

အောက်က အသက်ရှင်ကျန်ရစ်သူများက ချက်ချင်း တုံ့ပြန်ကြပြီး အခြားလူများကလည်း စိတ်လှုပ်ရှားစွာဖြင့် "ကွပ်မျက်လိုက်" နှင့် "အသက်ကို အသက်နဲ့ လဲရမယ်" ဟု အော်ဟစ်ကြ၏။

ရန်ကျဲ့သည် အသက်ရှင်ကျန်ရစ်သူများ၏ တုံ့ပြန်မှုကို အလွန် သဘောကျသွားသည်။ သူက နောက်သို့ လှည့်ကာ မိုးထဲတွင် ရပ်နေသော စစ်သားနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်၏။

စစ်သားတစ်ယောက်က ကောရှင်းနှင့် သူ၏ လက်အောက်ငယ်သား နှစ်ယောက်၏ ခေါင်းစွပ်များကို ချက်ချင်း ဖယ်ရှားလိုက်သည်။

ကောရှင်းသည် ရှန့်ဟုန်ပင်း၏ ရိုက်နှက်ဒဏ်ကြောင့် သေလုမြောပါး ဖြစ်နေပြီဖြစ်ရာ ယခုအခါ အလွန် အားနည်းနေပြီး ရုန်းကန်ရန် အင်အားမရှိတော့ပေ။ အောက်က လူအုပ်ကြီးကို မြင်သောအခါ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားသည်။ သူ၏ လက်အောက်ငယ်သား နှစ်ယောက်လည်း ထိုနည်းတူပင် ဖြစ်၏။

အခြားစစ်သားတစ်ယောက်က ရိုင်ဖယ်သေနတ်ကို ထုတ်ကာ သေနတ်တပ်ဓားမြှောင်ကို တပ်ဆင်လိုက်သည်။ ကော်မတီဝင်တစ်ယောက်၏ အမိန့်ပေးရုံဖြင့် သူသည် သေနတ်တပ်ဓားမြှောင်ဖြင့် ကောရှင်း၏ နှလုံးသားကို ထိုးဖောက်နိုင်ပြီ ဖြစ်သည်။

ရန်ကျဲ့က အမိန့်ပေးတော့မည့်အချိန်တွင် ဝမ်ထောင်က သူ့ကို တားလိုက်၏။

"ခဏစောင့်ဦး၊ ငါ ကိုယ်တိုင် လုပ်မယ်"

"ဟင်... ကော်မတီဝင် ဝမ်၊ မင်း ကိုယ်တိုင် လုပ်မလို့လား"

ရန်ကျဲ့ အနည်းငယ် ကြောင်သွားသည်။ ဤကဲ့သို့ ညစ်ပတ်သော အလုပ်ကို လက်အောက်ငယ်သားများကိုသာ လုပ်ခိုင်းသင့်သည် မဟုတ်ပါလား။ သို့သော် ဝမ်ထောင်က ခေါင်းကို ပြတ်ပြတ်သားသား ညိတ်ပြသည်ကို မြင်သောအခါ သူငြင်းမနေတော့ပေ။

"ကောင်းပါပြီ"

ဝမ်ထောင်က ကောရှင်း၏ အနားသို့ လျှောက်သွားလိုက်၏။ တင်ယွီချင်ကလည်း ထီးဆောင်းပေးရင်းမှ သစ်သားသေတ္တာကို ကိုင်ရင်း နောက်ကနေ လိုက်လာသည်။

ကောရှင်းက ဝမ်ထောင်ကို မြင်သောအခါ သူ၏ မျက်လုံးထဲက ကြောက်ရွံ့မှုများက ပိုမို ပြင်းထန်လာ၏။

ဝမ်ထောင်က သူ့ကို တစ်ချက်မျှပင် မကြည့်ဘဲ တင်ယွီချင်ကို ကြည့်လိုက်သည်။ တင်ယွီချင်က သစ်သားသေတ္တာကို ချက်ချင်း ဖွင့်လိုက်ရာ အထဲတွင် ဓားမကြီးတစ်လက်ကို တွေ့လိုက်ရ၏။

မြင့်မားထွားကြိုင်းသော ဝမ်ထောင်က ဓားရိုးကို လက်တစ်ဖက်တည်းဖြင့် မာန်ပါပါ ဆုပ်ကိုင်လိုက်သည်။

အမည်းရောင် ကိပတ်ဂါဝန်ကို ဝတ်ဆင်ထားပြီး အေးစက်ကာ အထာကျသော အရှိန်အဝါရှိသည့် တင်ယွီချင်က ဝမ်ထောင်၏ ဘေးတွင် ထီးဆောင်းပေးရင်း ရပ်နေသည်။ သူမသည် ကွပ်မျက်မှုကို မကြည့်ရဲသဖြင့် ဝမ်ထောင်ကိုသာ စိုက်ကြည့်နေ၏။

အောက်က အသက်ရှင်ကျန်ရစ်သူများသည် အသက်ရှုသံများကို ထိန်းထားရင်း စင်မြင့်ပေါ်က မြင်ကွင်းကို စိုက်ကြည့်နေကြသည်။ ၎င်းသည် သူရဲကောင်း၊ အလှပဂေးနှင့် ရာဇဝတ်ကောင်တို့၏ ပေါင်းစပ်မှုတစ်ခု ဖြစ်လေသည်။

ထို့နောက် ဝမ်ထောင်၏ ဓားချက်က လှစ်ခနဲ ကျရောက်သွား၏။

ဒုတ်

ဒုတ်

ဒုတ်

သွေးများ ပန်းထွက်သွားပြီး ဦးခေါင်းသုံးလုံးက ကြမ်းပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု လိမ့်ဆင်းသွားလေသည်။

...........

All Chapters