← Chapters

အခန်း (၄၅၂-၄၅၃)

Vol. 25 Ch. 452-453

အခန်း (၄၅၂-၄၅၃)

Vol. 25 Ch. 452-453

အပိုင်း (၄၅၂) တောက်ယွမ်ခရိုင်၏ အမှောင်ဘက်ခြမ်း။

လီယွမ်ကျောက် အရှေ့နန်းဆောင်သို့ ပြန်ရောက်သောအခါ လျိုကျင်းက အလျင်အမြန် ဆီးကြိုပြီး ပြောလိုက်၏။

“အိမ်ရှေ့စံမင်းသား … နန်းတော်အပြင်ဘက်မှာ တွေ့ခွင့်တောင်းနေတဲ့သူ ရှိပါတယ်။ တောက်ယွမ်ခရိုင်က ရှောင်ထောင်လို့ ပြောပါတယ် ၊ သူ့ဆီမှာ အမတ်ဖန်ရဲ့ တံဆိပ်ပြားလည်း ပါလာပါတယ်။”

လီယွမ်ကျောက်မှာ မှင်သက်သွားသည်။

ရှောင်ထောင် .. သူက ငါ့ဆီ ဘာလာလုပ်တာလဲ။

ဖန်ကြီး အိမ်ပြန်ရောက်နေပြီလား။ အဲဒီလောက် မမြန်လောက်ပါဘူး။

“ခေါ်လာခဲ့။”

လျိုကျင်းက ခေါင်းညိတ်ပြီး သွားရောက် ခေါ်ဆောင်လေတော့၏။

ရှောင်ထောင်သည် လျိုကျင်း၏ ဦးဆောင်မှုဖြင့် နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာပြီး ခိုးကြောင်ခိုးဝှက်ဖြင့် ဘယ်ညာ ကြည့်ရှုနေသည်။

ရင်ထဲတွင်လည်း အံ့သြနေမိ၏။

ဒါက နန်းတော်ပဲ ၊ တောက်ယွမ်ခရိုင်ထက် တကယ်ကို ခမ်းနားတာပဲ ၊ ဒါပေမဲ့ နည်းနည်းတော့ ဟာတာတာ ဖြစ်နေသလိုပဲ ၊ လူသူလည်း သိပ်မရှိဘူး။

အလျင်အမြန် လျှောက်လာပြီး လီယွမ်ကျောက်ကို အောင်မြင်စွာ တွေ့လိုက်ရသောအခါမှသာ ရှောင်ထောင်သည် သက်ပြင်းချနိုင်တော့၏။ ချက်ချင်းပင် အရိုအသေပေးလိုက်သည်။

ထို့နောက် တိတ်တဆိတ် ထပ်မံ အကဲခတ်နေပြန်၏။

လီယွမ်ကျောက်က ယင်းကို မြင်သောအခါ ရင်ထဲတွင် ကြွားဝါချင်စိတ် အနည်းငယ် ပေါ်လာသည်။ “ရှောင်ထောင် ၊ ရှားရှားပါးပါး ဧည့်သည်ပဲ ၊ လာ ... ငါ့ရဲ့ အရှေ့နန်းဆောင်က ဘယ်လိုနေလဲဆိုတာ လိုက်ပြမယ်။”

ရှောင်ထောင် သတိဝင်လာပြီးမှ အရေးကြီး ကိစ္စပြောစရာ ရှိသည်ကို သတိရကာ ချက်ချင်း တည်ကြည်စွာ ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား … ကိစ္စကြီး ဖြစ်နေပြီ။”

“ဘာကိစ္စကြီးလဲ။” လီယွမ်ကျောက်က အနည်းငယ် စိတ်ဝင်စားသွားသည်။

“တစ်ယောက်ယောက်က တောက်ယွမ်ခရိုင်ကို လာတိုက်ခိုက်တယ်။ အခု လူဆိုးတွေကို ဖမ်းမိထားပါပြီ။ သခင်လေး မရှိတဲ့အချိန်မှာ အိမ်ရှေ့စံမင်းသားကပဲ ကျွန်မတို့အတွက် ဖြေရှင်းပေးပါလို့ တောင်းဆိုချင်ပါတယ်။”

“ဟဟ ….”

လီယွမ်ကျောက်က ရယ်လိုက်၏။ “တောက်ယွမ်ခရိုင်ကို လာတိုက်ခိုက်တယ် ဟုတ်လား .. မင်းနောက်နေတာ မဟုတ်ပါဘူးနော်။ တောင်ပေါ် ဓားပြတွေလောက်နဲ့တော့ ငါ့ကို လာပြောစရာ မလိုပါဘူး။ မင်းတို့ ခရိုင်ထဲက လူတချို့ လွှတ်လိုက်ရင် ရနေတာပဲဟာ။”

“တောင်ပေါ် ဓားပြတွေ မဟုတ်ပါဘူး ... ဝူမင်းသားရဲ့ လူတွေပါ။”

ထိုစကားကို ပြောလိုက်ပြီးနောက် ရှောင်ထောင်၏ ရင်ထဲမှ ဖိအားများ အတော်လေး လျော့ကျသွားတော့၏။

တောက်ယွမ်ခရိုင်ကို လာတိုက်ခိုက်သော လူများ၏ ပါးစပ်က တကယ်ကို လုံလှသည်။ အစောဆုံး ရောက်လာသော ရှောင်လျိုမှာ စိတ်ပိုင်းဆိုင်ရာ သိပ်မမှန်တော့ဘဲ အလွန်အကျွံ စစ်ဆေးခံရသဖြင့် မေးမြန်းရန်ပင် အချိန်မရတော့ချေ။ ပုံမှန် စကားပြောဆိုဆက်သွယ်ရာတွင်လည်း ပြဿနာ ရှိနေပြီး ပါးစပ်မှ အဓိပ္ပါယ်မရှိသော သီချင်းစာသားများသာ ထွက်လာတတ်သည်။

မတတ်နိုင်သဖြင့် ခရိုင်အတွင်းရှိ ကျောက်မီးသွေးတွင်းသို့ အလုပ်လုပ်ရန် ပို့လိုက်ရ၏။

နောက်မှ ရောက်လာသော ကျန်းဟူကို နှစ်ရက်ကြာ စစ်ဆေးသော်လည်း ဘာမှ မထွက်လာသဖြင့် စိတ်ပူလာကာ မတတ်နိုင်ဘဲ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ရ၏။

ရှောင်ထောင်က အကြံဆိုးတစ်ခု ပေးခဲ့ပြီး ကျန်းဟူ၏ ရှေ့တွင် အပေါင်းအပါ နှစ်ယောက်ကို အမြောက်ဖြင့် ပစ်သတ်ပြခဲ့သည်။ သွေးသံရဲရဲ မြင်ကွင်းမျိုးတော့ မပေါ်လာခဲ့ပေ၊ ခရိုင်အတွင်း၌ လူမဆန်သော ပြစ်ဒဏ်များကို အားမပေးသောကြောင့်ပင်။

ထို့ကြောင့် ပြစ်ဒဏ်ခံရသူများ၏ ကိုယ်ပေါ်တွင် သံမဏိပြားအထူကြီးများ ခံထားပေးပြီး အမြောက် ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် လူမှာ အဝေးကြီးသို့ လွင့်စင်သွားကာ ... လေထဲတွင် သွေးများ ပန်းထွက်လာပြီး မြေပြင်ပေါ် မကျခင်မှာပင် အသက်ထွက်သွားပုံမျိုးပြုလုပ်ထားခြင်းပင်။

ကျန်ဟူမှာ အလွန်အမင်း ထိတ်လန့်သွားပြီး အိမ်သာပင် မသွားနိုင်တော့ဘဲ နောက်ဆုံးတွင် အရာအားလုံးကို ထွက်ဆိုသွားတော့သည်။

ခရိုင်အတွင်း၌ နောက်ထပ် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီးနောက် ... ရှောင်ထောင်သည် နန်းတော်သို့ ချက်ချင်း ထွက်လာခဲ့၏။

လီယွမ်ကျောက်က ထိုစကားကို ကြားသောအခါ အစပိုင်းတွင် နားမလည်သေးဘဲ နောက်မှ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ “ဝူမင်းသားက တောက်ယွမ်ခရိုင်ကို တိုက်ခိုက်ဖို့ လူလွှတ်တယ် ဟုတ်လား။ မင်း လျှောက်မပြောနဲ့နော်။ သူ့မှာ ဘာအကြောင်းပြချက် ရှိလို့လဲ .. နောက်ပြီး သူ ဘာနဲ့ သွားတိုက်မှာလဲ ၊ မြို့တော်ထဲက မင်းသားတွေဆီမှာ ဘယ်က စစ်သည်တွေ ရှိမှာလဲ။”

ရှောင်ထောင်၏ မျက်နှာမှာ အလွန် တည်ကြည်နေ၏။

“ကျွန်မပြောတာ တစ်ခွန်းမှ မလိမ်ပါဘူး ၊ အိမ်ရှေ့စံမင်းသားမယုံရင် ကျွန်မနဲ့အတူ ခရိုင်ကို လိုက်ကြည့်လို့ ရပါတယ်။”

လီယွမ်ကျောက်၏ မျက်နှာအမူအရာမှာ ပိုမို တည်ကြည်လာပြီး ဤကိစ္စက သေးငယ်သော ကိစ္စ လုံးဝ မဟုတ်ချေ။

မင်းသားတစ်ပါးက မြို့တော်ထဲတွင် ကိုယ်ပိုင် စစ်သည် နှစ်ထောင် ဝှက်ထားသည်မှာ အရေအတွက်အရ မများသော်လည်း ဤလုပ်ရပ်က ပုန်ကန်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

“မြင်းပြင်ထား ၊ အခုချက်ချင်း ငါ့ကို တောက်ယွမ်ခရိုင်ကို ခေါ်သွား။”

...

သူတို့နှစ်ယောက် ဘာမှ ထပ်မပြောတော့ဘဲ တောက်ယွမ်ခရိုင်သို့ ချက်ချင်း မြင်းစီး၍ ထွက်လာခဲ့ကြ၏။

လီယွမ်ကျောက်သည် တောက်ယွမ်ခရိုင်၏ မြို့တံခါးရှေ့သို့ ရောက်သောအခါ ပျက်စီးနေသော တံခါးကြီးကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

ဒီတံခါးကြီးက ယမ်းထုပ်တွေကြောင့် အတော်လေး ပျက်စီးသွားခဲ့တာပဲ။

ရှောင်ထောင်က အတွင်းအပြင် သစ်သားပြားအထူများသာ ရိုက်ထားခိုင်းပြီး အသစ်ပြန်လုပ်ရန် မစဉ်းစားခဲ့ချေ။

ဖန်ကျန်းရီ၏ အကြောင်းကို သူ သိသည်။ ဤကဲ့သို့ ရိုးရှင်းသော မြို့တံခါးကို ပိုသဘောကျလောက်မည်။ ခိုင်ခံ့မှုရှိပြီး အတွင်းပိုင်း ကောင်းမွန်နေသရွေ့ ရပြီ။

“ဒီနေရာမှာ ... တကယ်ပဲ တိုက်ပွဲကြီး ဖြစ်ခဲ့တာပဲ။ မြို့တံခါးကို ဒီလိုဖြစ်သွားအောင် တိုက်နိုင်တယ်ဆိုတာ ကျုပ် တစ်ခါမှ မကြားဖူးဘူး။”

လီယွမ်ကျောက်က ပြောရင်း တွေးနေမိသည်။

လူတစ်စုကြီးက ဝိုင်းအုံလာပြီး မြို့တံခါးကို အရူးအမူး ခုတ်ကြတယ် ... တစ်ဝက်လောက် တွေးပြီးမှ ရုတ်တရက် သတိဝင်လာသည်။

“နေအုံး …. မြို့တံခါးက ဘယ်လိုလုပ် ဒီလို ဖြစ်သွားနိုင်မှာလဲ။ နောက်ပြီး ဟိုဘက် မြေကြီးပေါ်မှာ ဘာလို့ တွင်းကြီးတွေ အများကြီး ရှိနေတာလဲ။”

ယမ်းမှုန့်ကိစ္စကို ဖော်ထုတ်ရန် အချိန်မကျသေးသဖြင့် ရှောင်ထောင်က အလျင်အမြန် လိမ်ပြောလိုက်၏။ “မီးနဲ့ တိုက်တာလေ ၊ သူတို့က မြို့တံခါးကို မီးရှို့ဖို့ ရေနံတွေ သုံးတယ်။ ဟိုဘက်က တွင်းတွေကတော့ ခရိုင်ထဲက လူတွေ ဟင်းသီးဟင်းရွက် တူးရင်း ဖြစ်သွားတာပါ ...”

“...”

လီယွမ်ကျောက်က မျက်နှာပျက်သွားပြီး မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။

မေးနေလည်း အလကားပဲ ၊ ပါးစပ်က ထွက်လာတာ တစ်ခွန်းမှ အမှန်မပါဘူး။

ဟင်းသီးဟင်းရွက် တူးတယ် ဟုတ်လား ၊ ဒီလောက် ကြီးတဲ့ တွင်းကြီးဖြစ်အောင် တစ်ခရိုင်လုံးက လူတွေ ဝိုင်းတူးကြတာလား။

ဒီလို လိမ်ညာမှုမျိုးက ဖန်ကြီးနဲ့ ယှဉ်ရင် အဝေးကြီး လိုသေးတယ်။

“အဲဒီ သုံ့ပန်းတွေ ဘယ်မှာလဲ ၊ ငါ့ကို သွားပြစမ်း။”

“တချို့က ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတယ် ၊ တချို့ကို ပင်နီဆီလင် စမ်းသပ်ဖို့ ခေါ်သွားတယ် ၊ အိမ်ရှေ့စံမင်းသားဘယ်အဖွဲ့ကို အရင်ကြည့်မလဲ။”

“နေပါအုံး ... လူတွေက ဘာလို့ ကျောက်မီးသွေးတွင်းထဲ ရောက်နေတာလဲ။ မင်းတို့ရဲ့ ထောင်တွေထဲမှာ မဖမ်းထားဘူးလား။”

ရှောင်ထောင်က ရှင်းပြလိုက်၏။ “ကျွန်မတို့ရဲ့ ထောင်တွေက ဟန်ပြပါပဲ။ နှစ်ရက်လောက် ဖမ်းပြီးရင် အလုပ်လုပ်ဖို့ ခေါ်သွားတာပဲ ၊ အဲဒါကို လုပ်အားပေး ပြုပြင်ရေးလို့ ခေါ်တယ်။

သခင်လေးက ပြောဖူးတယ် ၊ အပြစ်သားတွေက အားနေခွင့် မရှိဘူး ၊ ထောင်ထဲမှာ အိပ်ချင်ရင် မိသားစုက ငွေလာသွင်းရမယ်။ ဒီသုံ့ပန်းတွေက ငွေမရှိလို့ အလုပ်သွားလုပ်ရတာ။ အလုပ်လုပ်လို့ ရတဲ့ အမှတ်တွေ ပြည့်ရင် ထောင်ထဲမှာ ပြန်အိပ်ခွင့် ရတယ်။”

“ဒါဆို အပြစ်သားတွေက ပုံမှန်ဆို ဘယ်မှာ အိပ်ကြလဲ။”

“အရင်က သတင်းစာတိုက်မှာ အသုံးမပြုတော့တဲ့ မွေ့ရာတွေ ဖယ်ထုတ်လိုက်တယ် မဟုတ်လား ၊ အဲဒါတွေကို ကျောက်မီးသွေးတွင်းဆီ ပို့ပေးလိုက်တာလေ။”

လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လဲ့သွား၏။ “ကောင်းတယ် ၊ တကယ့်ကို ဖန်ကြီးပဲ ၊ လူတွေကို နှိပ်စက်တဲ့ နေရာမှာ တကယ့်ကို လက်ဖျားခါလောက်တယ်။”

ရှောင်ထောင်၏ မျက်နှာမှာ မကျေမနပ် ဖြစ်သွားသည်။ “အိမ်ရှေ့စံမင်းသား … ကျွန်မတို့က အပြစ်သားတွေကို မနှိပ်စက်ပါဘူး ၊ ပြုပြင်ရေး တစ်နှစ်ပြည့်ရင် တစ်နှစ်ကို နှစ်ရက် ခွင့်ရတယ် ၊ ပွဲတော်ရက်တွေမှာလည်း ထောင်ထဲမှာ အခမဲ့ ပြန်အိပ်လို့ ရတယ်။

ဒီလူတွေ ထောင်ကထွက်လာရင် အလုပ်ရုံတွေက အလုအယက် ခေါ်ကြတယ်။ အလုပ်လည်း မရွေးဘူး ၊ လစာလည်း မရွေးဘူးလေ၊ ပြုပြင်ရေး လုပ်တာကလည်း သူတို့ ကောင်းဖို့ပါပဲ။”

“တစ်နှစ်ကို နှစ်ရက်ပဲ နားရတယ်။ ဟင် ... မင်းတို့ ဒီလိုလုပ်ရင် အပြစ်သားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေကုန်မှာပေါ့။”

လီယွမ်ကျောက်မှာ ကြားရုံနှင့်ပင် ခေါင်းတွေ ထုံကျင်သွားပြီး ဤလုပ်ရပ်က အစောပိုင်း သတင်းထောက်များ၏ အဆင့်နိမ့်ပုံစံ မဟုတ်ပါလား။

ဖန်ကြီးက အရင်တုန်းက သတင်းထောက်တွေကို ထိန်းချုပ်တာ ထောင်သားတွေကို ထိန်းချုပ်တဲ့ နည်းလမ်းတွေ သုံးခဲ့တာကိုး ၊ ဒါကြောင့်မို့ အလုပ်ဆင်းရတာက ထောင်ကျတာထက် ဆိုးနေတာကိုး။

“သတ်မသေပါဘူး ၊ ပြစ်မှုကြီးကြီး ကျူးလွန်တဲ့သူက အစကတည်းက သိပ်မရှိတော့ ... အလုပ်လုပ်ရင် လူနှစ်ဆယ် တစ်စု လုပ်ရတယ် ၊ ပြစ်ဒဏ်နည်းတဲ့ တစ်ဆယ့်ကိုးယောက်နဲ့ ပြစ်ဒဏ်များတဲ့ တစ်ယောက် ပေါင်းထားတာ။ အဲဒီအစုထဲက တစ်ယောက်ယောက်ကများ ကိုယ့်ကိုယ်ကိုယ် သတ်သေရင် ကျန်တဲ့သူတွေ အကုန်လုံး ပြစ်ဒဏ် တိုးခံရမယ်။ ဒါကြောင့် သတ်သေဖို့ ဆိုတာ တော်တော် ခဲယဉ်းတယ်။”

လူတော်ပဲ ... ဖန်ကြီး မှုခင်းဌာနကို မသွားတာ တကယ် နှမြောစရာပဲ။

လီယွမ်ကျောက်က သက်ပြင်းချလိုက်၏။ “ထားလိုက်တော့ ၊ ကျောက်မီးသွေးတွင်းက လူတွေကို မကြည့်တော့ဘူး။ နောက်တစ်ဖွဲ့ကို သွားကြည့်မယ်။ ဖန်ကြီးက ပင်နီဆီလင်ကို လက်မလျှော့သေးဘူးလား။”

ရှောင်ထောင်က ခေါင်းခါပြလိုက်သည်။ “သခင်လေး ပြောဖူးတယ် ၊ ပင်နီဆီလင်သာ အောင်မြင်ရင် လူတွေ အများကြီး အသက်ရှင်နိုင်မယ်တဲ့။ သခင်လေးက အဆိပ်ဆေးတွေပေါ်မှာ ငွေအများကြီး ရင်းနှီးမှာ မဟုတ်ဘူး ၊ အဲဒါက အဓိပ္ပါယ်မရှိဘူးလေ။ ကျွန်မ အခုပဲ အိမ်ရှေ့စံမင်းသားကို ခေါ်သွားပေးပါ့မယ်။”

ပင်နီဆီလင် စမ်းသပ်သည့် နေရာမှာလည်း သိပ်မဝေးသဖြင့် သူတို့နှစ်ယောက် မြင်းစီးသွားရာ မကြာမီပင် ရောက်ရှိသွားသည်။

ဓာတ်ခွဲခန်း၏ အဆောက်အအုံမှာ ထူးခြားစွာ တည်ဆောက်ထားပြီး နေရာကျယ်ဝန်းကာ တစ်ခုလုံး အဖြူရောင် ဖြစ်နေ၏။

ပြတင်းပေါက် အရေအတွက်လည်း အလွန်များပြားပြီး ကြည့်ရသည်မှာ အလင်းရောင် ကောင်းကောင်းရရန် စီစဉ်ထားခြင်း ဖြစ်ပေမည်။

လီယွမ်ကျောက်က တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ပြင်းထန်သော အပုပ်နံ့ကြီးက နှာခေါင်းထဲသို့ ဝင်ရောက်လာရာ အန်ချင်သွားသည်။

ရှောင်ထောင်လည်း ထိုနည်းတူပင် ၊ သူမလည်း ပထမဆုံးအကြိမ် လာခြင်း ဖြစ်၏။

မြင်လိုက်ရသည်မှာ ရိုးရှင်းသော ကုတင်များစွာ ရှိနေပြီး လူအယောက်ငါးဆယ်ကျော်ကို ကုတင်ပေါ်တွင် ကြိုးတုပ်ထားကာ အင်္ကျီများ ချွတ်ထားပြီး မလှုပ်မယှက် ရှိနေကြသည်။

တစ်ခါတစ်ရံတွင် မျက်နှာဖုံးတပ်ထားသော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသူများက သူတို့ကြား သွားလာနေကြပြီး ... ခေတ်မီသော ပုံစံပေါက်နေ၏။

လီယွမ်ကျောက်၏ အကြည့်များက ကုတင်ပေါ်ရှိ သုံ့ပန်းများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်လာသည်။

သူတို့၏ ခန္ဓာကိုယ် ၊ ခြေလက်များနှင့် လက်များကို ကြည့်လိုက်လျှင် သိနိုင်သည်။ သူက စစ်တပ်သို့ အမြဲသွားလေ့ရှိသူ ဖြစ်ရာ လေ့ကျင့်ခံထားရသော စစ်သားဟောင်းများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်၏။

ဤကဲ့သို့သော လူများသည် သာမန် တောင်ပေါ်ဓားပြများ သို့မဟုတ် လူဆိုးလူမိုက်များ အလျဉ်း မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ ရှောင်ထောင် ပြောဆိုခဲ့သည်မှာ မှန်ကန်ရန် အလားအလာ များပြားလှသည်။

သို့ရာတွင် ဤလူများ၏ ဒဏ်ရာများကို ကြည့်ရှုရသည်မှာ အလွန်ပင် ဆိုးရွားပြင်းထန်နေသည်။ ထိုနေရာ၌ပင် ပစ်ထားလျက် မည်သူတစ်ဦးတစ်ယောက်ကမS လာရောက် ကြည့်ရှုခြင်းမပြုလုပ်ဘူးလား။

“ဒီလူတွေကို ဘာလို့ ကြိုးတုပ်ထားတာလဲ။ သူတို့ ဒဏ်ရာတွေကို ဘာလို့ မကုပေးတာလဲ။” လီယွမ်ကျောက်က မေးလိုက်၏။

ရှောင်ထောင်က လက်ဝှေ့ယမ်းကာ လူတစ်ယောက်ကို ခေါ်လိုက်ပြီး နှာခေါင်းကို အုပ်လျက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဘာလို့ သမားတော်ခေါ်ပြီး သူတို့ ဒဏ်ရာတွေကို မကုပေးတာလဲ။”

အဖြူရောင်ဝတ်စုံနှင့် လူက သူ့ဘေးရှိ သုံ့ပန်းကို တစ်ချက် ကြည့်လိုက်ပြီး ဖြေလိုက်၏ “သြော် ... သူတို့ ဒဏ်ရာတွေ ပိုဆိုးလာမယ့် အချိန်ကို စောင့်နေတာလေ။”

အပိုင်း (၄၅၃) အိမ်ရှေ့စံမင်းသား ဝူမင်းသားအိမ်တော်သို့ ထွက်ခွာခြင်း။

လီယွမ်ကျောက်မှာ အံ့သြထိတ်လန့်စွာဖြင့် အဖြူရောင်ဝတ်စုံနှင့် လူကို စိုက်ကြည့်ရင်း နောက်သို့ တိတ်တဆိတ် တစ်လှမ်း ဆုတ်လိုက်မိသည်။

အခန်းထဲတွင် ဆိုးရွားသော အပုပ်နံ့များ ပြည့်နှက်နေပြီး အရက်နံ့များလည်း ရနေသလိုပင်။

တစ်ခုခု မှားနေပြီ ... ဒီက လူတွေက ကြည့်ရတာ တော်တော်ကို ထူးဆန်းနေတယ်။

ဖန်ကြီးရဲ့ ခေါင်းထဲမှာ ဘာတွေများ တွေးနေတာလဲ။ ဒီလူတွေ အကုန်လုံးက သူ သင်ပေးထားတာတွေ ချည်းပဲလား။

ရှောင်ထောင်က ထိုစကားကို ကြားသောအခါ ဒေါသတကြီး ခြေဆောင့်ကာ ပြောလိုက်၏။ “သခင်လေးက ရှင်တို့ကို ဘယ်လို မှာထားတာလဲ ၊ ရှင်တို့က ဒီမှာ အပြစ်သားတွေကို နှိပ်စက်နေတာလား။ ဒီနေ့ သုံ့ပန်းတွေကို သုံးတယ်။ မနက်ဖြန်ကျ သာမန်ပြည်သူတွေကို သုံးတော့မလို့လား။ သခင်လေး ပြန်လာရင် ရှင်တို့ အပြစ်ပေးခံရဖို့သာ ပြင်ထားတော့။”

အဖြူရောင်ဝတ်စုံနှင့် လူက အနည်းငယ် ကြောက်လန့်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။ “မိန်းကလေး ရှောင်ထောင် … စိတ်ချပါ ။ သူတို့ လုံးဝ လုံခြုံပါတယ်။

ပင်နီဆီလင်ရဲ့ ဘေးကင်းမှုက တော်တော်လေး မြင့်မားပါတယ် ၊ ကျုပ်တို့ လူတွေ ကိုယ်တိုင်လည်း စမ်းသပ်ပြီးပါပြီ ... အခု ဒဏ်ရာရတဲ့သူတွေ အများကြီး ရောက်လာတာဆိုတော့ ကျုပ်တို့လည်း ဒီအခွင့်အရေးကို လက်မလွှတ်ချင်လို့ပါ။ တစ်ခါတည်းပါ ... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ ... ဒီဒဏ်ရာရတဲ့သူတွေရဲ့ ရလဒ် ထွက်လာတာနဲ့ ကျုပ်တို့ အောင်မြင်ပြီပဲ။

ဒီမှာ သမားတော်တွေ အများကြီး စောင့်ကြည့်နေပါတယ် ၊ ပြဿနာ တစ်ခုခုဖြစ်တာနဲ့ ချက်ချင်း ကုသပေးမှာပါ ၊ လူသေတာမျိုး လုံးဝ မဖြစ်စေရပါဘူးလို့ အာမခံပါတယ်။

သခင်လေးကလည်း ပင်နီဆီလင်ကို အရမ်း အရေးကြီးတယ်လို့ ပြောထားတာပဲ ၊ သူကိုယ်တိုင်လည်း ခဏခဏ လာစစ်ဆေးဖူးတာပဲ။ နောက်ပြီး သူပြောဖူးတယ် ၊ သိပ္ပံပညာအတွက် ကိုယ်ကျိုးစွန့်တာက ဂုဏ်ယူစရာ ကောင်းတဲ့ ကိစ္စတဲ့ ...”

“အဲဒါက ရှင်တို့ကို ကိုယ်ကျိုးစွန့်ခိုင်းတာ ၊ တခြားလူတွေကို စွန့်ခိုင်းတာ မဟုတ်ဘူး။ ကျွန်မတို့က မိစ္ဆာဂိုဏ်း တည်ထောင်နေတာလား။”

ရှောင်ထောင်က ဆူပူကြိမ်းမောင်းလိုက်ပြီး လီယွမ်ကျောက်ဘက် လှည့်ကာ မေးလိုက်၏။ “အိမ်ရှေ့စံမင်းသား၊ ကြည့်လို့ ပြီးပြီလား။”

လီယွမ်ကျောက်က တံတွေးမြိုချလိုက်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်သည်။

ဤနေရာက သူ့အတွက် ပိုပိုပြီး ထူးဆန်းလာသလို ခံစားရသည်။ အခန်းက လင်းထိန်နေသော်လည်း အနံ့အသက်များ နှင့် လေထုက အလွန် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ပေးနေ၏။

အထူးသဖြင့် မလှမ်းမကမ်းရှိ စားပွဲပေါ်တွင် အရွယ်အစား အမျိုးမျိုးရှိသော အပ်များစွာ တင်ထားသည်ကို မြင်လိုက်ရသောအခါ သူ၏ခေါင်းများပင် ထုံကျင်လာပြီး မြေအောက်ခန်းထဲတွင် ဖန်ကျန်းရီ လူငါးဆယ်ကျော်ကို သတ်ပစ်ခဲ့သည့် မြင်ကွင်းကို အမှတ်ရသွားမိသည်။

တောက်ယွမ်ခရိုင်မှာ ဒီလို ထူးဆန်းတဲ့ နေရာမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ၊ ကြည့်ရတာ လူနာတွေကို ကုသပေးတဲ့ နေရာနဲ့ လုံးဝ မတူဘူး ၊ ဆေးနံ့တောင် နည်းနည်းလေးမှ မရဘူး။

ဖန်ကြီးက စိတ်ရောဂါများ ရနေတာလား။

လီယွမ်ကျောက်က စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီးနောက် ပါးစပ်မှ ပြောလိုက်၏။ “သွားမယ် သွားမယ် ၊ ကြည့်လို့ ပြီးပြီ။ ခရိုင်ရုံးတော်ကို အမြန်သွားပြီး အခြေအနေ အသေးစိတ်ကို ပြောပြစမ်း။”

ခရိုင်ရုံးတော်သို့ ပြန်ရောက်သောအခါ ရှောင်ထောင်က အတွင်းရေးကို သိရှိသော လူအချို့ကို ခေါ်ယူလိုက်သည်။

အောက်ချန်က တည့်တိုးပင် ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား …. ဝူမင်းသားက ပုန်ကန်ချင်တဲ့ စိတ်ရှိတယ်လို့ ကျုပ်တို့ သံသယရှိပါတယ်။”

လီယွမ်ကျောက်၏ မျက်ခွံများ ပြင်းထန်စွာ တုန်ခါသွားပြီး ဆက်ပြောမည်ကို ချက်ချင်း လက်ကာပြ တားဆီးလိုက်သည်။

သူ တစ်ခဏမျှ လက်မခံနိုင်သေးချေ။ ဤတစ်ကြိမ် တောက်ယွမ်ခရိုင်သို့ လာရခြင်းက သတင်း အချက်အလက်များ အလွန်များပြားလွန်းနေ၏။

ဝူမင်းသား ပုန်ကန်မည်ကို ကြောက်၍တော့ မဟုတ်ပေ။ တစ်ယောက်ယောက် ပုန်ကန်မည်ဆိုလျှင် သူ ပျော်တောင် ပျော်နေသေးသည်။

အဓိက,က ထိတွေ့ရသော ကိစ္စများ ပိုများလာပြီး တာဝန်ယူရမှုများ ပိုများလာသဖြင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများကို စတင် စဉ်းစားလာရသောကြောင့် ဖြစ်၏။

ခိုင်လုံသော သက်သေအထောက်အထား မရှိဘဲ မြို့တော်အတွင်းရှိ မင်းသားတစ်ပါးကို စွပ်စွဲမည်ဆိုပါက အခြားမင်းသားများပါ ကြောက်လန့်သွားနိုင်သည်။

မူလတည်းက ခမည်းတော်၏ မင်းသားများ အာဏာလျှော့ချရေး အစီအစဉ်ကြောင့် မင်းသားများမှာ မကျေမနပ် ဖြစ်နေကြရာ ယခု ဝူမင်းသားတွင် ပြဿနာရှိသည်ဟု ရုတ်တရက် သတ်မှတ်လိုက်ပါက အခြားမင်းသားများ ဘယ်လိုတွေးကြမည်နည်း။

မည်သို့သော ပြဿနာမျိုး ဖြစ်လာမည်ကို မှန်းဆ၍ မရနိုင်ပေ။

လီယွမ်ကျောက်က မျက်ခုံးကြားကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ “ဆက်ပြော။”

“ဝူမင်းသားမြို့တော်မှာ မရှိတော့တာ ဖြစ်နိုင်တယ်။” နောက်ထပ် ဗုံးတစ်လုံး ကျလာပြန်သည်။

လီယွမ်ကျောက်က ချက်ချင်း ငြင်းဆိုလိုက်၏။ “မဖြစ်နိုင်ဘူး ၊ လုံးဝ မဖြစ်နိုင်ဘူး ၊ မင်းသားတစ်ပါး မြို့တော်က ထွက်သွားရင် နန်းတော်က သေချာပေါက် သိရမှာပေါ့။”

အောက်ချန်လည်း မည်သို့ ပြန်ဖြေရမှန်း မသိတော့ချေ။ မည်သို့ပင်ဖြစ်စေ ထိုအရာက ခန့်မှန်းချက်သာ ဖြစ်၏။ သူက ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ရက်ပိုင်းက မြို့စွန်က စိုက်ပျိုးရေးခြံတစ်ခုမှာ မီးလောင်ပြီး လူတွေအများကြီး သေသွားတာ အိမ်ရှေ့စံမင်းသား သိပါသလား။ အဲဒီခြံက ဝူမင်းသားရဲ့ ခြံပဲ။ ခြံထဲမှာ အထွက်နှုန်းကောင်းတဲ့ သီးနှံတွေ အများကြီး စိုက်ထားတယ် ။ အဲဒီအထဲမှာ ကန်စွန်းဥလည်း ပါတယ် ၊ စိုက်ပျိုးတဲ့ အချိန်က တောက်ယွမ်ခရိုင်ထက် အများကြီး စောနေတယ်။”

“ခင်ဗျားတို့က အဲဒီကိစ္စတွေကို ဘယ်လို သိတာလဲ။” လီယွမ်ကျောက်မှာ အလွန်အမင်း အံ့အားသင့်သွား၏။

“ဘာလို့လဲဆိုတော့ လူတစ်ယောက်က မသေဘဲ တောက်ယွမ်ခရိုင်ကို မတော်တဆ ရောက်လာလို့ပါ ...”

အောက်ချန်က လိမ်ပြောလိုက်သည်။ ဤကိစ္စကို ချက်ချင်း ရှင်းပြရန် ခက်ခဲပြီး သခင်လေးက သူလျှို လွှတ်ထားသည်ဟုတော့ မပြောနိုင်ပေ။ ဝူမင်းသားက ဧကရာဇ်မျိုးနွယ် ဖြစ်ရာ ဆင်ခြင်စရာများ ရှိနေသေးသည်။

“အိမ်ရှေ့စံမင်းသားသိတဲ့အတိုင်းပဲ သခင်လေးက ဆားကုန်သည်တွေကို စစ်ဆေးဖို့ သွားတာလေ။ သူ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ မြို့စွန်က ခြံမှာ မီးလောင်တယ်။ ပြီးတော့ တောက်ယွမ်ခရိုင်ကို အဲဒီလူတွေ လာတိုက်ခိုက်တယ်။ သုံ့ပန်းတွေကလည်း သူတို့က ဝူမင်းသားရဲ့ လူတွေပါလို့ ဝန်ခံတယ်။

ဆိုလိုတာက သူက ဆားကုန်သည်တွေနဲ့ အဆက်အသွယ် ရှိနိုင်တယ် ၊ လျိုရွှန်းနဲ့လည်း အဆက်အသွယ် ရှိနိုင်တယ်။ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိပေမဲ့ ဒီလိုလုပ်ရပ်တွေက ပုန်ကန်ချင်တာကလွဲပြီး တခြား ဘာအကြောင်းပြချက် ရှိနိုင်သေးလို့လဲ။”

“ကောင်းပြီ … ခင်ဗျားပြောတာတွေ အကုန် မှန်တယ်ပဲ ထားပါတော့ ၊ ဒါပေမဲ့ သူက ဘာအကြောင်းပြချက်နဲ့ တောက်ယွမ်ခရိုင်ကို လာတိုက်ခိုက်ရတာလဲ။ အဲဒါကို ကျုပ်စဉ်းစားလို့ မရဘူး။”

“ယမ်းမှုန့် … ဝူမင်းသားက ယမ်းမှုန့်တွေကို လုယူဖို့ လူလွှတ်တာ ။ သူက သခင်လေးဆီကို လူလွှတ်ပြီး အမြဲတမ်း ချဉ်းကပ်နေတာ ၊ အစောကြီးကတည်းက မျက်စိကျနေလောက်တယ်။”

လီယွမ်ကျောက်မှာ ချက်ချင်း သဘောပေါက်သွားပြီး ဤသို့ဆိုလျှင်တော့ အဓိပ္ပါယ်ရှိသွားပြီ ဖြစ်၏။

ကြီးကျယ်သော ကိစ္စရပ်ကြီးကို ဆောင်ရွက်လိုပါက ဤကဲ့သို့သော စစ်လက်နက်ပစ္စည်းမျိုးကို မည်သူတစ်ဦးတစ်ယောက်ကမှ လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

“ဒါပေမဲ့ ... ယမ်းမှုန့်တွေ မရှိတော့ဘူးလို့ ဖန်ကြီးက ငါ့ကို ပြောထားတယ်လေ ၊ ခမည်းတော်က လူလွှတ်ပြီး တောက်ယွမ်ခရိုင်မှာ လေ့လာနေတယ်လို့ ပြောတာပဲ။”

အောက်ချန်က ခါးသီးစွာ ပြုံးလိုက်သည်။ “အိမ်ရှေ့စံမင်းသား … အဲဒီကိစ္စကို အိမ်ရှေ့စံမင်းသားနဲ့ အရှင်မင်းကြီး ပဲ သိတာလေ။ တခြား အပြင်လူ ဘယ်သူမှ မသိဘူး။ လူတိုင်း သိထားတာက တောက်ယွမ်ခရိုင်မှာ တောင်တွေကို ဖြိုခွဲနိုင်တဲ့ နတ်ပစ္စည်းတစ်ခု ရှိတယ် ဆိုတာပဲ။”

တောက်ယွမ်ခရိုင်တွင် ယမ်းမှုန့် အများကြီး မရှိတော့သည်မှာ အမှန်ပင်။ ဖန်ကျန်းရီ ထွက်မသွားခင်က တစ်သုတ် ယူသွားခဲ့သည်။

မြို့ကာကွယ်ရေးအတွက် တစ်သုတ် သုံးလိုက်ပြီး ယခု ခရိုင်ထဲတွင် ယမ်းထုပ်နှင့် အမြောက်ဆန် အနည်းငယ်သာ ကျန်တော့ပြီး အားလုံးကို မြို့ရိုးထဲတွင် ဝှက်ထားသဖြင့် တစ်ယောက်ယောက် လာစစ်ဆေးမည်ကို မကြောက်ရွံ့ချေ။

လီယွမ်ကျောက်က ရေရွတ်လိုက်၏။ “အင်း ... ဟုတ်တယ်။ ဒါပေမဲ့ ပုန်ကန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်ပိုင် စစ်တပ် မွေးထားရင်တောင် အရေအတွက်က အများကြီး ဖြစ်နိုင်မှာ မဟုတ်ဘူး။

ခမည်းတော်က ဒီနှစ်ပိုင်းတွေမှာ စစ်တပ်စနစ်ကို အမြဲတမ်း ပြုပြင်ပြောင်းလဲနေပြီး ထိန်းချုပ်မှုက အရမ်း တင်းကျပ်နေတော့ မင်းသားတွေအတွက် ပုန်ကန်တာ အောင်မြင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူး။

ဒါဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ်။ ဝူမင်းသားက ဆားကုန်သည်တွေနဲ့ ပတ်သက်နေတယ်။ ဖန်ကြီးက သဲလွန်စတစ်ခုခု တွေ့သွားတာကို သူသိသွားလို့ ကိစ္စတွေ ပေါ်သွားမှာကို ကြောက်ပြီး ကြိုပြေးသွားတာ ... အဲဒီလို ဖြစ်နိုင်ခြေပဲ ရှိတယ်။ ဒါပေမဲ့ ပြေးရင်ရော ဘယ်ကို ပြေးမှာလဲ ၊ ကြီးမြတ်တဲ့ ကျင်းတိုင်းပြည်မှာ သူ ပုန်းလို့ရမဲ့ နေရာ မရှိဘူး။ ယမ်းမှုန့်တွေကို လုပြီး တစ်ကျော့ပြန်ဖို့ စဉ်းစားနေတာလား။”

ရှောင်ထောင်က အနီးသို့ ကပ်လာပြီး ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား … ငွေရှိပြီး ယမ်းမှုန့်တွေရှိရင် ကျင်းတိုင်းပြည်ကလွဲလို့ လောကကြီးရဲ့ ဘယ်နေရာကို မဆို သွားနိုင်ပါတယ်။ အဲဒီအခါကျရင် နာမည်ပြောင်းပြီး သာမန် အတိုင်း နေလို့ရတာပဲလေ။”

“မဆိုးဘူး ... မင်း ပြောတာ မှန်တယ် ၊ သူက နောက်ကွယ်ကနေ ကြိုးကိုင်နေတာလား ဆိုတာကို ဝူမင်းသားရဲ့ အိမ်တော်ကို သွားကြည့်လိုက်ရင် သိရမှာပဲ။”

လီယွမ်ကျောက်၏ မျက်လုံးများက စူးရှလာသည်။ ငါကိစ္စကြီး တစ်ခု လုပ်မလို့။ မင်းတို့မှာ သတ္တိရှိလား။”

“အိမ်ရှေ့စံမင်းသား .. ပြောပါ”

“လူနှစ်ရာ ခေါ်ပြီး ငါနဲ့အတူ ဝူမင်းသားရဲ့ အိမ်တော်ကို သွားမယ်။” လီယွမ်ကျောက်မှာ ရုတ်တရက် စိတ်လှုပ်ရှားလာ၏။

ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ဝူမင်းသားရဲ့ အိမ်တော်ကို ဝင်စီးရမယ်ဆိုတော့ တွေးကြည့်ရုံနဲ့တင် တော်တော် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ။

သူက ဝူမင်းသားကို သိပ်သဘောမကျသလို သူတို့နှစ်ယောက်ကလည်း သိပ်ရင်းနှီးတာ မဟုတ်ဘူး။

ဒီလူက မြို့တော်ထဲမှာတောင် ကောက်ကျစ်တဲ့ အလုပ်တွေ လုပ်နေသေးတယ်ဆိုတော့ ကောင်းကောင်းလေး သင်ခန်းစာပေးရမှာပေါ့။

တကယ်လို့ ဒင်းသာ မြို့တော်မှာ မရှိဘူးဆိုရင် သံသယတွေ အကုန်လုံး မှန်ကန်သွားပြီပဲ။

All Chapters