← Chapters

အခန်း (၁၃၆-၁၃၇)

Vol. 10 Ch. 136-137

အခန်း (၁၃၆-၁၃၇)

Vol. 10 Ch. 136-137

အခန်း (၁၃၆)

အရာရှိသစ်၏ စိတ်အားထက်သန်မှု

“စီနီယာတို့... ဘာလို့ ဒီကို ရောက်နေကြတာလဲ၊ မီးလျှံတိမ်တိုက်ဂူမှာ တစ်ခုခု ဖြစ်လို့လား” ချူရွှမ်က သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ဝမ်ချောင်နှင့် မာဟန့်တို့၏ မျက်နှာများမှာ ချက်ချင်းပင် မည်းမှောင်သွားကြသည်။ သူတို့သည် ရင်ဘတ်ကိုမတ်၊ မျက်လုံးများကို ပြူးကာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ “မီးလျှံတိမ်တိုက်ဂူမှာ ဘာမှမဖြစ်ဘူး၊ ငါတို့ဆီမှာပဲ ပြဿနာဖြစ်နေတာ။ အကျဉ်းထောင်မှူးချုပ် လော့ခိုင် ဘာတွေတွေးနေလဲမသိဘူး... ငါတို့ညီအစ်ကိုနှစ်ယောက်ကို မင်းရဲ့ တရားစီရင်ရေးရုံးတော်မှာ အစောင့်အဖြစ် တာဝန်ထမ်းဆောင်ဖို့ လွှတ်လိုက်တယ်”

“ဘာ... စီနီယာတို့နှစ်ယောက်က ဒီကို လာတာ ဟုတ်လား၊ ဒါက မသင့်တော်ပါဘူးဗျာ။ ကျွန်တော်က အဆင့် ၅ တရားစီရင်ရေး အရာရှိလေးတင်ပါ။ စီနီယာတို့ရဲ့ အရာရှိအဆင့်အတန်းက ကျွန်တော့်ထက် အများကြီး မြင့်ရမှာလေ။ တော်ဝင်နန်းတွင်းကလည်း ဒါကို ခွင့်ပြုမှာ မဟုတ်ဘူးမလား” ချူရွှမ် အနည်းငယ် ဝေဝါးသွားသည်။

ဝမ်ချောင်နှင့် မာဟန့်တို့၏ မျက်နှာများမှာ ချက်ချင်းပင် ပို၍ဆိုးဝါးသွားပြီး “ချူလေး... မင်း ငါတို့ရဲ့ အနာဟောင်းကို ကုတ်လိုက်တာပဲ။ ငါတို့က နတ်အဆင့် နဝမအလွှာ ဆိုတာ မှန်ပေမဲ့... ငါတို့မှာ အရာရှိရာထူး မရှိဘူးကွ။”

“ဘာ... စီနီယာတို့မှာ အရာရှိရာထူး မရှိဘူး ဟုတ်လား မဖြစ်နိုင်တာ”

ချူရွှမ်သာမကဘဲ ဘေးမှ ကျန်းလုံနှင့် ကျောက်ဟူတို့ပါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့သည် နတ်အဆင့် နဝမအလွှာ တွင်ရှိသော ကျွမ်းကျင်သူကြီးများဖြစ်ပြီး မဟာဆရာသခင်၏ အောက်တွင် အသန်မာဆုံးသော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ ဤမျှ အစွမ်းထက်သူများတွင် အရာရှိရာထူး မည်သို့ကြောင့် မရှိရသနည်း။

ထိုအခါ ဝမ်ချောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောပြသည်။ “မူလကတော့ ရှိတာပေါ့ကွာ။ ဒါပေမဲ့ ငါတို့ညီအစ်ကိုနှစ်ယောက် ငယ်ငယ်တုန်းက စရိုက်က သိပ်မကောင်းဘူးလေ။ လမ်းသွားလမ်းလာ အထက်တန်းလွှာ အရာရှိကြီးအချို့ကို မတော်တဆ ရိုက်နှက်မိလိုက်တာ... အဲဒါကြောင့် အရာရှိရာထူး အကုန်လုံး ရုတ်သိမ်းခံလိုက်ရတာပဲ။”

ကျန်းလုံနှင့် ကျောက်ဟူတို့က ဤစကားကို ကြားသောအခါ ရယ်မောလိုက်ကြသည်။ “အရာရှိအချို့ကို ရိုက်နှက်ရုံတင်မလားဗျာ ဒါက ဘာဆန်းလို့လဲ။ တော်ဝင်နန်းတွင်းက အပြစ်ပေးရင်တောင် ဒီလောက်ထိ မပြင်းထန်သင့်ဘူး။”

“အဓိက ပြဿနာက... အဲဒီအရာရှိတွေက ခံနိုင်ရည်မရှိကြတာပဲ။ အိမ်ပြန်ရောက်တာနဲ့ အကုန်လုံး သေကုန်ကြလို့ပေါ့ကွာ။” အတိတ်ကို ပြောပြရာတွင် ဝမ်ချောင်နှင့် မာဟန့်တို့မှာ တကယ်ကို စိတ်မသက်မသာ ဖြစ်နေကြသည်။ “ငါတို့က အသာလေးပဲ တို့လိုက်တာပါ၊ သူတို့ သေသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

“...”

ဤစကားကို ကြားရသောအခါ ချူရွှမ်သည် ပြတ်ပြတ်သားသားပင် နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။ ကျန်းလုံနှင့် ကျောက်ဟူတို့မှာလည်း ပြောစရာ စကားလုံး ပျောက်ဆုံးသွားကြတော့သည်။

ဝမ်ချောင်နှင့် မာဟန့်တို့က မရှည်မတတ်ဖြင့် ထပ်ပြောသည်။ “အတိုချုပ်ပြောရရင်... ငါတို့ ဒီမှာပဲ နေတော့မယ်။ ချူလေး... မင်း ငါတို့ကို လက်ခံမှာလား၊ လက်မခံဘူးလား အခုချက်ချင်းပဲ အဖြေပေးစမ်း။”

ချူရွှမ်၏ မျက်နှာအမူအရာမှာ လေးနက်သွားပြီး လက်အုပ်ချီလျက် “ကျွန်တော့်လို တရားစီရင်ရေး အရာရှိလေးတစ်ယောက်ရဲ့ ဘေးမှာ စီနီယာနှစ်ယောက်က အစောင့်အဖြစ် ရှိနေပေးမှာက ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါပဲဗျာ။ အတိုချုပ်ပြောရရင် ယနေ့မှစပြီး ဒီရုံးတော်ရဲ့ အတွင်းအပြင် နေရာတိုင်းမှာ စီနီယာတို့ စိတ်ကြိုက် သွားလာနိုင်ပါတယ်” ဟု ပြောလိုက်သည်။

သူသည် နှလုံးသားထဲတွင် သဘောပေါက်ထားသည်။ အကျဉ်းထောင်မှူးချုပ် လော့ခိုင်က ဝမ်ချောင်နှင့် မာဟန့်တို့ကို စစ်ဆေးရေးမှူးရုံးသို့ စေလွှတ်ခြင်းမှာ နက်နက်နဲနဲ အဓိပ္ပာယ် ရှိရမည် ဖြစ်သည်။ သို့သော် ဤအဖွဲ့အစည်းကို ကြည့်ရင်း... ချူရွှမ်၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။

“ထားလိုက်ပါတော့လေ။ ဒါက ငါ မိစ္ဆာတွေကို သတ်ဖြတ်ပြီး စွမ်းအားတွေ စုပ်ယူဖို့အတွက် အနှောင့်အယှက် မဖြစ်သရွေ့... ဝမ်ချောင်နဲ့ မာဟန့် ရှိနေတာက အကျိုးပဲရှိမှာပါ၊ အန္တရာယ်မရှိဘူး။”

အကြီးမားဆုံး အကျိုးကျေးဇူးမှာ... ချူရွှမ်သည် ကျန်းလုံနှင့် ကျောက်ဟူတို့၏ ကျင့်ကြံခြင်းကို ကြီးကြပ်ကွပ်ကဲရန် အလွန်ရက်စက်သော လူကြမ်းကြီးနှစ်ဦးကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခြင်းပင် ဖြစ်သည်။

“ကောင်းကင်အကျဉ်းထောင်ထဲမှာတုန်းက ဒီကောင်နှစ်ကောင်က ကြီးကြပ်မယ့်သူမရှိတော့ ခဏလောက်ကျင့်ပြီးရင် ပျင်းနေကြတာ။ အခုတော့ စီနီယာနှစ်ယောက်ကိုယ်တိုင် ကြီးကြပ်ပေးတော့မှာဆိုတော့ သူတို့ ဘယ်လိုပျင်းဦးမလဲ ကြည့်ရသေးတာပေါ့။”

ချူရွှမ်သည် သူ၏ ရည်ရွယ်ချက်ကို ဝမ်ချောင်နှင့် မာဟန့်တို့အား ရှင်းပြလိုက်သည်။ ရိုက်နှက်ရမည့် တာဝန်ရှိသည်ဟု ကြားလိုက်ရသောအခါ... ဝမ်ချောင်နှင့် မာဟန့်တို့မှာ ချက်ချင်း စိတ်တက်ကြွသွားကြသည်။ “အရာရှိချူ... စိတ်မပူနဲ့။ လူရိုက်ရတာ …မဟုတ်ပါဘူး၊ တခြားသူတွေရဲ့ ကျင့်ကြံခြင်းကို ကြီးကြပ်တာက ငါတို့ အကျွမ်းကျင်ဆုံးပဲ။ အဲဒီ ကျန်းလုံနဲ့ ကျောက်ဟူ ဆိုတဲ့ ကောင်လေးနှစ်ယောက်သာ ပျင်းဖို့ ကြိုးစားကြည့်စမ်း... သူတို့ အရိုးတွေ ကြေသွားအောင် ငါတို့ ဆုံးမပစ်မယ်။”

အင်း... ချူရွှမ်သည် ထိုနှစ်ဦးအတွက် စိတ်ထဲမှ တိတ်တဆိတ် သနားမိသွားသည်။ သို့သော် သူတို့ကို တကယ် အသက်သေအောင်အထိ အရိုက်မခံလိုချေ။ ရိုက်နှက်ခြင်းအပြင်... ဆုလာဘ် အနည်းငယ်လည်း ပေးရန် လိုအပ်သည် မဟုတ်ပါလား။

ချူရွှမ်သည် စိတ်ကို တင်းထားပြီး ကျန်းလုံနှင့် ကျောက်ဟူတို့ကို ပြန်လည်ခေါ်ယူကာ “ကျန်းလုံ၊ ကျောက်ဟူ... ငါနဲ့အတူ အိမ်ကို လိုက်ခဲ့စမ်း” ဟု ပြောလိုက်သည်။

“အစ်ကိုရွှမ်... ပစ္စည်းတွေ ရွှေ့ဖို့ လိုလို့လားဗျာ”

ရုံးတော်အတွင်း၌ အပျင်းတစ်နေကြသော ကျန်းလုံနှင့် ကျောက်ဟူတို့မှာ အလုပ်ရှိပြီဟု ကြားရသောအခါ စိတ်တက်ကြွသွားပြီး လက်ဝါးချင်းပွတ်ကာ ချူရွှမ်ကို ကူညီရန် ပြင်ဆင်ကြသည်။ ဘာပဲဖြစ်ဖြစ် အရာရှိအသစ် တက်လာလျှင် အိမ်ထောင်ပရိဘောဂများ ဝယ်ယူရွှေ့ပြောင်းခြင်းမှာ သဘာဝပင် ဖြစ်သည်။

ချူရွှမ်သည် မျက်နှာတည်ကာ ဘာမှမပြောဘဲ သူ၏ အိမ်တော်သို့ အမြန်ပြန်လာခဲ့သည်။ သူသည် အခန်းထဲသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားပြီး သူ၏ ဘယ်ဘက်လက်မောင်းပေါ်ရှိ သွေးမြွေနဂါး ဆေးမင်ကြောင်ကို ကြည့်ကာ “ရှောင်ပိုင်... ပြီးခဲ့တဲ့ အခေါက်က မိစ္ဆာအသားတွေကို ထုတ်ပေးစမ်း” ဟု ပြောလိုက်သည်။

ရှူး...

ဆေးမင်ကြောင်လေး တုန်ခါသွားပြီးနောက် ဧရာမ မိစ္ဆာသားရဲအသားတုံးကြီးများ ချူရွှမ်၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်အကြိမ်က ‘ချင်ထျန်း မိစ္ဆာဘုရင်’ ကို သတ်ဖြတ်စဉ်က... ချူရွှမ် စုဆောင်းကာ ရှောင်ပိုင်၏ သီးသန့်နေရာလပ်ထဲသို့ ထည့်သွင်းထားခဲ့သော မိစ္ဆာဘုရင်၏ အသားများ ဖြစ်ကြသည်။ ၎င်းတို့ကို ထုတ်လိုက်သောအခါ အားလုံးမှာ ကျက်ရုံတင်မကဘဲ အငွေ့များပင် ထွက်နေဆဲ ဖြစ်သည်။

“ရှောင်ပိုင်ရဲ့ အထူးစွမ်းရည်က ပစ္စည်းတွေကို လတ်ဆတ်အောင် ထိန်းသိမ်းတဲ့နေရာမှာ တကယ်ကို ကောင်းတာပဲ။” ချူရွှမ်သည် ထိုမိစ္ဆာအသားများကို ဧရာမ အတုံးကြီးများအဖြစ် ချက်ချင်း ခွဲခြားလိုက်သည်။

ထို့နောက် ကျန်းလုံနှင့် ကျောက်ဟူတို့ကို အတွင်းသို့ ခေါ်ကာ မှာကြားလိုက်သည်။ “ကျန်းလုံ၊ ကျောက်ဟူ... ဒီမိစ္ဆာအသားတွေကို မင်းတို့အချင်းချင်း ခွဲယူပြီး အိမ်ကို ယူသွားကြ။ ကျင့်ကြံပြီးတိုင်း ဒီအသားတွေကို စားပစ်ကြ”

“အစ်ကိုရွှမ်... ဒါက ဘာမိစ္ဆာရဲ့ အသားလဲဗျာ၊ အနံ့က ရှေးဟောင်းမိစ္ဆာတွေထက်တောင် ပိုပြီး မွှေးနေသေးတယ်” ကျန်းလုံသည် နှာခေါင်းကို ရှုံ့ကာ အနံ့ခံရင်း သွားရည်များပင် ကျလာခဲ့သည်။

နှမြောစရာကောင်းသည်မှာ ဤအရာများက ချူရွှမ်အတွက် မလိုအပ်တော့သဖြင့် ချူရွှမ်က ပွင့်ပွင့်လင်းလင်းပင် “မိစ္ဆာဘုရင်ရဲ့ အသားတွေပါ” ဟု ပြောလိုက်သည်။

“ဘာ... မိစ္ဆာဘုရင်ရဲ့ အသား ဟုတ်လား၊ ဟားဟား... အစ်ကိုရွှမ်... ခင်ဗျား နောက်နေတာပဲ။ ဒါပေမဲ့ ဒီအသားက တကယ်ကို မွှေးတာပဲဗျာ။” ကျောက်ဟူက ရယ်မောလိုက်ပြီး ချူရွှမ် နောက်ပြောင်နေသည်ဟု ချက်ချင်း တွေးလိုက်ကြသည်။ ချူရွှမ် စကားဆွံ့အသွားခဲ့ရသည်။ သူက အမှန်အတိုင်း ပြောသော်လည်း မည်သူမျှ မယုံကြချေ။

သို့သော်လည်း ဤမိစ္ဆာဘုရင်၏ အသားနှင့်အတူ... ဝမ်ချောင်နှင့် မာဟန့်တို့ကဲ့သို့ နတ်အဆင့် နဝမအလွှာ ရှိသော စီနီယာကြီးနှစ်ဦး၏ ပြင်းထန်သော ကြီးကြပ်မှုအောက်တွင်မူ၊ ကျန်းလုံနှင့် ကျောက်ဟူတို့ နတ်အဆင့်သို့ ကျိုးဖောက်နိုင်မည့်နေ့မှာ သိပ်မဝေးတော့ကြောင်း ခန့်မှန်းနိုင်သည်။

ယခုအခါ ချူရွှမ် ပြုလုပ်ရမည့်အရာမှာ မိစ္ဆာနှိမ်နင်းရေးဌာနနှင့် မြို့စောင့်အကျဉ်းထောင်ဌာနတို့မှ ကွပ်မျက်ရန် မိစ္ဆာများနှင့် ဝိညာဉ်ဆိုးများကို အဆက်မပြတ် ပို့ဆောင်ပေးလာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းရန်သာ ရှိတော့သည်။

သို့သော် သူ မမျှော်လင့်ထားသော ကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ကျန်းလုံနှင့် ကျောက်ဟူတို့ကို မိစ္ဆာအသားများ ပေးကာ အိမ်ပြန်ခိုင်းပြီးနောက်... ချူရွှမ်တစ်ဦးတည်း တရားစီရင်ရေးရုံးတော်သို့ ပြန်ရောက်လာသောအခါ၊ သူ၏ ရုံးတော်တံခါးဝတွင် ‘ခေါင်းတလား’ တစ်ခုကို လာရောက်ချထားသည်ကို မျက်နှာပျက်ဖွယ် တွေ့လိုက်ရသည်။

ချူရွှမ်၏ ဒေါသက ဝုန်းကနဲ ထွက်လာခဲ့သည်။ သူသည် တံခါးစောင့်နေသော ထောင်စောင့်အချို့ကို ကြည့်ကာ “ညီအစ်ကိုတို့... ဒီခေါင်းတလားက ဘာကိစ္စလဲ” ဟု မေးလိုက်သည်။ သူက ရာထူးတက်ကာစပဲ ရှိသေးသည်၊ တစ်စုံတစ်ယောက်က သူ့ကို လာရောက် စိန်ခေါ်နေခြင်းလား။

“ထောင်မှူးချူ... မဟုတ်ပါဘူး၊ အရာရှိမင်းကြီး...”

“ဘာ... မင်းက မိစ္ဆာတွေကို သတ်ရုံတင်မကဘဲ အမှုတွေကို မျှတအောင် စီရင်ပေးတတ်တယ်ဆိုတဲ့ အရာရှိမင်းကြီး ချူရွှမ်လား၊ အရာရှိမင်းကြီး... မိုးကောင်းကင်ကြီးအလား မျှတတဲ့ အရာရှိမင်းကြီးရယ်... ဒီအဖွားအိုအတွက် တရားမျှတမှု ရှာပေးပါဦး ကျွန်မရဲ့ သနားစရာ သားလေး...”

ထိုအခါ အဘွားအိုတစ်ဦးသည် ပြေးဝင်လာပြီး ချူရွှမ်၏ ရှေ့တွင် ဒူးထောက်လျက် အသည်းအသန် ဦးညွှတ်ကာ ငိုယိုအော်ဟစ်တော့သည်။ ဘေးမှ ထောင်စောင့်က “အရာရှိမင်းကြီးချူ... ဒီခေါင်းတလားက ဒီအဘွားအို ယူလာတာပါ။ ကျွန်တော်တို့ သူ့ကို အခုပဲ မောင်းထုတ်လိုက်ပါ့မယ်” ဟု ပြောသည်။

“နေဦး... ဘာဖြစ်တာလဲဆိုတာ အရင်မေးကြည့်ရအောင်။” ချူရွှမ်က ထောင်စောင့်ကို တားလိုက်သည်။

ပထမအချက်အနေဖြင့် ထိုအဘွားအိုသည် စုတ်ပြတ်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အသက်ရှူသံမှာ အားနည်းလှသည်။ ဒုတိယအချက်အနေဖြင့် သူ၏ 'ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ' က မည်သည့် အန္တရာယ်ရှိသော အငွေ့အသက်ကိုမျှ အာရုံမခံမိချေ။ ဤသည်မှာ ထိုအဘွားအိုသည် သူ့ကို ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်ရန် စေလွှတ်ထားသော ရန်သူမဟုတ်ကြောင်း သက်သေပြနေသည်။

“အဘွား... အရင်ထပါဦး။ ဘာဖြစ်တာလဲဆိုတာ ဖြည်းဖြည်းချင်း ပြောပြပါ။”

ချူရွှမ်သည် ညင်သာသော အလင်းစွမ်းအားတစ်ခုကို ထုတ်ဖော်ကာ အဘွားအိုကို အတင်းအကျပ် တွဲထူပေးလိုက်သည်။ ဒူးထောက်၍ မရတော့သည်ကို မြင်သောအခါ အဘွားအိုသည် ခေါင်းတလားကို လက်ညှိုးထိုးပြကာ မျက်ရည်စက်လက်ဖြင့် ပြောပြတော့သည်။

“အရာရှိမင်းကြီးချူ... ဒီခေါင်းတလားထဲမှာ ရှိနေတာက ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော သားလေးပါ။ အရာရှိမင်းကြီးချူက တရားစီရင်ရေး အရာရှိ ဖြစ်လာတယ်လို့ ကြားလို့... ကျွန်မရဲ့ သားလေးအတွက် တရားမျှတမှု ရှာပေးဖို့ လာရောက်တောင်းပန်တာပါ ဘုရား...”

ပြောပြီးသည်နှင့် အဘွားအိုက ထပ်မံ ငိုကြွေးပြန်သည်။

သို့သော် ချူရွှမ်မှာမူ ပိုမို၍ ဝေဝါးသွားခဲ့ရသည်။ “အဘွား... ကျွန်တော်က တရားစီရင်ရေး အရာရှိ ဆိုတာ မှန်ပေမဲ့၊ ကျွန်တော် ကိုင်တွယ်တာက မိစ္ဆာတွေနဲ့ ဝိညာဉ်ဆိုးတွေ အမှုပဲဗျ။ အဘွားနဲ့ အဘွားရဲ့သားက သာမန်လူတွေပဲလေ။ အမှုဖွင့်ချင်ရင် သာမန်ရုံးတော်တွေကို သွားရမှာပါ။ အဘွား နေရာမှားလာတာ ထင်တယ်”

အခန်း (၁၃၇)

ရာဇပလ္လင်က လက်တစ်ကမ်းအလိုမှာ

“မဟန်ပါဘူးရှင်... ဒီအဖွားအို နေရာမှားလာတာ မဟုတ်ပါဘူး။ အရာရှိမင်းကြီးရယ်... အဲဒီရုံးတော်တွေ အကုန်လုံးကို ကျွန်မ သွားခဲ့ပြီးပါပြီ။ သွားခဲ့တဲ့ အကြိမ်တိုင်းမှာ အရိုက်ခံရပြီး အပြင်ကို အလွှတ်ခံခဲ့ရတာပါ။ အရာရှိမင်းကြီး... ကြည့်ပါဦး...”

အဘွားအိုသည် ပြောရင်းဖြင့် ချူရွှမ်ကို ကျောပေးကာ သူ၏ စုတ်ပြတ်နေသော အဝတ်အစားများကို ပင့်တင်ပြလိုက်သည်။ သူ၏ အိုမင်းလှသော ကျောပြင်ပေါ်တွင်မူ... ကြာပွတ်ရာများမှာ တစ်ချက်ပြီးတစ်ချက် အထပ်ထပ် ထင်ကျန်နေခဲ့သည်။

၎င်းမှာ အလွန်ပင် ရင်နင့်စရာကောင်းသော မြင်ကွင်း ဖြစ်သည်။

“မင်းကြီး... ဒါတွေအားလုံးက မြို့စောင့်ရုံးက ရဲမက်တွေရဲ့ ကြာပွတ်ရာတွေပဲ” ဘေးတွင် ရှိနေကြသူများမှာ ကောင်းကင်အကျဉ်းထောင်မှ အကျဉ်းထောင်စောင့်များဖြစ်ကြရာ ကြာပွတ်ရာ၏ သဘောသဘာဝနှင့် မည်သည့် လက်နက်အမျိုးအစား ဖြစ်သည်ကို ချက်ချင်းပင် ခွဲခြားသိမြင်လိုက်ကြသည်။

ချူရွှမ်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ အကယ်၍သာ လုံးဝ လမ်းစပျောက်မနေပါက ဤမျှ အိုမင်းသော အဘွားအိုတစ်ဦးသည် သူ၏ အသစ်စက်စက် တရားစီရင်ရေးရုံးတော်ရှေ့သို့ ခေါင်းတလားကြီးကို ထမ်းပြီး လာရောက်လိမ့်မည် မဟုတ်ချေ။

“စုံစမ်းစမ်း၊ သေသေချာချာကို စုံစမ်းစမ်း၊ ဘယ်သူက လူကို သတ်ခဲ့တာလဲ၊ ပြီးတော့ ဘယ်သူက ခွင့်ပြုချက်ပေးလို့ ဒီရဲမက်တွေက သာမန် အဘွားအိုတစ်ယောက်ကို ဒီလောက်အထိ ရက်ရက်စက်စက် ရိုက်နှက်ရဲတာလဲဆိုတာ ငါ သိချင်တယ်”

ချူရွှမ်၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် အဘွားအိုကို ရုံးတော်အတွင်းသို့ ချက်ချင်း ခေါ်ဆောင်သွားပြီး အသေးစိတ်အချက်အလက်များကို မေးမြန်းတော့သည်။ ထို့ပြင် အကျဉ်းထောင်စောင့်တစ်ဦးကို ကောင်းကင်အကျဉ်းထောင်မှ သမားတော်တစ်ဦးကို ချက်ချင်း သွားရောက်ခေါ်ယူစေကာ အဘွားအို၏ ဒဏ်ရာများကို ကုသပေးစေခဲ့သည်။

ကျန်ရှိသော အကျဉ်းထောင်စောင့်များကိုမူ... ချူရွှမ်က အဘွားအို ပေးအပ်သော သဲလွန်စများအတိုင်း အမှုကို သေသေချာချာ ကွင်းဆင်းစုံစမ်းရန် ချက်ချင်း စေလွှတ်လိုက်တော့သည်။

ချူရွှမ်၏ ပြတ်သားလှသော အမှုအစီအမံများကို ကြည့်ပြီး ဝမ်ချောင်နှင့် မာဟန့်တို့က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းကို ညိတ်လိုက်ကြသည်။

“လူတွေက ပြောကြတယ်... ကွပ်မျက်သူဆိုတာ မျက်တောင်မခတ်တမ်း လူသတ်တတ်တဲ့ သွေးအေးရက်စက်သူတွေပေါ့။ ဒါပေမဲ့ ကွပ်မျက်သူဆိုတာလည်း လူသားပဲ၊ လူ့လောကရဲ့ အပူအအေး၊ အမှားအမှန်နဲ့ အကောင်းအဆိုးကို ခွဲခြားသိတတ်တယ်ဆိုတာ ဘယ်သူသိမှာလဲ”

“ဒါပေမဲ့... ဒီအမှုက ကိုင်တွယ်ဖို့ မလွယ်ဘူးဗျ။ တော်ဝင်မြို့တော်ရဲ့ ရုံးတော်အသီးသီးက ဒီလောက်အထိ ငြင်းပယ်ရဲတယ်ဆိုရင်... ကြည့်ရတာ အဲဒီနောက်ကွယ်က လူက...”

ထိုနှစ်ဦးသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး သူတို့၏ မျက်နှာအမူအရာများမှာ ပြန်လည် တည်ကြည်သွားခဲ့သည်။ လက်တွေ့တွင် ထိုနှစ်ဦး မပြောလျှင်ပင် ချူရွှမ်အနေဖြင့် အများစုကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သာမန်ရုံးတော်မှ ရဲမက်များက အဘွားအိုကို ရက်စက်စွာ ရိုက်နှက်ပြီး အမှုကို မကြားနာရဲလောက်အောင် ဖြစ်စေခဲ့လျှင်... အဘွားအို၏ သားကို သတ်ခဲ့သောသူ၏ အဆင့်အတန်းမှာ အလွန်ပင် ကြီးမားလှပေလိမ့်မည်။

သမားတော်အား အဘွားအို၏ ဒဏ်ရာများကို ကုသပေးစေစဉ်အတွင်း... ချူရွှမ်သည် အချက်အလက်များစွာကို စုဆောင်းရရှိခဲ့သည်။ အဘွားအို၏ သားဖြစ်သူမှာ ‘ဝမ်ရှောင်ဝူ’ ဟု အမည်ရပြီး သူတို့မိသားစုမှာ မျိုးဆက်ပေါင်းများစွာ ဆေးဖက်ဝင်အပင်များကို ရှာဖွေရောင်းချသူများ ဖြစ်ကြသည်။

လတိုင်းလိုလိုပင် ဝမ်ရှောင်ဝူသည် တော်ဝင်မြို့တော်မှ ထွက်ခွာကာ အနီးနားရှိ နာမည်ကြီး တောင်တန်းများနှင့် မြစ်ဝှမ်းများတွင် ဆေးပင်အမျိုးမျိုးကို လိုက်လံရှာဖွေလေ့ရှိသည်။ တိုက်ဆိုင်စွာဖြင့် လွန်ခဲ့သော တစ်လခန့်က... ဝမ်ရှောင်ဝူသည် ချောက်ကမ်းပါးတစ်ခု၏ မျက်နှာပြင်မှ အလွန်အဖိုးတန်သော ‘ဝိညာဉ်ဆေးပင်’ တစ်ပင်ကို မတော်တဆ ရရှိခဲ့သည်။

သူသည် ၎င်းကို တော်ဝင်မြို့တော်သို့ ပြန်လည်ယူဆောင်လာပြီး ကောင်းမွန်သော ဈေးနှုန်းတစ်ခုဖြင့် ရောင်းချရန် ကြံရွယ်ခဲ့သော်လည်း... လမ်းခရီး၌ ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်အရာရှိလေးတစ်ဦးက မြင်တွေ့သွားခဲ့သည်။ ထိုလူငယ်သည် ၎င်းကို ချက်ချင်းပင် ဝယ်ယူရန် တောင်းဆိုခဲ့သည်။

သူပေးသော ဈေးမှာ... ငွေပြား တစ်ဆယ်မျှသာ။

သို့သော် တော်ဝင်မြို့တော်၏ ဈေးကွက်အတွင်း၌မူ... အဆိုးရွားဆုံးသော ဝိညာဉ်ဆေးပင်တစ်ပင်လျှင်ပင် ငွေပြား တစ်ရာခန့် ကျသင့်သည်။ အကယ်၍ ဝိညာဉ်ဆေးပင်၏ အရည်အသွေးက သာလွန်ကောင်းမွန်ပါက ကိုယ်ခံပညာရှင်များစွာ၏ လုယက်မှုကိုပင် ခံရနိုင်ပေသည်။ ဝမ်ရှောင်ဝူက သဘာဝအတိုင်း ငြင်းပယ်ခဲ့သည်။

ထိုသို့ဖြင့် နှစ်ဦးနှစ်ဖက်မှာ တစ်လခန့်တိုင်အောင် အခြေအနေ တင်းမာနေခဲ့သည်။ ဤအတောအတွင်း ဝမ်ရှောင်ဝူသည် ၎င်းကို အခြားသူများထံ ရောင်းချရန် ကြိုးစားခဲ့သော်လည်း ထိုလူငယ်၏ အကြိမ်ကြိမ် နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင် ဝမ်ရှောင်ဝူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အကယ်၍ တော်ဝင်မြို့တော်တွင် ရောင်း၍မရပါက သူသည် မြို့တော်မှထွက်ခွာကာ အခြားနေရာတွင် သွားရောက်ရောင်းချမည် ဖြစ်သည်။

သို့သော် သူ မြို့တော်မှ ထွက်ခွာသည်နှင့်... မျက်နှာဖုံးစွပ်လူအုပ်စုတစ်စု၏ ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံရပြီး သေဆုံးသွားခဲ့ရကာ ဝိညာဉ်ဆေးပင်မှာလည်း လုယူခြင်း ခံလိုက်ရတော့သည်။ ဤသည်မှာ အဘွားအို နေရာအနှံ့ အမှုလိုက်လံတိုင်ကြားရခြင်းနှင့် ရဲမက်များ၏ ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံရခြင်းတို့၏ အစပျိုးပင် ဖြစ်သည်။

ဤအကြောင်းအရာအားလုံးကို ကြားရပြီးနောက်... မည်မျှပင် သွေးအေးသောသူ ဖြစ်ပါစေ ဒေါသအဟုန် ထွက်ပေါ်လာရပေလိမ့်မည်။ ချူရွှမ်က ချက်ချင်းမေးမြန်းလိုက်သည်။ “အဘွား... အဘွားရဲ့သား ရခဲ့တဲ့ ဝိညာဉ်ဆေးပင်က ဘာအပင်လဲဗျ”

“အရာရှိမင်းကြီးချူ... အဲဒါက ‘ဝိညာဉ်ဝါးမြိုမြက်’ ပါ။ ဒီအဖွားအိုကတော့ အဲဒါရဲ့ အာနိသင်ကို သေသေချာချာမသိပါဘူး၊ ဒါပေမဲ့ ကျွန်မရဲ့သားက ပြောတယ်... အဲဒီဆေးပင်က အရမ်းကို အဖိုးတန်လို့ လူဆိုးတွေရဲ့ ရန်ပြုခြင်းကို ခံရတာပါတဲ့။ အရာရှိမင်းကြီးရယ်... ကျွန်မတို့အတွက် တရားမျှတမှု ရှာပေးပါဦး...”

ပြောရင်းဖြင့် အဘွားအိုက ထပ်မံ ငိုကြွေးပြန်သည်။

ချူရွှမ်က အလျင်အမြန်ပင်။ “အဘွား စိတ်ချပါ... အခြေအနေတွေကသာ အမှန်တကယ်ဖြစ်ရင် ကျွန်တော် အဘွားအတွက် တရားမျှတမှု မလွဲမသွေ ရှာပေးပါ့မယ်” ဟု နှစ်သိမ့်လိုက်သည်။

သို့သော်လည်း သူသည် ဤ ‘ဝိညာဉ်ဝါးမြိုမြက်’ အကြောင်းကို တစ်ကြိမ်မျှမကြားဖူးချေ။ ၎င်းသည် ဝိညာဉ်နှင့် သက်ဆိုင်နေခြင်းလား။ အကယ်၍ ထိုသို့ဆိုလျှင် ဝမ်ရှောင်ဝူ အသတ်ခံရခြင်းမှာ အဓိပ္ပာယ်ရှိသွားပေပြီ။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ အကျဉ်းထောင်စောင့်များ၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။

အဘွားအိုကို ခေတ္တနှစ်သိမ့်ပြီးနောက် ချူရွှမ်သည် ရုံးတော်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် အပြင်သို့ ထွက်ခွာကာ အမှုစုံစမ်းနေကြသော အကျဉ်းထောင်စောင့်များလည်း ပြန်လည်ရောက်ရှိလာကြသည်။ ချူရွှမ်ကို မြင်တွေ့ရသောအခါ သူတို့က အလျင်အမြန် လက်အုပ်ချီလျက်

“အရာရှိမင်းကြီး... အားလုံးကို အကြွင်းမဲ့ စုံစမ်းပြီးပါပြီ။ လူသတ်သမားကတော့ လင်းစစ်သူကြီးအိမ်တော်ရဲ့ သား ‘သခင်‌လေးလင်းရှောင်’ ပဲ”

“အော်... ဒီလောက်တောင် မြန်တာလား မင်းတို့ ဘယ်လို စုံစမ်းလိုက်တာလဲ” ချူရွှမ်က မေးမြန်းလိုက်သည်။

“လွယ်ပါတယ်ဗျာ။ ကျွန်တော်တို့ အဘွားအိုကို ရိုက်နှက်ခဲ့တဲ့ ရဲမက်တွေကို တိုက်ရိုက် သွားရောက်ဖမ်းဆီး စစ်ဆေးလိုက်တာပါ။ ကျွန်တော်တို့ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ ရှေ့မှောက်မှာ သူတို့ ဘယ်လိုလုပ် မုသားပြောရဲမှာလဲ၊ ချက်ချင်းပဲ ဝန်ခံကုန်ကြတာပေါ့။ ဒီသဲလွန်စအတိုင်း လိုက်သွားတော့ ချက်ချင်းပဲ အဖြေထွက်လာတာပဲ။ လင်းစစ်သူကြီးအိမ်တော်က ဝိညာဉ်ဆေးပင် လုပ်ငန်းတွေနဲ့ အသက်မွေးတာဖြစ်ပြီး တော်ဝင်မြို့တော်ရဲ့ ဆေးပင်လုပ်ငန်း ၇၀ ကနေ ၈၀ ရာခိုင်နှုန်းကို သူတို့ကပဲ ထိန်းချုပ်ထားတာပါ။ ဆေးပင်ရောင်းချချင်တဲ့ ဆေးသမားအားလုံးက လင်းစစ်သူကြီးအိမ်တော်ရဲ့ မျက်နှာကို ကြည့်ပြီး လုပ်ကြရတာချည်းပဲ။”

“လင်းရှောင်က အာဏာကို အားကိုးပြီး အဓမ္မ ဝယ်ယူခြင်းနဲ့ လုယက်ခြင်းတွေကို မကြာခဏ ပြုလုပ်လေ့ရှိတယ်။ သူကသာ ဝိညာဉ်ဆေးပင်တစ်ပင်ကို သဘောကျရင် ဈေးနှုန်းအနှိမ့်ဆုံးနဲ့ ဝယ်ယူလေ့ရှိပြီး... ဝယ်လို့မရရင်တော့ အတင်းအဓမ္မ လုယူတာ သို့မဟုတ် လျှို့ဝှက်သတ်ဖြတ်တာမျိုး လုပ်တတ်ပါတယ်။ ဒီလို ရိုက်နှက်သတ်ဖြတ်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရဖူးပါတယ်”

“ဒါနဲ့ အရာရှိမင်းကြီး... ကျွန်တော်တို့ လင်းရှောင်ရဲ့ လက်ပါးစေတစ်ယောက်ကိုပါ ဖမ်းဆီးလာခဲ့ပါတယ်။ အရာရှိမင်းကြီး စစ်ဆေးချင်ပါသလား”

“ခေါ်လာခဲ့စမ်း” ချူရွှမ် အလွန်ပင် ကျေနပ်သွားခဲ့သည်။ ကောင်းကင်အကျဉ်းထောင်မှ အကျဉ်းထောင်စောင့်များ၏ အမှုဖြေရှင်းနိုင်စွမ်းမှာ သာမန်ရုံးတော်များထက် များစွာ သာလွန်လှသည်။ မကြာမီမှာပင် ခြေထောက်နှစ်ဖက်လုံး ကျိုးနေသော ပိန်လှီလှသော လူတစ်ဦးကို အတွင်းသို့ ဆွဲခေါ်လာခဲ့ကြသည်။

ဤနေရာတွင် ချူရွှမ်သည် အဘွားအိုကိုပါ အတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး ရုံးတော်အလယ်ရှိ ခေါင်းတလားကို လက်ညှိုးထိုးပြကာ “မင်း ဒီခေါင်းတလားထဲမှာရှိတဲ့ ဝမ်ရှောင်ဝူနဲ့ ဒီအဘွားအိုကို မှတ်မိလား” ဟု မေးလိုက်သည်။

ထိုပိန်လှီသောလူသည် ကြည့်လိုက်ရာ ချက်ချင်းပင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားပြီး အသည်းအသန် ဦးညွှတ်တော့သည်။ “အရာရှိမင်းကြီး... အသက်ချမ်းသာပေးပါ ကျွန်တော့်အပြစ် မဟုတ်ပါဘူးဗျာ၊ ဒါတွေအားလုံးက သခင်လေးလင်းရှောင်ရဲ့ အမိန့်ကြောင့်ပါ။ ကျွန်တော်က ရဲမက်တွေကို လာဘ်ထိုးတဲ့ တာဝန်ကိုပဲ ယူခဲ့တာပါ၊ ဝမ်ရှောင်ဝူကို ကျွန်တော် မသတ်ခဲ့ပါဘူး။”

“အော်... ဒါဆိုရင် ဘယ်သူက ဝမ်ရှောင်ဝူကို သတ်ခဲ့တာလဲ”

“ဒါက...” ထိုလူက တုံ့ဆိုင်းနေခဲ့သည်။

“ဆွဲထုတ်သွားပြီး သူ့ရဲ့ လက်နှစ်ဖက်လုံးကိုပါ ချိုးပစ်လိုက်ကြစမ်း။ ”ချူရွှမ်သည် အပိုစကားများ ပြောမနေချေ။ ဘေးမှ အကျဉ်းထောင်စောင့်များကလည်း ရက်စက်သောအပြုံးများဖြင့် လှုပ်ရှားရန် ပြင်လိုက်ကြသည်။

ထိုလူသည် ကြောက်လန့်လွန်းသဖြင့် ဆီးပင်ထွက်ကျလာခဲ့ပြီး အသည်းအသန် အော်ဟစ်တော့သည်။ “သခင်လေးလင်းရှောင်ကိုယ်တိုင်ပါဗျာ၊ သခင်လေးလင်းရှောင်က ဝမ်ရှောင်ဝူကို သေအောင်အထိ ကန်ကျောက်ပြီး ဝိညာဉ်ဆေးပင်ကို လုယူသွားတာကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့တာပါ။”

“အော်... ဒါဆိုရင် အခု သခင်လေးလင်းရှောင်က ဘယ်မှာလဲ” ချူရွှမ်က အေးစက်စွာ ထပ်မံ ဖိအားပေးလိုက်သည်။

ထိုလူသည် မည်သည့်အရာကိုမျှ မဖုံးကွယ်ရဲတော့ဘဲ။ “အရာရှိမင်းကြီး... ကျွန်တော် ပြောရင် ကျွန်တော့်ကို အသက်ချမ်းသာပေးမှာလားဗျာ”

“ပြောစမ်း... မင်းကို ငါမသတ်ဘူးလို့ အာမခံတယ်”

“ကောင်းပါပြီ... ကျွန်တော့်အသက်ကို ကယ်တင်ဖို့အတွက် သခင်လေးလင်းရှောင်ကိုပဲ တောင်းပန်ရတော့မှာပဲ။ ဝမ်ရှောင်ဝူကို သေအောင်ကန်ခဲ့တာ သခင်လေးလင်းရှောင်ကိုယ်တိုင်ပါ။ လောလောဆယ် သခင်လေးလင်းရှောင်က ‘စတုတ္ထမင်းသား’ ရဲ့ အိမ်တော်မှာ ကျင်းပတဲ့ ဂုဏ်ပြုပွဲကို သွားနေပါတယ်ဗျာ။ ယနေ့က စတုတ္ထမင်းသားရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး... သခင်လေးလင်းရှောင်က အဲဒီ ဝိညာဉ်ဆေးပင်ကို လုယူပြီး စတုတ္ထမင်းသားဆီ မွေးနေ့လက်ဆောင်အဖြစ် သွားရောက်ဆက်သဖို့ လုပ်နေတာပါ”

ထိုလူ၏ စကား ဆုံးသွားသည်နှင့်... ရုံးတော်အတွင်းရှိ အကျဉ်းထောင်စောင့်အားလုံး အသက်ရှူပင် မှားသွားကြသည်။ “ဘာ... ဒီကိစ္စက တော်ဝင်မျိုးနွယ်စုနဲ့ပါ ပတ်သက်နေတာလား အရာရှိမင်းကြီး... ဒါကတော့ တကယ်ကို ဒုက္ခရောက်မယ့် ကိစ္စပဲဗျ။ သာမန် အာဏာရှိတဲ့ အထက်တန်းလွှာတွေဆိုရင် ထားလိုက်ဦး... တော်ဝင်မျိုးနွယ်စုနဲ့ ပတ်သက်လာရင်တော့ ခြေလှမ်းတစ်လှမ်းမှားတာနဲ့ ဘဝပျက်သွားနိုင်တယ်။ ဒါတင်မကသေးဘူး... မင်းသားတွေထဲမှာ စတုတ္ထမင်းသားက ဧကရာဇ်မင်းမြတ်ရဲ့ ယုံကြည်မှုကို အခံရဆုံးဖြစ်ပြီး တော်ဝင်မြို့တော်မှာ နေထိုင်ခွင့်ရတဲ့ တစ်ဦးတည်းသော မင်းသားလို့ ကောလာဟလတွေ ရှိနေတယ်ဗျ”

“အနာဂတ်ရဲ့ ရာဇပလ္လင်ဟာ စတုတ္ထမင်းသားဆီကိုပဲ ကျရောက်ဖို့ အခွင့်အလမ်း အများဆုံးပဲလို့တောင် သတင်းတွေ ထွက်နေတာ။ အခုအချိန်မှာ စတုတ္ထမင်းသားကို ပြစ်မှားမိတာက အနာဂတ်ရဲ့ ဧကရာဇ်မင်းမြတ်ကို ပြစ်မှားမိတာနဲ့ အတူတူပဲ” အကျဉ်းထောင်စောင့်များအားလုံး စိုးရိမ်ပူပန်သွားကြသည်။

နတ်အဆင့် နဝမအလွှာ ရှိသော စီနီယာကြီးနှစ်ဦးဖြစ်သည့် ဝမ်ချောင်နှင့် မာဟန့်တို့ပင် မျက်နှာပျက်ပျက်ဖြင့် လျှောက်လှမ်းလာကြပြီး။ “ချူလေး... မင်း သေသေချာချာ စဉ်းစားဦးနော်။ အာဏာရှိတဲ့သူတွေကို ပြစ်မှားမိတာက မကြောက်ရပေမဲ့... အနာဂတ်မှာ ရာဇပလ္လင်ပေါ် တက်လှမ်းဖို့ အလားအလာအရှိဆုံးဖြစ်တဲ့ စတုတ္ထမင်းသားကို ပြစ်မှားမိရင်တော့...” ဟု သတိပေးလိုက်ကြတော့သည်။

All Chapters