← Chapters

အခန်း (၁၃၈-၁၃၉)

Vol. 10 Ch. 138-139

အခန်း (၁၃၈-၁၃၉)

Vol. 10 Ch. 138-139

အခန်း (၁၃၈)

မင်းသားဆိုတာ ဘာကောင်မို့လို့လဲ

“ပြစ်မှားမိတော့ ဘာဖြစ်လဲဗျာ”

“ထောင်မှူးကြီးက ကျွန်တော့်ကို တရားစီရင်ရေး အရာရှိအဖြစ် ခန့်အပ်ခဲ့တာပဲ။ အကယ်၍ ရာထူးတက်ခါစ အရာရှိအသစ်ဖြစ်တဲ့ ကျွန်တော်က ဒါကိုတင် ကြောက်၊ ဟိုဟာကိုတင် လန့်နေမယ်ဆိုရင်... အကျဉ်းထောင်မှူးချုပ်ရဲ့ မျှော်လင့်ချက်တွေကို အလဟဿ ဖြစ်စေရာ ရောက်မှာပေါ့။”

ဒါ့အပြင်... လက်ဝဲအမတ်ချုပ်က သူ့ကို မိစ္ဆာတစ်ရာ သတ်ခိုင်းဖို့ တောင်းဆိုတုန်းကလည်း ဧကရာဇ်အိုကြီးက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း သဘောတူခဲ့သည်။ ဤသည်မှာ လက်ရှိ ဧကရာဇ်သည် သက်ရှည်ဆေးလုံး ဖော်စပ်ဖို့ကလွဲရင်... သူကဲ့သို့သော ကွပ်မျက်သူတစ်ယောက်ကို လုံးဝ ထည့်တွက်မနေကြောင်း ပြသနေသည်။ ဧကရာဇ်ကိုယ်တိုင်ကပင် ဂရုမစိုက်လှလျှင် သူကရော တော်ဝင်မျိုးနွယ်စုကို အဘယ်ကြောင့် အရေးစိုက်နေရမည်နည်း။

ဤသို့တွေးပြီးသည်နှင့်... ချူရွှမ်သည် သူ၏ ‘သွေးသောက်အရူးဓားမ’ ကို ကောက်ကိုင်ကာ အပြင်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့တော့သည်။ ဤသည်ကို မြင်သောအခါ ဝမ်ချောင်နှင့် မာဟန့်တို့ ထိတ်လန့်သွားကြပြီး “ချူလေး... မင်း ဘယ်သွားမလို့လဲ စိတ်မလိုက်နဲ့ဦး”

“စိတ်မပူပါနဲ့ စီနီယာတို့... ကျွန်တော်က စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူ မဟုတ်ပါဘူး။”

“အရာရှိမင်းကြီး... ဒါဆိုရင် ကျွန်တော်ကောဗျာ၊ ကျွန်တော် အမှန်အတိုင်းပြောရင် အသက်ချမ်းသာပေးမယ်လို့ ကတိပေးထားတယ်လေ။” ချူရွှမ် စိတ်လိုက်မာန်ပါ မလုပ်တတ်ဟု ပြောသံကို ကြားရသောအခါ ခြေကျိုးနေသော ပိန်လှီလှသောလူမှာ စိတ်အေးသွားပြီး အလျင်အမြန် မေးလိုက်သည်။

ချူရွှမ်၏ မျက်နှာပေါ်တွင် အေးစက်လှသော အပြုံးငယ်တစ်ခု ပေါ်လာပြီး။ “မင်းလား ကဲ... သူ့ကို ကွပ်မျက်ရေးကွင်းထဲ ဆွဲထုတ်သွားကြစမ်း။ အဲဒီအဘွားအို ကြာပွတ်နဲ့ အချက်ဘယ်လောက် အရိုက်ခံခဲ့ရလဲ... သူ့ကို ဆယ်ဆ ပြန်ပေးဆပ်စေရမယ်”

ထိုလူသည် ကြောက်လန့်လွန်းသဖြင့် ပါးစပ်မှ အမြှုပ်များပင် ထွက်လာကာ မြေပြင်ပေါ်သို့ လဲကျလျက် တက်သွားတော့သည်။ ဆယ်ဆဆိုသည်မှာ ထားလိုက်ဦး... သူ၏ အားနည်းလှသော ခန္ဓာကိုယ်ဖြင့် ကြာပွတ် ဆယ်ချက်မျှ အရိုက်ခံရလျှင်ပင် နေရာမှာတင် အသက်ပျောက်သွားနိုင်ပေသည်။

“ချူ... မင်းက လူမဟုတ်ဘူး၊ မိစ္ဆာကောင် မိစ္ဆာကောင်ကြီး” ထိုလူသည် ရူးသွပ်စွာ အော်ဟစ်ဆဲဆိုသော်လည်း ထောင်စောင့်များ၏ ရက်စက်လှသော ရယ်မောသံများနှင့်သာ ကြုံတွေ့ရတော့သည်။ မကြာမီမှာပင် ကောင်းကင်အကျဉ်းထောင်နှင့် မလှမ်းမကမ်းရှိ ကွပ်မျက်ရေးကွင်းအတွင်းမှ ကြာပွတ်သံများ တဖျန်းဖျန်း ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့လေသည်။

သို့သော်လည်း တော်ဝင်မြို့တော်၏ အခြားတစ်ဖက်ရှိ မင်းသားများ၏ အိမ်တော်အတွင်း၌မူ... ကခုန်သီဆိုသံများနှင့်အတူ အလွန်အမင်း စည်ကားသိုက်မြိုက်နေခဲ့သည်။ အရာရှိအမြောက်အမြားသည် စတုတ္ထမင်းသားကို ဝိုင်းအုံလျက် ဖားယားနေကြပြီး... အာဏာရှိသူများကလည်း မဟာချင်ပြည်ထောင်၏ အနာဂတ်ဧကရာဇ် ဖြစ်လာမည့်သူကို မျက်နှာသာရရန် အစွမ်းကုန် ကြိုးစားနေကြသည်။

သဘာဝအတိုင်း စတုတ္ထမင်းသားကိုယ်တိုင်ကလည်း အလွန် အရည်အချင်းရှိသူ ဖြစ်သည်။ သူသည် မင်းသားအားလုံးထဲတွင် ပါရမီအရှိဆုံးနှင့် ကိုယ်ခံပညာကျင့်ကြံမှု အမြင့်မားဆုံး ဖြစ်ရုံတင်မကဘဲ... အဓိကအချက်မှာ ဧကရာဇ်အိုကြီးအတွက် သက်ရှည်ဆေးလုံးများ ရှာဖွေပေးရာတွင် အတက်ကြွဆုံး ဖြစ်သောကြောင့်ပင်။ ထိုအတွက်ကြောင့် သူသည် တောင်တန်း တောတောင်အထပ်ထပ်ကို ဖြတ်ကျော်ရန်ပင် ဝန်မလေးခဲ့ချေ။

မကြာသေးမီကပင်... စတုတ္ထမင်းသားသည် မိမိ၏ စွမ်းဆောင်ရည်ကို အားကိုးကာ တော်ဝင်မြို့တော်အတွင်းရှိ ကြာနီဂိုဏ်း၏ နောက်ဆုံး လျှို့ဝှက်စခန်းကို ဖျက်ဆီးပစ်ခဲ့ရုံတင်မကဘဲ၊ သဲလွန်စများအတိုင်း ကြာနီဂိုဏ်းဝင်များ၏ မိသားစုဝင်များစွာကိုပါ သတ်ဖြတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဤမိသားစုဝင်များကို ဓားစာခံလုပ်ကာ စတုတ္ထမင်းသားသည် သုံးလအတွင်း ကြာနီဂိုဏ်း၏ အခြေစိုက်စခန်း အများအပြားကို ထပ်မံချေမှုန်းခဲ့ပြီး ကြာနီဂိုဏ်းဝင် တစ်ထောင်ထက်မနည်းကို သတ်ဖြတ်ခဲ့သည်။ ကြာနီဂိုဏ်း၏ တမန်တော် ဆယ်ဂဏန်းကျော်ကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။

ဤသည်ကြောင့် ကြာနီဂိုဏ်းချုပ်မှာ အလွန် အထိနာသွားခဲ့ရသည်။ သူသည် ခိုးယူခဲ့သော နဂါးကိုးဖော် ဝိုင်အိုးကိုလည်း မရရှိခဲ့ဘဲ ချင်ထျန်းမိစ္ဆာဘုရင်နှင့် ကြာနီဂိုဏ်း၏ သခင်လေးကိုပါ ဆုံးရှုံးခဲ့ရကာ... ယခုအခါ နောက်လိုက်များ၏ မိသားစုဝင်များနှင့် စခန်းအမြောက်အမြားပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ဤအခြေအနေကြောင့် ကြာနီဂိုဏ်းအတွင်းရှိ လူအများအပြားက ကြာနီဂိုဏ်းချုပ်အပေါ် ပြင်းထန်စွာ မကျေမနပ် ဖြစ်လာကြတော့သည်။ ဆန့်ကျင်ဘက်အနေဖြင့်မူ... တစ်ကြိမ်မျှ မျက်နှာပြဖူးခြင်း မရှိသေးသော မဟာယွဲ့တော်ဝင်မျိုးနွယ်စု၏ ဆက်ခံသူ၊ ပဒေသရာဇ်ဘုရင် ဆက်ခံသူ၏ ဂုဏ်သတင်းမှာ ကြာနီဂိုဏ်းအတွင်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာပြီး အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

စတုတ္ထမင်းသား၏ စုံစမ်းမှုများအရ ကြာနီဂိုဏ်းအတွင်း၌ ကြာနီဂိုဏ်းချုပ်အား ရာထူးမှဆင်းပေးရန် တိုးတိုးတိတ်တိတ် တောင်းဆိုသံများပင် ထွက်ပေါ်နေကြောင်း သိရသဖြင့် စတုတ္ထမင်းသားမှာ အနည်းငယ် အံ့ဩမိသော်လည်း ပို၍မူ မနာလို ဖြစ်မိသည်။

သူတို့နှစ်ဦးလုံးက တော်ဝင်မျိုးနွယ်စုဝင်ချင်း အတူတူပင်။ အဘယ်ကြောင့် ထိုမဟာယွဲ့ တော်ဝင်မျိုးနွယ်စုဝင်က ဤမျှ ငယ်ငယ်ရွယ်ရွယ်ဖြင့် မဟာဆရာသခင်နယ်ပယ်သို့ ကျိုးဖောက်နိုင်ခဲ့ပြီး... သူကဲ့သို့သော တော်ဝင်မင်းသားတစ်ပါးကမူ မကျိုးဖောက်နိုင်ရသနည်း။

“အဲဒီ အစုတ်ပလုတ် ကြာနီဂိုဏ်း... မင်းတို့ စောင့်နေလိုက်ဦး၊ ငါမင်းသားရဲ့ အရှိန်အဝါကို တည်ဆောက်ဖို့အတွက် တစ်နေ့ကျရင် မင်းတို့အားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်မယ်” ဤသို့တွေးရင်း စတုတ္ထမင်းသားသည် ဝိုင်ကောင်းကို တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။

“ကောင်းလှပါတယ် အရှင်မင်းသား” ဘေးပတ်ဝန်းကျင်ရှိ အရာရှိများက ကျယ်လောင်စွာ ချီးကျူးအော်ဟစ်ကြသည်။

အထူးသဖြင့် လင်းရှောင်သည် အားတက်သရော လက်ခုပ်တီးနေခဲ့သည်။ အချိန်အခါကောင်း ရောက်ပြီဟု မြင်သောအခါ လင်းရှောင်သည် လှပသော အစေခံမိန်းကလေးတစ်ဦးကို သေတ္တာတစ်လုံးအား စတုတ္ထမင်းသားထံသို့ သယ်ဆောင်သွားစေရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

သူကိုယ်တိုင်လည်း ဝုန်းကနဲ ဒူးထောက်ချလိုက်ပြီး “စတုတ္ထမင်းသား... ကျွန်တော်မျိုး လင်းစစ်သူကြီးအိမ်တော်ရဲ့ လင်းရှောင်က အရှင်မင်းသားအတွက် ထူးခြားဆန်းပြားတဲ့ ထိပ်တန်းဝိညာဉ်ဆေးပင်ကို အထူးတလည် ပြင်ဆင်ပြီး ဆက်သလာတာပါ ဘုရား။ အရှင်မင်းသား သက်တော်ရာကျော် ရှည်ပါစေကြောင်း ကြိုတင်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်”

အို...

ဘေးပတ်ဝန်းကျင်ရှိ အရာရှိအားလုံး ထိတ်လန့်သွားကြသည်။ ‘သက်တော်ရာကျော်ရှည်ပါစေ’ ဆိုသည်မှာ ပုံမှန်အားဖြင့် ဧကရာဇ်မင်းမြတ်အတွက်သာ သုံးရသော ဆုတောင်းစကား ဖြစ်သည်။ ဤလင်းမျိုးနွယ်ကောင်သည် အလွန်အရှက်မဲ့လှသည်၊ ဤမျှ အောက်တန်းကျသော မြှောက်ပင့်စကားကိုတောင် ပြောဆိုရဲသည်။ တောက်... ငါတို့ ဘာလို့ အဲဒါကို အရင်မတွေးမိခဲ့တာလဲ အရာရှိများစွာ၏ မျက်လုံးများမှာ မနာလိုမှုကြောင့် နီမြန်းလာကြသည်။

စတုတ္ထမင်းသားလည်း အလွန်အမင်း ဝမ်းသာသွားခဲ့သော်လည်း အပြင်ပန်းတွင်မူ ဟန့်တားလိုက်သည်။ “လျှောက်လဲမပြောနဲ့... လင်းရှောင် ဟုတ်လား ငါ မင်းကို မှတ်မိပြီ။ နောက်တစ်ခါကျရင် စကားကို ဆင်ခြင်ပြီးပြော”

လင်းရှောင်၏ နှလုံးသားထဲတွင် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့သည်။ သူ၏အမည်ကို စတုတ္ထမင်းသား မှတ်မိသွားပြီဖြစ်ရာ အနာဂတ်တွင် မင်းသား ပလ္လင်ပေါ်တက်သည့်အခါ သူသည် တော်ဝင်မြို့တော်တွင် မင်းမူနိုင်တော့မည် မဟုတ်ပါလား။ ကြည့်ရတာ နည်းလမ်းအချို့သုံးပြီး အဲဒီဝိညာဉ်ဆေးပင်ကို လုယူခဲ့တာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ဘာပဲဖြစ်ဖြစ် သေသွားတဲ့ကောင်က သာမန် အရပ်သားတစ်ယောက်ပဲလေ။ ငါတို့လို အာဏာရှိတဲ့သူတွေရဲ့ မျက်စိထဲမှာ သာမန်လူ ဘယ်နှစ်ယောက်သေသေ ဘာမှအရေးမကြီးဘူး။

လင်းရှောင်သည် အမြန်ထရပ်ကာ အစေခံမိန်းကလေးအား ဝိညာဉ်ဆေးပင်ကို မင်းသားထံ ပေးအပ်စေခဲ့ပြီး၊ မင်းသားက အတွင်းရှိ အဖိုးတန်ဆေးပင်ကို မြင်တွေ့ကာ သူ့ကို အထူးတလည် မျက်နှာသာပေးမည့် အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့သည်။

သို့သော် လင်းရှောင် မျှော်လင့်သလို ဖြစ်မလာခဲ့ချေ။

ထိုအစား... သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ဝင် တစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး။ “အရှင်မင်းသား... အဆင့် ၅ တရားစီရင်ရေး အရာရှိ ချူရွှမ်က အပြင်မှာ တွေ့ဆုံခွင့် တောင်းခံနေပါတယ်” ဟု အစီရင်ခံသည်။

“ဘာ တရားစီရင်ရေး အရာရှိလဲ၊ ငါတို့ မဟာချင်ပြည်ထောင်မှာ ဒီလိုရာထူး ရှိလို့လား”

“အစကတော့ မရှိပါဘူး ဘုရား၊ ဒါပေမဲ့ အခုတော့ ရှိပါပြီ။ အဲဒီ တရားစီရင်ရေး အရာရှိဆိုတာကတော့... အကျဉ်းထောင်ရဲ့ ကွပ်မျက်သူ ချူရွှမ် ပါပဲ”

“ဘာ... ချူရွှမ် ဟုတ်လား၊ သူလို အဆင့်နိမ့်ကျတဲ့ ကွပ်မျက်သူက သူ့ကိုယ်သူ တရားစီရင်ရေး အရာရှိလို့ ခေါ်ဝံ့တယ်ပေါ့၊ တကယ်ကို ရာထူးတက်ခါစ စိတ်ကြီးဝင်နေတာပဲ ဒါတင်မကသေးဘူး... ဒီကောင်က မူလက ငါတို့ အာဏာရှိသူတွေနဲ့ သက်ဆိုင်တဲ့ မိစ္ဆာအသားနဲ့ သွေးတွေကို သာမန် ဆင်းရဲသားတွေဆီ ခွဲဝေပေးခဲ့သေးတယ်။ ဒါက ငါတို့လို အထက်တန်းလွှာတွေကို သူ လုံးဝ မျက်စိထဲ မထည့်ဘူးဆိုတာ သက်သေပြနေတာပဲ”

“အော်... ကျွန်တော် ကြားတာကတော့ ချူရွှမ်က လက်ဝဲအမတ်ချုပ်ရဲ့ သားကိုတောင် နှစ်ကြိမ်ဆက်တိုက် ရိုက်နှက်ခဲ့တာတဲ့ဗျာ။ ရိုက်နှက်တဲ့ အကြိမ်တိုင်းမှာ သူက ရာထူးတက်တယ်လေ လက်ဝဲအမတ်ချုပ်တောင် သူ့ကို ဘာမှလုပ်လို့မရဘူး။”

ရှူး...

ချူရွှမ်၏ တောက်ပလှသော အတိတ်က စွမ်းဆောင်ရည်များကို ကြားလိုက်ရသောအခါ... မူလက ကွပ်မျက်သူအား ကျိန်ဆဲနေကြသော အာဏာရှိသူများနှင့် အရာရှိများအားလုံး အသက်ရှူပင် မှားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ပိတ်သွားကြတော့သည်။ တစ်ခဏအတွင်းမှာပင် ဆူညံလှုပ်ရှားနေသော ပွဲတော်တစ်ခုလုံးသည် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ရသည်။

စတုတ္ထမင်းသားသည် အလွန်ပင် မကျေမနပ် ဖြစ်သွားခဲ့သည်။ သူက သာမန် ကွပ်မျက်သူတစ်ယောက်ပဲလေ၊ ဒီလောက်အထိ ကြောက်နေစရာ လိုလို့လား။

“အဲဒီ ချူရွှမ်ကို သွားပြောလိုက်... ငါ မအားဘူး၊ သူ့ကို မတွေ့နိုင်ဘူးလို့။” စတုတ္ထမင်းသားသည် သူ၏ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ထုတ်ဖော်လိုက်သည်။ သူ၏ အခြေခံအုတ်မြစ်မှာ အာဏာရှိသူများနှင့် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့များ ဖြစ်ကြသည်။ လူသတ်ခေါင်းဖြတ်ရုံသာ သိသော ကွပ်မျက်သူ မဟုတ်ချေ။

သို့သော် စတုတ္ထမင်းသား၏ စကားသံ ဆုံးရုံမျှသာ ရှိသေးစဉ်... အပြင်ဘက်မှ အလျင်စလို ခြေသံအမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ အချို့က သူ့ကို အသည်းအသန် တားဆီးရန် ကြိုးစားသော်လည်း ချူရွှမ်၏ တိုက်ရိုက်တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး... ချူရွှမ်သည် စတုတ္ထမင်းသား၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ ဦးညွှတ်လိုက်သည်။ “အဆင့် ၅ တရားစီရင်ရေး အရာရှိ ချူရွှမ်... စတုတ္ထအရှင်မင်းသားကို အရိုအသေပြုပါတယ် ဘုရား။”

“ချူရွှမ်... မင်း တကယ်ကို သတ္တိကောင်းလှချေလား ဒါက ငါမင်းသားရဲ့ မွေးနေ့ပွဲတော်ပဲ။ ငါမင်းသား မင်းကို မဖိတ်ကြားခဲ့ဘဲနဲ့ မင်းက အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့”

လက်တွေ့တွင် စတုတ္ထမင်းသားသည် မူလက သူ့ကို ဖိတ်ကြားရန် ကြံရွယ်ခဲ့သည်။ သူသည် ဤအခွင့်အရေးကို သုံးပြီး ချူရွှမ်ကို မိမိဘက်ပါအောင် ဆွဲဆောင်ရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။ သို့သော် ချူရွှမ်က မိစ္ဆာအသားများနှင့် သွေးများကို တစ်မြို့လုံးရှိ ဆင်းရဲသားများထံ ခွဲဝေပေးသည့် မိုက်မဲသော အလုပ်ကို လုပ်ခဲ့ကြောင်း ကြားသိရပြီးနောက်တွင်မူ... စတုတ္ထမင်းသားသည် ချူရွှမ်နှင့် လုံးဝ လမ်းခွဲကာ အကွာအဝေးတစ်ခု ထိန်းသိမ်းထားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။

သို့သော် ချူရွှမ်က ဤမျှအထိ အတင်းအဓမ္မ ဝင်ရောက်လာလိမ့်မည်ဟု သူ မည်သို့ ထင်ထားမည်နည်း။

စတုတ္ထမင်းသားသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ “ချူရွှမ်... မင်းကို ဒီနေရာမှာ မကြိုဆိုဘူး။ ဒူးထောက်ပြီး ဦးသုံးကြိမ်ချ၊ ငါမင်းသားကို မွေးနေ့ဆုတောင်းပေးပြီးရင် ချက်ချင်း ထွက်သွားစမ်း”

“ဘာ... ဒူးထောက်ပြီး မွေးနေ့ဆုတောင်းပေးရမယ် ဟုတ်လား၊ မင်းက ဘယ်လိုမင်းသားမျိုးမို့လို့လဲ လက်အောက်ငယ်သားတွေကို အလိုလိုက်ပြီး လူ့အသက်ကို တန်ဖိုးမထားတဲ့သူ... ဒီအရာရှိမင်းကြီးက မင်းကို နေရာမှာတင် ဖမ်းဆီးမသွားတာကပဲ မင်းကို မျက်နှာသာပေးလွန်းရာ ရောက်နေပြီ”

“ဒါ့အပြင်... မင်းတို့ထဲမှာ ဘယ်သူက လင်းရှောင်လဲ၊ မင်းရဲ့ ပြစ်မှုက ထင်ရှားနေပြီ။ ငါနဲ့အတူ တရားစီရင်ရေးရုံးတော်ကို အခုပဲ လိုက်ခဲ့စမ်း”

ချူရွှမ်၏ အကြည့်မှာ ဓားတစ်စင်းအလား အေးစက်လှစွာဖြင့် ရှိနေကြသော အရာရှိအားလုံး၊ အထူးသဖြင့် အာဏာရှိသော လူငယ်မျိုးနွယ်စုများကို စိုက်ကြည့်နေခဲ့သည်။ မကြာမီမှာပင်... သူသည် မိမိ၏ ပစ်မှတ်ကို ရှာဖွေတွေ့ရှိသွားခဲ့တော့သည်။

အခန်း (၁၃၉)

တပ်မှူး... သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်ပါ

ထိုသူကား... ဆန်းပြားလှသော မြစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။

သူ၏ မျက်နှာသွင်ပြင်မှာ ခွေးအအလား သေးသွယ်ပြီး နှာခေါင်းမှာ လင်းယုန်နှုတ်သီးကဲ့သို့ ကောက်ချိတ်နေသည်။ ခန္ဓာကိုယ်၏ ထူးခြားချက်များမှာ အလွန်ပင် မှတ်မိလွယ်လှပေသည်။

သူသည် အခြားသူမဟုတ်... လင်းစစ်သူကြီးအိမ်တော်၏ သခင်လေး ‘လင်းရှောင်’ ပင် ဖြစ်တော့သည်။

ချူရွှမ်က သူ့ကို ဖမ်းဆီးမည်ဟု ပြောသံကို ကြားလိုက်ရသောအခါ လင်းရှောင်သည် အလွန်အမင်း ဒေါသထွက်သွားပြီး မကျေမနပ်ဖြင့် “မင်းလို ကွပ်မျက်သူက ငါ့ကို ဘာလို့ ဖမ်းမှာလဲ ငါ ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ” ဟု အော်ဟစ်လိုက်သည်။

“ဘာလို့လဲ ဟုတ်လား မင်းက မင်းရဲ့ အရှိန်အဝါကို အားကိုးပြီး အဓမ္မ ဝယ်ယူခြင်း၊ လုယက်ခြင်းတွေ ပြုလုပ်ခဲ့ရုံတင်မကဘဲ... လူပေါင်းဆယ်ဂဏန်းကျော်ကိုပါ ရိုက်နှက်သတ်ဖြတ်ခဲ့တယ်။ ဒါတင်မကသေးဘူး... ‘ဝိညာဉ်ဝါးမြိုမြက်’ တစ်ပင်အတွက်နဲ့ ‘ဝမ်ရှောင်ဝူ’ ကို လူအများရှေ့မှာ သေအောင်အထိ ကန်ကျောက်သတ်ဖြတ်ခဲ့ပြီး၊ ဝမ်ရှောင်ဝူရဲ့ မိခင် အမှုမတိုင်ကြားနိုင်အောင် အရာရှိတွေကိုပါ လာဘ်ထိုးခဲ့သေးတယ်။ ဒီအရာရှိမင်းကြီးမှာ မင်းကို ဖမ်းဆီးပိုင်ခွင့် အပြည့်အဝရှိတယ် ကဲ... ငါနဲ့ လိုက်ခဲ့စမ်း”

ချူရွှမ်က အေးစက်စွာ ပြုံးလိုက်ပြီးနောက် ရှေ့သို့ လှမ်းကာ လင်းရှောင်၏ ကော်လာကို ဆွဲကိုင်၍ ထွက်ခွာရန် ပြင်လိုက်သည်။

ဤမြင်ကွင်းသည် ရောက်ရှိနေကြသော အရာရှိများနှင့် အထက်တန်းလွှာအားလုံးကို မှင်တက်သွားစေခဲ့သည်။ လင်းရှောင်သည် စစ်သူကြီးအိမ်တော်၏ သခင်လေးဖြစ်ကြောင်း လူတိုင်းသိကြသည်မဟုတ်ပါလား။ သူ့ကို ဤမျှ လွယ်လွယ်ကူကူ ဖမ်းဆီးသွား၍ ရပါမည်လား။

“ရူးနေတာပဲ”

“ရိုင်းစိုင်းလှချေလား”

“ဒီကွပ်မျက်သူက တကယ်ကို မောက်မာလွန်းတယ်”

ရောက်ရှိနေသော အထက်တန်းလွှာများအားလုံး ဒေါသတကြီး အော်ဟစ်ကြတော့သည်။ လင်းရှောင်သည်လည်း စတုတ္ထမင်းသားထံသို့ အလျင်အမြန် အကူအညီတောင်းခံတော့သည်။ “စတုတ္ထမင်းသား... ကျွန်တော့်ကို ကယ်ပါဦး ကျွန်တော် အပြစ်မရှိပါဘူး ဘုရား”

“တော်စမ်း၊ ချူရွှမ် မင်း ငါမင်းသားရှေ့မှာ ဘာလို့ မရပ်တန့်တာလဲ၊ မင်းရဲ့နောက်ကွယ်မှာ အကျဉ်းထောင်မှူးချုပ် ရှိနေရုံနဲ့... ငါမင်းသားရှေ့မှာ ဒီလောက်အထိ ရိုင်းစိုင်းလို့ရမယ် မထင်နဲ့။ ဟေ့လူတွေ... ဒီအရူးကို ဖမ်းဆီးစမ်း”

ဤအရေးကြီးသော အခိုက်အတန့်တွင် စတုတ္ထမင်းသား ရှေ့သို့ တစ်လှမ်းတိုးကာ တားဆီးလိုက်သည်။ ချူရွှမ်က သူ့ကို စော်ကားခဲ့သည်ကို ထားလိုက်ဦး... လင်းရှောင်သည် သူ၏ အရေးပါသော လူယုံတစ်ဦး ဖြစ်သဖြင့် ချူရွှမ်အား ဤအတိုင်း လူခေါ်ဆောင်သွားခွင့် လုံးဝ မပြုနိုင်ချေ။ စတုတ္ထမင်းသား၏ အမိန့်ပေးသံနှင့်အတူ... အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ထုတ်ဖော်လျက် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ ဆယ်ဂဏန်းကျော်သည် ချူရွှမ်၏ ဘေးပတ်ဝန်းကျင်တွင် ချက်ချင်း ပေါ်လာခဲ့ကြသည်။

ထို့ပြင် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၏ ကျင့်စဉ်များမှာ မိစ္ဆာနှိမ်နင်းရေးဌာန သို့မဟုတ် မြို့စောင့်အကျဉ်းထောင်ဌာနတို့နှင့် လုံးဝ မတူချေ။ မိစ္ဆာနှိမ်နင်းရေးဌာနသည် မိစ္ဆာများနှင့် တိုက်ခိုက်ရင်း ကျင့်ကြံကြသည်။ မြို့စောင့်အကျဉ်းထောင်ဌာနသည် ဝိညာဉ်ဆိုးများနှင့် တိုက်ခိုက်ရင်း ကျင့်ကြံကြသည်။ သို့သော် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့မှာမူ... လူများကို တိုက်ရိုက်သတ်ဖြတ်ရင်း စစ်မြေပြင်တွင် သတ်ဖြတ်ခြင်း၊ လေ့ကျင့်ရေးတွင် သတ်ဖြတ်ခြင်းဖြင့် ကျင့်ကြံကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်မှာ အပြင်းထန်ဆုံးနှင့် အလေးလံဆုံး ဖြစ်သည်။

ဘုန်း

ချူရွှမ် တုံ့ပြန်ရန် အချိန်မပေးဘဲ... လူဆယ်ဂဏန်းကျော်၏ သတ်ဖြတ်လိုစိတ်များသည် ‘သွေးရောင်ကွန်ရက်’ အဖြစ်သို့ ပေါင်းစည်းသွားပြီး ချူရွှမ်ကို အကြွင်းမဲ့ လွှမ်းခြုံကန့်သတ်လိုက်တော့သည်။

“ကောင်းတယ် ဒါက သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ ကျော်ကြားလှတဲ့ ‘မိုးမြေပိုက်ကွန်’ ပဲ။ ဒီပိုက်ကွန်ထဲ မိသွားရင်... နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်တောင် ဖိနှိပ်ခံရမှာ၊ သာမန် ကွပ်မျက်သူတစ်ယောက်အဖို့တော့ ပြောနေစရာတောင် မလိုတော့ဘူး...” အထက်တန်းလွှာများက ဝမ်းသာအားရ အော်ဟစ်ကြသည်။

ထိုစဉ် သတ်ဖြတ်လိုစိတ်များဖြင့် ဖွဲ့စည်းထားသော မိုးမြေပိုက်ကွန်သည် ချူရွှမ်ကို တင်းကျပ်စွာ တုံ့ပြန်ရန် ကျုံ့ဝင်လာခဲ့သည်။ သို့သော် ချူရွှမ်သည် သူ၏ ‘သွေးသောက် အရူးဓားမ’ ကိုပင် ထုတ်မသုံးဘဲ မလှုပ်မယှက် ရပ်နေခဲ့သည်။

“ဘာဖြစ်တာလဲ ဒီကွပ်မျက်သူက ကြောက်ပြီး ဆွံ့အသွားတာလား”

“တစ်ခုခုတော့ မဟုတ်ဘူးဗျ။ သူ့ခန္ဓာကိုယ်ကို ကြည့်ဦး သူ... သူ... သူက မိုးမြေပိုက်ကွန်ရဲ့ ဆွဲအားအောက်မှာတောင် မလှုပ်မယှက် ရှိနေတုန်းပဲ သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ ဆယ်ဂဏန်းကျော်ရဲ့ သတ်ဖြတ်လိုစိတ်က သူ့ကို အနည်းငယ်မျှတောင် မလှုပ်ရှားစေနိုင်ဘူး” အရာရှိတစ်ဦးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ ဆယ်ဂဏန်းကျော်သည် မိမိတို့၏ အင်အားအားလုံးကို အသုံးချကာ ပိုက်ကွန်ကြိုးများကို အသည်းအသန် ဆွဲငင်နေကြသော်လည်း... ချူရွှမ်မှာမူ ဝေဝါးသောအမူအရာဖြင့် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။ “မင်းတို့ ထမင်းမစားလာကြဘူးလား ငါက ဒီအတိုင်း ရပ်နေတာကို တောင်... မင်းတို့ ငါ့ကို မရွေ့စေနိုင်ဘူးလား”

“မောက်မာလှချေလား”

“ရိုင်းစိုင်းတယ်”

ဝူး... ဝူး... ဝူး...

ဒေါသတကြီးဖြင့် နောက်ထပ် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ အယောက်နှစ်ဆယ်ခန့် ထပ်မံရောက်ရှိလာပြီး... သွေးရောင်ကွန်ရက် အထပ်ထပ်ဖြင့် ချူရွှမ်ကို ထပ်မံ လွှမ်းခြုံလိုက်ပြန်သည်။ ယခုအခါ ချူရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်ကွန်ရက် အထပ်ပေါင်း သုံးဆယ်ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့နောက် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ အယောက်သုံးဆယ်ကျော်သည် ပြင်းထန်လှသော စွမ်းအားဖြင့် တပြိုင်နက်တည်း ဆွဲငင်လိုက်ကြသည်။ ဤစွမ်းအားသည် နတ်ဘုရားဆင်ရိုင်းကြီးတစ်ကောင်ကိုပင် နေရာမှာတင် လဲပြိုသွားစေနိုင်သော အင်အားမျိုး ဖြစ်သည်။ သို့သော် ချူရွှမ်မှာမူ တည်ငြိမ်စွာဖြင့် ရပ်နေဆဲ ဖြစ်သည်။ “ဘာဖြစ်တာလဲ လူဦးရေ နှစ်ဆတိုးလာတာတောင်... မင်းတို့ ငါ့ကို မလှုပ်ရှားစေနိုင်သေးဘူးလား”

“ကြည့်ရတာ မင်းတို့က ထမင်းမစားလာရုံတင်မကဘူး... အရမ်းကို အားနည်းလွန်းတာပဲ။”

အမှန်အတိုင်းပြောရလျှင် ဤကဲ့သို့သော သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်က ချူရွှမ်ကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။ ဘာပဲဖြစ်ဖြစ် မင်းသားအိမ်တော်သို့ အတင်းအဓမ္မ ဝင်ရောက်ရန် ဆုံးဖြတ်ကတည်းက... သူသည် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ဒါက အကုန်ပဲလား။

“မင်းတို့နဲ့ ကစားနေဖို့ ငါ့မှာ အချိန်မရှိဘူး။ ကျိုးပျက်စမ်း”

ဝေးကွာသော နေရာတွင် လင်းရှောင် ထွက်ပြေးရန် ပြင်နေသည်ကို မြင်သောအခါ ချူရွှမ်က အေးစက်စွာ ပြုံးလိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မိစ္ဆာတစ်ကောင်အလား တုန်ခါသွားပြီး လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်ရာ။

ဒိုင်း

အထပ်သုံးဆယ်ကျော်ရှိသော မိုးမြေပိုက်ကွန်တစ်ခုလုံး ဝုန်းကနဲ ပေါက်ကွဲသွားတော့သည်။ မိမိတို့၏ အင်အားအားလုံးကို စိုက်ထုတ်ကာ ဆွဲနေကြသော သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ အယောက်သုံးဆယ်ကျော်မှာမူ ဟန်ချက်ပျက်သွားကြပြီး မြေပြင်ပေါ်သို့ ဖရိုဖရဲ လဲကျကုန်ကြတော့သည်။

ချူရွှမ်သည် ထိုအခွင့်အရေးကို သုံးကာ လင်းရှောင်ရှိရာသို့ လျှပ်စီးအလား ပြေးဝင်သွားခဲ့သည်။

“သတ်စမ်း”

ထိုစဉ် သွေးနီရောင် ဝတ်ရုံခြုံထားသော ပုံရိပ်တစ်ခုသည် ချူရွှမ်၏ နောက်ကွယ်တွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။

“ဒါ... သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ရဲ့ ‘တပ်မှူး’ ပဲ”

သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ကို သူတို့၏ စွမ်းအားအလိုက်... ရာစုမှူး၊ တပ်မှူးနှင့် ဗိုလ်မှူး ဟု အဆင့်ဆင့် ခွဲခြားထားသည်။ သူတို့သည် ပုံမှန်အားဖြင့် တော်ဝင်မျိုးနွယ်စုဝင်များ၏ သက်တော်စောင့်များအဖြစ် တာဝန်ယူကြပြီး၊ စစ်ပွဲဖြစ်ပွားချိန်တွင်မူ စစ်မြေပြင်တွင် တိုက်ခိုက်ရသော စစ်သူကြီးများ ဖြစ်လာကြသည်။

အထူးသဖြင့် တပ်မှူးအဆင့်ရှိသူများသည် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြပြီး... တစ်ဦးချင်းစီမှာ တပ်မှူးဟု အခေါ်ခံရရန်အတွက် လူပေါင်းတစ်ထောင်ထက်မနည်းကို သတ်ဖြတ်ခဲ့ဖူးသူများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သူသည် ချူရွှမ်၏ နောက်ကွယ်တွင် တိတ်တဆိတ် ပေါ်လာသည်နှင့်... သွေးနီရောင် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ချူရွှမ်၏ ကျောပြင်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်ရာ ချူရွှမ် အနည်းငယ် ယိမ်းထိုးသွားခဲ့ရသည်။

ပထမအချက်အနေဖြင့် ထိုသူ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ ဒုတိယအချက်အနေဖြင့် ချူရွှမ်၏ အာရုံစိုက်မှုအားလုံးမှာ လင်းရှောင်ထံသို့သာ ရောက်ရှိနေသောကြောင့်ပင်။

“ကောင်းတယ်” ဤမြင်ကွင်းကို ကြည့်နေကြသော အထက်တန်းလွှာများ လက်ခုပ်တီး အားပေးကြသည်။

တိုက်ခိုက်လိုက်သော တပ်မှူးကလည်း အေးစက်စွာ ပြုံးရင်း “ဒါက မင်းသားအိမ်တော်ကွ၊ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ ထောင်အောက်ခြေမဟုတ်ဘူး။ မင်းလို အောက်တန်းကျတဲ့ ကွပ်မျက်သူ မောက်မာရမယ့် နေရာမဟုတ်ဘူး ငါ့ရဲ့ ‘သွေးလက်ဝါး’ ရိုက်ချက်ကို ခံလိုက်ရပြီးပြီဆိုတော့... မင်းခန္ဓာကိုယ်ထဲက သွေးစီးဆင်းမှုတွေ ပြောင်းပြန်ဖြစ်ပြီး နေရာမှာတင် သေဆုံးသွားစေရမယ်”

“မသေချင်ရင်... အခုချက်ချင်း ဒူးထောက်ပြီး စတုတ္ထမင်းသားနဲ့ အရာရှိမင်းကြီးအားလုံးကို အသနားခံ တောင်းပန်စမ်း” ထိုတပ်မှူးသည် မိမိ၏ သွေးလက်ဝါးအပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိသဖြင့် အလွန်ပင် မောက်မာနေခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် ချူရွှမ်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားခဲ့သည်။ သွေးလက်ဝါး ဟုတ်လား စိတ်ဝင်စားစရာပဲ

“နောက်တစ်ခေါက် ထပ်လုပ်စမ်း”

ဘုန်း

ချူရွှမ်သည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် ထိုတပ်မှူး၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုသူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားခဲ့ရသည်။ ‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ့ရဲ့ သွေးလက်ဝါး ရိုက်ချက်ကို ခံရတဲ့သူက သွေးစီးဆင်းမှု ချက်ချင်း ပြောင်းပြန်ဖြစ်ရမှာလေ။ သူက ဘယ်လိုလုပ် ကိုယ်ခံပညာကို သုံးနိုင်သေးတာလဲ’ သူက သေချင်ဇောနဲ့ လောနေတာလား။

တောက်

မင်းက ငါ့ကို အတင်းအကျပ် ဖိအားပေးနေမှတော့... ‘သွေးလက်ဝါး အဆက်မပြတ် ရိုက်ချက်’

ဘုန်း... ဘုန်း... ဘုန်း...

ရေတွက်၍မရသော လက်ဝါးရိပ်အမြောက်အမြားသည် ချူရွှမ်၏ ခန္ဓာကိုယ်ပေါ်သို့ အရူးအမူး ကျရောက်လာခဲ့သည်။ ဤမျှ ပြင်းထန်သော ရိုက်ချက်ဆိုလျှင် တောင်ထိပ်တစ်ခုပင်လျှင် ကြေမွသွားနိုင်ပေသည်။ သို့သော် ချူရွှမ်၏ ခန္ဓာကိုယ်မှာ ကြေမွမသွားသည့်အပြင်... သူ၏မျက်နှာတွင် သက်တောင့်သက်သာရှိသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“ဒီသွေးချီက ‘မိစ္ဆာချီ’ လောက် မကောင်းပေမဲ့... ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အနည်းငယ် မြှင့်တင်ဖို့အတွက်တော့ စုပ်ယူလို့ ရသေးတာပဲ။”

ဖွူး...

လက်ဝါးဖြင့် ဆက်တိုက် ရိုက်နှက်နေသော တပ်မှူးသည် ဤစကားကို ကြားလိုက်ရသောအခါ သွေးအန်မတတ် ရင်ဆို့သွားခဲ့ရသည်။ သူသည် အစွမ်းကုန် တိုက်ခိုက်နေခဲ့ခြင်းမှာ... ချူရွှမ်၏ စွမ်းအားကို မြှင့်တင်ပေးရန်အတွက်သာ ဖြစ်နေခဲ့သည်မဟုတ်ပါလား။

တပ်မှူး မှင်တက်သွားရုံတင်မကဘဲ ရောက်ရှိနေသော အထက်တန်းလွှာအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝ နားမလည်နိုင်တော့ချေ။ နောက်ဆုံးတွင် စတုတ္ထမင်းသားက ပထမဆုံး သတိပြုမိသွားပြီး ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်သည်။ “တောက်... ငါ မေ့သွားတယ် သူက ကွပ်မျက်သူ လမ်းစဉ်ကို လျှောက်လှမ်းထားတာမို့ ‘မိစ္ဆာချီ’ တွေကို ကျင့်ကြံတာ။ သူ့ကို တိုက်ခိုက်ဖို့ သွေးချီတွေကို မသုံးကြနဲ့...”

“နောက်ကျသွားပြီဗျာ။ မင်းက ဒီအရာရှိမင်းကြီးကို သွေးချီတွေ အများကြီး ပေးခဲ့မှတော့... ငါကလည်း မင်းကို လက်သီးတစ်ချက် ပြန်ပေးဆပ်ရမှာပေါ့။ သတ်စမ်း”

ချူရွှမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် မိစ္ဆာတစ်ကောင်အလား ပြင်းထန်လှသော သံမဏိလက်သီးတစ်ချက်ကို လေထုထဲသို့ ထိုးနှက်လိုက်သည်။ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ ချက်ချင်းပင် ဆူပွက်လာခဲ့ပြီး... ချူရွှမ်သည် ထိုတပ်မှူး သူ့ထံသို့ ရိုက်နှက်ခဲ့သော သွေးချီအားလုံးကို ထိုသူ့ထံသို့ ဆယ်ဆခန့် ပြန်လည် တိုက်ခိုက်လိုက်တော့သည်။

ဘုန်း

အတိုင်းအဆမရှိသော သွေးချီများ၏ ဖိအားအောက်တွင်... သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ တပ်မှူး၏ ခန္ဓာကိုယ်တစ်ခုလုံး ဝုန်းကနဲ တိုက်ရိုက် ပေါက်ကွဲသွားခဲ့ရတော့သည်။

“တပ်မှူး ဖြစ်နေရင်လည်း ဘာဆန်းလဲဗျာ။ ဒီအရာရှိမင်းကြီးရဲ့ တရားဝင် တာဝန်ထမ်းဆောင်မှုကို တားဆီးတဲ့သူမှန်သမျှ... သေစမ်း”

All Chapters