← Chapters

အခန်း (၁၄၆-၁၄၇)

Vol. 10 Ch. 146-147

အခန်း (၁၄၆-၁၄၇)

Vol. 10 Ch. 146-147

အခန်း (၁၄၆)

ဧကရာဇ်၏ ရည်မှန်းချက်ကြီးမားမှု

“ဧကရာဇ်မင်းမြတ်... ဒါက စတုတ္ထမင်းသားကို အခိုင်အမာ ထောက်ခံအားပေးနေကြတဲ့ အာဏာရှိ မှူးမတ်တွေနဲ့ နန်းတွင်းအရာရှိတွေရဲ့ စာရင်းပါ ဘုရား။ စုစုပေါင်း အမည် ၃၆၅ ခု ရှိပါတယ် ဘုရား”

မိန်းမစိုး လျိုကျင်းသည် တုန်ရီနေသော လက်များဖြင့် စာရင်းတစ်ခုကို တရိုတသေ မြှောက်၍ ဆက်သလိုက်သည်။

ဤစာရင်းသာ ဧကရာဇ်၏ လက်ထဲသို့ ရောက်ရှိသွားပါက... စတုတ္ထမင်းသား၏ ထီးနန်းဆက်ခံခွင့် လမ်းကြောင်းမှာ လုံးဝ အဆုံးသတ်သွားပြီ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိနေခဲ့သည်။ ဧကရာဇ်အိုကြီးသည် ဆေးဖော်စပ်ခြင်းအပေါ်၌သာ စိတ်စွဲလမ်းနေပြီး နန်းတွင်းရေးရာများကို များစွာ အာရုံမစိုက်သကဲ့သို့ ရှိသော်လည်း... အမှန်တကယ်တွင်မူ သူသည် အချုပ်အခြာအာဏာအစစ်အမှန်ကို အမြဲတမ်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသူဖြစ်ပြီး မည်သည့်စိန်ခေါ်မှုကိုမျှ ခွင့်လွှတ်မည့်သူ မဟုတ်ချေ။

‘စတုတ္ထမင်းသား... အို စတုတ္ထမင်းသား၊ မင်းသားအနေနဲ့ ကိုယ့်မွေးနေ့ပွဲကို ကိုယ် သေသေချာချာပဲ ကျင်းပခဲ့ရမှာ။ ဘာဖြစ်လို့ စာပေနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေကို ဒီလောက်အထိ ပေါ်ပေါ်ထင်ထင် ဖိတ်ကြားပြီး အရှိန်အဝါ ပြသခဲ့ရတာလဲ၊ ပြီးတော့ အဲဒီချူဆိုတဲ့ကောင်နဲ့ပါ ထိပ်တိုက်တွေ့ပြီး ကိစ္စတွေကို အကြီးကြီး ဖြစ်အောင် လုပ်မိသေးတယ်။ အဲဒီကွပ်မျက်သူက အသက်ကိုတောင် မနှမြောတဲ့ ဇွတ်တရွတ် အရူးတစ်ယောက်လေ။ အခုတော့ ကြည့်ဦး... အရိုက်လည်း ခံရတယ်၊ ဧကရာဇ်ပလ္လင်လည်း ဆုံးရှုံးရတော့မယ်။ ကျန်တဲ့ အခွင့်အရေး နှစ်ဆယ်ရာခိုင်နှုန်းကလည်း ဧကရာဇ်မင်းမြတ်ရဲ့ စိတ်အခြေအနေအပေါ်မှာပဲ မူတည်တော့တယ်။’

‘ဒါပေမဲ့ အဲဒီချူဆိုတဲ့ကောင်က တကယ်ကို ဆန်းကြယ်လွန်းတယ်။ အကယ်၍ တခြားသူသာ မင်းသားတစ်ပါးကို ရိုက်နှက်ခဲ့ရင် မြေအောက်ကမ္ဘာရောက်သွားတာ ကြာလှပြီ၊ သူကတော့ ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်နေတာပဲ။ ကွပ်မျက်သူတွေကိုတော့ တကယ် သွားမဆွသင့်ဘူး။ နောင်နောင်ကျရင် ငါလည်း အကြောင်းမရှိဘဲ သူ့ကို သွားမပတ်သက်တာက အကောင်းဆုံးပဲ။’

စတုတ္ထမင်းသား၏ သနားစရာကောင်းလှသော အခြေအနေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသဖြင့် မိန်းမစိုး လျိုကျင်းသည် မိမိကိုယ်ကို စိတ်ထဲမှ ချက်ချင်း သတိပေးလိုက်တော့သည်။ နဂါးပလ္လင်ထက်ရှိ ဧကရာဇ်အိုကြီးသည်လည်း တစ်ချက်မျှ နှုတ်ဆိတ်နေခဲ့သည်။

သူသည် ထိုစာရင်းကို တည်ငြိမ်စွာဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

ထိုစဉ်... နောက်ထပ် အရိပ်အစောင့်တစ်ဦး အလျင်အမြန် ဝင်ရောက်လာပြီး ဒူးထောက်ကာ “ဧကရာဇ်မင်းမြတ်... စတုတ္ထမင်းသားအိမ်တော်ကနေ သတင်းရောက်ရှိလာပါတယ် ဘုရား။ စတုတ္ထမင်းသားက ကြီးမားလှတဲ့ အရာရှိကြီးတွေနဲ့ မှူးမတ်တွေကို သူ့ရဲ့ အိမ်တော်ဆီ နောက်တစ်ကြိမ် လျှို့ဝှက်ဖိတ်ကြားထားပြီး... နန်းတွင်းရဲ့ တရားဝင် စည်းမျဉ်းဥပဒေတွေကို သုံးပြီး ချူရွှမ်ကို ဘယ်လိုမျိုး အပြတ်အသတ် နှိမ်နင်းရမလဲဆိုတာကို တိုင်ပင်ဆွေးနွေးနေကြပါတယ် ဘုရား။”

“အို... ဒီမိုက်မဲတဲ့ သားမိုက်က အခုထိ လက်မလျှော့သေးဘူးပေါ့။ ဟုတ်တာပေါ့လေ... တော်ဝင်မင်းသားတစ်ပါး အနေနဲ့ သူဟာ အမြဲတမ်း လမ်းကြောင်းဖြောင့်ဖြောင့်နဲ့ လျှောက်လှမ်းခဲ့ရတာကိုး၊ အခုမှ သာမန် ကွပ်မျက်သူတစ်ယောက်ရဲ့ အရှေ့မှာ အကြီးအကျယ် လဲပြိုသွားခဲ့ရတာ။ သူ ဘယ်လိုလုပ် ဒီအတိုင်း လက်လွှတ်နိုင်ပါ့မလဲ။ ကြည့်ရတာ... သူက ငါကိုယ်တော်ရဲ့ သတိပေးစကားတွေကို နားထဲ ထည့်ပုံမရဘူး...” ဧကရာဇ်အိုကြီးက အေးစက်စွာ ပြုံးလိုက်သည်။

သို့သော် ဤအပြုံးကြောင့် မိန်းမစိုး လျိုကျင်းနှင့် အရိပ်အစောင့်တပ်တို့သည် ကြောက်လန့်တကြားဖြင့် ခေါင်းများကို ပိုမို ငုံ့ချလိုက်ကြရတော့သည်။

ဧကရာဇ်အိုကြီးက ရုတ်တရက် မေးလိုက်သည်။ “မိန်းမစိုးလျိုကျင်း... အရိပ်အစောင့်တပ်၊ မင်းတို့ နှစ်ယောက် ပြောစမ်း... ချူရွှမ်အပေါ် မောင်မင်းတို့ ဘယ်လို ထင်မြင်မိလဲ”

“ဒါက...” အရိပ်အစောင့်တပ်သည် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။

အရိပ်အစောင့်တပ်ဟူသည် နန်းတွင်းရှိ အရေးပါလှသော အရာရှိကြီးများ၏ လျှို့ဝှက်ချက်များကိုသာ စုံစမ်းထောက်လှမ်းရသည့် အဖွဲ့အစည်း ဖြစ်သည်။ သာမန် ကွပ်မျက်သူတစ်ဦးမှာ... ယခင်က သူတို့၏ မျက်စိထဲသို့ပင် ဝင်ရောက်နိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် ချူရွှမ်နှင့် ပတ်သက်ပြီး ကြီးမားသော အချက်အလက်များ မရှိကြချေ။

သို့သော် ချူရွှမ်နှင့် ပတ်သက်မှု ပိုမိုများပြားခဲ့သော မိန်းမစိုး လျိုကျင်းကမူ... စတုတ္ထမင်းသား၏ အခြေအနေကို တွေးမိရင်း ရှားရှားပါးပါးပင် ဖြောင့်မတ်တည်ကြည်သော စကားအချို့ကို ထုတ်ဖော်ပြောဆိုလိုက်သည်။ “ဧကရာဇ်မင်းမြတ်ကို တင်ပြရရင်... ကျွန်တော်မျိုးရဲ့ အမြင်မှာတော့၊ ချူရွှမ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာခန့်က ကောင်းကင်ဓားမလိုပဲ... ကွပ်မျက်သူတွေရဲ့ ဇွတ်တရွတ်နိုင်ပြီး ကောင်းကင်နဲ့ မြေကြီးကိုတောင် မကြောက်တတ်တဲ့ စိတ်ဓာတ်မျိုး ရှိနေပါတယ် ဘုရား။ ဒါပေမဲ့... တစ်ခြားသူက သူ့ကို လာမဆွမချင်းတော့ သူက အကြောင်းမဲ့ ပြဿနာရှာတတ်တဲ့သူ မဟုတ်ပါဘူး ဘုရား။”

“ဟားဟား... မောင်မင်းရဲ့ ဆိုလိုရင်းကတော့၊ တစ်ခြားသူက သူ့ကို မထိပါးရင် သူကလည်း တစ်ခြားသူကို မထိပါးဘူးလို့ ပြောချင်တာပေါ့ အမှန်ပဲ... စတုတ္ထမင်းသားမှာ ပါရမီရှိတာ မှန်ပေမဲ့ စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်။ ကြီးမားတဲ့ အမှုတော်ကို ဆောင်ရွက်မယ့်သူအတွက် အရေးကြီးဆုံး အရည်အချင်းက စကားလုံးတစ်လုံးတည်းပဲ ရှိတယ်ဆိုတာ သူ မသိဘူးလား၊ အဲဒါက ‘သည်းခံခြင်း’ ပဲ စတုတ္ထမင်းသား ဖြစ်ဖြစ်၊ ချူရွှမ် ဖြစ်ဖြစ်... သူတို့ နှစ်ယောက်လုံးမှာ သည်းခံနိုင်စွမ်း မရှိကြဘူး။ ဒါကြောင့်မို့လို့... သူတို့ နှစ်ယောက်လုံးက ငါကိုယ်တော်လိုမျိုး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ဘူး”

ဧကရာဇ်အိုကြီးသည် မိမိ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး... သူ၏ မျက်လုံးများထဲတွင် လောဘစိတ်များနှင့် နက်ရှိုင်းလှသော ရည်မှန်းချက်ကြီးမားမှုများ ပြည့်နှက်နေခဲ့သည်။ “စောင့်ကြည့်နေလိုက်ပါ... ငါကိုယ်တော်က အကြာကြီး သည်းခံနေမှာ မဟုတ်ဘူး။ သက်ရှည်ဆေးလုံးသာ အောင်မြင်စွာ ဖော်စပ်ပြီးသွားတာနဲ့... ငါကိုယ်တော် ထာဝရအာဏာကို ရရှိမယ့် အချိန်ပဲ၊ အဲဒီအချိန်ကျရင်... ပထမဧကရာဇ်ရဲ့ အမိန့်တော် ဆိုတာကြီးကလည်း ငါကိုယ်တော့်ကို ဘာမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး”

ဧကရာဇ်အိုကြီးသည် ပြောရင်းဖြင့် မိမိ၏ ဝတ်ရုံလက်အင်္ကျီအတွင်းမှ ဟောင်းနွမ်းနေသော စက္ကူအဝါရောင်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ၎င်းပေါ်တွင် အလွန် ရှေးကျလှသော စာကြောင်းသုံးကြောင်း ရေးသားထားခဲ့သည်။

“မဟာချင်ပြည်၏ ပထမဦးဆုံးသော ဘိုးဘေးတို့၏ ဥပဒေ။ မဟာချင်ပြည်ထောင်၏ ထီးနန်းကို ဆက်ခံသော ဧကရာဇ်တိုင်းသည်... တော်ဝင်မျိုးနွယ်စုအတွင်းရှိ ပါရမီရှင်များကို သေသေချာချာ ပျိုးထောင်ရမည်ဖြစ်ပြီး၊ ဘိုးဘေးနယ်မြေအတွင်းရှိ ပထမဧကရာဇ်၏ အမိန့်တော် စမ်းသပ်မှုကို အောင်မြင်အောင် စွမ်းဆောင်ရမည်။”

“မဟာချင်ပြည်ထောင်၏ ဒုတိယမြောက်သော ဘိုးဘေးတို့၏ ဥပဒေ။ မဟာချင်ပြည်ထောင်၏ ဧကရာဇ်တိုင်းသည်... တစ်စုံတစ်ယောက်က ပထမဧကရာဇ်၏ အမိန့်တော်ကို အောင်မြင်စွာ သိမ်းပိုက်သွားခဲ့ပါက၊ ထိုသူနှင့် အလွယ်တကူ ရန်သူမဖြစ်စေရ။”

“မဟာချင်ပြည်ထောင်၏ တတိယမြောက်သော ဘိုးဘေးတို့၏ ဥပဒေ။ မဟာချင်တော်ဝင်မျိုးနွယ်စုဝင် အားလုံးသည်... ပထမဧကရာဇ်၏ အမိန့်တော်အတွင်းရှိ လျှို့ဝှက်ချက်များကို အင်အားသုံး၍ အတင်းအဓမ္မ မစုံစမ်းရ၊ မဟုတ်ပါက... ကြီးမားလှသော ကပ်ဘေးကြီး ဆိုက်ရောက်လိမ့်မည်။”

ဤဘိုးဘေးတို့၏ ဥပဒေသုံးရပ်ကို ဖတ်ရှုပြီးနောက်... စတုတ္ထမင်းသား၏ စိတ်လိုက်မာန်ပါ လုပ်တတ်သော စရိုက်ကို တွေးမိရင်း ဧကရာဇ်အိုကြီးသည် နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီးတစ်ခုကို မချဘဲ မနေနိုင်တော့ချေ။

တစ်ချိန်တည်းမှာပင်...

တရားစီရင်ရေး အရာရှိရုံးတော်၏ ရုံးခန်းအတွင်း၌ ချူရွှမ်သည်လည်း မိမိ၏ မျက်လုံးများကို တည်ငြိမ်စွာ ဖွင့်လိုက်သည်။ ‘ဝိညာဉ်ဝါးမြိုမြက်က တကယ်ပဲ ဝိညာဉ်အရှိန်အဝါကို တိုးတက်စေနိုင်တဲ့ အစွမ်းရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူးဗျာ။ ဆေးပင်တစ်ပင်တည်းကိုပဲ စုပ်ယူလိုက်ရတာကို... ငါ့ရဲ့ ဝိညာဉ်မျိုးစေ့ရဲ့ စွမ်းအားက အနည်းဆုံး နှစ်ဆလောက် ပိုမို အားကောင်းလာခဲ့ပြီ။ အကယ်၍ ငါ့လက်ထဲမှာ ဝိညာဉ်ဝါးမြိုမြက်တွေ အများကြီးသာ ရှိနေရင်... ငါ့ရဲ့ ဝိညာဉ်မျိုးစေ့က ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းအောင် အားကောင်းလာမှာ အသေအချာပဲ’

ဘာပဲဖြစ်ဖြစ်... မိစ္ဆာများကို သတ်ဖြတ်ခြင်း လမ်းစဉ်တွင် အကျိုးကျေးဇူးနှင့် အားနည်းချက် နှစ်ခုလုံး ရှိနေပေသည်။ အကျိုးကျေးဇူးမှာ အဆင့်အတန်းများ အလွန် လျင်မြန်စွာ တိုးတက်နိုင်ခြင်းဖြစ်ပြီး... အားနည်းချက်မှာမူ နောက်ထပ် အဆင့်တစ်ခုသို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်ရန် အလွန် ခက်ခဲခြင်းပင် ဖြစ်သည်။

အထူးသဖြင့် ကွပ်မျက်သူများ၏ ‘မိစ္ဆာခန္ဓာကိုယ် သန့်စင်ခြင်း’ လမ်းစဉ်တွင်... အကယ်၍ မိမိ၌ ဝိညာဉ်စွမ်းအားသာ မရှိပါက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မှသည် မဟာဆရာသခင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ ထို့ပြင် အသက်အရွယ် ကြီးရင့်လာပြီး သွေးချီများ ဆုတ်ယုတ်လာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာချီများ၏ ပြန်လည်တိုက်ခိုက်ခြင်းကို ခံရကာ... တစ်ကိုယ်လုံး မိစ္ဆာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားနိုင်ပေသည်။

ဤသည်ကပင် ကွပ်မျက်သူများ၏ လမ်းစဉ်ကို ‘လမ်းဆုံး’ ဟု ခေါ်ဆိုကြရခြင်း ဖြစ်ပေသည်။

ထို့နောက်... ချူရွှမ်သည် မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။ ဤမြေပုံမှာ ဝမ်ရှောင်ဝူ၏ မိခင်အိုကြီး မထွက်ခွာမီက သူ့ထံသို့ အတင်းအဓမ္မ ပေးအပ်ခဲ့သော အရာဖြစ်သည်။ ၎င်းမြေပုံပေါ်တွင် ဝမ်ရှောင်ဝူ ဆေးပင်ရှာဖွေခဲ့သော လမ်းကြောင်းများနှင့်... ထိုဝိညာဉ်ဝါးမြိုမြက်ကို ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်နေရာကို အသေးစိတ် မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။

‘ငါက လင်းရှောင်ကို သတ်ပေးခဲ့ပြီး ငွေကြေးအပြည့်ပေးပြီး ဆေးပင်ကို ဝယ်ယူခဲ့လို့... အဘွားအိုကြီးက ကျေးဇူးဆပ်စရာ နည်းလမ်းမရှိတဲ့အဆုံး ဤမြေပုံကို ငါ့လက်ထဲ အတင်းထည့်ပေးသွားခဲ့တာပဲ။’

သို့သော်လည်း... ဤမြေပုံပေါ်ရှိ နေရာသည် တော်ဝင်မြို့တော်နှင့် အနီးဆုံးလမ်းကြောင်းအတိုင်း သွားပါကပင် အနည်းဆုံး တစ်လခန့် ခရီးနှင်ရမည်ဖြစ်ပြီး၊ အသွားအပြန်ဆိုလျှင် နှစ်လခန့် အချိန်ယူရမည်ဖြစ်ရာ အနည်းငယ်တော့ ပြဿနာရှိပေသည်။

‘ဒါပေမဲ့... လောကကြီးမှာ စုစည်းဖို့ အခက်ခဲဆုံးအရာက ဝိဉာဉ်စွမ်းအားပဲလေ။ မဟုတ်ရင် ရေတွက်လို့မရတဲ့ မဟာဆရာသခင်တွေဟာ အိုမင်းကွယ်လွန်တဲ့အထိ ‘ကောင်းကင်နယ်ပယ်’ ဆီကို မချိုးဖျက်နိုင်ဘဲ နေကြလိမ့်မလဲ။ ကံဆိုးတာကတော့... လင်းရှောင် ဖြစ်ဖြစ်၊ စတုတ္ထမင်းသား ဖြစ်ဖြစ် ဒီဝိညာဉ်ဝါးမြိုမြက်ရဲ့ အစစ်အမှန်တန်ဖိုးကို မသိကြဘဲ သာမန် ထိပ်တန်းဝိညာဉ်ဆေးပင်အဖြစ်ပဲ သတ်မှတ်ထားကြလို့... ငါ့အနေနဲ့ ဒါကို အလွယ်တကူ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာပဲ။’

ကြည့်ရတာ... တော်ဝင်မြို့တော်ကနေ ခေတ္တခဏ ထွက်ခွာဖို့ လိုအပ်နေပြီပဲ။ ထွက်ခွာဖို့အတွက် အကြောင်းပြချက်ကိုလည်း ချူရွှမ် တွေးမိပြီးသား ဖြစ်သည်။

ယခုအခါ အမှုကိစ္စများ ငြိမ်သက်နေသည့် အချိန်ကို အသုံးချကာ... သူသည် ရုံးခန်းအတွင်းမှ ထွက်ခွာလျက် ကောင်းကင်အကျဉ်းထောင်အတွင်းသို့ နောက်တစ်ကြိမ် လမ်းလျှောက်ဝင်ရောက်ခဲ့သည်။

“တော်ဝင်ဦးရီးတော်ချူ။”

“ဂါရဝပြုပါတယ်...ဦးရီးတော်”

အကျဉ်းထောင်စောင့်များအားလုံး တရိုတသေဖြင့် ဦးညွှတ်နှုတ်ဆက်ကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် အဆုံးမရှိသော အားကျလေးစားမှုများ ပြည့်နှက်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ်... လူတိုင်းသည် ချူရွှမ် ကောင်းကင်အကျဉ်းထောင်အတွင်း၌ ပိတ်လှောင်ခံရပြီး ကွပ်မျက်ခံရလုနီးပါး ဖြစ်ခဲ့ရသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြရသည် မဟုတ်ပါလား။ သူတို့သည် ချူရွှမ် ကွပ်မျက်သူများ၏ လမ်းဆုံးပေါ်သို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းခဲ့သည်ကိုလည်း စောင့်ကြည့်ခဲ့ကြရသည်။

ဤကဲ့သို့သော ကွပ်မျက်သူတစ်ဦးသည် တစ်နေ့သောအခါတွင် ကောင်းကင်သို့ ပျံတက်ကာ မဟာချင်ပြည်ထောင်၏ တော်ဝင်ဦးရီးတော် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း...။

“ငါပြောရဲတယ်... တော်ဝင်ဦးရီးတော်ချူက တကယ်ကို ငါတို့မျိုးဆက်ရဲ့ စံပြပုဂ္ဂိုလ်ပဲဗျာ။ နှမြောစရာကောင်းတာက... ငါတို့မှာသာ တော်ဝင်ဦးရီးတော်ချူရဲ့ သတ္တိမျိုး တစ်ဝက်လောက် ရှိခဲ့ရင်၊ အခုထိ သာမန် အကျဉ်းထောင်စောင့်အဆင့်မှာပဲ ရှိနေပါဦးမလား။ တောက်...” အကျဉ်းထောင်စောင့်များက ဆူညံစွာ ဆွေးနွေးနေကြတော့သည်။

အကျဉ်းထောင်မှူး၏ ရုံးခန်းအတွင်း၌ ရှိနေသော ဝမ်ရှန့်မှာမူ... ပိုမို စိတ်ပျက်အားလျော့နေခဲ့ရသည်။ သူသည် ‘အရိပ်’ ၏ အကြောင်းကို စုံစမ်းရန် အမိန့်ပေးခံထားရသော်လည်း ဤရက်ပိုင်းအတွင်း အရိပ်မှာ လုံးဝ ပျောက်ကွယ်နေခဲ့သည်။ သူသည် ‘မဟာယွဲ့တော်ဝင်မျိုးနွယ်စုဝင်’ များကို စုံစမ်းရန် အမိန့်ရထားပြန်သော်လည်း ထိုသူများကလည်း သဲလွန်စမရှိ ပျောက်ကွယ်နေခဲ့ကြသည်။ သူ၏ အမှုဖြေရှင်းနိုင်စွမ်းက မည်မျှပင် မြင့်မားသည်ဆိုစေဦး... ဝမ်ရှန့်အနေဖြင့် ဟာလာဟင်းလင်း ပြကွက်ကိုသာ ငေးစိုက်ကြည့်နေရတော့သည်။

ဤရက်ပိုင်းအတွင်း သူ၏ ဆံပင်များကို ဆွဲနှုတ်ခဲ့ရသဖြင့် ဆံပင်များစွာ ကျွတ်ထွက်နေခဲ့ပြီ ဖြစ်သည်။

“ဒီအကျဉ်းထောင်မှူး လုပ်ရတာ... တကယ်ကို ခက်ခဲလွန်းတယ်။ အဲဒီချူရွှမ်ကောင်လေးကတော့ တရားစီရင်ရေးရုံးတော်မှာ တော်တော့်ကို သက်တောင့်သက်သာ ရှိနေတာပဲ၊ သူ ရိုက်ချင်တဲ့သူကို ထိုင်ရိုက်နေရုံပဲလေ။” ဤအခိုက်အတန့်တွင် ဝမ်ရှန့်၏ မျက်လုံးများထဲ၌ အားကျစိတ်အချို့ မသိစိတ်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး... စိတ်ထဲတွင် အလွန်အမင်း မမျှတမှုကို ခံစားလိုက်ရသည်။ လက်အောက်ငယ်သားက အထက်လူကြီးထက် ပိုမို သက်တောင့်သက်သာ ရှိနေရသည်မှာ... ဒါ ဘယ်လိုလုပ် တရားမျှတပါမည်နည်း။

သူ စိတ်ပျက်နေစဉ်အတွင်း...

ချူရွှမ်သည် ရုံးခန်းအတွင်းသို့ လမ်းလျှောက်ဝင်ရောက်လာခဲ့သည်။ “အကျဉ်းထောင်မှူးကြီး။”

ဝမ်ရှန့်က အချိန်ကို ကြည့်လိုက်ရာ မွန်းတည့်ရုံသာ ရှိသေးသည်။ သူသည် အလွန်အမင်း အလုပ်ရှုပ်နေသဖြင့် နေ့လယ်စာပင် မစားရသေးချေ။ သို့သော် ချူရွှမ်၏ ပေါ့ပါးလွတ်လပ်နေသော အမူအရာကို ကြည့်ရုံဖြင့်... သူ အလုပ်အားလုံး ပြီးမြောက်သွားပြီ ဖြစ်ကြောင်း သိသာလှပေသည်။ ဝမ်ရှန့် လုံးဝကို ဒေါသထွက်သွားခဲ့ရသည်။

“ငါသာ ဒါကို စောစောကတည်းက သိခဲ့ရင်... ငါကိုယ်တိုင်လည်း စစ်ဆေးရေးမှူး သွားလုပ်ပါတယ်၊ ပြီးတော့... မင်းကော ဘာကိစ္စရှိလို့ ငါ့ဆီကို အလုပ်မရှိဘဲ ရောက်လာရပြန်တာလဲ... ကောင်စုတ်လေး”

အခန်း (၁၄၇)

မဟာချင်ပြည်ထောင်၏ အပါရမီဆုံးနှင့် သစ္စာအရှိဆုံး အမျိုးသား

အကျဉ်းထောင်မှူး ဝမ်ရှန့်၏ မလိုလားအပ်သော အကြည့်များကြောင့်... ချူရွှမ်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

‘ငါလည်း... အကျဉ်းထောင်မှူးကို သွားပြီး မပြစ်မှားမိပါဘူးနော်’

သို့သော်လည်း... မိမိအတွက် အလွန်အမင်း အရေးကြီးလှသော ‘ဝိညာဉ်ဝါးမြိုမြက်’ ၏ အကြောင်းကို တွေးမိရင်း၊ ချူရွှမ်သည် တရိုတသေဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဂါရဝပြုလိုက်သည်။ “အကျဉ်းထောင်မှူးကြီး... ကျွန်တော် တော်ဝင်မြို့တော်ကနေ ခေတ္တခဏ ထွက်ခွာပြီး ခရီးတစ်ခု သွားဖို့အတွက် ခွင့်ရက်တောင်းခံချင်လို့ပါ”

“ဘာလဲ မင်းက မွန်းတည့်ရုံပဲ ရှိသေးတယ်... ရုံးခန်းကနေ ဆင်းသွားတာကတင် လွန်လှပြီ၊ အခု နောက်ထပ် ခွင့်ရက်ပါ ထပ်တောင်းဦးမလို့လား၊ မင်း ရာထူးတက်တာ ဘယ်နှရက်ပဲ ရှိသေးလို့လဲ၊ ဟမ် အကယ်၍ မဟာချင်ပြည်ထောင်ရဲ့ နန်းတွင်းအရာရှိအားလုံးသာ မင်းလိုမျိုး ပျင်းရိနေကြရင်... လောကကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်မှာပေါ့၊ မရဘူး... လုံးဝ ခွင့်မပြုနိုင်ဘူး”

‘ငါကတော့ နေ့ရောညပါ အလုပ်တွေပိပြီး သေလုမတတ် ဖြစ်နေရတာကို... မင်းတော့ ခွင့်ရက်တောင်းပြီး သာယာဖို့ ကြံစည်နေတယ်ပေါ့’ ဝမ်ရှန့်သည် စိတ်ထဲ အလွန်အားကျနေမိသည်။

ချူရွှမ်မှာလည်း အနည်းငယ် ဆွံ့အသွားခဲ့ရသည်၊ သူက ခွင့်ရက်ကလေး တစ်ရက်တောင်းတာကို... အကျဉ်းထောင်မှူးက ဘာဖြစ်လို့ ဤမျှအထိ ဒေါသတကြီး တုံ့ပြန်နေရတာလဲ။ သို့သော် ဝိညာဉ်ဝါးမြိုမြက်ကို ရရှိရန်အတွက် သူ၏ စိတ်က ပြတ်သားနေခဲ့ရာ... ချူရွှမ်သည် စကားပြောပုံ ပြောင်းလဲလိုက်ရတော့သည်။

“အကျဉ်းထောင်မှူးကြီး... ကျွန်တော်က ပျင်းရိချင်လို့ ခွင့်တောင်းတာ မဟုတ်ပါဘူး၊ စတုတ္ထမင်းသားက ကျွန်တော်ကို နောက်ကွယ်ကနေ ထပ်ပြီး အကွက်ဆင်မလာနိုင်အောင်... ခေတ္တခဏ အခြေအနေကို ရှောင်တိမ်းဖို့အတွက် ထွက်ခွာချင်တာပါ ဘုရား။”

“ဟမ်... အခုမှ အခြေအနေကို ရှောင်တိမ်းဖို့ တွေးမိတာလား၊ စောစောကကျတော့ မင်း ဘာတွေ လုပ်နေခဲ့လဲ”

ဝမ်ရှန့်၏ မျက်နှာက မကျေမနပ် ဖြစ်နေဆဲ ဖြစ်သော်လည်း... ချူရွှမ်၏ ခွင့်ရက်တောင်းခြင်းက အကျိုးအကြောင်း သင့်လျော်သည်ဟု သူ တွေးမိလိုက်သည်။ ဘာပဲဖြစ်ဖြစ် စတုတ္ထမင်းသား အရိုက်ခံရသည့် ကိစ္စက မြို့တော်တစ်ခုလုံးကို ဆူပွက်သွားစေခဲ့ပြီး... မကြာသေးမီက ‘လက်ယာအမတ်ချုပ်’ ကပါ ဤကိစ္စကို သတိပြုမိသွားခဲ့ပြီ ဖြစ်သည်။ စတုတ္ထမင်းသားသည် အင်အားချင်း ယှဉ်ပြီး ချူရွှမ်ကို မနိုင်သဖြင့်... ယခုအခါ သူ့ကို ထောက်ခံသော အာဏာရှိသူများနှင့် နန်းတွင်းအရာရှိများကို စုစည်းကာ၊ နန်းတွင်း၏ တရားဝင် စည်းမျဉ်းဥပဒေများကို သုံးပြီး ချူရွှမ်ကို အကွက်ဆင်ရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် ဤကောင်လေးကို မြို့တော်အပြင်ဘက်သို့ လွှတ်ပြီး အခြေအနေကို ရှောင်တိမ်းခိုင်းခြင်းက တကယ်ကို ကောင်းမွန်လှပေသည်။

သို့သော်လည်း... မိမိကိုယ်တိုင်ကတော့ အလုပ်ပိပြီး သေလုမတတ် ဖြစ်နေရချိန်တွင် ဤကောင်လေးက အပြင်ထွက်ပြီး အပန်းဖြေနေရမည်ကို တွေးမိသောအခါ ဝမ်ရှန့် စိတ်ထဲတွင် မမျှတမှုကို ခံစားနေရဆဲ ဖြစ်သည်။ ‘ငါ ဒီကောင်လေးအတွက် လုပ်စရာ အလုပ်တစ်ခုခု ရှာပေးရမယ်... အော်၊ ဟုတ်သားပဲ၊ တွေးမိပြီ...’

ရုတ်တရက်... ဝမ်ရှန့်သည် မြို့တော်ပြင်ပရှိ မြို့စောင့်အကျဉ်းထောင်ဌာနခွဲတစ်ခုထံမှ မကြာသေးမီက တင်ပြလာခဲ့သော လျှို့ဝှက်အမှုတွဲတစ်ခုကို သတိရသွားခဲ့သည်။ သူသည် မိမိထက်ပင် မြင့်မားလှသော အမှုတွဲပုံကြီးထဲမှ ၎င်းလျှို့ဝှက်စာရွက်စာတမ်းကို အလျင်အမြန် ရှာဖွေထုတ်ယူလိုက်ပြီး ချူရွှမ်ထံသို့ ပစ်ပေးလိုက်သည်။

“မင်း အပြင်ထွက်ပြီး အခြေအနေကို ရှောင်တိမ်းလို့ ရပါတယ်၊ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါတို့ မြို့စောင့်အကျဉ်းထောင်ဌာနမှာ မြို့တော်ကနေ ထွက်ခွာပြီး သွားရောက်ဖြေရှင်းရမယ့် ထူးဆန်းလှတဲ့ အမှုတစ်ခု ရှိနေတယ်။ ဒီကိစ္စကို... ဒီအရာရှိမင်းကြီးက မင်းရဲ့လက်ထဲကိုပဲ အပ်နှံလိုက်မယ်။ ပြီးတော့ ဒီအမှုက... မင်းတို့ ကွပ်မျက်သူတွေနဲ့လည်း တော်တော်လေး ပတ်သက်မှု ရှိနေတယ်”

ချူရွှမ်က ၎င်းစာရွက်စာတမ်းကို ဖွင့်လှစ်ကာ ဖတ်ရှုလိုက်သည်။

၎င်းစာရွက်စာတမ်းသည် တော်ဝင်မြို့တော်နှင့် မိုင်ပေါင်းသုံးထောင်ကျော် ကွာဝေးလှသော ‘ကျူရှန်းမြို့’ ရှိ မြို့စောင့်အကျဉ်းထောင်ဌာနခွဲထံမှ အလျင်အမြန် ပေးပို့လာခဲ့သော လျှို့ဝှက်သတင်း အချက်အလက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ စာမျက်နှာပေါ်တွင် ရေးသားထားသည်မှာ။ မကြာသေးမီကာလအတွင်း ကျူရှန်းမြို့၌ မိစ္ဆာများ အလွန်အမင်း သောင်းကျန်းနေခဲ့ပြီး... ထူးဆန်းသည်မှာ ထိုမိစ္ဆာများသည် ‘ကွပ်မျက်သူ’ များကိုသာ ရွေးချယ်ကာ သတ်ဖြတ်နေခဲ့ခြင်း ဖြစ်သည်။

ကျူရှန်းမြို့၏ မြို့စောင့်အကျဉ်းထောင်ဌာနအတွင်းရှိ ကွပ်မျက်သူ အရေအတွက် ဆယ်ဂဏန်းကျော်မှာ တစ်ဦးပြီးတစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရပြီး... အခြားသော အကျဉ်းထောင်ခွဲများမှ အလျင်အမြန် လွှဲပြောင်းပေးလိုက်သော ကွပ်မျက်သူများပင်လျှင် လမ်းခုလတ်၌ တိုက်ခိုက်ခံရကာ အသက်ဆုံးရှုံးခဲ့ရသည်။ ဒါတင်မကသေးဘဲ... ထိုကွပ်မျက်သူများ သေဆုံးသွားသည့်အခါတိုင်း၊ သူတို့၏ ‘နှလုံးသား’ များမှာ ရက်ရက်စက်စက် အကွက်ချပြီး အဖောက်ထုတ်ခံခဲ့ရသည်။

“အကျဉ်းထောင်မှူး... ဒါက...” ချူရွှမ်၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ရသည်။ ထင်ရှားလှသည်မှာ ဒီသည်က ကွပ်မျက်သူများကိုသာ တိုက်ရိုက် ဦးတည်ထားသော စနစ်တကျ ကြံစည်ထားသည့် လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်နေသောကြောင့်ပင်။

ဝမ်ရှန့်၏ မျက်နှာအမူအရာသည်လည်း လေးနက်သွားခဲ့သည်။ “ဒီအမှုက တကယ်ကို ဆန်းကြယ်လွန်းတယ်။ နောက်ကွယ်က လှုပ်ရှားနေတဲ့ မိစ္ဆာက ကွပ်မျက်သူတွေကိုပဲ သတ်ဖြတ်ပြီး... ငါတို့ မြို့စောင့်အကျဉ်းထောင်ဌာနက တခြားသူတွေကိုတော့ လုံးဝ ဂရုမစိုက်ဘူး။ ဒါတင်မကသေးဘူး... ကျူရှန်းမြို့မှာရှိတဲ့ ကွပ်မျက်သူတွေ အကုန်လုံး သေဆုံးသွားပြီးရင်၊ ဒီမိစ္ဆာက တခြားသော နယ်မြေတွေဆီကို ကူးစက်ပြီး ပြစ်မှုတွေ ဆက်လက် ကျူးလွန်လာနိုင်တဲ့ အန္တရာယ် ရှိနေတယ်။”

“အရေးကြီးဆုံး အချက်ကတော့... ဒီအမှုက လပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်ပေမဲ့ မြို့စောင့်အကျဉ်းထောင်ဌာနက အခုထိ သဲလွန်စတစ်ခုမှ ရှာမတွေ့သေးတာပဲဗျာ။ မူလကတော့ မြို့စောင့်အကျဉ်းထောင်ဌာနက ငါ့ကို ကိုယ်တိုင်သွားပြီး စုံစမ်းခိုင်းတာ ဖြစ်ပေမဲ့... ငါက မြို့တော်အတွင်းက အမှုတွေကိုတင် ဖြေရှင်းဖို့ အချိန်မရှိတာ၊ တခြားနယ်မြေဆီ သွားဖို့ ဘယ်လိုလုပ် အချိန်ရှိပါ့မလဲ၊ မင်းက အပြင်ထွက်ဖို့ ကြံစည်နေမှတော့... ဒီအမှုကို မင်းလက်ထဲပဲ အပ်နှံလိုက်မယ်။ အကယ်၍ မင်း ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ မင်း ဖြေရှင်းရုံတင်မကဘဲ... တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေရာမှာ ‘ပါရမီရှင် စာပေပညာရှင်ကြီး’ တစ်ယောက်ကိုပါ မင်းရဲ့လက်အောက်ထဲကို ဆွဲခေါ်လာနိုင်ရင်... ပိုလို့တောင် အကျိုးရှိဦးမယ်”

“စာပေပညာရှင်ကြီး ဟုတ်လား” ချူရွှမ်က ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

ဝမ်ရှန့်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးလိုက်သည်။ “မဟာချင်ပြည်ထောင်ရဲ့ ဘိုးဘေးတို့၏ ဥပဒေအရ... အဆင့် ၅ သို့မဟုတ် အဲတာ အထက်ရှိသော စစ်ဘက်ဆိုင်ရာ ရုံးတော်တိုင်းမှာ... စစ်ဘက်ကို ကူညီဖေးမဖို့နဲ့ စောင့်ကြည့်စစ်ဆေးဖို့အတွက် ‘အရပ်ဘက်အရာရှိ’ တစ်ဦး ရှိနေရမယ်၊ မဟုတ်ရင် ဒီရုံးတော်က တရားဝင် ပယ်ဖျက်ခြင်း ခံရနိုင်တယ်။ မူလကတော့ မြို့စောင့်အကျဉ်းထောင်ဌာနက မင်းအတွက် စာပေအရာရှိအချို့ကို ပြင်ဆင်ပေးခဲ့ပေမဲ့... ဒီစာပေအရာရှိတွေက မင်း မြို့တော်အတွင်းမှာ စတုတ္ထမင်းသားနဲ့ အာဏာရှိသူ အမြောက်အမြားကို ပြစ်မှားခဲ့တယ်ဆိုတာ ကြားလိုက်ရတော့၊ ဘယ်သူကမှ မင်းရဲ့လက်အောက်မှာ အမှုထမ်းဖို့ မဝံ့ရဲကြတော့ဘူး။ လက်ရှိမှာ လက်ယာအမတ်ချုပ်ကပါ ဒီကိစ္စအတွက် ခေါင်းခဲနေရတာ။”

“ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ... ဒီအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က လက်ယာအမတ်ချုပ်ဆီကို လူတစ်ယောက်ကို လာရောက် အကြံပြုခဲ့တယ်၊ အကယ်၍ ဒီလူသာ ပြင်ပလောကကနေ ပြန်လည် ထွက်ခွာလာဖို့ သဘောတူခဲ့ရင်... စတုတ္ထမင်းသားနဲ့ မြို့တော်က အာဏာရှိသူအားလုံးရဲ့ ဖိအားတွေကို လွယ်လွယ်ကူကူ တောင့်ခံပေးနိုင်လိမ့်မယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒီလူက စရိုက်အလွန် ထူးဆန်းပြီး ဖိတ်ခေါ်ဖို့ အလွန် ခက်ခဲလွန်းတယ်၊ လက်ယာအမတ်ချုပ်က အခုထိ တွေးတောနေဆဲဖြစ်ပြီး... ပိုပြီး တိုက်ဆိုင်တာကတော့ ဒီလူက လက်ရှိမှာ ‘ကျူရှန်းမြို့’ ထဲမှာပဲ ပြင်ပလောကကို စွန့်ခွာပြီး လျှို့ဝှက် အခြေချနေထိုင်နေတာ”

“အကယ်၍ မင်းသာ ဒီလူကို ပြင်ပလောကကို ပြန်လည် ထွက်ခွာလာအောင် ဖိတ်ခေါ်နိုင်ခဲ့ရင်... စတုတ္ထမင်းသား တစ်ယောက်တည်းတင်မကဘူး၊ မြို့တော်က အရာရှိကြီးတွေ အားလုံး ပေါင်းလာရင်တောင်... နန်းတွင်းရဲ့ စည်းမျဉ်းဥပဒေတွေကို သုံးပြီး မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ အပြန်အလှန်အနေနဲ့... သူတို့ကသာ မင်းက နန်းတွင်းဥပဒေတွေကို သုံးပြီး သူတို့ကို ပြန်လည် နှိမ်နင်းမလားဆိုတာကို နေ့နေ့ညည စိုးရိမ်ပူပန်ပြီး ကာကွယ်နေကြရလိမ့်မယ်”

ထိုလူ၏ အကြောင်းကို ပြောဆိုသောအခါ ဝမ်ရှန့်၏ မျက်လုံးများထဲတွင် လေးနက်မှုများ ပြည့်နှက်နေခဲ့သည်။

ချူရွှမ်သည်လည်း စိတ်ဝင်စားမှုများ ပေါ်ပေါက်လာခဲ့သည်။ “အကျဉ်းထောင်မှူး... ဒီစာပေအရာရှိက ဘယ်သူမို့လို့လဲဗျာ၊ သူက တကယ်ပဲ ဒီမျှအထိ အစွမ်းထက်လို့လား”

“ဟားဟား... အစွမ်းထက်ရုံတင်မကဘူးဗျ။ မင်း သိလား... ဒီလူက မဟာချင်ပြည်ထောင်ရဲ့ ‘ပါရမီအရှိဆုံးနဲ့ သစ္စာအရှိဆုံး စာပေပါရမီရှင်’ လို့ လူသိများတဲ့သူပဲလေ၊ လက်ဝဲအမတ်ချုပ်နဲ့ လက်ယာအမတ်ချုပ် နှစ်ဦးလုံးကတောင် သူ့ကို အလွန်အမင်း ချီးကျူးကြရတာ။ ငါ ကြားဖူးတာကတော့... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီလူ တော်ဝင်မြို့တော်ကနေ ထွက်ခွာသွားခဲ့တဲ့ အချိန်တုန်းက၊ မြို့တော်အတွင်းမှာ အာဏာရှိ မှူးမတ်အိမ်တော်တွေက သမီးပျို သောင်းဂဏန်းကျော်ဟာ သူ့ကို လိုက်လံနှုတ်ဆက်ဖို့အတွက် မြို့ပြင်အထိ လိုက်ပါခဲ့ကြတာ၊ အချို့ဆိုရင် သူ့ရဲ့ မယားငယ် သို့မဟုတ် အစေခံအဖြစ် ခံယူပြီး လောကကြီးထဲမှာ အတူတူ လှည့်လည်သွားလာခွင့် ရဖို့အတွက် အသက်ကိုပင် စွန့်လွှတ်ချင်ကြတဲ့အထိပဲ”

အမလေးဗျာ

ချူရွှမ်သည် ဒီစကားများကို ကြားလိုက်ရသောအခါ ရင်ထဲ၌ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သူသည် မြို့လုံးကျွတ် လမ်းမများ ဟာလာဟင်းလင်း ဖြစ်သွားသော မြင်ကွင်းမျိုးကို ကြားဖူးသော်လည်း... မြို့တော်အတွင်းရှိ အမျိုးသမီးအားလုံး လမ်းမများပေါ်သို့ ပြေးထွက်သွားကြသော မြင်ကွင်းမျိုးကိုမူ တွေးကြည့်ရုံမျှဖြင့် ချူရွှမ်၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်မှုကို မအောင့်အည်းနိုင်တော့ချေ။

“ဒါပေမဲ့ ဒါက မဟုတ်သေးပါဘူး... ဒီလူက ဒီမျှအထိ ဆွဲဆောင်မှုရှိပြီး အစွမ်းထက်နေမှတော့ ဘာဖြစ်လို့ ပြင်ပလောကကို စွန့်ခွာပြီး လျှို့ဝှက် ပုန်းအောင်းနေရတာလဲဗျာ” ချူရွှမ်က စူးစမ်းလိုက်သည်။ ဒီမျှအထိ ပါရမီရှိသော ပုဂ္ဂိုလ်တစ်ဦးမှာ... အမတ်ချုပ်ရာထူးကို မရရှိနိုင်ရင်တောင် အနည်းဆုံးတော့ အာဏာအလွန်ကြီးမားသော ရာထူးကြီးတစ်ခုကို ရရှိထားရမည် မဟုတ်ပါလား။

အတိတ်ကို ပြန်လည် အမှတ်ရရင်း... ဝမ်ရှန့်ကလည်း သက်ပြင်းအသာအယာ ချလိုက်သည်။ “ဒီအရာရှိက ပြောခဲ့တယ် မဟုတ်လား... ဒီလူက ပါရမီရှိပေမဲ့ စရိုက်အလွန် ထူးဆန်းပါတယ်လို့။ သူက သာမန် လောကက အမျိုးသမီးတွေကို လုံးဝ စိတ်မဝင်စားဘူး။ လောကကြီးတစ်ခုလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့တဲ့ အချက်ကတော့... ဒီလူက နောက်ဆုံးမှာ ‘မိစ္ဆာမ’ တစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် အတင်းအဓမ္မ လက်ထပ်ခဲ့တာပဲ”

“ဘာလဲ... မိစ္ဆာမ ဟုတ်လား” ချူရွှမ်၏ ဦးရေပြားများ ကြက်သီးထသွားခဲ့ရသည်။

ဝမ်ရှန့်ကိုယ်တိုင်လည်း ကြက်သီးထလျက် “အမှန်ပဲ... ဒီလူရဲ့ ဇနီးသည်က မိစ္ဆာမတစ်ကောင်ပဲ၊ ကြားရတာတော့... ဒီလူ ငယ်ရွယ်စဉ်တုန်းက တော်ဝင်စာမေးပွဲမှာ အရေးနိမ့်ခဲ့လို့ စိတ်ဓာတ်ကျပြီး လောကရဲ့ စည်းကမ်းတွေကို မမှုဘဲ လွတ်လပ်စွာ နေထိုင်ခဲ့တာ။ နောက်ပိုင်းမှာ သူက ဒဏ်ရာအပြင်းအထန် ရနေတဲ့ မိစ္ဆာမတစ်ကောင်ကို မတော်တဆ ကယ်ဆယ်မိသွားခဲ့ပြီး... နှစ်ဦးသား အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်တွေ ငြိတွယ်ပြီး ချစ်ကြိုက်သွားခဲ့ကြတယ်။ ထိုမိစ္ဆာမကလည်း ကြီးမားလှတဲ့ ငွေကြေးဓနတွေကို ထုတ်ပေးပြီး ဒီလူကို စာပေသေသေချာချာ လေ့လာဖို့ ပံ့ပိုးပေးခဲ့လို့... နောက်ဆုံးမှာ သူက စာမေးပွဲမှာ ‘ထိပ်တန်းစာပေပညာရှင်’ အဖြစ် အောင်မြင်ခဲ့ရတာ”

“ဒါတင်မကသေးဘူး... သူက တော်ဝင်မင်းသမီးတစ်ပါးရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး ထိုမင်းသမီးက သူ့ကို အတင်းအဓမ္မ လက်ထပ်ဖို့ ကြံစည်ခဲ့သေးတယ်။ ဒီလူက ငြင်းပယ်လိုက်တဲ့အခါ... ဒီမင်းသမီးက မနာလိုဖြစ်ပြီး ဒီလူရဲ့ ဇနီးသည်ကို လုပ်ကြံဖို့ ကြံစည်တော့တာပေါ့။ ရလဒ်အနေနဲ့ကတော့... လုပ်ကြံတဲ့ အခိုက်အတန့်မှာ အဲဒီအမျိုးသမီးက မိစ္ဆာမတစ်ကောင် ဖြစ်နေမှန်း မတော်တဆ ဖော်ထုတ်ခံလိုက်ရတာပဲ။ ဒီကိစ္စက မြို့တော်တစ်ခုလုံးကို ဆူပွက်သွားစေခဲ့ပြီး... မင်း တော်ဝင်မင်းသားကို လူအများရှေ့မှာ ရိုက်နှက်ခဲ့တဲ့ ကိစ္စထက်တောင် ပိုပြီးတော့ တုန်လှုပ်စရာ ကောင်းခဲ့သေးတယ်”

“အဲဒီအချိန်တုန်းက... ‘မိစ္ဆာနှိမ်နင်းရေးဌာန’ က ဒီမိစ္ဆာမကို သတ်ဖြတ်ဖို့အတွက် တိုက်ရိုက် ချီတက်လာခဲ့ကြတယ်။ ဒါပေမဲ့လည်း ဒီမဟာချင်ပြည်ထောင်ရဲ့ စာပေပါရမီရှင်ကြီးက တော်ဝင်ဌာနကို မပူးပေါင်းခဲ့ရုံတင်မကဘဲ... မိစ္ဆာနှိမ်နင်းရေးဌာနကို အသက်နဲ့လဲပြီး ပြန်လည် တိုက်ခိုက်ခဲ့သေးတယ်။ နောက်ဆုံးမှာတော့... ဒီလူကို ပြဿနာမဖြစ်စေချင်တဲ့အတွက် အဲဒီမိစ္ဆာမက လူအများရှေ့မှာတင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့လို့... မိစ္ဆာနှိမ်နင်းရေးဌာနကလည်း ထပ်မံ လိုက်လံဖမ်းဆီးခြင်းကို လက်လျှော့လိုက်ရတာပေါ့။ ဒါပေမဲ့ ထိုအချိန်ကစပြီး... ဒီမဟာချင်ပြည်ထောင်ရဲ့ စာပေပါရမီရှင်ကြီးဟာ နှလုံးသားတစ်ခုလုံး ကြေကွဲသွားခဲ့ရပြီး၊ ကြီးမားလှတဲ့ ရာထူးစည်းစိမ်တွေကို ငြင်းပယ်ကာ ‘ကျူရှန်းမြို့’ ထဲမှာ ပြင်ပလောကကို စွန့်ခွာပြီး တစ်ကိုယ်တည်း ပုန်းအောင်းနေခဲ့တော့တာပဲ။”

“ဒါကြောင့်မို့လို့... မင်း ကျူရှန်းမြို့ကို သွားရင်၊ အခွင့်အရေးရှိရင် ဒီမဟာချင်ပြည်ထောင်ရဲ့ စာပေပါရမီရှင်ကြီးကို ပြင်ပလောကကို ပြန်လည် ထွက်ခွာလာအောင် ဖိတ်ခေါ်ဖို့ ကြိုးစားကြည့်စမ်းပါ။ အကယ်၍ သူသာ မင်းရဲ့လက်အောက်မှာ ကူညီပေးဖို့ သဘောတူခဲ့ရင်... မဟာချင်ပြည်ထောင်ရဲ့ အရာရှိလောကထဲမှာ မင်း ဘေးစောင်းပြီး လမ်းလျှောက်ရင်တောင် ဘယ်သူမှ မတားရဲတော့ဘူးဗျ ဘာပဲဖြစ်ဖြစ်... လက်ရှိ တော်ဝင်မြို့တော်အတွင်းမှာရှိတဲ့ အာဏာရှိ အရာရှိကြီးတွေရဲ့ ဇနီးမယား အမြောက်အမြားဟာ... အခုထက်ထိ အဲဒီ သစ္စာအရှိဆုံး စာပေပညာရှင်ကြီးကို ရင်ထဲကနေ တမ်းတနေကြဆဲပဲလေ... တောက်...”

၎င်းစာပေပါရမီရှင်ကြီး၏ အကြောင်းကို ပြောဆိုသောအခါ ဝမ်ရှန့်၏ မျက်လုံးများထဲတွင် မသိစိတ်ဖြင့် အားကျလေးစားမှုများ ပေါ်ပေါက်လာခဲ့ပြန်သည်။

ချူရွှမ်၏ စူးစမ်းလိုစိတ်သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရသည်။ “အကျဉ်းထောင်မှူး... ဒီမဟာချင်ပြည်ထောင်ရဲ့ စာပေပါရမီရှင်ကြီးရဲ့ နာမည်က ဘယ်သူမို့လို့လဲဗျာ”

All Chapters